တတိယ အစ်ကို။
Vol. 78 Ch. 1084
သတ်ဖြတ်ခြင်း ရောင်ဝါများ ဝိညာဉ် ရေကန်ကြီး တစ်ခုလုံး ဖုံးလွှမ်း လာသဖြင့်၊ လူစု လူဝေးကို အထိတ် တလန့် ဖြစ်စေသည်။
အကြီး အကဲ ကျင်းကြွယ် မည်မျှ သန်မာ သည်ကို၊ ဤလူငယ်များ မသိကြ သော်လည်း၊ အကြီး အကဲများ အချင်းချင်း သိပေ၏။
ဤစွက်ဖက် သူသည် မိစ္ဆာ အငွေ့ အသက် များနှင့် ပြည့်နှက် နေသော ကြောင့်၊ နတ်မိစ္ဆာ မိသားစုမှ ကျွမ်းကျင်သူ တစ်ဦး ဖြစ်မှန်း နားလည် လိုက်ကြသည်။
“ သူ ... ။ ”
လင်းယွန်မှာ အံ့အားသင့် စွာဖြင့်၊ ယွဲ့ဝေဝေကို လွှတ်လိုက်သည်။ မိစ္ဆာ ရောင်ဝါကို ထုတ်လွှတ်လျက် ကျင်းကြွယ်အား၊ ရင်ဆိုင် လာသူမှာ၊ နဂါး ဒေသ၌ သူ့အား မိတ်ဖွဲ့ လာသည့် ချမ်ရွှင်း ဖြစ်၏။
ထိုလူငယ်နှင့် အကြိမ်ပေါင်း များစွာ၊ ထိတွေ့ ဆက်ဆံဖူး သော်လည်း၊ ကောင်းကင်ယံ ဂိုဏ်းမှ ကျင်းကြွယ်အား ရင်ဆိုင် နိုင်သည် အထိ၊ သန်မာနေ လိမ့်မည်ဟု မထင်ထား မိချေ။
အကြီးအကဲ ကျင်းကြွယ် အပေါ်၊ သူ မမြင် နိုင် သော်လည်း၊ အင်ပါရီယန် နယ်ပယ် အထက် တွင်၊ ရှိနေ သည်ဟု၊ ခံစား ရ၏။
ချမ်ရွှင်းကို မြင်ချိန်၌ ယွဲ့ဝေဝေ၏ မျက်လုံးများ တောက်ပ လာပြီး၊
“ တတိယ အစ်ကို ပါလား၊ သူ ... သူက ဒီမှာ ဘာလုပ် နေတာလဲ။ ”
-ဟု သံသယ ဝင်လာတော့၏။
“ သူက ... ၊ တတိယ အစ်ကိုလား ... ။ ”
လင်းယွန်က ယွဲ့ဝေဝေထံ လှည့်ကြည့်ကာ ပြန်မေး လိုက်သည်။
“ အင်း ... ဟုတ်တယ်၊ သူက အဖေရဲ့ တပည့်ပါ၊ တတိယ အစ်ကိုက ဘာအတွက်၊ ဒီကို လာရ တာလဲ၊ ငါ ဒီမှာ ရှိမှန်း ဘယ်သူ မှလည်း မသိ ပါဘူး။ ”
သည်ကိစ္စမှာ ယွဲ့ဝေဝေ ထင် သကဲ့သို့၊ မရိုးရှင်း နိုင်ကြောင်း လင်းယွန်မှ သိသည်။ ဤချမ်ရွှင်းမှာ နဂါး နန်းတော် ကိုပင် စိတ်မဝင် စားခဲ့ သောကြောင့်၊ သူ့တွင် ကောင်းကင် လမ်းသို့ ဆင်းလာ ရသည့်၊ အကြောင်းရင်း ရှိပေမည်။
ဖြစ်နိုင် သည်မှာ၊ သူနှင့် ယွဲ့ဝေဝေ၏ ပတ်သတ်မှုကို စုံစမ်းရန် ကြိုးစား နေခြင်း ဖြစ် ပေမည်။ အထူး သဖြင့် သူ့ စိတ်ထားကို သိရှိလို ပုံရ၏။
“ မင်း သေချင် နေတာပဲ။ ”
အကြီး အကဲ ကျင်းကြွယ်က ကြောက်မယ်ဖွယ် ရောင်ဝါကို ထုတ်လွှတ်ကာ၊ ဒေါသ တကြီး ငေါက် လိုက်၏။
ကောင်းကင်ယံ ဂိုဏ်း၏ အကြီး အကဲ တစ်ဦး အနေဖြင့်၊ နတ်မိစ္ဆာ မျိုးနွယ်မှ ဂျူနီယာ တစ်ဦး လက်တွင်၊ ဤမျှ အရှက် ရဖွယ် အဖြစ်အား လက်မခံ နိုင်ချေ။
သို့သော် ချမ်ရွှင်းက အေးစက်သော ရောင်ဝါကို၊ လေဆင် နှာမောင်း သဏ္ဍာန် ဖွဲ့တည်ကာ၊ တုံ့ပြန် လာခဲ့သည်။
“ ဝုန်း ... ။ ”
လက်ဝါး နှစ်ဖက် ထိပ်တိုက် တွေ့ဆုံ သွားသော အခါတွင်၊ ကောင်းကင်နှင့် မြေကြီး တုန်လှုပ် သွားစေသည့် ကြောက်မက်ဖွယ် ပေါက်ကွဲ မှုများ ဖြစ်ပေါ် လာ၏။
စွမ်းအင် အကြွင်း အကျန် လှိုင်းများက၊ အဖက် ဖက်သို့ ပျံ့နှံ့ပြီး၊ ကမ္ဘာဖျက် ကပ်ဘေး အလား၊ ထင်မှား မိစေသည်။
လင်းယွန်က ယွဲ့ဝေဝေကို လှမ်းဆွဲကာ၊ လွတ်ရာသို့ ခုန်ဆုတ် လိုက်ပြီး၊ ထိတ်လန့်စွာ ပြန်ကြည့် မိသည်။
ရန်ပွဲသည် အလွန် အန္တရာယ် များလှ သဖြင့်၊ သတိ မထားသော်၊ သူ့ကဲ့သို့ လူများမှာ၊ အသက် ဆုံးရှုံးနိုင် ပေသည်။
ကောင်းကင် ဓားနှင့်၊ စင်ကြယ်သော ဝိညာဉ်တော် များ သည်ပင်၊ ၎င်းတို့ ရှေ့၌ အသုံး ဝင်နိုင်မည် မဟုတ်ချေ။
ကျန်အကြီး အကဲများ အတွက်မူ၊ ဖြစ်ရိုး ဖြစ်စဉ် တိုက်ပွဲမျိုး ဖြစ်သဖြင့်၊ ဂရု စိုက်ခြင်း မရှိ တော့ချေ။
ယင်း အစား သူတို့ အကြည့် များက၊ လင်းယွန် ဘေးတွင် ရှိသော ယွဲ့ဝေဝေ အပေါ် သို့၊ ကျရောက် သွားသည်။
“ သူက ... ကောင်းကင် မြေခွေး မိသားစုက … ”
မိုးကြိုးဂိုဏ်း အကြီး အကဲက၊ ဦးစွာ စကား ပြောရန် ပြင်သည်။ သို့သော် သူ့ ဘေးရှိ အကြီး အကဲ တစ်ဦးမှ၊ ၎င်းအား အပြော မခံ ခဲ့ချေ။
“ အဲဒီ လူရဲ့ နာမည်ကို ထုတ်မပြော ပါနဲ့ ... ၊ သူက ငါတို့ စကားဝိုင်း ဖွဲ့ရမဲ့၊ ပုဂ္ဂိုလ်မျိုး မဟုတ် ဘူး၊ ... ”
“... ဒါတွေ အားလုံးက အကြီး အကဲ ကျင်းကြွယ် တစ်ယောက် တည်း နဲ့ပဲ၊ သက်ဆိုင် ပါတယ်။ ”
ထိုအကြီး အကဲ စကားကို၊ လူတိုင်း ခေါင်းညိတ် သဘောတူ လိုက်ကြသည်။
“ လင်းယွန် ကိုရော ... ။ ”
“ မလွယ်ဘူး ... ၊ အကြီး အကဲ ကျင်းကြွယ်က၊ သူ့ကို သတ်ဖို့ စိတ်ပိုင်း ဖြတ် ထားတယ်၊ ... ”
“ ... ငါတို့ ထဲက ဘယ်သူ ကများ ဒီလို ဒုက္ခတွေ လိုချင် မှာလဲ၊ မြင့်မြတ်တဲ့ မဟာမိတ် အဖွဲ့ ကိုပဲ စောင့်ရအောင်။ ”
အကြီး အကဲ တစ်ဦးမှ၊ သက်ပြင်း ချလျက် အကြံပြု လာလေသည်။ သူတို့က တပည့်များ ရွေးရန် ဤနေရာသို့ ရောက်ရှိ နေခြင်း ဖြစ်၏။
နောက်ဆုံးတွင် ရှေးဟောင်း ပျက်သုဉ်း မြေ၌၊ မရေ မတွက် နိုင်သော ပါရမီရှင် များစွာ ရှိလေသည်။ ပြင်ပ တပြည့်များ အတွက်သာ ဆိုပါက၊ ဤမျှ ဒုက္ခ ခံကာ ရောက်ရှိ လာမိမည် မဟုတ်ချေ။
ကောင်းကင်လမ်း ဟူသည် နှစ် တစ်ထောင်၌၊ တစ်ကြိမ်သာ ဖွင့်လှစ် ပေးမည် ဖြစ်ပြီး၊ ထိုအချိန်တွင် ပါရမီရှင်များ အမြဲ ပေါ်ထွက် လာတက်သည်။
ထိုပါရမီ ရှင်များ အနက်၊ တစ်ဦး တစ်ယောက် မျှသာ၊ ခွန်လွန်ဘုံ၌ သန်မာလာ တက်လေသည်။
လင်းယွန်သည် ထိုသို့သော အရည် အချင်းမျိုး ပိုင်ဆိုင် ထားသည့် ပါရမီရှင် တစ်ဦး ဖြစ်မည်ကို၊ မေးခွန်း ထုတ်စရာ မရှိချေ။
သို့သော် ခေါင်းမာ လွန်းပြီး၊ သခင်ငယ် ငါးပါးအား၊ သတ်ပစ် လိုက်သည်။ ကျန်ငါးပါးမှာ ချိနဲ့ သွား၏။
ထို့ကြောင့် လင်းယွန်ကို ခေါ်ယူ လိုသော် အလေး အနက် စဉ်းစားရ ပေမည်။ သူတော်စင် ဝိညာဉ် ရေကန် အထက်ရှိ တိုက်ပွဲမှာ ပေါက်ကွဲ လာသဖြင့်၊ ကျင်းကြွယ်နှင့် ချမ်ရွှင်းက၊ ချက်ချင်း လူခွဲလိုက် ကြသည်။
အကြီး အကဲ ကျင်းကြွယ်မှာ၊ တိုက်ပွဲ တစ်လျှောက် ချမ်ရွှင်းအား အသာစီး မရ ခဲ့ချေ။
“ ဟမ့် ... ကြည့်ရတာ ကောင်းကင်ယံ ဂိုဏ်းက ဒီလောက်လည်း အထင်ကြီး စရာ မရှိ ပါလား။ ”
ချမ်ရွှင်းက နှာခေါင်း ရှုံ့လျက် ပြုံးကာ၊ ဆိုသည်။ ထိုစကားကြောင့် ကျင်းကြွယ် ခမျာ၊ ဒေါသ ထွက်လာ သော်လည်း၊ ဖုံးကွယ်လိုက် ရ၏။
“ ကောင်းကင် လမ်းမှာ၊ မင်းကို ဘယ်သူမှ မကယ်တင် နိုင်ပါဘူး။ ”
ထို့စဉ် လေဟာနယ် ပုံပျက် လာပြီး၊ ပြန့်ကျဲ လာသော လှိုင်းလုံး များကို အဝေး မှပင်၊ မြင်နိုင် သည်။ ယင်းက ကျင်းကြွယ် တို့မှ၊ တိုက်ပွဲကို ရပ်လိုက် ရသည့်၊ အကြောင်း ရင်းလည်း ဖြစ်၏။
“ မြင့်မြတ်သော မဟာမိတ် အဖွဲ့။ ”
ဤမျှ ဝရုန်း သုန်းကား နိုင်သော အခြေ အနေ အပေါ်၊ ၎င်းတို့မှ လျစ်လျူရှု နေကြမည် မဟုတ်ချေ။
လေဟာနယ် အက်ကွဲ ကြောင်းများ အတွင်းမှ၊ ပေါက်ကွဲသံ များ နှင့်အတူ၊ သင်္ဘော ကြီး တစ်စင်း၊ ခွဲထွက် လာသည်။
ထိုလေ သင်္ဘော ထိပ်တွင်၊ နဂါး ကိုးကောင် အလံကို လွှင့်ထူ ထားပြီး၊ ကြယ်ရောင် များဖြင့် ဖုံးအုပ် နေပေ၏။
“ နတ်မိစ္ဆာ မိသားစုက၊ ကောင်းကင် လမ်းကို ကျူးကျော်ဖို့၊ ဘယ် အချိန် ကတည်းက သတ္တိ ရှိသွား ရတာလဲ။ ”
လေသင်္ဘော ပေါ်မှ ခံ့ညားသော အသံ တစ်သံ ထွက်ပေါ် လာပြီး၊ ကြောက်မက်ဖွယ် အငွေ့ အသက် တစ်ခု၊ ချမ်ရွှင်းကို လွှမ်းခြုံ လာသည်။
အမှတ် တမဲ့ ကြည့်ပါက၊ အကျဉ်းထောင် အသေးစား တစ်ခုဖြင့်၊ ပိတ်လှောင်ပစ် သကဲ့သို့ ထင်လာ ရစေသည်။
“ တတိယ အစ်ကို။ ”
ယွဲ့ဝေဝေက စိုးရိမ် စိတ်ဖြင့် အော်ဟစ် လိုက်သည်။
“ စိတ်မပူနဲ့ ... ၊ သူ ဘာမှ မဖြစ်ဘူး။ ”
လင်းယွန်က ယွဲ့ဝေဝေ လက်ကို ဆုပ်ကိုင်ကာ နှစ်သိမ့် လိုက်သည်။ ချမ်ရွှင်းမှာ မဟာမိတ် အဖွဲ့ ပေါ်လာ မည်ကို၊ ကြိုတင် တွက်ဆ မိပုံ ရသည်။
“ သူက အရမ်း မောက်မာပြီး ဒေါသ ကြီးတယ်၊ သူ့ရဲ့ နောက်ခံက … ”
ကျင့်ကြွယ်က တစ်စုံ တစ်ရာကို သတိရ သွားဟန်ဖြင့်၊ စကားရပ် လိုက်ပြီး၊ ချမ်ရွှင်းအား ပြန်ကြည့် လိုက်သည်။ ချမ်ရွှင်း၏ နောက်ခံကို ထုတ်ပြော ခြင်းမှ၊ ရှောင်ရှား လိုပေ၏။
“ သူ့မှာ ရှုပ်ထွေးတဲ့ နောက်ခံ ရှိတယ်၊ ကောင်းကင် လမ်းကို၊ ခိုးဝင်ရုံ တင် မကဖူး၊ တာဝန် ထမ်းဆောင် ရာမှာလည်း၊ လာရောက် တားဆီး နေတယ်၊ မြင့်မြတ်သော မဟာမိတ် အဖွဲ့ရဲ့၊ တည်ရှိမှုကို လုံးဝ ဂရုစိုက်ပုံ မရဘူး။ ”
“ ဟား ဟား ဟား ... ၊ အဖိုးကြီး ငါ့ရဲ့ နောက်ခံက ရှင်းပါတယ်၊ ဘာကြောင့် မင်း ထုတ် မပြော ရတာလဲ၊ ကောင်းကင်လမ်း ကိုလား၊ ငါ့ စိတ်မဝင် စားဘူး၊ ... ”
“ ... မဟာမိတ် အဖွဲ့နဲ့ ငါ့ကို ရန်တိုက်ဖို့ ကြံစည်နေ တာလား၊ နဝမမြောက် ကောင်းကင် လမ်းမှာ စစ်မက် နယ်မြေ ဆယ်ရပ်က ...
”
“ ... ဘာလို့ စုဝေး လာရလဲ ဆိုတာက၊ ပိုစိတ်ဝင် စားစရာ ကောင်းလိမ့်မယ် ထင်တယ်၊ တိုက်ဆိုင်မှု လို့တော့ မပြောနဲ့။ ”
ချမ်ရွှင်း ပြောသည့် အခိုက်တွင်၊ ဂိုဏ်းပေါင်းစုံမှ၊ အကြီး အကဲ အသီး သီး၏ မျက်နှာများ ပျက်ယွင်း ကုန်တော့သည်။
ကောင်းကင်လမ်း မဖွင့်မီ၊ နဝမမြောက် ကောင်းကင် လမ်း၌ အသွေးတော် ပေါ်ထွန်းလာ မည်ကို သူတို့ သိခဲ့ ကြ၏။
ထို့ကြောင့် နဝမမြောက် ကောင်းကင် လမ်းပေါ်၊ စစ်မက် နယ်မြေ များမှ ဆင်းသက် လာခြင်း ဖြစ်သည်။
ဤသည်မှာ မဟာမိတ် အဖွဲ့မှ ချမှတ် ထားသော စည်းမျဉ်း များကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်ရာ ကျပေ၏။
မြင့်မြတ်သော မဟာမိတ် အဖွဲ့၏၊ အာဏာမှာ၊ ကျဆင်း လာပြီ ဖြစ်သော ကြောင့်၊ မည်သူမျှ ဂရု မစိုက် ကြ တော့ချေ။
ဤသို့ မဟုတ် ပါက ကျင်းကြွယ်မှ၊ လင်းယွန်ကို သတ်ရန် ကြိုးစား ဝံ့မည် မဟုတ် သကဲ့သို့၊ ချမ်ရွှင်း သည်လည်း ခိုးဝင် ရဲမည် မဟုတ်ပေ။
“ ဟမ့် ... ၊ အပြစ် ကနေ ရှောင်ပြေးချင် နေတာလား၊ မင်း ကျူးကျော် လာခဲ့တယ် ဆိုတဲ့၊ အမှန် တရားက မပြောင်းလဲ ပါဘူး။ ”
ကျင်းကြွယ်မှ ဆိုသည်။
“ ဟုတ်လား ... ၊ ဒါဆို မင်းက အခု ဘာ တာဝန် ထမ်းဆောင် နေလဲ ဆိုတာ ... ၊ လူတိုင်း နားလည်အောင် ထုတ်ပြော ပြပါ။ ”
နှစ်ယောက်သား ခွန်းကြီး ခွန်းငယ် ငြင်းခုံနေ ကြ သည်ကို မြင်ချိန်၌ မြင့်မြတ်သော မဟာမိတ် အဖွဲ့သည်၊ သူ ထင် သလောက် သြဇာ မရှိ ကြောင်း၊ လင်းယွန် သိလိုက် ရသည်။
“ လုံ လောက် ပြီ ... ။ ”
လေသင်္ဘော ပေါ်မှ ဒေါသသံ တစ်သံ ထွက်ပေါ် လာ၏။
“ နောက်ဆုံး တိုက်ပွဲမှာ၊ မင်းတို့ နှစ်ယောက် လုံးဝ မစွက်ဖက် ပါနဲ့ ။ ”
သူတို့ နှစ်ဦးအား ရပ်ရန်၊ သတိပေး လိုက်ခြင်း ဖြစ်သည်။ သတ်ရန် ရည်ရွယ်ချက် မအောင်မြင် သောကြောင့်၊ ကျင်းကြွယ်၏ မျက်နှာမှာ မည်းမှောင် သွားသည်။
“ ဟား ဟား ဟား ... ။ ”
ယင်းကို မြင်လိုက် ရသော ချမ်ရွှင်းက ရယ်မောလျက်၊ သူ့အား ပိတ်လှောင် ထားသော ရောင်ဝါ ကန့်သတ်ချက် များအား၊ ချိုးဖျက် ပစ်လိုက်သည်။
နောက်ဆုံး တိုက်ပွဲမှာ၊ ပြန်၍ စတင်လာ ခဲ့သည်။ သခင်ငယ် များ၏ ရလာဒ်က လူတိုင်း အပေါ်၊ ခြိမ်းခြောက်ရန် လုံလောက် ပေ၏။
ထို့ကြောင့် လင်းယွန်အား မည်သူမျှ စိန်မခေါ် ရဲကြ တော့ချေ။ ဗဟို ဒေသရှိ ပန်း သူတော်စင် အရည်ကို ဝါးမြိုပြီး၊ ချန်ပီယံ အဖြစ် ခံယူ လိုက်သည်။
လင်းယွန် ထံမှ ခရမ်းရောင် အလင်းများ ထွက်လာ ချိန်တွင်၊ လေးစားဖွယ် ကောင်းသော အသံ တစ်သံက၊ ပျံ့လွင့် လာသည်။
“ ချန်ပီယံ အတွက် ဆုလာဒ်ကို ပေးအပ်ပါ။ ”
အမိန့်သံ ဆုံးသည်နှင့်၊ အကြီးအကဲ ဆယ်ဦးက တံဆိပ်များ အသီးသီး ထုတ်ဖော် ပေါင်းစပ်ကာ၊ သူတော်စင် ဝိညာဉ် ရေကန်မှ သစ်သီးကို၊ ဖြည်းညှင်းစွာ ဆွဲယူသည်။
အရွက် ကိုးရွက် သူတော်စင် သစ်သီး။ ၎င်းသည် နတ်ဘုရား အသွေးတော် သစ်သီးများ ကဲ့သို့၊ အဖိုး မတန်လှ သော်လည်း၊ လင်းယွန် အမြင် အရ၊ တန်ဖိုး မဖြတ် နိုင်ချေ။
အဆုံးတွင် အသွေးတော်၏ အသီးနှင့်၊ အရွက် များကို မသန့်စင် နိုင်သောကြောင့်၊ သူ့ အတွက် အသုံး မဝင်ချေ။ အရွက် ကိုးရွက် သူတော်စင် သစ်သီး မှာမူ၊ ဆန့်ကျင်ဘက် ဖြစ်သည်။
အရွက် ကိုးရွက် သူတော်စင် သစ်သီးကို လက်ခံယူ လိုက်ချိန်တွင်၊ လူတိုင်းက မနာလိုစွာ စိုက်ကြည့် လာ ကြသည်။
“ နဝမမြောက် ကောင်းကင် လမ်းက တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းလှတယ်၊ ဒီလို အရည် အချင်း ရှိတဲ့၊ ချန်ပီယံ တစ်ယောက်ကို ဘယ်သူမှ စိတ်မဝင် စားကြ ဖူးလား။ ”
သည့်နောက် အကြီး အကဲ များ၏ မျက်နှာကို၊ ပြောင်းလဲ စေသော ရယ်မောသံ တစ်သံ၊ သင်္ဘော ပေါ်မှ ထွက်ပေါ် လာ၏။
ယင်းမှာ လွန်အံ့ မထင်ချေ။ မိုးကြိုး ဂိုဏ်း အကြီး အကဲနှင့် နှင်းပျံ စံအိမ် အကြီး အကဲ တို့ သည်ပင်၊ တုံ့ဆိုင်း နေ၏။
ကောင်းကင်ယံ ဂိုဏ်းမှာ၊ ရှေးဟောင်း ပျက်သုဉ်း နယ်မြေတွင်၊ အမှန် တကယ် တန်ခိုး ထွား ချေပြီ။
ချက်ချင်း တိတ်ဆိတ် သွားသော ပတ်ဝန်း ကျင်ကြောင့်၊ လင်းယွန် ခမျာ သက်ပြင်း ချလိုက် မိ၏။
ဤလူများမှာ ကျင်းကြွယ်အား ကြောက်ရွံ့ နေသဖြင့်၊ သူ့အား ယခုချိန် လက်ကမ်း လျှင်ပင်၊ စိတ်ဝင်စား မိ တော့မည် မဟုတ်ချေ။
“ အိုး ... ဘယ်သူမှ မလိုချင် ကြ ဖူးလား၊ ကောင်းပြီ စည်းမျဉ်း အရ၊ မင်းမှာ ရွေးချယ်စရာ နှစ်ခု ရှိတယ် ကောင်လေး၊ ... ”
“ ... ပယင်း နယ်မြေကို ပြန်မလား ... ၊ ဒါမှ မဟုတ် မဟာမိတ် အဖွဲ့ ထံမှာ၊ သုံးလ ကျင့်ကြံ ပြီး၊ ကိုယ့်လမ်း ကိုယ် ဆက်လျှောက် မလား။ ”
ဤတစ်ကြိမ်၌ ထိုအသံမှာ၊ ပို၍ နူးညံ့ လာပြီး၊ လင်းယွန်အား စာနာ သနားစိတ် ဝင်ပုံ ရလေသည်။
ဤရလဒ်သည် လွန်စွာ နာကျင်ဖွယ် ကောင်းသော ကြောင့်၊ လူတိုင်းက လင်းယွန်ထံ ပြန်ကြည့် မိ ကြ၏။
လင်းယွန် ဟူသည် သူတို့ အားလုံးထက်၊ အရည် အချင်း ရှိ သော်လည်း၊ မည်သည့် ဂိုဏ်း ကမျှ မလိုချင် ကြချေ။
ကောင်းကင် လမ်းအား အဆုံးထိ လျှောက်ကာ၊ ချန်ပီယံ ဖြစ်လာသူ တစ်ဦး အတွက် အဆိုးဆုံး ရလဒ် ပေပင်။
အကြီးအကဲ ကျင်းကြွယ်က တင်းမာသော အသွင်ဖြင့်၊ မျက်နှာ လွှဲထားသည်။ ယင်းက သူ လိုချင်သော ရလာဒ် ဖြစ်၏။
လင်းယွန်မှာ၊ ပယင်း နယ်မြေသို့ ပြန်ရန် ရွေးချယ် လိမ့်မည် မဟုတ်ကြောင်း သူ ယုံကြည် သည်။
ထို့ကြောင့် သုံးလ ကုန်လွန် ပြီးနောက်၊ မဟာမိတ် အဖွဲ့မှ ထွက်ကာ၊ ခွန်လွန်သို့ ခြေချ လာ ပါက၊ သတ်ရန် အခွင့် အရေး ရနိုင် ပေမည်။
သေခါနီး ဆဲဆဲ ဖြစ်သော အင်ပါယာ ငှက်မွှေး သခင်ငယ် တစ်ယောက် ပြုံးရွှင် သွား သည်။ တစ်ဖက် လူ၏ ကြီးစိုး နေသော အသွင်ကို၊ သူ မမြင် လိုချေ။
ယခု အချိန်၌ နောက်ဆံတင်း နေစရာ မရှိ တော့ဘဲ၊ စိတ်အေး လက်အေး သေဆုံး နိုင်နေပြီ ဖြစ်သည်။
ချန်ပီယံ ဖြစ်ခဲ့ လျှင်ပင်၊ သူ့ထက် ပို၍ ကြောက်စရာ ကောင်းသော သေခြင်း မျိုးဖြင့်၊ အဆုံးသတ် မည်မှာ သေချာ နေ၏။
ယွဲ့ဝေဝေက ချမ်ရွှင်းထံ မော့ကြည့် မိ သော်လည်း၊ ခေါင်းယမ်းလျက် ငြင်းပယ် ခံလိုက် ရသည်။
“ မရှုပ် ပါနဲ့တော့ ... သခင်မလေး ... ၊ ဆရာက သခင်မလေး ကိုပဲ ပြန်ခေါ်ဖို့၊ တာဝန် ပေးခဲ့ တာပါ၊ ... ”
“ ... နောက်ထပ် လူတစ်ယောက် ထပ်ခေါ်လာဖို့ မမှာလိုက် ပါဘူး၊ ငါ အဲဒီလို လုပ် ခဲ့ရင်၊ သေဒဏ် ပေးခံ ရပါ လိမ့်မယ်။ ”
“ ဒီလို ကျယ်ပြောတဲ့ ခွန်လွန် ဘုံမှာ၊ အစ်ကိုကြီး ယွန် အတွက်၊ နေစရာ မရှိ ဖူးလား၊ အဓိပ္ပါယ် မရှိ လိုက်တာ။ ”
ယွဲ့ဝေဝေက ဒေါသ သံနှင့်၊ လူတိုင်းကို ငေါက်ငမ်း လိုက်သည်။
ဤမြင်ကွင်းက လင်းယွန်အား၊ နာကျင် စေ၏။ အကောင်းမြင် စိတ် ရှိသူ တစ်ယောက် ဖြစ် သော်လည်း၊ ဖယ်ကျဉ်ခြင်း ဟူသော ခံစား ချက်ကို၊ လျစ်လျူ မရှု နိုင်သေးချေ။
ထို့အပြင် သူ့အား သနား ဟန်ဖြင့်၊ ကြည့်နေသော အကြည့် များစွာကို မုန်းတီး ခေျ၏။
လူသား တစ်ဦးပင် ဖြစ်နေဆဲ ဖြစ်ရာ၊ သူ့ နှလုံး သားမှာ၊ မြင်ရ သလောက် မာကျောခြင်း မရှိချေ။ ထိလွယ် ရှလွယ် ပေသည်။
“ မင်း ဆုံးဖြတ်ပြီး ပြီလား။ ”
သင်္ဘော ပေါ်မှ၊ အသံက ထွက်ပေါ် လာပြန်၏။ ခံစားချက် များကို ထိန်းချုပ်ကာ၊ ပုံမှန် ထက် တိုးဖေျာ့သော အသံဖြင့်၊ လင်းယွန်မှ ပြန်ဖြေ မိသည်။
“ ပယင်း နယ်မြေကို၊ မပြန်ချင် ပါဘူး။ ”
“ ဒါဆို လာပါဦး၊ မင်းကို ဘယ်သူမှ မလိုချင်တဲ့ အတွက်၊ ငါ့ရဲ့ မဟာမိတ် အဖွဲ့က သုံးလကြာ စောင့်ရှောက် ပေးပါ လိမ့်မယ်။ ”
ချန်ပီယံ တစ်ယောက် အတွက်၊ မည်မျှ နာကျင်ဖွယ် ကောင်းသော စကားများ ပေနည်း။ ထို့ကြောင့် လက်သီးအား ကျစ်ကျစ် ပါအောင် ဆုပ်လျက်၊ အံကြိတ်ကာ ခေါင်းမော့ မိ၏။
သို့သော် အကြီး အကဲ တိုင်းက၊ သူနှင့် မျက်လုံးချင်း မဆုံ နိုင်အောင် ကြိုးစား လိုက်ကြ သည်။
နောက်ဆုံးတွင် သူ့အား ပြုံးလျက် စိုက်ကြည့် နေသော ကျင်းကြွယ်အား အချိန် အတော်ကြာ ပြန်၍၊ စိုက်ကြည့် မိ၏။
ထိုအချိန်တွင် ကောင်းကင်နှင့် မြေကြီးကို၊ ပိုင်းဖြတ် တော့မည့်၊ ဓား တစ်လက် ပျံသန်းလာ သကဲ့သို့၊ ပဲ့တင် တစ်သံ ထွက်ပေါ် လာသည်။
“ ဒီကလေးကို ... ၊ ဘယ်သူ ကမှ မလိုချင် ဖူးလို့၊ ဘယ်သူ ပြောလဲ၊ ငါ့ရဲ့ ဓားဂိုဏ်းက သူ့ကို ခေါ်မယ် ... ။ ”
အထက်ပါ အသံက အရာ ရာကို ဂရု မစိုက်သော အသွင်နှင့်၊ လူတိုင်း၏ နားစည် ထဲသို့၊ ဝင်ရောက် လာသည်။
အထူး သဖြင့် အကြီးအကဲ များမှာ၊ ထိတ်လန့် သွားပြီး၊ မိုကုပ် စက်ဝိုင်း အစပ်ထံ၊ ချက်ချင်း မော့ကြည့် လိုက်မိ ကြသည်။
သုံးလ ပြည့်ပြီးနောက် လင်းယွန်အား သတ်ရန် ကြံရွယ် ထားသော ကျင်းကြွယ် ခမျာ၊ မျက်လုံး ပြူးသွား ရ၏။
ဓားဂိုဏ်းမှ လင်းယွန်ကို တပည့် အဖြစ် လက်ခံရန် ကောင်းကင် လမ်းသို့၊ ဆင်းသက် လာ လေပြီ။
၎င်းတို့ မဆိုနှင့်၊ သင်္ဘော ပေါ်ရှိ၊ မြင့်မြတ်သော မဟာမိတ် အဖွဲ့သားများ မှပင်၊ ကိုယ်ဟန် ပြင်ယူ လိုက်ရ၏။
မျက်လုံးအား မှိတ်လျက်၊ နောက်ဆုံး ထွက်သက် ခံယူ နေသော၊ အင်ပါယာ ငှက်မွှေး သခင်ငယ်က၊ ရုတ်တရက် မျက်လုံးများ ပြန်ပွင့် လာသည်။
မယုံ နိုင်စွာဖြင့် ကောင်းကင်ပေါ် မျှော်ကြည့် လိုက်မိ၏။ သည် မတိုင်မီ ရှေးမစွ တည်းကပင်၊ သူ သေသင့် ပေသည်။
ယခု အချိန်၌ ဒုက္ခိတ တစ်ဦးသာ မဟုတ်သော်၊ ဓားဂိုဏ်း ရောက်ရှိ လာသဖြင့်၊ ခုန်ပေါက် နေမိ မည်မှာ၊ အမှန် ပေပင်။
***