ငါ ပြန်ယူမယ်။
Vol. 78 Ch. 1080
ဓား အလင်း ဖြာထွက် လာချိန်တွင်၊ ကောင်းကင် တစ်ခုလုံး တုန်ခါ သွားသည်။ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါက၊ ပတ်ဝန်းကျင်ကို အုပ်မိုး ထား၏။
“ ကောင်းကင်ဓား ပြီးပြည့်စုံသော ကျွမ်းကျင်မှု၊ မယုံနိုင် စရာပဲ။ ”
အင်ပါရီယန် နယ်ပယ် မတိုင်မီ၊ ကောင်းကင်ဓား ရည်ရွယ်ချက်ကို ဆုပ်ကိုင်ရန် ခက်ခဲကြောင်း လူတိုင်း သိသည်။
သို့သော် ဤလင်းယွန်က ပဉ္စမမြောက် ကောင်းကင် ဝိညာဉ်နှင့်၊ ပြီးမြောက် လေသည်။ ထုတ်လွှတ် ထားသော ရောင်ဝါမှာ ထက်ရှပြီး၊ လူတိုင်း အပေါ်၊ ပိုးမွှားများ အဖြစ်၊ ရှုမြင်၏။
ယခု အချိန်တွင် လင်းယွန်မှာ၊ ဓားဘုရာ တစ်ပါး ဖြစ်သည်။
“ သူက ဘီလူး တစ်ကောင်ပဲ။ ”
ဂိုဏ်း ပေါင်းစုံမှ အကြီး အကဲ များက၊ စိတ်လှုပ်ရှား နေသော မျက်ဝန်း များဖြင့်၊ ပြန် ကြည့်လာ ကြသည်။
“ မင်းက ကောင်းကင် ဓားကို အပြည့် အ၀ ကျွမ်းကျင် နေရင်တောင်၊ ဘာမှ မဟုတ်သေး ပါဘူး၊ ငါ့ ရှေ့မှာ ဒူးထောက် ရဦး မှာပဲ။ ”
မီး ရည်ရွယ်ချက်အား အဆုံးထိ တွန်း ထုတ်လျက်၊ အင်ပါယာ ငှက်မွှေး သခင်ငယ်မှ အေးစက်စွာ ဆိုလာသည်။
“ ဟိတ် ... ။ ”
ထို့နောက် တံဆိပ် များကို ဖွဲ့စည်းကာ၊ မီးပင်လယ် ကြီးအား လင်းယွန်ထံ တွန်းထုတ် လိုက်၏။
၎င်းကို ရင်ဆိုင်ရန်၊ ရွှေတောင်ပံ အား တဖျပ်ဖျပ် ခတ်လျက်၊ လင်းယွန် တစ်ယောက် ကောင်းကင်ပေါ် ပျံတက် သွားသည်။
ထိုစဉ် အင်ပါယာ ငှက်မွှေး သခင်ငယ် ထံပါးမှ၊ အင်ပါရီယန် တစ်ပါး ကဲ့သို့သော ရောင်ဝါများ ပွင့်ထွက် လာ၏။
သူ့ လက်သီးကြောင့် နဂါး တစ်ကောင် ထွက်ပေါ် လာလေရာ၊ လေဟာနယ် အက်ကွဲ သွားသည်။
ယင်းမှာ ဖြစ်စဉ် တစ်ခု မျှသာ ဖြစ် သော်လည်း၊ လင်းယွန်အား ဖိအားများ ခံစားရ စေသည် အထိ၊ လက်တွေ့ ကျပေ၏။
အင်ပါယာ ငှက်မွှေး သခင်ငယ်မှာ၊ လက်ရှိ ကျင့်ကြံမှုအား မြှင့်တင်ရန်၊ တားမြစ် နည်းစနစ် တစ်ရပ်ကို၊ အသုံးပြု ထားခြင်း ဖြစ်သည်။
“ အင်ပါယာ နဂါး တံဆိပ် ... ။ ”
ခွန်လွန်ဘုံ ၌ပင်၊ ကျော်ကြား လှသော တားမြစ် နည်းစနစ် တစ်ရပ် ဖြစ်သဖြင့်၊ အကြီး အကဲ များ၏၊ အာရုံကို စွဲဆောင် နိုင်ပေ၏။
နဂါး မျိုးရိုး၏ တားမြစ် နည်းစနစ် များမှာ၊ ခွန်လွန်ဘုံ၌ ပြန့်နှံ့နေ သော်လည်း၊ နဂါး သွေးရှိ သူများသာ၊ ကျင့်ကြံ နိုင်ပေမည်။
ထို့ကြောင့် နဂါး နှလုံးသားအား ရရှိ ထားသော၊ အင်ပါယာ ငှက်မွှေး သခင်ငယ်မှ၊ လေ့ကျင့် နိုင်ခြင်း ဖြစ်သည်။
“ ဝူး ... ။ ”
တစ်ချိန်တည်း မှာပင် မီးပင်လယ် ကြီးက၊ မီးဆင်နှာမောင်း အဖြစ်သို့ ပြောင်းလဲ သွားကာ၊ လင်းယွန်ထံ တိုးဝင် လာသည်။
ခရမ်းရောင် ပန်းများ ပွင့်နေသည့် အပြာရောင် သစ်ပြင်ကြီး၊ ထွက်ပေါ် လာကာ၊ ထိုမီး မုန်တိုင်းအား ရပ်တန့် ပစ်၏။
သို့သော် အင်ပါယာ ငှက်မွှေး သခင်ငယ်က ထိတ်လန့်ခြင်း မရှိချေ။ ရလာဒ် အပေါ် တွက်ဆ ထားပြီး ဖြစ်ချေသည်။
“ ဟိတ် ... ။ ”
လင်းယွန်၏ ချို့ယွင်းချက်ကို လှမ်းခွင့် ရပြီဖြစ် သဖြင့်၊ အားယူလျက် ရှေ့သို့ လက်ဝါး တစ်ချက် ရိုက်သွင်း လိုက်သည်။
ဤတစ်ကြိမ်တွင် အင်ပါယာ ငှက်မွှေး သခင်ငယ်မှာ၊ ထာဝရ တည်ရှိ နေသော တန်ခိုး ရှင် တစ်ပါးနှင့် တူလာသည်။
သည့်စဉ် ကောင်းကင် ဓား၌ အက်ကြောင်းများ ပေါ်လာ၏။ ကျင့်ကြံမှု နိမ့်ကျ သဖြင့်၊၊ လင်းယွန် တစ်ယောက် ကောင်းကင် ဓား၏၊ စွမ်းအား အပြည့် အဝကို၊ မထုတ်ဖော် နိုင်ခဲ့ချေ။
ကျင့်ကြံမှုသာ အားကောင်း ပါက၊ ကောင်းကင်ဓား ရည်ရွယ် ချက်အား၊ ဤသို့ လွယ်လွယ် ကွဲအောင် မလုပ် နိုင်ကြောင်း၊ လူတိုင်း သိသည်။
အင်ပါယာ ငှက်မွှေး သခင်ငယ်က၊ ‘အင်ပါယာ နဂါး တံဆိပ်၏ စွမ်းအားကို၊ အပြည့် အဝ ထုတ်ဖော် နိုင်သောကြောင့်၊ ကောင်းကင် ဓားအား ဖြတ်ကာ၊ လင်းယွန် ပခုံးကို ထိုးနှက် နိုင်ခဲ့သည်။
“ အွန့် ... ။ ”
လင်းယွန် နှုတ်ခမ်းမှ သွေးများ စီးကျ လာသည်။ ဤအခိုက်တွင် သတ်ဖြတ် လိုသော ရည်ရွယ်ချက် များက၊ လင်းယွန် အပေါ် ဖုံးလွှမ်း လာသည်။ အင်ပါယာ ငှက်မွှေး သခင်ငယ်မှ၊ စိုက်ကြည့် လာခြင်း ဖြစ်၏။
“ ကျီး ... ။ ”
ထို့နောက် တံဆိပ် အတွင်း၊ မူလ စွမ်းအင်များ လောင်းထည့်ကာ၊ မီးနဂါး ဝိညာဉ် တော်ဖြင့်၊ လင်းယွန်၏ ငှက် နှစ်ကောင်ကို နှိမ်နင်းပစ် လိုက်သည်။
“ ဝူး ... ။ ”
အကာ အကွယ် လေျာ့ကျ သွားသည်ကို၊ အခွင့်ကောင်း ယူပြီး၊ အင်ပါယာ ငှက်မွှေး သခင် ငယ်မှ၊ လက်ဖဝါး တစ်ချက် ထပ်မံ တွန်းထုတ် လာသည်။
ဤလက်ဝါးက လင်းယွန်ကို ကာကွယ် ထားသော၊ နဂါး ရူရ် များအား၊ ဖျက်ဆီး နိုင်ခဲ့ လေသည်။ နဂါး အရိုးကို ဆုံးရှုံး ပြီးနောက်၊ လင်းယွန်၏ သူတော်စင် နဂါး ချပ်ဝတ်မှာ၊ အလုပ် မဖြစ် တော့ချေ။
“ ကောင်း တယ် ။ ”
ရပ်ကြည့် နေသော သခင်ငယ် ငါးပါးမှာ၊ ရွှင်မြူး ကုန်၏။ အင်ပါယာ ငှက်မွှေး သခင်ငယ် ချန်ပီယံ ဖြစ်လာ မည်ကို၊ မုဒိတာ မပွားနိုင် သော်လည်း၊ လင်းယွန် ထက်စာ ပါက၊ သက်သာ မည်ဟု၊ ယူဆ ထားမိသည်။
“ လင်းယွန် ဓားက၊ ဘယ်ရောက် နေတာလဲ။ ”
တိုက်ပွဲအား ကြည့်ကာ၊ တစ်စုံ တစ်ယောက်မှ၊ ရုတ်တရက် သတိ ပြုမိ သွား၏။ သို့သော် သူ့ မေးခွန်းကို မည်သူမျှ ပြန်မဖြေ နိုင်ချေ။
ကောင်းကင်ဓား ရည်ရွယ်ချက်မှာ၊ ထက်ရှ သော်လည်း၊ ဓား မပါဘဲ၊ အစွမ်း အစကို အပြည့် အ၀ ထုတ်ဖော် နိုင်မည် မဟုတ်ချေ။
“ လင်းယွန် ... ၊ မင်း အခု သေရ တော့မယ်။ ”
အင်ပါယာ ငှက်မွှေး သခင်ငယ်က၊ လင်းယွန်ကို စိုက်ကြည့်ကာ ဆိုသည်။ တစ်ကြိမ် သို့မဟုတ်၊ နှစ်ကြိမ် ထပ်မံ တိုက်ခိုက် ရုံဖြင့်၊ သတ်နိုင် မည်ဟု သူ ယုံကြည်သည်။
ကောင်းကင်ဓား ဖြစ်လျှင်ပင်၊ အသုံး မဝင် တော့ချေ။
“ ငါ့ အမြင် မှာတော့ ... ၊ မင်းသာ သေလူ ဖြစ်နေ ပြီလို့၊ ခံစား နေရတယ်၊ အင်ပါယာ ငှက်မွှေး သခင်ငယ်၊ မင်းရဲ့ တာအို ချပ်ဝတ်ကို စစ်ကြည့် သင့်တယ်။ ”
လင်းယွန်က ပြုံးလျက် ပြန်ပြောသည်။ သူ့စကား များက အင်ပါယာ ငှက်မွှေး သခင် ငယ်ကို၊ ထိတ်လန့် သွားစေ၏။
လင်းယွန်၏ ဓားရည်ရွယ် ချက်ကြောင့် သူ့ တာအို ချပ်ဝတ်မှာ၊ ပျက်စီးလု နီးပါး ဖြစ်နေပြီ ဖြစ်သည်။
“ မင်းရဲ့ ဝှက်ဖဲတွေ ကုန်ပြီ မဟုတ်လား၊ ငါ့မှာ ဓား မရှိ ဖူးလို့၊ မင်း တကယ် ထင်နေတာ လား၊ ဒါကို ရည်ရွယ်ချက် ရှိရှိ၊ ငါလုပ် နေတယ် လို့ကော၊ မင်း မစဉ်းစား မိဖူးလား။ ”
လင်းယွန် စကားကြောင့်၊ အင်ပါယာ ငှက်မွှေး သခင်ငယ်၏ မျက်နှာမှာ၊ ရုတ်တရက် ပြောင်းလဲ သွားပြီး၊
“ ဒါဆို ဘာလဲ ... ၊ မင်းက ငါကို လက်ဗလာနဲ့၊ အနိုင်ယူ နိုင်မယ်လို့ ပြောချင် တာလား စိတ်တောင် မကူးနဲ့။ ”
“ ဟား ဟား ဟား ... ၊ ငါ အမှန်တိုင်း ပြောစရာ တစ်ခု ရှိတယ် အင်ပါယာ ငှက်မွှေး သခင်ငယ်၊ မင်းကို သတ်ဖို့က ငါ့အတွက် အရမ်း လွယ်တယ်၊ ဒါနဲ့ ... ”
“ ... ဘာလို့ မသတ်သေး ရလဲ ဆိုရင်၊ အလစ်ဝင် တိုက်တဲ့ လူတွေကို၊ ငါဘယ်လောက် အထိ၊ မုန်းတီးလဲ ဆိုတာ လူတိုင်းကို၊ မင်းနဲ့ ဉပမာ ပြချင် လို့ပဲ။ ”
ယခု အချိန်၌ ပြိုင်ဘက်မှာ၊ ဝှက်ဖဲများ အားလုံးကို၊ ထုတ်ဖော် ပြသ ခဲ့ပြီး ဖြစ်သဖြင့်၊ လင်းယွန်မှ ပွဲသိမ်းရန် အချိန် ကျပြီ ဖြစ်သည်။
ယင်းကို တွေးဆ လာမိသော အင်ပါယာ ငှက်မွှေး သခင်ငယ်က၊ ဒေါသ တကြီးနှင့်၊ ထပ်မံ တိုက်ခိုက်ရန် ပြင်လိုက်သည်။
“ ဟား ဟား ဟား ... ။ ”
လင်းယွန်က သဘောကျစွာ ရယ်မော လိုက်၏။
“ သခင်ငယ် ဆိုတဲ့ ပုရွတ်ဆိတ်တွေ ... ၊ မင်းတို့က ငါ့ကို ဓားမိစ္ဆာလို့ အမည်ပျက် ပေးပြီး၊ မင်းတို့ကိုယ် မင်းတို့ ဖြောင့်မတ်တဲ့ လူတွေလို့၊ ... ”
“ ... ရည်ရွယ် ချင်နေ တာလား၊ ကောင်းပြီ ... မင်းတို့ ပြောတဲ့ ဓားမိစ္ဆာ ဆိုတာ ... ၊ ဘာလဲ ငါ ပြမယ်။ ”
ထို့နောက်တွင် လင်းယွန် နောက်၌၊ အပြာရောင် သစ်ပင်ကြီး၊ ထွက်ပေါ် လာပြီး၊ သွေးများ ပွက်ပွက် ဆူလာ ၏။
“ ဝှစ် ... ။ ”
အနက်ရောင် အခိုး အငွေ့များ ခန္ဓာမှ တိုးထွက် လာစဉ်၊ ကောင်းကင်သို့ ခုန်တက် လိုက်သည်။
အရှိန် အဝါက၊ အရာရာကို သတ်ဖြတ် လိုသော ဓားတစ်လက် အဖြစ်၊ အသွင်ပြောင်း သွားပြီး၊ ပတ်ဝန်းကျင် တစ်ခုလုံး အမှောင်ဖုံး သွားစေ၏။
“ ဟား ဟား ဟား ... ။ ”
လေထု အလယ်၊ အနက်ရောင် ဓားတစ်လက် ဖြစ်တည် လာသည့် အချိန်၌၊ ကြက်သီး ထဖွယ် ကောင်းသော ရယ်မောသံ တစ်သံကို၊ လူတိုင်း ကြားလာ ရသည်။
အနက်ရောင် မြူများ အတွင်း၊ ရပ်နေသော လင်းယွန်၏ အသွင်မှာ၊ မှုန်ဝါးနေ ခဲ့သော်လည်း၊ နဖူးရှိ အမှတ် အသားကြောင့်၊ မိစ္ဆာ တစ်ပါးနှင့် တူလာသည်။
ယင်းမှာ ကောင်းကင်ဓား (၁၃) လက်ကို ပေါင်းစပ် ပြီးနောက်၊ ရရှိ လာသော နောက်ဆုံး ဓား ဖြစ်၏။ သူ့ အမည်ကို ‘မိစ္ဆာ သရဖူ’ဟု ခေါ်တွင် လေသည်။
“ ရွှပ် ... ။ ”
ပန်းသင်္ချိုင်း ဓား၊ လက်ဝယ် မရှိ သောကြောင့်၊ လက်ဝါး စောင်းအား ဓားအသွင် ခုတ်ပိုင်းကာ၊ ‘အင်ပါယာ နဂါး တံဆိပ်’ ကို၊ ခွဲချပစ် လိုက်သည်။
ပြီးနောက် လက်သည်းများ အတွင်း၊ ဓား ရည်ရွယ်ချက်အား လောင်းထည့်ကာ၊ ပြိုင်ဘက် ၏ ရင်ဘတ်ထံ၊ လှမ်းကုတ် လိုက်သည်။
အင်ပါယာ ငှက်မွှေး သခင်ငယ်၏၊ တာအို ချပ်ဝတ်မှာ၊ ချက်ချင်း ကွဲထွက် သွားပြီး၊ မူလ စွမ်းအင်များ ပြိုကျ လာသည်။
“ မ လုပ် နဲ့ ... ။ ”
လင်းယွန် လက်ပြန် ရုတ်သွား သည်နှင့်၊ ရင်ဘတ် အတွင်း ဟာခနဲ ခံစား လိုက်ရကာ၊ အင်ပါယာ ငှက်မွှေး သခင်ငယ် တစ်ကိုယ်လုံး တုန်ယင် လာ၏။
နဂါး နှလုံး သားရှိ နတ်ဘုရား ရူရ်မှာ၊ လင်းယွန်အား တားဆီးရန် ကြိုးစား မိသော် ငြားလည်း၊ မအောင်မြင် ခဲ့ချေ။
တိုက်ပွဲ အတွင်း ၎င်း၏ စွမ်းအားကို၊ အကြိမ်ကြိမ် ထုတ်ယူ သုံးစွဲခဲ့ သဖြင့်၊ အသန်မာ ဆုံး အချိန်၌ ရှိ မနေခြင်း ဖြစ်သည်။
ရင်ဘတ် ဟောင်းလောင်း ပွင့်သွားပြီး၊ တဒိတ်ဒိတ် ခုန်နေသော နှလုံးသား တစ်စုံနှင့် အတူ၊ သွေးများ အရှိန်ဖြင့်၊ ပန်းထွက် လာတော့သည်။
***