လျှပ်စီး တိမ်လွှာ ဂိုဏ်း။
Vol. 78 Ch. 1089
ဖုန်းကျွယ်က တည်ငြိမ်စွာ တုန့်ပြန် လာသော လင်းယွန်ကြောင့်၊ အနည်းငယ် အံ့အား သင့် မိသည်။
အခြားသူ တစ်ဦး ဦးသာ ဆိုပါက၊ ယခု အချိန်တွင် စိတ်ပျက် သွားမည် ဖြစ်၏။ အဆုံး၌ ပါရမီရှင် ဟူသည်၊ မောက်မာ တက်ကြပြီး၊ သူတို့ အပေါ် ဓားဂိုဏ်းမှ၊ နိမ့်ချ ဆက်ဆံ သည်ဟု ထင်ကြ ပေလိမ့်မည်။
ထို့ကြောင့် ယင်းသို့ တုန့်ပြန် ပါက၊ ကိုင်တွယ်ရန် အစီစဉ် အချို့ကို ပြင်ဆင်ထား သော်လည်း၊ အသုံး မဝင် တော့ချေ။
လင်းယွန်၏ တည်ငြိမ်မှုက သူ့ကို အနည်းငယ် စိတ် မသက် မသာ ဖြစ်စေသည်။
“ ဘာ လို့ လဲ အစ်ကို ဖုန်း ... ။ ”
လင်းယွန်က ပြုံးလျက် ပြန်မေး လိုက်သည်။ ဖုန်းကျွယ် မျက်နှာမှာ တစ်ခုခုကို အစာ မကျေပုံ ရပေ၏။
“ ဘာမှ မဟုတ် ပါဘူး ... ၊ မင်းကို ဒီမှာ လာထား ရတဲ့ အကြောင်းရင်း နှစ်ခု ရှိတယ်၊ ပထမ အချက်က ... ၊ အရှေ့ဘက် ပျက်သုဉ်း ခြင်း နယ်နိမိတ်က၊ ... ”
“ ... ရှေးဟောင်း ပျက်သုဉ်းခြင်း ဗဟို နယ်မြေနဲ့ ဝေးတဲ့ အတွက်၊ ဘေးကင်းတာ သေချာတယ်၊ ကောင်းကင်ယံ ဂိုဏ်းက ဒီကို မရောက် နိုင်ဘူး၊ ပြီးတော့ ... ”
“ ... ဒီနေရာကို ခေါ်ဆောင် သွားလိမ့်မယ် လို့လည်း၊ သူတို့က ထင်ထား ကြမှာ မဟုတ်ဘူး၊ စစ်မက် နယ်မြေရဲ့ သခင်ငယ် တွေကို မင်းသတ် လိုက်တာ ကပ်ဘေးပဲ၊ ... ”
“ ... ဓားဂိုဏ်းက သူတို့ကို မကြောက် ပေမယ့်၊ တစ်ချိန်လုံး ခုခံပြီး၊ မင်းကို ကာကွယ် နေဖို့ ဆိုတာ မဖြစ် နိုင်ဘူး။ ”
ယင်းမှာ အဓိပ္ပါယ် ရှိသောကြောင့် လင်းယွန်မှ ခေါင်းညိတ် လိုက်သည်။ သခင်ငယ် များမှာ သူတော်စင် မျိုးနွယ် များမှ ဆင်းသက် လာ သည်ကို၊ သူ သိထားပြီး ဖြစ်၏။
၎င်းတို့မှ မျိုးဆက်တူ ကျွမ်းကျင် ပါရမီရှင် များကို စေလွှတ် ပါက၊ ပြဿနာ မဟုတ် သော် လည်း၊ မြေခွေး အိုကြီး များကို စေလွှတ်သော်၊ အနှောက် အယှက် ဖြစ်ရ ပေမည်။
“ အခြား နယ်မြေ တွေကို၊ ဂရု စိုက်စရာ မလိုပေမယ့်၊ ငရဲ နတ်ဘုရား နယ်မြေ သခင်ငယ် က၊ နည်းနည်း ဒုက္ခ ပေးနိုင်တယ်၊ ... ”
“ ... သူ့ အဖိုးက ကောင်းကင်ယံ ဂိုဏ်းရဲ့ မဟာ အကြီး အကဲပဲ၊ အဘိုးကြီး ကျင်းကြွယ်က သူ့ခွေး ဖြစ်တာ ကြောင့်၊ မင်းကို ငါ ခေါ်သွား တာ၊ ပြန်ကြားမှာ သေချာတယ်။ ”
အစ်ကို ဖုန်း၏ ဆိုလို ရင်းကို သူ နားလည် ပေသည်။ ငရဲ နတ်ဘုရား သခင်ငယ်၏ အဖိုး မဆိုနှင့်၊ သူ့ခွေး ကျင်းကြွယ် ကိုပင်၊ သူ မဆက်ဆံ နိုင်သေးချေ။
ဖုန်းကျွယ်က စကားဆက် မပြောမီ ခေတ္တရပ် လိုက်ပြီး၊
“ ဒါပေမယ့် ... ၊ အဲ့ဒီ ခွေးတွေကို မင်း ဂရုစိုက် နေစရာ မလို ပါဘူး၊ ဆရာနဲ့ ငါက မင်း အစား သူ့ကို ကိုင်တွယ် ပေးမယ်၊ ... ”
“ ... အခု ဒုတိယ အကြောင်း ရင်းကို ဆက်သွား ရအောင်၊ ဒီနယ်မြေရဲ့ ဥပဒေ သက၊ ပယင်း နယ်မြေနဲ့ မတူ တာကို၊ မင်း သတိထား မိတယ် မလား။ ”
သူက ပြုံးလျက် လင်းယွန်ကို၊ ရည်ရွယ်ချက် ရှိရှိ ပြန်ကြည့် လိုက်သည်။
“ ဟုတ်ကဲ့ ... ၊ ဒါကို ဘာလဲ ဆိုတာ မပြောနိုင် ပေမယ့်၊ အများကြီး ပြီးပြည့် စုံတယ် လို့တော့၊ ခံစားထား မိပါတယ်၊ ... ”
“ ... ဒီနေရာမှာ တာအို သဘော တရားတွေ ပြည့်နှက် နေတယ်၊ အထူး သဖြင့် ဓား တာအိုက ပိုပြီး ခမ်းနား ပုံရတယ်။ ”
ရက် အနည်းငယ် ကြာပြီးနောက်၊ ဤပတ်ဝန်း ကျင်နှင့် လိုက်လျော ညီထွေ ဖြစ် လာခဲ့သည်။
ခွန်လွန် ဘုံသို့ ခြေချ လိုက်စဉ်၊ ရောင်ဝါ သမုဒ္ဒရာရှိ မူလ စွမ်းအင်များ အေးခဲ သွားကာ၊ အပိုင်းပိုင်း ကွဲအက် ကုန်၏။ ထို့ကြောင့် သွေးသား စွမ်းအင်ကို အသုံးပြု ခဲ့ရသည်။
“ မှန်တယ် ... ၊ ဒီမှာ ကျင့်ကြံဖို့ ဆိုရင်၊ နည်းဆုံး ခြောက်လ လောက် လိုလိမ့်မယ်၊ ဒါက ခွန်လွန် ဘုံရဲ့ ဥပဒေ တွေနဲ့၊ အကျွမ်း တဝင် ဖြစ်ဖို့ အတွက်၊ စမ်းသပ်မှု တစ်ခုပဲ။ ”
“ ဓားဂိုဏ်းမှာ ... ၊ လုပ်လို့ မရ ဖူးလား ... ။ ”
လင်းယွန်မှ မေးလိုက် မိသည်။
“ မင်း တော်တယ်၊ ပါရမီရှင် အများ စုက၊ ခွန်လွန် ဘုံကို ရောက်တာနဲ့၊ တစ်နှစ် လောက် တံခါးပိတ် ကျင့်ကြံ ရလိမ့်မယ်၊ ဒါပေမယ့် သူတို့က အဲ့ဒီ တစ်နှစ် လုံးလုံး၊ ... ”
“ ... လိုက်လျော ညီထွေမှု ဖြစ်အောင် နေရုံက လွဲပြီး၊ ဘာမှ မလုပ် နိုင်ဘူး၊ ဒါက ငါပို ပြောတယ်လို့ မင်း ထင်ကောင်း ထင်လိမ့်မယ်၊ ခွန်လွန် ဘုံက လူတွေက ... ”
“ ... မွေးတည်းက ရှန်ရှင်း နယ်ပယ် မှာရှိတယ်၊ သုံးနှစ် အရွယ်ဆို၊ နက်နဲ နယ်မြေ၊ ဆယ်နှစ် ပြည့်ရင် ခရမ်းရောင် နန်းတော် နယ်မြေကို၊ အလိုလို ရောက်ရှိ လိမ့်မယ်၊ ... ”
“ ... အသက် ဆယ့်ငါးနှစ် မတိုင်မီ၊ ကောင်းကင် ဝိညာဉ် နယ်ပယ်ကို မရောက်ရင်၊ ကျင့်ကြံမှု လမ်း လျှောက်ဖို့၊ အရည် အချင်း မရှိဘူး။ ”
လင်းယွန်မှာ၊ မယုံကြည် နိုင်ချေ။ အသက် (၁၅) နှစ်၌ သူ့ အနေဖြင့် ရှန်ရှင်း နယ်ပယ်ကို၊ ကြားဖူးရုံ မျှသာ ရှိလေသည်။
ထို့ကြောင့် ခွန်လွန် ဘုံမှ လူငယ်များ၊ ရှန်ရှင်းဘုံနှင့် မွေးဖွားလာ သည်မှာ၊ မည်မျှ ကြောက်စရာ ကောင်းမည်ကို တွေးမရ တော့ချေ။
“ တကယ်ပဲ ကွာဟ ချက်က ကြီးမား တာကိုး ... ။ ”
လင်းယွန်က ရေရွတ် လိုက်သည်။ ဓား ဂိုဏ်းသည် ထူးချွန် ထက်မြက်သူ များပြားသော၊ သာလွန် ဂိုဏ်းကြီး တစ်ဂိုဏ်း ဖြစ်သည်။
သူ့ အသက် အရွယ်၌၊ အင်ပါ ရီယန် သို့မဟုတ်၊ သည့်ထက် ပို၍ပင် မြင့်မား နေကြ ပေ လိမ့်မည်။
ထိုသူများ နှင့်အတူ၊ သွားရောက် ကျင့်ကြံ ရန်မှာ၊ သဘာဝ အတိုင်း မဖြစ် နိုင်ချေ။ ဤနှစ် အတွင်း ၎င်းတို့အား အမီ လိုက်ရန် လိုသည်။
“ အဲဒါက မွေးဖွားရာ ပတ်ဝန်း ကျင်နဲ့၊ သတ်ဆိုင် ပါတယ်၊ နိမ့်ကျတဲ့ နယ်မြေရဲ့ တာအို သဘော တရား တွေက မပြည့် စုံဘူး၊ ... ”
“ ... ဒါကြောင့် မင်းတို့ရဲ့ အလား အလာ အပြည့် အဝကို မတူးဖော် နိုင်တာပဲ၊ ခွန်လွန်ဘုံ လူငယ် တိုင်းက၊ ... ”
“ ... အင်ပါ ရီယန် နယ်ပယ်ကို၊ အသက် နှစ်ဆယ် မတိုင်မီ၊ ရောက်ရှိ နေကြပြီ၊ ငါတို့ရဲ့ ဆရာက မင်းကို ဓားဂိုဏ်းမှာ၊ ... ”
“ ... တံခါးပိတ် ကျင့်ကြံ မနေစေ ချင်တဲ့ အကြောင်း ရင်းက၊ ဒီတစ်နှစ်က မင်း အတွက် အလွန် အရေး ကြီးတယ်၊ ဒီနှစ်ကို မဖြုန်းတီး စေချင်ဘူး။ ”
ဖုန်းကျွယ်က ကျွန်း ဆီသို့ ဆက်၍ ထွက်ခွာလာ ခဲ့သည်။ ထိုရှင်းပြချက် များကို ကြား ပြီးနောက်၊ လင်းယွန် တစ်ယောက် နားလည် သွား၏။
တစ်နှစ် အတွင်း၊ ဤသို့ ဝေးလံ ခေါင်ဖျားသော အရပ်မှ နေ၍၊ ခွန်လွန် ဘုံ၏ ပါရမီရှင် များကို အမီလိုက် စေလိုပုံ ရသည်။
“ လျှပ်စီး တိမ်လွှာ ဂိုဏ်းကို မင်း လျှော့ မတွက်နဲ့၊ သူက ဓားဂိုဏ်းရဲ့ ပြင်ပ အင်အားစု တစ်ခုပဲ၊ အမာခံ တပည့် တွေက၊ ... ”
“ ... အင်ပါ ရီယန် နယ်မြေမှာ၊ တစ်နှစ် အတွင်း မင်း သူတို့ကို အမှီ မလိုက် နိုင်ရင်တော့ ဓားဂိုဏ်းကို လာစရာ မလို တော့ဘူး။ ”
ဖုန်းကျွယ်မှ လင်းယွန်အား ပြုံးပြပြီး၊ ပြတ်သားစွာ ဆိုသည်။ ယင်းမှာ စမ်းသပ်မှု တစ်ခု ဖြစ်ကြောင်း၊ လင်းယွန်မှ နားလည် ၏။
အစ်ကို ဖုန်း၏ ဆရာမှာ၊ သူ့အား ပြင်ပ တပည့် အဖြစ်သာ သတ်မှတ်လို ပါက၊ ဤသို့ သော ဒုက္ခကို ဖြတ်ကျော် ခိုင်းမည် မဟုတ်ချေ။ သူ့ အပေါ် များစွာ မျှော်လင့် နေပုံ ရသည်။
“ အစ်ကို ဖုန်း ပြောတာ မှန်တယ်၊ တစ်နှစ် အတွင်း၊ ဒီက လျှပ်စီး တိမ်လွှာ ဂိုဏ်းရဲ့ အမာခံ တပည့် တွေကို၊ မလိုက် မီရင် ဓားဂိုဏ်းကို ငါက ဘာသွား လုပ်စရာ ရှိတော့ မှာလဲ။ ”
-ဟု မတုန် မလှုပ် ပြန်ဖြေ လိုက်သည်။
“ ဒါဆို ... မင်း သတိ ထားပါ၊ လျှပ်စီး တိမ်လွှာ ဂိုဏ်းမှာ၊ ဓားဂိုဏ်း ဝင်ခွင့် အတွက် ခွဲတမ်း ရှိတယ်၊ မင်း သူတို့ကို လိုက်မမီ နိုင်ရင် ပြဿနာ ဖြစ်သွား လိမ့်မယ်။ ”
သည့်နောက် ဖုန်းကျွယ်မှာ၊ ပြုံးလျက် တိတ်ဆိတ် သွားတော့သည်၊ လျှပ်စီး တိမ်လွှာ ဓားဂိုဏ်း၏ တပည့် များကို၊ တစ်နှစ် အတွင်း အမီ လိုက်ရန်၊ မဖြစ် နိုင်ကြောင်း သူ သိသည်။
ထို့ကြောင့် နောက်နှစ် ဤအချိန်တွင်၊ လင်းယွန် ခံစား ရမည့် တုန်လှုပ် ချောက်ချား မှုများ အတွက်၊ မှန်းဆ နေမိ၏။
လင်းယွန်က ကျယ်ပြော လှသော ကျွန်းကြီးကို လှမ်းကြည့်ကာ၊
“ ဝေးပုံ မပေါ် ပါဘူး၊ အဲဒီကို ရောက်ရင်တော့ ဘယ်လောက်ထိ ကျယ်မလဲ ဆိုတာ သိရမယ် ထင်တယ်။ ”
“ သိပ်ကြီးလှ တယ်တော့ မဆိုသာ ပါဘူး၊ သူက ရှေးဟောင်း ပျက်သုဉ်းခြင်း နယ်မြေရဲ့၊ ဆယ်ပုံ ပုံ သုံးပုံပဲ ရှိတယ်။ ”
ဖုန်းကျွယ်မှ မြင်သာ စေရန်၊ နှိုင်းယှဉ် ပြလိုက်သည်။ အပြာရောင် စံအိမ် ဟူသည်မှာ၊ ရှေးဟောင်း ပျက်သုဉ်း နယ်မြေ၏၊ နယ်နိမိတ် ဖြစ် သောကြောင့်၊ ရေနှင့် ထိစပ် နေသည်။
၎င်းစံအိမ်၌ အထင် ကရ၊ ဂိုဏ်းငယ် လေးဂိုဏ်း ရှိပြီး၊ ကျန်ဂိုဏ်း များမှာ မိစ္ဆာ လမ်းစဉ်ကို ကျင့်ကြံ ကြသော ဂိုဏ်းများ ဖြစ်သည်။
အပြာရောင် စံအိမ် တစ်ခုလုံး၊ ပဋိပက္ခ များဖြင့်၊ အမြဲတမ်း တောက်လောင် နေတက် ပြီး၊ ဂိုဏ်း လေးဂိုဏ်းမှာ၊ အဆိုးဆုံး ဖြစ်သည်။
ထို့ပြင် အသန် မာဆုံး ဟူသော ဂုဏ်ပုဒ်ကို လုယူချင် နေသည့် ဂိုဏ်းငယ် အချို့လည်း ရှိနေ ပေ၏။
ဖုန်းကျွယ်၏ အကြင်းဖျင်း ရှင်းပြချက် များကို နားထောင် ပြီးနောက်၊ နယ်မြေ ဒေသ အပေါ်၊ နားလည် လာသည်။
ဤဒေသအား ရှေးဟောင်း ပျက်သုဉ်း နယ်မြေ၏ ကျေးလက် အဖြစ် ယူဆ နိုင်သည်။ ကုန်းမြေနှင့် သမုဒ္ဒရာ အကြား နယ်မြေ တစ်ခု ဖြစ်၏။
တစ်နှစ် ပတ်လုံး မြူခိုးများ ဖုံးလွှမ်း နေသည့်၊ သမုဒ္ဒရာ ရေပြင်၌၊ ကျွန်း အများ အပြား ရှိပြီး၊ ၎င်းတို့အား အပြာရောင် စံအိမ်မှ၊ ထိန်းချုပ် ရလေသည်။
ထို့ကြောင့် လျှပ်စီး တိမ်လွှာ ဂိုဏ်း၏ နယ်မြေတွင်၊ ကျွန်းငယ် များနှင့် ပြည့်နှက် နေရ ပေ၏။
“ လျှပ်စီး တိမ်လွှာ ဂိုဏ်းရဲ့ စောင့်ကြည့်မှု အောက်မှာတောင်၊ လူ တော်တော် များများက၊ အသတ်ခံ နေရ တုန်းပဲ၊ ဒါကြောင့် မင်း သတိ ထားရမယ်။ ”
လင်းယွန် နှင့်အတူ ကျွန်းပေါ် ဆင်းလိုက်ပြီး၊ ဖုန်းကျွယ်မှ ပြောကြား သည်။ လျှပ်စီး တိမ်လွှာ ဂိုဏ်းမှာ၊ ကျွန်း မြောက်ဘက် အစွန် ဆုံးတွင် တည်ရှိသည်။
ရာနှင့် ချီသော တောင်တန်းများ ပါရှိပြီး၊ တောင်ထွတ်ဖျား များမှာ၊ တိမ်တိုက် အတွင်းသို့ တိုးဝင် ပျောက်ကွယ် နေ၏။
အဝေးမှ ကြည့်ရုံ ဖြင့်ပင်၊ မရေ မတွက် နိုင်သော အဆောက် အအုံ များနှင့်၊ လူများကို မြင်နေ ရသည်။
ထို့စဉ် ငွေရောင် အဆင်းနှင့် တောင်တန်း ကြီး တစ်ခုကို သတိထား မိလိုက်၏။ ၎င်းတွင် ကောင်းကင် လမ်းထက် မနိမ့် ကျသော ဝိညာဉ် စွမ်းအင်များ ရစ်သိုင်း နေသည်။
ထို့ထက် ပို၍ စိတ်ဝင်စား စရာ ကောင်း သည်မှာ၊ ရေတံခွန် ကဲ့သို့ ကောင်းကင်မှ ဓား ရည်ရွယ် ချက်များ၊ ပြိုကျ နေခြင်း ဖြစ်၏။
ဤသို့သော မြင်ကွင်းမျိုး တစ်ကြိမ် မှပင်၊ မမြင် ဖူးချေ။
“ ဒါက လျှပ်စီး တိမ်လွှာ ဂိုဏ်းရဲ့၊ ဓား သူတော်စင် တောင်ပဲ၊ အကြီး အကဲ တွေတောင် တက်ရောက်ခွင့် မရှိဘူး၊ အထူး ချွန်ဆုံး အမာခံ တပည့် တွေသာ၊ တက်ရောက်ခွင့် ရှိတယ်။ ”
ထိုနေရာ ၌သာ ကျင့်ကြံခွင့် ရပါက၊ လင်းယွန် တစ်ယောက် ဓား တာအို၌ ကျိန်းသေ အောင်မြင်မှု ရရှိ ပေမည်။
“ လျှပ်စီး တိမ်လွှာ ဂိုဏ်းမှာ ... ၊ အမာခံ တပည့် တစ်ရာ ရှိတယ်၊ အားလုံး အင်ပါ ရီယန် နယ်မြေတွေ ချည်ပဲ၊ ... ”
“ ... အတွင်း တပည့် သုံးထောင်နဲ့၊ ပြင်ပ တပည့် တစ်သောင်း ရှိတယ်၊ အတွင်း တပည့် တွေရဲ့ ကျင့်ကြံမှုက၊ အနည်းဆုံး သတ္တမ ကောင်းကင်ပဲ ... ။ ”
ဖုန်းကျွယ်မှာ ဂုဏ်ယူ နေသော အသံဖြင့်၊ မိတ်ဆက် စကားကို တသွင်သွင် ပြောပြ နေခဲ့ သည်။
၎င်းသည် ဓား ဂိုဏ်း၏ ပြင်ပ အင်အားစု တစ်ခု မျှသာ ဖြစ်သော်လည်း၊ ပယင်း နယ်မြေ တစ်လုံးထက် သာချေ၏။
“ လာ သွား ရ အောင် ... ။ ”
များမကြာခင် ဓား ရည်ရွယ် ချက်ဖြင့် ပြုလုပ် ထားသော အတား အဆီး တစ်ခု ရှေ့သို့ ရောက်ရှိ လာသည်။
“ ဒီအစီရင်ကို ... ၊ သူတော်စင် ရူရ် ထောင်ဂဏန်းနဲ့ ဖန်တီး ထားတယ်၊ ငါတို့ရဲ့ ဆရာက လွဲလို့၊ ဘယ်သူ့ အတွက် မဆို၊ ဒါက သေမင်းပဲ။ ”
ကျောက်စိမ်းပြား တစ်ခုအား၊ အတား အဆီးထံ ပြလျက်၊ လမ်းကြောင်း တစ်ခု ဖွင့်ရန် တောင်းဆို လိုက်သည်။
အတား အဆီး ထဲသို့ ခြေချ မိသည်နှင့်၊ အလွန် သိပ်သည်းသော ဝိညာဉ် စွမ်းအင်ကို ခံစား မိ၏။ အစီရင် မည်မျှ အစွမ်းထက် ကြောင်း၊ နားလည် လိုက်သည်။
“ မင်္ဂလာပါ ... စီနီယာ ဖုန်းကျွယ်၊ ဂိုဏ်းချုပ်က ဒီကနေ စောင့်ကြိုဖို့ ... ၊ ငါ တို့ကို အကြောင်း ကြားထား ပါတယ်။ ”
ခရမ်းရောင် ဝတ်ဆင် ထားသော မိန်းကလေး တစ်ဦး၊ ရုတ်တရက် ထွက်ပေါ် လာပြီး၊ နှုတ်ဆက် စကား ဆို၏။ သူမ နောက်တွင် လူငယ် အချို့ ပါရှိ လေသည်။
“ ငါတို့ မတွေ့တာ ကြာပြီနော် ... ၊ မင်း ကောင်းကောင်း ကျင့်ကြံနေ ပုံပဲ၊ ဒီမှာ သူ့ကို ကောင်းကင် လမ်း ကနေ၊ ငါ ခေါ်လာတာ၊ ... ”
“ ... သူ့ အတွက် နေစရာ လုပ်ပေး လိုက်ပါဦး၊ မင်းရဲ့ ဂိုဏ်းချုပ်ကို ငါ သွားတွေ့ လိုက်ဦးမယ်။ ”
ဖုန်းကျွယ်က ပြုံးလျက်၊ ခရမ်းရောင် ဝတ်ဆင် ထားသည့်၊ ထို မိန်းကလေးအား ရင်းရင်း နှီးနှီး နှုတ်ဆက်ကာ၊ လင်းယွန်ထံ လှည့်၍၊ မိတ်ဆက် ပေးလိုက်သည်။
လင်းယွန်မှာ ကောင်းကင် လမ်းမှ လာ သည်ကို သိလိုက် ရချိန်၌၊ လူတိုင်း စိတ်ဝင် တစားဖြင့်၊ ပြန်ကြည့် လာတော့သည်။
***