ပန်း သင်္ချိုင်း (၁)။
Vol. 78 Ch. 1081
“ မ ဟုတ် ဘူး။ ”
အင်ပါယာ ငှက်မွှေး သခင်ငယ်က၊ သနားစရာ ကောင်းသော ညည်းတွား သံကို ပြုလျက် အော်ဟစ် လိုက်သည်။
လင်းယွန် လက်ထဲရှိ၊ နှလုံးသားအား အသဲ အသန် ဖမ်းဆုပ်ရန် ကြိုးစားလိုက် သော်လည်း၊ မအောင်မြင် ခဲ့ခေျ။
“ ဖြန်း ... ။ ”
ပါးရိုက် ခံလိုက် ရကာ၊ အဝေးသို့ လွင့်စဉ် သွားရသည်။ ဝိညာဉ် ရေကန်ထဲ ပြုတ်ကျသွား ပြီးနောက်၊ ရေကန် တစ်ခုလုံး ပွက်ပွက်ဆူ လာ၏။
လွန်ခဲ့သော စက္ကန့်ပိုင်း အချိန် ကပင်၊ အင်ပါယာ ငှက်မွှေး သခင်ငယ်မှ၊ လင်းယွန်အား ဝိညာဉ်တော် များ သုံးကာ၊ နှိမ်နှင်း နေဆဲ ဖြစ်သည်။
ယခု မူကား သေခြင်းထက် ဆိုးသော ရလဒ်ကို ခံစား နေရ၏။ ဤနည်းဖြင့် လင်းယွန် မှ၊ သူ့ ဒေါသများ အားလုံးကို ဖြေဖျောက်နေ ချေသည်။
တုန်လှုပ် ချောက်ချားဖွယ်၊ တိုက်ပွဲ တစ်ခု ဖြစ်ခဲ့သည်။ ရေကန် ထဲရှိ အင်ပါယာ ငှက်မွှေး သခင် ငယ်အား လှမ်းကြည့်ကာ၊ သခင်ငယ် (၅) ပါးလုံး အံသြ သွား၏။ မည်သို့ ဆက်လုပ် ရ မည်ကို၊ မသိ တော့ချေ။
“ တကယ်ကို အရမ်း ဆိုးတယ် … ။ ”
အင်ပါယာ ငှက်မွှေး သခင်ငယ်က၊ ရေမျက်နှာ ပြင်ပေါ်၌ မျောနေ လျက်မှ၊ ညည်းတွား လိုက်သည်။
သူ မသေနိုင် သေးသော်လည်း၊ သွေးသား စွမ်းအင်များ လျော့နည်းသွား သည်ကို ခံစားနေ ရသည်။
အချိန် အတော် ကြာ ပြင်ဆင်ထား ရသောကြောင့်၊ သည်ရလဒ်ကို သူ လက်မခံ နိုင်ချေ။ နောက်ဆုံး တိုက်ပွဲ အတွက် ဝှက်ဖဲ များစွာ ရှိသည်။
သို့သော် မည်သည့် အရပ်မှ လာမှန်း မသိသော လူ တစ်ယောက်က၊ သူ့အား ဖျက်ဆီး ပစ်လိုက်၏။
အရာ အားလုံး ပျက်စီးသွား ချေပြီ။ လင်းယွန်ကို တကယ့် ပြိုင်ဘက် အဖြစ် လုံးဝ မမြင်ခဲ့ မိသည်မှာ၊ ရှက်စရာ ပေပင်။
တိုက်ပွဲ ရလဒ်ကို ငေးမော နေရာမှ၊ လူအုပ်ကြီးက သတိဝင် လာပြီး၊ ကြောက်လန့် တကြား လှည့်ထွက် မိကုန်သည်။
“ အင်ပါယာ ငှက်မွှေး သခင်ငယ်က သေပြီလား။ ”
ဂိုဏ်း ပေါင်းစုံ အကြီး အကဲ များက၊ လင်းယွန်၏ ဒေါသနှင့်၊ အစွမ်း သတ္တိကြောင့်၊ အံ့သြ သွားသည်။
လူအုပ်က မည်သို့ပင် ရှုမြင် စေကာမူ၊ လင်းယွန်မှ ဂရု မစိုက်ချေ။ ဓားသမား အနေဖြင့် ရန်ငြိုးအား ပြတ်သားစွာ ဖြေရှင်းဖို့ လိုသည်။
ဆံပင် များက လေထဲ ဝဲလည် နေပြီး၊ အနက်ရောင် အခိုး အငွေ့များ သိပ်သည်းစွာ၊ ယိုစိမ့် နေသည်။
လက်ရှိ အချိန်၌ အသိ စိတ်ထံ၊ ဖုံးလွှမ်း လာသော အဆိုးမြင် ခံစားချက် များကို၊ သတိ ထားမိ လာသည်။
ကောင်းကင်ဓား (၁၃) ချက်၏၊ တားမြစ် လှုပ်ရှားမှုကို အသုံးပြု လိုက်ခြင်း၊ အကျိုးဆက် ဖြစ်သည်။
သို့သော် ယင်းကို ထိန်းထား နိုင်ခဲ့သည်။ ၎င်းတို့အား မောင်းထုတ်ရန်၊ ကောင်းကင် ဓား ကို ဖြန့်ကျက် လိုက်၏။
သူ့နှလုံးသားမှာ ခိုင်ခံ့ နေပြီး၊ ဓား ရည်ရွယ်ချက် မှာလည်း၊ ပြင်းထန် လေသည်။ ထို့ကြောင့် အဆိုးမြင် စိတ်များကို ဖယ်ရှား ရာ၌၊ ထိရောက် ပေ၏။
ထိုအချိန်တွင် အသွင် အမျိုးမျိုး ပြောင်းလဲလျက်၊ ရုန်းကန် နေသော လင်းယွန် ထံ ကြည့်ကာ၊ သခင်ငယ်များ စိတ်လှုပ်ရှား လာကုန်သည်။
“ သူ စိတ်ရိုင်း တွေကို မောင်းထုတ် နေရတယ်၊ ကြည့်ရတာ တားမြစ် နည်းစနစ်ကို၊ အသုံးပြု လိုက် ပုံပဲ။ ”
“ ငါတို့ အခု ချက်ချင်း၊ သူ့ကို ဒဏ်ရာ ရအောင် လှုပ်ရှား သင့်တယ်၊ မဟုတ်ရင် သူနဲ့ ရင်ဆိုင်ဖို့ လွယ်မှာ မဟုတ်ဘူး။ ”
“ အမှန်ပဲ ... ၊ ဒါက အခွင့် အရေးပဲ၊ နဂါး နှလုံးသားနဲ့ အရိုးကို ငါတို့ မရ ဖူးလို့ ဘယ်သူ ပြောနိုင် မလဲ။ ”
သခင်ငယ် (၅) ပါးက၊ အချင်းချင်း ဆွေးနွေး နေကြစဉ်၊ မျက်ဝန်းများ၌ သတ်ဖြတ်လို စိတ်နှင့် လောဘများ တောက်လောင် လာခဲ့သည်။
“ ဝှစ် ... ။ ”
ကောင်းကင်ပေါ် ခုန်တက် လိုက်ကြပြီး၊ စင်ကြယ်သော ဝိညာဉ်တော် များကို ဆင့်ခေါ် လေသည်။
များမကြာမီ သိပ်သည်းသော ရောင်ဝါများ ထုတ်လွှတ်လျက်၊ ဝိညာဉ်တော်များ ထွက်ပေါ် လာကာ၊ လင်းယွန်အား ပိတ်ဆို့လိုက် ကြသည်။
ယခု အချိန်၌ မိစ္ဆာ ဆန်သော အမြင်ဆိုး များကို၊ လင်းယွန် တစ်ယောက် မောင်းထုတ် နေရ သဖြင့်၊ ၎င်းတို့၏ လုပ်ရပ်မှာ၊ စိတ် အနှောက် အယှက် ဖြစ်ဖွယ် ပေပင်။
“ ဘယ်လောက် တောင် ... ၊ အရှက်မဲ့ လိုက်လဲ။ ”
လောချန်နှင့် အဖွဲ့မှာ၊ ထိုမြင်ကွင်းကြောင့် ရွံ့ရှာ သွားသည်။ သခင်ငယ် ဟူသော ပုံရိပ် ကိုမှ မထောက်၊ ကြိမ်ဖန် များစွာ အုပ်စုဖွဲ့၊ အနိုင်ကျင့် တက်ကြ ပေသည်။
သို့သော် ဤအခိုက်တွင် လင်းယွန်မှ မျက်လုံးဖွင့် ကြည့် လာ၏။ မျက်ဝန်း များရှိ ရှုပ်ထွေးသော အရိပ် အယောင်များ၊ မရှိ တော့ချေ။ ပျောက်ကွယ် သွားပြီ ဖြစ်သည်။
ထို့နောက် ဝိညာဉ်တော် များနှင့်၊ ယှဉ်နိုင်သော နဂါးဓား ရောင်ဝါ ထွက်ပေါ် လာပြီး၊ ဝိညာဉ်တော် ငါးပါးကို၊ ပြန်လည် ဟန့်တား ပစ်လေသည်။
သခင် ငယ်များ ခမျာ၊ မျက်လုံးပြူး သွားကုန်သည်။ ဖြစ်ပျက် နေသည် များကို မယုံနိုင် တော့ချေ။
“ မင်းတို့ ရှေ့မှာ မကောင်းတဲ့ အတွေး တွေကို၊ မောင်းထုတ် ဝံ့တယ် ဆိုထဲက၊ မင်းတို့ အပေါ်၊ ငါက ဂရု မစိုက် ဖူးဆိုတာ သိသင့်တယ်။ ”
စူးရှ တောက်ပသော မျက်ဝန်း များဖြင့်၊ လူတိုင်းထံ စိုက်ကြည့်ကာ၊ လင်းယွန်မှ ဆိုလိုက် သည်။
“ ငါတို့က အဲဒီ တုန်းက မင်းကို ဒဏ်ရာ ရအောင် လုပ်နိုင် မှတော့ အခုလည်း၊ ဘာလို့ မလုပ်နိုင် စရာ အကြောင်း ရှိမလဲ။ ”
လေနယ်မြေ သခင်ငယ်က လူသတ် ရောင်ဝါအား ထုတ်ဖော်ကာ၊ အံကြိတ်လျက် ဆိုသည်။
လက်ရှိ အချိန်၌ နောက်ကြောင်း ပြန် လှည့်ရန် မဖြစ်နိုင် တော့ချေ။ ခွန်အား ရှိသမျှ ထုတ်ဖော် ရန်သာ၊ လိုပေသည်။
အင်ပါယာ ငှက်မွှေး သခင်ငယ် သည်ပင်၊ သူတို့ ငါးဦး ပေါင်းစပ် တိုက်ခိုက် ခြင်းကို၊ မခံယူ ဝံ့ချေ။
ထို့ကြောင့် မောပန်း နွမ်းနယ် နေသော လင်းယွန်အား အနိုင် ယူရန် မျှော်လင့်ချက် အနည်းငယ် ရှိသည်။
“ ကောင်းတယ် ... လာခဲ့။ ”
ခြေဖဝါး အောက်တွင်၊ ခရမ်းရောင် ပန်း တစ်ပွင့် ပွင့်လာ ချိန်၌၊ လင်းယွန်က လက်အား ဆန့်ထုတ် လိုက်သည်။
တစ်ချိန်တည်း မှာပင် သူ့ခန္ဓာ ကိုယ်မှ ဓားရှည်များ ပျံထွက် လာပြီး၊ ဓားအစီရင် အဖြစ် ဖွဲ့တည် သွား၏။
“ ပြိုင်ဘက်ကင်း ခရမ်းရောင် ဓားအစီရင်။ ”
မူလ စွမ်းအင်ဖြင့် ဖွဲ့စည်း ထားသော ဓားနံရံကြီး ထဲသို့၊ ခရမ်း ရွှေရောင် နဂါး ရူရ် (၁၈) လုံး၊ ပြေးဝင် ပေါင်းစပ် သွားသည်။
ထို့ကြောင့် ဝိညာဉ်တော် ငါးပါးမှာ၊ ဓားနံရံအား မကျော်ဖြတ် နိုင်ခဲ့ချေ။ ယင်းအစား ဓားအလင်း များက၊ သူတို့အား ချေမွပစ် လိုက်သည်။
“ ကျီး ... ။ ”
ဤအခိုက်တွင် ခရမ်းရောင် ပန်းပွင့်ချပ် များက၊ လေထဲ ဝဲပျံ နေသဖြင့်၊ လင်းယွန်အား နတ်ဘုရား တစ်ပါး ကဲ့သို့၊ ထင်မြင်လာ စေသည်။
“ ဒါ ... ။ ”
လေနယ်မြေ သခင်ငယ်မှာ၊ မျက်လုံးပြူး သွားသည်။ ဝိညာဉ်တော် ငါးပါးအား ဓားအစီရင် ဖြင့်၊ ဖျက်ဆီး နိုင်လိမ့် မည်ဟု၊ မထင် မိချေ။
“ ... ။ ”
လေထဲ၌ သာယာသော ဂီတသံများ လွင့်ပျံ လာသည်။ ခရမ်းရောင် ရေခဲ ဖီးနစ် တစ်ကောင် ထွက်ပေါ် လာစဉ်၊ ဓားအလင်း (၃၆၀) စင်းနှင့် နဂါး ရူရ် (၁၈) လုံးက၊ တောက်ပ လာ၏။
“ မူလ အစ — ဖီးနစ်ကို ချီးမွမ်းပါ။ ”
ခရမ်းရောင် ရေခဲ စာကလေးက၊ ကောင်းကင်ပေါ် ပျံတက် သွားပြီး၊ အကန့် အသတ် မရှိသော အလင်း တန်းများ ထုတ်လွှတ် လာသည်။
စူးရှ တောက်ပ လွန်းသော ဓားအလင်း များက၊ သခင်ငယ် ငါးပါး၏ မျက်လုံး များကို၊ ရုတ်တရက် ထိုးဖောက် သွားခဲ့သည်။
သွေးများ ပန်းထွက် လာကာ၊ အော်ဟစ် သံများ ညံသွား၏။ ဤအချိန်၌ လင်းယွန်၏ ရောင်ဝါမှာ၊ အင်ပါ ရီယန် တစ်ပါး အလား၊ တောက်ပ နေလေပြီ။
“ ငါ ငါ့ ... မျက်လုံး ... ၊ အား ... ။ ”
“ ..... ။ ”
သွေးများ ပန်းထွက်လျက်၊ အမြင် အာရုံ ဆုံးရှုံး သွားသော၊ မျက်လုံး များကို၊ တုန်တုန် ယင်ယင်နှင့်၊ အမြန် အုပ်ကိုင် လိုက် ကြသည်။
“ အား ... ။ ”
ထို့နောက် လှည့်ပြေး တော့၏။ သို့သော် ဓားအလင်း များက လိုက်ပါ ပျံသန်း လာကြပြီး၊ တာအို ချပ်ဝတ် များကို ဖောက်လျက်၊ ခန္ဓာ ကိုယ်ထဲ ဝင်ရောက် လာတော့သည်။
***