လျှပ်စီး တိမ်လွှာ ဂိုဏ်းချုပ်။
Vol. 78 Ch. 1091
ဦးစွာ အင်ပါယာ ငှက်မွှေး သိုလှောင် အိတ်ကို သွန်ချ လိုက်သည်။ ကြယ် စွမ်းအင် များ ထုတ်လွှတ် နေသည့်၊ နတ်ကြယ် ပုလဲများ အပုံ လိုက်ကြီး ထွက်ပေါ် လာ၏။
ခွန်လွန် ဘုံတွင် ၎င်းတို့အား တွေ့ရှိ နိုင်မည် မဟုတ် သဖြင့်၊ အဖိုးတန် လှပေသည်။ ခန့်မှန်း ချေ အရ၊ အလုံးပေါင်း (၈၀၀၀၀) ခန့် ရှိနိုင်မည်။
ဤပမာဏသည် ကောင်းကင် ဝိညာဉ် နယ်ပယ် ကန့်သတ် ချက်သို့၊ တက်လှမ်း နိုင်ရန် လုံလောက် ပေမည်။
အခြေခံ အုတ်မြစ် ခိုင်မာခြင်း မရှိ ပါက၊ ကြယ်မိစ္ဆာ ပန်း များကို၊ ရောင်ဝါ သမုဒ္ဒရာများ အတွင်း၌ ကန့်သတ်ချက် အထိ စိုက်ပျိုးရန်၊ မဖြစ် နိုင်ချေ။
“ အားလုံး ငါ ယူမယ် ... ။ ”
လင်းယွန်က ပြုံးလျက် သိမ်းယူ လိုက်သည်။ အိတ် အတွင်း၌ ရတနာ များစွာ ကျန်ရှိ နေသေး သော်လည်း၊ သူ စိတ် မဝင်စား တော့ချေ။
“ အဲဒါတွေ အားလုံး မင်း ယူလိုက်။ ”
နဂါး လေးထံ တွန်းပို့ကာ၊ ဆိုလိုက်သည်။ ဤရတနာ များမှာ နတ်ဘုရား အသွေးတော်နှင့် အရွက် ကိုးရွက် သူတော်စဉ် သစ်သီး တို့အား၊ မမီချေ။
တစ်ဖက်တွင် နဂါး လေးမှာ၊ ခေါင်းညိတ် လိုက်ပြီး၊ ရတနာ အားလုံးကို တကျိုက် တည်း မျိုချ ပစ်တော့သည်။
သည့်နောက် သွေးမီးတောက် ဆေးလုံး များနှင့်၊ နဂါး သွေးရည်ကြည် များကို အိတ် တစ်နေရာ၌ တွေ့ရှိ လိုက်သည်။
ယင်းမှာ ကောင်းကင်လမ်း ၌သာ ရှာတွေ့ နိုင်သော၊ ရတနာများ ဖြစ်၏။ အင်ပါ ရီယန်နှင့် ပင်မ နတ်ဘုရား နယ်မြေ၊ ကျွမ်းကျင်သူ များပင် ၎င်းတို့ကို၊ ဆောင်ထား နိုင်ခြင်း မရှိချေ။
“ သွေးမီးတောက် ဆယ်လုံးနဲ့၊ နဂါး သွေးရည်ကြည် ကိုးစက်လား … ၊ ကြည့်ရတာ အင်ပါယာ ငှက်မွှေး သခင်ငယ်က ငါ ထင်ထား သလောက် မချမ်း သာဖူးပဲ။ ”
သွေးမီးတောက် ဆေးလုံးနှင့် နဂါး သွေးရည်ကြည် များကို သိမ်းဆည်း လျက်မှ၊ လောဘ ကြီးစွာ ရေရွတ် လိုက်သည်။
အင်ပါယာ ငှက်မွှေး သခင် ငယ်သာ၊ ကြားခွင့် ရပါက၊ နောက်တစ်ကြိမ် ထပ်မံ၍ သေချင် စိတ် ပေါက်သွား နိုင်ပေမည်။
အဆုံးတွင် သွေးမီးတောက် ဆေးလုံး ဟူသည်၊ စင်ကြယ်သော ဝိညာဉ် တော်များ မွေးမြူ ရာ၌၊ များစွာ အသုံးဝင် လှ၏။
နဂါး သွေးရည်ကြည် အတွက်မူ၊ ရုပ်ခန္ဓာ သန့်စင်သော ပညာ ရပ်များ လေ့ကျင့် ရာ၌၊ အကျိုး ရှိ လေသည်။
ဤရတနာ များ အပြင်၊ မပြည့် စုံသော သိုင်းပညာရပ် အနည်း ငယ်နှင့်၊ ဝိညာဉ်တော် နှစ်ရပ်အား တွေ့ရှိ လာသည်။
ယင်းမှာ ဥက္ကာပျံ လက်သီးနှင့် အင်ပါယာ နဂါး လက်သီးများ ဖြစ်သည်။ သူတို့ နှစ်မျိုး လုံးမှာ၊ လက်သီး ထိုးနည်းများ ဖြစ်သဖြင့်၊ တစ်ချိန်တွင် အသုံးဝင် နိုင်၏။
အင်ပါယာ နဂါး လက်သီးမှာ၊ နဂါး မိသားစု၏ အလွန် ကြောက်စရာ ကောင်းသော လျှို့ဝှက် နည်းပညာ တစ်ရပ် ဖြစ်သည်။
အင်ပါယာ ငှက်မွှေး သခင်ငယ် အသုံး ပြုနေစဉ်၊ ၎င်းကို လေ့လာ ခဲ့သဖြင့်၊ လက်သီး နည်းစနစ်နှင့်၊ သူ့ ဓားတာအိုမှာ အလွန် တိုးတက် ကောင်းမွန် လာခဲ့သည်။
နောက်ဆုံး တိုက်ပွဲ ပြီးနောက်၊ ထိုးထွင်း သိမြင်မှု များစွာ ရှိသော်လည်း၊ ချေဖျက်ရန် အချိန် လိုပေသည်။
လက်ထဲရှိ ကျောက်စိမ်း တုံးကို ပြန်ချ လိုက်ပြီး၊
“ အင်ပါယာ ငှက်မွှေး နယ်မြေရဲ့ သခင်ငယ်က၊ တကယ့်ကို ကြောက်စရာ ကောင်းတယ်၊ သူသာ အင်ပါယာ နဂါး လက်သီးကို သည့်ထက် ... ”
“ ... နည်းနည်းလေး ပို နားလည် နိုင်ရင်၊ ရလဒ်က အခုလို ပြတ်ပြတ် သားသား ဖြစ်မှာ၊ မဟုတ်ဘူး၊ ... ”
“ ... ငါ့ရဲ့ နဂါး အရိုးကို ... ၊ သူ လုယူ လိုက်တာ ...၊ ကျေးဇူးတင် ရမယ့်၊ မဟုတ်ရင် ကောင်းကင် ဓားကို ပြီးပြည့် စုံအောင် မလုပ် နိုင်ဘူး၊ ဒါဆို ငါ ရှုံးရ လိမ့်မယ်။ ”
“ ဟမ့် ... ၊ ဒါက ဘာလဲ။ ”
ရုတ်တရက် ကျောက်စိမ်း ပုလင်း တစ်လုံးအား သတိထား မိသွား သဖြင့်၊ ကောက် ကိုင်ကာ၊ အပြင် ဘက်မှ သေသေ ချာချာ စစ်ဆေး ကြည့်မိသည်။
ပုလင်းမှာ အလုံပိတ် ထားပြီး၊ အတွင်း၌ ရွှေရောင် ရူရ် များဖြင့် ရေးထွင်း ထားသော ဆေးလုံး တစ်လုံး ပါရှိ၏။
“ ဒါ ငြိမ်းအေးခြင်း ဆေးလုံးပဲ။ ”
ငရဲ နတ်ဘုရား သခင်တို့ လူ တစ်စုသည်၊ ဒဏ်ရာ များမှ ချက်ချင်း ပြန်လည် ကောင်းမွန် လာသည်ကို၊ ပြန်၍ သတိရ လာမိ၏။
စိတ်လှုပ်ရှား စွာဖြင့်၊ ကျန်ရှိ နေသော သိုလှောင်အိတ် များကို၊ အမြန် လှန်လော ကြည့် လိုက်မိသည်။
စုစုပေါင်း ဆေးလုံး ခုနှစ်လုံး ရိတ်သိမ်း နိုင်သည်။ ဆိုလို သည်မှာ၊ အသက် ခုနှစ်ချောင်း အပိုဆောင် ထားခြင်းနှင့် တူ၏။
“ ဒါက ငြိမ်းအေးခြင်း ဆေးလုံး လေးကို၊ ဘာဖြစ် နေတာပဲ၊ တစ်ချိန်က ငါ့ရဲ့ ထွက်သက် တစ်ချက်ဟာ ... ”
“ ... ရာနဲ့ ချီတဲ့ ငြိမ်အေးခြင်း ဆေးလုံး တွေနဲ့ ညီမျှပြီး၊ သွေး တစ်စက်က သူတော်စင် အဆင့်ကို၊ တက်လှမ်း နိုင်တယ်။ ”
ခရမ်းငယ်က နှာခေါင်း ရှုံ့လိုက် သော်လည်း၊ မျက်လုံး များက ဆေးပုလင်းများ ထံမှ မခွာချေ။
“ ဟမ့် ... ၊ အမှိုက် တွေ၊ တစ်ချိန် တုန်းက ငါစားတဲ့ ဆေး ဘက်ဝင် အပင် တစ်ပင်တောင် ဒီထက် တန်ဖိုး ကြီးတယ်။ ”
မည်သို့ပင် ဆိုစေ ကာမူ၊ လင်းယွန်က သူမအား လျစ်လျူရှု လိုက်ပြီး၊ ဆေးလုံး များကို ပျော်ရွှင်စွာ သိမ်းဆည်း နေမိ လေသည်။
သည့်နောက် နဂါး အရိုးအား ကောက် ကိုင်ကာ၊ ခန္ဓာကိုယ် အတွင်း ပေါင်းထည့်ရန်၊ မည်သို့ လုပ်ဆောင် ရမည်ကို၊ စဉ်းစား နေမိသည်။
ထိုအချိန်က နဂါး သခင်မှ ထိန်းကြောင်း သဖြင့်၊ နာကျင်ခဲ့ သော်လည်း၊ အန္တရာယ် ကင်း ပေ၏။
ကိုယ်တိုင် လုပ်ဆောင်ရ ပါက၊ မမြင် အပ်သော ဒဏ်ရာများ ကျန်ရစ် မည်ကို စိုးရိမ် မိလေသည်။
“ နဂါး အရိုး ... ။ ”
ခရမ်းငယ် မျက်လုံး များက၊ ရုတ်တရက် တောက်ပ လာကာ၊
“ ဟီး ဟီး ... လင်းယွန်၊ ဒီအရိုးကို ဘာလို့ ငါ့မပေး တာလဲ၊ ဓားသုတ္တန် သောဠ သမ အဆင့် ကို ရောက်တဲ့ အခါ၊ ငါ သုံး နိုင်တယ်။ ”
“ ဘယ်လို သုံးမှာလဲ။ ”
“ ဘာလို့ ပြောပြ ရမှာလဲ။ ”
“ ဒါဆိုလည်း ရတယ်လေ ... ။ ”
“ လင်းယွန် ... ၊ ငါ ဒေါသ ထွက်လာ ပြီနော်။ ”
“ ဟား ဟား ဟား ... ။ ”
လင်းယွန်က ရယ်မောလျက် ကျန်ရှိ နေသော ရတနာ များကို၊ ဆက်လက် ခွဲခြမ်း စိတ်ဖြာနေ တော့၏။
“ တောက် ... ၊ နင် နင် ... ၊ ငါ တကယ် ဒေါသ ထွက်လာ ပြီနော်။ ”
ခရမ်းငယ်က ပါးစောင် နှစ်ဖက်ကို ဖောင်းစေလျက်၊ လင်းယွန်အား မီးနှင့် မှုတ်ရန် ပြင်လိုက် သည်။
“ လောင်ကျွမ်း ပစ်စမ်း၊ မီး မီး ... ။ ”
တစ်ချိန်တည်း မှာပင်၊ လက်နှစ်ဖက်ကို တောင်ပံ တစ်စုံ ကဲ့သို့ လွှဲခတ်လျက်၊ မောပန်း နွမ်းနယ် လာသည့် အချိန်ထိ အော်ဟစ်ကာ၊ မီးရှို့ရန် ကြိုးစား တော့သည်။
လက်ရှိ အချိန်၌ သူ့ကိုယ်သူ ရေခဲ စာကလေး ပုံစံ မဟုတ် တော့ကြောင်း မေ့နေ၏။ ထို့ကြောင့် မြေပြင် ပေါ် လဲကျ သွားမှသာ၊ ငြိမ်သွားသည်။
ထိုအချိန်တွင် ဖုန်းကျွယ်မှာ၊ လျှပ်စီး တိမ်လွှာ ဂိုဏ်းချုပ်နှင့် တွေ့ဆုံ နေသည်။ ဂိုဏ်း ချုပ် အမည်မှာ ဝမ့်ကျွယ် ဖြစ်ပြီး၊ သူ့ထက် များစွာ အသက်ကြီး ချေ၏။
တစ်ခေါင်း လုံးရှိ ဆံပင် များက၊ မီးခိုးရောင် ပြောင်းလဲ နေကာ၊ မုတ်ဆိတ် မွှေး ရှည်ကြီးအား ပိုင်ဆိုင် ထားလေသည်။ သူ့မျက်လုံး များ၌ မာန များဖြင့် တောက်ပ နေ၏။
“ သခင်ငယ် တွေကို သတ်လိုက် တာလား၊ တကယ် ဒေါသ ကြီးတဲ့ ကလေးပဲ။ ”
ဝမ့်ကျွယ်က ဂရု မစိုက် ဟန်ဖြင့်၊ ပေါ့ပေါ့ ပါးပါး ဆိုသည်။
“ ဒေါသ မကြီး ရင်လည်း ... ၊ သူ့ကို ဒီခေါ်လာ မိမှာ မဟုတ်ဘူး၊ ဒါပေမယ့် သူ့ ဒေါသက ဘယ်လောက်ပဲ ကြီးကြီး၊ မင်း ကိုတော့ မမီ ပါဘူး၊ ဟား ဟား ဟား ။ ”
ဖုန်းကျွယ်က ရယ်မောလျက် ဆိုသည်။ သူ့ရှေ့က ဤလူကြီးနှင့် ယှဉ်ပါက လင်းယွန်၏ ဒေါသမှာ၊ ရယ်စရာ ကောင်းပေမည်။
တစ်ချိန်က ဝမ့်ကျွယ်မှာ၊ ဓားဂိုဏ်းမှ ထွက်ခွာ သွားပြီး၊ ကောင်းကင်ယံ ဂိုဏ်းကို သွေးလွှမ်း စေခဲ့သည်။
ထိုဂိုဏ်း၏ တပည့် ထောင်ပေါင်း များစွာကို ဒေါသ တကြီး သတ်ဖြတ် နေသော ဝမ့်ကျွယ်၏၊ လုပ်ရပ်ကြောင့် ရှေးဟောင်း ပျက်သုဉ်း နယ်မြေ တစ်ခုလုံး၊ အုတ်အော် သောင်းနင်း ဖြစ်ကုန် ရသည်။
ထို့ကြောင့် ဓား ဂိုဏ်းမှ၊ သူ့အား ကယ်တင်ကာ၊ ဤအရပ်သို့ ပို့ထားခြင်း ဖြစ်၏။ မဟုတ်သော် သူ သေပြီး ဖြစ်ပေမည်။
ဝမ့်ကျွယ်က ဖုန်းကျွယ်အား ပြန်ကြည့် လိုက်ပြီး၊
“ ပြောပါဦး ... ၊ မင်းက ဘာလို့ သူ့ကို ဒီခေါ်လာ ရတာလဲ၊ ငါ့ရဲ့ ဂိုဏ်းငယ် လေးက သူ့လို နဂါး တစ်ကောင်ကို ပျိုးထောင်ပေး နိုင်မယ် မထင်ဘူး … ။ ”
“ သေချာ တာပေါ့၊ မင်း လုပ်နိုင် ပါတယ်။ ”
သည့်နောက် ဖုန်းကျွယ်မှာ လေးနက်သော အမူ အရာကို ထုတ်ဖော်လျက်၊
“ ဆရာက တပည့် အသစ် ... ၊ လက်ခံ တော့မယ် ... ။ ”
-ဟု ဆိုလိုက် တော့၏။
ထိုသတင်းကြောင့် ဝမ့်ကျွယ်၏ လက်များ တုန်ယင် လာခဲ့သည်။ အတိတ်မှ အဖြစ် အပျက် များက၊ သူ့အား နာကျင် နေဆဲ ဖြစ်၏။
ဝမ့်ကျွယ်အား ကြည့်ကာ၊ ဖုန်းကျွယ်မှ သက်ပြင်းချ လိုက်သည်။ ဝမ့်ကျွယ်အား ဂိုဏ်းမှ ထွက်ခွာ စေပြီးနောက်၊ သူတို့ ဆရာမှာ တပည့် အသစ် များကို၊ လက်မခံ တော့ချေ။
ထို့ကြောင့် သူနှင့် ဝမ့်ကျွယ်မှာ ဆရာ၏ နောက်ဆုံးသော တပည့်များ ဖြစ်လာ ခဲ့သည်။
“ သူ့ကို ထားခဲ့ လိုက်ပါ ... ။ ”
ဝမ့်ကျွယ်က လက်ထဲမှ ခွက်ကို ချလိုက်ပြီး၊ စိတ်လှုပ်ရှား မှုအား ထိန်းလျက်၊ လက်ယွန်အား လက်ခံ လိုက်သည်။
“ ရှားဟို မိသားစုရဲ့ ရှားဟိုယန် ဆိုတဲ့ လူငယ် တစ်ယောက်က၊ ဆရာ့ ဆီမှာ တပည့် ခံဖို့ တောင်းဆို ခဲ့တယ်၊ ... ”
“ ... သူ့မှာ ရှန်ရှင်း သူတော်စင် ခန္ဓာနဲ့၊ ရှန်ရှင်းဓား နှလုံးသား ရှိတယ်၊ ဒါပေမယ့် ငါတို့ ဆရာက သူ့ကို ငြင်းလိုက်တယ်၊ ဒါကြောင့် ဆရာသာ တပည့် အသစ် လက်ခံ လိမ့်မယ် ဆိုတဲ့ သတင်း ထွက်လာရင် ... ”
“ ... အခြေ အနေ တွေက၊ ဗရမ်း ဗတာ ဖြစ်လာမှာ သေချာတယ်၊ လင်းယွန်ရဲ့ လက်ရှိ အင်အားနဲ့ ဒီဖိအားကို ခံနိုင်မှာ မဟုတ်ဘူး၊ ... ”
“ ... ဆရာက သူ့ကို ဒီမှာ ... ၊ တစ်နှစ်လောက် လေ့ကျင့် စေချင်တယ်၊ စမ်းသပ်မှု မစခင် လုံလောက်တဲ့ ခွန်အား ရှိနေဖို့ လိုမယ်၊ သူ မလုပ် နိုင်ရင်တော့ …”
“ သူ ... လုပ်နိုင် လိမ့်မယ်။ ”
သူ့ စကားကို ဝမ့်ကျွယ်မှ ယုံကြည်မှု အပြည့်နှင့် ဖြတ်ပြောလာ သဖြင့်၊ ဖုန်းကျွယ် ခမျာ အံ့အားသင့် သွားသည်။ ထို့နောက် ခေါင်းစဉ်အား ပြောင်းလဲ လိုက်၏။
“ ဒီကောင်မလေးက ဓားဂိုဏ်းကို သွားသင့် နေပြီ မဟုတ်လား၊ ငါ ခေါ်သွား ပေးမယ်။ ”
ဝမ့်ကျွယ်က ခေါင်းခါ လိုက်ပြီး၊
“ သူက ငါ့ ထက်တောင် ခေါင်းမာတယ်၊ အပြာရောင် စံအိမ်ရဲ့၊ အဆင့် သတ်မှတ်ချက် တိုက်ပွဲက၊ စတင် တော့မှာ၊ ဒီပွဲကို သူ လက်လွှတ် ခံမှာ မဟုတ်ဘူး။ ”
-ဟု ရှင်းပြ လိုက်တော့သည်။
ဖုန်းကျွယ်မှ သက်ပြင်း တစ်ချက် ချကာ၊ ဝမ့်ကျွယ်အား ပြန်ကြည့်လျက် ငြိမ်သက်သွား မိလေသည်။
***