ပန်း သင်္ချိုင်း (၂)။
Vol. 78 Ch. 1082
အင်ပါယာ ငှက်မွှေး သခင်ငယ်က လင်းယွန်ကို လှမ်းကြည့်စဉ်၊ မာနများ ကြေမွှ သွားသည်။
လင်းယွန်မှာ အမှန် အတိုင်း ပြောနေခြင်း ဖြစ်သည်။ အလို ရှိသော် သူအား အလွယ် တကူ သတ်နိုင် ပေ၏။
ဤအခိုက်တွင် သူ၏ ယုံကြည်မှုနှင့် တိုက်ပွဲဝင် ဆန္ဒ များမှာ၊ ပျောက်ကွယ် သွား တော့သည်။
အဖြစ် အပျက် များက၊ လူအုပ် ကြီးကို၊ တုန်လှုပ် စေသည်။ ဧကရာဇ် သခင်ငယ်အား သတ်ကာ၊ အင်ပါယာ သခင်ငယ်၏ နှလုံးကို ထုတ်ယူ ပြီးနောက်၊ ကျန်သခင်ငယ် ငါးပါး အပေါ်၊ အမြင် အာရုံကွယ် စေခဲ့သည်။
ဤသို့သော အစွမ်း သတ္တိမျိုး၊ လင်းယွန် ၌သာ ရှိသည်။ ကောင်းကင်လမ်း အစ ပိုင်းတွင်၊ သည်မည်သော ဓားသမားမှာ၊ ပယင်း နယ်မြေမှ လာသော ပုရွက်ဆိတ် မျှသာ ဖြစ်သည်။
သို့သော် လေတောင်ကုန်း မြို့၌၊ စစ်မက် နယ်မြေ သုံးရပ်အား ကိုင်တွယ် ဖြေရှင်း ခဲ့ကာ၊ အဆုံးတွင် ချန်ပီယံ ဖြစ်လာ လေသည်။
“ ဟား ... ဟား ... ဟား ... ၊ ချန်ပီယံက ဒီကလေးပဲ မဟုတ်လား။ ”
လင်းယွန် အပေါ် အကောင်း မြင်သော မိုးကြိုးဂိုဏ်း အကြီး အကဲက၊ ကျယ်လောင်စွာ ရယ်မော လိုက်သည်။
လက်ရှိ အခြေ အနေမှာ၊ ကိုင်တွယ် ဖြေရှင်းရန် မခဲ ယဉ်းပေ။ လင်းယွန်မှ မိုးကြိုး ဂိုဏ်းထဲ ဝင်ဖို့ ဆန္ဒရှိ ရန်သာ လိုပေသည်။
မိုးကြိုးဂိုဏ်း ဟူသည် သူတော်စင် မျိုးနွယ် များမှ မယှဉ် နိုင်သော အခြေခံ အုတ်မြစ် မျိုးကို၊ ရှေးဟောင်း ပျက်သုဉ်း မြေ၌ ချထား နိုင်သည်။
လင်းယွန် သည်သာ မိုးကြိုး ဂိုဏ်း၏ အမာခံ တပည့် ဖြစ်လို ပါက၊ သခင်ငယ် (၁၀) ပါးလုံးကို သတ်ခဲ့ လျှင်ပင်၊ လက်ခံ မိမည် ဖြစ်သည်။
စစ်မက် နယ်မြေ များမှာ၊ မိုးကြိုး ဂိုဏ်း အပေါ်၊ စကား တစ်ခွန်း နှင့်ပင်၊ လာရောက် အပြစ်တင် ဝံ့မည် မဟုတ် ချေ။ သို့သော် ပြဿနာမှာ လင်းယွန်၏ ကျင့်ကြံမှု ဖြစ်သည်။
ပဉ္စမ ကောင်းကင် ဝိညာဉ် တွင်သာ ရှိနေသေး သဖြင့်၊ သူ့အား ကာကွယ်ရန် များစွာ အာရုံ စိုက်ရ ပေမည်။ ထို့ကြောင့် တွန့်ဆုတ် စရာ များလည်း ရှိလာ ပြန်၏။
“ ဟား ဟား ဟား ... ၊ နောက်ဆုံး ရလာဒ် ထွက်ပေါ် လာပြီ၊ လင်းယွန် အတွက် ငါ့ရဲ့ နှင်းပျံ စံအိမ် ကသာ အသင့်တော် ဆုံးဘဲ ... ။ ”
နှင်းပျံ စံအိမ် အကြီး အကဲက ပြုံးကာ ဆိုသော်လည်း၊ မိုးကြိုးဂိုဏ်း အကြီး အကဲမှာ နှုတ်ဆိတ် နေသဖြင့်၊ ကျန်အကြီး အကဲများ အားလုံး ချီတုံ ချတုံ ဖြစ်ကုန် ကြသည်။
စစ်မက် နယ်မြေ သခင်ငယ် (၁၀) ပါးကို ကျော်ဖြတ် နိုင် ခဲ့သော ပါရမီရှင် တစ်ပါးအား၊ မည်သူမျှ လက်လွှတ် မခံ လိုချေ။
ခွန်လွန်သို့ ရောက်ပြီးနောက်၊ လင်းယွန် တစ်ယောက် ကြီးထွား လာကာ၊ အနာဂတ်တွင် ထူးထူး ခြားခြား ဖြစ်လာ လိမ့်မည်ကို၊ သူတို့ ပြောနိုင်သည်။ ပင်လယ်ထဲ ပြန်ရောက် လာသော နဂါး တစ်ကောင် လို ပေပင်။
“ ပန်းရနံ့က မပျောက်သေး ပါဘူး ... ၊ ဒါကြောင့် ရလာဒ်ကို ကြေငြာ ဖို့က၊ စောလွန်း ပါသေးတယ်။ ”
ကောင်းကင်ယံ ဂိုဏ်း အကြီး အကဲ ကျင်းကြွယ်က ဝင်ရောက် ပြောဆို လာသည်။ ဤအကြီး အကဲမှာ၊ ငရဲ နတ်ဘုရား နယ်မြေနှင့် နက်ရှိုင်းသော ဆက်ဆံရေး ရှိသောကြောင့်၊ လူတိုင်း တိတ်ကျ သွားသည်။
ကောင်းကင်ယံ ဂိုဏ်းသည် ရှေးဟောင်း ပျက်သုဉ်း နယ်မြေ၏ အုပ်စိုးရှင် တပါး ဖြစ် သော်လည်း၊ ကောင်းကင် လမ်းကို မအုပ်စိုး နိုင်ချေ။
ကောင်းကင် လမ်းကို မြင့်မြတ်သော မဟာမိတ် အဖွဲ့ မှသာ ပိုင်သည်။ ထို့ကြောင့် အကြီး အကဲ ကျင်းကြွယ်မှာ၊ လင်းယွန်အား လက်ပိုက် ကြည့်နေ ရခြင်း ဖြစ်သည်။
နောက်ဆုံးမှာသူရယ်နိုင်မယ်မထင်ဘူး။
ကျန်အကြီးအကဲ များမှာ၊ စိတ်ရှုပ် ထွေးစွာဖြင့် ကြည့်လိုက် မိသည်။ အကြီးအကဲ ကျင်းကြွယ်မှ၊ တစ်စုံ တစ်ရာကို မျှော်လင့်နေ သကဲ့သို့၊ ပြုမူ ပြလာ၏။
သည့်စဉ် သူတို့ အားလုံးက ပျောက်ကွယ် နေသော ငရဲ နတ်ဘုရား သခင်ငယ်တို့ အဖွဲ့ကို၊ သတိရ လာသည်။
ကျင်းကြွယ်မှာ၊ ထိုသခင်ငယ် များအား ရည်ရွယ် နေပုံ ရ၏။ ရုတ်တရက် ကောင်းကင်မှ နေ၍ လျှပ်စီး ကြောင်းများ ဝိညာဉ် ရေကန်ပေါ် သက်ဆင်း လာသည်။
“ ဖျစ် ... ။ ”
ရေကန် တစ်ခုလုံး လင်းထိန် သွားပြီး၊ ကြယ်မိစ္ဆာ ပန်းများ ဖွဲ့တည် နေသော တိမ်လွှာ ကို၊ ပြတ်ထင်စွာ မြင်လာ ရသည်။
ထို့နောက် ကြယ်မိစ္ဆာ ပန်း များမှာ၊ သူတော်စင် ဝိညာဉ် ရေကန်သို့ ပြုတ်ကျ လာပြီး၊ နစ်မြုပ် သွား၏။
တစ်စုံ တစ်ယောက်မှာ၊ ရေကန် အောက်ခြေ၌ ကောင်းကင် ဒုက္ခကို ခံယူ နေချေပြီ။
“ သတ္တမမြောက် ဒုက္ခပဲ။ ”
သတ္တမ ဒုက္ခသည် ကောင်းကင် ဝိညာဉ် နယ်ပယ်၏ နောက်ဆုံးသော ဒုက္ခ ဖြစ်သည်။ လင်းယွန်မှ လွဲ၍ လူတိုင်း ဝိညာဉ် ရေကန်နှင့် ဝေးရာသို့၊ ချက်ချင်း ထွက်ခွာ သွားကြသည်။
ဤသည်မှာ ငရဲ နတ်ဘုရား သခင်ငယ်နှင့် အဖွဲ့ ဖြစ်ကြောင်း၊ လင်းယွန် သိသည်။ တိုက်ပွဲ ဖြစ်ပွား နေစဉ် အတွင်း ပုန်းအောင်းကာ၊ ကျင့်ကြံနေ ကြခြင်း ဖြစ်၏။
သတ္တမ ဒုက္ခသည် အန္တရာယ် အများဆုံး ဖြစ်သည်။ ထို့ကြောင့် ဤသို့ ခံယူရန် ၎င်းတို့ သုံးဦးမှာ၊ ရေကန် အောက်ခြေ၌ ကြီးစွာသော အခွင့် အရေးများ ရရှိထား ပုံရသည်။
ကြယ်မိစ္ဆာ ပန်းများ ကောင်းကင်မှ၊ ကျဆင်းလာစဉ်၊ ဝိညာဉ် ရေကန် တစ်ခုလုံး ဗြောင်းဆန် သွားသည်။
ဤအတော အတွင်း၊ ရေကန် ကြမ်းပြင်မှ အားကောင်းသော ရောင်ဝါများ၊ တရွေ့ရွေ့ ပျံနှံ့ လာတော့၏။
“ ဒီရေကန် အောက်ခြေက ... ၊ ပန်းရနံ့ တွေမှာ၊ အညစ် အကြေး တွေနဲ့ ပြည့်နေတယ် မဟုတ်လား။ ”
မိုးကြိုး အကြီးအကဲက တအံ့ တသြ ဆိုသည်။
“ ဒီတော့ ဘာဖြစ် သေးလဲ၊ စစ်မက် နယ်မြေရဲ့ အခြေခံ အုတ်မြစ် အရ ဆိုရင် ... မဖြေရှင်း နိုင်စရာ မရှိပါဘူး၊ ... ”
“ ... ဒီကောင့်မှာ ချန်ပီယံ ဖြစ်လာဖို့၊ ကံပါ မလာတဲ့ အတွက်၊ သူ့ကိုယ် သူသာ အပြစ်တင် နိုင်ပါ တယ်။ ”
အကြီး အကဲ ကျင်းကြွယ်က ဂရု မစိုက် ဟန်ဖြင့်၊ ပြုံးကာ လှောင်ပြောင် ပြောဆို သည်။ သူ့ စကားများ အရ လင်းယွန် အတွက် သေခြင်း မှတပါး အခြား မရှိ တော့မှန်း သိလိုက် ရ၏။
လင်းယွန်မှာ သန်မာ သော်လည်း၊ သတ္တမမြောက် ကောင်းကင် ဝိညာဉ် နယ်ပယ်၊ ကျွမ်းကျင်သူ သုံးဦးအား၊ ရင်ဆိုင်ရန် မဖြစ်နိုင် သေးချေ။
“ ဟား ဟား ဟား ... ။ ”
ရင်းနှီးသော ရယ်မောသံ တစ်သံ နှင့်အတူ၊ ငရဲ နတ်ဘုရား သခင်ငယ်က ရေကန် အတွင်းမှ ဝုန်းခနဲ တိုးထွက် လာသည်။
“ လင်းယွန် ... ၊ မင်း သေဖို့ ဒီကို လာစမ်း ... ။ ”
၎င်းနှင့် အတူ ကျန်သော သခင်ငယ် နှစ်ပါး သည်လည်း ထွက်ရှိ လာပြီး၊ လင်းယွန်ထံ လှမ်း ကြည့် လိုက်သည်။
၎င်းတို့က သတ္တမ ကောင်းကင် ဝိညာဉ် အရှိန် အဝါအား ထုတ်လွှတ်လျက် ခြိမ်းခြောက် လာတော့သည်။
သို့သော် လူအုပ် ကြီးမှာ၊ စိတ်ပျက် သွားသည်။ ရောင်ဝါသည် သူတို့ ထင်ထား သလောက် မပြင်းထန် လှချေ။ အလျင် အမြန် ကျော်ဖြတ် လိုက်ရ သဖြင့်၊ ဖရို ဖရဲ ဖြစ်နေ ပေသည်။
မည်သို့ပင် ဆိုစေ ကာမူ၊ ရောင်ဝါ သမုဒ္ဒရာကို ဖွဲ့တည်ပြီး ဖြစ်ရာ၊ သတ္တမမြောက် ကောင်းကင် ဝိဉာဉ် ခွန်အားမျိုး ပိုင်ဆိုင် နေဆဲ ဖြစ်သည်။
ထို့စဉ် ဝိညာဉ် ရေကန်ကြီး တစ်ခုလုံး လှုပ်ခါပြီး၊ ကြောက်မက်ဖွယ် ကောင်းသော ရေပွက် တစ်ခု ဖြစ်ပေါ် လာသည်။
“ ဝှစ် ... ။ ”
အဆိုပါ ရေပွက်ကြီး ထဲမှ နေ၍၊ နဂါးတစ်ကောင် ပျံသန်း ထွက်ပေါ် လာကာ၊ လင်းယွန်ထံ ပြေးဝင် သွားသည်။
၎င်းထံမှ အလင်း များက၊ အရပ် မျက်နှာ အသီးသီးသို့ ပျံနှံ့ သွားပြီး၊ ဝိညာဉ် ရေကန်ကြီး တစ်ခု လုံးကို ကန့်သတ်ပစ် လိုက်သည်။
လင်းယွန်က လက်အား ဆန့်ကာ၊ အသာ အယာ ဖမ်းယူ လိုက်မှ သာလျှင်၊ ထိုနဂါးသည် ဓားတစ်လက် ဖြစ်ကြောင်း၊ သိလိုက် ရ၏။
၎င်းအသွင်မှာ၊ ရင်သပ် ရှုမော ဖွယ်ရာ ကောင်းပြီး၊ တာအို အဆင့်အား ကျော်လွန်သွား လေသည်။
သူတို့ပိုင် ဓား မဟုတ် သော်လည်း၊ သူတို့ပိုင် ရတနာကို လင်းယွန်မှ ခိုးယူသွား သကဲ့သို့ ခံစား လာရ၏။
လင်းယွန်က ဓားကို ဖြည်းညှင်းစွာ ဆုပ်ကိုင်လျက်၊ ငရဲ နတ်ဘုရား သခင်ငယ်တို့ သုံးဦးကို တစ်ချက် ပြန်ကြည့်သည်။
“ ငါ့ဓားနဲ့ ငါက၊ မင်းတို့ကို စောင့်နေတာ ကြာပြီ။ ”
စကားဆုံး သည်နှင့်၊ ရောင်ဝါ သမုဒ္ဒရာ အတွင်းရှိ ကြယ်မိစ္ဆာ ပန်းများ တောက်လောင် လာကာ၊ သခင်ငယ် များထံ ပြေးဝင်သွား တော့သည်။
“ ဝှစ် ... ။ ”
သခင်ငယ် သုံးဦးက သူတို့ကိုယ် သူတို့ ကာကွယ်ရန်၊ မူလ စွမ်းအင်နှင့် သွေးသား စွမ်းအင် များကို သွန်းလောင်ကာ၊ ဝိညာဉ်တော် များအား၊ ဆင့်ခေါ် လိုက်၏။
ထို့စဉ် ကောင်းကင်မှ တောက်ပသော အလင်းများ ရုတ်တရက် ကျရောက် လာပြီး၊ ချက်ချင်း ပြန်လည် ပျောက်ကွယ် သွားသည်။
အဆိုပါ ပျောက်ကွယ်မှု အတွင်း၊ ငရဲ နတ်ဘုရား သခင်ငယ်တို့ သုံးပါး သည်လည်း၊ ရောပါ သွားတော့သည်။
အလောင်း မဆိုနှင့်၊ ၎င်းတို့ ရှင်သန်ခဲ့ ဖူးသည် ဟူသော၊ အငွေ့ အသက် မျှပင် မကျန် ရစ်ချေ။
***