ခွန်လွန် ဘုံမှာ ပြန်ဆုံ ကြမယ်။
Vol. 78 Ch. 1087
လင်းယွန်၏ မေးခွန်းကြောင့်၊ ယွဲ့ဝေဝေ တစ်ယောက် ချက်ခြင်း၊ ထိတ်လန့် သွားသည်။ တစ်ချိန် တည်းမှာပင် နွေးထွေးသော ခံစား ချက်များ ဝင်ရောက် လာ၏။
သို့သော် အစ်ကိုကြီး ယွန်နှင့် တတိယ အစ်ကို တို့ကြား ပဋိပက္ခများ စတင်လာ မည်ကို စိုးရိမ် မိသည်။
“ ဟား ဟား ဟား ... ဘာကိစ္စ ငါက မင်းကို ဖြေရှင်းချက် ပေးရ မှာလဲ။ ”
ချမ်ရွှင်းက ပြုံးရွှင် စွာဖြင့်၊ ယွဲ့ဝေဝေကို ပြန်ကြည့်ကာ၊ ရယ်မောကာ ငြင်းဆို လိုက်၏။ ယွဲ့ဝေဝေမှ၊
“ တတိယ အစ်ကို ... ၊ မင်း အစ်ကိုကြီး ယွန်ကို ဒီလို မပြော ပါနဲ့။ ”
-ဟု သတိပေး လိုက်သည်။
သူမ စကားကြောင့် ချမ်ရွှင်းမှာ၊ စိတ်ဓာတ်ကျ သွားသည်။ ယွဲ့ဝေဝေမှာ အပြင် လူကို မျက်နှာသာ ပေးနေ၏။
သို့သော် အပြုံး မပျက်ဘဲ၊
“ ကောင်းပြီ ... ငါ ဖြေပေး လိုက်မယ်။ ”
-ဟု နာခံစွာ တုန့်ပြန် လိုက်၏။
ယွဲ့ဝေဝေ ခမျာ ရှက်ကိုး ရှက်ကန်းဖြင့် ခေါင်းငုံ့ သွားပြီး၊ ချမ်ရွှင်းနှင့် လင်းယွန် တို့အား မကြည့်ဝံ့ တော့ချေ။
“ ဒီ ကောင်မလေးက အိမ်ကနေ ... ၊ ထွက်ပြေး သွားတာ၊ ငါ့ သခင်မှာ ရန်သူတွေ အများကြီး ရှိတယ်၊ ဒါကြောင့် ဆရာက ဘယ်လောက် အထိ ... ”
“ ... စိတ်ပူ နေမလဲ ဆိုတာ၊ မင်း တွေး ကြည့်လိုက် ... ၊ ငါ့ကို မလွှတ် ခင်မှာ သူ့အသက် အန္တရာယ် မကျရောက် မချင်း၊ ကူညီ မပေး ရဖူးလို့၊ ဆရာက သတိပေး ခဲ့တယ်၊ ... ”
“ ... နောင်မှာ သူ့ရဲ့ ဒီလို၊ ဆင်ခြင်မဲ့ အပြုအမူ မျိုးတွေ မလုပ် ရအောင်၊ သင်ခန်းစာ တစ်ခု ပေးချင် လို့ပဲ၊ ... ”
“ ... ငရဲ နတ်ဘုရား သခင်ငယ်က၊ နည်းနည်းတော့ သူမကို နာကျင် စေတယ်၊ ဒါပေမယ့် သူ လက်ဖျား နဲ့တောင် မထိရဲ ခဲ့ပါ ဘူး၊ ငါတို့က မင်းလိုပဲ၊ သူ့ကို ဘယ်သူမှ ထိခွင့် မပေးဘူး။ ”
“ တတိယ အစ်ကို၊ မင်း ဘာတွေ ပြောနေ တာလဲ ... ။ ”
ယွဲ့ဝေဝေမှာ မျက်နှာ နီရဲ လာပြီး အော်လေသည်။ သို့သော် ချမ်ရွှင်းက ဂရု မစိုက်ချေ။
“ မင်းကို နားလည်ပေး လို့ရတယ် ... ၊ ဒါပေမယ့် မင်းထက် ငါက သူ့ကို ပို သိတယ်၊ ငါ့ ဆရာရဲ့ အမိန့် ကြောင့်သာ မဟုတ်ရင် သူ့ကို ခေါ်သွား ခဲ့တာ ကြာပြီ၊ ... ”
“ ... ဘာပဲ ဖြစ်ဖြစ် ... ၊ လေတောင်ကုန်း မြို့က မင်းရဲ့ တိုက်ပွဲ ကတော့ ငါ့ကို တကယ် အံ့အားသင့် စေပါတယ်။ ”
ချမ်ရွှင်းက လင်းယွန် အပေါ်၊ သဘောကျ နှစ်ခြိုက်သော အရိပ် အယောင် များကို၊ မဖုံး ကွယ် ခဲ့ချေ။
ထိုတိုက်ပွဲကို မြင်တွေ့ခဲ့ ရပြီးနောက်၊ ယွဲ့ဝေဝေ တစ်ယောက် အဘယ်ကြောင့် ဤမျှ အလေးထား နေရ သည်ကို၊ နားလည် လာသည်။
ချမ်ရွှင်း၏ ရှင်းပြချက် ဆုံးချိန်၌၊ လင်းယွန်က ယွဲ့ဝေဝေထံ အတည်ပြုချက် တောင်းခံ လိုက်သည်။
ယွဲ့ဝေဝေ ညင်သာစွာ ခေါင်းညိတ်ပြ လိုက်ပြီး၊
“ တတိယ အစ်ကို၊ ငါ နတ်ဘုရား အသွေးတော် ရထားတယ်၊ အစ်ကိုကြီး ယွန်က အရွက် ခုနစ်ရွက် ပါတဲ့ သစ်သီး တစ်လုံး ကိုတောင်၊ ထပ်ရှာ ပေးခဲ့ သေးတယ်။ ”
-ဟု ပြုံးရွှင်စွာ ဆိုလာ သဖြင့်၊ ချမ်ရွှင်း တစ်ယောက် မျက်နှာ ပျက်ယွင်း သွား၏။
အချိန် အတော်ကြာ ငြိမ်သက် သွား ပြီးနောက်၊ တစ်စုံ တစ်ရာအား စိတ်ပိုင်းဖြတ် လိုက် ဟန်ဖြင့်၊ ပြန်ကြည့် လာသည်။
“ သခင်မလေး ... ၊ အမှန်ပြော ရရင်၊ သခင်မကြီးက မေ့မျော နေတာ မဟုတ်ဘူး၊ အသွေးတော် သစ်သီး ကလည်း သူ့ကို မနှိုးနိုင် တော့ဘူး၊ ... ”
“ ... ဆရာက မင်းကို နှစ်သိမ့်ဖို့ အကြောင်း ပြချက် ရှာပေး လိုက်တာပါ၊ အခုလို အိမ်ကနေ ထွက် ပြေးပြီး၊ လိုက်ရှာ လိမ့်မယ်လို့ သူ တကယ် မထင်ခဲ့ မိဘူး။ ”
ချမ်ရွှင်းက သနား ကြင်နာ စွာဖြင့်၊ ယွဲ့ဝေဝေအား ငုံ့ကြည့် လိုက်သည်။ ယွဲ့ဝေဝေ ခမျာ အံ့ဩ တုန်ယင် လာပြီး၊ ဖြူဖျော့ သွား၏။
မျက်ရည်များ စီးကျ လာကာ၊
“ တတိယ အစ်ကို ... ၊ မင်း ငါ့ကို လိမ်နေ တာပါ၊ အမေ မသေ သေးပါဘူး၊ အသွေးတော် သစ်သီး ရရင် နိုးထ လာမှာပါ၊ ဟုတ်တယ် မဟုတ်လား။ ”
သူမ အမေ နိုးလာ ရမည် ဟူသော ယုံကြည်ချက်ဖြင့်၊ အိမ်မှ ထွက်လာကာ၊ ဤခရီး ကို စတင် ခဲ့ခြင်း ဖြစ်သည်။
အမေ၏ ထွေးပွေ့မှုကို တမ်းတ မိ၏။ ထိုအပြင် အမေ့အား ပြောပြ စရာများ၊ များစွာ ရှိသည်။
ကုန်လွန် ခဲ့သော ဆယ်စုနှစ် အတွင်း ပျော်ရွှင်မှု၊ ဝမ်းနည်း မှုနှင့်၊ အိပ်မက် များကို၊ နားထောင် ပေးမည့်လူ မရှိ တော့ချေ။
“ နတ်ဘုရား အသွေးတော် သစ်သီးက၊ ခွန်လွန်ဘုံမှာ ရှားပါတယ်၊ ဒါပေမယ့် သခင်မ ကြီးကို ကယ်တင် နိုင်ရိုး မှန်ရင်၊ ဆရာက တွန့်ဆုတ် နေမှာ မဟုတ်ဘူး၊ ... ”
“ ... ဆရာက သခင်မ ကြီးကို မချစ်လို့၊ မစွမ်းဆောင် ပေးတာလို့၊ ထင်နေတာ မဟုတ် လား၊ ဆရာ ဘယ်လို ခံစားခဲ့ ရလဲ၊ ... ”
“ ... သခင်မလေး မသိ ပါဘူး၊ ဆရာက သခင်မ ကြီးကို ချစ်ပါတယ်၊ ဒါပေမယ့် မင်းကို ပိုတယ်။ ”
ချမ်ရွှင်းက သက်ပြင်းချ လိုက်သည်။
“ ဒါတွေက တကယ် အမှန် ပဲလား။ ”
ယွဲ့ဝေဝေမှ နှုတ်ခမ်းကို ကိုက်လိုက်ပြီး၊ ငေးမော သွား၏။ တတိယ အစ်က မလိမ်မှန်း သူမ သိသည်။
“ သခင်မလေး၊ မင်းက ထက်မြက်တဲ့ မိန်းကလေးပါ၊ ငါ အမှန်တိုင်း ပြောနေတာ ဟုတ်- မဟုတ်ရင် မင်း သိပါတယ်။ ”
ထိုစကားက ယွဲ့ဝေဝေကို မျက်ရည် ပိုကျ လာ စေ၏။ အဖေ့အား တစ်ချိန်လုံး လျစ်လျူရှု ခဲ့သည်။
“ ကိုယ့်ကိုယ်ကို အပြစ် မတင်ပါနဲ့၊ ငါနဲ့ အတူ ပြန်ရအောင်၊ ဆရာက တကယ့်ကို စိတ်ပူ နေတယ်။ ”
ယခု အချိန်၌ ယွဲ့ဝေဝေမှာ ခေါင်းညိတ် လိုက်ပြီး၊ မျက်ရည်များ သုတ်ကာ၊ လင်းယွန်ထံ ပြန်ကြည့်၏။
“ အကိုကြီး ယွန်၊ မင်းရဲ့ နတ်ဘုရား အသွေးတော် သစ်သီးကို၊ ပြန်ယူပါ။ ”
သည့်နောက် ကျောက်စိမ်း ပုလင်းကို ထုတ်ယူပြီး လင်းယွန်ထံ ကမ်းပေး လိုက်သည်။ လင်းယွန်မှာ မည်သို့ နှစ်သိမ့် ရမည်မှန်း မသိချေ၊
ကျောက်စိမ်း ပုလင်းကို ယူကာ၊ ယွဲ့ဝေဝေအား အချိန် အတော်ကြာ စိုက်ကြည့် နေပြီး၊
“ မင်း အိမ်ပြန် မှာလား။ ” -ဟု မေးမိသည်။
“ အစ်ကိုကြီး ယွန်၊ မင်း ငါ့ဆီ လာရမယ်။ ”
ယွဲ့ဝေဝေက ပြုံးကာ ဆို၏။ ပြီးနောက် ခါးတွင် ချိတ်ဆွဲ ထားသော ကျောက်စိမ်း ပလွေ ကို ဖြုတ်ယူလျက်၊ လင်းယွန်ထံ ကမ်းပေး လိုက်သည်။
“ အစ်ကိုကြီး ယွန်၊ ပယင်း ကမ္ဘာ ကနေ စပြီး၊ ကောင်းကင်လမ်း ရောက်တဲ့ အထိ၊ ငါ့မှာ ပေးစရာ လက်ဆောင် မရှိ ခဲ့ဘူး၊ ဒီပလွေက ငါနဲ့ အကြာကြီး နေခဲ့တယ်၊ ဒါကြောင့် မင်းကို ငါ ပေးချင်တယ်။ ”
ဤမြင်ကွင်းက ချမ်ရွှင်းကို၊ သွေး ခုန်နှုန်း မြန်လာ စေ၏။ ဤပလွေမှာ သခင်မကြီး ပလွေ ဖြစ်သော ကြောင့်၊ လေးနက် ချေပြီ။
လက်ဆောင် နောက်ကွယ်ရှိ၊ အဓိပ္ပါယ် အပေါ်၊ နားလည် လိုက်သော လင်းယွန်မှ၊ လက် မခံ ရဲချေ။
နှလုံး သားကို တစ်စုံ တစ်ယောက် ပိုင်စိုး ထားပြီ ဖြစ်သဖြင့်၊ သည်လို မလုပ် နိုင်ကြောင်း၊ သိစေ ချင်သည်။
ကျောက်စိမ်း ပလေွကို စိုက်ကြည့် ရုံသာ ကြည့်နေ သဖြင့်၊ ယွဲ့ဝေဝေ အပြုံးမှာ အေးခဲ သွားသည်။
ဤသို့ တုန်ပြန် မည်ကို၊ နားလည်ထား သော်လည်း၊ နာကျင် ရဆဲ ဖြစ်သည်။ ထို့ကြောင့် ချမ်ရွှင်းမှာ ဒေါသ ထွက်လာပြီး၊
“ လင်းယွန် ... ၊ မင်း လွန် မလာနဲ့ ... ။ ”
-ဟု အော်ဟစ် လိုက်ရသည်။
ဖျော့တော့သော အပြုံးကို ညှစ်ထုတ်လျက်၊ ယွဲ့ဝေဝေ တစ်ယောက် မျက်ရည်များ စီးကျလာ လေသည်။
ယင်းက လူအုပ် ကြီးကို နာကျင် စေ၏။ ယွဲ့ဝေဝေ၏ အလှ တရား အပေါ်၊ ဤနေရာရှိ မည်သူ မဆို၊ အသိ အမှတ် ပြုပေသည်။
“ အစ်ကိုကြီး ယွန်၊ ငါ ဘယ်တုန်း ကမှ ဘယ်သူ့ ကိုမှ မတိုက်ခိုက် ချင်ပါဘူး၊ မင်း ငါ့ကို မမေ့ ဖို့ပဲ မျှော်လင့် တာပါ၊ ဒီပလွေကို မြင်တိုင်း ငါ့ကို သတိရ နေအောင်ပါ။ ”
ယွဲ့ဝေဝေ စကားကြောင့် လင်းယွန်မှ၊ ကျောက်စိမ်း ပလွေအား ယူလိုက်ပြီး၊
“ ဒီပလွေ မရှိလဲ ... မင်းကိုငါ မမေ့ ပါဖူး ဝေဝေ၊ မင်း ရန်သူက၊ ငါ့ ရန်သူ ဆိုတဲ့ စကားကို မှတ်မိ သေးလား၊ ဒါက တစ်သက်လုံး အတွက် ကတိပါ၊ လုံးဝ မပြောင်းလဲ ပါဘူး။ ”
“ ငါ နားလည်တယ် အစ်ကိုကြီး ယွန်၊ နှုတ်ဆက် ပါတယ်၊ ငါတို့ ခွန်လွန်ဘုံမှာ ပြန်ဆုံ ရအောင်။ ”
ယွဲ့ဝေဝေက မျက်ရည်များ ကြားမှ တောက်ပစွာ ပြုံးပြ လိုက်သည်။ ချမ်ရွှင်းက သူမကို ကြည့်ပြီး၊ ခေါင်းယမ်း မိ၏။
ကောင်းကင် ဝိညာဉ် နယ်ပယ်မှ၊ ကောင်လေး တစ်ယောက်သည်၊ သခင်မလေး အချစ်နှင့် မထိုက် တန်ဟု ထင်သည်။
သူတို့ နှစ်ယောက် ထွက်သွား သည်ကို မျှော်ကြည့်ပြီး၊ လင်းယွန်မှ သက်ပြင်း ရှည်ကြီး မှုတ်ထုတ် လိုက်သည်။ အချစ် အတွက်၊ အချိန် မရှိဟု၊ တစ်ချိန်က သူကိုယ်တိုင် ကြွေးကြော် ခဲ့ဖူး လေ၏။
“ ကောင်လေး ... ၊ ငါတို့ အခု ထွက်သွားလို့ ရပြီလား။ ”
ဖုန်းကျွယ်က ပြုံးလျက် အနားရောက် လာသည်။ လင်းယွန်က ကျောက်စိမ်း ပလွေကို တစ်ချက် ကြည့်ကာ ခေါင်းညိတ်ပြ လိုက်၏။
“ ဝှစ် ... ။ ”
လင်းယွန်နှင့် ဖုန်းကျွယ် တို့၏ နောက်ကျောကို မျှော်ကြည့်ကာ၊ ဂိုဏ်း ပေါင်းစုံ အကြီး အကဲ များက၊ ခံစား ချက်များ ရောပြွန်း သွားသည်။
ဤလင်းယွန်မှာ ခွန်လွန် နယ်မြေတွင် ကျိန်းသေပေါက် ကြီးထွား လာမည် ဖြစ်၏။ ၎င်းအား မရွေးချယ် ခဲ့သည့် အပေါ်၊ မှားသည် လော၊ မှန်သည်လော မခွဲခြား နိုင်တော့ချေ။
“ နှမျော နေစရာ မလို ပါဘူး ... ၊ သူက အရမ်း မောက်မာ တယ်၊ ဓားဂိုဏ်း တောင်မှ သူ့ကို ကာကွယ် နိုင်မယ် မထင်ဘူး။ ”
“ အမှန်ပဲ ... ၊ အထူး သဖြင့် အကြီး အကဲ ကျင်းကြွယ်ကို သတ်မယ်လို့၊ ကြေငြာ လိုက်တဲ့ အတွက်၊ ... ”
“ ... ဒီလောက်နဲ့ ပြီးသွားမှာ မဟုတ်ဘူး၊ အနှေးနဲ့ အမြန် ဆိုသလို၊ ကောင်းကင်ယံ ဂိုဏ်း ရဲ့၊ အသတ် ခံရ လိမ့်မယ် ။ ”
“ ခွန်လွန် ဘုံက ပါရမီရှင် တွေနဲ့ ယှဉ်ရင်၊ သူက အထင်ကြီး စရာ ဘာမှ မရှိ သေးပါဘူး၊ လှိုင်းတွေ ကြားမှာ၊ မြုပ်မသွား နိုင်ဖူးလို့ ဘယ်သူ အာမခံ ရဲလဲ။ ”
မပျော် မရွှင် ဖြစ်နေသော အကြီး အကဲ များက၊ လင်းယွန် အပေါ် မကောင်းမြင် ပြပြီး၊ အချင်းချင်း နှစ်သိမ့်ရန် ကြိုးစား လာသည်။
ကျောခိုင်း နေလျက်မှ စကားသံ များကို၊ ကြားလိုက် ရသော ဖုန်းကျွယ်က ပြုံးလိုက်ပြီး၊
“ ကောင်လေး ... ၊ သူတို့ ပြောတာ မင်းကြားလား၊ သူတို့ကို တစ်ခုခု တုံ့ပြန်၊ သင့် တယ်လို့ မထင် ဖူးလား။ ”
“ တစ်နေ့ ... သူတို့ နောင်တရ လိမ့်မယ်။ ”
လင်းယွန်မှ ခံစားချက် မရှိသော လေသံနှင့် ဆိုလိုက် တော့သည်။
လင်းယွန်တို့ နှစ်ဦးသား ထွက်ခွာသွား ပြီးနောက်၊ အကြီးအကဲ များက တပည့်များ ဆက်လက် ရွေးချယ် နေခဲ့သည်။
လင်းယွန် ကဲ့သို့ ပြောင်မြောက်သော လူငယ်မျိုး မရှိတော့ သော်လည်း၊ ပြင်ပ တပည့် အဖြစ်၊ အချို့အား ရွေးချယ် နိုင်သေးသည်။
သို့သော် အမာခံ တပည့် ဖြစ်ထိုက်သော လူငယ်မျိုး မရှိ သေးချေ။ အားလုံးမှာ အမှိုက် များသာ ဖြစ်နေသည်။
များမကြာခင် ဂိုဏ်း ပေါင်းစုံ၏ အကြီး အကဲများ၊ အားလုံး ထွက်ခွာ သွားကုန်၏။ ဤ သို့ဖြင့် တစ်နှစ် တိတိ၊ ဖွင့်လှစ် ပေးခဲ့သော ကောင်းကင် လမ်းမှာ၊ ပြီးဆုံး သွားရသည်။
လောချန်နှင့် အဖွဲ့အား၊ မည်သည့် ဂိုဏ်း ကမှ မရွေးချယ် ခဲ့သဖြင့်၊ မဟာမိတ် အဖွဲ့တွင် သုံးလကြာ ကျင့်ကြံကာ၊ ဆက်လျှောက်ရန် ဆုံးဖြတ် ထားကြသည်။
ထို့ကြောင့် လေသင်္ဘော ပေါ်သို့၊ တက်ရောက်ခွင့် ရသွား၏။ သင်္ဘောပေါ် ရောက် သည်နှင့် လောချင်ရှက သူတို့အား သီးသန့် ခေါ်တွေ့ လေသည်။
လောချင်ရှ မည်မျှ သန်မာ သည်ကို သိသောကြောင့်၊ သူတို့ ထိတ်လန့်သွား ကြ၏။ အကြီးအကဲ ကျင်းကြွယ် ကဲ့သို့သော ကျွမ်းကျင် သူ သည်ပင်၊ မလှုပ်ရဲ ခဲ့ချေ။
တစ်ချိန်တည်း မှာပင်၊ လောချင်ရှမှ ၎င်းတို့အား ပုဂ္ဂိုလ်ရေး အရ၊ တွေ့ဆုံ စရာ အကြောင်း မရှိ ဟုလည်း၊ မြင်မိသည်။
“ လောချန် ... ။ ”
လောချင်ရှက မီးနဂါး နှလုံးသားကို ထုတ်ယူ လိုက်ပြီး၊
“ ယူ လိုက် ပါ ... ၊ လင်းယွန်က ဒါကို မင်းအတွက် ပေးခဲ့တာ၊ အရမ်း အန္တရာယ် များ တယ်၊ အောင်မြင် ခဲ့ရင် အကျိုးရှိ လိမ့်မယ်၊ ဒါကြောင့် မင်း ရွေးချယ် မှုဟာ မင်းဘဝပဲ ။ ”
-ဟု ဆိုလာ တော့၏။
မီးနဂါး နှလုံးကို ကြည့်ပြီး၊ လောချန်မှာ မှင်တက် သွားသည်။ သူက တုန့်ပြန်ခြင်း မပြု နိုင်ခင်၊ လောချင်ရှမှ အရွက် (၉) ရွက်အား၊ ဆက်၍ ထုတ်ယူ လိုက်ပြီး၊
“ ဒီအရွက် တေွက ... ၊ မင်းတို့ အားလုံး အတွက် လင်းယွန် ပေးခဲ့တာ၊ အချင်းချင်း ခွဲယူ ကြ ... ။ ”
“ လင်းယွန်မှာ ရန်သူတွေ များတယ်၊ ဒါကြောင့် သူက မင်းတို့ကို ကိုယ်တိုင် မပေးခဲ့ တာပဲ၊ လူတိုင်း ဒါကို လျှို့ဝှက် ထားမယ်လို့ ယုံကြည်တယ်။ ”
လင်းယွန်ကို ဓားဂိုဏ်းမှ လာရောက် ခေါ်ဆောင် သွားခြင်း အတွက်၊ ဝမ်းသာ နေခဲ့ ကြစဉ်၊ လင်းယွန်မှ သူတို့အား၊ လှည့်မကြည့် သောကြောင့်၊ စိတ်ပျက် သွားမိသည် ။
အကြင်နာ ကင်းမဲ့သူ တစ်ဦး အဖြစ် အမြင်မှား ခဲ့၏။ သို့သော် နားလည်မှု လွဲနေပြီ ဖြစ်မှန်း သိလိုက် ရသည်။
နဂါး နှလုံး သားအား လက်ခံ ယူကာ၊ အနာဂတ်တွင် ဓား ဂိုဏ်းသို့၊ သွားရောက် လည် ပတ်ရန်၊ လောချန်မှ တေးမှတ်ထား လိုက် တော့သည်။
***