ငါ သူ့ကို သတ်ချင်တယ်။
Vol. 78 Ch. 1085
သင်္ဘောပေါ် ပျံသန်း တော့မည့်၊ လင်းယွန် တစ်ယောက် မှင်တက် သွားသည်။ ဤဓားဂိုဏ်း သည် ပယင်း နယ်မြေတွင်၊ ပျက်ဆီး သွားသော ဓား ဂိုဏ်းနှင့် ပတ်သက်မှု ရှိပါ ၏လော။
လွန်ခဲ့သော အနှစ် သုံးထောင်က၊ ပယင်း နယ်မြေရှိ ဓားဂိုဏ်းမှာ၊ ပျက်သုဉ်း သွား ခဲ့သည်။ စီနီယာ ဂျင်ဝူမင်သည် ဓားဂိုဏ်း၏ တပည့် တစ်ဦး ဖြစ်ပြီး၊ မဟာချင် အင်ပါယာတွင် ဓားနန်းတော်ကို၊ တည်ထောင် ခဲ့၏။
ပယင်း နယ်မြေမှ ဓားဂိုဏ်းသည် အလွန် အစွမ်းထက် လှသဖြင့်၊ ခွန်လွန် ဘုံ၌ အုတ်မြစ် ရှိနိုင် ပေမည်။
လင်းယွန် အတွေး လွန် နေစဉ်၊ မိုးကုတ် စက်ဝိုင်း အစပ်မှ၊ အလင်း တစ်စက် ထွက်ပေါ် လာပြီး၊ ထက်ရှသော ဓား တစ်လက် ချဉ်းကပ် လာလေသည်။
ရိုးရှင်းသော ချည်ဝတ် စုံဖြင့်၊ လူရွယ် တစ်ယောက် သူတို့ရှေ့ ပေါ်လာ၏။ ထိုသူ၏ မျက်လုံး များက အသက် အရွယ်နှင့် မလိုက် အောင်ပင်၊ တောက်ပြောင် နေသည်။
ဆိုလို သည်မှာ အမှန်ပင် လူရွယ် တစ်ယောက် မဟုတ်ချေ။ ဂိုဏ်းအသီး သီး၏ အကြီး အကဲ များက၊ ဤလူရွယ်ကို ဓားဂိုဏ်းမှ ဖုန်းကျွယ်မှန်း ချက်ချင်း သိသည်။
ထို့ကြောင့် အနည်းငယ် တုန်ယင် သွား၏။ ဓားဂိုဏ်း အနေဖြင့် ဖုန်းကျွယ်အား လွှတ်လိုက် သည်မှာ၊ အဓိပ္ပါယ် မရှိချေ။
ဓားဂိုဏ်းသည် နာမည်ကောင်း ရှိပြီး ခွန်လွန်ဘုံ ၌ပင်၊ ရှည်လားသော သမိုင်းကြောင်း ရှိလေသည်။
သည်နှစ်များ အတွင်း၊ ခွန်အား အရာ၌ ဓားဂိုဏ်း၏ ပုံရိပ် ကျဆင်း လာခဲ့ သော်လည်း၊ ရှေးဟောင်း ပျက်သုဉ်း နယ်မြေတွင်၊ အုပ်စိုးရှင် တစ်ပါး အဖြစ်၊ အခိုင် အမာ ရပ်တည် နိုင်ဆဲ ဖြစ်သည်။
သို့သော် ဓားဂိုဏ်းသည် မြင့်မြတ်သော မဟာမိတ် အဖွဲ့နှင့် ပဋိပက္ခ အချို့ ရှိနေသဖြင့်၊ ကောင်းကင် လမ်းအား စိတ်မဝင်စား ခဲ့ချေ။
မြင့်မြတ်သော မဟာမိတ် အဖွဲ့သည်၊ ကြားနေ အဖွဲ့ အစည်း ဖြစ်သောကြောင့်၊ ထိုပဋိ ပက္ခမှာ၊ မည်မျှ ကြီးထွား မည်ကို၊ လူတိုင်း သိချင် ကြသည်။
သို့သော် ဓား ဂိုဏ်း၏ အထက်ပိုင်း ခေါင်းဆောင် အချို့ အပါ အဝင်၊ မည်သူမျှ မသိသော အချင်း အရာ တစ်ခု ဖြစ် ခဲ့သည်။
ထိုကြောင့် ကောင်းကင် လမ်းအား လှည့်မကြည့် ခဲ့သော ဓားဂိုဏ်း ရောက်ရှိလာ ခြင်းသည်၊ လူတိုင်းကို စိတ်လှုပ်ရှား စေသည်။
အထူး သဖြင့် လင်းယွန်အား၊ သတ်ချင် နေသော ကျင်းကြွယ် ဖြစ်သည်။ သူ့ ကဲ့သို့သော အကြီး အကဲ တစ်ယောက် အနေဖြင့်၊ ဓားဂိုဏ်း အား ဆန့်ကျင်ပြီး၊ မည်သည့် အရာမှ၊ မလုပ် နိုင်ချေ။
“ ဖုန်းကျွယ် ... ၊ မင်းရဲ့ ဓားဂိုဏ်းက၊ ကောင်းကင် လမ်းမှာ တပည့် တွေကို စုဆောင်း ဖို့ အရည် အချင်း မရှိ ပါဘူး၊ ဒါနဲ့ ပတ်သက်ပြီး မြင့်မြတ်တဲ့ မဟာမိတ် အဖွဲ့ကို မေးဖူးလား။ ”
ကျင်းကြွယ်က အံကြိတ်လျက် မေးခွန်း ထုတ်လိုက်သည်။ ကောင်းကင်ယံ ဂိုဏ်းနှင့် ဓား ဂိုဏ်းကြား ပဋိပက္ခများ ရှိလေသည်။
ထို့ကြောင့် လင်းယွန်ကို၊ ခေါ်ဆောင် ခြင်းသည်၊ ကောင်းကင်ယံ ဂိုဏ်းအား ဂရု မစိုက်ရာ ကျချေ၏။
“ လောချင်ရှ ... ၊ ငါ့ရဲ့ ဓားဂိုဏ်းက ကောင်းကင် လမ်းမှာ၊ တပည့်တွေ စုဆောင်းဖို့၊ မြင့်မြတ်တဲ့ မဟာမိတ် အဖွဲ့ရဲ့၊ ခွင့်ပြုချက် လိုအပ်လား။ ”
ဖုန်းကျွယ်က ကျင်းကြွယ်အား ပြန်မဖြေဘဲ၊ သင်္ဘော ပေါ်ရှိ မဟာမိတ် အဖွဲ့ထံ၊ တိုက်ရိုက် မေးမြန်း လိုက်သည်။
သူ့ လေသံက မယဉ်ကျေး သဖြင့်၊ မြင့်မြတ်သော မဟာမိတ် အဖွဲ့ဝင် များမှာ၊ မျက်နှာများ တင်းမာ သွားကြ၏။
“ ဟဲ ဟဲ ... ။ ”
ဖုန်းကျွယ်က ရယ်မောလျက်၊ သင်္ဘောထံ စိုက်ကြည့် လိုက်ရာ၊ လူတိုင်း ဓားဖြင့် အထိုး ခံရ သကဲ့သို့၊ ညည်းတွား သံများ ထွက်လာသည်။
မဟာမိတ် အဖွဲ့ တာဝန်ခံ လောချင်ရှက ချက်ချင်း ပြန်မဖြေ ခဲ့ချေ။ ဓားဂိုဏ်း အနေဖြင့်၊ မည်သို့ ကစားရန် စီစဉ် နေသည်ကို သိချင် လာသည်။
မြင့်မြတ်သော မဟာမိတ်နှင့် ထိတွေ့ ဆက်ဆံခြင်း မပြုရန်၊ ဓား ဂိုဏ်း၏ ဘိုးဘေး များက သွန်သင် ချက်များ ရှိကြောင်း၊ သူ သိသည်။
ဖုန်းကျွယ် ရောက်ရှိလာ ခြင်းသည်၊ ထိုဘိုးဘေး များ၏ သွန်သင်ချက်ကို ချိုးဖောက် ခြင်း ဖြစ်သည်။
ဤအရာက ကျင်းကြွယ်အား ပို၍ စိတ်လှုပ်ရှား လာစေသည်။ ငရဲ နတ်ဘုရား သခင်ငယ် ကိစ္စတွင်၊ ကောင်းကင်ယံ ဂိုဏ်းရှိ သူတော်စင် တစ်ပါးမှ စေခိုင်း ထားခြင်း ဖြစ်သည်။
ထို့ကြောင့် လင်းယွန် အသက်ကို မယူနိုင် ခဲ့သော်၊ ထိုအဘိုးကြီးမှ သူ့အပေါ် မည်သို့ အပြစ် ပုံချလာ နိုင်မည်ကို မသိ တော့ချေ။
“ မင်းမှာ လုံလောက်တဲ့ အင်အားကို ပိုင်ဆိုင်နေ သရွေ့၊ ဘယ်သူ မဆို မြင့်မြတ်တဲ့ မဟာမိတ် အဖွဲ့ထံ ကနေ၊ ... ”
“ ... ခွင့်ပြု ချက်ကို တောင်းခံ စရာ မလို ပါဘူး၊ သူ့ကို မင်းနဲ့ အတူ ခေါ်သွား ချင်ရင်တော့ ကောင်းပါတယ်၊ ဒါပေမယ့် သူ့ ဆန္ဒရှိ ဖို့တော့ လိုတယ်။ ”
လောချင်ရှ စကားကြောင့် ကျင်းကြွယ် မျက်နှာ မည်းမှောင် သွားသည်။ ကျန် အကြီး အကဲ များမှာ၊ အပြောင်း အလဲ မဖြစ်ချေ။
ကောင်းကင် လမ်းသည် ခွန်လွန် ဘုံသို့ သွားရာ လမ်း ဖြစ်သဖြင့်၊ တစ်စုံ တစ်ယောက်မှ ခေါ်ဆောင်ရန် ဆန္ဒ ရှိနေ သ၍၊ သွားခွင့် ရှိသင့် ပေသည်။
“ ဓားသမား မှန်ရင်၊ ငါ့ ဓားဂိုဏ်းကို ငြင်းစရာ အကြောင်း မရှိ ပါဘူး၊ ဟုတ်တယ် မဟုတ်လား ကောင်လေး။ ”
ဖုန်းကျွယ်က ပထမဆုံး အနေဖြင့်၊ လင်းယွန်ထံ လှည့်ကြည့် လာသည်။ ထို့အတူ လူအုပ်ကြီး မှလည်း၊ လင်းယွန် အပေါ်၊ မနာလို စိတ်နှင့် လှမ်းကြည့် မိ၏။
နောက်ဆုံးတွင် ဓားဂိုဏ်း ဟူသည် ဓားသမား များ အတွက်၊ မြင့်မြတ်သော နေရပ် တစ်ခု ဖြစ်သည်။
လင်းယွန်က ထိုအကြည့် များကို လျစ်လျူရှုကာ၊ ဖုန်းကျွယ် မျက်ဝန်း များအား၊ တည်ငြိမ်စွာ ရင်ဆိုင် လိုက်၏။
“ တောင်းဆို စရာ တစ်ခု ရှိပါတယ်၊ ဒါကို သဘော တူရင် လိုက်မယ်၊ မဟုတ်ရင် ငြင်းရ လိမ့်မယ်။ ”
လင်းယွန် စကားကြောင့်၊ ရုတ်ရုတ် သဲသဲ ဖြစ်ကုန် ကြသည်။ လက်ရှိ အချိန်၌ ဓား ဂိုဏ်းမှ လွဲ၍၊ သူ့အား မည်သူမျှ မလို ချင်ချေ။
ယင်းကို သဘော တူညီချက် တစ်ခုအား တောင်းဆိုရန် ကြိုးစား ခြင်းသည်၊ ရူးမိုက်ရာ ကျပေ၏။
ဤအရာက ဖုန်းကျွယ်ကို ဒေါသ ထွက်လာ စေပါက၊ ခွန်လွန်ဘုံ ခရီးမှာ ဆုံးခန်းတိုင် သွားရ မည် ဖြစ်သည်။
ဖုန်းကျွယ်က မဟာမိတ် အဖွဲ့ ကိုပင်၊ ဂရုစိုက် လှသူ မဟုတ်ဘဲ၊ လေသံ အရ စိတ်တို လွယ်သူ တစ်ဦး ဖြစ်ကြောင်း သိသာသည်။
ထို့ကြောင့်၊ ထိုဖုန်းကျွယ် မည်သို့ တုံ့ပြန် မည်ကို၊ လူတိုင်း သိချင်လာ သဖြင့်၊ ခိုးကြည့် မိ ကြသည်။
သည်မျှ မာန ကြီးသော လူငယ်အား၊ မတွေ့ဖူး သဖြင့်၊ ချမ်ရွှင်းမှ မျက်မှောင်ကြုတ် လိုက်မိ သည်။
“ အစ်ကိုကြီး ယွန် ...၊ ဘာတွေ တွေးနေ တာလဲ။ ”
သူ့ ဘေးရှိ ယွဲ့ဝေဝေပင် စိတ်ပူ လာသည်။ ဓားဂိုဏ်း ဟူသည် အစ်ကိုကြီး ယွန် အတွက် အသင့်လျော် ဆုံးသော အရပ် ဖြစ်၏။
“ ပြော ... ။ ”
ဖုန်းကျွယ် မကျေ မနပ်နှင့်၊ မျက်မှောင် ကြုတ်ကာ ခပ်ပြတ်ပြတ် တုန့်ပြန်၏။ လွန်ကျူး လာပါက၊ လင်းယွန်အား ထားခဲ့ရန်၊ စိတ်ပိုင်းဖြတ် လိုက်သည်။
ဓား ဂိုဏ်း၏ ပုံရိပ်အား ဘေးချိတ် ထားလျှင်ပင်၊ ဂျူနီယာ တစ်ယောက် အနေဖြင့်၊ စီနီယာ တစ်ယောက် အပေါ်၊ ရိုသေ လေးစား ရမည်မှာ သဘာဝ ဖြစ်၏။
နဝမမြောက် ကောင်းကင် လမ်း၏ ချန်ပီယံ တစ်ဦး ဖြစ်ရုံနှင့်၊ ကိုယ့်ကိုယ်ကို ပါရမီရှင် အဖြစ် ထင်သော်၊ မှားပေ လိမ့်မည်။
“ သူ့ကို သတ်ချင်တယ် ... ”
လင်းယွန်က ကျင်းကြွယ်အား မော့ကြည့်ကာ၊ လက်ညှိုး ထိုး ပြလိုက်သည်။ သူ့ အသွင်မှာ စိတ်လှုပ်ရှား နေပုံ မရဘဲ၊ တည်ငြိမ် နေပေ၏။
“ ... တစ်နေ့၊ ဒီမျိုးမစစ် ကြီးကို ... ၊ ငါ့လက်နဲ့ သတ်မယ်၊ ဓားဂိုဏ်းက ဒီအကျိုး ဆက်ကို လက်ခံ ရဲလား။ ”
ပြင်းထန်သော သတ်ဖြတ် လိုသည့်၊ ရည်ရွယ်ချက် ကိုပင်၊ ကျင်းကြွယ်ထံ ပို့လွှတ်ပစ် လိုက်သည်။ ယင်းက လူအုပ် ကြီးကို အသက် ရှုရန် မေ့လျော့ သွားစေ၏။
“ အစ်ကိုကြီး ယွန် ... ။ ”
ယွဲ့ဝေဝေမှာ မျက်ရည်ဝဲ လာသည်။ ဤခွေးအိုကြီး မည်မျှ အားကောင်း သည်ကို လူတိုင်း သိ၏။
အနည်း ဆုံးတော့ ပင်မ နတ်ဘုရား နယ်မြေတွင် ရှိမည်ဟု ထင်သည်။ ထို့ကြောင့် သူ့လိုလူ တစ်ယောက်မှ၊ လင်းယွန်အား အလွယ် တကူ သတ်နိုင် ပေ၏။
၎င်းမဆိုနှင့် အင်ပါ ရီယန် တစ်ပါး မှပင်၊ လင်းယွန်အား အလွယ် တကူ သတ်နိုင်သည်။ ထို့ကြောင့် ဤစကားသည် မည်မျှ အထိန်း အကွပ် မဲ့ကြောင်း သိသာ စေသည်။
ကျင်းကြွယ် ခမျာ အေးခဲ သွားသည်သာ မက၊ အခြားသော အကြီး အကဲ များကိုလည်း၊ နှုတ်ဆိတ် စေသည်။
နောက်ဆုံး တိုက်ပွဲ အပေါ် အခြေခံကာ၊ ဤလူငယ် မည်မျှ မာန ထောင်လွှား တက်သည် ကို၊ သူတို့ သိသည်။ သို့သော် ထိုအသိမှာ များစွာ လျှော့တွက် နေမိဆဲ ပေပင်။
ကျင်းကြွယ် ကဲ့သို့ ကျွမ်းကျင်သူ တစ်ယောက်အား၊ အနာဂါတ်တွင် သူ ကိုယ်တိုင် သတ် မည်ဟု၊ လူသိ ရှင်ကြား ကြေငြာခံ ရခြင်း မှာ၊ မည်မျှ အရှက် ရဖွယ် ကောင်းမည်ကို၊ တွေးကြည့် နိုင်၏။ ရိုင်းပျသော ကလေးငယ် တစ်ဦးကို၊ စနောက် မိခြင်းနှင့် တူသည်။
မြင့်မြတ်သော မဟာမိတ် အဖွဲ့မှ သူများ သည်ပင်၊ အနည်းငယ် မျက်လုံးပြူး သွားသည်။ ဤလင်းယွန်အား မည်သူမျှ မခေါ်ချင် ရသည့် အကြောင်း ရင်းကို၊ နားလည် လာတော့၏။
သည်းခံချင်း ဟူသော ဝေါဟာရကို မသိချေ။ အနာဂါတ်တွင် ကျင်းကြွယ် အဆင့်သို့ ရောက်ရှိ မည်ဟု၊ သူ့ကိုယ်သူ အာမခံ ဝံ့ သည်လော။
ထိုသို့ ဆိုသော်မှ၊ ယင်းသို့ မကြေငြာ သင့်သေးချေ။ အန္တာရာယ် များသော လုပ်ရပ် ပေပင်။
မည်သူမျှ တစ်ချိန်လုံး သူ့အား လိုက်ပါ စောင့်ရှောက် နိုင်မည် မဟုတ်ကြောင်း၊ သိသင့် သည်။
ခေါ်ယူရန် သတ္တိ မရှိ သောကြောင့်၊ လင်းယွန်အား လက်လွှတ် လိုက်ရ သဖြင့်၊ အနည်းငယ် နှမျော နေမိသော အကြီး အကဲ အချို့မှာ၊ သက်ပြင်းချ လိုက်သည်။
ဤလူငယ်မှာ ခွန်လွန် ဘုံ၌ သက်ဆိုးရှည် နိုင်မည် မဟုတ်ကြောင်း၊ နားလည် လိုက်တော့ ၏။
“ ဓားဂိုဏ်းက အကျိုး ဆက်ကို လက်ခံနိုင် မလား။ ”
လင်းယွန်က တိတ်ဆိတ် သွားသော ပတ်ဝန်း ကျင်အား လျစ်လျူ ရှုကာ၊ ထပ်မံ မေးယူ လိုက်သည်။
လေတောင်ကုန်း မြို့တွင်၊ သူ့ ဓားအား ဖျက်ဆီး ခဲ့သော ဤမျိုးမစစ် ကြီးကို၊ ခွင့်လွှတ် နိုင်စရာ မရှိချေ။ ထို့ပြင် ယွဲ့ဝေဝေ မှာလည်း၊ နာကျင် ခဲ့ရ၏။
သူ သတ်ချင်သည့် လူအား၊ သတ်ခွင့် မရ ပါက၊ ဓားဂိုဏ်း ဟူသည်လည်း၊ စိတ်ဝင်စားဖွယ် ကောင်းနိုင်မည် မဟုတ်ချေ။
လင်းယွန်က သူ့ အကြည့်ကို၊ ငြိမ်သက် သွားသော ဖုန်းကျွယ်ထံ ရွေ့ယူ လိုက်ပြီး၊
“ လက်မခံ နိုင်ရင် ... ၊ ပြန်သွားပါ။ ”
-ဟု ဆိုလိုက် တော့သည်။
“ ဟား ဟား ဟား ... ၊ ဟား ဟား ဟား ... ။ ”
မှင်တက် နေရာမှ ပြန်၍ သတိဝင် လာပြီး၊ ဖုန်းကျွယ် တစ်ယောက် အော်ဟစ် ရယ်မော လိုက် လေသည်။
“ လက်ခံတယ်၊ ဓားဂိုဏ်းက လက်မခံ ရင်တောင်၊ မင်းကို ငါ လက်ခံတယ်၊ ဓားသမား တစ်ယောက်က၊ ဘာလို့ သူ သတ်ချင်တဲ့ လူကို မသတ် ရမှာလဲ၊ ဘာကို ဂရုစိုက် စရာ ရှိလဲ၊ မင်း သူ့ကို သတ်ချင်လား သွားသတ်ပါ။ ”
သူ၏ ဖြစ်တည်မှုကို ဂရုမစိုက် ဟန်ဖြင့်၊ လက်ညှိုး ထိုးကာ ထိုးကာနှင့်၊ ပြောနေသော လင်းယွန် တို့ နှစ်ဦး ကြောင့်၊ ကျင်းကြွယ်မှာ ဒေါသ၊ မထိန်း နိုင်တော့ချေ။
“ ခွေးကောင်လေး ... ၊ မင်း ငါ့ကို သတ်ဖို့ သတ္တိ ရှိတယ်လား၊ ငါ့ကို မသတ်ခင်၊ မင်း အရင် သေရမယ်။ ”
သူ့အား သတ်လိုသည့် အချိန်၌၊ သတ်နိုင်သော ကြက်ကလေး ငှက်ကလေး အဖြစ် ယူဆ နေကြ သည်လော။
ဖုန်းကျွယ် အပေါ် လက်မရောက် ရဲ သော်လည်း၊ လင်းယွန်အား လုပ်ကြံရဲ ချေပြီ။ နဂါး ပေါင်းများစွာ ကောင်းကင်၌ ပေါ်လာပြီး၊ လင်းယွန်ထံ ရိုက်ချ လိုက်၏။
နဂါးများ ဖြစ်ပေါ် လာစဉ် ကတည်း ကပင်၊ လင်းယွန် ခမျာ လှုပ်မရ တော့ချေ။ သို့သော် ထို လက်ဖဝါး မကျ ရောက်မီ၊ လောချင်ရှမှ နဂါး များကို ဖျက်ဆီးပစ် လိုက်၏။
“ ဝေါ့ ... ။ ”
ယင်းကြောင့် အကြီးအကဲ ကျင်းကြွယ်မှာ၊ သွေး အန်လျက် ယိမ်းယိုင် သွားလေသည်။
“ ဟမ့် ... ငါက ပျော့ညံ့ တယ်လို့၊ မင်း တကယ် ထင်နေ တာလား၊ ငါ့ ရှေ့မှာ ပါရမီရှင် တစ်ယောက်ကို၊ သတ်ရဲလား။ ”
လော ချင်ရှက ဖြည်းညှင်းစွာ ထရပ် လိုက်ပြီး၊ ကုန်းပတ်ပေါ် လှမ်းတက် လာသည်။ ထို့ကြောင့် လူတိုင်း သူ့ မျက်နှာကို ရှင်းရှင်း လင်းလင်း မြင်လိုက် ရ၏။
“ မင်း ... မင်း အောင်မြင်မှု ရယူ နိုင်ခဲ့ တာလား။ ”
အကြီးအကဲ ကျင်းကြွယ်မှာ အံဩ ထိတ်လန့် သွား လေသည်။
“ စောစောက လက်ဖဝါးက သတိပေး လိုက်တာပဲ၊ မင်း ဘယ်သူ့ ကိုမှ စုဆောင်းဖို့ ဆန္ဒ မရှိဖူး ဆိုရင်၊ ထွက်သွားပါ။ ”
လောချင်ရှက အထင် အမြင် သေးသော အကြည့်ဖြင့် လှမ်းကြည့် လာသည်။ ထိုအချိန်၌ သူ ထုတ်လွှတ် လိုက်သော ရောင်ဝါမှာ၊ ကြောက်စရာ ကောင်းပေ၏။
‘လောက နိယာမ နယ်ပယ်’သို့ ရောက်ရှိ သူများ ကိုသာ၊ ဘုရင်များ အဖြစ် သတ်မှတ်နိုင် ကြသည်။
ထို့ကြောင့် ချမ်ရွှင်း ခမျာ၊ မဟာမိတ် အဖွဲ့ အပေါ်၊ သူ လျော့တွက်မိ ခဲ့ကြောင်း၊ နားလည် လိုက်မိ ၏။
မည်သို့ပင် ဆိုစေကာမူ၊ မဟာမိတ် အဖွဲ့ ဟူသည်၊ ခွန်လွန်ဘုံ ၌ပင်၊ ရှေးအကျ ဆုံးသော အဖွဲ့ အစည်းများ ထဲမှ၊ တစ်ဖွဲ့ ဖြစ် ပေသည်။ အလွယ် တကူ ရန်စ ခြင်းသည်၊ မိုက်မဲခြင်း မည်ချေ၏။
“ ဓား ဂိုဏ်းကို ဝင်နိုင်တာ နဲ့ပဲ၊ မင်းကိုယ်မင်း ဘေးကင်း လိမ့်မယ်လို့ မထင် လိုက်နဲ့၊ မင်းကို ဖြေရှင်းဖို့၊ တစ်ယောက် ယောက် လွှတ် လိုက်မယ်။ ”
ကျင်းကြွယ်မှ နောက်ဆုံးသော ခြိမ်းခြောက် စကားကို ချန်ထားကာ၊ လှည့်ထွက် သွားတော့ သည်။
“ လင်းယွန် ... ၊ ဖုန်းကျွယ်က အဖြေပေး နေပြီ၊ မင်း ဓားဂိုဏ်းနဲ့ ပူးပေါင်းဖို့ ဆန္ဒ ရှိလား။ ”
လောချင်ရှက လင်းယွန်အား နူးညံ့စွာ မေးသည်။
“ ကျွန်တော် ဆန္ဒ ရှိပါတယ်။ ”
ထိုအဖြေက ဖုန်းကျွယ်အား ပြုံးရွှင် လာစေ၏။ လင်းယွန် ဒေါသကို သူ သဘောကျ ပေသည်။ လူဟူသည် ဒေါသ ရှိရ ပေမည်။
***