အရမ်း ရိုင်းတယ် ... ၊ ဒါပေမယ့် စေ့စပ် သေချာတယ်။
Vol. 78 Ch. 1086
“ လောချင်ရှ ... ၊ အောင်မြင်မှု ရယူ နိုင်ခဲ့တဲ့ အတွက် ဂုဏ်ယူ ပါတယ်၊ ငါ အခု ဒီကလေးကို ခေါ်သွား တော့မယ်။ ”
ဖုန်းကျွယ်က ပြုံးကာ ဆိုသည်။ ဤအဆင့် ကျင့်ကြံ မှုသို့ ရောက်ရှိ ပြီးနောက်၊ အောင်မြင်မှု တစ်ခု ရယူရန် ခက်ခဲ လေသည်။
သူ သည်လည်း၊ အောင်မြင်မှု တစ်ခုကို ရနိုင်ယူ နိုင်သည့် အခြေ အနေ၌ ရှိ၏။ သူ့ ဓား အား၊ ပို၍ တိုးတက် စေလို သော ကြောင့် သာလျှင်၊ မရယူ သေးခြင်း ဖြစ်သည်။
“ သွား ... ။ ”
လောချင်ရှက ခေါင်းညိတ်ပြ လိုက်သည်။ ပြီးနောက်၊
“ ဓားဂိုဏ်းက သူ့ကို လိုချင် နေတာ ကောင်းပါတယ်၊ မဟုတ်လို့ ဒီလို ပါရမီရှင် မျိုးကို၊ ဘယ်သူမှ မလို ချင်ဖူး ဆိုရင်သာ၊ ငါတို့ မဟာမိတ် အဖွဲ့ အတွက် ရှက်စရာ ဖြစ်လိမ့်မယ်။ ”
နဝမမြောက် ကောင်းကင် လမ်း၏ ချန်ပီယံကို မည်သည့် ဂိုဏ်း ကမျှ လက်မခံ လိုပါက၊ မဟာမိတ် အဖွဲ့ ဟူသည်၊ အဓိပ္ပါယ် ရှိတော့မည် မဟုတ်ချေ။
အဆင့်နိမ့် နယ်မြေ များမှ၊ ထူးချွန်သော ပါရမီရှင် များကို ခွန်လွန် ဘုံတွင် နေရာ ချရန်၊ ဘိုးဘေး များက သွန်သင် ထားသည်။
ဤလင်းယွန် ဟူသော လူငယ်မှာ၊ ထူးခြားသော ပါရမီရှင် တစ်ပါး မဟုတ် သော် လည်း၊ မဆိုး လှချေ။ ၎င်းအား မည်သူမျှ မလိုချင် ပါက၊ ရယ်မော စရာ ဖြစ်လာပေ လိမ့်မည်။
မဟာ ဂိုဏ်းကြီး များမှာ၊ မြင့်မြတ်သော မဟာမိတ်အား သည့်ထက် ပို၍ လျစ်လျူရှု လာ နိုင်သည်။
အချို့သော အင်အားကြီး ဂိုဏ်း များမှာ၊ ကောင်းကင်လမ်း ကိုပင် စိတ်မဝင်စား ကြတော့ ချေ။ ဥပမာ အနေဖြင့် စစ်မက် နယ်မြေ ဆယ်ရပ်အား ကြည့်နိုင်သည်။
၎င်းတို့မှာ နတ်ဘုရား အသွေးတော် ကြောင့်သာ ကောင်းကင် လမ်းကို ဆင်းသက် လာခြင်း ဖြစ်သည်။
ထိုသူများ လက်၌၊ ပါရမီရှင် မည်မျှ သေဆုံးခဲ့ရ သည်ကို မသိ နိုင်ချေ။ လင်းယွန် သာလျှင် ဤအကျပ် အတည်းမှ လွတ်မြောက် လာသူ တစ်ဦး ဖြစ်သည်။
လင်းယွန် မပေါ်ပေါက် ခဲ့သော်၊ နဝမမြောက် ကောင်းကင်လမ်း ရလဒ်မှာ၊ အကျည်းတန် ရပေ လိမ့်မည်။
“ စီနီယာ ... ၊ သူငယ်ချင်း တွေကို နှုတ်ဆက်ဖို့ အတွက်၊ အချိန် ခဏလောက် ပေးနိုင် မလား၊ ပြီးတော့ စီနီယာ လောဆီ မှာလည်း၊ အကူ အညီ တစ်ခု တောင်းချင် ပါသေးတယ်။ ”
လင်းယွန်က ဖုန်းကျွယ်အား၊ အမြန် ခွင့်တောင်း လိုက်မိသည်။ သူ့ စကားကြောင့် ဖုန်းကျွယ်မှာ တွေဝေ သွားပြီး၊
“ ဟုတ်သားပဲ ... ၊ ငါ မေ့သွားတယ်၊ ဒါပေမယ့် ... မင်းက အခု ဓားဂိုဏ်းရဲ့ တပည့် ဖြစ်နေပြီ၊ ဒါကြောင့် အကူအညီ လိုတယ် လိုရင်၊ မင်း ငါ့ ဆီမှာပဲ ... ”
“ ... အကူ အညီ တောင်းသင့်တယ်၊ ဓားဂိုဏ်းရဲ့ စည်းမျဉ်းတွေ ထဲမှာ၊ တပည့် တွေက၊ အပြင်လူ တွေရဲ့ ကျေးဇူးကြွေး ... ”
“ ... အတင် မခံ ရဘူး၊ အထူး သဖြင့် မဟာမိတ် အဖွဲ့က တစ်စုံ တစ်ဦးနဲ့၊ မိတ်ဆွေ ဖွဲ့ခွင့် မရှိဘူး။ ”
ဖုန်းကျွယ် စကားဆုံး သည်နှင့်၊ လောချင်ရှက လက်ဝှေ့ယမ်း လိုက်ပြီး၊ ဖုန်းကျွယ်အား စိုက်ကြည့်ကာ၊
“ ဟမ့် ... ၊ လူငယ် တွေကို မခြောက် ပါနဲ့၊ လင်းယွန် ... မင်းက ဓားဂိုဏ်းရဲ့ တပည့် မဟုတ် သေးပါဘူး၊ မင်း ဘာလို အပ်လဲ ငါ့ကို ပြောပါ။ ”
-ဆို လိုက်သည်။
သည့်နောက် သဏ္ဍာန်မဲ့ စွမ်းအင် တစ်မျိုးက လင်းယွန်အား ဖုံးအုပ်ကာ သင်္ဘောထံသို့ ဆွဲခေါ် သွားလေသည်။
ယင်းကို မြင်သည်နှင့် ဖုန်းကျွယ် ခမျာ၊ အမူအယာ ပျက်ယွင်း သွား၏။ လောချင်ရှ စကား များမှာ၊ မှန်နေ ပေသည်။
“ ဝှစ် ... ။ ”
သို့သော် ဤလင်းယွန်သည်၊ မဟာမိတ် အဖွဲ့မှ၊ အကူ အညီသာ အမှန် တကယ် ရယူခဲ့ ပါက၊ သင်ခန်းစာ တစ်ခု သင်ပေး ရမည်ဟု ဆုံးဖြတ် လိုက်ကာ၊ သင်္ဘောပေါ် ချက်ချင်း ပျံသန်း သွားမိသည်။
လင်းယွန် သင်္ဘောပေါ် ဆင်းသက် လိုက်သည်နှင့်၊ ဖုန်းကျွယ် တစ်ယောက် သူ့ အနား ထွက်ပေါ် လာသည်။
“ ဖျပ် ... ဖျပ် ဖျပ် ... ။ ”
ထို့နောက် လွှတ်ထုတ် ထားသော ဓား ရည်ရွယ် ချက်အား ပြန်ရုတ်ကာ၊ လင်းယွန်နှင့် ခပ်ဝေး ဝေးသို့ လှမ်းသွား လိုက်၏။
ယင်းက လင်းယွန်ကို အံ့သြသွား စေသည်။ ဓားဂိုဏ်း၏ တပည့် များသည် မဟာမိတ် အဖွဲ့ နှင့်၊ ထိတွေ့ခွင့် မရှိဟု၊ ဖုန်းကျွယ် ပါးစပ်မှ၊ ယခုပင် ဆိုထားသည်။
“ ဖုန်းကျွယ် ... ၊ ဓားဂိုဏ်း ကနေ၊ အခု မင်း ထွက်မလို့လား။ ”
လောချင်ရှက ပြုံးပြီး မေးလိုက်သည်။
“ အိုက်ရား ... ။ ”
လင်းယွန်မှ အာမေဋိတ်သံ ပြုလိုက် မိ၏။
“ မင်း ဘာလို့ လာစပ်စု နေရ တာလဲ၊ စည်းကမ်း ချက်ကို ဖောက်ဖျက်ပြီး မဟာမိတ် အဖွဲ့နဲ့ ဆက်သွယ်တာ မြင်ရင်၊ ငါ သူ့ကို ချက်ချင်း ထားခဲ့ မို့ပဲ၊ ဟမ့် ... ။ ”
-ဟု ဖုန်းရွှယ်က ပြန်ဖြေသည်။
ဓားဂိုဏ်း အနေဖြင့် သူ့အား ခေါ်ယူရန် ဤအထိ ရောက်ရှိ လာခြင်း ဖြစ်သော ကြောင့်၊ ဖုန်းကျွယ်မှာ ထိုသို့ လုပ်ဆောင် လိမ့်မည် မဟုတ်ကြောင်း၊ လင်းယွန် သိသည်။
“ သူ့ကို ဂရု မစိုက်နဲ့၊ လင်းယွန် ... မင်း ဘာအကူ အညီ လိုလဲ ပြောပါ။ ”
လောချင်ရှ ရောင်ဝါမှာ ဖုန်းကျွယ်အား ပြောစဉ် ကနှင့် မတူဘဲ၊ ဖော်ရွေသော အရိပ် အယောင်များ၊ ပေးစွမ်း လာလေသည်။
တစ်ဖက်တွင် ဖုန်းကျွယ်မှာ၊ မျက်နှာ အမူအရာ ပြောင်းလဲခြင်း မရှိ သော်လည်း၊ စိတ် မချမ်း သာချေ။
“ ဝှစ် ... ။ ”
လက် နှစ်ဖက်အား နောက်ပစ်ကာ၊ ဟန်ပါ ပါဖြင့် မျက်နှာ လွှဲထား သော်လည်း၊ လင်းယွန် ပြောမည့် အကြောင်း အရာကို နားစွင့် ထားသည်။
သူတက် နိုင်သည့် အရာ မျိုးအား လောချင်ရှထံ ကျော်လွန်ကာ၊ အကူ အညီ တောင်းခဲ့ ပါက၊ သင်ခန်းစာ တစ်ခု သင်ပေးရန် တေးထား လိုက်၏။
ထိုစဉ် လင်းယွန်က နဂါး နှလုံးသားကို ထုတ်ယူ လိုက်သည်။ ပထမ အလွှာ တစ်ခုသာ ဖွင့်လှစ်ထား သော်လည်း၊ အသက် ဓာတ်နှင့် မီးရည်ရွယ် ချက်ကို ခံစား နိုင်၏။
မျက်ဝန်း ထောင့်ကပ်ကာ၊ ခိုးကြည့် လိုက်မိသော ဖုန်းကျွယ် ခမျာ၊ စိတ်လှုပ်ရှား သွားသည်။
ဤလင်းယွန်သည် နှလုံးအား မဟာမိတ် အဖွဲ့ထံ ပေးကာ၊ ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ချင် နေသည်လော။ ထိုသို့ ဆိုပါက ရပ် မကြည့် နိုင်ချေ။
ထို့စဉ် လင်းယွန်က သက်တံရောင် တောက်ပပြီး၊ ဝိညာဉ် စွမ်းအင်များ ပြည့်နှက် နေသည့်၊ အရွက် ကိုးရွက် သူတော်စင် သစ်သီးကို၊ ထပ်မံ ထုတ်ယူ လိုက်သည်။
အရွက် ကိုးရွက် သစ်သီးအား မြင်ရ ပြီးနောက်၊ ဖုန်းကျွယ် ခမျာ မျက်နှာ လွှဲကာ၊ ဆက်၍ မနေနိုင် တော့ချေ။
မျက်နှာ ပျက်ယွင်းလျက်၊ လင်းယွန်ကို ဟန့်တားရန်၊ ခြေလှမ်း ပြင်လိုက် တော့သည်။ သို့သော် လင်းယွန်မှ စကားကြောင့်၊ ခြေဆက် မလှမ်းနိုင် တော့ဘဲ၊ မျက်လုံးပြူး သွားရ၏။
“ ဒီ နဂါး နှလုံးကို ... ၊ နဂါး ဒေသရဲ့ လောချန်ဆီ ပေးဖို့၊ ကူညီ ပေးပါ စီနီယာ လော။ ”
လောချင်ရှပင် မျက်ဝန်းများ မှေးစင်းလျက်၊ လင်းယွန်အား စိုက်ကြည့် လာသည်။ ထို့နောက်၊
“ မင်း သေချာလား၊ မီးနဂါး နှလုံးသားက အသုံး မလို ရင်တောင်၊ ရှားပါး ရတနာ တွေနဲ့ လဲလှယ် လို့ရတယ်။ ”
-ဟု မေးလိုက်သည်။
“ ဟုတ်ကဲ့ သေချာ ပါတယ် ... ၊ စဉ်းစားပြီး ပါပြီ၊ အစ်ကို လောချန်က ကျွန်တော့်ကြောင့် အများ ကြီး ခံစားခဲ့ ရပါတယ်။ ”
လင်းယွန်က ပြတ်ပြတ် သားသား ပြန်ဖြေ၏။
“ ကောင်းပြီ ... ဒါက လွယ်ပါတယ်၊ အကူအညီ ပေး တယ်လို့၊ ဘယ်လိုလုပ် ယူဆနိုင် မှာလဲ၊ ဒါပေမယ့် ... ”
“ ...မီးနဂါး နှလုံသားနဲ့ ပေါင်းစပ် ဖို့က အန္တရာယ် များပြီး၊ သေချာပေါက် ပြင်ပ အကူ အညီ ယူလို့ မရဘူး။ ”
“ ဟုတ်ကဲ့ ... ၊ သူ့ဆန္ဒ အပေါ် မှာပဲ မူတည် ပါတယ်။ ”
လင်းယွန်မှ နားလည်ကြောင်း ခေါင်းညိတ် ပြလိုက် မိသည်။ မီးနဂါး နှလုံးနှင့် ပေါင်းစပ်ခြင်း မှာ၊ အန္တရာယ် များမှန်း သူ သိသည်။
ကောင်းကင် လမ်းတွင်၊ ပါရမီ ရှင်တိုင်း အတွက်၊ အခွင့် အရေး များနှင့်၊ ပြည့်နှက် နေပေ ၏။ သို့သော် သတ္တိ မရှိ သူများ အတွက် နေရာ မရှိချေ။
ဖုန်းကျွယ်မှာ လင်းယွန်ကို ကြည့်ကာ၊ အတွေးနက် သွား၏။ အပြင်ပိုင် အသွင်အပြင် အရ၊ မောက်မာပုံ ရသော်လည်း၊ မိတ်ဆွေများ အပေါ် ကြင်နာတက် ချေပြီ။
မီးနဂါး နှလုံး ဟူသည် လောချင်ရှ ကိုပင် သွေးဆောင် နိုင်သော ရတနာ ဖြစ၏။ သို့သော် တစ်ချက်မျှ တွေဝေခြင်း မရှိ ခဲ့ချေ။
လူသိ ရှင်ကြား ပေးအပ် ခြင်းဖြင့်၊ လက်ခံမည့် သူအား အန္တရာယ် ဖြစ်စေမည်။ ထို့ကြောင့် လောချင်ရှထံ အကူ အညီ တောင်းရခြင်း ဖြစ်၏။
“ ပြီးတော့ ဒီရွက်တွေ ကိုလည်း၊ ကျန်တဲ့ သူငယ်ချင်း တွေဆီ ပေးဖို့၊ အကူအညီ တောင်း ချင် ပါတယ်။ ”
သူတော်စင် သစ်သီးရှိ အရွက် (၉) ရွက်ကို ဖြုတ်ယူကာ၊ ကမ်းပေး လိုက်သည်။ ဤအရာက အင်ပါ ရီယန် တစ်ပါး ကိုပင်၊ အောင်မြင်မှု တစ်ခု၊ ရရှိစေ နိုင်၏။
ဤအချိန်၌ သင်္ဘော ပေါ်ရှိ လူတိုင်း၏ မျက်နှာများ၊ ပြောင်းလဲ သွားသည်။ အရွက် တန်ဖိုးမှာ အသီးထက် မနိမ့်ချေ။
“ ကောင်း ပြီ ... ။”
လောချင်ရှက ခေါင်းညိတ်ပြီး၊ မီးနဂါး နှလုံးနှင့်၊ အရွက် များကို လှမ်းယူ လိုက်သည်။
“ ကူညီ ပေးတဲ့ အတွက် ကျေးဇူးတင် ပါတယ်။ ”
လင်းယွန်မှ လက်ဝှေ့ ယမ်းကာ ဆို၏။ သူ့ လက်ဆောင် များမှာ၊ အလွန် တန်ဖိုး ရှိသဖြင့်၊ လောချင်ရှက လေထဲ ၌ပင် ကြာကြာ မထား ခဲ့ချေ။ ချက်ချင်း သိမ်းဆည်း ပစ်လိုက်သည်။
“ အချိန် ခဏလောက် ထပ်ပေးပါ။ ”
လင်းယွန်က ဖုန်းကျွယ် ထံမှ ခွင်ပြု ချက်အား မစောင့် တော့ဘဲ၊ သင်္ဘော ပေါ်မှ ခုန်ချ သွားသည်။
“ ဟဲ ဟဲ ... ၊ ဘယ်လိုလဲ လောချင်ရှ၊ ငါတို့ ဓားဂိုဏ်းရဲ့ တပည့် အသစ်ကို မင်း ဘယ်လို မြင်လဲ။ ”
ဖုံးကျွယ်၏ တင်းမာသော မျက်နှာမှာ ပျောက်ကွယ် သွားပြီး၊ အပြုံးများ အစားထိုး လာ ခဲ့သည်။
“ သူက ... ရိုင်းတယ်၊ ဒါပေမယ့် ... စေ့စပ်တယ်၊ သူ့ အပေါ် ငါ့ရဲ့ အမြင်က မှားသွား တယ်၊ ဒါက မောက်မာတာ မဟုတ်ဘူး၊ ... ”
“ ... မာန ကြီးတာ၊ သူ့လို လူသာ စစ်မက် နယ်မြေ ဆယ်ရပ်ရဲ့၊ သခင်ငယ် တွေကို အနိုင် ယူ နိုင်မှာ ... ။ ”
လောချင်ရှ၏ ချီးကျူး စကား များကို နားထောင် နေလျက်မှ၊ ဖုန်းကျွယ် အပြုံးမှာ၊ ပို၍ ချိုမြ လာတော့သည်။
“ ဟုတ်တယ် ... ၊ ဒီလို လူမျိုးမှ ငါ့ ဆရာ လိုချင် နေတဲ့ လူပဲ၊ နောက်ဆိုရင် ... သူက ငါ့ရဲ့ ဂျူနီယာ ညီလေး ဖြစ်လာ လိမ့်မယ်။ ”
ထိုစကားကြောင့်၊ သင်္ဘော ပေါ်ရှိ မဟာမိတ် အဖွဲ့ဝင်တိုင်း အံ့အားသင့် သွား၏။ ဖုန်းကျွယ်၏ ဆရာ ဆိုသူမှာ၊ သာမည ပုဂ္ဂိုလ် တစ်ပါး မဟုတ်ချေ။
မည်သူ့ကို မဆို တပည့် အဖြစ် ငြင်းဆန်ကာ၊ လူ မြင်ကွင်းမှ ပျောက်ကွယ် နေသော၊ ကျွမ်းကျင်သူ တစ်ဦး ဖြစ်သည်။
ထိုသူမှ လင်းယွန်အား တပည့် အဖြစ်၊ လက်ခံ လိုသည် ဟူသည်မှာ မဖြစ် နိုင်ချေ။ စိတ်ဝင် စားစရာ ပေပင်။
သူတော်စင် မျိုးနွယ်မှ ပါရမီရှင်များ သည်ပင်၊ ဖုန်းကျွယ် ဆရာ၏ အာရုံကို ဖမ်းစား နိုင်ခြင်း မရှိပေ။ လင်းယွန်တွင် ထူးခြားသော နောက်ခံ ရှိ၍ သာလျှင်၊ လက်ခံခြင်း ဖြစ်မည်။
သို့သော် လောချင်ရှက ပြုံးပြီး၊ ထိုအကြောင်းကို မမေး လိုက်ချေ။ ထို့နောက် ယွဲ့ဝေဝေနှင့် ချမ်ရွှင်း ဆီသို့ ဦးတည် နေသော လင်းယွန်ထံ မေးဆက်ပြ လိုက်ပြီး၊
“ သူ ... ၊ အဲဒီ ကောင်မလေးကို တွေ့ဖို့ သွားတာ ဖြစ်မယ်။ ”
“ အို ... ၊ ခုမှ သတိ ရတယ်၊ ငါ့မှာ ကိစ္စ လေးတွေ ရှိတယ်၊ သူကို ခေါ်ပြီး မြန်မြန် သွားမှ ရတော့မယ်။ ”
ဖုန်းကျွယ်၏ အပြုံးမှာ ပျောက်ကွယ် သွားပြီး၊ စိုးရိမ် စွာဖြင့် လှုပ်ရှားရန် ပြင်လိုက် သည်။
“ နည်းနည်းလေး ထိန်းထိန်း သိမ်းသိမ်း နေသင့်တယ်၊ လူငယ် တွေရဲ့ ချစ်ခြင်းကို မင်း လေးစား ရမယ် မဟုတ်လား။ ”
လောချင်ရှမှ ဖုန်းကျွယ် ပခုံးပေါ် လက်လှမ်း တင်လိုက်သည်။
“ ဘာဖြစ်လဲ ... ၊ ငါ သွားနားထောင် လို့တောင် မရ ဖူးလား။ ”
“ ဟား ... ဟား ... ဟား ... မရဘူး၊ မင်း ဒီမှာပဲ စိတ်ရှည် ရှည်နဲ့ စောင့်ပါ။ ”
လင်းယွန် ရောက်လာ သည်ကို မြင်ချိန်၌၊ ချမ်ရွှင်းက ခေါင်းညိတ် လိုက်ပြီး၊
“ မင်း တို့တွေ ပြောကြ ... ။ ”
-ဟုဆိုကာ လှည့်ထွက် လိုက်သည်။
သို့သော် လင်းယွန်မှ အေးစက်စွာ စိုက်ကြည့်လာ သဖြင့်၊ လှမ်း လက်စ ခြေလှမ်း အား၊ ရပ်ပစ် လိုက်မိ၏။
“ အစ်ကိုကြီး ယွန် ... ။ ”
တတိယ အစ်ကိုအား၊ ဖော်ရွေမှု မရှိသော လင်းယွန်၏ အသွင် ကြောင့်၊ ယွဲ့ဝေဝေ ခမျာ စိုးရိမ် သွားသည်။
“ ဘာလဲ ပြဿနာ ရှိလား။ ”
ချမ်ရွှင်း ဟူသည်လည်း၊ အကြီး အကဲ ကျင်းကြွယ် ကိုပင် ဂရု မစိုက် လေရာ၊ လင်းယွန် အကြည့်မှာ၊ သူ့အား စိတ် အနှောက် အယှက် ဖြစ်လာ စေသည်။
သူ ဟူသည် ဖုန်းကျွယ် ကဲ့သို့၊ သန်မာခြင်း မရှိသေး သော်လည်း၊ မျိုးနွယ်စု၏ ထူးချွန်ဆုံး လူငယ် တစ်ဦး ဖြစ်သည်။
တစ်ချိန် တစ်ခု အတွင်း၊ ထိုအဆင့်သို့ ရောက်နိုင် မည်ဟု ယုံကြည်သည်။ ယွဲ့ဝေဝေ ကြောင့်သာ မဟုတ်သော် လင်းယွန်အား သတ်ပြီး ဖြစ်ပေ လိမ့်မည်။
“ ငါ တစ်ခုလောက် မေးပါ ရစေ၊ မိစ္ဆာ သတ်ပွဲ တုန်းက မင်းဘာလို့ ပေါ်မလာ တာလဲ၊ မင်း ကောင်းကင် လမ်းမှာ ရှိတာ ငါ သိတယ်။ ”
တတိယ အစ်ကိုလေး ဟူသော ဤချမ်ရွှင်းသည်၊ ကောင်းကင် လမ်းတွင် တစ်ချိန်လုံး ရှိနေ ခဲ့ပြီး၊ ယွဲ့ဝေဝေ အပေါ် လျစ်လျူရှု ထားသည်။
ထို့ကြောင့် ၎င်းထံမှ ကျေနပ်ဖွယ် ဖြေရှင်းချက် မျိုးအား၊ လင်းယွန်မှ ကြားလို ပေ၏။
သို့မဟုတ်သော် တတိယ အစ်ကို ဖြစ်နေ ခဲ့လျှင်ပင်၊ ကိစ္စ အချို့ ရှိလာ တော့မည် ဖြစ်လေ သည်။
***