ပြန်လည် မွေးဖွားခြင်း။
Vol. 79 Ch. 1094
လင်းယွန် အတွက် ဖုန်းကျွယ် တူးပေး ခဲ့သော တွင်းသည် သူ စိတ်ကူးနိုင် သမျှထက်၊ ကျော်လွန် သွား၏။
အမာခံ တပည့်နှင့် ဓား သူတော်စင် တောင်သို့ တက်ခြင်း ဟူသည့် သတင်း နှစ်ရပ် စလုံးမှာ၊ လျှပ်စီး တိမ်လွှာ ဂိုဏ်း အတွင်း၊ အငြင်း ပွားမှုများ ဖြစ်ပေါ် လာစေသည်။
လင်းယွန် မှာမူ ကျင့်ကြံ နေဆဲ ဖြစ် သောကြောင့်၊ အဆိုပါ အချင်း အရာ များကို၊ မသိရှိ သေးချေ။
သုံးရက် ကုန်လွန် ပြီးနောက်၊ ဆဋ္ဌမ ကောင်းကင် ဝိညာဉ် နယ်ပယ်သို့ အောင်မြင်စွာ ဝင်ရောက် နိုင်ခဲ့သည်။
နတ်ကြယ် ပုလဲ (၃၀၀၀) အပုံ ကြီး မှာလည်း၊ အမှုန် အဖြစ်၊ လျော့ကျ သွားသည်။ မျက်ဝန်း တစ်စုံက ကြယ်တာရာများ ကဲ့သို့၊ တောက်ပ နေ၏။
ရောင်ဝါ သမုဒ္ဒရာ တစ်ခု စီတွင်၊ ကြယ် မိစ္ဆာပန်း (၄) ပွင့်စီ ရှိသည်။ စုစုပေါင်း (၂၄)ပွင့် ဖြစ်၏။
အင်ပါယာ ငှက်မွှေး သခင်ငယ် ဖြင့်သာ၊ ထပ်မံ တိုက်ခိုက် ရမည် ဆိုသော်၊ ကောင်းကင် ဓား ကိုပင်၊ သုံးစရာ မလိုဘဲ အလွယ် တကူ အနိုင်ယူ နိုင်မည်ဟု ယုံကြည်သည်။
ခွန်လွန် ဘုံရှိ မည်သည့် သတ္တမ ကောင်းကင် ဝိညာဉ် နယ်ပယ် ပါရမီရှင် တစ်ဦးထက် မဆို နိမ့် ကျမည် မဟုတ်ပေ။
ကြယ်မိစ္ဆာ ပန်း (၂၄) ပွင့်၏ ကြောက်စရာ ကောင်းသော အခြေခံ အုတ်မြစ်သည် လျှပ်စီး တိမ်လွှာ ဂိုဏ်း၌၊ အမာခံ တပည့် ဖြစ်ရန် လုံလောက် ပြီ ဖြစ်သည်။
နတ် ကြယ်ပုလဲ များသည်၊ ခံစား ရသော နာကျင်မှုနှင့် ထိုက်တန်၏။ အလွန် သန့်ရှင်း သောကြောင့် မူလ စွမ်းအင်ကို ပို၍ သိပ်သည်း စေသည်။
“ လင်းယွန် ... ဓားသုတ္တန်မှာ၊ အောင်မြင်မှု ရဖို့ ခြေ တစ်လှမ်းပဲ လိုတော့တယ်၊ နင် တမင် ရည်ရွယ်ချက် ရှိရှိ လုပ်နေတာ မဟုတ်လား။ ”
ခရမ်းငယ်က ဒေါသ တကြီး ဆိုသည်။
“ မင် မဆိုးဘူး၊ ထက်မြက်တယ်။ ”
လင်းယွန်မှ ပေါ့ပေါ့ ပါးပါးပင် ပြန်ဖြေသည်။
“ ဟမ့် ... ၊ နင် အခု မြန်မြန် အောင်မြင်မှု ရယူပါ၊ ဒီဧကရီက နင်ရဲ့ မသိစိတ် ထဲမှာ မနေ နိုင် တော့ဘူး။ ”
ဆွေ့ဆွေ့ခုန် နေသော အသွင်ကြောင့်၊ ခရမ်းငယ်၏ ကျစ်ဆံမြီး နှစ်ဖက်မှာ၊ ချို (၂) ချောင်း ကဲ့သို့၊ ကောင်းကင်ပေါ် ထောင်တက် သွားသည်။
“ ငါ မေးတာကို အရင် ဖြေပါ၊ စီနီယာ ဓား သူတော်စင်နဲ့ မင်းက ဘယ်လို ဆက်ဆံ ရေးမျိုး ရှိလဲ။ ”
“ ဟမ့် ... ဟိုတုန်းက နင့်ကို ငါ ပြောဖူး တယ်လေ၊ သူက ငါ့ကျွန် ပါလို့၊ ငါ့ ကြောင့်ပဲ သူတော်စင် ဘဝနဲ့၊ နတ်ဘုရား တစ်ပါးကို သတ်နိုင် ခဲ့တာ၊ ... ”
“ ... မဟုတ်ရင် ... ၊ သူတော်စင်တွေ ပေါများတဲ့ ရှေးဦးခေတ်မှာ၊ သူ့ အမည်က ဘယ်လိုလုပ် ထင်ရှား နိုင်မှာလဲ။ ”
ခရမ်းငယ်က အထင် အမြင် သေးသည့် လေသံဖြင့် ပြန်ဖြေသည်။
“ ဟုတ်လား ... ဒါပေမယ့်၊ မင်းကို သူ ဖမ်းထား တယ်လို့၊ ငါ ဘာလို့ ခံစားမိ နေရ တာလဲ၊ ... ”
“ ... အိုင်းရစ် ဓားသုတ္တန်နဲ့ ... ၊ မင်းကို ကန့်သတ် ထားတယ် မဟုတ်လား၊ ငါ့ကို မလိမ် နဲ့။ ”
လင်းယွန်မှ ပြုံးလျက် ဆိုလိုက်သည်။
“ ငါ ထပ်ပြောမယ် ... ၊ ငါက သမုဒ္ဒရာ လေးစင်း၊ ပျက်သုဉ်းမြေ ရှစ်ပါး၊ ကောင်းကင်ဘုံ သုံးဆယ့် ခြောက်စင်းနဲ့၊ မြေကမ္ဘာ ခုနစ်ဆယ့် နှစ်လုံးကို အုပ်စိုးတဲ့၊ ကောင်းကင်ဘုံ တရား စီရင်ရေး ဧကရီပဲ။ ”
“ ဒါပေမယ့် ... မင်း အဖမ်းခံ ခဲ့ရတယ် မဟုတ်လား။ ”
“ ဒီဧကရီက ... ”
“ မင်းကို စီနီယာ သူတော်စင်က ဖမ်းခဲ့တာ မဟုတ်လား။ ”
“ ပါးစပ် ပိတ်ထား ... ၊ ငါ့ စကား မဆုံး သေးဖူး၊ ငါက နတ်ဖီးနစ် မိသားစု … ”
“ မင်း အဖမ်းခံ လိုက်ရ ပါတယ်။ ”
လင်းယွန်မှ သူမအား စကား ဆုံးအောင် အပြော မခံဘဲ၊ ထပ်ခါ ထပ်ခါ နှောက်ယှက်နေ သဖြင့်၊ ဒေါသ အရမ်း ထွက်လာပြီး၊ လက်လျှော့ လိုက်ရသည် ။
“ ဟမ့် ... ၊ နင်နဲ့ ပြိုင်ပြီး၊ ငါ့ကိုယ်ငါ နိမ့်ကျ ခံနေမှာ မဟုတ်ဘူး၊ ဘာပဲ ဖြစ်ဖြစ် အောင်မြင်မှု တစ်ခု ရယူပါ၊ မဟုတ်ရင် ဓား သေတ္တာ လျှို့ဝှက် ချက်ကို၊ ... ”
“ ... နင် သိမှာ မဟုတ်ဘူး၊ ပြီးတော့ ဓားသူတော်စင်ရဲ့ အမွေ ကိုလည်း လက်လွှတ် ရလိမ့်မယ်၊ ဟွန့် ... ။ ”
ခရမ်းငယ်က ဟန်ပါ ပါဖြင့် မျက်နှာလွှဲ သွားသည်။
“ အရေး မကြီး ပါဘူး၊ ခွန်လွန် ဘုံမှာ အမွေတွေ အများကြီး ရှိတယ်၊ တစ်နှစ် နေရင် ငါက ဓားဂိုဏ်း ဆီကို၊ သွားရမှာ ... ။ ”
“ နင် … ”
ခရမ်းငယ်မှာ လင်းယွန်၏ ညစ်ကျယ်ကျယ် အမူ အရာကို သည်းမခံ နိုင်တော့ချေ။
“ ငါနဲ့ အဲဒီ လူရဲ့ ပတ်သတ်မှုက ရှုပ်ထွေးတယ်၊ ကျေးဇူး ပြုပြီး ငါ့ကို အရင် လွှတ်ပေးပါ၊ ငါ မင်းကို ဆိုးဆိုး ရွားရွား ဆက်ဆံမှာ မဟုတ် ပါဘူး၊ ပြီးတော့ ... ”
“ ... ငါ့ လမ်းညွှန်ချက် မပါဘဲ၊ နဂါး ဖီးနစ် ဖျက်ဆီးခြင်း ဓားကျမ်းကို၊ နင် သင်ယူ နိုင်မှာ မဟုတ်ဘူး၊ ခွန်လွန်မှာ ... ”
“ ... အမွေတွေ အများကြီး ရှိတယ် ဆိုတာ မှန်ပေမယ့်၊ ငါ့ရဲ့ နဂါး ဖီးနစ် ဖျက်ဆီးခြင်း ဓား ကျမ်းကို မမီဖူး၊ ဒါ ကသာ နင်နဲ့ အသင့်လျော် ဆုံးပဲ။ ”
အချိန် အတော်ကြာ ငိုက်မျဉ်း နေခဲ့ရ သဖြင့်၊ ဆက်၍ သည်းမခံ နိုင်တော့ဘဲ၊ လွတ်မြောက်ရန် တောင်းပန် လိုက်ရသည်။
လွတ်မြောက် သည်နှင့် လင်းယွန်အား သင်ခန်းစာ တစ်ခု သင်ပေးရ မည်ဟု၊ တေးထား လိုက်၏။ ထိုအတွေးကို လင်းယွန်မှ ရိပ်စား မိသော်လည်း၊ ဂရု မစိုက်ချေ။
“ ကောင်းပြီ ... ၊ မင်းရဲ့ စကား တွေကို မှတ်ထားပါ၊ မင်း ငါ့ကို စိတ်မပျက် သရွေ့ ... ၊ ငါ မင်းကို စိတ်မပျက် စေရဘူး။ ”
သည့်နောက် အိုင်းရစ် ဓားသုတ္တန်အား၊ စတင် ဖြန့်ဝေ လိုက်ရာ၊ သူ့ ပတ်ဝန်း ကျင်၌၊ ခရမ်းရောင် ပန်းချပ်များ ပွင့်လာ၏။
သီချင်းသံ ကဲ့သို့ ဓား တစ်လက်၏ ဟစ်ကြွေးသံ ထွက်ပြီးနောက်၊ ခရမ်းရောင် ပန်းက ပို၍ ပွင့်လာ လေသည်။
ဓားဂီတ သံ အောက်တွင်၊ သွေးများ ပွက်ပွက် ဆူလျက်၊ ထက်ရှသော ဓား ရည်ရွယ် ချက်က၊ သူ့ ခန္ဓာ ကိုယ်၏ နေရာ တိုင်းသို့၊ စီးဆင်း တော့သည်။
စွမ်းအား ကြီးမားလွန်း သောကြောင့်၊ မျက်နှာ တစ်ပြင်လုံး အချိန် မရွေး ပေါက်ကွဲ တော့မည် ကဲ့သို့၊ ချက်ချင်း နီရဲ လာ၏။
“ ချိုး ဖြတ် စမ်း ... ။ ”
ဓားဂီတ သံများ ကန့်သတ်ချက် ပြည့်သွားသော အခါတွင်၊ ဆံနွယ်များ စတင် လွင့်မျော လာပြီး၊ ဓားသုတ္တန်၏ ပိတ်ဆို့မှု များကို၊ ပြတ်တောက် သွားစေ ခဲ့သည်။
ထို့စဉ် သက်ပြင်းချ သံနှင့် အတူ၊ မှုန်ဝါး နေသော ရုပ်အသွင် သဏ္ဌာန် တစ်ခု ဖြစ်တည် လာသည်။
“ စီနီယာ ... ။ ”
ယင်းမှာ ဓားသူတော်စင် ဖြစ်၏။ ရာနှင့် ချီသော ပွင့်ချပ် များစွာ ပါဝင်သည့်၊ ခရမ်းရောင် ပန်း တစ်ပွင့်၊ ဒါန်တမ် အတွင်း၌ ပေါ်လာသည်။
အသစ် အသစ်သော ပွင့်ချပ် များဖြင့် အစားထိုး လာခြင်းကြောင့်၊ ပွင့်ချပ် အဟောင်း များ ကြွေကျ ကုန်၏။
သို့သော် ပွင့်ချပ်ပေါင်း ရာနှင့် ချီသည့် နေရာ၌၊ ပွင့်ချပ် အသစ် (၁၆) ချပ်သာ ဖြစ်တည် လာသည်။
ထို (၁၆) ချပ် လုံးမှာ၊ ကျောက်စိမ်း ကဲ့သို့ ကြည်လင် တောက်ပ နေ၏။ ယခု အခါတွင် ပွင့်ချပ် တစ်ချပ် စီ၌၊ ဓား ရူရ်များ ပါရှိ လေသည်။
ပန်းဝတ်ဆံ နေရာ ၌မူ၊ အေးစက်စက် ခရမ်းရောင် မီးလျှံ တစ်စ တောက်လောင် နေ ပေ၏။
ပွင့်ချပ် အရေ အတွက်၊ လျော့နည်းသွား သော်လည်း၊ ရေထွင်း ထားသော ဓား ရူရ်များ ကြောင့်၊ ပို၍ ကြောက်စရာ ကောင်းသည်။
“ လင်းယွန် ခရမ်းရောင် မီးတောက်ကို အသက် သွင်း လိုက်။ ”
ခရမ်းငယ်က စိတ်လှုပ်ရှားစွာ တိုက်တွန်း လိုက်သည်။ လင်းယွန်မှာ အနည်းငယ် တွေဝေ သွား ပြီးနောက်၊ ခရမ်းရောင် မီးတောက်ကို၊ တောက်လောင် စေလိုက်သည်။
မီးတောက်က ကြောက်မက်ဖွယ် ကောင်းသော အအေးဓာတ် နှင့်အတူ ကြမ်းပြင် ပေါ်သို့၊ ပြုတ်ကျ လောင်ကျွမ်း သွားသည်။
ဤအခိုက် အတန့်တွင် လင်းယွန်၏ စိတ်ဝိညာဉ် နယ်မြေရှိ၊ ခပ်ဖျော့ဖျော့ အလင်း တစ်စက၊ ထိုမီးပုံ ထံသို့ ဦးတည် လာသည်။
သည့်စဉ် ခရမ်းရောင် မီးတောက်မှာ၊ လောင်စာနှင့် ထိတွေ့ သွား သကဲ့သို့၊ ပြင်းစွာ လောင်ကျွမ်း လာ၏။
ယင်းကြောင့် လင်းယွန် ခမျာ မျက်နှာ ပြောင်းလဲ သွားပြီး၊ ခြေလှမ်းပေါင်း များစွာ နောက်ပြန် ဆုတ်လိုက် မိသည်။
ခရမ်းငယ်သည် ဤမီးလျှံ များမှ တဆင့်၊ ပြန်လည် မွေးဖွား နိုင်သည်လော။ ဤသို့ ဆိုက နဂါး အရိုးအား အဘယ့်ကြောင့် တစ်ချိန်လုံး၊ တောင်းနေ ခဲ့သည်ကို၊ နားလည် လာသည်။
မီးတောက်မှာ ခရမ်းငယ်အား ဝိညာဉ် အဖြစ်သာ မွေးဖွား ပေးနိုင်မည်။ ထို့ကြောင့် ရုပ်ခန္ဓာ တစ်ခု ဖွဲ့စည်းရန်၊ ကြားခံ အရာ ဝတ္ထု တစ်မျိုး လိုပေ၏။
အဆုံးတွင် သည်အရိုးမှာ၊ နဂါး ဘုရင်၏ အရိုး ဖြစ်သဖြင့်၊ နတ်ဘုရား အဆင့်သို့၊ တက် လှမ်း နိုင်လု နီးပါး အခြေ အနေ၌ ရှိသည်။
ထို့ကြောင့် နတ်ဖီးနစ် မိသားစု ဝင် ခရမ်းငယ်မှာ၊ နတ်နဂါး နီးနီး မြင့်မြတ်သည့် နဂါး ဘုရင်၏ ဤအရိုးကို လိုချင် နေခြင်း ဖြစ်သည်။
“ ဝှစ် ... ။ ”
သိုလှောင်အိတ်ကို ပုတ်လျက်၊ နဂါး အရိုးအား ထုတ်ယူကာ၊ မီးတောက် ထဲသို့ ပစ်ထည့် ပေးလိုက် မိသည်။
သည့်နောက် နဂါး အရိုးမှာ၊ ချက်ချင်း အက်ကွဲ သွားပြီး၊ အနက်ရောင် နဂါး သွေးများ စီးထွက် လာ၏။
ယင်းက မီးတောက်အား ပို၍ ပြင်းစွာ လောင်ကျွမ်း စေသဖြင့်၊ အရိုးကို လျင်မြန်စွာ အရည်ပျော် သွားစေသည်။
အဆုံးတွင် ပြည့်စုံသော နတ်ဘုရား ရူရ် တစ်လုံးသာ ကျန်ရှိ တော့၏။ နှမျော စိတ် ကြောင့်၊ လင်းယွန် ခမျာ မျက်လုံး မှိတ်ချ လိုက်ရ သည်။
ပြန်လည် မွေးဖွားခြင်း လုပ်ငန်းစဉ် အတွင်း၊ အိုင်းရစ် ဓားသုတ္တန်အား ဖြန့်လျက် ငြိမ်သက်စွာ စောင့်နေ မိ၏။
သည့်နောက် ရောင်ဝါ သမုဒ္ဒရာ အတွင်းရှိ၊ ကြယ်မိစ္ဆာ ပန်းများထံ တစ်ချက် ကြည့် မိသည်။ ၎င်းတို့အား ဓားသုတ္တန်ကြောင့် ကောင်းစွာ ထိန်းချုပ်နိုင် နေပြီ ဖြစ်သည်။
အိုင်းရစ် ဓားသုတ္တန်မှာ၊ အဆင့် အတန်း မြင့်မား ချေသည်။ ကြယ်မိစ္ဆာ ပန်း(၁၄) ပွင့်အား ထိန်းချုပ်ရန်၊ ကျင့်ကြံမှု နည်းစနစ် တစ်ခု အတွက်၊ လွယ်လှသည် မဟုတ်ခေျ။
“ စမ်း ကြည့် ရ အောင်။ ”
နတ်ဘုရား ပုံရိပ်ယောင် ဓားကို ပစ်လွှတ် လိုက်သည်။ ယင်းက အိုင်းရစ် ဓားသုတ္တန်နှင့် အလိုက်ဖက် ဆုံးသော၊ လျှို့ဝှက် နည်းပညာ တစ်ရပ် ဖြစ်၏။
ဓား ရည်ရွယ်ချက်နှင့် ဓားသုတ္တန်မှာ၊ မြင့်မားသော အဆင့်သို့ ရောက်ရှိ သွားသဖြင့်၊ ၎င်းသည်လည်း သဘာဝ အတိုင်း တိုး၍ အစွမ်းထက် လာရ ပေမည်။
ခရမ်းရောင် နန်းတော်ရှိ၊ ခရမ်းရောင် ပန်းအား၊ လည့်ပတ်စေ လိုက်သော အခါတွင်၊ ပွင့်ချပ် များရှိ ဓားရူရ် များက၊ လင်းလက် လာသည်။
ဓား ရည်ရွယ်ချက် များက၊ လက်မောင်း မှ တဆင့်၊ လက်ခလယ်နှင့် လက်မတို့ ဆီသို့ စီးဝင် လာသည်။
တစ်ချိန်တည်း မှာပင်၊ ဧရာမ ခရမ်းရောင် ပန်းကြီး တစ်ပွင့်၊ လင်းယွန် နောက်၌ ဖြစ်တည် လာပြီး၊ နားလည်မှု အသစ်အား သုံသပ် မိသည်။
နတ်ဘုရား ပုံရိပ်ယောင် ဓား၏ အဆိုရ၊ ကြယ်တာရာ များကိုပင် ထိုးဖောက် နိုင်သည် ဟု၊ ညွှန်းထား ချေသည်။
ယင်းမှာ နားလည်မှု အသစ် ဖြစ်သဖြင့်၊ မည်မျှ အားကောင်း မည်ကို သိချင် လာသည်။ လက်ကို ဖြေလျော့ကာ၊ တောက်ပမှု များအား၊ ဖြန့်ပစ် လိုက်သည်။
ထိုစွမ်းအား ကိုသာ တောက်ထုတ် လိုက်ပါက၊ ဖုံးအုပ် ပေးထားသော အတား အဆီး၌၊ အပေါက်ကြီး ဖြစ်သွား မည်မှာ၊ သေချာသည်။
များမကြာခင် တိမ်များ ကြားမှ၊ နေ ရောင်ခြည်များ လင်းလက် လာသည်။ အရုဏ် တက်ပြီ ဖြစ်၏။
သူ့ ရှေ့ရှိ ခရမ်းရောင် မီးပုံမှာ၊ ပြင်းစွာ တောက်လောင် နေဆဲ ဖြစ်သည်။ တစ်ညလုံး လောင်ကျွမ်း ပြီးနောက် တွင်ပင်၊ ပြီးလိုပုံ မရ သေးချေ။
ခရမ်းငယ်မှာ ကြွားဝါခြင်း မဟုတ်ဘဲ၊ အမှန် ပြောနေြခင်း ဖြစ်ချေပြီ။
ငြိမ်အေးခြင်း ဆေးလုံးရှိ၊ ရှင်သန်ခြင်း ရည်ရွယ် ချက်မှာ၊ ဤမီးတောက်ရှိ ရှင်သန်ခြင်း ရည်ရွယ် ချက်အား၊ မည်သို့မျှ မယှဉ် နိုင်ပေ။
သည်နေ့ လျှပ်စီး တိမ်လွှာ နန်းတော်သို့၊ သွားရောက်ကာ၊ တပြည့် အဖြစ် ခံယူ ရမည့်နေ့ ဖြစ်သည်။
ထို့ကြောင့် မစောင့် တော့ဘဲ၊ ထွက်ရန် ပြင်လိုက် ချိန်တွင်၊ ချစ်စဖွယ် ကောင်းသော ကလေး မလေး တစ်ဦး အသွင်၊ အလင်းများ ဖြာလျက်၊ ခရမ်းငယ် ထွက်ပေါ် လာ၏။
“ နောက်ဆုံးတော့ နှစ်ပေါင်း တစ်သိန်း အကြာမှာ၊ ငါ ပြန်လာ နိုင်ခဲ့ပြီ။ ”
ခရမ်းငယ်က ကလေးသံ မပျောက် သေးသော အသံ စူးစူးဖြင့်၊ ဟစ်ကြွေးလာ တော့သည်။
***