← Chapters

အရင်း အမြစ်များ။

Vol. 78 Ch. 1090

အရင်း အမြစ်များ။

Vol. 78 Ch. 1090

သူတို့ အားလုံးမှာ၊ ကောင်းကင် လမ်းကို ရင်းနှီး ထားကြ သောကြောင့်၊ နားလည်သဘော ပေါက် ပေသည်။

အင်အားကြီး ဂိုဏ်း အများ စုသည် တပည့်များ စုဆောင်းရန် ကောင်းကင် လမ်းသို့ သွားကြ၏။

ကောင်းကင် လမ်း ဟူသည်၊ နိမ့်ကျသော နယ်မြေ၏ ပါရမီရှင်များ အတွက် ခွန်လွန် ဘုံသို့ လာရန် လမ်း ဖြစ်ပေသည်။

၎င်းတို့ အတွင်းမှ လူငယ် အချို့မှာ၊ ခွန်လွန်ဘုံတွင် ကျော်ကြား လာတက်သော သာဓကများ ရှိချေ၏။

သို့သော် ထိုကဲ့သို့ ဒဏ္ဍာရီလာ ပုဂ္ဂိုလ် များသည် ဓား ဂိုဏ်းသို့ တိုက်ရိုက်သွား ကြ သည်။

လျှပ်စီး တိမ်လွှာဂိုဏ်းထံ လာရောက် နေစရာ အကြောင်း မရှိချေ။ ဓား ဂိုဏ်းမှ ပို့ခဲ့ လျှင်ပင် ငြင်းဆန်ကာ အခြား အင်အားကြီး ဂိုဏ်း များသို့ သွားနိုင်သည်။ ဆိုလို သည်မှာ ဤလူငယ်အား မည်သူမျှ အလို မရှိခဲ့ပုံ ရ၏။

“ မင်း သူတို့နဲ့ လိုက်သွားပါ၊ ငါ ဂိုဏ်းချုပ်နဲ့ တွေ့စရာ ရှိသေးတယ်။ ”

ဖုန်းကျွယ်က ခေါင်းညိတ် ပြပြီး ကောင်းကင်ပေါ် ခုန်တက် သွားသည်။ များ မကြာမီ နန်းတော် တစ်ခုထံ ဦးတည် နေသော ဖုန်းကျွယ် ပုံရိပ် ပျောက်ကွယ် သွားတော့ ၏။

ဖုန်းကျွယ်ကို နှုတ်ဆက် ဂါရဝ ပြုရန် ရောက်ရှိ လာသော တပည့် များမှာ အံ့သြခြင်း များဖြင့် ပြည့်နှက် သွားသည်။

၎င်းသည် ဓားဂိုဏ်းမှ လာခြင်း ဖြစ်ပြီး၊ အထင်ကြီး စရာ ကောင်းသော ဆရာ တစ်ဦး သည်လည်း၊ ရှိပေသည်။

“ ဒီလင်းယွန်က ... ၊ သိုင်း ညီအစ်ကိုနဲ့၊ ညီအစ်မ တွေကို နှုတ်ဆက် ပါတယ်။ ”

လင်းယွန်က လက်ဝှေ့ ယမ်းကာ ပြုံးလျက် နှုတ်ဆက် လိုက်သည်။

“ ယဲ့ ဇီ လင် ... ။ ”

ခရမ်းရောင်ဝတ် မိန်း ကလေးက မျက်ခုံး ပင့်ပြီး တုန့်ပြန် လာသည်။ ဤလင်းယွန်မှာ ပဉ္စမ ကောင်းကင် ၌သာ ရှိသဖြင့်၊ ကောင်းကင် လမ်း၏ ထိပ်ဆုံး (၁၀၀) အဆင့်သို့ ဝင်နိုင်ဟု မထင် မိ၏။

စီနီယာ ဖုန်းကျွယ်မှာ၊ အဘယ်ကြောင့် ဤနေရာသို့ လင်းယွန်ကို ခေါ်လာရ သည်ကို၊ နားမလည် နိုင်တော့ ချေ။ အဆက် အသွယ် ကောင်းကောင်း ရှိနေပုံ ရသည်။

လျှပ်စီး တိမ်လွှာ ဂိုဏ်းမှာ၊ သည်နှစ်များ တစ်လျှောက် ကျဆင်းလာ သော်လည်း၊ ဤသို့ ကြုံရာ ကျပန်း လူများကို လက်ခံ ရမည့် အဆင့်မျိုး မဟုတ် သေးချေ။

ယင်သို့ ထင်မြင် ယူဆမိ ပြီးနောက်၊ ခရမ်းရောင် ဝတ် မျိုးကလေး၏ မျက်လုံး များ၌၊ ဒေါသ ရောင်များ တလက်လက် ထလာသည်။

“ ငါတို့ကို ... ၊ သိုင်းမောင်နှမ တွေလို့ ခေါ်ရအောင်၊ စောလွန်းပါ သေးတယ်၊ လျှပ်စီး တိမ်လွှာ ဂိုဏ်းက ဂိုဏ်းကြီး တွေကို၊ မယှဉ် နိုင် ပေမယ့်၊ ကြုံရာ လူ တွေကို လက်ခံတဲ့ အဆင့် မှာ မရှိသေး ပါဘူး၊ ဂျူနီယာ မောင်လေး ဖုန်း၊ သူ့ကို ခေါ်သွား ပေး လိုက်ပါ။ ”

စကားဆုံး သည်နှင့်၊ ယဲ့ဇီလင်က လှည့်ထွက် သွားသည်။ တာဝန် လွှဲအပ် ခံရသော ဖုန်ကျန်း အမည်ရှိ တပည့်က၊ လင်းယွန်ကို ကြည့်ကာ၊

“ သခင်လေး လင်း၊ ကောင်းကင် လမ်းမှာ မင်းရဲ့ အဆင့်က ဘယ် အဆင့်ထိ ရောက်ခဲ့လဲ၊ ခရမ်းရောင် အဆင့် မှာလား။ ”

-ဟု မေးမြန်း လေသည်။

“ မဟုတ် ပါဘူး ... ။ ”

လင်းယွန်က ခေါင်းရမ်း ပြလာ သဖြင့်၊ လူတိုင်း၏ မျက်နှာများ ပြောင်းလဲ သွားသည်။ အထင် အမြင် သေးမှုများ နှင့်အတူ၊

“ ဒါဆို အဖြူရောင် အဆင့် မှာလား။ ”

-ဟု ထပ်မေး လာ၏။

“ မ ဟုတ် ပါ ဘူး။ ”

လင်းယွန်၏ ငြင်းဆန် မှုကြောင့်၊ လူတိုင်း အထင်သေး ကုန်ကြပြီး၊ စိတ် ၀င်စားမှု မရှိတော့ ချေ။

“ မင်းက ... အဖြူရောင် အဆင့် မှာတောင် မရှိ တာကို၊ ငါက ဘာလို့ မင်းကို လိုက်ပို့ ပေးရ မှာလဲ။ ”

ဖုန်ကျန်းက စကားကြောင့်၊ လင်းယွန်မှ စကား တစ်ခွန်းမှ မပြော တော့ဘဲ၊ ဤလူငယ် အပေါ်၊ မှတ်သားထား လိုက်သည်။

“ စီနီယာ ဖုန်းကျွယ်နဲ့ လာတဲ့ အတွက်၊ မင်းကို ထက်မြက်တဲ့ ပါမီရှင် ဖြစ်လိမ့် မယ်လို့ ငါ ထင်ခဲ့တာ၊ ဒါပေမယ့် ... ငါ့ အထင် မှားသွား ပုံပဲ၊ ဂျူနီယာ ညီလေး လျူ၊ မင်း သူ့ကို သူနေရမဲ့ အိမ်ဆီကို ခေါ်သွား ပေးလိုက်ပါ။ ”

ဖုန်ကျန်းက နှာခေါင်း ရှုံလျက်၊ လူအုပ် အတွင်း ဝေ့ကြည့်ကာ၊ ဆိုလိုက် တော့သည်။ နာမည် အခေါ် ခံရသော လူငယ်က၊ သူ့ဘေးရှိ လူငယ်ထံ ငဲ့ကြည့်ကာ၊

“ ဂျူနီယာ ညီလေး ပိုင်၊ မင်း သူ့ကို တာဝန်ယူ လိုက်ပါ၊ အခု ငါ့မှာ ကိစ္စလေး တစ်ခု ပေါ်လာလို့ ... ။ ”

ဤနည်းဖြင့် တစ်ဦးပေါ် တစ်ဦး၊ အဆင့်ဆင့် လွှဲပြောင်းကာ၊ အဆုံးတွင် မိန်းကလေး တစ်ဦး သည်သာ ကျန်ရစ်ခဲ့ တော့သည်။

“ စီနီယာ ညီမ ဝမ်၊ မင်းပဲ တာဝန်ယူ လိုက်ပါ။ ”

လင်းယွန်က မိန်းကလေးကို ကြည့်မိ၏။ အသက် အရွယ်မှာ၊ (၁၇- ၁၈) ခန့်သာ ရှိပြီး၊ အတွေ့ အကြုံ များစွာ ရှိပုံ မရချေ။

“ ငါ ငါ … ။ ”

ထိုမိန်းကလေးက လင်းယွန်ကို ရှက်ကိုး ရှက်ကန်းဖြင့် ကြည့်သည်။ ယခု ကဲ့သို့ လူစိမ်း တစ်ဦးအား၊ တစ်ကြိမ် တစ်ခါမျှ ကြိုဆို ဖူးပုံ မရချေ။

“ ခစ် ခစ် ခစ် ... ၊ လင်းယွန် ... ၊ နင့်ကို သူတို့က တကယ်ပဲ အထင်သေး နေကျ တာပဲ၊ ငါ့ကို ဒီလို ပုံစံ နဲ့သာ ဆက်ဆံ လာရင်၊ သတ်ပစ် လိုက်တာ ကြာပြီ ... ။ ”

ခရမ်းငယ် အသံက ထွက်ပေါ် လာ၏။

“ စီနီယာ အစ်မ၊ ငါ မင်းကို ဘယ်လို ခေါ်ရ မလဲ။ ”

လင်းယွန်က ပြုံးကာ မေးလိုက်သည်။ ဤမိန်းကလေးမှာ အသက် အရွယ် အရ၊ ငယ်လှ သော်လည်း၊ အင်ပါ ရီယန် တစ်ပါး ဖြစ်နေသည်။

“ ငါနာမည် ဝမ်ယုဝါ ပါ၊ ဂျူနီယာ မောင်လေးက တကယ်ပဲ ကောင်းကင် လမ်းက လာတာလား။ ”

ကောင်းကင် လမ်း ဟူသည်၊ ခွန်လွန် ဘုံ၌ ဒဏ္ဍာရီ ဆန်လှ သောကြောင့်၊ ၎င်းကို သဘာဝ အတိုင်း၊ ဝမ်ယုဝါက သိချင် နေခဲ့သည်။

“ ဟုတ်ပါတယ်၊ သိချင်တာ တစ်ခု ခုများ ရှိလို့လား။ ”

နှစ်ဦးသား စကား စမြည် ပြောလျက်၊ လမ်းလျှောက် လာခဲ့သည်။ ဝမ်ယုဝါမှာ အမေး သမား ဖြစ်ပြီး၊ အံ့အားသင့် နေချေ၏။

“ စီနီယာ အစ်မ ယုဝါ၊ မင်း အရင်က ဂိုဏ်း ကနေ မထွက်ခွာ ဖူးဘူးလား။ ”

လင်းယွန်က သူသိ လိုသည်ကို၊ မေးမိ၏။

“ အမ် ... ၊ ဂျူနီယာ မောင်လေး ယွန်က၊ အဲဒါကို ဘယ်လိုလုပ် သိနေ တာလဲ။ ”

“ သိတာပေါ့ ... ၊ မင်းမှာ သွေးညှီနံ့ မရှိဖူး စီနီယာ အစ်မ။ ”

လင်းယွန်က ပြုံးကာ ပြန်ဖြေသည်။ ဝမ်ယုဝါမှာ သူ့ စကားကြောင့် ခေါင်းညိတ် လိုက်ပြီး၊

“ ငါ ... လူသတ် ရတာကို မကြိုက်ဘူး၊ စီနီယာ အစ်မ ယဲ့က၊ မကြိုက်ရင် မလုပ် နဲ့တဲ့၊ ဒါပေမဲ့ အစ်မက ပြီးခဲ့တဲ့ နှစ်တွေမှာ၊ ခက်ခဲ ခဲ့တယ်၊ ငါ တစ်ခုခု ကူညီပေး ချင်တယ် … ။ ”

“ ဒါဆို ... ဒီဂျူနီယာလေး လင်းယွန်က၊ စီနီယာ အစ်မ ဝမ်ကို ကူညီ နိုင်ပါတယ်။ ”

“ တကယ်လား ... ။ ”

“ တကယ်ပါ၊ ကျင့်ကြံ မှုမှာ ကူညီဖို့၊ ငါ မတတ် နိုင်ပေမယ့်၊ ရန်သူ တွေနဲ့ ရင်ဆိုင် ရတဲ့ အခါ၊ စီနီယာ အစ်မ အတွက် အကူအညီ ရတဲ့၊ သတ်ဖြတ်ခြင်း ရည်ရွယ် ချက်ကို နည်းလည် လာအောင်၊ ကူညီပေး နိုင် ပါတယ်။ ”

လင်းယွန်မှ ပြုံးကာ ဆိုလိုက်သည်။

“ ဂျူနီယာ မောင်လေး၊ နင်က လူတွေ အများကြီး သတ်ခဲ့ တာလား။ ”

ဝမ်ယုဝါမှာ မျက်လုံး ပြူးသွားသည်။

“ ကောင်းကင် လမ်းကို ဖြတ်ရတဲ့ ... ၊ လူတိုင်းက လက်ကို သွေးနဲ့ ဆေးပြီးမှ လမ်းဆုံး ရောက်ရတယ်၊ ငါလည်း ခြွင်းချက် မရှိ ပါပဲ။ ”

လင်းယွန်က သက်ပြင်းချကာ ပြန်ဖြေသည်။ ပြီးခဲ့သော တစ်နှစ် အတွင်း သူသတ် ခဲ့သည့် လူ အရေ အတွက်မှာ၊ လူတိုင်းထက် ကျော်လွန် နေမည်ဟု ယုံကြည်သည်။

ကောင်းကင် လမ်းသည် ကြမ်းတမ်း လှပေ၏။ ရှင်သန်ရန် အတွက် သတ်ရ ပေမည်။ မသတ် လိုက သေမည် ဖြစ်၏။

လင်းယွန် ထံမှ သွေးဆာသော အငွေ့ အသက် အချို့ကို ရုတ်တရက် ခံစား လာရ သဖြင့်၊ ဝမ်ယုဝါ ခမျာ ထိတ်လန့် သွားသည်။

ဂိုဏ်းမှ အကြီးအကဲ များစွာပင်၊ မယှဉ် နိုင်သည့်၊ သွေးညှီနံ့ မျိုး ပေပင်။ ထို့ကြောင့် မျက်ဝန်းများ တောက်ပ လာပြီး၊

“ အားတဲ့ အချိန် တွေမှာ၊ ငါ့ကို သင်ပေးပါ။ ”

-ဟု ပြုံးလျက် တောင်းဆို လာတော့သည်။

“ အချိန် မရွေး ပါပဲ။ ”

“ ကျေးဇူး တင်ပါတယ်။ ”

“ ဟား ဟား ဟား၊ ငါကသာ စီနီယာ အစ်မကို ကျေးဇူးတင် ရမှာပါ၊ အင်ပါ ရီယန် တစ်ပါးက ဒီက ဂျူနီယာ အတွက် လမ်းပြ ပေးနေတာ မဟုတ်လား။ ”

လင်းယွန် စကားကို ကြားသော အခါ၊ စောစောက ဖြစ်ပျက် ခဲ့သည့်၊ အဖြစ် အပျက် များ အတွက်၊ မကျေ မနပ် ဖြစ်နေ သေး သည်ဟု၊ နားလည် လိုက်သည်။ ထို့ကြောင့်၊

“ ဂျူနီယာ မောင်လေး ... ၊ နင် ... စီနီယာ အစ်မ ယဲ့ကို စိတ်မဆိုး ပါနဲ့၊ ပုံမှန်ဆို သူမက အချိန်ပြည့် ကျင့်ကြံ နေတဲ့ လူပါ၊ ... ”

“ ... စီနီယာ ဖုန်းကျွယ် ရောက်ရှိလာ လို့သာ ထွက်လာ ပေးတာ၊ သူက အရမ်း မာနကြီးတယ်၊ အဲဒီ တုန်းက ကတိ ကြောင့်သာ မဟုတ်ရင် ... ”

“ ... အခုချိန် ဓားဂိုဏ်းကို သူ ရောက်နေ လောက်ပြီ၊ စီနီယာ အစ်ကို ဖုန်ကျန်းနဲ့ ကျန်တဲ့ သူတွေ ကတော့၊ နည်းနည်း လွန်လွန်းတယ် ဟမ့် …။ ”

လျှပ်စီး တိမ်လွှာ ဓားဂိုဏ်း၏ အမာခံ တပည့်များ အနေဖြင့်၊ မောက်မာ ကြသည်မှာ သဘာဝ ပေပင်။

ထိုပြင် လင်းယွန်၏ ကျင့်ကြံ မှုမှာ၊ ကောင်းကင် ဝိညာဉ် နယ်ပယ် ၌သာ ရှိသဖြင့်၊ ပို၍ ဆိုးချေသည်။

လင်းယွန် အနေ ဖြင့်လည်း၊ ၎င်းတို့က ခရမ်းနှင့် အဖြူရောင် အဆင့် ကိုသာ မေးခဲ့ သဖြင့်၊ ချန်ပီယံ ဖြစ်ခဲ့ သည်အား၊ ထုတ်ပြော စရာ မလိုဟု ထင်သည်။

ဖုန်ကျန်းသာ ယင်းကို သိပါက၊ သေသည် အထိ ကြောက်သွား ပေလိမ့်မည်။ များမကြာခင် လေ တည်းခိုဆောင်သို့ နှစ်ယောက်သား ရောက်ရှိ လာသည်။

တည်ခိုဆောင် အနောက်တွင် သင့်တင့် လျောက် ပတ်သော မြေကွက်လပ် တစ်ခု ရှိပြီး၊ ၎င်းနောက်၌ ရေကန် တစ်ကန် ပါရှိ လေသည်။

“ ဒီနေရာက နည်းနည်းတော့ ခေါင်တယ် ... ၊ လက်ရှိ ဂျူနီယာ မောင်လေးကို ဂိုဏ်းက အဆင့် မသတ်မှတ် ရသေး လို့၊ ... ”

“ ... ဒီမှာပဲ လောလောဆယ် နေနှင့် ပါဦး၊ စိတ် မကောင်း ပါဘူး၊ ငါတို့ ဂိုဏ်းရဲ့ စည်းမျဉ်း တွေက အရမ်း တင်းကျပ်တယ်၊ ”

ဝမ်ယုဝါက အာနာစွာ ဆိုသည်။

“ အဆင်ပြေ ပါတယ်၊ ဒီနေရာက တော်တော် ကောင်းတယ်။ ”

လင်းယွန်မှ ပြုံးလျက် တုန့်ပြန် သည်။ တိတ်ဆိတ် လွန်းသည့် အတွက်၊ သဘောကျ ပေ၏။

“ ငါ သွားတော့မယ်၊ အနား ယူပါ ... ၊ ဒါပေမယ့် ကတိကို သတိ ရပါ၊ ဂိုဏ်းမှာ အခြေ တကျ ဖြစ်တာနဲ့၊ ငါ ပြန်လာ ရှာမယ်။ ”

“ ကောင်း ပါ ပြီ၊ လာခဲ့ပါ။ ”

လင်းယွန်က ခေါင်းညိတ် လိုက်သည်။ ဝမ်ယုဝါ ပုံရိပ် ပျောက်ကွယ် သွား သည်နှင့် ခရမ်းငယ် အသံက ထွက်ပေါ် လာ၏။

“ မင်း ... အရိုင်း အစိုင်းလေး၊ မင်းက တကယ့်ကို အရှက်မဲ့ တာပဲ။ ”

“ အခုမှ သိတာလား ... ။ ”

“ ဟမ့် ... ဓားသုတ္တန်ရဲ့၊ သောဠ သမ အဆင့်ကို မြန်မြန် ဖြတ်ကျော်ပြီး၊ မြင့်မြတ်သော ခရမ်းရောင် မီးတောက်ကို ချုပ်နှောင်ပါ၊ ဒါဆို မင်းကို ငါ ထပ် မနှောင့်ယှက် တော့ဘူး။ ”

ခရမ်းငယ်မှာ၊ နိုးထ လာပြီးနောက် ဤစကားကို သူမ အကြိမ်ကြိမ် ပြောနေခဲ့ လေသည်။

ထို့ကြောင့် ယင်းကို လုပ်ဆောင် နိုင် သော်လည်း၊ အနည်းငယ် သံသယ ဖြစ်စရာများ ရှိသဖြင့်၊ မစဉ်းစား သေးခြင်း ဖြစ်သည်။

“ ဖုန်းကျွယ်က ဂိုဏ်းချုပ်နဲ့ ... ၊ ဘာ အကြောင်း ပြောမယ် ထင်လဲ၊ သူတို့က မင်းကို ဒီကို ပို့ရတဲ့ အကြောင်းရင်း ရှိကို ရှိရမယ်။ ”

ခရမ်းငယ်က အကြောင်း အရာ ပြောင်းလိုက်သည်။ သို့သော် လင်းယွန်မှာ၊ နဂါးလေး ခေါင်းကို ပုတ်လျက်၊ သူမအား စကားပြန် မပြော တော့ချေ။

အစော ပိုင်းတွင်၊ ယွဲ့ဝေဝေနှင့် သူ စကားပြော နေချိန်၌၊ နဂါးလေး တစ်ကောင် လှစ်ခနဲ ပျောက်ကွယ် သွားသည်ကို၊ သတိ ထားမိသည်။

ထို့ကြောင့် အချင်းချင်း ပြန်ကြည့်ပြီး၊ ပြုံးလိုက် မိသည်။ သည့်နောက် နဂါး လေးက သိုလှောင်အိတ် များကို၊ အန်ချ ပေးလာ တော့၏။

သခင်ငယ် (၁၀) ပါး၏၊ သိုလှောင်အိတ် (၁၀)လုံး ထွက်ကျ လာသည်။ ဂိုဏ်း ပေါင်းစုံမှ အကြီးအကဲ များ၏ ရှေ့မှောက် ၌ပင်၊ ဤအရာ များကို ရယူနိုင် သည်မှာ၊ မယုံနိုင် စရာ ပေပင်။

***

All Chapters