ငါ ပြိုင်ဘက်ကင်းပြီ
Vol. 106 Ch. 1103
‘အန္တိမမူလ နတ်ဘီလူး’ ရှန်ရှင်းကိုးဖော်ဟာ တစ်ယောက်ကို တစ်ယောက် မသိမသာ ကြည့်လိုက်တဲ့အခါ ကျန်တဲ့လူတွေရဲ့ အံ့ဩတုန်လှုပ်သွားတဲ့ မျက်နှာတွေကို တွေ့မြင်လိုက်ရပါတယ် ‘အန္တိမမူလ နတ်ဘီလူးက တကယ်ရှိနေတာပဲ’
အန္တိမမူလနတ်ဘီလူး ကြောက်လန့်ပြီး သေတော့မဲ့အချိန်မှာ ဟန်ကျွယ်က စကားလမ်းကြောင်း ပြောင်းလိုက်ပါတယ် “ငါတို့ရဲ့ ဆက်ဆံရေးကြောင့် အခုအချိန်ကစပြီး မင်းကို ဟန်ကျုံးယွမ်လို့ ခေါ်မယ်၊ မင်း ရှန်းရှင်းကိုးဖော်ထဲဝင်ပြီး ငါ့ကို အမှုထမ်းချည်၊ ဘယ်လိုလဲ... မင်း သဘောတူလား”
အန္တိမမူလ နတ်ဘီလူး ခံစားနေရတဲ့ ကြောက်မက်ဖွယ် ဖိအားကြီးဟာ ချက်ချင်း ပျောက်ကွယ်သွားပါတယ်။ အန္တိမမူလနတ်ဘီလူးဟာ စိတ်သက်သာရာ ရသွားပြီး “တူပါတယ်၊ ကျွန်တော် သဘောတူပါတယ်”
ဒီလိုနဲ့ အန္တိမမူလနတ်ဘီလူးဟာ သူ့နာမည်ကို ဟန်ကျုံးယွမ်လို့ ပြောင်းပြီး ရှန်ရှင်းကိုးဖော်ထဲ ဝင်လိုက်တဲ့အတွက် ရှန်ရှင်းကိုးဖော်က ရှန်ရှင်းဆယ်ဖော် ဖြစ်သွားပါတယ်။
ဟန်ကျွယ်ဟာ ပဋိပက္ခ အကောင်းစား ရတနာကိုးပါးကို ထုတ်ယူပြီး ရှန်ရှင်းကိုးဖော်ကို ဆုချပါတယ်။ ဒီဓမ္မရတနာတွေဟာ အရင်ကတော့ သာမန်ဓမ္မရတနာတွေပါ။ ဟန်ကျွယ်ရဲ့ ဖန်တီးရှင်စွမ်းအားနဲ့ ပြုပြင်မှုကြောင့် ရုတ်ခြည်း ပဋိပက္ခ အကောင်းစား ရတနာတွေ ဖြစ်သွားပါတယ်။
ရှန်ရှင်းကိုးဖော်ဟာ ကျေနပ်အံ့အားသင့်သွားပြီး ကျေးဇူးတင်စကားဆိုကာ ဟန်ကျုံးယွမ်နဲ့ ထွက်ခွာသွားပါတယ်။
ဟန်ကျွယ်ဟာ ဟန်ကျုံးယွမ်ကိုတော့ ဆုမချပါဘူး။ သူ့ကို ရှန်ရှင်းကိုးဖော်ထဲ ဝင်ခိုင်းတာကပဲ ဧရာမ အခွင့်အရေးကြီး ဖြစ်နေပါပြီ။
ဟန်ကျွယ်ဟာ စာစောင်တွေကို ဆက်ဖတ်ပါတယ်။
သိပ်မကြာခင်မှာပဲ ရှန်ဝေါ်ရောက်လာပါတယ်။ ရှန်ဝေါ်ဟာ ဟန်ကျွယ်ကို ကြည့်ပြီး မျက်နှာနည်းနည်း ပူသွားပါတယ်။
ဟန်ကျွယ်ဟာ ရှန်ဝေါ်ရဲ့ အတွေးတွေကို နားလည်တာကြောင့် ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပါတယ်။ ဒီကြမ္မာဆိုးစာအုပ်က ပုံတူကူးထားတာပါ။ တကယ့် ကြမ္မာဆိုးစာအုပ် အစစ် မဟုတ်ပါဘူး။ ဒီစာအုပ်က ပဋိပက္ခ အကောင်းစား ရတနာအဆင့်ပဲ ရှိတာဆိုပေမဲ့ ပဋိပက္ခ အကောင်းစား ရတနာအဆင့်ရှိတဲ့ ကြမ္မာဆိုးစာအုပ်အစစ်ကို ယှဉ်နိုင်ပါတယ်။
ရှန်ဝေါ်ဟာ ဒီစာအုပ်ကို တွေ့လိုက်ရတဲ့အခါ လန့်သွားပါတယ် ‘ဒါ... ဒါ...’
ရှန်ဝေါ်ဟာ မမေးရဲပါဘူး။
ဟန်ကျွယ်ကလည်း မရှင်းပြပါဘူး။
အခုအချိန်မှာ စိတ်ဝင်စားဖို့ ကောင်းတာကလွဲရင် အမှောင်သခင်ကြီးနာမည်က ဟန်ကျွယ်အတွက် အဓိပ္ပာယ်မရှိတော့ပါဘူး။
ရှန်ဝေါ်ကလည်း ဘာမှ မပြောရဲပါဘူး။
ရှန်ဝေါ်ဟာ အကောင်းစား ရတနာကို ရလိုက်တဲ့အတွက် တာအိုဘုံကျောင်းထဲကနေ ပျော်ပျော်ရွှင်ရွှင် ထွက်ခွာသွားပါတယ်။
ဟန်ကျွယ်ဟာ စာစောင်တွေ ဖတ်ပြီးနောက် ရှင်းဟုန်ရွှမ်ရဲ့ တာအိုဘုံကျောင်းဆီ သွားပါတယ်။
ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ကို တွေ့တာနဲ့ ချက်ချင်း ဟန်ကျွယ်ဘေးကို ရောက်လာပါတယ်။
“ငါ ပြိုင်ဘက်ကင်းပြီ”
ဟန်ကျွယ်ရဲ့ ပထမဆုံးစကားက ရှင်းဟုန်ရွှမ်ကို မှင်တက်သွားစေပါတယ်။ သူတို့တွေ နောက်ဆုံး စကားပြောခဲ့တာ အတော်ကြာသွားပြီဆိုပေမဲ့ သူတို့ရဲ့ ကျင့်ကြံမှုနဲ့ တွက်ကြည့်ရင် အချိန်အများကြီး ကုန်သေးတာ မဟုတ်ပါဘူး။
‘ယောက်ျားက ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် ပြိုင်ဘက်ကင်းသွားရတာလဲ’
ဟန်ကျွယ်ကို အမြဲတမ်း ယုံကြည်ခဲ့တဲ့ ရှင်းဟုန်ရွှမ်တောင် ဒီစကားကြားပြီး တုန်လှုပ်သွားပါတယ်။
ဟန်ကျွယ်ဟာ သူဖျက်လိုက်တဲ့ အချိန်-အာကာသကို ရှင်းဟုန်ရွှမ်ရဲ့ စိတ်ထဲ ထည့်ပေးလိုက်ပါတယ်။
ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ် မကူညီတဲ့ မဟာတာအို အနန္တကပ်ဘေးကို တွေ့မြင်လိုက်ရပါတယ်။ ရှင်းဟုန်ရွှမ်ဟာ နဝမပဋိပက္ခနဲ့ သဏ္ဍာန်မဲ့နတ်မင်းကို တွေ့မြင်လိုက်ရပါတယ်။ ဟန်ကျွယ်ရဲ့ အကြည့်တစ်ချက်ကြောင့် နဝမပဋိပက္ခ ပြာအတိကျသွား၊ ဟန်လင်ရဲ့ မကျေနပ်မှုတွေနဲ့ ခေါင်းမာမှုတွေကိုလည်း တွေ့မြင်လိုက်ရပါတယ်။
ရှင်းဟုန်ရွှမ်ဟာ ဒီမှတ်ဉာဏ်တွေကို ပြန်တွေးရင်း တော်တော်နဲ့ သတိပြန်ဝင်မလာပါဘူး။ နောက်ထပ် ဘဝတစ်ခု ရှင်သန်နေထိုင်ခဲ့သလိုမျိုးပါပဲ။ ရှင်းဟုန်ရွှမ်ဟာ ရုတ်တရက် ပြန်တွေးကြည့်တဲ့အခါ အကုန်လုံးက အိပ်မက်တစ်ခုလို့ ခံစားလိုက်ရပါတယ်။ သူ့ယောက်ျား မပါဝင်တဲ့ အနာဂတ်က တကယ်ကို ကြောက်စရာကောင်းလှပါတယ်။
ရှင်းဟုန်ရွှမ်ဟာ ရုတ်တရက် နိုးသွားပြီး ရင်ဘက်ကို ဖိကာ ကြောက်ကြောက်ရွံ့ရွံ့ ပြောလိုက်ပါတယ် “တော်သေးတာပေါ့၊ မိန်းမ တခြားညီအစ်မတွေရဲ့ စကားကို နားမထောင်ခဲ့လို့၊ မဟုတ်ရင် မိန်းမလည်း သေမှာ၊ သေစမ်း... အဲဒီ လျှို့ဝှက်ဆန်းကြယ် သာလွန်တည်ရှိမှုက ဘယ်သူလဲ”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “သူက ပဋိပက္ခကို ဖန်တီးခဲ့တဲ့ နဝမပဋိပက္ခ၊ သူ့နာမည်ကို မပြောနဲ့၊ မဟုတ်ရင် သူ သတိထားမိလိမ့်မယ်”
ရှင်းဟုန်ရွှမ် “ယောက်ျားက ပြိုင်ဘက်ကင်းနေပြီ မဟုတ်လား၊ ဘာလို့ သူ့ကို ဂရုစိုက်နေသေးတာလဲ”
“ငါ သူနဲ့ တိုက်ချင်တယ်၊ အဲဒီမတိုင်ခင် သူ့ကို မနှောင့်ယှက်နဲ့”
“နိုင်နိုင်ခြေ ဘယ်လောက်ရှိလဲ”
“မင်း မြင်သလိုပဲ၊ ငါ သူ့ကို သေချင်ရင် သူ သေလိမ့်မယ်”
ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ရဲ့ စကားကို နားထောင်ပြီး ဟန်ကျွယ်က အရင်လိုမဟုတ်ဘဲ မောက်မာလာတယ်လို့ ခံစားလိုက်ရပါတယ်။
မဟုတ်ပါဘူး။ တကယ်တော့ ဒါကမှ ဟန်ကျွယ်ပါ။
အရင်က ဟန်ကျွယ်ဟာ စွမ်းအား အလုံအလောက် မရှိခဲ့လို့ သူ့စရိုက်ကို ဖိနှိပ်ထားခဲ့ပါတယ်။
ရှင်းဟုန်ရွှမ်ဟာ အရင်တုန်းက ဟန်ကျွယ်ရဲ့ စိတ်နေသဘောထားနဲ့ အခု စိတ်နေသဘောထားကို ထပ်ကြည့်လိုက်ပါတယ်။ အဲဒီနောက် ရှင်းဟုန်ရွှမ်ဟာ သူနဲ့ ဟန်ကျွယ် ပထမဆုံး တွေ့ဆုံခဲ့တာကို တွေးမိလိုက်ပါတယ်။
အဲဒီတုန်းက ရှင်းဟုန်ရွှမ် ဟန်ကျွယ်ကို စိတ်ဝင်စားခဲ့တာက ဟန်ကျွယ်ရဲ့ ချောမောလှတဲ့ ရုပ်ရည်ကြောင့်ပါ။ အဲဒီစိတ်ဝင်စားမှုက သူ့ကို ဒီလိုမျိုး ဧရာမ အခွင့်အရေးကြီး ရစေလိမ့်မယ်လို့ ရှင်းဟုန်ရွှမ် ထင်မထားခဲ့ပါဘူး။
ရှင်းဟုန်ရွှမ်ကို အတိတ်ကို ပြန်တွေးရင်း လူကဲခတ်တော်ခဲ့တဲ့အတွက် သူ့ကိုယ်သူ ဂုဏ်ယူသွားပါတယ်။ တခြားမိန်းမတွေလို မဟုတ်ဘဲ သူမက ဟန်ကျွယ်ကို ပထမဆုံးကြိုက်ပြီး လိုက်ခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် သူမက ဟန်ကျွယ်ကို မခွဲခွာခဲ့ဘဲ အမြဲတမ်း သူ့ကို ယုံကြည်ပေးပြီး ကူညီပေးခဲ့ပါတယ်။
ဒီအကြောင်းတွေကြောင့်လည်း ဟန်ကျွယ်က ရှင်းဟုန်ရွှမ်ကို အကောင်းဆုံး ဆက်ဆံတာပါ။
ရှင်းဟုန်ရွှမ်နဲ့ ဟန်ကျွယ်ဟာ တချို့အရာတွေရဲ့ အနှစ်သာရကို မြင်နိုင်ပါတယ်။ ဒါပေမဲ့ ဒီအကြောင်းကြောင့် သူတို့တွေဟာ ခံစားချက်ကင်းမဲ့ မသွားဘဲ ပိုပြီးတော့ တန်ဖိုးထားပါတယ်။
ဖန်တီးရှင်သခင်တောင် တချို့အရာတွေကို ပုံတူကူးလို့ မရပါဘူး။ ဥပမာပေးရရင် ဟန်ကျွယ်ဟာ သူ ရှင်းဟုန်ရွှမ် အပေါ်ထားတဲ့ ခံစားချက်တွေကို ပုံတူမပွားနိုင်ပါဘူး။
ရှင်းဟုန်ရွှမ်ဟာ ရုတ်တရက် စိတ်လှုပ်တရှား မေးလိုက်ပါတယ် “မိန်းမ ဆက်ပြီးတော့ ကျင့်ကြံစရာ မလိုတော့ဘူးပေါ့”
ဟန်ကျွယ်ဟာ လက်မြှောက်ပြီး ဖန်တီးရှင်စုတ်တံကို ထုတ်ယူလိုက်ပါတယ်။ အဲဒီနောက် ရှင်းဟုန်ရွှမ်ကို ဝှေ့ယမ်းလိုက်တဲ့အခါ အမှတ်သင်္ကေတတစ်ခု ရှင်းဟုန်ရွှမ်ရဲ့ ကိုယ်ထဲကို ဝင်သွားပါတယ်။
“ဒီနေ့ကစပြီး တာအိုဖန်တီးရှင်အောက်က ဘယ်သူမဆို မင်း သေချင်ရင် သေရလိမ့်မယ်၊ အဲဒါကြောင့် မင်းရဲ့ အတွေးတွေကို ဂရုစိုက်ချည်၊ တာအိုဖန်တီးရှင်တွေကတော့... သူတို့တွေ မင်းကို မသတ်နိုင်ဘူး”
ဟန်ကျွယ်က တည်တည်ငြိမ်ငြိမ် ပြောလိုက်ပေမဲ့ ရှင်းဟုန်ရွှမ်ကတော့ ရင်ဘက်ကြီး ပေါက်ထွက်တော့မဲ့အတိုင်း ရင်တထိတ်ထိတ် ခုန်သွားပါတယ်။
တစ်ခါတစ်လေမှာ လူသားတွေရဲ့ နှလုံးသားက တော်တော်လေးကိုမှ ရက်စက်ကြမ်းကြုတ်ပါတယ်။ ဒါကြောင့် ရှင်းဟုန်ရွှမ်မှာလည်း သူ့ရဲ့ အမှောင်ဘက်ခြမ်း ရှိပါတယ်။ ရှင်းဟုန်ရွှမ်ဟာ သူမရဲ့ အတွေးတစ်ချက်ကြောင့် ပဋိပက္ခ ပျက်စီးသွားမှာကို တွေးပြီး ကြောက်သွားပါတယ်။ အဲဒါကြောင့် နောက်ကျရင် သူ့အတွေးတွေကို ဂရုစိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အဲဒီနောက် ရှင်းဟုန်ရွှမ်က သိချင်စိတ်နဲ့ “ယောက်ျား... ယောက်ျားက ဘယ်အဆင့်ကို ရောက်ပြီလဲ၊ တာအိုဖန်တီးရှင်အဆင့်ကို ကျော်သွားပြီလား”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “မမေးနဲ့၊ ပဟေဠိတချို့တော့ ချန်ထားဦး၊ မင်းအတွက်တင် မဟုတ်ဘူး၊ တခြားလူတွေ အတွက်ရော”
ရှင်းဟုန်ရွှမ်ဟာ ချက်ချင်း ကတိပေးပါတယ် “မိန်းမ ဘယ်သူကိုမှ မပြောပါဘူး”
ရှင်းဟုန်ရွှမ်ဟာ ဂုဏ်ယူစွာ ပြုံးပြီး အင်္ကျီလက်စကို လိပ်တင်လိုက်ပါတယ် “ယောက်ျား... မိန်းမ လမ်းလျှောက်ထွက်ပြီး မိန်းမက ဘယ်လောက် ပြိုင်ဘက်ကင်းလဲဆိုတာကို စမ်းချင်တယ်”
ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ရဲ့ ခေါင်းကို ပွတ်သပ်ပြီး ပြုံးလိုက်ပါတယ် “သွားလေ”
“နေဦး... အခုတော့ မသွားသေးဘူး၊ မိန်း ပြိုင်ဘက်ကင်းစွမ်းအားကို အရင်ဆုံး ခံစားကြည့်ချင်သေးတယ်”
“ဘယ်လိုခံစားမှာလဲ”
“ဟမ်... ယောက်ျားက တော်တော် သရုပ်ဆောင်ကောင်းတာပဲ၊ မိန်းမပြောတာကို နားလည်ရဲ့သားနဲ့”
“ဒါဆိုလည်း မိန်းမကို ခံစားခိုင်းမယ်”
.....
နှစ်လေးငါးရာ ကြာမှာပဲ ရှင်းဟုန်ရွှမ်ဟာ တတိယ တာအိုစက်ကွင်းထဲကနေ ထွက်ခွာသွားပါတယ်။
ဟန်ကျွယ်လည်း တတိယတာအိုစက်ကွင်းထဲက တပည့်တွေကို တာအိုဟောကြားပါတယ်။ ဟန်ကျွယ်ဟာ တာအိုဟောကြားတာကို ရည်ရွယ်ချက်ရှိရှိ ထိန်းချုပ် ကန့်သတ်ပေမဲ့ တပည့်တွေဟာ ပြန်မွေးဖွားသွားသလိုမျိုး ခံစားရတုန်းပါပဲ။
တာအိုဟောကြားပြီးတဲ့အခါ ဟန်ကျွယ်ဟာ တခြား တာအိုလက်တွဲဖော်တွေဆီ တစ်ယောက်ချင်း သွားလည်ပါတယ်။
နတ်မိမယ်ရှီရွှမ်က စပ်စုပါတယ် “ရှင်းဟုန်ရွှမ်က ဘာဖြစ်လို့ တစ်ယောက်တည်း ထွက်သွားတာလဲ၊ ဘာကိစ္စရှိလို့လဲ”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “သူက သွားကစားတာ”
“အပိုတွေ”
“နောက်ကျရင် မင်း သိလာလိမ့်မယ်”
ဟန်ကျွယ်ဟာ နတ်မိမယ်ရှီရွှမ်နဲ့ နှစ်လေးငါးဆယ်လောက် နေပြီးနောက် ထွက်ခွာသွားပါတယ်။
ဟန်ကျွယ်ဟာ လမ်းလျှောက်ထွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီအချိန်ကစပြီး နှစ်သန်းရာချီ ကျင့်ကြံတာက ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုအပေါ် သိပ်ပြီး သက်ရောက်မှုရှိမှာ မဟုတ်ပါဘူး။ ဒီနောက်ပိုင်း ကျင့်ကြံမှုက တော်တော်လေးကိုမှ ရှည်ကြာမှာပါ။
ဟန်ကျွယ်ဟာ သူ့သရုပ်မှန်ကို ကွယ်ဝှက်လိုက်ပါတယ်။ တာအိုဖန်တီးရှင်တွေတောင် သူ့ကို တွက်ချက်လို့ မရတော့ပါဘူး။
ဟန်ကျွယ်ဟာ သူ့ရဲ့ စိတ်ယုတ်မာကို လွှတ်ပေးပြီး သေမျိုးတွေဆီကနေ မတူကွဲပြားတဲ့ အတွေ့အကြုံကို ခံစားဖို့ စီစဉ်ထားပါတယ်။ ဟန်ကျွယ်ဟာ သူ့ရဲ့ ခံစားချက်တွေကို ပုံကြီးချဲ့ဖို့ စီစဉ်ထားပါတယ်။ ဒီအချိန်က မဟာတာအို အနန္တကပ်ဘေးလည်း ကျရောက်နေတာဆိုတော့ ပိုပြီးတော့ ဝရုန်းသုန်းကားဖြစ်လေ ပိုကောင်းလေပါပဲ။
ဟန်ကျွယ်ဟာ ပထမဆုံး ရှီထျန်နယ်မြေဆီ သွားပြီး ကမ္ဘာတစ်ခုပေါ် ဆင်းသက်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကိုယ်ပေါ်က နတ်အလင်းရောင်တွေကို ရုပ်သိမ်းပြီး သာမန်မျက်နှာ ပြောင်းလိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ဦးတည်ရာမဲ့ လျှောက်သွားပြီး စိတ်ထဲ သဘောမတွေ့တဲ့လူ မှန်သမျှကို သတ်ပစ်ပါတယ်။
နှစ်တစ်သောင်းအတွင်း ဟန်ကျွယ်ဟာ ကြောက်မက်ဖွယ် ဂုဏ်သတင်းကို ရရှိသွားပါတယ်။ သေမျိုးကနေ မဟာတာအိုပညာရှိချုပ်အထိ သဘောမကျတဲ့လူဆို ဟန်ကျွယ်ဟာ ဘယ်သူ့ကိုမှ အရှင်မထားတာကြောင့် ရှီထျန်ရဲ့ သတ်ဖြတ်ခြင်းနတ်ဘုရားလို့ အမည်တွင်လာပါတယ်။
ရှီထျန်ရဲ့ သတ်ဖြတ်ခြင်းနတ်ဘုရားက ဘာလို့ သတ်ဖြတ်နေလဲဆိုတာ ဘယ်သူမှ မသိပါဘူး။ သွေးသောက်ဖို့ မွေးဖွားလာသလိုပါပဲ။
သတ်ဖြတ်တာ များလာတဲ့အခါ ဟန်ကျွယ်ကို မုန်းတီးသူတွေလည်း များပြားလာပါတယ်။ ပဋိပက္ခကို ကူညီနေတဲ့ ရှီထျန်နယ်မြေက အင်အားစုအသီးသီးလည်း ရွေးချယ်စရာ မရှိတော့ဘဲ ရှီထျန်နယ်မြေဆီ ပြန်လာပြီး သူ့ကို ဝိုင်းတိုက်ပါတယ်။
ရှီထျန်ရဲ့ကိုယ်ပွားလည်း ဆင်းသက်လာပြီး ဟန်ကျွယ်လမ်းကို ပိတ်ရပ်ပါတယ်။
“မင်းကို ဘယ်သူ လွှတ်လိုက်တာလဲ”
အနန္တဖျက်ဆီးရှင်သခင် ရှီထျန်က ခမ်းနားထည်ဝါပြီး စိုးမိုးခြယ်လှယ်လွန်းပါတယ်။ သူ ပေါ်လာတာနဲ့ အာကာသဟာ တုန်လှုပ်သွားပါတယ်။
ဒါပေမဲ့ ဟန်ကျွယ်ဟာ သူ့ကို ဂရုမစိုက်ဘဲ ရှေ့ဆက်လျှောက်ပါတယ်။ ဒါကို မြင်လိုက်ရတဲ့ အနန္တဖျက်ဆီးရှင်သခင်ဟာ အမျက်ချောင်းချောင်း ထွက်ပြီး ဟန်ကျွယ်ရှေ့ လျှပ်တစ်ပြက်သွားကာ လက်ဝါးနဲ့ ရိုက်လိုက်ပါတယ်။
ဒါပေမဲ့ ဟန်ကျွယ် မျက်လုံးကျဉ်းလိုက်တဲ့အခါ အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ရဲ့ ခန္ဓာကိုယ်ရော ဝိညာဉ်ရော ပျက်စီးသွားပါတယ်။
အရပ်ဆယ်မျက်နှာက ပြေးလွှားလာတဲ့ မဟာတာအိုပညာရှိချုပ်တွေ မဟာတာအိုပညာရှိတွေဟာ ဒီမြင်ကွင်းကြောင့် တုံ့ခနဲ ရပ်သွားပြီး ဟန်ကျွယ်ကို မယုံနိုင်စွာ ကြည့်လိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။