← Chapters

သူက အရည် အချင်း မပြည့် မီဘူး။

Vol. 79 Ch. 1093

သူက အရည် အချင်း မပြည့် မီဘူး။

Vol. 79 Ch. 1093

လေတည်း ခိုဆောင်၏ ခြံဝင်း အနောက် ဘက်တွင်၊ ဝိညာဉ် စွမ်းအင် များဖြင့်၊ ပြည့်နှက် နေသော ရေကန်ကြီး တစ်ကန် ရှိသည်။

ထိုကန်သည် သူတော်စင် တောင်တန်းမှ၊ မြစ်ဖျား ခံလာသော ဝိညာဉ် စွမ်းအင် များဖြင့်၊ ပြည့်နှက် နေကာ၊ အနီး ဝန်းကျင်ရှိ လူတိုင်းကို၊ အကျိုးရှိ စေ၏။

ဤနေရာ၌ လင်းယွန် နေနိုင် ရသည့် အကြောင်း ရင်းမှာ၊ ဖုန်းကျွယ် ကျေးဇူးကြောင့် ဖြစ်သည်။

ခြံဝင်း ထဲတွင်၊ ဝိညာဉ်ရေး အစီရင် တစ်ခု ခင်းကျင်းထား သဖြင့်၊ ပတ်ဝန်း ကျင်မှ ဝိညာဉ် စွမ်းအင် များကို၊ စုရုံးပေး လေသည်။

ထို့နောက် မျက်လုံး မှိတ်လျက်၊ ထိုးထွင်း သိမြင် မှုများ အားလုံးကို ဖြည်းညှင်းစွာ ပြန်၍ သုံးသပ် နေမိသည်။

သခင်ငယ် ဆယ်ပါး အနက်၊ အင်ပါယာ ငှက်မွေး သခင်ငယ်နှင့် တိုက်ပွဲမှာ၊ များစွာ အကျိုး ရှိ၏။

သူ ကံကောင်း၍ အနိုင် ရခဲ့ခြင်း ဖြစ်သည်။ စင်ကြယ်သော ဝိညာဉ်တော် ပညာရပ် များနှင့် တွဲဖက်စဉ်၊ နားလည်မှု များစွာ ရရှိ ခဲ့သည်။

အင်ပါယာ နဂါး တံဆိပ် ဟူသည်၊ နဂါး မိသားစု၏ လျှို့ဝှက် နည်းစနစ် ဖြစ်ပြီး၊ မီးနဂါး နှလုံး သားကြောင့်၊ အစွမ်း ထက်ခြင်း ဖြစ်၏။

မီး ရည်ရွယ် ချက်နှင့်၊ နဂါး နှလုံး သားအား ပေါင်းစပ် ထား သောကြောင့်၊ ဉက္ကာပျံ လက်သီး သည်လည်း ကြောက်စရာ ကောင်းလေသည်။

ကောင်းကင် ဓားအား၊ အဆိုပါ ထိုးထွင်း သိမြင်မှု များနှင့် ပေါင်းစပ် ပြီးနောက်၊ ပို၍ ကျွမ်းကျင် လာ တော့သည်။

ကောင်းကင် ဓား၏ အမြင့်ဆုံး အဆင့်မှာ၊ ကောင်းကင်နှင့် မြေကြီး တစ်သားတည်း ဖြစ်ပြီး ယင်းက ဓားရည်ရွယ် ချက်နှင့်၊ သဘာဝကို ပေါင်းစည်းခြင်း ဖြစ်သည်။

တစ်ရက် ခွဲကြာ ပြီးနောက်၊ ၎င်းမှာ ပို၍ ပြတ်သား လာတော့၏။

“ မျှော်လင့် ထားတဲ့ အတိုင်း ပါပဲ၊ ငါ့ ဓားရည်ရွယ် ချက်က တိုးတက်လာ ပေမယ့် ကောင်းကင်ဓား အဆင့် မှာပဲ ရှိသေးတယ်၊ စတုတ္ထတန်း ရောက်ဖို့ လိုနေ တုန်းပဲ … ။ ”

သို့သော် စိတ်ပျက် သွားခြင်း မရှိချေ။ စတုတ္ထတန်း ဓား ရည်ရွယ် ချက်ကို ဆုပ်ကိုင်ရန် လွယ်ကူမည် မဟုတ်ကြောင်း သူ သိသည်။

အစ်ကို ဖုန်းကျွယ် သည်ပင်၊ စတုတ္ထ အဆင့်၌ ပိတ်ဆို့ နေသေး၏။ ထို့ကြောင့် ဓား သုတ္တန်နှင့် ကျင့်ကြံမှု အပေါ်သာ အာရုံ စိုက်ရန် ဆုံးဖြတ် လိုက်မိသည်။

လက်ကို ဝှေ့ယမ်းပြီး၊ နတ်ကြယ် ပုလဲ များအား ထုတ်ယူ လိုက်သည်။ သာမန် အားဖြင့် လျှပ်စီး တိမ်လွှာ ဂိုဏ်း၏၊ အတွင်း တပည့် တစ်ဦးသည်၊ တစ်လလျှင် နတ်ကြယ် ပုလဲ (၁၀) ခန့်သာ ရရှိ ပေမည်။

အမာခံ တပည့် တစ်ဦး ဖြစ်သော ယဲ့ဇီလင်မှာ၊ (၄၀၀ မှ ၅၀၀) ကြားသာ ရရှိ ပေ၏။ လင်းယွန် ထုတ်ယူ လိုက်သော ပမာဏ မှာမူ (၃၀၀၀) ခန့် ရှိချေပြီ။

“ လင်းယွန် ... ၊ နင် ဓားသုတ္တန်ကို ဖြတ်ကျော်တော့ မို့လား၊ ငါ့ အပေါ် ကျေးဇူး ပြန်ဆပ် တော့မယ်ပေါ့၊ ငါ့ကို နဂါး အရိုး ပေးရင် နင့် အတွက် ငါ စဉ်းစား ပေးမယ်။”

ဓားသေတ္တာ၏ လျှို့ဝှက်ချက်ကို သိရှိ လိုပါက၊ ဓားသုတ္တန်အား သောဠ သမ (၁၆) အဆင့် ရောက်ရန် လိုသည်။

ခရမ်း ငယ်အား နဂါး အရိုး ပေးသင့် သည်လော၊ မသင့် သည်လော သူ မသိချေ။ ဓား သုတ္တန်ကို ဖြန့်ကျက်ကာ၊ နတ်ကြယ် ပုလဲ များပေါ်၊ တက်ထိုင်ချ လိုက်၏။

ထိုအချိန် မှာပင်၊ ရောင်ဝါ သမုဒ္ဒရာ များရှိ ကြယ်မိစ္ဆာ ပန်းများ တောက်လောင် လာသည်။ ကောင်းကင် လမ်း၏ ဖိအားကို ခံရ ပြီးနောက်၊ ၎င်းတို့မှာ တောက်ပသော အဆင်းကို ဆောင် လာ၏။

နောက်တနေ့တွင်၊ လင်းယွန်ကို အမာခံ တပည့် အဖြစ်၊ လက်ခံ လိုက်သည့် သတင်း ပျံ့နှံ့ လာသည်။

အထူး သဖြင့် အဖြူရောင် အဆင့် ၌ပင် မရှိကြောင်း ကြားသိ ရသော အခါ၊ တပည်များ အကြား၊ ရုတ်ရုတ် သဲသဲ ဖြစ်ကုန်၏။

အတွင်း တပည့်များ အားလုံးက၊ စီနီယာ ဖုန်းကျွယ်ကြောင့် အမာခံ တပည့် ဖြစ်လာ ခြင်း ဖြစ်မည်ဟု၊ ယူဆ လာကုန်သည်။

လျှပ်စီး တိမ်လွှာ ဂိုဏ်းတွင်၊ အတွင်း တပည့် (၃၀၀၀) ကျော်နှင့် အမာခံ တပည့် (၅၀၀)ကျော် ရှိသည်။

ပဉ္စမမြောက် ကောင်းကင် ဝိညာဉ် နယ်ပယ် ၌သာ ရှိသော၊ တစ်စုံ တစ်ဦးသည်၊ ပြင်ပတပြည့် ဖြစ်ရန်ပင်၊ မထိုက် တန်ချေ။

ထို့ကြောင့် အမာခံ တပည့် အဖြစ်၊ ဓား သူတော်စင် တောင်သို့၊ တက်ရောက်ခွင့် ရသွား သော လင်းယွန် အပေါ်၊ မည်သူမျှ အမြင် မကြည်လင် ကြတော့ချေ။

ဓားသူတော်စင် တောင် ဟူသည်၊ အပြာရောင် စံအိမ် နယ်မြေ ကြီး၏ အထင်ကရ တောင်တန်းကြီး တစ်ခု ဖြစ်သည်။

သာမာန် အားဖြင့် အမာခံ တပည့် တစ်ဦးသည် ထိုတောင် ပေါ်သို့၊ တက်လို ပါက၊ အရည် အချင်း ပြည့်မီ ရမည် သာမက၊ ပံ့ပိုး ကူညီ မှုများ လိုအပ်မည် ဖြစ်သည်

ထို့ကြောင့် လင်းယွန်၏ အခွင့် အရေး များမှာ၊ အမာခံ တပည့် များကို လက်တွေ့ ကျကျ စော်ကားရာ ရောက်နေ ချေ၏။

ကောင်းကင် လမ်းသည် ခွန်လွန်၌ ကျော်ကြား သော်လည်း၊ အဖြူရောင် အဆင့် တွင်ပင်၊ မရှိသော လူ တစ်ဦးအား အမာခံ တပည့် အဖြစ် အခွင့် အရေး ပေးသည်မှာ၊ လွန်လွန်း ချေပြီ။

“ စိတ် ပျက် စရာ ပဲ။ ”

ယဲ့ဇီလင်က အထက်ပါ သတင်းကြောင့်၊ ဒေါသ တကြီး ပေါက်ကွဲ နေသဖြင့်၊ ဝမ်ယုဝါ ခမျာ စိတ်မသက် မသာ ဖြစ်လာ မိသည်။

လင်းယွန် အတွက် စကား ပြောချင်ခဲ့ သော်လည်း မဝံ့ချေ။ ယဲ့ဇီလင်မှာ ဂိုဏ်းချုပ်အား ကြေငြာချက် ရုတ်သိမ်း ပေးရန်၊ သွားရောက် တောင်းဆို ခဲ့ရာမှ၊ ဤသို့ ပို၍ ပေါက်ကွဲ လာခြင်း ဖြစ်သည်။

ဂိုဏ်းချုပ်မှ သူမအား ထွက်၍ပင်၊ မတွေ့ ခဲ့ဟု ဝမ်ယုဝါ ကြားသိ မိသည်။ ယင်းက သူမကို ပို၍ ဆိုးလာ စေ၏။

ဓား သူတော်စင် တောင်တန်း ဖွင့်လှစ် ခြင်းသည်၊ လျှပ်စီး တိမ်လွှာ ဂိုဏ်း၏ အရေး ကြီးသော ကဏ္ဍ တစ်ရပ် ဖြစ်သည်။

နတ်ကြယ် ပုလဲ အမြောက် အမြားကို လိုအပ်ရုံ သာမက ဂိုဏ်းချုပ်မှ ကိုယ်တိုင် စီစဉ် ပေးရ၏။

မဟုတ်သော် တက်ရောက် သူသည် ဓားသူတော်စင် တောင်၏ ကြောက်မက်ဖွယ် ဖိအားကြောင့်၊ အသက် ရှင်လျက် ထွက်လာ နိုင်မည် မဟုတ်ချေ။

ထို့ကြောင့် အပြာရောင် စံအိမ် အဆင့် သတ်မှတ်ချက် တိုက်ပွဲ၌၊ ပါဝင်ခွင့် ရရှိမည့် လူ များသာ၊ တောင်တက်ရန် ခွဲတမ်း ရရှိမည် ဖြစ်သည်။

“ အစ်မ ... ၊ ဂိုဏ်းချုပ်က ဘာပြော လိုက်လဲ။ ”

ဝမ်ယုအာက သတိ ထားပြီး မေးလိုက်သည်။

“ ဂိုဏ်းချုပ်က ငါ့ကို ဒီကိစ္စမှာ ဝင်ပြီး မစွက်ဖက်ဖို့ ပြောတယ်၊ ဘေးကနေ ရပ်ကြည့် နေတဲ့ ... ”

ဒေါသ ထွက် နေရာမှ၊ ယဲ့ဇီလင် တစ်ယောက် ရုတ်တရက် သတိရ သွားပြီး၊

“ သူကို အဖြူရောင် အဆင့် မှာတောင် မပါဝင်နိုင် ဖူးလို့၊ ဘယ်သူက သတင်း ဖြန့်နေ တာလဲ။

လင်းယွန်ကို ကြည့်မရ သော်လည်း၊ ထိုမျှ အထိ၊ အထင် မသေး မိချေ။ အဖြူရောင် အဆင့် သို့ အလွယ် တကူ တက်ရောက် နိုင်မည်မှာ၊ သေချာသည်။

ကောင်းကင် လမ်းရှိ၊ ထိပ်ဆုံး ဆယ်ယောက်သည် သူမပင် မယှဉ် နိုင်သော ထူးချွန် ထက်မြက် သူများ ဖြစ်သည်။

အဆင့် သတ်မှတ် ချက်တွင်၊ မပါဝင် သူများကို လျှပ်စီး တိမ်လွှာ ဂိုဏ်းမှ အထက် တန်းစား အဖြစ်သာ သတ်မှတ် ချေ၏။

သတင်း ဖြန့်သူမှာ ဖုန်းကျန်း ဖြစ် နိုင်ကြောင်း၊ ဝမ်ယုအာမှ ဆိုသည်။ လင်းယွန်ကို ကြိုဆို ခဲ့စဉ်က၊ အဖြစ် အပျက် များအား ပြန်၍ ဝေမျှ လိုက်၏။

ဖုန်းကျန်းမှာ လင်းယွန် အမာခံ တပည့် ဖြစ်လာ ခြင်းနှင့်၊ ဓား သူတော်စင် တောင်ပေါ် တက်ရောက် ခွင့်ကို မလိုလား ချေ။ သူ့ အမြင်၌ မည်သည့် အမာခံ တပည့် မဆို လင်းယွန်ထက် သာသည်။

ထိုအချိန်တွင် ဓားသူတော်စင် တောင်နှင့် အနီးဆုံး ရင်ပြင် ပေါ်၌ အမာခံ တပည့် များစွာ စုဝေး နေကြသည်။

ဖုန်ကျန်းသည် ဒေါသအား ဖုံးကွယ် ထားခြင်း မရှိဘဲ၊ လူအုပ်စု အလယ် အံကြိတ် လျက် ရပ်နေသည်။

“ စီနီယာ အစ်ကို ဖိန်း ... ၊ မင်း ဒေါသ မထွက်ပါနဲ့၊ လင်းယွန်ကို စီနီယာ ဖုန်းကျွယ်က ခေါ်လာတဲ့ အတွက်၊ အခွင့်အရေး ရသွား တာပါ။ ”

အမာခံ တပည့် များစွာက ဖုန်ကျန်းအား၊ နှစ်သိမ့်ရန် ကြိုးစား လေသည်။ ဓား သူတော်စင် တောင်သည် သူတို့ အားလုံး၏ အိမ်မက် ဖြစ်၏။

၎င်းက လျှပ်စီး တိမ်လွှာဓား ဂိုဏ်း၏ အရက်စက် ဆုံးသော ဓားရေး တစ်ရပ်အား ကျင့်ကြံ နိုင်ရန်၊ အခွင့် အရေး ပေးမည် ဖြစ်သည်။

လင်းယွန်သာ မရောက်လာ ပါက၊ ဖုန်ကျန်း တစ်ယောက် ထိုအခွင့် အရေးအား ရရှိ နိုင်ချေ များ၏၊။ ထို့ကြောင့် ဒေါသ မထွက် မှသာ၊ အံ့ဩ စရာ ဖြစ်ပေမည်။

ဓား သူတော်စင် တောင်ကို ဖွင့်လှစ်ရန်၊ အချိန် အကြာကြီး ယူရမည် ဖြစ်ပြီး၊ ဂိုဏ်းချုပ် ကိုယ်တိုင် စောင့်ကြပ် ပေးရ ပေမည်။

“ စီနီယာ ဖုန်းကျွယ်ကြောင့်၊ လင်းယွန်ကို အမာခံ တပည့် အဖြစ်၊ လက်ခံ တာက ပြဿနာ မရှိ ပါဘူး၊ ဒါပေမယ့် ... ”

“ ... သူက ဓားသူတော်စင် တောင်ကို တက်ဖို့ ဆိုတာတော့ ... ၊ အရည်အချင်း မပြည့်မီ သေးတာ အမှန်ပါ။ ”

ဖုန်ကျန်းက တစ်စုံ တစ်ရာကို အလေး အနက် တွေးတော နေရာမှ၊ ကောက်ကျစ်စွာ ပြုံးလျက် ဆိုလိုက် တော့သည်။

***

All Chapters