← Chapters

ဝှက်ဖဲများ ထုတ်ပြခြင်း။

Vol. 78 Ch. 1079

ဝှက်ဖဲများ ထုတ်ပြခြင်း။

Vol. 78 Ch. 1079

“ ကောင်းကင်နှင့် မြေကြီး ပေါင်းစည်း။ ”

နေရောင်များ ပျောက်ကွယ် သွားပြီး၊ အမှောင်များ ဝင်ရောက် လာကာ၊ ဆိုးရွားသော ခံစား ချက်များ၊ ပတ်ဝန်းကျင် အပေါ်၊ လွှမ်းခြုံ သွား၏။

ဤအခိုက် အတန့်တွင် ရွှေကျီးကန်းနှင့် ငွေဖီးနစ် တို့၌သာ အလင်းများ ရှိနေ ပေသည်။ ဖြာထွက် နေသော အလင်းရောင် အောက်တွင်၊ စွမ်းအင်များက ဖရိုဖရဲဖြင့်၊ လင်းယွန် ခန္ဓာကိုယ် အတွင်းသို့၊ စီးဝင် နေသည်ကို၊ မြင်နိုင်သည်။

ထို့နောက် ဆံနွယ်များ လေထဲ၊ လွင့်ဝဲ လာစဉ်၊ အဖျက် စွမ်းအားများ ပါရှိသော တံဆိပ် တစ်ခု လက်ဖဝါး၌၊ ပေါက်ဖွား လာသည်။

တံဆိပ်၏ သိပ်သည်း ဆကြောင့်၊ ကောင်းကင်နှင့် မြေကြီး တစ်ခုလုံး၊ ပြင်းစွာ လှုပ်ခါ လာတော့သည်။

လင်းယွန်မှ ဝိညာဉ်တော် နှစ်ပါးအား၊ တစ်ပြိုင် နက်တည်း ထုတ်ဖော်နိုင် ခြင်းကြောင့်၊ ငှက်မွှေး သခင်ငယ်မှာ၊ အနည်းငယ် အခက် တွေ့ သွား၏။

သူ့ တွင်လည်း ဝိညာဉ်တော် တစ်ပါးထက် ပို၍၊ မွေးမြူ ထားသည်။ သို့သော် ၎င်းတို့အား တစ်ချိန်တည်း အသုံး မပြု နိုင်ချေ။

ဝိညာဉ်တော် နှစ်ပါးကို ထုတ်ဖော်ရန် အတွက်၊ ခိုင်မာသော အခြေခံ အုတ်မြစ် ရှိရ ပေမည်။

ဤအဆင့်၏ ပညာရပ် တစ်ခုအား လေ့ကျင့်ရန်၊ မြင့်မားသော စွမ်းဆောင် ရည်နှင့် သွေးသား စွမ်းအင်များ လို၏။

ထို့ကြောင့် အရည် အချင်း ရှိသူ များပင်၊ ဝိညာဉ်တော် နှစ်ပါးအား ဆင့်ခေါ်ရန် ခက်ခဲ လေသည်။

ပင်ပန်း နွမ်းနယ်မှုမှာ၊ အလွန် ကြီးမား သောကြောင့်၊ လင်းယွန်က တိုက်ခိုက် မှုအား၊ အကြိမ် အနည်း ငယ်သာ အသုံးပြု နိုင်မည်။

အင်ပါယာ ငှက်မွှေး သခင်ငယ် မှာမူ၊ အကြိမ်ပေါင်း များစွာ အသုံးပြု နိုင်ပေ၏။ ထို့ကြောင့် လေးနက်သော အသွင်ဖြင့်၊ လင်းယွန်ကို ရင်ဆိုင် လိုက်သည်။

“ ဝုန်း ... ။ ”

ပေါက်ကွဲ သံများ နှင့်အတူ၊ မရေ မတွက် နိုင်သော၊ မီး ဥက္ကာခဲများ ဆက်တိုက် ကျဆင်း လာစဉ် မီးငှက် ထံ၌၊ အက်ကွဲ ကြောင်းများ ဖြစ်ပေါ် လာ၏။

ထို့ကြောင့် စင်ကြယ်သော ဝိညာဉ်တော် ပြိုလဲ သွားပြီး၊ လင်းယွန်၏ လက်သီးက သူ့ပေါ် ကျရောက် လာသည်။

“ အွတ် ... ။ ”

ပေါက်ကွဲသံ နှင့်အတူ၊ အင်ပါယာ ငှက်မွှေး သခင်ငယ်မှာ၊ နောက်ပြန် လွင့်စဉ် သွားသည်။ နှုတ်ခမ်း ထောင့်၌ သွေးများ စီးကျ လာ၏။

နှလုံးသား ထဲရှိ၊ နတ်ရူရ် ကြောင့်သာ မဟုတ်သော်၊ လင်းယွန် လက်သီးက အသက် ကို၊ နှုတ်ယူ သွား နိုင်သည်။

လက်ရှိ အချိန်၌ ပြိုင်ဘက်၏ ရောင်ဝါမှာ၊ သူ့အပေါ် လွှမ်းမိုး လာသဖြင့်၊ တတိယတန်း မီး ရည်ရွယ်ချက်အား ထုတ်လျက်၊ အတတ် နိုင်ဆုံး တွန်းလှန် လိုက်ရသည်။

ထိုမြင်ကွင်းကို လင်းယွန်က တည်ငြိမ်စွာ ကြည့်နေသည်။ အင်ပါယာ ငှက်မွှေး သခင်ငယ် ၌၊ အခြားသော ဝိညာဉ် တော်များ ရှိသည်ကို သူ သိ၏။

“ ဟိတ် ... ။ ”

သို့သော် ၎င်းတို့အား အသုံးပြုရန်၊ ရည်ရွယ်ချက် ရှိပုံ မရချေ။ ဤသို့ဖြင့် နှစ်ဦးသား ဒါဇင်နှင့် ချီသော တိုက်ခိုက်မှု များကို၊ ထပ်မံ ဖလှယ်မိ ကြပြန်သည်။

အင်ပါယာ ငှက်မွှေး သခင်ငယ်မှာ၊ အနိမ့် ပိုင်းသို့ ရောက်ရှိ နေခဲ့သည်။ ရင်ဘတ် နေရာရှိ၊ နတ်ရူရ် သည်ပင်၊ မှိန်ဖျော့ လိုက်လာ၏။

ယင်းသာ အသက်မဲ့ ပျောက်ကွယ် သွားသော်၊ သူ သေမည်ကို အင်ပါယာ ငှက်မွှေး သခင်ငယ် သိသည်။

ထို့ကြောင့် မီး ရည်ရွယ်ချက်ကို စုစည်းစေ လိုက်ပြီး၊ လင်းယွန်၏ အုပ်စီးမှုမှ၊ ရုန်းထွက်ရန် ချက်ချင်း ကြိုးစား သည်။

“ ပြန် လာ ... ။ ”

ရွှေကျီးကန်းနှင့် ငွေဖီးနစ်တို့ ပေါင်းစပ် သွားပြီး၊ လေစုပ် ဝဲကြီး တစ်ခု ဖြစ်ပေါ် လာလေ သည်။

လေစုပ် ဝဲက၊ (၁၀) မီတာ မှသည်၊ မီတာ ရာဂဏန်း အထိ ကြီးထွား လာပြီး၊ အင်ပါယာ ငှက်မွှေး သခင်ငယ်ကို၊ ဆွဲယူ တော့၏။

“ မင်း သေ လိုက် ... ။ ”

သည့်နောက် ဝိညာဉ်တော် နှစ်ကောင်အား ခြံရံလျက်၊ နဂါးဓား ရောင်ဝါကို၊ လက်သည်းကြီး အသွင်၊ ပြောင်းလဲ ပစ်ကာ၊ နှလုံးသားထံ လှမ်းကုပ် လိုက်သည်။

သည်မြင်ကွင်းက လူတိုင်းအား တုန်လှုပ် ချောက်ချားသွား စေသည်။ အင်ပါယာ ငှက်မွှေး သခင်ငယ်၏ နှလုံးသားကို ထုတ်ယူရန် ကြံရွယ် နေကြောင်း ပြောနိုင်၏။

“ မင်း ... ။ ”

ယင်းကို သတိထား မိသော အင်ပါယာ ငှက်မွှေး သခင်ငယ်က၊ ဆုတ်ခွာ ရမည့် အစား ပြန်လှည့်ကာ၊ လင်းယွန်အား ရင်ဆိုင် လေသည်။

ခန္ဓာ ကိုယ်၌ မီးလျှံများ တောက်လောင် လာပြီး၊ နဂါး တစ်ကောင် အဖြစ်သို့ ပြောင်းလဲ သွားကာ၊ လင်းယွန်ကို လက်သီးနှင့် ထိုးချ လိုက်သည်။

“ ချိုး ဖြတ် စမ်း ... ။ ”

သို့သော် လင်းယွန် လက်မောင်း၌၊ နဂါး ရူရ် (၁၈) လုံး လင်းလက် လာပြီး၊ ကောင်းကင် ဓား ထွက်ပေါ် လာသည်။

ထို့နောက် နဂါး လက်သည်း ကြီးအား၊ လက်သီး အဖြစ် ပြောင်းလဲ ပစ်ကာ၊ အင်ပါယာ ငှက်မွှေး သခင်ငယ်၏ လက်သီးကို၊ ပိတ်ဆို့ လိုက်သည်။

“ ဝေါ့ ... ။ ”

ရည်ရွယ် ထားသော နှလုံးသားကို မရခဲ့ သော်လည်း၊ ပြိုင်ဘက်အား သွေး အန်အောင်၊ လုပ်နိုင် ခဲ့သည်။

ဝိညာဉ်တော် မရှိ သော်လည်း၊ အင်ပါယာ ငှက်မွှေး သခင်ငယ်မှာ၊ လင်းယွန်၏ လက်သီး မျာကို၊ ပြန်လည် ရင်ဆိုင် နိုင်ခဲ့သည်။

ဤသို့သော အခြေခံ အုတ်မြစ်မျိုး ဖြစ်တည်လာ စေရန်၊ ထိုသခင်ငယ်မှာ ရတနာ မည်မျှ အသုံးပြု ခဲ့ရ မည်ကို၊ မတွက်ဆ နိုင် တော့ချေ။

အခြားသူ တစ်ဦးသာ ဆိုပါသော်၊ ဝိညာဉ်တော် ကွဲကြေ ပြီးနောက်၊ လင်းယွန်အား ယှဉ်ပြိုင် နိုင်တော့မည် မဟုတ်ကြောင်း ပြော နိုင်သည်။

“ ဝှစ် ... ။ ”

လင်းယွန် လက်သီး များမှာ၊ ပြင်းထန် လာသဖြင့်၊ (၈)ချက် တိတိကို ဖြေရှင်းပြီး ချိန်၌၊ အင်ပါယာ ငှက်မွှေး သခင်ငယ်မှာ၊ မောဟိုက် လာသည်။ ထို့ကြောင့် နဝမမြောက် လက်သီး အား၊ ဟန့်တား နိုင်ခြင်း မရှိ တော့ချေ။

ရင်ဘတ် ပေါ်ရှိ နတ်ဘုရား ရူရ်မှာ၊ မှိန်ဖေျာ့လျက်၊ အဆုံးတွင် လုံးဝ အသက်မဲ့ သွား လေသည်။

မြေပြင်ပေါ် ပြုတ်ကျ သွားသည်နှင့်၊ ချက်ချင်း ပြန်ထကာ၊ နှုတ်ခမ်း ပေါ်မှ သွေးစ များကို လက်ခုံဖြင့်၊ သုတ်ယူ လိုက်သည်။

“ နဂါး အရိုးကို ဆုံးရှုံး သွားတဲ့ အချိန်မှာ၊ မင်းက အောင်မြင်မှု တစ်ခု ရယူသွား နိုင်လိမ့် မယ်လို့၊ လုံးဝ မထင်ခဲ့ မိဘူး။ ”

လင်းယွန်အား သတ်ဖြတ် လိုသော အကြည့်ဖြင့် စိုက်ကြည့်ကာ၊ အင်ပါယာ ငှက်မွှေး သခင်ငယ်မှ၊ ဆိုသည်။

“ ငါပြော ပါတယ်၊ မင်း အသက်ကို ငါ ယူမယ်လို့ ... ။ ”

“ ဟား ... ဟား ... ဟား ... ၊ မင်းက တကယ့်ကို မာန ကြီးတဲ့ ကောင်ပဲ၊ အမှန်ပြော ရရင်၊ ငါတို့ နှစ်ယောက်က မတူဘူး၊ ခွန်လွန်ဘုံ ရောက်ရင်၊ ငါက မြန်မြန် ကြီးထွားလာ လိမ့်မယ်၊ မင်း ကတော့ သေရမယ်။ ”

စကားဆုံး သည်နှင့်၊ အင်ပါယာ ငှက်မွှေး သခင်ငယ်က၊ အော်ငေါက် လိုက်ပြီး၊ မီးနဂါး နှလုံးသားအား အသက်သွင်း လိုက်ရာ၊ ရင်ဘတ် ပေါ်၌၊ မီးလျှံများ တောက်လောင် လာတော့၏။

“ မီးနဂါး နှလုံးသား ... ။ ”

“ ဂျိန်း ... ။ ”

ရုတ်တရက် မိုးခြိမ်းသံ များကြောင့်၊ လင်းယွန်၏ နှလုံးသားမှာ၊ ပြင်းစွာ တုန်ခါသွား လေသည်။

တစ်ချိန်တည်း မှာပင်၊ အင်ပါယာ ငှက်မွှေး သခင်ငယ် ထံမှ၊ မီးနဂါး ရောင်ဝါများ ထွက်ပေါ် လာ တော့၏။

ခန္ဓာ ကိုယ်၌ ရွှေရောင် အကြေး ခွံများ ဖြစ်ပေါ် လာပြီး၊ တကယ့် မီးနဂါး တစ်ကောင် အလား ထင်လာရ စေသည်။

“ နဂါး နှလုံးသား။ ”

ထိုအချိန်တွင် ရေစက်ကြီး အတွင်းရှိ၊ အကြီးအကဲ များမှာ၊ တုန်လှုပ် သွားသည်။

“ သူ့မှာ မီးနဂါး နှလုံးသား ရှိနေ တာပဲ။ ”

“ ဟုတ်တယ် ... ၊ ဒါကြောင့်လည်း ခွန်လွန်ဘုံမှာ၊ ကြီးထွား လာမယ်လို့ ကြွားဝါရဲ တာပေါ့၊ ... ”

“ ... နဂါး နှလုံးသားနဲ့၊ နတ်ဘုရား ရူရ်က၊ ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက် ဖြစ်လာဖို့ လုံလောက် ပါတယ်။ ”

“ အင်း ... ၊ ဒါတော့ မသေချာ ပါဘူး၊ ခွန်လွန်ဘုံ ဆိုတာ ပါရမီရှင်တွေ ပေါများတဲ့ အရပ်ပဲ၊ ပြိုင်ဘက် ကင်းဖို့ ... ”

“ ... ဆိုတာ မလွယ်ဘူး၊ ဒါပေမယ့် ... သူ မသေ ရင်တော့၊ နှစ်တစ်ရာ အတွင်း ဘုရင် ဖြစ် လာမှာ၊ သေချာတယ်။ ”

“ လင်းယွန် အတွက်၊ မလွယ်လောက် တော့ဘူး။ ”

ကောင်ကင် ပေါ်ရှိ အကြီး အကဲပေါင်း များစွာက၊ လင်းယွန်မှ အင်ပါယာ ငှက်မွှေး ခင်ငယ်ကို သတ်မည်အား စိုးရိမ် ခဲ့သည်။

တစ်ဖက်တွင် လင်းယွန်၏ အရည် အချင်း များက၊ သူတို့ အာရုံကို ဖမ်းစားနိုင် သော်လည်း၊ သေနိုင်ခြေ မြင့်မားသည်။

အင်ပါယာ ငှက်မွှေး သခင်ငယ်က ဝိညာဉ်တော်ထံ၊ မီးနဂါး နှလုံးသား စွမ်းအင်ဖြင့်၊ ပံ့ပိုး ပေးလိုက်၏။

၎င်းသည် လင်းယွန်၏၊ ဝိညာဉ်တော် နှစ်ပါးအား၊ ရင်ဆိုင် နိုင်သည့်၊ ဧရာမ မီးနဂါးကြီး အဖြစ် ပြောင်းလဲ သွားစေသည်။

မီး ရည်ရွယ်ချက်၊ မီးနဂါး နှလုံးသားနှင့်၊ မီးနဂါး ဝိညာဉ်တော် တို့အား ပေါင်းစပ်လိုက် သောကြောင့်၊ အင်ပါယာ ငှက်မွှေး သခင်ငယ်၏ ရောင်ဝါမှာ၊ တဟုန်ထိုး မြင့်တက် လာသည်။

“ နဂါး မျက်စောင်း။ ”

လင်းယွန်က ရွှေတောင်ပံ တစ်စုံအား ထုတ်ဖော်ကာ၊ ရွှေကျီးကန်း အသွင် ပြောင်းခြင်း ကိုးမျိုးအား၊ ထုတ်ဖော်လျက်၊ ရှောင်တိမ်း လိုက်ရသည်။

“ အခု ငါ မင်းရဲ့ နဂါး အရိုးကို၊ ဘာကြောင့် လိုချင်ရ တာလဲ ဆိုတာ နားလည် ပြီလား၊ နဂါး အရိုးက ... ”

“... မင်းပိုင် သင့်တဲ့ ရတနာ မဟုတ်ဘူး လင်းယွန်၊ သူ့ စွမ်းအား အပြည့်ကို၊ ငါ ကသာ ထုတ်နိုင်မှာ၊ ... ”

“ ... မီးနဂါး နှလုံးသားကို သုံးထားတဲ့ အချိန်မှာ၊ ဘယ်သူမှ ငါ့ ပြိုင်ဘက် ဖြစ်မလာ နိုင်ဘူး၊ မင်း ... ”

“ ... အရှုံးကို ဝန်ခံပြီး ငါ့ကျွန် အဖြစ်၊ ခွန်လွန်ဘုံ လိုက်ခဲ့ပါ၊ မင်းကို အကန့် အသတ်မဲ့ အာဏာတွေေ ငါ ပေးမယ်။ ”

“ မင်း အရမ်း စိတ်ကူးယဉ် တက်တာပဲ၊ ငါကတော့ မင်းကို ကျွန် အဖြစ်တောင် မလိုချင် ပါဘူး၊ ဒါပေမယ့် မင်းရဲ့ နှလုံးသားကို ငါယူ လိုက်မယ်။ ”

ဓား ရည်ရွယ်ချက် အထွတ် အထိပ်သို့ ရောက်သော အခါတွင်၊ လင်းယွန်၏ မျက်လုံး များမှ၊ ထက်ရှသော ခံစား ချက်များ ပေးစွမ်း လာသည်။

ကောင်းကင်၌ ဓားမြည် သံများ ပဲ့တင်ထပ် လာပြီး၊ မီးနဂါး ကြီး၏ နှလုံး ခုန်သံကို ချက်ချင်း ဖိနှိပ်ပစ် လိုက်သည်။

ထို့နောက် လူတိုင်း၏ ဓားများက၊ ကောင်းကင်ပေါ် ပျံတက် သွားကာ၊ လင်းယွန်ထံ ခံစားလာ ကြ၏။

ဤအခိုက်တွင် ပြီးပြည့် စုံသော ကျွမ်းကျင်မှုဖြင့်၊ ကောင်းကင် ဓားအား အဆင့် မြင့်တင် လိုက်ခြင်း ဖြစ်လေသည်။

***

All Chapters