လက်ဆောင် တောင်းယူခြင်း။
Vol. 78 Ch. 1092
နတ် ကြယ် ပုလဲ (၈၀၀၀၀) ၊ နဂါး သွေးရည်ကြည် (၃၀)၊ သွေးမီးတောက် ဆေးလုံး (၄၀)၊ ငြိမ်းအေးခြင်း ဆေးလုံး (၇) လုံးနှင့် ရတနာ အချို့အား သိမ်းယူ လိုက်သည်။
ယခု အချိန်၌၊ သူ့ ကြွယ်ဝမှုမှာ၊ လျှပ်စီး တိမ်လွှာ ဂိုဏ်းရှိ အမာခံ တပည့် များထက် များစွာ သာလွန် ပေ၏။
“ နတ်ဘုရား အသွေးတော် သစ်သီးလည်း မတွေ့ ပါလား။ ”
သို့သော် ၎င်းသစ်သီးသည် ခန္ဓာကိုယ် အတွင်း၌၊ တံဆိပ်ခတ် ထားရ ကြောင်းကို သတိ ရသွား မိ၏။
မည်သို့ပင် ဆိုစေ ကာမူ၊ ချန်ပီယံဆု အဖြစ် ရယူ ထားသော အရွက် ခုနစ်ရွက် သူတော်စင် သစ်သီး ရှိပေသည်။
ကျန်ရှိ နေသော ဆေးဘက်ဝင် အပင် များနှင့်၊ သားရဲ အမြုတေတို့ အားလုံးကို နဂါး လေးသို့ ပေးအပ် လိုက်၏။
ဤအရင်း အမြစ် များနှင့် အင်ပါ ရီယန် နယ်ပယ်သို့ ရောက်ရှိရန်၊ လုံလောက် ပေသည်။ သည့်နောက် ယွဲ့ဝေဝေ ပေးသော ကျောက်စိမ်း ပလွေအား ထုတ်ယူ လိုက်သည်။ ကျောက်စိမ်း ပလွေတွင် အပေါက် ရှစ်ပေါက် ပါရှိပြီး၊ (၁) မီတာခန့် ရှည်၏။
ပလွေ အဆုံးတွင် ချိတ်ဆွဲရန် အလှဆင် ထားသော ကြိုး တစ်ချောင်း ပါရှိသည့် အတွက် တစ်ချက် ကြည့်ရုံနှင့် သာမန် မဟုတ်ကြောင်း သူ ပြောနိုင်သည်။
“ ဒီကျောက်စိမ်း ပလွေကို၊ မရဏ နတ်ကျောက်စိမ်း ဝါးနဲ့ လုပ်ထား တယ်၊ ဒီဝါးက နှစ် တစ်သောင်းမှာ တစ်ဆစ်ပဲ ကြီးတဲ့ အတွက် ရှားပါးတယ်၊ ... ”
“ ... ပြီးတော့ အဲ့ဒီ တစ်ဆစ် ကြီးထွားချိန် မှာလည်း၊ ကိုးဆယ်ကိုး ကြိမ်သော ဒုက္ခ တွေကို ဖြတ်သန်း ရတယ်၊ ဒါကြောင့် ကောင်းကင်ဘုံ ကိုးလွှာ၊ ဖီးနစ် ဗျက်ဆောင်း လိုပဲ တန်ဖိုး ရှိတယ်။ ”
ခရမ်းငယ်က မနေနိုင် မထိုင် နိုင်ဖြင့်၊ ရှင်းပြ လာသည်။
“ မရဏ နတ်ကျောက်စိမ်း ဝါး ။ ”
လင်းယွန်က ကျောက်စိမ်း ပလွေကို ပြန်ကြည့်သည်။ သည်ကျောက်စိမ်း ပလွေမှာ၊ ရတနာ တပါး ဖြစ်နေ လိမ့် မည်ဟု၊ မထင် ထားချေ။
“ ဟမ့် ... ၊ ဒါကို မင်း မသိဖူး ဆိုတာ ငါယုံတယ်၊ မရဏ နတ်ကျောက်စိမ်း ဝါးရဲ့ မူလက၊ အများကြီး မြင့်မြတ်တယ်၊ ... ”
“ ... နဂါး-ဖီးနစ် ဖျက်ဆီးခြင်း ဓားကျမ်းကို ကျင့်ကြံ ချင်ရင်၊ ဂီတကို သင်ယူ ရမယ်၊ ဒီပလွေ က နင့်အတွက်၊ အထောက် အကူ ရလိမ့်မယ်။ ”
“ မင်း ... ၊ ဒေါသ မထွက် တော့ ဖူးလား။ ”
လင်းယွန်က ရယ်မော လိုသော အပြုံးဖြင့် မေးသည်။
“ ဟမ့် ... ၊ ငါက နင်ကို လိုက်ပြီး တွက်ကပ် နေစရာလား။ ”
ခရမ်းငယ် ခမျာ နှုတ်ခမ်း စူလျက်၊ လက်ပိုက်ကာ တစ်ဖက်လှည့် သွား၏။ ထိုစဉ် နဂါးလေးက တံခါးဝ ထံသို့ ခေါင်းမော့ကြည့် လိုက်ရာ၊ လင်းယွန်လည်း လိုက်ကြည့် မိသည်။
တံခါး ပွင့်လာပြီး၊ အစ်ကို ဖုန်းကျွယ် ဝင်ရောက် လာစဉ်၊ ဓား တစ်လက် အခန်းထဲ လှည့်ပတ်လာ ပြီးနောက်၊ ပြန်လည် ပျောက်ကွယ် သွားသည်။
ယင်းမှာ စတုတ္ထတန်း ဓား ရည်ရွယ်ချက် ဖြစ်၏၊ ကောင်းကင် ဓားအား ကောင်းကောင်း ဖိနှိမ်ထား နိုင်သည်။
“ သုံးရက် နေရင်၊ မင်းကို လျှပ်စီး တိမ်လွှာ ဓားဂိုဏ်းရဲ့ အမာခံ တပည့် တစ်ဦး အဖြစ်၊ ဓား သူတော်စင် တောင်ပေါ် တက်ဖို့ ကြေညာ ပေးလိမ့်မယ်၊ ... ”
“ ... ဒါက စီနီယာ အစ်ကို တစ်ယောက် လုပ်ပေး နိုင်တာ အကုန်ပဲ၊ ကျန်တဲ့ ရက်တွေမှာ မင်းကိုယ်မင်း အားကိုးပါ။ ”
အမာခံ တပည့် များသည် အင်ပါ ရီယန် နယ်ပယ်တွင် ရှိကြပြီး၊ အထူး ချွန်ဆုံး တပည့် မှသာလျှင်၊ ထိုတောင် ပေါ်သို့ တက်နိုင်သည့် အခွင့် အရေး ရှိလေသည်။
“ ဒီဂျူနီယာက အခုတော့ အရည် အချင်း မရှိသေးဘူး၊ အဲဒါက မလိုလား အပ်တဲ့ ပြဿနာ တွေကို ဆွဲဆောင် လိမ့်မယ်။ ”
လင်းယွန်က ဆိုသည်။
“ အိုး စိတ်ဝင်စား စရာပဲ၊ မင်းမှာ ဒီလို နှိမ့်ချတဲ့ ကိုယ်ရည် ကိုယ်သွေးမျိုး ဘယ်တုန်းက ရှိသွား တာလဲ၊ ကောင်းကင် လမ်းက ချန်ပီယံ လင်းယွန်နဲ့ မတူတော့ ပါလား။ ”
ဖုန်းကျွယ်က ရယ်မော လိုသော အမူ အရာနှင့်၊ ဆိုသည်။ လင်းယွန် မာနကို ဦးထောင် လာစေရန် ရည်ရွယ်၏။
ဤနေရာရှိ လူအများ စုမှာ၊ သူ့ကို မလို လားကြောင်း၊ လင်းယွန် သိသည်။ ကောင်းကင် ဝိညာဉ် နယ်ပယ် ၌သာ ရှိသော ငချွတ်လေး တစ်ယောက်အား၊ မည်သူ မဆို ပညာပေး ချင်ကြ ပေမည်။
“ ဒါက မင်းကို ခက်ခဲတဲ့ အနေ အထားမှာ ရှိစေ တယ်လို့ ထင်ရင်တော့ ... ”
“ မဟုတ်ဘူး ... ”
လင်းယွန်က ငြင်းဆန် လိုက်သည်။ ဤသည်မှာ အပြာရောင် စံအိမ် မျှသာ ဖြစ် သဖြင့်၊ သူ ကြာကြာ မနေ နိုင်ချေ။
“ ဟမ့် ... ၊ ဒီအဖိုး ကြီးက လူကောင်း မဟုတ်ဘူး၊ လင်းယွန် ... နင် သူ့ကို မယုံနဲ့။ ”
ခရမ်းငယ်က မနေနိုင် မထိုင် နိုင်ဖြင့်၊ ဝင်ရောက် သတိ ပေးလာ ပြန်သည်။
“ ကောင်းပြီ ဒါဆို ငါ ပြန်တော့မယ်၊ တစ်နှစ် နေရင် မင်းကို လာခေါ်မယ်။ ”
သို့သော် လင်းယွန်သာ စမ်းသပ်မှုကို မအောင်မြင် ပါက၊ ဂိုဏ်းသို့ ဝင်ရောက် ခွင့်အား ဆုံးရှုံးမည် ဖြစ်သည်။ ယင်းက ဆရာ၏ တပည့် ဖြစ်လာ နိုင် တော့မည် မဟုတ်ချေ။
“ အစ်ကို ဖုန်းက တကယ့်ကို အလျင်လို နေတာပဲ၊ ဂျူနီယာ ညီလေးနဲ့ ပထမဆုံး တွေ့ဆုံ တဲ့ အချိန်မှာ၊ လက်ဆောင် ပေးဖို့ မေ့သွား ပြီလား။ ”
လင်းယွန်က ပြုံးလျက် လက်ဆောင် တောင်းလာသဖြင့်၊ ဖုန်းကျွယ်မှာ မျက်လုံးပြူး သွားသည်။
ဤလင်းယွန်တွင် ရတနာ များစွာ ပိုင်ဆိုင်ထား သည့် အတွက်၊ တန်ဖိုး နည်းသော လက်ဆောင် များကို စိတ်ဝင် စားမည် မဟုတ်ကြောင်း သူ သိသည်။
ထို့ကြောင့် မေ့လျော့ ခံကာ ထွက်သွားရန် ပြင်ခြင်း ဖြစ်သည်။ သို့မဟုတ် ပါက သူ့ ရင်ကို နာကျင် စေပေမည်။
အဆုံးတွင် ဖော်ရွေသော အပြုံးကို ညှစ်ထုတ် ပြပြီး၊
“ အိုး ... ၊ ဒါကို ငါ မေ့လု နီးပါး ပါပဲ၊ ဂျူနီယာ ညီလေး မင်း ဘာလို ချင်လဲ၊ အာ့ ... မင်းမှာ ဆေးလုံးနဲ့၊ ရတနာ တွေက ရှားမှာ မဟုတ်ဘူး၊ ဟုတ်ပြီ ... ”
“ ... ငါ့မှာ ရတနာ တစ်ခု ရှိတယ် ... ၊ မင်းကိုယ့် ကိုယ်ကို ကာကွယ်ချင် တာလား ဒါမှ မဟုတ်၊ မင်းရဲ့ ရန်သူကို သတ်ချင် သလား။ ”
“ ဘေးကင်း ရေးက ပထမပါ။ ”
လင်းယွန်က မဆိုင် မတွ ပြန်ဖြေ လာ သောကြောင့်၊ ဖုန်းကျွယ် ခမျာ သူ့ကိုယ်သူ ပါးရိုက်ချင် နေပြီး ဖြစ်သည်။
“ ကောင်းပြီ ... ၊ ငါ့မှာ မင်းရဲ့ ဖြစ်တည်မှုကို ဖုံးကွယ် ပေးမဲ့၊ ရတနာ တစ်ခု ရှိတယ်၊ သူ့ရဲ့ ရူရ် နှစ်လုံးက၊ နှလုံးသား နှစ်ခုကို ကာကွယ် ပေးနိုင်တယ်၊ ... ”
“ ... လောက နိယာမ နယ်ပယ်၊ ကျွမ်းကျင်သူ မဟုတ် သရွေ့၊ ဘယ်သူမှ မင်းရဲ့ နှလုံး နှစ်ခုကို မဖောက် နိုင်ဘူး။ ”
နှလုံးသား နှစ်ခု ဟူသည် နဖူးနှင့် နှလုံးကို ရည်ရွယ် ပေသည်၊ လူ တစ်ဦး၏ ခန္ဓာကိုယ်တွင် ၎င်းတို့မှာ သေစေ နိုင်သော နေရာများ ဖြစ်၏။
လောက နိယာမ နယ်ပယ် စွမ်းအားကို သူနားမလည် သော်လည်း၊ မဟာမိတ် အဖွဲ့မှ စီနီယာ လောချင်ရှနှင့် အဆင့် တူဟု မှတ်ယူ ထားသည်။
အကြီး အကဲ ကျင်းကြွယ် ကဲ့သို့သော သန်မာသူ တစ်ဦး ပင်လျှင်၊ ထိုနယ်ပယ်အား မည်သို့မျှ ခုခံ နိုင်စွမ်း မရှိချေ။
မျက်နှာ တစ်ဝက်ကို၊ ဖုံးအုပ် ထားသည့်၊ မျက်နှာဖုံး တစ်ခုအား အံကြိတ်လျက် ထုတ်ယူ ပေး လိုက်မိ၏။
မျက်နှာပြင် တစ်ခုလုံး ချောမွေ့ နေကာ၊ ငွေရောင် မှန် တစ်ချပ် ကဲ့သို့၊ တောက်ပ နေပေ သည်။
“ ဒီမျက်နှာဖုံးကို ငွေလမင်းလို့ ခေါ်တယ်။ ”
မျက်နှာ ဖုံးအား တက်ပြလျက် ရှင်းပြ လာသည်။ ငွေရောင် အလင်းများ ချက်ချင်း ဖြာ ထွက်လာကာ၊ သူ့ဆံပင်၊ မျက်လုံးနှင့် အဝတ် အစားများ အားလုံး၊ ငွေရောင် ပြောင်းသွား၏။
သူ့ ရောင်ဝါ သည်ပင်၊ ပြောင်း သွားပြီး၊ ယခင် ကနှင့် လုံးဝ မတူသော လူ တစ်ဦး ကဲ့သို့၊ ဖြစ်လာသည်။
တစ်ချိန်တည်း မှာပင်၊ ငွေရောင် ရူရ် တစ်လုံးက ရင်ဘတ်၌ ပွင့်လာပြီး နှလုံးအား ဖြည်းညှင်းစွာ ဖုံးအုပ် သွားသည်။
“ မင်းရဲ့ လက္ခဏာကို ဖုံးကွယ် နိုင်တယ်၊ လပြည့် ညရဲ့ ဖြစ်စဉ်နဲ့ အတူ၊ လရနံ့ ထွက်လာ တဲ့ အခါ၊ ... ”
“ ... မိုင် တစ်ထောင် အတွင်း လွှမ်းမိုး နိုင်တယ်၊ ဒီရနံ့က ဘယ်သူ့ကို မဆို မိန်းမောပြီး၊ လွင့်မျော စေတယ်။ ”
ရှင်းပြ နေသော အစ်ကို ဖုန်းကျွယ် အသံ သည်လည်း ပြောင်းလဲ သွား၏။ မယုံ နိုင်စရာ ဖြစ်လေသည်။
မျက်မြင် တွေ့ရှိ ထားခြင်း မရှိ ပါက၊ အစ်ကိုဖုန်း ဖြစ်သည်ဟု ကျိန်ပြော လျှင်ပင်၊ သူ ယုံမည် မဟုတ်ချေ။ မျက်နှာ ဖုံးအား ပြန်၍ ဖယ်ရှား လိုက်ပြီး၊
“ ဒါ ... ၊ မို မိသားစုရဲ့ လက်ရာ ဖြစ် တာကြောင့်၊ ရှားပါး ရတနာ တစ်ပါးပဲ၊ ကမ္ဘာ ပေါ်မှာ ဒီမျက်ဖုံးမျိုး တစ်ခုပဲ ရှိတယ်။ ”
မို မိသားစု ဟူသော အမည်ကြောင့်၊ ထောင်စုနှစ် မီးလျှံကို၊ လင်းယွန် တစ်ယောက် သတိရ သွားသည်။
“ အစ်ကိုဖုန်း ဒီလက်ဆောင်က နည်းနည်းတော့ တန်ဖိုးရှိ လွန်းတယ်။ ”
သူတော်စင် မျက်နှာဖုံး တစ်ခုအား ပေးအပ်လိမ့် မည်ဟု၊ မမျှော်လင့် သောကြောင့် လင်းယွန်မှာ၊ လေးနက်စွာ ဆိုမိသည်။
တစ်ဖက် လူမှ လိမ္မာ ပါးနပ်စွာ ငြင်းဆန် လာသဖြင့်၊ ဖုန်းကျွယ် ခမျာ ရွှင်မြူး သွားသည်။ သို့သော် မျက်နှာ ဖုံးအား သိမ်းရန် ပြင်စဉ်၊ လင်းယွန်မှ ဆွဲယူ သွား၏။
“ လက်ဆောင် အတွက် ကျေးဇူးတင် ပါတယ်။ ”
“ အာ ... ၊ ဒါက လက်ဆောင် လေးပါ၊ ငါ မကြာခင် အောင်မြင် မှုတွေ ရယူ နိုင်တော့ မှာမို့၊ ဒီပစ္စည်းက ငါ့ အတွက် အသုံး မဝင်တော့ ပါဘူး၊ အားနာ မနေ ပါနဲ့။ ”
လင်းယွန် လက်ထဲရှိ မျက်နှာ ဖုံးထံ လှမ်းကြည့်ကာ၊ တန်ဖိုး ရှိသည့် ရတနာ တစ်ပါး မဟုတ် ကြောင်း၊ သူ့ကိုယ်သူ နှစ်သိမ့် မိ၏။
အိမ်ပြန် လမ်း တစ်လျှောက်၊ နာကျင် နေမိတော့ မည်မှာ အမှန် ပေပင်။ အနာဂတ်၌ ဝါကြွားခြင်း မပြု တော့ရန်၊ သူ့ကိုယ်သူ သတိ ပေးလိုက်သည်။
“ အစ်ကို ဖုန်းက တကယ်ပဲ ငါ့ကို သူတော်စင် အဆင့်၊ မျက်နှာဖုံး တစ်ခု ပေးခဲ့တာ ပါလား။ ”
မျက်နှာဖုံးအား လှည့်ပတ် ကြည့်လျက်၊ လင်းယွန်မှ ဝမ်းသာ အားရ ဆိုသည်။ ၎င်းသည် ကမ္ဘာ ပေါ်တွင် တစ်ခု တည်းသာ ရှိသည့်၊ မို မိသားစု၏ လက်ရာ ဖြစ်လေသည်။
ယခု အချိန်၌ ဘုရင် တစ်ပါး ပင်လျှင် သူ့နှလုံးသား နှစ်ခုကို၊ ထုတ်ယူ နိုင်တော့မည် မဟုတ်ချေ။
“ ခရမ်းငယ် ... ၊ နောက်ဆို မင်း ငါ့ရဲ့ စီနီယာ အစ်ကိုဖုန်း အပေါ် မကောင်း မပြော ပါနဲ့။ ”
“ ဟမ့် ... ဒါက အတုကြီး ဆိုတာ တစ်ချက် ကြည့်လိုက် ရုံနဲ့ ငါ သိတယ်။ ”
ခရမ်းငယ်မှ နှာခေါင်း ရှုံ့လျက် တုန့်ပြန် လာသည်။
“ မဟုတ်တာ မပြောနဲ့၊ ဒါက အတု ဆိုရင်တောင် အရမ်း တန်ဖိုး ကြီးတယ်၊ မို မျိုးနွယ်က လွဲရင် ဘယ်သူမှ မလုပ် နိုင်ဘူး။ ”
“ ဟွန့် အထင် ကြီးစရာ ... ၊ တစ်ကွက် မှကို မရှိတာ … ။ ”
ခရမ်းငယ်က ဆက်လက် ငြင်းဆန်သည်။ နဂါး ဝိုင်အား မသောက် ခင်က ထိုသို့ပင် ဆိုခဲ့ဖူး ချေ၏။ အနည်းငယ် မြည်းစမ်းခွင့် ရမှသာ၊ မို မိသားစုအား ချီးကျူး ခဲ့လေသည်။
မရဏ နတ်ကျောက်စိမ်း ပလွေနှင့် ငွေလမင်း မျက်နှာဖုံး တို့မှာ၊ ခွန်လွန် ဘုံ၌ ရှင်သန် နိုင်ရန် အထောက် အကူ ပြုပေမည်။
သုံးရက် ကုန်လွန် ပြီးနောက် သူ ကြုံတွေ့ ရမည့် ပြဿနာ များကို ရုတ်တရက် လင်းယွန်မှ သတိရ သွားသည်။
ကောင်းကင် လမ်းမှ ရရှိ ထားသော နားလည်မှု အချို့မှာ၊ ဆဠမ ကောင်းကင် ဝိညာဉ်သို့ ရောက်ရှိရန် လုံလောက် ၏။
အစ်ကို ဖုန်းကျွယ် ထံမှ ဤမျှ အဖိုး တန်သော လက်ဆောင်ကို ရယူထား ပြီးနောက်၊ အရှက် မကွဲအောင် ကြိုးစားရ ပေမည်။
အရည် အချင်း ပြည့်မီ သူများကို၊ လူတိုင်း မနာလို ဖြစ်မည်မှာ သဘာဝ ပေပင်။ ထို့ကြောင့် သူ့အား မည်သူမှ၊ မနာလို ဖြစ်မည်ကို သိချင် လာမိ တော့၏။
***