လောကဦးနတ်ဘီလူး နှစ်ပါး
Vol. 106 Ch. 1107
လောကဦးပဋိပက္ခက ပဋိပက္ခထဲမှာရှိတဲ့ သက်ရှိတွေကို စတင်သတ်ဖြတ်တဲ့အခါ တန်ခိုးစွမ်းအားကြီးမားတဲ့ အင်အားခုနစ်ပါးဟာ တားမရဆီးမရ အရှိန်အဟုန်နဲ့ ကျို့ကဲ့ဂျိသွမ်ဆီ ဆင်းသက်လာပါတယ်။
နှစ်တစ်ထောင် မပြည့်ခင်မှာပဲ ကျို့ကဲ့ဂျိသွမ်က လောကဦးပဋိပက္ခကို ပြန်တိုက်ပါတယ်။ ပဋိပက္ခကိုးပါးဟာ လောကဦးစစ်တပ်ကို ချေမှုန်းပြီး လောကဦးပဋိပက္ခရဲ့ တိုက်စစ်ကို ဟန့်တားလိုက်ပါတယ်။
ကျို့ကဲ့ဂျိသွမ်က ပဋိပက္ခဆီ မျှော်လင့်ချက် ဆောင်ယူလာပါတယ်။ ဒါကြောင့် လေလွင့်ကျင့်ကြံသူတွေနဲ့ လောကဦးပဋိပက္ခ ဖျက်ဆီးတာ ခံရတဲ့ ပဋိပက္ခ အင်အားစုတွေဟာ ကျို့ကဲ့ဂျိသွမ်ထဲ ဝင်ရောက်လာကြပါတယ်။
ကျို့ကဲ့ဂျိသွမ်က ပဋိပက္ခရဲ့ တစ်ခုတည်းသော မျှော်လင့်ချက် ရောင်ခြည်လိုပါပဲ။
ပဋိပက္ခကိုးပါးနာမည်ကလည်း စပြီးတော့ ပျံ့နှံ့လာပါတယ်။ ပဋိပက္ခနဲ့ လောကဦးပဋိပက္ခ တိုက်ခိုက်ကြတဲ့ ဒဏ္ဍာရီတွေက ဘယ်ကနေ ဘယ်လို ပေါ်လာမှန်းမသိ ပေါ်လာကြပြီး ပဋိပက္ခတစ်ခွင် ပျံ့နှံ့သွားကြပါတယ်။
ဟန်ကျွယ်နဲ့ ဖူစန်းသစ်ပင်ဟာ ကမ္ဘာအသီးသီးကို ခရီးနှင်ပါတယ်။ သူတို့နှစ်ယောက်ဟာ ခရီးမှာ မကြာခဏဆိုသလို ပဋိပက္ခနဲ့ လောကဦးပဋိပက္ခရဲ့ တိုက်ပွဲတွေကို ကြုံတွေ့ရပါတယ်။ ဒါပေမဲ့ ဒီတိုက်ပွဲတွေက သူတို့ကို ဆံခြည်တစ်မျှင်တောင် ထိခိုက်အောင် မလုပ်နိုင်ပါဘူး။
လက်ရှိမှာ ပဋိပက္ခက တော်တော်လေး အန္တရာယ်များလွန်းပါတယ်။ ဟန်ကျွယ်တို့ နှစ်ယောက်ကိုတောင် သတ်ချင်တဲ့ ကျင့်ကြံသူအုပ်စုတစ်စု ပေါ်လာပါတယ်။ ရလဒ်ကတော့ ချောက်ချားစရာကောင်းတဲ့ နည်းနဲ့ သူတို့တွေ အသက်ဆုံးသွားရပါတယ်။
ဒီနေ့မှာတော့...
ဟန်ကျွယ်နဲ့ ဖူစန်းသစ်ပင်ဟာ ကမ္ဘာတစ်ခုဆီ ရောက်လာပါတယ်။ ဒီနေရာက တာအိုကောင်းကင်မျိုးနွယ်စုရဲ့ နယ်မြေပါ။ ဒီမျိုးနွယ်စုက ကောင်းကင်တာအို လူသားမျိုးနွယ်စုလိုပါပဲ။ မြို့တည်ပုံတွေ ဆင်တူပါတယ်။ ပန်ကူးနဲ့ တာအိုဘိုးဘေး ဖန်တီးထားတဲ့ မျိုးနွယ်စုလို့ မပြောရပါဘူး။
လူတွေကြားထဲ လျှောက်သွားရင်း ဟန်ကျွယ်ရှေ့မှာ အသိပေးချက်တွေ ပေါ်လာပါတယ်။
[ပင်မတာအိုစက်ကွင်းအား အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးပါပြီ။]
[ဒုတိယ တာအိုစက်ကွင်းအား အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးပါပြီ။]
[တတိယ တာအိုစက်ကွင်းအား အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးပါပြီ။]
[တာအိုစက်ကွင်းအား အဆင့်မြှင့်တင်ပြီးပါပြီ။ အရံအတား အစီအမံသည် အကန့်အသတ်မဲ့ စွမ်းအားအဆင့်သို့ ရောက်ရှိသွားပါသည်။ တာအိုစက်ကွင်း၏ အတွင်းအာကာသလည်း ကျယ်ပြန့်သွားပါပြီ။]
[တာအိုစက်ကွင်းထဲရှိ စိတ်ဝိညာဉ်ချီအသီးသီးသည် အဆတစ်ထောင် တိုးသွားပါပြီ။]
[တာအိုစက်ကွင်းသည် ထောက်လှမ်းမှု အားလုံးအား ဟန့်တားနိုင်သည်။]
‘အကန့်အသတ်မဲ့ စွမ်းအား... ဖန်တီးရှင်သခင်တောင် ငါ့တာအိုစက်ကွင်းထဲကို ဝင်မလာနိုင်ဘူးဆိုတဲ့ သဘောလား’
လက်ရှိ တာအိုစက်ကွင်းက ဗလာနယ်မြေမှာ အခိုင်ခံ့ဆုံး နေရာတစ်ခု ဖြစ်လာပါပြီ။ စနစ်နဲ့ ဟန်ကျွယ်က ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီဆိုပေမဲ့ စနစ်ရဲ့ တည်ရှိမှုက အရမ်းအရမ်း ကြာပါပြီ။ ဒါကြောင့် စနစ် စုဆောင်းထားတဲ့ စွမ်းအားကလည်း ဟန်ကျွယ်အဆင့်ထက် အများကြီး ပိုမှာပါ။
ဟန်ကျွယ်ဟာ ဒီကိစ္စကို သိပ်ဂရုမစိုက်ဘဲ ရှေ့ဆက် ခရီးနှင်ပါတယ်။
တာအိုကောင်းကင်မျိုးနွယ်စုဟာ စစ်မီးလျှံ တောက်လောင်တာကို လုံးဝ မခံရပါဘူး။ သူတို့တွေရဲ့ ကျင့်ကြံမှုကလည်း တော်တော်လေး မြင့်ပါတယ်။ မွေးကတည်းက အင်မော်တယ်အဆင့်နဲ့ မွေးဖွားလာတာဆိုတော့ ဒီမြို့ထဲမှာတင် လောကဦးပဋိပက္ခ တာအိုပညာရှိက ရာကျော်ပါတယ်။
ဖူစန်းသစ်ပင်ဟာ ဒီတာအိုကောင်းကင်မျိုးနွယ်စုကို တော်တော်လေး စိတ်ဝင်စားသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမျိူးနွယ်စု ပဋိပက္ခထဲမှာ ပေါ်လာတာကို သူ သတိမထားမိခဲ့လို့ပါပဲ။ ဒီအချက်နဲ့တင် ဒီမျိုးနွယ်စုက တော်တော်လေး အထင်ကြီးဖို့ ကောင်းနေပါပြီ။
ဖူစန်းသစ်ပင်ဟာ ဝီရိယတောင်မှာ မွေးဖွားလာလို့နဲ့ တူပါတယ်။ လူသားတွေအပေါ် အကောင်းမြင်စိတ် ရှိပါတယ်။
ဒီအချိန်မှာပဲ ဖိအားကြီးတစ်ခု ကျရောက်လာတဲ့အတွက် လမ်းပေါ်က လူတိုင်းဟာ လုပ်နေတာရပ်ပြီး အပေါ်ကို မော့ကြည့်လိုက်ပါတယ်။ ဘယ်သူမှ အထိတ်တလန့် မဖြစ်ပါဘူး။ ဒီလို အဖြစ်အပျက်ကို ကျင့်သားရနေပုံပါပဲ။
“တာအိုကောင်းကင်မျိုးနွယ်စု နားထောင်ချည်... တစ်နှစ်အတွင်း ပြင်ဆင်စရာ ပြင်ဆင်၊ နောက်နှစ်ကျရင် ငါတို့တွေ ပဋိပက္ခရဲ့ ကျို့ကဲ့ဂျိသွမ်ဆီသွားပြီး တိုက်ခိုက်ကြမယ်၊ လူတိုင်း ယောက်ျားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် အသက်ကြီးတဲ့လူပဲဖြစ်ဖြစ် ငယ်တဲ့လူပဲဖြစ်ဖြစ် တိုက်ခိုက်ကြမယ်”
ဒါက ဟုန်ကျွင်းရဲ့ အသံပါ။
တာအိုကောင်းကင်မျိုးနွယ်စုဟာ ဟုန်ကျွင်းရဲ့ စကားကို ကြားလိုက်ရလို့ ထိတ်လန့်ခြင်းမရှိဘဲ စိတ်လှုပ်တရှား ဖြစ်သွားကြပါတယ်။
ဟန်ကျွယ်ဟာ တာအိုဘိုးဘေးရဲ့ ပင်မခန္ဓာကိုယ်က ဘယ်နေရာမှာလဲဆိုတာကို မြင်နိုင်ပါတယ်။ တာအိုဘိုးဘေးက သူ့ဝိညာဉ်ကို အပိုင်းပေါင်း ဘီလီယံချီ ခွဲထားပါတယ်။ ဟုန်ကျွင်းက ဒီဝိညာဉ်အပိုင်းတွေထဲက တစ်ပိုင်းပါ။
သူ့ပင်မဝိညာဉ်က ကံဓမ္မရတနာကို မှီပြီး ဗလာနယ်မြေထဲမှာ ပုန်းနေပါတယ်။ ဒီကံဓမ္မရတနာက အန္တိမတာအိုရတနာပါ။ အဲဒါကြောင့် သာမန်တာအိုဖန်တီးရှင်တွေ သူ့ကို မတွက်ချက်နိုင်တာ ဖြစ်ပါတယ်။
အရင်တုန်းက ဟန်ကျွယ်ဟာ တာအိုဘိုးဘေးကို ခြိမ်းခြောက်နိုင်တဲ့ အလားအလာရှိတဲ့လူအဖြစ် သတ်မှတ်ပါသေးတယ်။ ဒါပေမဲ့ အခုတော့ ဟန်ကျွယ်ဟာ တာအိုဘိုးဘေးကို ဂရုမစိုက်တော့ပါဘူး။
“သခင်... ကျွန်မတို့တွေ သွားကြည့်ကြမလား” ဖူစန်းသစ်ပင်က သွားကြည့်ချင်စိတ်နဲ့ မေးလိုက်ပါတယ်။
ကျို့ကဲ့ဂျိသွမ်ဟာ ကောင်းကင်ယံက နေမင်းပါ။ ဒါကို တာအိုကောင်းကင်မျိုးနွယ်စုက တိုက်ခိုက်ရဲတယ်ဆိုတော့ ဒီတိုက်ပွဲက သေချာပေါက် စိတ်ဝင်စားဖို့ကောင်းမှာပါ။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ကြည့်ကြတာပေါ့”
ဟန်ကျွယ်ဟာ ပဋိပက္ခကိုးပါးရဲ့ စွမ်းအားကို ကြည့်ချင်နေပါတယ်။
“မင်း တာအိုကောင်းကင်မျိုးနွယ်စုနောက်က လိုက်သွားချည်၊ ငါကိစ္စလေးတစ်ခုရှိလို့ သွားလိုက်ဦးမယ်၊ စစ်မြေပြင်မှာ ပြန်တွေ့ကြတာပေါ့” စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ ပျောက်ကွယ်သွားပါတယ်။
ဖူစန်းသစ်ပင်ဟာ ဟန်ကျွယ်ရဲ့ ရောင်ဝါကို ချက်ချင်း ရှာဖွေကြည့်ပေမဲ့ ဘယ်လိုရှာရှာ ရှာမတွေ့ပါဘူး။ ဒါကြောင့် ဖူစန်းသစ်ပင်လည်း ဘာမှမတတ်နိုင်တော့ဘဲ ဟန်ကျွယ်စကားကို နားထောင်ရပါတော့တယ်။
.....
ရှေးဟောင်းလောကဦးကမ္ဘာ။
မူလလောကဦးဟာ တရားထိုင်ပြီး ဒီကမ္ဘာရဲ့ လောကဦးစွမ်းအားကို စုပ်ယူနေပါတယ်။
“မင်းကျင့်ကြံမှုက မဆိုးဘူး၊ မင်းက တကယ်ကို လောကဦးနတ်ဘီလူးနဲ့ ထိုက်တန်တယ်”
ရုတ်တရက် ထွက်ပေါ်လာတဲ့ အသံတစ်သံကြောင့် မူလလောကဦးဟာ ထိတ်လန့်သွားပြီး နိုးနိုးကြားကြား ဖြစ်သွားပါတယ်။
“ခင်ဗျားက...”
မူလလောကဦးဟာ မျက်မှောင်ကြုတ်သွားပါတယ်။
ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက မြင့်မားလွန်းတဲ့အတွက် သူနဲ့ ရင်းနှီးတဲ့လူတွေကလွဲရင် ကျန်တဲ့လူတွေက သူ့ကို မြင်ဖူးရင်တောင် မကြာခင်မှာပဲ မေ့လျော့သွားကြပါတယ်။
ဟွမ်ဇွမ်တျန်က နဂိုကတည်းက မခေတဲ့လူဆိုတော့ မူလလောကဦးရဲ့ ခန္ဓာသိမ်းတာ ခံရတာတောင် ဟန်ကျွယ်နဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်တွေကို ချိပ်ပိတ်ထားနိုင်ပါတယ်။ ဒါကြောင့် မူလလောကဦးဟာ ဟွမ်ဇွမ်တျန်နဲ့ ဟန်ကျွယ်ရဲ့ ဆက်ဆံရေးကို လုံးဝ မသိပါဘူး။
ဟန်ဟွမ်ဟာ လက်ဝှေ့ယမ်းပြီး ဟွမ်ဇွမ်တျန်ကို မူလလောကဦးရဲ့ ခန္ဓာကိုယ်ကနေ ခွာယူလိုက်ပါတယ်။ ချက်ချင်းဆိုသလို မူလလောကဦးရဲ့ ခန္ဓာကိုယ်ဟာ ပြိုကျလာပါတယ်။ သူ့အသွေးအသားတွေက ရွှံ့လိုမျိုး ပြိုကျလာတဲ့အတွက် မူလလောကဦးဟာ ထိတ်လန့်သွားပြီး ချက်ချင်း မန္တန်သုံးကာ ခန္ဓာကိုယ်ကို အကောင်းပကတိ ပြန်လုပ်ပါတယ်။
ဒါပေမဲ့ ဟွမ်ဇွမ်တျန်ရဲ့ ဝိညာဉ်မရှိတာကြောင့် မူလလောကဦးဟာ လောကဦးနတ်ဘီလူးရဲ့ ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်ပါဘူး။
ဟွမ်ဇွမ်တျန်ဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် မှင်တက်သွားပါတယ်။ သူ ပုံရိပ်ယောင်အောက် ကျနေတယ်လို့တောင် ထင်မိသွားပါတယ်။
ဒီအချိန်မှာပဲ မူလလောကဦးရဲ့ ခန္ဓာကိုယ်ဟာ ရုတ်တရက် တည်မြဲသွားပါတယ်။ သူခံစားနေရတဲ့ မသက်မသာ ဖြစ်မှုတွေလည်း ပျောက်ကင်းသွားပါတယ်။
မူလလောကဦးရဲ့ ခန္ဓာကိုယ်ဟာ နှစ်ကိုယ် ကွဲသွားပြီး တစ်ကိုယ်က ဟွမ်ဇွမ်တျန်နဲ့ ပေါင်းစပ်သွားပါတယ်။
“ဟွမ်ဇွမ်တျန်... မင်း သူ့ကို သတ်ချင်လား” ဟန်ကျွယ်က မေးလိုက်ပါတယ်။
ဟွမ်ဇွမ်တျန်ဟာ သတိပြန်ဝင်လာပြီး သူ့လက်တွေကို မယုံနိုင်စွာ ကြည့်လိုက်ပါတယ်။ စိတ်ထဲမှာလည်း အံ့ဩထိတ်လန့်သွားပါတယ်။
‘ဒါ ဘယ်လိုနည်းလမ်းမျိုးလဲ... သခင်ရဲ့ ကျင့်ကြံမှုက ဘယ်အဆင့်ကို ရောက်နေပြီလဲ’
ဟွမ်ဇွမ်တျန်ဟာ ဂရုတစိုက် မေးလိုက်ပါတယ် “ကျွန်တော် ဘာကို ရွေးချယ်သင့်တယ်လို့ ထင်လဲ”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “မစိုးရိမ်ပါနဲ့၊ ငါ အစစ်ပါ၊ ငါတို့တွေ အဲဒီလျှို့ဝှက်သင်္ကေတကို ထပ်မလိုတော့ဘူး၊ အခု မင်း သူ့ကို သေစေချင်ရင် ငါ သူ့ကို သတ်လိုက်မယ်”
ဟွမ်ဇွမ်တျန်ဟာ အသက်အရှည်ကြီး ရှူသွင်းပြီး စိတ်ငြိမ်အောင် ထိန်းလိုက်ပါတယ်။
“ကျွန်တော်က သူ့ကို မသေစေချင်ရင်ရော...”
အရင်တုန်းက ဟွမ်ဇွမ်တျန် မူလလောကဦးကို သတ်ချင်ခဲ့တာက မူလလောကဦးရဲ့ ခြိမ်းခြောက်မှုက ကြီးမားလွန်းလို့ပါ။ ဒါပေမဲ့ အခုတော့ ဒီခြိမ်းခြောက်မှုက ဟန်ကျွယ်ကြောင့် ပျောက်ကွယ်သွားပါပြီ။
“အဲဒါဆို ဒီနေ့ကစပြီး မင်းတို့နှစ်ယောက်စလုံး လောကဦးနတ်ဘီလူး ဖြစ်လာလိမ့်မယ်၊ မင်းတို့ရဲ့ ခန္ဓာကိုယ်တွေက အမြွှာလို့ ပြောလို့ရတယ်”
ဟွမ်ဇွမ်တျန်ဟာ မူလလောကဦးကို ကြည့်လိုက်ပါတယ်။ ဒီအချိန်မှာ မူလလောကဦးရဲ့ မျက်နှာဟာ ကြောက်ရွံ့မှု၊ ထိတ်လန့်မှု၊ အံ့အားသင့်မှု၊ မျှော်လင့်ချက် ကင်းမဲ့မှုနဲ့ တခြားရှုပ်ထွေးတဲ့ ခံစားချက်တွေ ထင်ဟပ်နေပါတယ်။
မူလလောကဦးဟာ သူက အစွမ်းအထက်ဆုံး မဟုတ်ရင်တောင် ထိပ်တန်းတည်ရှိမှုလို့ တွေးထားခဲ့တာပါ။ ဒါပေမဲ့ အခုတော့ ဟန်ကျွယ်ရှေ့မှာ သူ ဘာမှမလုပ်နိုင်ပါဘူး။ ဟန်ကျွယ် ဘာလုပ်လိုက်တယ်ဆိုတာတောင် မသိပါဘူး။ လောကဦးနတ်ဘီလူးရဲ့ ခန္ဓာကိုယ်ကို နှစ်ကိုယ် ပြောင်းလိုက်တာက တကယ်ကို ယုံစရာ မရှိပါဘူး။ ဒီအတိုင်းဆို ဟွမ်ဇွမ်တျန်ရဲ့ ခန္ဓာကိုယ်ကနေ လောကဦးနတ်ဘီလူး အမြောက်အမြား ဖန်တီးနိုင်မဲ့ပုံ ရှိပါတယ်။
မူလလောကဦးနတ်ဘီလူးဟာ တွေးလေလေ ကြောက်လေလေပါပဲ။
‘ဘယ်လိုလုပ်ပြီး ဒီလိုတည်ရှိမှုမျိုး ရှိနေရတာလဲ’
ဟန်ကျွယ်ဟာ မူလလောကဦးကို ကြည့်ပြီး ပြောလိုက်ပါတယ် “ဟန်ဟွမ်က ငါ့သားပဲ၊ မင်း လောကဦးနတ်ဘီလူးအဖြစ် ဆင့်ကဲပြောင်းလဲတာ မအောင်မြင်တာက သူ့ကြောင့် မဟုတ်ဘူး၊ ငါ့ကြောင့်ပဲ၊ ပဋိပက္ခက လောကဦးနတ်ဘီလူးတစ်ပါးပဲ ဝင်ဆံ့တယ်၊ ငါ့ရဲ့ တည်ရှိမှုကြောင့် ငါ့သားတောင် သူ့အမေ ဝမ်းဗိုက်ထဲမှာ နှစ်သန်းချီ နေခဲ့ရတယ်”
ဟန်ကျွယ်ရဲ့ စကားကြောင့် မူလလောကဦးဟာ မျက်လုံးပြူးသွားပါတယ်။ ဟွမ်ဇွမ်တျန်လည်း အတူတူပါပဲ။ ဒီကိစ္စကို အံ့ဩစရာကောင်းလွန်းတယ် မဟုတ်ပါလား။ ပဋိပက္ခက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို ပဋိပက္ခနတ်ဘီလူးလို့ အသိအမှတ်ပြုခဲ့တယ် မဟုတ်ပါလား။
“အဆုံးမဲ့ခေတ် ရောက်လာတော့မယ်၊ စည်းမျဉ်းဟောင်းတွေလည်း သေဆုံးသွားလိမ့်မယ်၊ ဒီတော့ နောက်ကျရင် ပဋိပက္ခမှာ လောကဦးနတ်ဘီလူး တစ်ပါးမက ရှိလာလိမ့်မယ်” ဟန်ကျွယ်က တစ်လုံးချင်း ပြောလိုက်ပါတယ်။
ဟန်ကျွယ် မူလလောကဦးကို ကယ်လိုက်တာက သူနဲ့ တူလွန်းတယ်လို့ ခံစားရတာကြောင့်ပါ။ မူလလောကဦးဟာ တိတ်တိတ်လေး လောကဦးနတ်ဘီလူး ဖြစ်ချင်သူပါ။ သူက တော်တော်လေးကို စိတ်ရှည်လွန်းပါတယ်။ ဟန်ကျွယ် သူ့ကို အမြဲတမ်း အာရုံစိုက်ခဲ့တာက သူ့ကို ခြိမ်းခြောက်လာခဲ့ရင် ကြိုရှင်းပစ်ချင်တာကြောင့်ပါ။
ဒါပေမဲ့ အခု ကြည့်ရသလောက်တော့ ဒါက မဖြစ်နိုင်တော့ပါဘူး။ လောကဦးနတ်ဘီလူးနဲ့ အန္တိမမူလနတ်ဘီလူးရဲ့ စွမ်းအားက မိုးနဲ့မြေထက်တောင် ကွာခြားလွန်းပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။