← Chapters

အပြာရောင် စံအိမ်။

Vol. 78 Ch. 1088

အပြာရောင် စံအိမ်။

Vol. 78 Ch. 1088

ပယင်း ကမ္ဘာ၏ ပယင်းတောင် ပေါ်တွင်၊ မြင့်မြတ်သော မဟာမိတ် အဖွဲ့ ဌာနချုပ် တည်ရှိ လေသည်။

ကောင်းကင် လမ်းသို့၊ မတက်ရောက် နိုင်သော ပါရမီရှင် အများ စုသည် ဤနေရာ၌၊ ကျင့်ကြံ နေကြ ပေ၏။

ရုတ်တရက် မြင့်မြတ်သော မဟာမိတ် အဖွဲ့ဝင် အကြီး အကဲ၏ ခါးပေါ်ရှိ သင်္ကေတမှာ၊ တောက်ပ လာသည်။

“ ချွင် ... ။ ”

သတင်း အချက် အလက် များအား၊ လက်ခံရယူ နေစဉ် ထိုအကြီး အကဲ လက်မှာ၊ တုန်ယင် သွားပြီး၊ သင်္ကေတ ကျောက်စိမ်း ပြားမှာ၊ မြေပြင်ပေါ် ပြုတ်ကျ သွား၏။

ထိုအကြီး အကဲ၏ သွန်သင်မှုကို၊ ခံယူ နေသော ဘိုင်လိရွှမ်၊ နန်းဂွန် ဝမ်းယူနှင့်၊ မူရန်တို့ ကဲ့သို့သော ပါရမီရှင် များစွာက၊ ခေါင်းမော့ ကြည့်မိ လေသည်။

ဤအကြီး အကဲကို ထူးထူး ခြားခြား တုန်ယင် သွားစေသော သတင်းမှာ၊ မည်သို့ သော သတင်း ဖြစ်မည်ကို၊ သိချင် လာကြ၏။

“ နဝမမြောက် ကောင်းကင် လမ်းရဲ့၊ ရလဒ် ထွက်ပေါ် လာပြီ ... ။ ”

မဟာမိတ် အကြီး အကဲက၊ မြေပြင်ရှိ ကျောက်စိမ်း ပြားကို ပြန်၍ ကောက်ယူကာ၊ အားလုံး ကြားအောင် ကြေငြာ လိုက်သည်။

“ ကောင်းကင်လမ်း ပိတ်ပြီလား။ ”

အထူး သဖြင့် ညာလက်သီးကို ဆုပ်လျက် ဘိုင်လိရွှမ်က၊ စိတ်လှုပ်ရှား မှုအား၊ မြိုသိပ် နေရ ပေ၏။

နန်းဂွန်း ဝမ်းယူက၊

“ လင်းယွန်ကို ဂိုဏ်းကြီး တစ်ဂိုဏ်းက ရွေးချယ် ခဲ့လား။ ”

သူတို့ အားလုံးမှာ မဟာမိတ် အဖွဲ့နှင့်၊ အချိန် အတော်ကြာ ရှိနေရ သောကြောင့်၊ ခွန်လွန်ဘုံ အကြောင်း အနည်းငယ် သိရှိ ထားသည်။

ထို့ကြောင့် အင်အားကြီး ဂိုဏ်း တစ်ဂိုဏ်းမှ ရွေးချယ်ခြင်း ခံရပါက၊ ကောင်းကင်ပေါ် ပျံသန်း နိုင်မည်ကို၊ သိလာ ကြသည်။

ထို့အပြင် လင်းယွန်သာ အခြေကျ သွားပါက၊ ခွန်လွန် ဘုံသို့၊ သူတို့ ရောက်ရှိ ချိန်၌၊ အကူအညီ ရမည် ဖြစ်၏။

“ ငါတို့ရဲ့ လင်းယွန်က နဝမမြောက် ကောင်းကင် လမ်းမှာ၊ ချန်ပီယံ ဖြစ်လာပြီး၊ ဓား ဂိုဏ်းက သူ့ကို ခေါ်သွားတယ်။ ”

မြင့်မြတ်သော မဟာမိတ် အဖွဲ့၏ အကြီး အကဲက ရှင်းပြ လိုက်သည်။ စစ်မက် နယ်မြေ ဆယ်ရပ်အား နင်းခြေ ခဲ့သည် ဟူသော အချက် ကိုမူ၊ ချန်လှပ် ထား၏။

ယင်းသို့ ဖုံးကွယ် ရသည့် အကြောင်းမှာ၊ သူအရမ်း တုန်လှုပ် နေသောကြောင့် ဖြစ်သည်။ ကောင်းကင် လမ်းသို့၊ စစ်မက် နယ်မြေများ ဤသို့ ဆင်းသက် လာခြင်းကို၊ နားမလည် နိုင် သေးချေ။

“ ဟား ဟား ဟား ... ၊ ညီအစ်ကို လင်းယွန်က တကယ့်ကို သန်မာ တယ်ဟေ့၊ ဓားသမား ဆိုတာ ဒါမျိုးကွ ... ။ ”

မူဟန်က စိတ်လှုပ်ရှား စွာဖြင့်၊ ကြွေးကြော်လိုက် မိသည်။ လင်းယွန်၏ တိုက်ပွဲ များကို၊ လိုက်ပါ ကြည့်ရှုခွင့် မရသည့် အတွက်၊ နှမျော စရာ ပေပင်။

လင်းယွန် တစ်ယောက် ကောင်းကင် လမ်းတွင်၊ နာမည် တစ်ခု တည်ဆောက် နိုင် မည်ဟု၊ မျှော်လင့် ထားပြီး ဖြစ်သည်။ သို့သော် ချန်ပီယံ အဖြစ် ပန်းဝင် သွားလိမ့် မည်ဟု၊ မထင်ထား မိကြချေ။

အချိန် အတော်ကြာ တိတ်ဆိတ်နေ ကြပြီးနောက်၊ လူတိုင်း အနား ယူရန် ရင်ပြင်မှ၊ ပြန်လည် ထွက်ခွာကုန် ကြသည်။

ဘိုင်လိရွှမ် သည်သာ၊ ရပ်လျက် ကျန်ရစ် ခဲ့၏။ သည့်နောက် မဟာမိတ် အကြီး အကဲထံ ကြည့်ကာ၊

“ စီနီယာ ... ၊ ငါဆုံးဖြတ် ပြီးပြီ။ ”

-ဟု စကား စလိုက် တော့သည်။

အခြား သူများနှင့် မတူဘဲ၊ သူ့တွင် သူတော်စင် ခန္ဓာ ရှိချေပြီ။ နိမ့်ကျသော ပယင်း ကမ္ဘာ၌ မွေးဖွား လာခြင်း ကြောင့်သာ၊ အသုံး မဝင်ခြင်း ဖြစ်၏။

ခွန်လွန် ဘုံသို့ ခြေချ နိုင်ပါက၊ ၎င်းကို ပြီးပြည့်စုံ စေနိုင်မည် ဖြစ်သည်။ တန်ဖိုး တစ်ခု ပေးအပ်ချင် သ၍၊ အခွင့် အရေးမှာ အမြဲ ရှိပေ၏။

“ သွေးကတိ တပ်ဖွဲ့ရဲ့ ထုတ်ပယ် နှုန်းက၊ ကိုးဆယ်ရာ ခိုင်နှုန်း ရှိတယ်၊ သတိ မထား မိရင် သေမယ်၊ မင်းရဲ့ အရည် အချင်းတွေ အရဆို၊ ... ”

“ ... ခွန်လွန်ဘုံ ရောက်ရင်၊ ဂိုဏ်းငယ် တွေက လက်ခံ ကြမှာပါ၊ ဒီလောက် အထိ၊ ဒုက္ခ ခံ နေစရာ မလို ပါဘူး။ ”

အကြီး အကဲမှ ဘိုင်လိရွှမ်အား ကြည့်ကာ၊ ဖျောင်းဖျ စကား ဆိုသည်။

“ အင်အားကြီး ဂိုဏ်း တစ်ဂိုဏ်း မဟုတ် သရွေ့တော့၊ အသုံး ၀င်မှာ မဟုတ် ပါဘူး၊ သွေး ကတိ တပ်ဖွဲ့က၊ အန္တရာယ် အရမ်းများ ပေမယ့်၊ အောင်မြင်ရင် စွန့်စား ရကျိုး နပ်ပါတယ်။ ”

ဘိုင်လိရွှမ်က ပြန်ဖြေသည်။

“ ကောင်းပြီ ... ၊ နောက် လဝက် နေရင်၊ အကြောင်း ကြားမယ်။ ”

အကြီး အကဲက ဆက်၍ မဖျောင်းဖျ တော့ချေ။ လင်းယွန် ချန်ပီယံ ဖြစ်လာ ခြင်းဖြင့်၊ ဘိုင်လိရွှမ်၏ တိုက်ပွဲဝင် စိတ်မှာ၊ တောင်လောင် လာပုံ ရလေသည်။ ၎င်းတို့ နှစ်ဦးသည် ဂိုဏ်း တစ်ဂိုဏ်း တည်းမှ၊ လာခြင်း ဖြစ်သည်။

ထို့ကြောင့် မည်မျှပင်၊ ဖျောင်းဖျ နားချ စေကာမူ၊ အချည်း အနှီး ဖြစ်မည်မှန်း သူ သိခေျ ၏။

သို့သော် ‘သွေးကတိ တပ်ဖွဲ့’ ဟူသည်၊ တကယ့် ငရဲ ဖြစ်သည်။ ခွန်လွန်ဘုံမှ လူ အများ အပြား ပါဝင် သောကြောင့်၊ အရူး များသာ ပါဝင်ရန် ရွေးချယ်မည် ဖြစ်သည်။

***

မဟာချင် အင်ပါယာရှိ၊ ကောင်းကင်ဘုံ ဓားနန်းတော်သည် အင်ပါယာ တစ်ခုလုံး ၌ပင်၊ အသန်မာဆုံး ဂိုဏ်း ဖြစ်လာ ခဲ့သည်။

၎င်းတို့သည် ရှေးဟောင်း တောင်ပိုင်း နယ်မြေ ကြီး၏ အုပ်စိုးရှင် တစ်ပါး ဖြစ်လာရန် အထိပင်၊ အရိပ် အယောင်များ ပြသ လာ၏။

သွေးစွန်းသော ဧည့်ခံပွဲ အပြီးတွင်၊ လင်းယွန် တစ်ယောက် ချန်ပီယံ ဖြစ်လာခဲ့ ပြီးနောက်၊ ဓားနန်းတော် အမည်ကို၊ ပယင်း ကမ္ဘာ တစ်ခုလုံး၊ သိရှိ သွားသည်။

လက်ရှိ အချိန်၌၊ ဓားနန်းတော်တွင် လူ အများ စုဝေး နေကြသည်။ ကာကွယ်သူ (၄)ဦး ဓားထမ်း အကြီး အကဲများ၊ သင်းထောက် များနှင့်၊ အမာခံ တပည့် များက၊ နန်းတော် သခင်ထံ လှမ်းကြည့် နေ၏။

နန်းတော် သခင် မှာမူ၊ လက်ထဲရှိ ကျောက်စိမ်းပြား တစ်ပြားထံ၊ အချိန် အတော် ကြာ စိုက်ကြည့် နေလေသည်။

သည်နေ့ ကောင်းကင်လမ်း ရလာဒ်ကို၊ ကြားသိ ရမည့် နေ့ ဖြစ်၏။ ကောင်းကင်လမ်း တွင်၊ သေဆုံးမှု နှုန်း မြင့်မား သည်ကို၊ သူတို့ အားလုံး ကြားသိ ထားသည်။

လင်းယွန်မှာ ပယင်း ကမ္ဘာ၏၊ ချန်ပီယံ ဖြစ် သော်လည်း၊ ထိုလမ်းတွင် ဆက်၍ တောက်ပနေ ဦးမည် မဟုတ်ကြောင်း၊ နားလည် နိုင်သည်။

ထို့ကြောင့် လင်းယွန်သာ ကောင်းကင် လမ်း၌ သေဆုံးသွား ပါက၊ တဟုန်ထိုး မြင့်တက် လာသော ဓားနန်းတော်၏ ကံကြမ္မာမှာ၊ ပြိုလဲ သွားမည် ဖြစ်သည်။

လင်းယွန် သည်သာ၊ မဟာ ဂိုဏ်းကြီး တစ်ဂိုဏ်းသို့ ဝင်ရောက် နိုင်ခဲ့ ပါက၊ သူတို့ ချစ်သော ဓားနန်းတော်မှာ၊ ပို၍ ကြောက်စရာ ကောင်းလာ ပေတော့မည်။

နန်းတော် သခင်က လင်းယွန် မသေဟု ယုံကြည်၏။ ထို့စဉ် လက်ထဲရှိ သင်္ကေတမှာ၊ ရုတ်တရက် တောက်ပ လာသည်။

“ ဟား ... ဟား ... ဟား ... ။ ”

သတင်း အချက် အလက် များကို လက်ခံ ယူပြီးနောက်၊ နန်းတော် သခင်က မျက်ရည်များ ဝဲလာသည် အထိ၊ အော်ဟစ် ရယ်မော တော့၏။

“ ဟား ... ဟား ... ဟာ .... ။ ”

“ နန်းတော် သခင်၊ လင်းယွန် ဘာဖြစ် သွားလဲ။ ”

“ ဟား ... ဟား ... ဟာ .... ။ ”

“ နန်းတော်သခင် လင်းယွန်ကို ဘယ်ဂိုဏ်းက လက်ခံသွားလဲ။ ”

“ နန်း တော် သခင် ..... ။ ”

နန်းတော် သခင်က၊ ရယ်မော ခြင်းကို ရပ်တန့် လိုက်ပြီး၊ သူ့အား စောင့်မျှော် နေသည့် လူအုပ်ထံ ဝေ့ကြည့်ကာ၊

“ ချန်ပီယံ ... ၊ ငါတို့ရဲ့ လင်းယွန်က အမြဲတမ်း ချန်ပီယံပဲ၊ နဝမမြောက် ကောင်းကင် လမ်းမှာ၊ လူတိုင်းကို ကျော်ဖြတ်ပြီး ... ”

“ ... ချန်ပီယံ ဆိုတဲ့၊ ဂုဏ် သတင်းကို ရယူထား နိုင်တယ်၊ သူ့ကို ... ဓားဂိုဏ်းက လာခေါ် သွားတယ်၊ ဟား ဟား ဟား ။ ”

“ ဝိုး ... ။ ”

အားလုံးက ပျော်ရွှင်လွန်း သဖြင့်၊ စကားသံပင် ပီပီ သသ မရွတ်နိုင် တော့ဘဲ၊ ဝူးဝူး ဝါးဝါး ဟစ်အော် လိုက်ကြသည်။

“ ဝိုး ... စီနီယာ အစ်ကိုကြီး လင်း ... ။ ”

သည်အချိန်၌ ဓားနန်းတော်မှာ၊ အညွှန့် တလူလူ တက်နေသော ပျိုးပင်ငယ် တစ်ပင်နှင့် တူလာ တော့၏။ လူတိုင်း အောင်ပွဲခံ အော်ဟစ် နေမိကြ သည်မှာ၊ သဘာဝ ပေပင်။

မမျှော်လင့် ထားသော ရလဒ် တစ်ခု ဖြစ်သည်။

“ ဟား ဟား ဟား ... ၊ လင်းယွန်က ငါတို့ ဓားနန်းတော်ရဲ့ ကံကြမ္မာ ပါပဲ။ ”

“ ကောင်းကင် လမ်းရဲ့ ချန်ပီယံ တဲ့လား၊ လင်းယွန် အတွက် ငါတို့ ရုပ်တု လုပ်ရအောင်၊ ဒါ ဘိုးဘေး တွေက စောင့်ရှောက် ပေးနေတာ။ ”

လူတိုင်း ဝမ်းသာ အားရနှင့် မျက်ရည်များ စီးကျ လာကုန်၏။ နန်းတော် သခင် သာလျှင်၊ တည်ငြိမ် မှုကို ထိန်းထား နိုင်ခဲ့သည်။

ဤအရာ အားလုံးသည်၊ တော်ဝင် မိသားစု လက်မှ နေ၍ လင်းယွန်ကို ကာကွယ် ပေးခဲ့ခြင်း ၏၊ အကျိုးဆက် ဖြစ်သည်။

ဓားနန်းတော်မှာ သူ့အား ပြုစု ပေးခဲ့သည်။ ထို့ကြောင့် စိတ်ကူး မယဉ် နိုင်သော အနာဂါတ် ကို ပြန်ရ ခဲ့၏။

***

ခွန်လွန်ဘုံ တစ်နေရာတွင်၊ နဝမမြောက် ကောင်းကင် လမ်း၏ ရလဒ်ကို စောင့်မျှော် နေ သော ဘုန်းကြီး တစ်ပါး ရှိသည်။

သတင်ကြား ပြီးနောက်၊ ဝိုင်ခွက်အား ကောက်မော့ကာ၊ ပြုံးလိုက်သည်။ ယင်းမှာ လွင့်မေျာ နေသော ရေခွက်လေး ဖြစ်၏။

“ နဝမမြောက် ကောင်းကင် လမ်းရဲ့ ချန်ပီယံ၊ စစ်မက် နယ်မြေရဲ့ သခင်ငယ် ငါးပါး အသတ် ခံရပြီး၊ ငါးပါး ဒုက္ခိတ၊ ဘယ်လောက် တောင် ရမ်းကား လိုက်လဲ ... ။ ”

လင်းယွန် သွားရာ လမ်း တစ်လျှောက် မည်သည့် အခါမျှ၊ ငြိမ်းချမ်း တော့မည် မဟုတ် ကြောင်း၊ သူ သိသည်။

မည်သို့ပင် ဆိုစေ ကာမူ၊ ဆုစီယာသာ ကြားပါက၊ ဝမ်းသာ မည်မှာ သေချာသည်။ တစ်ချိန် တည်းမှာပင် လီဝူယု သည်လည်း အော်ဟစ် ရယ်မော နေ၏။

“ ဟား ... ၊ ဟား ... ၊ ဟား ... ။ ”

“ အစ်ကိုကြီး မင်း ကသာ ... ၊ ငါ့ရဲ့ အစ်ကို ပါကွ၊ ဟား ဟား ဟား ... သခင်ငယ် ဆယ်ပါးတဲ့ ဟုတ်လား၊ ငါးယောက်သေ ငါးယောက် သုံးမရ၊ ဟား ဟား ဟား ... ”

“ နေဦး ... ၊ ဓားဂိုဏ်းက ကောင်းကင် လမ်းကို တကယ်သွား ခဲ့တာလား၊ မယုံ နိုင်စရာ ပါပဲ၊ အစ်ကိုကြီး မင်း ငါ့ဆီ လာရမယ်။ ”

ခွန်လွန်ဘုံသည် မရေ မတွက် နိုင်သော ပါရမီရှင် များနှင့်၊ ရွက်ပုန်း သီးများ ပြည့်နှက် နေသည့်၊ နေရာ တစ်ခု ဖြစ်သည်။

ထို့ကြောင့် အထက်အပါ စကားသည်၊ လင်းယွန် တစ်ယောက် လှိုင်းတွေ ကြားမှ ရုန်ထွက် နိုင်စေရန် ရည်ရွယ် ချေ၏။

***

“ ဒါ ခွန်လွန်လား။ ”

ပတ်ဝန်းကျင် မြင်ကွင်း များမှာ ပယင်း နယ်မြေနှင့်၊ မကွာ ခြားဟု ထင်နေစဉ်၊ ထူးခြား ချက် တစ်ခုကို ဖျတ်ခနဲ ခံစား လာရသည်။

ယင်းမှာ ဝိညာဉ် စွမ်းအင် သိပ်သည်းဆ မဟုတ်ကြောင်း လင်းယွန် သိသည်။ သို့သော် မည်သည့် အရာ ဖြစ်မည်ကို၊ မပြောနိုင် သေးချေ။

တစ်ဖက်တွင် နဂါးလေးက၊ ဘေး ပတ်ဝန်းကျင်ကို စူးစူး စိုက်စိုက် လိုက်လံ ကြည့်ရှု နေသည်။

ဤမတိုင်မီ နဂါး လေးကို မေ့လျော့ သွားမိသည်။ ကံကောင်း စွာဖြင့် နဂါး လေးမှ သူ့နောက် ထပ်ချပ် မခွာ လိုက်လာ နိုင်၏။

“ ဟုတ်တယ် ... ဒါ ခွန်လွန်ပဲ။ ”

ဖုန်းကျွယ်က ပြုံးကာ ပြန်ဖြေသည်။ ကောင်းကင်လမ်း မှတဆင့်၊ သည်နေရာသို့ ရောက်ရှိရန်၊ နှစ်ရက်ကြာ ခရီး ဆက်လာ ခဲ့ရသည်။

အကြောင်းမှာ မဟာမိတ် အဖွဲ့၏၊ တည်နေရာ ပြောင်း အစီအရင် များကို အသုံး မပြုလို ခြင်းကြောင့် ဖြစ်သည်။

နောက်သုံးရက် အကြာတွင်၊ သူတို့ နှစ်ဦး ရှေ့၌၊ သမုဒ္ဒရာကြီး တစ်စင်း ကန့်လန့် ပေါ်လာ တော့၏။

လမ်း တစ်လျှောက် တစ်စုံ တစ်ရာကို၊ ခံစားမိ သော်လည်း၊ ထိုအကြောင်းအား ထုတ် မမေး မိချေ။

လေးနာရီ အကြာတွင် ကျွန်းကြီး တစ်ကျွန်းအား သမုဒ္ဒရာ အလယ်၌ တွေ့ရှိ လာရသည်။

“ ဟမ့် ... လင်းယွန်၊ ဒီအဖိုးကြီးက နင့်ကို လိမ်နေတာ၊ ဒါ ရှေးဟောင်း ပျက်သုဉ်း နယ်မြေ ရဲ့၊ အရှေ့ ဘက် နယ်နိမိတ်ပဲ၊ ဗဟို ဒေသ မဟုတ်ဘူး၊ ... ”

“ ... ငါ ဓားဂိုဏ်းကို တစ်ခါမှ မရောက်ဖူး ပေမယ့်၊ ဒီနေရာမှာ မဟုတ် တာတော့ သေချာ တယ်။ ”

ခရမ်းငယ်က လင်းယွန် အတွေး ထဲမှ နေ၍ သံသယဖြင့် သတိပေး လာသည်။

“ စီနီယာ၊ ငါတို့ ဓားဂိုဏ်းကို မသွား ဖူးလား။ ”

“ မဆိုးဖူး ... ၊ မင်းတော်တယ်၊ ... ”

ဖုန်းကျွယ်က လေထဲ ရပ်လိုက်ပြီး၊ ကျွန်းကြီးထံ တစ်ချက် ကြည့်ကာ၊ ပြုံးလျက် ဖြင့်၊

“ ဒါက ပျက်သုဉ်းခြင်း နယ်မြေရဲ့ အရှေ့ဘက် နယ်နိမိတ်ပဲ၊ အပြာရောင် စံအိမ် လို့ခေါ်တယ်၊ အပြာရောင် စံအိမ်မှာ၊ ခရိုင် သုံးဆယ့် ခြောက်ခု ရှိတယ်၊ ခရိုင် တစ်ခု စီက၊ ... ”

“ ... မင်း လာတဲ့၊ အဆင့်နိမ့် နယ်မြေ တစ်ခု နီးနီး ကျယ်ပြော ပါတယ်၊ ဒီ ဒေသကို ကြိုးကြာ တစ်ထောင် မျှော်စဉ်၊ လေလွင့် နန်းတော်၊ ... ”

“ ... တိမ်လွှာ ဓားဂိုဏ်းနဲ့၊ အပြာရောင် မိုးကြိုး ဘုန်းကြီးကျောင်း တို့က အုပ်စိုးတယ်၊ သူတို့ လက်အောက်မှာ ဂိုဏ်းငယ်ပေါင်း ထောင် ဂဏန်း ရှိတယ်၊ ... ”

“ ... အခု ငါတို့ သွားနေတာ ... ၊ လျှပ်စီး တိမ်လွှာ ဓားဂိုဏ်း ကိုပဲ၊ ဆရာက မင်းကို ဓား ဂိုဏ်းဆီ မခေါ်ခင်၊ ဒီမှာ တစ်နှစ်လောက် နေစေ ချင်တယ်။ ”

“ စီနီယာရဲ့ ဆရာ ကလား ... ။ ”

လင်းယွန်က အံ့သြ သွား၏။ စီနီယာ ဖုန်းကျွယ် သည်ပင်၊ သန်မာ နေပြီမို့၊ သူ့ ဆရာ သာ ဆိုပါက၊ မည်သည့် အဆင့်၌ ရှိနေ မည်ကို၊ တွေးကြည့်၍ မရချေ။

တန်ခိုးရှင် တပါးသည် အမှန်ပင်၊ သူ့အား စိတ်ဝင်စား ခဲ့သည်လော။ မယုံ နိုင်စရာ ပေပင်။

( ဤနေရာ၌ အပြာရောင် စံအိမ် ဟူသည်၊ မြေယာ များစွာ ပိုင်ဆိုင်သော စံအိမ်ကြီး မျိုးကို ဆိုလို ချေ၏။ )

“ ဟား ဟား ဟား ... ၊ ငါ့ကို စီနီယာလို့ ခေါ်စရာ မလို ပါဘူး၊ မင်း ငါ့ကို ဖုန်းကျွယ် ဒါမှ မဟုတ်၊ အစ်ကို ဖုန်းကျွယ်လို့ ခေါ်နိုင်ပြီ။ ”

ဖုန်းကျွယ်က ပြုံးလိုက်ပြီး၊

“ ဆရာက ... ၊ မင်းကို တမင် အခက် တွေ့အောင် လုပ်နေတာ မဟုတ်ဘူး၊ သူ့မှာ အကြောင်း ပြချက် တစ်ခု ရှိတယ်။ ”

“ တောင်းပန် ပါတယ်၊ အစ်ကို ဖုန်း။ ”

ဓားဂိုဏ်းသည် သူ့ အတွက် ခက်ခဲသော အရာ များကို၊ ရည်ရွယ်ချက် ရှိရှိ ဖန်တီး ပေလိမ့် မည်ဟု၊ ယောင်၍ မျှပင် မထင်ချေ။ တစ်နှစ် ဟူသော အချိန်မှာ၊ အဆင် ပြေသည်။

***

All Chapters