လျှို့ဝှက်ဆန်းကြယ် အရိပ်နက်
Vol. 106 Ch. 1109
ရှီတုတောက်ဟာ ပျံသန်းရင်း လက်တွဲဖော်တွေကို ကြည့်လိုက်တဲ့အခါ သူတို့အုပ်စုက တော်တော်လေး စွမ်းအားကြီးတာကို တွေ့လိုက်ရပါတယ်။
ဒါပေမဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တိုင်းရဲ့ မျက်နှာက မကောင်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရင်ဆိုင်ရမဲ့လူက ပဋိပက္ခမှာ ကြောက်မက်ဖွယ် ဒဏ္ဍာရီ ချန်ထားခဲ့တဲ့ စွမ်းအားကြီးရန်သူ ဖြစ်နေလို့ပါ။ မဟာတာအိုပညာရှိချုပ်တချို့က ဒီမိစ္ဆာသားရဲရဲ့ ပါးစပ်အောက်မှာ အသက်ပျောက်ခဲ့ရပြီးပါပြီ။
“ကြည့်နေတာ ရပ်တော့... ငါတို့တွေ ဒီတိုက်ပွဲမှာ အစွမ်းကုန် ထုတ်တိုက်ဖို့လိုတယ်၊ သတိကို နည်းနည်းလေးမှာ မလွတ်စေနဲ့”
ဘိုးဘေးရှီတျန်ရဲ့ စကားကြောင့် ရှီတုတောက်ဟာ သတိပြန်ဝင်လာပါတယ်။
ရှုံဟွာအင်အားစုက ဟွမ်ဇွမ်တျန် ပျောက်ဆုံးသွားပြီး လီတောက်ခုံးကလည်း လောကဦးပဋိပက္ခကို သွားကူညီနေတဲ့အတွက် တော်တော်လေး ကျဉ်းကျပ်တဲ့ အနေအထားတစ်ခုကို ဖြတ်သန်းနေရပါတယ်။ ဒါကြောင့် ဘိုးဘေးရှီတျန်ဟာ ရွေးချယ်စရာမရှိဘဲ ရှီတုတောက်ကို ရှုံဟွာအရှင်အသစ်အဖြစ် တင်မြှောက်ရပါတယ်။
လက်ရှိ ရှုံဟွာအင်အားစုက ပဋိပက္ခကို ကူညီဖို့ ရွေးချယ်လိုက်ပါတယ်။ နောက်ဆုံး အရင်းစစ်လိုက်ရင် ကပ်ဘေး ထိန်းချုပ်သူက ပဋိပက္ခရဲ့ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာပါ။ ဒါက ပဋိပက္ခနဲ့ နီးနီးကပ်ကပ် ပတ်သက်နေတာမလို့ ရွေးချယ်စရာမရှိဘဲ ပဋိပက္ခကို ကူညီရတာပါ။
လီတောက်ခုံးကတော့ သူတို့အမြင်မှာ တော်တော်လေးကို တုံးအလွန်းပါတယ်။ ပညာသင် ညီအစ်ကိုဆိုတဲ့ ဆက်ဆံရေးအတွက်နဲ့ အသက်ကိုတောင် စွန့်စားတယ် မဟုတ်ပါလား။
ရှီတုတောက် “ယွမ်ရှီကျယ်ဝမ်က စွမ်းအားကြီးလွန်းတယ်၊ ဘိုးဘေး... သူ့ကို ရင်ဆိုင်ဖို့ နည်းလမ်းရှိလား”
ရှီတုတောက်ဟာ ယွမ်ရှီကျယ်ဝမ်ကို တွေ့နေရပါပြီ။ အဝေးက ကြည့်ရုံနဲ့တင် ကျောချမ်းသွားပါတယ်။ ဒါက တစ်ဖက်လူကို ကြည့်ရုံနဲ့တင် ပထမဆုံးအကြိမ် ကြောက်ရွံ့မှုကို ခံစားရတာပါ။
ဘိုးဘေးရှီတျန်ရဲ့ မျက်နှာကလည်း လေးနက်သွားပါတယ်။ ဘိုးဘေးရှီထျန်ဟာ ရှီတုတောက်ရဲ့ မေးခွန်းကို ပြန်မဖြေပါဘူး။
ယွမ်ရှီကျယ်ဝမ်ကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာက လက်ရှိ ပဋိပက္ခ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး ပြဿနာပါ။ ပဋိပက္ခကိုးပါးက ဟန်ဟွမ်နဲ့ တိတ်ဆိတ်ဂိုဏ်းရဲ့ ထိပ်တန်းတပည့်တွေကို တားဆီးထားပါတယ်။ ဒါပေမဲ့ ဒီလိုဆိုတာတောင် ယွမ်ရှီကျယ်ဝမ်က ပဋိပက္ခကို ဝါးမျိုတုန်းပါ။
ကျင်းတျန်ကုန်းဟာ သက်ပြင်းချလိုက်ပါတယ် “အမှောင်သခင်ကြီးသာ ဒီနေရာမှာရှိရင် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားလောက်တယ်၊ ကျို့ကဲ့ဂျိသွမ်က သူနဲ့ ရင်းရင်းနှီးနှီး ပတ်သက်နေတာမလား၊ အခု မဟာတာအို အနန္တကပ်ဘေး ရောက်လာပြီ၊ အမှောင်သခင်ကြီးက ဘာလို့ပေါ်မလာသေးတာလဲ”
ဒီရှည်ကြာတဲ့နှစ်တွေမှာ ကျယ်ကျောင်းတော်ရဲ့ အကြီးအကဲဟောင်း ကျင်းတျန်ကုန်းဟာ မုန်တိုင်းပေါင်း များစွာကို ရင်ဆိုင် ကြုံတွေ့ခဲ့ရပါတယ်။ ကျင်းတျန်ကုန်းဟာ သူ ပြိုလဲခါနီးတိုင်း အမှောင်သခင်ကြီး ပေါ်လာတော့မယ်လို့ တွေးထင်ခဲ့ပါတယ်။ အခုထိလည်း ပဋိပက္ခ အမှောင်ထု လွှမ်းမဲ့အချိန်ကို စောင့်မျှော်နေတုန်းပါ။
ဒါက သူ တစ်ယောက်တည်း မဟုတ်ပါဘူး။ အမှောင်သခင်ကြီးကို ယုံကြည်သူတိုင်း မျှော်လင့်ထားတဲ့ အရာပါ။
“အချိန်မကျသေးဘူး” ရှီတုတောက်ဟာ ဟွန်းခနဲ နှာမှုတ်လိုက်ပါတယ် ‘အမှောင်သခင်ကြီးက အစောကြီးကတည်းက လှုပ်ရှားပြီးပြီ၊ မင်း သူ့အကွက်ကို ဘယ်လိုလုပ်ပြီး ခန့်မှန်းနိုင်မှာလဲ’
ရှီတုတောက်ဟာ ဟန်ကျွယ်က အမှောင်သခင်ကြီးလို့ အမြဲတမ်း ခန့်မှန်းထားခဲ့ပါတယ်။ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိနဲ့ အမှောင်သခင်ကြီးက အလင်းနဲ့ အမှောင်၊ အဖြူနဲ့ အမည်းလိုပါပဲ။ နှစ်ယောက်စလုံးက နေလကြယ် စကြဝဠာတွေကို လက်ထဲမှာ ချုပ်ကိုင်ထားပါတယ်။
အခု လောကဦးအရှင်က ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ သားပါ။ ပဋိပက္ခရဲ့ ကျို့ကဲ့ဂျိသွမ်ကလည်း အမှောင်သခင်ကြီးကို ယုံကြည်ပါတယ်။ ဒီလိုအခြေအနေမှာ မဟာတာအို အနန္တကပ်ဘေးကို အမှောင်သခင်ကြီး ထိန်းချုပ်ထားတယ်လို့ ပြောရင် လွန်မယ် မထင်ပါဘူး။
ဒီနည်းလမ်းက တကယ်ကို ပြောင်မြောက်လွန်းပါတယ်။ ဒီအကြောင်းကြောင့်လည်း ရှီတုတောက်က သိပ်ပြီးတော့ ဖိအား မခံစားရတာပါ။ သူ့အမြင်မှာ သူ ဘယ်ဘက်ကိုပဲ ကူညီကူညီ မသေနိုင်ဘူးလို့ ယုံကြည်ထားပါတယ်။
‘ဘာပဲဖြစ်ဖြစ် သခင်ကြီးက ငါ့ကို ကာကွယ်ပေးလိမ့်မယ်’
ဘိုးဘေးရှီတျန်ဟာ ခေါင်းခါလိုက်ပါတယ်။ ဘိုးဘေးရှီတျန်ဟာ ဒီအငယ်နှစ်ယောက်ကို ဘယ်လိုမှ မဖျောင်းဖျနိုင်တော့ပါဘူး။ အမှောင်သခင်ကြီးက ဘာတွေပေးထားလို့ သူတို့နှစ်ယောက်က အမှောင်သခင်ကြီးကို ဒီလောက်ထိ သစ္စာရှိနေလဲဆိုတာ ဘိုးဘေးရှီတျန် မသိပါဘူး။
မကြာခင်မှာပဲ ပဋိပက္ခက စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ ယွမ်ရှီကျယ်ဝမ်နားကို ရောက်သွားကြပါတယ်။ သူတို့တွေဟာ မိုင်ပေါင်း တစ်ဘီလီယံ အကွာမှာ ရပ်နေကြတာ ဖြစ်ပေမဲ့ ဒီအကွာအဝေးက တော်တော်လေး အန္တရာယ်များလှပါတယ်။ ယွမ်ရှီကျယ်ဝမ်က ထုတ်လွှတ်တဲ့ ကြောက်မက်ဖွယ်ရောင်ဝါက သူတို့ကို ကျောရိုးထဲ စိမ့်တက်သွားစေပါတယ်။
သူတို့တွေဟာ သေနိုင်တယ်ဆိုတာကို သိပါတယ်။ ဒါပေမဲ့ သူတို့မှာ ရွေးချယ်စရာ မရှိပါဘူး။
“အပေါ်မှာ တစ်ယောက်ယောက် ရှိနေတယ်” လွတ်လပ် တာအိုပညာရှိတစ်ပါးက မယုံနိုင်စွာ ပြောလိုက်ပါတယ်။
ကျင့်ကြံသူအားလုံးလည်း ယွမ်ရှီကျယ်ဝမ်ရဲ့ အထက်ကို ကြည့်လိုက်တဲ့အခါ ယွမ်ရှီကျယ်ဝမ်ရဲ့ ခေါင်းပေါ်မှာ အရိပ်နက်တစ်ရိပ် ထိုင်နေတာကို တွေ့လိုက်ရပါတယ်။ ဒီအရိပ်နက်က အနက်ရောင် မီးလျှံတွေ တောက်လောင်နေသလိုပါပဲ။ တော်တော်လေးကိုမှ ထူးဆန်းလွန်းပါတယ်။
“ဒါ...”
ရှီတုတောက်နဲ့ ကျင်းတျန်ကုန်းဟာ မျက်လုံးပြူးပြီး တုန်ယင်သွားပါတယ်။ အဲဒီနောက် စိတ်လှုပ်ရှားသွားပါတယ်။
ဘိုးဘေးရှီတျန်ကတော့ မျက်မှောင်ကြုတ်သွားပါတယ်။
ပထမအကြိမ် ပဋိပက္ခ အစည်းအဝေးမှာ အကြွင်းမဲ့ဆယ်ပါး ပါရမီရှင်စာရင်းထဲ ဝင်ခဲ့တဲ့ မဟာတာအို ကောင်းကင်က ကျိုးစုန်လည်း ဒီအဖွဲ့ထဲ ပါလာပါတယ်။
လက်ရှိမှာ ကျိုးစုန်က မဟာတာအို အထွတ်အထိပ် ထိပ်ဆုံးအဆင့်ကို ရောက်နေပြီး ပဋိပက္ခကို ကိုင်လှုပ်နိုင်တဲ့ ပြိုင်ဘက်ကင်း စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး ဖြစ်နေပါပြီ။ သူက ကမ္ဘာတစ်ခု ဖွင့်လှစ်ပြီး ယင်နဲ့ယန်ကို ဆက်သွယ်ကာ အတိတ်နဲ့ ပစ္စုပ္ပန်ကို သိတာကြောင့် ပြိုင်စံရှားတယ်လို့တောင် ပြောလို့ရနေပါပြီ။
အကြွင်းမဲ့ပါရမီရှင် ဆယ်ပါး စာရင်းဝင်တဲ့ ပါရမီရှင်တချို့လည်း ကျိုးစုန်နဲ့ ပါလာပါတယ်။ သူတို့တွေဟာ ယွမ်ရှီကျယ်ဝမ်နဲ့ ယွမ်ရှီကျယ်ဝမ် ခေါင်းထက်က အရိပ်နက်ကို ကြည့်ပြီး ရင်တထိတ်ထိတ် ဖြစ်သွားကြပါတယ်။
‘ဒီသားရဲပေါ်မှာ ထိုင်နေတဲ့ လူက လောကဦးနတ်ဘီလူး ဟန်ဟွမ်များလား’
“မကြောက်ကြနဲ့၊ ဟန်ဟွမ်က ပဋိပက္ခကိုးပါးနဲ့ တိုက်ခိုက်နေတုန်း၊ ဒီလူက သေချာပေါက် ဟန်ဟွမ် မဟုတ်ဘူး၊ တိုက်ခိုက်ဖို့အတွက် ပြင်ဆင်ကြတော့” ဝတ်ရုံနက်ကို ဝတ်ဆင်ထားတဲ့ ကျိုးစုန်က ပြောလိုက်ပါတယ်။
ကျိုးစုန်ဟာ အနုစိတ်လှတဲ့ သင်္ကေတတွေ ရေးထိုးထားတဲ့ ဝတ်ရုံနက်ကို ဝတ်ဆင်ထားပါတယ်။ သူ့အဝတ်အစားတွေက ကြည့်ကောင်းပြီး လူ့စိတ်ကို စိုးမိုးနိုင်စွမ်း ရှိပါတယ်။ သူ့အသံကလည်း တသွင်သွင် ကျဆင်းနေတဲ့ ရေတံခွန်လို အေးချမ်းလှပါတယ်။
ယွမ်ရှီကျယ်ဝမ်ရဲ့ မျက်လုံးကိုးလုံးဟာ အရူးအမူး လည်သွားပြီး ကြယ်တာရာထက် ကြီးမားတဲ့ သူ့ရဲ့ ဧရာမခန္ဓာကိုယ်ကြီးဟာ ဖြည်းဖြည်းချင်း ရွှေ့လျားပါတယ်။ သူ့အတွက် ကျူးကျော်လာတဲ့လူတွေကို သတ်ပစ်ဖို့က ခန္ဓာကိုယ်လေး လှုပ်ရှားလိုက်တာနဲ့ လုံလောက်ပါတယ်။
စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ ချက်ချင်း ရှောင်တိမ်းပြီး ယွမ်ရှီကျယ်ဝမ်ကို ဝိုင်းလိုက်ကြပါတယ်။ လွတ်လပ် တာအိုပညာရှိတွေကလည်း မန္တန်တွေ အလျင်အမြန် ထုတ်သုံးပြီး အစီအမံ စီရင်ပါတယ်။ မဟာတာအိုပညာရှိတွေကလည်း ပဋိပက္ခ စိတ်ဝိညာဉ်ရတနာတွေကို ထုတ်ယူပြီး အစီအမံ အသီးသီးရဲ့ ထောက်တိုင်အဖြစ် ထားပါတယ်။
မဟာတာအိုပညာရှိချုပ်တွေကတော့ ယွမ်ရှီကျယ်ဝမ်ရဲ့ ထိပ်ဆုံးဆီသွားပြီး ဆန်းကြယ်စွမ်းအားတွေ အတူထုတ်သုံးပါတယ်။ ကြောက်မက်ဖွယ် ဓမ္မစွမ်းအား အတူစုစည်းပြီး အာကာသကို ကွဲကြေသွားစေပါတယ်။ အတောမသတ်နိုင်တဲ့ အာကာသလျှပ်စီးတွေလည်း မိုးကြိုးထောင်လို ဆင်းသက်လာပြီး ယွမ်ရှီကျယ်ဝမ်ကို ဖိနှိပ်ပါတယ်။ ဓမ္မစွမ်းအားတွေကနေ ဖြစ်တည်လာတဲ့ သမုဒ္ဒရာလို အပြောကျယ်လှတဲ့ အလင်းရောင်တွေလည်း ဆင်းသက်လာပါတယ်။
မဟာတာအိုပညာရှိချုပ် လေးငါးပါးရဲ့ တိုက်ခိုက်မှုကို ခံရပေမဲ့ ယွမ်ရှီကျယ်ဝမ်ရဲ့ ခန္ဓာကိုယ်ဟာ တစ်ချက်ကလေးတောင် တုန်မတက်သွားပါဘူး။ သူ့မျက်လုံးတွေက အရူးအမူး လည်နေတုန်းပါ။ ယွမ်ရှီကျယ်ဝမ်ရဲ့ မျက်လုံးတွေကို ကြည့်မိတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တိုင်း နေရာမှာခဲပြီး ဓမ္မစွမ်းအားရော ဝိညာဉ်ရော ဘာမှ လှုပ်ရှားမရပါဘူး။
အသက်ရှူကြိမ် သုံးကြိမ် မပြည့်ခင်မှာပဲ အစီအမံ တည်ဆောက်တဲ့ လွတ်လပ်တာအိုပညာရှိနဲ့ မဟာတာအိုပညာရှိတွေဟာ သူတို့ရဲ့ ဆန်းကြယ်စွမ်းအားတွေနဲ့ အဆက်အသွယ် ပြတ်သွားတာကြောင့် သူတို့ တည်ဆောက်ထားတဲ့ အစီအမံလည်း ကွဲကြေသွားပါတယ်။
ဟန်ကျွယ်ဟာ ယွမ်ရှီကျယ်ဝမ်ရဲ့ ခေါင်းပေါ်မှာ ထိုင်ရင်း ဒီတိုက်ပွဲကို စိတ်ဝင်တစား ကြည့်ရှုပါတယ်။
ယွမ်ရှီကျယ်ဝမ်ရဲ့ တိုက်ရည်ခိုက်ရည်က တကယ်ကို ကောင်းတာပါ။ ဟန်ဟွမ်ရဲ့ တိုက်ရည်ခိုက်ရည်ကို အပြည့်အဝကို အမွေရထားပုံပါပဲ။
ဒီရှုထောင့်ကနေ ကြည့်ရင် ဟန်ကျွယ်နဲ့ ဟန်ဟွမ်က သွေးစည်းရော အတွေးရော လုံးဝမတူတဲ့ လူနှစ်ယောက်ပါ။
ဟန်ကျွယ်လည်း လောကဦး နတ်ဘီလူး ဖြစ်ခဲ့တာပါပဲ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ သူ့တာအိုလက်တွဲဖော်တွေနဲ့ ကလေးယူချင်ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ရဲ့ နှလုံးသားက လူသား နှလုံးသား ဖြစ်နေတုန်းပါ။ သူ့ကလေးတွေကိုလည်း ဂရုစိုက်ပါသေးတယ်။ ဟန်ကျွယ်ဟာ အစတုန်းက သာမန်လူသား တစ်ယောက်ဖြစ်ပြီး နောက်မှ လောကဦးနတ်ဘီလူးအဖြစ် ဆင့်ကဲပြောင်းလဲလာခဲ့တာ မဟုတ်ပါလား။
ဟန်ဟွမ်ကတော့ ဒီလိုမဟုတ်ပါဘူး။ လောကဦးနတ်ဘီလူးအဖြစ် မွေးဖွားလာတဲ့အတွက် သူ့မိန်းမနဲ့ ကလေးတွေကိုပါ အမြင့်ကြီး မတွေးပါဘူး။ ပစ္စည်းတစ်ခုလိုပဲ ဆက်ဆံပါတယ်။
လောကဦးနတ်ဘီလူးက အချစ်နဲ့ သွေးသားရင်းနှီးမှုကို နားမလည်တာ ဒါမှမဟုတ် မလိုအပ်တာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
“ဝုန်း...”
ယွမ်ရှီကျယ်ဝမ်ဟာ အသူရာချောက်နဲ့တူတဲ့ ဧရာမပါးစပ်ကြီးကို ဟလိုက်ပါတယ်။ တားမရဆီးမရ စုပ်အားဟာ လွတ်လပ် တာအိုပညာရှိတွေနဲ့ မဟာတာအိုပညာရှိတွေကို ပါးစပ်ထဲ ဆွဲသွင်းလိုက်ပါတယ်။ ပါးစပ်ထဲ ရောက်သွားတာနဲ့ ဒီလွတ်လပ် တာအိုပညာရှိတွေနဲ့ မဟာတာအိုပညာရှိတွေဟာ မူလအသွင်ပေါ်သွားပါတယ်။
သူတို့တွေရဲ့ မူလအသွင်က ဧရာမကြီးတွေဆိုပေမဲ့ ယွမ်ရှီကျယ်ဝမ်ရဲ့ ရှေ့မှာတော့ ပုရွက်ဆိတ်လောက်တောင် မရှိပါဘူး။
အသားကျနေတဲ့ ဝါးစားသံဟာ ဟင်းလင်းပြင်တစ်ခုလုံးကို ဟိန်းထွက်သွားပါတယ်။
မဟတာအိုပညာရှိချုပ်တွေဟာ ကြောက်လွန်းလို့ သူတို့ရဲ့ မလှုပ်ရှားနိုင် ဖြစ်နေတဲ့ ကျင့်ကြံသူတွေကို စကယ်ကြပါတယ်။
ဒီတိုက်ပွဲက တစ်ဖက်သတ်ပါ။ သူတို့ရဲ့ ဓမ္မစွမ်းအားတွေက ယွမ်ရှီကျယ်ဝမ်ရဲ့ အမွေးတစ်မျှင်ကိုတောင် ထိခိုက်အောင် မလုပ်နိုင်ကြပါဘူး။
ဒီအချိန်မှာပဲ...
ကျိုးစုန်ဟာ ဟန်ကျွယ်နောက်မှာ ပေါ်လာပြီး ညာလက်နဲ့ တံဆိပ်ထုတ်ကာ ရိုက်ချလိုက်ပါတယ်။ သူ့လက်ဝါးကနေ ရွှေရောင်တံဆိပ်တော်တစ်ခု ထွက်ပေါ်လာပြီး လျင်မြန်စွာ ကြီးမားကျယ်ပြန့်ကာ တလက်လက်တောက်ပတဲ့ နေမင်းလို ဟန်ကျွယ်နဲ့ ဝင်တိုက်ပါတယ်။
“ဝုန်း...”
ရွှေရောင်တံဆိပ်တော် ကွဲကြေပြီး ကျိုးစုန်ဟာ အလင်းရောင်တွေကြား စုန်းစုန်းမြုပ်သွားပါတယ်။ အဝေးက စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ တိုက်ပွဲအရှိန်ကြောင့် တုန်လှုပ်ပြီး သတိလက်လွတ် ဖြစ်သွားကြပါတယ်။
တောက်ပတဲ့ အလင်းရောင် ပျောက်ကွယ်သွားလို့ လူတိုင်း လှမ်းကြည့်လိုက်အခါ
“ဂလု... ဂလု...”
အရိပ်နက်နောက်မှာ ဒူးထောက်နေတဲ့ ကျိုးစုန်ကို သူတို့တွေ တွေ့မြင်လိုက်ရပါတယ်။ ကျိုးစုန် တစ်ကိုယ်လုံး သွေးတွေ စိုရွှဲနေပြီး ဆံပင်တွေကလည်း ဖွာလန်ကြဲနေပါတယ်။ တစ်ကိုယ်လုံးကလည်း အသက်တစ်ရာ အဘိုးကြီးလို တုန်ယင်နေပါတယ်။
ကျိုးစုန်ဟာ ဟန်ကျွယ်ရဲ့ ကျောပြင်ကို မယုံနိုင်စွာ ကြည့်လိုက်ပါတယ်။ ကြောက်မက်ဖွယ် သတ်ဖြတ်ငွေ့ရဲ့ ပစ်မှတ်ထားမှုကြောင့် ကျိုးစုန်ဟာ သူ့ဒဏ်ရာတွေကို မကုသနိုင်ပါဘူး။
“မင်း... မင်းက ဘယ်သူလဲ” ကျိုးစုန်ဟာ တုန်တုန်ယင်ယင်နဲ့ မေးလိုက်ပါတယ်။
ကျိုးစုန်ဟာ အရင်တုန်းက ဟန်ဟွမ်နဲ့ တိုက်ခိုက်ဖူးပါတယ်။ အဲဒီတုန်းက သူဟာ ဟန်ဟွမ်ကို မယှဉ်နိုင်ခဲ့ပေမဲ့ ဒီလောက်မြန်မြန် မရှုံးနိမ့်ခဲ့ပါဘူး။ အခုတော့ တစ်ဖက်လူ ဘယ်လို တိုက်ခိုက်လဲ ဆိုတာတောင် မတွေ့လိုက်ရပါဘူး။
မြန်မာပြည် ငြိမ်းချမ်းပါစေ။