← Chapters

ကျင့်ကြံမှုစွမ်းရည် အကန့်အသတ်

Vol. 106 Ch. 1106

ကျင့်ကြံမှုစွမ်းရည် အကန့်အသတ်

Vol. 106 Ch. 1106

“မင်း အသွင်ပြောင်းချင်သေးလား”

ဟန်ကျွယ်ဟာ ဝေ့လည်ကြောင်ပတ် လုပ်မနေဘဲ တဲ့တိုးမေးလိုက်ပါတယ်။

ဖူစန်းသစ်ပင်ဟာ မှင်တက်သွားပါတယ် “ကျွန်မ ပြောင်းလဲချင်တာပေါ့၊ ဒါပေမဲ့...”

စကားမဆုံးခင်မှာပဲ ဖူစန်းသစ်ပင်ဟာ ရုတ်တရက် ပြောင်းလဲသွားပါတယ်။ ဧရာမ သစ်ပင် ကိုယ်ထည်ကနေ တောက်ပတဲ့ အလင်းရောင်တွေ ဖြာထွက်လာပါတယ်။ ဒီအလင်းရောင်တွေဟာ လျင်မြန်စွာခဲပြီး ဟန်ကျွယ်ရှေ့ ဆင်းသက်ကာ လှပတဲ့အသွင်တစ်သွင် ဖြစ်တည်လာပါတယ်။

ဒါက ပိတုန်းရောင် ကေသာနဲ့ နှင်းလို အသားအရေရှိတဲ့ မိန်းမပျိုတစ်ယောက်ရဲ့ အသွင်ပါ။ သူမရဲ့ မျက်နှာဟာ နတ်သမီး အရှုံးပေးရလောက်အောင် လှပြီး မျက်ခုံးကြားက အေးစက်မှုဟာ လီယောင်ပုံစံ ရှိပါတယ်။ ဒါကလည်း ထူးဆန်းတာတော့ မဟုတ်ပါဘူး။ လီယောင်ရဲ့ လွှမ်းမိုးမှုက ဝူတောက်ကျန့်နဲ့ ဖူစန်းသစ်ပင်အပေါ်မှာ တော်တော်လေး ကြီးပါတယ်။

တစ်ချက်ကြည့်လိုက်ရင် အသွင်ပြောင်းလာတဲ့ ဖူစန်းသစ်ပင်က လီယောင်ရဲ့ ညီမလို့ ထင်ရပါတယ်။

ဟန်ကျွယ်ဟာ လက်မြှောက်ပြီး ဖူစန်းသစ်ပင်ရဲ့ ကိုယ်ထည်ဆီကနေ သစ်ရွက်တစ်ရွက် ခူးလိုက်ပါတယ်။ ဒီသစ်ရွက်ဟာ အစိမ်းရောင် ဝတ်ရုံအဖြစ် ပြောင်းလဲသွားပြီး အသွင်ပြောင်းလာတဲ့ ဖူစန်းသစ်ပင်ကို လွှမ်းခြုံသွားပါတယ်။

ဖူစန်းသစ်ပင်ဟာ နောက်လှည့်ကြည့်လိုက်တဲ့အခါ သူ့ရဲ့ ပင်မခန္ဓာကိုယ်က နေရာမှာ ရှိနေသေးတာကို တွေ့လိုက်ရပါတယ်။ ခွာယူခံရတယ်လို့ ခံစားရပေမဲ့ ဖူစန်းသစ်ပစ်ဟာ သူမရဲ့ သစ်ပင်ကိုယ်ထည်ကို ထိန်းချုပ်နိုင်ပါသေးတယ်။ ဒီခံစားချက်က တော်တော်လေးကိုမှ ထူးဆန်းပါတယ်။ သစ်ပင်ကိုယ်ထည်က သူ့ရဲ့ မွေးရာပါ ဓမ္မရတနာ ဖြစ်သွားသလိုပါပဲ။

ဖူစန်းသစ်ပင်ဟာ တော်တော်လေး အံ့အားသင့်သွားပါတယ်။

ဟန်ကျွယ် “အခုအချိန်ကစပြီး အချိန်-အာကာသကို မင်း ထိန်းချုပ်ချည်၊ အခုတော့ ပဋိပက္ခရဲ့ အချိန်-အာကာသပဲ၊ နောက်ကျ မင်းက အဆုံးမဲ့ခေတ်ရဲ့ အချိန်-အာကာသကို ထိန်းချုပ်ရလိမ့်မယ်၊ ငါ မင်းကို အချိန်-အာကာသအပေါ်မှာ အကြွင်းမဲ့ အာဏာပိုင်ခွင့် ပေးအပ်တယ်”

ဟန်ကျွယ်ဟာ သူ့ရှေ့မှာ ရုတ်တရက် ပေါ်လာတဲ့ ဖန်တီးရှင်စုတ်တံကို ကိုင်ပြီး ဖူစန်းသစ်ပင်ဆီ ဝှေ့ယမ်းလိုက်ပါတယ်။ ရုတ်ခြည်းဆိုသလို ဖူစန်းသစ်ပင်ရဲ့ ကျင့်ကြံမှုဟာ ထိုးတက်ပြီး ဟင်းလင်းပြင်ကို လှုပ်ခါသွားစေပါတယ်။

နတ်အာရုံတွေဟာ ဘက်ပေါင်းစုံကနေ တိုက်ခိုက်ပြီး ဖူစန်းသစ်ပင်ကို ထောက်လှမ်းဖို့ ကြိုးစားကြပေမဲ့ ဟန်ကျွယ်က နတ်အာရုံအကုန်လုံးကို ကန့်သတ်လိုက်ပါတယ်။

လေးငါးနာရီ အကြာမှာတော့...

ဖူစန်းသစ်ပင်ရဲ့ ကျင့်ကြံမှုဟာ တာအိုဖန်တီးရှင် ခြေလှမ်းတစ်ဝက်နဲ့ ညီမျှသွားပါတယ်။ အချိန်-အာကာသ တည်ရှိနေသမျှ ကာလပတ်လုံး ဖူစန်းသစ်ပင်ဟာ ပျက်စီးမှာ မဟုတ်ပါဘူး။

ဖန်တီးရှင်သခင်ဟာ အရာအားလုံးကို ဆုံးဖြတ်နိုင်ပါတယ်။

ဖူစန်းသစ်ပင် နိုးလာတဲ့အခါ သူ့ဖန်တီးမှုကို ခံစားပြီး ငေးကြောင်ကြောင် ဖြစ်သွားပါတယ်။ တစ်ခဏ မှင်တက်ပြီးနောက် ဖူစန်းသစ်ပင်ဟာ စိတ်လှုပ်တရှား ဒူးထောက်လိုက်ပါတယ်။

“ကျေးဇူးတင်ပါတယ် သခင်၊ ကျေးဇူးတင်ပါတယ် သခင်”

“အင်း...”

ဟန်ကျွယ်ဟာ တစ်ဖက်လှည့်ပြီး ရှေ့ဆက်လျှောက်ပါတယ်။

ဖူစန်းသစ်ပင်က ချက်ချင်း မေးလိုက်ပါတယ် “သခင်... ကျွန်မ အရင်က တိတ်ဆိတ်ဂိုဏ်းကို သစ္စာဖောက်ခဲ့တာ၊ ဘာလို့ အပြစ်မတင်တဲ့အပြင် အခုလိုမျိုး စွမ်းအားပေးရတာလဲ”

ဟန်ကျွယ်ဟာ လှည့်တောင်မကြည့်ဘဲ “ငါ လိုချင်တာ ဘာမဆို လုပ်မယ်၊ လူတိုင်းကို ငါ ဆက်ဆံချင်သလို ဆက်ဆံမယ်၊ ငါ မင်းကို ပျိုးထောင်ခဲ့တာပဲ ကျေးဇူးတင်... ဒီနေ့ ငါ မင်းကို ပေးခဲ့တာမှန်သမျှ ငါ သဘောမတွေ့ရင် ပြန်ယူလို့ရတယ်၊ မင်း ဒီစွမ်းအားကို ဘယ်လိုအသုံးချမလဲဆိုတာ ငါ စောင့်ကြည့်မယ်”

ဖူစန်းသစ်ပင်ဟာ ထွက်ခွာသွားတဲ့ ဟန်ကျွယ်ရဲ့ ကျောပြင်ကို ကြည့်ရင်း နှုတ်ခမ်းကိုက်ကာ ချက်ချင်း မတ်တတ်ရပ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဆီ ပျံသန်းပါတယ်။

“သခင်... ကျွန်မ သခင်ကို လုပ်ကျွေးချင်ပါတယ်”

“မလိုပါဘူး”

“ကျွန်မက စိတ်ရင်းနဲ့ ပြောတာပါ၊ သခင်က အခု ဒီလောက်တောင် စွမ်းအားကြီးနေပြီ၊ သခင်နဲ့ ကျင့်ကြံတာက လမ်းမှန် ဖြစ်နိုင်တယ်၊ နှစ်သန်းရာချီ ကြာသွားတော့ ကျွန်မ ပဋိပက္ခနဲ့ တည်ရှိမှု အကုန်လုံးကို အရင်လိုမျိုး စိတ်မဝင်စားတော့ဘူး၊ ကျွန်မ အေးအေးဆေးဆေးပဲ ကျင့်ကြံချင်တော့တယ်၊ အချိန်-အာကာသကိုတော့ ကျွန်မ တစ်ချိန်တည်း အလုပ်အများကြီး လုပ်လို့ရတာပဲ”

“ကောင်းပြီလေ... အဲဒီလိုဆိုလည်း လိုက်ခဲ့ချည်” ဟန်ကျွယ်ဟာ သာမန်ကာလျှံကာ ပြန်ပြောလိုက်ပါတယ်။

ဟန်ကျွယ်အတွက် လက်ရှိမှာ ဘာဝန်ထုပ်ဝန်ပိုးမှ မရှိတော့ပါဘူး။

တကယ်တော့ ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ကို ဘယ်တုန်းကမှ အပြစ်မမြင်ခဲ့ပါဘူး။ ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ကို နားလည်တဲ့အပြင် သနားတောင် သနားပါသေးတယ်။ ဖူစန်းသစ်ပင်နေရာမှာ သူဆိုရင်လည်း အသွင်ပြောင်းလဲနိုင်ဖို့ နည်းလမ်း ရှာဖွေမှာပါ။

ဖူစန်းသစ်ပင်က သူ့ကို သစ္စာဖောက်ခဲ့တာ မဟုတ်ပါဘူး။ အသွင်ပြောင်းလဲချင်တဲ့အတွက် ထွက်သွားခဲ့တာပါ။ အတိတ်မှာတုန်းက ဟန်ကျွယ်နဲ့ တိတ်ဆိတ်ဂိုဏ်းဟာ ဖူစန်းသစ်ပင်ရဲ့ စိတ်ဝိညာဉ်ချီကို မှီခိုပြီး ကျင့်ကြံအားထုတ်ခဲ့ကြတာပါ။ ဒါကြောင့် ဖူစန်းသစ်ပင်က သူတို့အပေါ် ဘာအကြွေးမှ တင်မနေပါဘူး။ ဒါကြောင့် သူတို့ကလည်း ဖူစန်းသစ်ပင်ကို အပြစ်တင်စရာ အကြောင်းအရင်း မရှိပါဘူး။

ဖူစန်းသစ်ပင်ဟာ ဟန်ကျွယ်ရဲ့ သဘောတူစကားကို ကြားရတဲ့အခါ စိတ်သက်သာရာ ရသွားပြီး‌ တောက်ပစွာ ပြုံးလိုက်ပါတယ်။ အဲဒီနောက် ရှေ့ဆက်လျှောက်ပြီး ဟန်ကျွယ်နဲ့ ရင်‌ပေါင်တန်း လျှောက်လှမ်းပါတယ်။

“သခင်... သခင်က အခု ဘယ်အဆင့်ကို ရောက်နေပြီလဲ၊ မဟာတာအို အထွတ်အထိပ်အဆင့်ကို ကျော်လွန်သွားပြီမလား၊ ကျွန်မ သခင်ရဲ့ တိုက်ပွဲတွေကို မြင်ဖူးတယ်၊ တစ်ခါက သခင် ပဋိပက္ခထဲက သက်ရှိတွေ အကုန်လုံးကို သတ်ဖြတ်ပြီး အသက်ပြန်ရှင်အောင် လုပ်ခဲ့တယ်မလား”

ဖူစန်းသစ်ပင်က မေးခွန်းတွေ ဆက်တိုက်မေးတဲ့အတွက် ဟန်ကျွယ်ဟာ ဟန်ချင်းအာ ဘေးနားမှာ ရှိနေသလိုမျိုး ခံစားလိုက်ရပါတယ်။

“ဟုတ်တယ်၊ ငါ အဲဒီအဆင့်ကို ကျော်လွန်သွားပြီ၊ မဟာတာအို အထွတ်အထိပ်အဆင့်ရဲ့ အထက်မှာ တာအိုဖန်တီးရှင်အဆင့် ရှိတယ်၊ လောလောဆယ် ပဋိပက္ခတစ်ခုလုံးမှာ တာအိုဖန်တီးရှင် ငါးပါးပဲ ရှိတယ်၊ တာအိုဖန်တီးရှင် ဖြစ်ချင်ရင် ပဋိပက္ခလိုမျိုး မဟာတာအိုကမ္ဘာတစ်ခုကို ဖန်တီးရလိမ့်မယ်”

“ပဋိပက္ခက ဒီလောက်ကြီးတာ... သခင်က သေမျိုးကနေ ဖန်တီးရှင်အဆင့်ကို နှစ်သန်းငါးရာအတွင်း ရောက်နိုင်တယ်ဆိုတော့ တကယ်ကို အထင်ကြီးဖို့ ကောင်းတာပဲ” ဖူစန်းသစ်ပင်ဟာ သက်ပြင်းချလိုက်ပြီး မျက်လုံးထဲမှာ မျှော်လင့်ချက်ရောင်ခြည်တွေ ပြည့်သွားပါတယ်။

ဖူစန်းသစ်ပင်ဟာ ဟန်ကျွယ်လိုမျိုး ဖြစ်ချင်နေပါတယ်။

ဒီလိုနဲ့ သူတို့နှစ်ယောက်ဟာ စကားပြောရင်း ပဋိပက္ခမှာ ခရီးနှင်ပါတယ်။

.....

မဟာတာအို သုံးထောင် အထက်မှာ ခြေလှမ်းတစ်ဝက်ဝင် တာအိုဖန်တီးရှင်သုံးပါးရဲ့ တိုက်ပွဲက နောက်ဆုံးမှာ အဖြေထွက်လာပါတယ်။ ဟန်ဟွမ်ဟာ တာအိုဖန်တီးရှင် နှစ်ပါးရဲ့ ကိုယ်ပွားတွေကို တိုက်ခိုက်အနိုင်ယူပြီး နှင်ထုတ်နိုင်လိုက်ပါတယ်။

“အားနည်းတဲ့ ပဋိပက္ခက တစ်ချက်တောင် မခံနိုင်ဘူး၊ ဒါကို အဆုံးသတ်ကြရအောင်... လောကဦးပဋိပက္ခ အမိန့်နာခံ... ပဋိပက္ခ သက်ရှိအကုန်လုံးကို သတ်ဖြတ်ပြီး ပဋိပက္ခရဲ့ ကံတရား အထောက်အပံ့ကို ရှင်းလင်းချည်၊ ပြီးရင် ပဋိပက္ခကို ချိုးဖျက်ပြီး လောကဦးပဋိပက္ခကို ကြိုဆိုကြမယ်”

ဟန်ဟွမ်ရဲ့အသံဟာ ပဋိပက္ခတစ်ခွင် ပဲ့တင်ထပ်သွားပါတယ်။ သေမျိုးတွေတောင် သူ့အသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရပါတယ်။ သူ့အသံက ဝိညာဉ်ကို ဂယက် ထစေပါတယ်။

ဖူစန်းသစ်ပင်ဟာ သက်ပြင်းချလိုက်ပါတယ် “သခင်... သခင်ရဲ့သားလို့ မပြောရဘူး၊ တကယ်ကို စွမ်းအားကြီးတာပဲ”

“အင်း... သိပ်မဆိုးဘူး” ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်။ တကယ်တော့ ဟန်ကျွယ်လည်း ဟန်ဟွမ်ရဲ့ စွမ်းဆောင်ရည်ကို တော်တော်လေး ကျေနပ်အားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ဟွမ်က အန္တိမမူလစွမ်းအားကို ငှားမယူဘဲ ကိုယ်စွမ်းကိုယ်စနဲ့ တာအိုဖန်တီးရှင် နှစ်ပါးရဲ့ ကိုယ်ပွားတွေကို တိုက်ထုတ်လိုက်တာကြောင့်ပါ။

ဒီအဖြစ်အပျက်နေ အဆင့်တူရင် ဟန်ဟွမ်က ပဋိပက္ခသိစိတ်နဲ့ အနန္တဖျက်ဆီးရှင်သခင်ကို ယှဉ်နိုင်တယ်ဆိုတာ သိနိုင်ပါတယ်။ ဟန်ဟွမ်က လောကဦး နတ်ဘီလူးဆိုတော့ အုတ်မြစ်ချင်းယှဉ်ရင် ပဋိပက္ခသိစိတ်နဲ့ အနန္တဖျက်ဆီးရှင်သခင်က သူ့ကို မယှဉ်နိုင်ပါဘူး။ သူတို့နှစ်ယောက်က အသက်ကြီးလို့ စွမ်းအားကြီးရုံတင်ပါ။

“ဝေါင်း...”

ဟန်ဟွမ်ရဲ့ ကြော်ငြာချက် အဆုံးမှာ ကြောက်မက်ဖွယ် အော်သံတစ်သံဟာ ပဋိပက္ခတစ်ခွင် ပဲ့တင်ထပ်သွားပါတယ်။

ယွမ်ရှီကျယ်ဝမ်ရဲ့ ဟိန်းဟောက်သံပါ။

ဒီကြမ်းတမ်းတဲ့ သားရဲက ဟန်ဟွမ်ကိုယ်တိုင် ပျိုးထောင်ထားတာ ဖြစ်ပြီး မဟာတာအို အနန္တကပ်ဘေးအတွက် မွေးဖွားလာတာပါ။ ဒီသားရဲက သက်ရှိတွေ သေကြတာကို ပိုမြန်စေတဲ့အပြင် ကံတရား အထောက်အပံ့ကိုလည်း ဝါးမျိုနိုင်ပါတယ်။

ကံတရား အထောက်အပံ့ ခြောက်ကပ်တဲ့အထိ စုပ်ယူခံလိုက်ရရင် ပဋိပက္ခရဲ့ စွမ်းအားကလည်း အများကြီး လျော့ကျသွားမှာပါ။ ဒီလိုဆို ဟန်ဟွမ်က ပဋိပက္ခကို အသာလေး ခွဲခြေနိုင်ပါပြီ။

ဟန်ဟွမ် ဒီလိုလုပ်တာက ကိုယ်ကျိုးအတွက်ပါ။ သူ ပဋိပက္ခကို ခွဲခြေတာက အဆုံးမဲ့ခေတ်အတွက် မဟုတ်ဘဲ လောကဦးပဋိပက္ခကို ဖန်တီးဖို့အတွက်ပါ။ အဆုံးမဲ့ခေတ်ကို တကယ် ရောက်ချင်ရင် ပဋိပက္ခရဲ့ ကံတရား အထောက်အပံ့ကို စုစည်းပြီး အကြွင်းမဲ့စွမ်းအားနဲ့ ဗလာနယ်မြေရဲ့ အခြေခံနိယာမကို ခွဲခြေ ပြောင်းလဲပစ်ရမှာပါ။

ဒီအကြံက နဝမပဋိပက္ခရဲ့ အကြံပါ။ တကယ်တော့ ဒီအကြံ မှားပါတယ်။ ဗလာနယ်မြေရဲ့ အခြေခံနိယာမက ဘယ်လောက်ထိ သန်မာလဲဆိုတော့ ဖန်တီးရှင်သခင် ဖြစ်လာပြီးမှ ဟန်ကျွယ် ပိုသိလာပါတယ်။ ပဋိပက္ခရဲ့ စွမ်းအား မပြောနဲ့၊ တာအိုဖန်တီးရှင်ရဲ့ စွမ်းအားနဲ့တောင် ဗလာနယ်မြေရဲ့ အခြေခံနိယာမကို ခွဲခြေပစ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ဖန်တီးရှင်သခင် ဖြစ်ချင်ရင် အခြေခံနိယာမနဲ့ စီးမြောပြီး သုံးသပ်နားလည်ဖို့ လိုပါတယ်။ တာအိုဖန်တီးရှင် ထိပ်ဆုံးအဆင့်က အဆုံးသတ်ပါ။ ဘယ်လောက်ပဲ ကျင့်ကျင့် ကျင့်ကြံမှုက ရှေ့ဆက်တိုးမှာ မဟုတ်ပါဘူး။ ကျင့်ကြံမှု ရှေ့ဆက်တက်ချင်ရင် ဗလာနယ်မြေကို အာရုံခံရပါမယ်။

နဝမပဋိပက္ခက ဗလာနယ်မြေရဲ့ အခြေခံနိယာမတွေကို ဘယ်တုန်းကမှ နားမလည်နိုင်ခဲ့ပါဘူး။ အရင်းစစ်လိုက်ရင် သူ့အရည်အချင်းက နည်းနည်း ညံ့နေတာကြောင့်ပါ။ သူ့ရဲ့ သုံးသပ်နားလည်နိုင်စွမ်းက တာအိုဖန်တီးရှင်အဆင့်ပဲ ရှိပါတယ်။ ဒါပေမဲ့ နဝမပဋိပက္ခက ဒါကို သတိမမူမိပါဘူး။

သူက လောကကြီးမှာ အစွမ်းအထက်ဆုံးပုဂ္ဂိုလ် မဟုတ်ပါလား။ ဒီတော့ သူ့အရည်အချင်းကလည်း အထက်မြက်ဆုံးလို့ထင်တာ အဆန်းတော့ မဟုတ်ပါဘူး။

ဒါပေမဲ့ တကယ်လက်တွေ့မှာတော့ အဆုံးမဲ့ခေတ်ကို တကယ်ဖန်တီးနိုင်တာက ဟန်ကျွယ် တစ်ယောက်ပဲ ရှိပါတယ်။ ဒါကလည်း ဟန်ကျွယ်ရဲ့ စိတ်ပေါ် မူတည်ပါတယ်။

‘မင်း ငါ့ကို စိတ်ကျေနပ်အောင် ဖြည့်ဆည်းပေးနိုင်မလား ကြည့်ကြတာပေါ့... နဝမပဋိပက္ခ... ငါ မင်းနဲ့ တိုက်ခိုက်ချင်တာ အတော်ကြာပြီ၊ မင်း ငါ့ကို ကျေနပ်အောင် လုပ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်၊ မင်း လုပ်တာ မဆိုးရင် ငါ အဆုံးမဲ့ခေတ် ဖန်တီးပြီး ပဋိပက္ခအတွက် လမ်းတစ်လမ်း ချန်ထားပေးမယ်၊ မဟုတ်လို့ကတော့ ပဋိပက္ခက သမိုင်းဖြစ်သွားလိမ့်မယ်’ ဟန်ကျွယ်ဟာ ခပ်ယဲ့ယဲ့ ပြုံးလိုက်ပါတယ်။

ဖူစန်းသစ်ပင်ကတော့ ဟန်ကျွယ်ဟာ ဟန်ဟွမ်ကို ကြည့်နေတာလို့ ထင်နေပါတယ်။

ဟန်ကျွယ်ဟာ ဗလာနယ်မြေကနေ အားကောင်းတဲ့ အင်အားခုနစ်ပါး တိုက်ခိုက်လာတာကို တွေ့လိုက်ပါတယ်။ ဒီထဲမှာ နဝမပဋိပက္ခရဲ့ ကိုယ်ပွားလည်း ပါပါတယ်။ ပဋိပက္ခကိုးပါးက ပဋိပက္ခဆီ ဆင်းသက်ပြီး အတူတိုက်ခိုက်မဲ့ပုံပါ။

ပြီးခဲ့တဲ့ အခြေအနေအရဆိုရင် ဒါက အလှည့်အပြောင်းပါ။ ဟန်ဟွမ် မနိုင်ရင် မူလလောကဦးလည်း ပေါ်လာမှာပါ။ လောကဦးနတ်ဘီလူး နှစ်ပါး ပေါ်လာတာကြောင့် နဝမပဋိပက္ခကလည်း မဖြစ်မနေကို ကိုယ်တိုင်လှုပ်ရှားရမှာပါ။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters