← Chapters

ဟန်ကျွယ်ရဲ့ မဟာဖန်တီးမှု

Vol. 106 Ch. 1105

ဟန်ကျွယ်ရဲ့ မဟာဖန်တီးမှု

Vol. 106 Ch. 1105

“အမှောင်သခင်ကြီးလား” အနန္တဖျက်ဆီးရှင်သခင်ဟာ တည်ငြိမ်ချင်ယောင်ဆောင်ပြီး မတိုးမကျယ် မေးလိုက်ပါတယ်။

အမှောင်သခင်ကြီးကို ရင်ဆိုင်ရတဲ့အခါ သူ့ရဲ့ ပင်မခန္ဓာကိုယ်တောင် မထိတ်လန့်ဘဲ မနေနိုင်ပါဘူး။ ဒါက နဝမပဋိပက္ခကိုတောင် အတွင်းနတ်ဆိုး ပေါ်အောင် ကျိန်စာတိုက်နိုင်တဲ့လူပါ။ သူ ဘယ်လိုလုပ်ပြီး မထိတ်လန့်ဘဲ နေနိုင်မှာလဲ။

ဟန်ကျွယ် “ငါ့ မေးခွန်းကိုသာ ဖြေစမ်းပါ”

အနန္တဖျက်ဆီးရှင်သခင်ဟာ တိတ်ဆိတ်သွားပါတယ်။ အနန္တဖျက်ဆီးရှင်သခင်ဟာ ဟန်ကျွယ်ရဲ့ ဆိုလိုရင်းကို နားမလည်ပါဘူး။

‘ဒီကောင် ငါ့ကို လာစော်ကားတာလား’

ဟန်ကျွယ်ဟာ အနန္တဖျက်ဆီးရှင်သခင်ကို တည်တည်ငြိမ်ငြိမ်ပဲ ကြည့်ပါတယ်။ ဟန်ကျွယ်က တည်ငြိမ်လေလေ အနန္တဖျက်ဆီးရှင်သခင်ဟာ ယုံကြည်မှု မရှိလေလေပါပဲ။

သူတို့နှစ်ယောက်ရဲ့ စွမ်းအား ကွာခြားချက်က နည်းနည်းနောနော မဟုတ်ပါဘူး။ အနန္တဖျက်ဆီးရှင်သခင် ထွက်ပြေးချင်ရင်တောင် ထွက်ပြေးဖို့ အခွင့်အရေး ရနိုင်မှာ မဟုတ်ပါဘူး။

အနန္တဖျက်ဆီးရှင်သခင်ဟာ အံ့ကြိတ်လိုက်ပါတယ် “ရှီထျန် သက်ရှိတွေကို မင်း ကယ်တင်ခဲ့တာဆိုတော့ သူတို့တွေ မင်းကို ကျေးဇူးတင်သင့်တယ်၊ သတ်ဖြတ်တာက မကောင်းမှုဆိုပေမဲ့ မင်းရဲ့ အကျိုးဆောင်မှုက မကောင်းမှုထက် ပိုများတယ်”

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “အတည်ပြောနေတာလား”

“ဟုတ်တယ်... အတည်ပြောတာ...” အနန္တဖျက်ဆီးရှင်သခင်ဟာ ခေါင်းငုံ့ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိပါဘူး။

သူတို့ထက် စွမ်းအားကြီးတဲ့လူတွေရှေ့မှာ တာအိုဖန်တီးရှင်တွေတောင် စိတ်ထင်တိုင်း မကြဲရဲပါဘူး။ တာအိုဖန်တီးရှင်တွေက မသေနိုင်ဘူးဆိုပေမဲ့ သူတို့ရဲ့ မဟာတာအိုကမ္ဘာက မပျက်စီးနိုင်တဲ့ တည်ရှိမှု မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။ အဲဒီနောက် နေရာကနေ ပျောက်ကွယ်သွားပါတယ်။

အနန္တဖျက်ဆီးရှင်သခင်ဟာ ပိုပြီးတော့ ရင်ထိတ်သွားပါတယ်။ အနန္တဖျက်ဆီးရှင်သခင်ဟာ ဟန်ကျွယ် သူ့မဟာတာအိုကမ္ဘာကို ဖျက်ဆီးမှာ ကြောက်သွားတာပါ။

ဒါကြောင့် အနန္တဖျက်ဆီးရှင်သခင်ဟာ သူ့မဟာတာအိုကမ္ဘာကို ကြည့်လိုက်ပေမဲ့ ရှီထျန်က တည်ငြိမ်နေပြီး ဟန်ကျွယ်ရဲ့ အရိပ်အယောင်ကို လုံးဝ ရှာမတွေ့ပါဘူး။

‘အမှောင်သခင်ကြီး... မင်း ဘာလိုချင်တာလဲ’ အနန္တဖျက်ဆီးရှင်သခင်ဟာ ဝေခွဲမရဖြစ်ပြီး မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီကောင့် မေးခွန်းရဲ့ အဓိပ္ပာယ်က ဘာပါလိမ့်’

ဟန်ကျွယ်ဟာ ရှီထျန်က ထွက်ခွာပြီးနောက် ပဋိပက္ခမှာ လျှောက်သွားပါတယ်။

ဟန်ကျွယ် ရှီထျန်မှာ လုပ်ခဲ့တာတွေက ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ သူ့စိတ်ကို လွှတ်ပေးလိုက်ရုံတင်ပါ။ အကြွေစေ့မှာ ခေါင်းနဲ့ပန်း နှစ်ဖက်ရှိသလို လူတိုင်းမှာလည်း အကောင်းနဲ့အဆိုး နှစ်ဖက်ရှိပါတယ်။ သေမျိုးတွေ ကောင်းမှုကို အားပေးတာက သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ပါ။

ပြိုင်ဘက်ကင်းပုဂ္ဂိုလ်တွေက သူတို့ရဲ့ ကောင်းတာ ဆိုးတာကို ဘယ်လို ဆုံးဖြတ်မလဲ။ ဒါက ဟန်ကျွယ် အဖြေရှာနေတဲ့ မေးခွန်းတစ်ပုဒ်ပါ။

ဒီနောက်ပိုင်း ဟန်ကျွယ်ဟာ သတ်ဖြတ်တာကို စိတ်မဝင်စားတော့ပါဘူး။ အဓိပ္ပာယ်မရှိလို့ပါ။ သက်ရှိအားလုံးကို အကျိုးပြုတာကလည်း ပိုပြီးတော့ အနှစ်သာရကင်းပါတယ်။ သက်ရှိတွေက အချိန်ကို မယှဉ်နိုင်တဲ့အတွက် သူတို့ဂရုစိုက်တာက အလွန်တရာ သေးငယ်တဲ့ သူတို့ရဲ့ အချိန်အပိုင်းအစလေး တစ်ခုကိုပါ။

ကယ်တင်ရှင်က သတ်ဖြတ်ခြင်း နတ်ဘုရားမှန်း သိရင်တောင် သူတို့တွေ ဘာမှ မပြောင်းလဲနိုင်ပါဘူး။ ကိစ္စမရှိဘူးလို့တောင် ခံစားချင်ကောင်း ခံစားနေနိုင်ပါတယ်။ ကျူးလွန်ခဲ့တဲ့ အပြစ်တွေက သူတို့ကို သက်ရောက်မှု မရှိရင် သက်ရှိတွေက ဒီအပြစ်တွေကို ဂရုမစိုက်ပါဘူး။ သူတို့တွေအတွက် အကျိုးအမြတ်ရှိပြီး ဘဝကို ကောင်းကောင်း နေထိုင်ရရင်ပဲ ပျော်ရွှင်နေပါပြီ။

ဒီရှုထောင့်ကနေ ကြည့်ရင် အကောင်း အဆိုး ဆိုတာက သေမျိုးတွေနဲ့ အဆင့်တူ လူတွေအတွက်ပဲ သင့်တော်ပါတယ်။ အဆင့်ကွာခြားလွန်းတဲ့ လူတွေ အတွက်တော့ တောတွင်းဥပဒေသက အမှန်ကန်ဆုံးပါ။

ဟန်ကျွယ်ဟာ တွေးရင်း ရှေ့ဆက်လျှောက်ပါတယ်။ တည်ရှိမှုအားလုံးကို ဘယ်လို စီစဉ်ရမလဲဆိုတာက ပြိုင်ဘက်ကင်းတဲ့ သူလိုလူ စဉ်းစားရမဲ့ကိစ္စပါ။

ဟန်ကျွယ်ဟာ သူသိသမျှ အရာရာတိုင်းကို ဒီအတိုင်းကြီး ထာဝရ မတည်ရှိစေချင်ပါဘူး။ ဒီလိုဆို ပျင်းစရာ တော်တော် ကောင်းသွားမှာပါ။

ဖိနှိပ်တာကလည်း အလုပ်မဖြစ်ပါဘူး။ နဝမပဋိပက္ခလို ပဋိပက္ခရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဖိနှိပ်တာကလည်း သူ့အဆင့်အတန်းကို ထာဝရ တည်မြဲအောင် မလုပ်ဆောင်ပေးနိုင်ပါဘူး။

အနာဂတ်မှာ သူ့လိုမျိုး စနစ်ရှိတဲ့လူ နောက်တစ်ယောက် ပေါ်မလာနိုင်ဘူးလို့ ဘယ်သူက အာမခံနိုင်မှာလဲ။

ဟန်ကျွယ်ဟာ အရာအားလုံးကို ထိန်းချုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဗလာနယ်မြေရဲ့ အခြေခံနိယာမက သူ့ကို ယှဉ်နိုင်ပါတယ်။ ဒီစွမ်းအားက နောက်ကျရင် ဖန်တီးမှုအသစ်တစ်ခု မွေးဖွားလာနိုင်ပါတယ်။

ဟန်ကျွယ် ရှီထျန်က ထွက်ခွာသွားတဲ့အခါ လောကဦးပဋိပက္ခနဲ့ ပဋိပက္ခရဲ့ တိုက်ပွဲဟာ ပြန်ပြီးတော့ ပြင်းထန်လာပါတယ်။

အကြောင်းရင်းကတော့ ဟန်ဟွမ် လှုပ်ရှားလိုက်လို့ပါ။ ဟန်ဟွမ်ဟာ အမြင့်ဆုံး စစ်မြေပြင်ဆီ ဆင်းသက်ပြီး ပဋိပက္ခကို ဖိနှိပ်ကာ တိုက်ပွဲအခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်ပါတယ်။

ဟန်ဟွမ် လက်ချက်ကြောင့် မဟာတာအိုပညာရှိအောက်က လူတိုင်း သေကြေပျက်စီးပါတယ်။ တချို့ မဟာတာအိုပညာရှိ အလယ်အဆင့်တွေတောင် မလွတ်ပါဘူး။

ဟန်ဟွမ်ဟာ တကယ်ကို ရက်စက်လွန်းပါတယ်။ မဟာတာအိုပညာရှိတွေက ဒီစစ်ပွဲမှာ သူသေကိုယ်သေ တိုက်ခိုက်နေကြတာ မဟုတ်ပါဘူး။ နားလည်လွယ်အောင် ပြောရရင် နှစ်ဖက်စလုံးက မဟာတာအို အနန္တကပ်ဘေးကို စမ်းသပ်မှုတစ်ခုလို့ သဘောထားတာပါ။

“ဟမ်... တော်လောက်ပြီ၊ မဟာတာအိုကမ္ဘာအရှင်တွေ ထွက်လာကြတော့” ဟန်ဟွမ်ဟာ စစ်နတ်ဘုရားတစ်ပါးလိုမျိုး ပဋိပက္ခကို ငုံ့ကြည့်လိုက်ပါတယ်။

ဟန်ဟွမ်ရဲ့ စကားအဆုံးမှာပဲ အနန္တဖျက်ဆီးရှင်သခင်နဲ့ ပဋိပက္ခသိစိတ်တော့ ပေါ်လာပါတယ်။

“မင်းတို့တွေ နောက်ဆုတ်ကြတော့... မင်းတို့နှစ်ယောက် ဘာဖြစ်လို့ လောကဦးပဋိပက္ခကို ကူညီလဲဆိုတာ ငါ မသိဘူး၊ ဒါပေမဲ့ ဒီနှစ်ကောင်ကို ငါ့ဘာသာ ရင်ဆိုင်မယ်” ဟန်ဟွမ်ဟာ သူ့ဘေးနားက တာအိုဖန်တီးရှင်နှစ်ပါးကို ကြည့်ပြီး ပြောလိုက်ပါတယ်။

ဟန်ဟွမ်စကားကို ကြားရတဲ့အခါ သဏ္ဍာန်မဲ့နတ်မင်းဟာ ပြုံးလိုက်ပါတယ်။ သူဟာ ဟန်ဟွမ်ကို အငယ်တစ်ယောက်လိုမျိုး ကြည့်ပြီး ဘာမှမပြောပါဘူး။ ယင်ယန်ချွမ်တုနတ်မင်းကတော့ ဟန်ဟွမ်ကို တော်တော်လေး မကြည်မလင် ဖြစ်သွားပါတယ်။ ဒါပေမဲ့ သူက ဟန်ကျွယ်အပေါ် လုံးဝ သစ္စာရှိ‌တော့ ဟန်ဟွမ်စကားကို မလွန်ဆန်ရဲပါဘူး။

“တော်တော် လေလုံးထွားတာပဲ” အနန္တဖျက်ဆီးရှင်သခင်ဟာ အမျက်ချောင်းချောင်း ထွက်သွားပါတယ်။ အနန္တဖျက်ဆီးရှင်သခင်ဟာ အမှောင်သခင်ကြီးရဲ့ ဖိနှိပ်မှုကြောင့် ခံစားခဲ့ရတာတွေကို ဟန်ဟွမ်ပေါ် ပုံချပါတယ်။

သူတို့သုံးယောက်လုံးက ဖန်တီးရှင်အဆင့်ထဲကို ခြေလှမ်းတစ်ဝက် ဝင်နေပြီမလို့ သူတို့တွေ တိုက်ခိုက်တာက တော်‌တော်လေး ကြောက်စရာ ကောင်းပါတယ်။ ပဋိပက္ခအာကာသ တစ်ခုလုံး တုန်လှုပ်ပြီး မဟာတာအိုသုံးထောင်ဟာ တစ်ပါးပြီးတစ်ပါး ကွဲကြေပါတယ်။

ပဋိပက္ခရဲ့ တစ်ဖက်မှာရှိတဲ့ ဟန်ကျွယ်တောင် ဘေးနားဝန်းကျင်က အာကာသတွေ စုတ်ပြဲသွားတာကို တွေ့လိုက်ရပါတယ်။

ဟန်ကျွယ်ဟာ နဝမပဋိပက္ခ မလှုပ်ရှားခင် စလှုပ်ရှားမှာ မဟုတ်ပါဘူး။ ဒါက ဟန်ဟွမ်ကို လေ့ကျင့်ပေးဖို့ အခွင့်အရေးကောင်းတစ်ခုပါ။

သူတို့သုံးယောက်ရဲ့ တိုက်ပွဲက တစ်နှစ်ပြီးတစ်နှစ် ကြာသွားပါတယ်။ သူတိုသုံးယောက်ရဲ့ တိုက်ပွဲအရှိန်ကြောင့် ကမ္ဘာတွေ တစ်ကမ္ဘာပြီး တစ်ကမ္ဘာ ကွဲကြေကုန်ပါတယ်။ ဒါကြောင့် ပဋိပက္ခမှာ ခြေဦးတည့်ရာ လျှောက်သွားတဲ့ သက်ရှိတွေ အမြောက်အမြား ပေါ်လာပါတယ်။

ဒီခေတ်က အမှောင်ခေတ်ပါ။ သက်ရှိအားလုံးဟာ မဟာတာအိုပညာရှိတွေ တိုက်ခိုက်တာကို မသိကြပါဘူး။ သူတို့တွေ ဒုက္ခရောက်တာပဲ သိပါတယ်။

နှစ်သန်းချီ ကြာသွားတဲ့အခါမှာတော ဟန်ကျွယ်ရဲ့ မူလသက်တမ်းဟာ သန်း ၄၇၀ ပြည့်သွားပြီး နောက်ထပ် မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အခွင့်အ‌ရေး နှစ်ကြိမ်ကို စုဆောင်းမိသွားပါတယ်။

ဟန်ကျွယ်ဟာ သက်ရှိတွေကို ဖန်တီးမှု ပေးနိုင်ပေမဲ့ သူပေးတဲ့ ဖန်တီးမှုက မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှုကိုတော့ မယှဉ်နိုင်သေးပါဘူး။ မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှုက အန္တိမမူလကမ္ဘာကနေ လာတာပါ။ ဒါကြောင့် ဟန်ကျွယ် စွမ်းအားကြီးလေလေ မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှုက ပိုပြီးတော့ အထင်ကြီးဖို့ ကောင်းလေလေပါပဲ။

ဟန်ကျွယ်ဟာ ဖန်တီးရှင်သခင် ဖြစ်လာပြီးနောက် စနစ်ရဲ့ တည်ရှိမှုကို အာရုံခံနိုင်လာပါတယ်။ စနစ်က ဟန်ကျွယ်ရဲ့ မူလဖန်တီးမှုမှာ ခတ်နှိပ်ထားတဲ့ အမှတ်တစ်ခုလိုပါပဲ။ ဟန်ကျွယ်ဟာ ဒီအမှတ်ကို ခွာယူလို့ရပေမဲ့ ခွာယူဖို့ စိတ်ကူးမရှိပါဘူး။

လက်ရှိစနစ်က ဟန်ကျွယ်အတွက် ဓမ္မရတနာတစ်ပါးလိုပါပဲ။ စွမ်းအားကြီးလာလို့ ဘယ်သူမှ လက်နက်ကို မစွန့်ပါဘူး။ နောက်ပြီး ဟန်ကျွယ်နဲ့ စနစ်က အိုးစားဖက်တွေလိုပါပဲ။ တစ်ယောက်ကို တစ်ယောက် အားကောင်းလာအောင် အပြန်အလှန် ထောက်ပံ့ထားပါတယ်။ ဟန်ကျွယ်ဟာ စနစ်နဲ့ ရှေ့ကို ဆက်သွားချင်ပါသေးတယ်။

စနစ်က ဗလာနယ်မြေရဲ့ ဖန်တီးမှုစိတ်ဆန္ဒကနေ ဖြစ်တည်လာတာပါ။ အမွေခံပေါင်း မြောက်မြားစွာရဲ့ ပြုပြင်ပြောင်းလဲမှုတွေကြောင့် ဒီနေ့ ဒီလိုအခြေအနေကို ရောက်လာနိုင်တာပါ။ စနစ်က ဟန်ကျွယ်ရဲ့ မျိုးဆက်တွေ ရရှိတဲ့ ရှန်တျန် မဟာဖန်တီးမှုလို ဖန်တီးမှု နိယာမတစ်ပါးပါ။

စနစ်က ဟန်ကျွယ် ဘဝဟောင်းမှာ ရင်းနှီးတဲ့ တည်ရှိမှုမျိုးနဲ့ တည်ရှိနေတာပါ။ တခြားအရာတွေထက် စနစ်က ဟန်ကျွယ်အတွက် လက်ခံဖို့ ပိုလွယ်ကူပါတယ်။ ဟန်ကျွယ်ကိုယ်တိုင်ကလည်း စနစ်ကို လိုချင်ခဲ့တာပါ။

မသိမသာနဲ့ ဟန်ကျွယ်ဟာ ပဋိပက္ခရဲ့ အစွန်းကို ရောက်ရှိသွားပါတယ်။ ဒီနေရာမှာ အချိန်-အာကာသ ဒိုင်မေးရှင်းပေါင်း မြောက်မြားစွာနဲ့ ဆက်သွယ်နေတဲ့ ဧရာမသစ်ပင်ကြီးတစ်ပင် ရှိနေပါတယ်။ သက်ရှိအားလုံးက ဒီနေရာကို တားမြစ်နယ်မြေလို့ သဘောထားကြပါတယ်။

ဒီသစ်ပင်က တခြားတော့ မဟုတ်ပါဘူး။

ဖူစန်းနတ်သစ်ပင်ပါ။

ဟုတ်ပါတယ်။ တစ်ချိန်က ဟန်ကျွယ် ပျိုးထောင်ခဲ့တဲ့ ဖူစန်းသစ်ပင်ပါ။ နောက်တော့ ဖူစန်းသစ်ပင်ဟာ အသွင်ပြောင်းလဲချင်လွန်းလို့ ဟန်ကျွယ်ဆီကနေ ထွက်သွားခဲ့ပါတယ်။

ဒီနှစ်တွေမှာ လောကဦးနတ်ဘီလူးရဲ့ အကူအညီနဲ့ ဖူစန်းသစ်ပင်ဟာ အသွင်ပြောင်းလဲနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ ဘယ်ပဲသွားသွား သူ ထိန်းချုပ်ထားတဲ့ အချိန်-အာကာသ စွမ်းအားက နောက်ကနေ လိုက်တဲ့အတွက် ကမ္ဘာအများကြီးကို ပြိုလဲစေခဲ့ပါတယ်။ ဒါကြောင့် ဖူစန်းသစ်ပင်ဟာ အထွတ်အထိပ် နိယာမ နှင်ထုတ်တာကို ခံရပြီး မူလအသွင်နဲ့ ပြန်နေနေတာပါ။

ဟန်ကျွယ်ဟာ မူလအသွင်နဲ့ ဖူစန်းသစ်ပင်ဆီ ချဉ်းကပ်ပါတယ်။ တောက်ပတဲ့ နတ်အလင်းရောင်တွေကိုလည်း ရုပ်သိမ်းလိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက မြင့်မားလွန်းတဲ့အတွက် ဖူစန်းသစ်ပင်ဟာ သူရောက်လာတာကို အာရုံမခံမိပါဘူး။

“အဆင်ပြေရဲ့လား” ဟန်ကျွယ်က မေးလိုက်ပါတယ်။

ဖူစန်းသစ်ပင်ရဲ့ သစ်ရွက်တွေ တုန်ခါသွားတာကြောင့် သူနဲ့ ဆက်သွယ်ထားတဲ့ အချိန်-အာကာသ အမြောက်အမြားရဲ့ ကာလသုံးပါးကို တုန်ခါသွားစေပါတယ်။

“သခင်... ဒီကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ” ဖူစန်းသစ်ပင်က တအံ့တဩ မေးလိုက်ပါတယ်။ ဖူစန်းသစ်ပင်ဟာ နည်းနည်းလည်း ကြောက်နေပါတယ်။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ငါ လာလို့ မရဘူးလား”

“မဟုတ်ပါဘူး... ကျွန်မ...”

သက်ရှိတွေရဲ့ အမြင်မှာ တန်ခိုးစွမ်းအားကြီးမားပြီး ခမ်းနားထည်ဝါလွန်းတဲ့ ဖူစန်းသစ်ပင်ဟာ အင်မော်တယ်ကို တွေ့ရတဲ့ သေမျိုးတစ်ယောက်လို့ ရင်ဖိုနေပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters