← Chapters

သူ လာပါစေ။

Vol. 78 Ch. 1083

သူ လာပါစေ။

Vol. 78 Ch. 1083

ငရဲ နတ်ဘုရား သခင်ငယ်မှာ၊ သတ္တမ ဒုက္ခကို ခံယူ ခဲ့လျှင်ပင်၊ အရေး မကြီး တော့ချေ။ ဓားတစ်ချက် တည်းဖြင့်၊ အမှုန်မျှ မကျန်အောင် ပျောက်ကွယ် သွားရသည်။

လင်းယွန် ဟူသည် ကောင်းကင် လမ်း၌ ကြောက်စရာ အကောင်း ဆုံးသော ဓားသမား တစ်ဦး အဖြစ်၊ မှတ်တမ်းဝင် သွားပြီ ဖြစ်၏။

ဤမတိုင်မီ ငရဲ နတ်ဘုရား သခင်ငယ်နှင့် အဖွဲ့မှာ၊ ပုန်းအောင်းလျက် အချိန် ကောင်းကို စောင့်ဆိုင်း နေခဲ့သည်။

ကံမကောင်း စွာဖြင့် လင်းယွန်က သူတို့ကို မမေ့ ခဲ့ချေ။ လင်းယွန် အနေဖြင့် ချန်ပီယံ ဆုကို ရယူ လိုခြင်း မဟုတ်ဘဲ၊ သူတို့ သုံးယောက်အား သတ်ရန်၊ ရောက်ရှိ လာခြင်း ဖြစ်သည်။

ထို့ကြောင့် ၎င်းတို့အား မသတ်ရ သ၍၊ အောင်ပွဲခံ မိမည် မဟုတ်ချေ။ သူ့အား ကြိမ်ဖန် များစွာ ရန်စခဲ့ သောကြောင့်၊ ဤလူ များမှာ၊ သေရန် ထိုက်တန် ကြသည်။

“ ဟင် ... မဖြစ် နိုင်တာ။ ”

သေခါနီး ဆဲဆဲ ဖြစ်သော အင်ပါယာ ငှက်မွှေး သခင်ငယ်က၊ မြင်ကွင်းကို ကြည့်ကာ၊ သေချင်စိတ် ပိုဖြစ် လာသည်။

ဓား အစီရင်ဖြင့် သခင်ငယ် ငါးပါး၏၊ အမြင် အာရုံကို ကွယ်စေပြီး နောက်တွင်၊ သူ့ မာနများ ကြေမွှ သွားကာ၊ အလွန် အရှက်ရွံ့ မိသည်။

လင်းယွန်သာ ဆန္ဒ ရှိပါက၊ သူ့အား လွယ်လွယ် ကူကူ အနိုင်ယူ နိုင်ပေသည်။ ဤသို့ နားလည် သဘောပေါက် လာခြင်းဖြင့်၊ ပို၍ပင် စိတ်ပျက် အားငယ် သွားသည်။

ယခု အချိန်ထိ၊ လင်းယွန် ခွန်အားကို၊ သူ မမြင် နိုင်ချေ။ တစ်ဖက် လူသာ ဓားဆွဲ ခဲ့ပါက တစ်ချက် တည်းဖြင့်၊ သူ့ကို သတ်နိုင် ပေမည်။

ဓားရည်ရွယ်ချက်၊ ပန်းသင်္ချိုင်း ဓားနှင့် ဓားရေး အရ၊ သက်ကြီး ရွယ်အိုများ သည်သာ၊ ထိုဓားကို ရပ်တန့် နိုင်မည်။

ထို့ကြောင့် သူ့မာန များမှာ၊ မည်မျှ ရယ်မောဖွယ် ကောင်းခဲ့ မည်ကို၊ သိရှိလိုက် ရသည်။

ပြိုင်ဘက်ကို ဓား တစ်ချက် တည်းနှင့်၊ သတ်နိုင်သည် ဟူသော စကား များကို ကြားစဉ် အချိန်က၊ ရယ်မော မိသည်။

သူ ဟူသည် သခင်ငယ်များ အနက်၊ အထူးချွန် ဆုံးသော ပါရမီရှင် တစ်ဦး ဖြစ်သည်။ မီးနဂါး နှလုံးသားနှင့် ပေါင်းစည်းရန်၊ သေခြင်း တရားကို အကြိမ်ကြိမ် ဖြတ်ကျော် ခဲ့ရသည်။

ထို့ကြောင့် အခြားသော သခင်ငယ် များထက်၊ များစွာ သန်မာ သည်ဟု၊ ယုံကြည် ချက် ပြင်းထန် ခဲ့သည်။ အခြေခံ အုတ်မြစ်မှာ၊ လင်းယွန် ထက်ပင်၊ အားကောင်း ခဲ့သည်။

ဆိုလို သည်မှာ၊ လင်းယွန်သာ ပေါ်မလာ ပါက၊ နောက်ဆုံး အထိ ရပ်တည် နိုင်မည်မှာ သေချာသည်။

ယခု အချိန်၌ နဂါး အရိုးကို မယူခဲ့ သင့်ကြောင်း၊ နားလည် လိုက်သည်။ အခွင့် အရေး ရှိစဉ်၊ လင်းယွန်အား သတ်သင့် လေသည်။

နဂါး အရိုး ကြောင့်သာ မဟုတ် ပါက၊ ကောင်းကင် ဓားအား ဤမျှ အထိ၊ နားလည် သွားမည် မဟုတ်ချေ။

နဂါး အရိုး ဆုံးရှုံး ခြင်းသည် အသက်နှင့် သေခြင်း တို့ကို ခံစားစေ ရပြီး၊ ကောင်းကင်ဓား အပေါ်၊ ပြီးပြည့်စုံ သွားစေသည်။

နောင်တ ဟူသည် နှောင်မှသာ ရောက်ရှိ လာတက် ပေသည်။ ကုန်လွန် သွားသော အချိန် အား၊ ပြန်မရ နိုင်ချေ။

မီးနဂါး နှလုံး သားကို ဆုံးရှုံး လိုက်ရပြီ ဖြစ်သဖြင့်၊ ခိုင်မာ လွန်းသော အခြေခံ အုတ်မြစ် အပေါ်၊ မုန်းတီး လာမိသည်။

ချက်ချင်း သေဆုံး ခဲ့သော်၊ လင်းယွန် တစ်ယောက် လူတိုင်း အနိုင် ယူကာ၊ အောင်ပွဲခံ နေခြင်းအား၊ မြင်နေ မိမည် မဟုတ်ချေ။

အံ့အား သင့်ဖွယ် စွမ်းဆောင် မှုကြောင့်၊ လူအုပ် ကြီးမှာ၊ တိတ်ကျ သွားသည်။ ရေစက် အတွင်းမှ ငုံ့ကြည့် နေသော အကြီး အကဲ များပင်၊ အသံ မထွက် နိုင်တော့ချေ။

သူတို့မှာ သာမန် လူများ မဟုတ် သောကြောင့်၊ ဤဓားသည် ကောင်းကင် ဝိညာဉ် ကျွမ်းကျင်သူ တစ်ဦးမှ နားလည် သင့်သည့်၊ အရာ မဟုတ်ကြောင်း၊ ပြောနိုင်သည်။

ထိတ်လန့် ခြင်းမှ ပြန်လည် သက်သာ လာချိန်၌ အကြီးအကဲ များက၊ လင်းယွန်အား စိတ်ဝင် တစား ကြည့်ရှု လာမိ ကြသည်။

ဤဓားသမား လူငယ်သည်၊ ကောင်းကင် လမ်း၌ ပြိုင်ဘက် ကင်းသော သူ့ အရည် အချင်း များကို၊ ပြသ ထားသည်။ ထို့ကြောင့် ကျင့်ကြံမှု နိမ့်ကျနေ လျှင်ပင်၊ ဂရု မစိုက် တော့ချေ။

ဝိညာဉ် စွမ်းအင် နိမ့်ပါး လွန်းသော၊ အောက်တန်း နယ်မြေ တစ်ခုတွင် ကြီးပြင်း လာသော ကြောင့်သာ ဖြစ်သည်။ ခွန်လွန် ဘုံသို့ ရောက်ရှိ ပါက၊ အသွင် ကူးပြောင်း လာနိုင် မည်ဟု၊ ယုံကြည်၏။

“ မင်း ... ဘယ်လို တောင် သတ္တိ ရှိလိုက်လဲ၊ ဟမ့် ... ။ ”

ရုတ်တရက် အဆုံး မရှိ သတ်ဖြတ်ခြင်း ရောင်ဝါများ ပျံလွင့် လာပြီး၊ အေးစက်သော ဟောက်သံ ထွက်ပေါ် လာသည်။

ထိုအသံ ရှင်မှာ ကျင်းကြွယ် ဖြစ်ပြီး၊ လင်းယွန် ဓားသည် မြန်လွန်း သောကြောင့်၊ သူ ဟန့်တားချိန် မရ ခဲ့ချေ။

ငရဲ နတ်ဘုရား သခင်ငယ် ဦးဆောင်သော သခင်ငယ် နှစ်ဦး အသတ် ခံလိုက် ရမှ သာလျှင်၊ သတိ ဝင်လာသည်။

မိုးကြိုး ဂိုဏ်း၏ အကြီး အကဲက၊

“ မင်း ဘာလုပ်ဖို့ ကြိုးစား နေတာလဲ၊ နောက်ဆုံး တိုက်ပွဲမှာ ဘယ်သူမှ ဝင် မစွက်ဖက် ရဖူး ဆိုတာ၊ မင်း သိတယ် မဟုတ်လား။ ”

“ ဟမ့် ... ၊ သူ ဘယ်သူ့ ကိုပဲ သတ်သတ်၊ ငါစိတ်ဝင်စား မိမှာ မဟုတ်ဘူး၊ ဒါပေမယ့် ငရဲ နတ်ဘုရား သခင်ငယ်ကို သတ်တဲ့ အတွက်တော့၊ ... ”

“ ... တန်ဖိုး တစ်ခု ပေးချေရ လိမ့်မယ်၊ မြင့်မြတ်တဲ့ မဟာမိတ် အဖွဲ့ ဆိုရင် တောင်မှ ငါ့ကို တားလို့ မရ စေရဘူး။ ”

“ ဒီအဖိုးကြီး ... ။ ”

အခြားသော အကြီး အကဲ များက၊ သက်ပြင်းချ လိုက်၏။ အကြီး အကဲ ကျင်းကြွယ် မှ၊ အကျိုးဆက် များကို ဂရု မစိုက်ဘဲ၊ လင်းယွန် အပေါ် သတ်ရန် ဆန္ဒရှိ နေပါက၊ သူ့တို့ တားဆီး နိုင်မည် မဟုတ်ပေ။

“ အဘိုးကြီး ... ၊ နင် သူ့ကို သတ်ချင်ရင်၊ ငါ့ကို အရင် သတ်ရ လိမ့်မယ်။ ”

ယွဲ့ဝေဝေက လင်းယွန် ရှေ့သို့၊ ရုတ်တရက် ခုန်ဝင် လာပြီး ဆိုသည်။ ခန္ဓာ အတွင်းရှိ တံဆိပ် မှာ၊ ပြေလျော့ သွားပြီ ဖြစ်သဖြင့်၊ အင်ပါ ရီယန် ကျင့်ကြံမှုကို၊ ပြန်လည် ရရှိ လာသည်။

ဤအချိန်၌ ကောင်းကင်ရှိ ကြယ်ရောင် များက၊ သူမအား မချုပ်နှောင် နိုင်တော့ချေ။ ထိုအချိန်တွင် ကျင်းကြွယ်၏ လက်ဝါးမှာ သူမထံ ကျဆင်း လာပြီ ဖြစ်သည်။

အကြီး အကဲ ကျင်းကြွယ်မှာ၊ ဒေါသ ထွက်နေပြီ ဖြစ်သော ကြောင့်၊ ယွဲ့ဝေဝေအား မမြင် တော့ချေ။

ထို့ကြောင့် ကြယ် စွမ်းအင်များ အားလုံးကို လက်ဖဝါးထဲ လောင်းထည့်ကာ လင်းယွန်အား၊ ကွယ်ထားသော ယွဲ့ဝေဝေထံ သက်ဆင်း စေလိုက်သည်။

သို့သော် ကျရောက် ခါနီး အချိန်တွင်၊ ယွဲ့ဝေဝေ ထံမှ၊ အလွန် သန့်စင်သော ရောင်ဝါ တစ်ခု ထွက်ပေါ် လာသည်။

၎င်းမှာ ကောင်းကင် နတ်မိစ္ဆာ မြေခွေး မျိုးနွယ်စုမှ၊ တစ်ဦးတည်း ပိုင်ဆိုင်သော ရောင်ဝါ မျိုး ဖြစ်သည်။

ထို့ကြောင့် မျက်နှာ ပြောင်းလဲ သွားပြီး၊ အကြီး အကဲ ကျင်းကြွယ်က လက်ကို ပြန်ရုတ် လိုက်သည်။

“ မင်း အဖေ ဘယ်သူလဲ ... ကလေးမ။ ”

“ ငါ့ အဖေ နာမည်ကို သိဖို့ ... ၊ နင့်လို ခွေးအိုကြီး တစ်ကောင်က အရည် အချင်း မရှိ သေးဘူး၊ ငါ့ နာမည် ယွဲ့ဝေဝေ။ ”

မေးခွန်းနှင့် အဖြေ အပ်စပ်ခြင်း မရှိ သော်လည်း၊ ကျင်းကြွယ် ခမျာ တစ်စုံ တစ်ရာ ကို တွေးမိ လာပြီး၊ ကြောက်ရွံ့ သွားသည်။

သို့သော် ငရဲ နတ်ဘုရား သခင်ငယ်၏၊ သေဆုံး ခြင်းကို ပြန်ပြောင်း သတိ ရလိုက်သော အခါ၊ သတ်ဖြတ်ရန် ရည်ရွယ် ချက်မှာ၊ တဖန် ဖြစ်ပေါ် လာသည်။

“ ဟမ့် ... ဒါက ကောင်းကင် လမ်းပဲ၊ ဒီနေရာမှာ မင်းရဲ့ နောက်ခံက အရေး မပါဘူး၊ ငရဲ နတ်ဘုရား သခင်ငယ် သေဆုံးမှု အတွက်၊ သူက တန်ဖိုး တစ်ခု ပေးချေ ရမယ်။ ”

“ ဝေဝေ ... သူ လာပါစေ။ ”

လင်းယွန်က ကြောက်ရွံ့ခြင်း မရှိဘဲ၊ ပြောလိုက်သည်။ ငရဲ နတ်ဘုရား သခင်ငယ်ကို သတ်ပြီးနောက် ဖြစ်ပေါ် လာမည့် အကျိုးဆက် အပေါ်၊ တွက်ဆ ထားပြီး ဖြစ်သည်။

နဂါး သခင်ပေး ခဲ့သော ကောင်းကင် ချပ်ဝတ်သည်၊ ကျင်းကြွယ် ဟူသော ဤခွေးအို ကြီးအား၊ သင်ခန်းစာ တစ်ခု ပေးမည်မှာ သေချာ၏။

“ မ ရ ဘူး ... ။ ”

ယွဲ့ဝေဝေက အလျင် အမြန် ခေါင်းယမ်း လိုက်ပြီး၊

“ ငါ မလုပ် နိုင်ဘူး၊ ကျေးဇူး ပြုပြီး ငါ့ နောက်မှာ နေပါ အစ်ကိုကြီး ယွန်၊ ဒီတစ်ကြိမ် လေးပဲ ငါ့ စကားကို၊ နားထောင် ပေးပါ၊ မင်း ရှေ့မှာ ငါ ရပ်ပါ ရစေ။ ”

ပါးပြင်၌ မျက်ရည်များ ဖုံးလွှမ်း နေပြီး၊ အားကိုး ရာမဲ့ ကလေး မလေး တစ်ယောက်လို အော်ဟစ် လိုက်သည်။ သို့သော် သူမ မျက်လုံး များ၌၊ ကြောက်ရွံ့ မှုများ မရှိချေ။

ယွဲ့ဝေဝေ တစ်ယောက် သည်မျှ အလေးအနက်၊ ရှိနေ လိမ့်မည်ဟု၊ မမျှော်လင့် ထား သဖြင့်၊ လင်းယွန် ခမျာ ပါးစပ်ပိတ် ကျသွားသည်။

ယွဲ့ဝေဝေက ကျင်းကြွယ်ထံ ပြန်ကြည့်ပြီး၊

“ နင်က ... ငါ့ကို ဒဏ်ရာ ရအောင်၊ လုပ်ခဲ့တဲ့ အဖိုးကြီး မဟုတ်လား၊ အစ်ကိုကြီး ယွန် ကိုသာ လွှတ် ပေးရင်၊ ဒါကို ငါ မေ့ပစ်ပေး နိုင်တယ်။ ”

ယွဲ့ဝေဝေ စကားကို ကြားသော အခါတွင် လင်းယွန်က လက်သီး ဆုပ်လိုက်ပြီး၊ သတ်ဖြတ် လိုသော ရည်ရွယ် ချက်ဖြင့် ပြန်ကြည့် မိ၏။

အကြီး အကဲ ကျင်းကြွယ်က၊ ယင်းကို ဂရု မစိုက်ဘဲ၊

“ မင်း ငါ့ကို တောင်းပန် နေတာလား၊ စိတ်မဝင် စားဘူး၊ ထွက်သွားချင် စိတ် မရှိရင်၊ မင်းလည်း၊ သူနဲ့ အတူ သေ နိုင်ပြီ။ ”

အကြီး အကဲ ကျင်းကြွယ်က၊ အဖျက် စွမ်းအား ပြင်းသော လက်ဖဝါးကို၊ ရုတ်တရက် ရိုက်ချ လာ၏။

“ ဝှစ် ... ။ ”

လင်းယွန်က ရှေ့ တစ်လှမ်း တိုးကာ၊ ယွဲ့ဝေဝေကို ဆွဲဖက် ထားလိုက်ပြီး၊ ရင်ခွင်ထဲ ပြန်ငုံ့ ကြည့်ကာ၊

“ တောင်းပန် ပါတယ် ... ၊ ငါ မင်းနောက်မှာ မနေ နိုင်ဖူး ဝေဝေ။ ”

-ဟု ဆိုလိုက် တော့သည်။

ဤမြင်ကွင်း ကြောင့် အကြီး အကဲ ကျင်းကြွယ်မှာ၊ ဝမ်းသာ သွားပြီး ပြုံးရယ် လာ မိ၏။

လင်းယွန် တစ်ယောက် မိန်းကလေး နောက်၌၊ ဆက်၍ ပုန်းကွယ် နေမည်ကို၊ စိုးရိမ် နေမိ သေးသည်။

လက်ဖဝါးက လင်းယွန်အား ထိမှန် တော့မည့် အချိန်၌၊ အနက်ရောင် အရှိန် အဝါ တစ်ခု၊ ရုတ်တရက် တဟုန်ထိုး ထွက်ပေါ် လာသည်။

၎င်းက ထိုလက်ဖဝါအား ရပ်တန့် စေကာ၊ ကျင်းကြွယ်ကို နှုတ်ခမ်းမှ သွေးများ ယိုစီးကျ လာစေ ခဲ့သည်။

ဝင်ရောက် စွက်ဖက် လာသော လူက၊ သတ်ဖြတ် လိုသည့်၊ သူ့ ရောင်ဝါကို အကြီးအကဲ ကျင်းကြွယ်ထံ ဦးတည် ပစ်လွှတ် လိုက်ပြီး၊

“ ဒီနှစ်တွေ အတွင်းမှာ ... ၊ ရှေးဟောင်း ပျက်သုဉ်း နယ်မြေရဲ့၊ ကောင်းကင်ယံ ဂိုဏ်းက၊ တကယ့်ကို မာနကြီး လာပုံပဲ၊ ဂျူနီယာ တွေပေါ် လက်တင်ဖို့၊ မင်း ဘယ်လိုများ သတ္တိ ရှိနေ ရတာလဲ၊ ဟမ့် ... ။ ”

-ဟု နှာခေါင်း ရှုံ့ကာ၊ အပြစ်တင် မာန်မဲ လိုက်တော့သည်။

***

All Chapters