← Chapters

တိတ်တိတ်ပုန်း သား။

Vol. 79 Ch. 1095

တိတ်တိတ်ပုန်း သား။

Vol. 79 Ch. 1095

ခရမ်းငယ်အား ကြည့်လျက်၊ လင်းယွန် တစ်ယောက် အနည်းငယ် ငြိမ်သက် သွားသည်။ သူမ အသွင်သည် စိတ်ဝိညာဉ် နယ်မြေမှ ပုံရိပ်နှင့် မခြားချေ။

ငါးနှစ် အရွယ် မျှသာ ရှိသော ချစ်စဖွယ် မိန်းကလေး တစ်ဦး ဖြစ်သည်။ သူမ ဝတ်ဆင် ထားသော ဝတ်စုံ အောက်မှ နေ၍၊ သလင်း ကဲ့သို့ ကြည်လင်သော အသား အရေကို မြင်နေ ရ၏။

လက်ရာ မြောက် လှသော ပန်းပု ဆရာ တစ်ဦးမှ ထွင်းထု ထားသော လက်ရာ နှင့်တူ သည်။

ဤမျှ အပြစ် အနာ အဆာ ကင်းသော လူတစ်ယောက် ရှိလိမ့် မည်ဟု၊ မတွေးတော ဖူးချေ။

“ ဟမ့် ... ၊ နင့်ကို ရိုက်နှက်ပြီး၊ ငါ့ ဒေါသကို ဖြေပျောက်ခွင့် ပေးပါ။ ”

-ဟု ဆိုလျက် လင်းယွန်၏ ခေါင်းအား ချိန်ရွယ်ကာ၊ ချစ်စဖွယ် အမူ အရာဖြင့် ထိုးနှက် လိုက်သည်။

“ ဝှစ် ... ။ ”

သို့သော် လင်းယွန်က အလွယ် တကူ ရှောင်တိမ်း သွားသဖြင့်၊ ဆက်၍ မတိုက် တော့ဘဲ၊ ငွေလမင်း မျက်နှာ ဖုံးအား လက်ဝှေ့ ယမ်းကာ ခေါ်ယူ လိုက်သည်။ ဤမြင်ကွင်းက လင်းယွန်ကို အံ့အားသင့် စေ၏။

တစ်စုံ တစ်ဦးသည် သူ့ သိုလှောင်အိတ် အတွင်းမှ ပစ္စည်းကို၊ ယူသွား နိုင်သည် ဟူသော ဖြစ်စဉ်မှာ တုန်လှုပ် စရာ ပေပင်။

ခရမ်းငယ်က မျက်နှာ ဖုံးကို တပ်ကြည့် ပြီးနောက်၊ ဆံပင်များ ငွေရောင် ပြောင်းသွား ကာ၊ မြင့်မြတ်သော ရောင်ဝါများ ထွက်ပေါ် လာ၏။

“ ငါ့ အသက် ဆယ့်ရှစ်နှစ်၊ နှစ် တစ်နှစ် ဆိုတာ ... ခေတ်တစ်ခုကို ကိုယ်စား ပြုတယ်၊ ကောင်းကင်နဲ့ မြေကြီး မဖန်ဆင်း ခင်မှာ၊ ... ”

“ ... ငါ့ကို မွေးတယ်၊ ဒါကြောင့် ကောင်းကင်နဲ့ မြေကြီး ပျက်စီးသွား ရင်တောင် ငါ မသေဘူး၊ သမုဒ္ဒရာ လေးစင်း၊ ပျက်သုဉ်းမြေ ရှစ်ပါး၊ ... ”

“ ... ကောင်းကင် သုံးဆယ့်ခြောက် ထပ်နဲ့၊ မြေကမ္ဘာ ခုနစ်ဆယ် နှစ်ထပ်ကို ပိုင်စိုးတဲ့ ဖီးနစ် မျိုးနွယ် ကောင်းကင် တရား စီရင်ရေး ဧကရီပဲ၊ နတ်ဘုရားနဲ့ နတ်နဂါး တွေတောင် ငါ့ကို လေးစား ရမယ်။ ”

ပန်းကန်ပြား တစ်ချပ် ပေါ်သို့ ပုလဲများ ကျဆင်းနေ သကဲ့သို့၊ သူမ အသံက တသွင်သွင် ထွက်ပေါ် လာသည်။

“ ဟီး ဟီး ... ၊ လင်းယွန်လေး ငါ လှတယ် မဟုတ်လား။ ”

ခရမ်းငယ်က သူ့ကိုယ်သူ အပြန်ပြန် အလှန်လှန် စစ်ဆေး ပြီးနောက်၊ လက်နောက် ပစ်လျက် အခန်းထဲ လှည့်ပတ် သွားလာ လေသည်။

“ ဖျပ် ဖျပ် ဖျပ် ... ။ ” (ခြေသံများ)

“ မဆိုး ပါဘူး ... ။ ”

လင်းယွန်က ပြန်ဖြေ လိုက်၏။

“ ဟမ် ... ၊ ဘာ မဆိုး တာလဲ၊ Kitty ငါ လှလား။ ”

ခရမ်းငယ်မှ နှုတ်ခမ်း ဆူလျက်၊ နဂါးလေးထံ လှည့်ကြည့်ကာ မေးလိုက် သဖြင့်၊ စိုက်ကြည့်နေ မိသော နဂါးလေးမှာ၊ အမွေးများ ရုတ်တရက် ထောင်ထ လာပြီး၊ ကမန်း ကတမ်း ခေါင်းညိတ် လိုက်ရသည်။

“ တွေ့လား ... ၊ ဒီကြောင်လေးရဲ့ အမြင် အာရုံက နင့်ထက် အများကြီး သာတယ်၊ ... ငါ့ရဲ့ အလှကို ဘယ်သူမှ မယှဉ် နိုင်ဘူး၊ ...

”

“ အိုး ... ၊ အခုမှ နိုးထ လာတာ ဆိုတော့၊ ငါမှာ အစေခံ တစ်ယောက် လိုနေတယ်၊ နင်ဆန္ဒ ရှိလား။ ”

ခရမ်းငယ်က မျက်ခုံး ပင့်လျက်၊ လင်းယွန်အား မေးလာ လေသည်။

“ မျက်နှာဖုံး ပြန်ပေး ။ ”

“ နုံအ လိုက်တာ ... ၊ ငါ့ အစွမ်း အစနဲ့ ရထားတာ၊ နင့်ကို ငါက ပြန်ပေး စရာလား။ ”

“ ဝှစ် ... ။ ”

သို့သော် သူမ စကားဆုံး သည်နှင့်၊ လင်းယွန်က လက် ဝှေ့ယမ်းပြီး၊ မျက်နှာဖုံးအား ပြန်သိမ်း ယူသွားသည်။

မျက်နှာ ဖုံးတွင် အမှတ် အသားကို ချန်ထားပြီး ဖြစ်ရာ၊ သူ အသက် ရှင်နေ သရွေ့ မည်သူမှ ယူသွား နိုင်မည် မဟုတ်ချေ။

လရောင် ပျောက်ကွယ်လျက်၊ မြေပေါ် ပြုတ်ကျ လာသော နတ်သမီး တစ်ပါး ကဲ့သို့၊ ပြန်၍ ပြောင်းလဲ သွားသည်။

ထို့စဉ် သူမ နဖူး ပေါ်၌၊ ကြက်သွေးနှင့် ရွှေရောင် အမှတ် အသား နှစ်ခုအား တွေ့လိုက် ရသည်။ နှစ်ခု စလုံးမှာ နတ်ဘုရား ရူရ်များ ဖြစ်၏။

ရွှေရောင်သည် နဂါး အရိုးမှ ဆင်းသက် လာပြီး၊ ကြက်သွေး ရောင်မှာ သူမ မျိုးရိုး၏ အမှတ် အသား ဖြစ်သည်။

လင်းယွန်၏ ခရမ်းရောင် အမှတ် အသား ကဲ့သို့ပင်၊ ၎င်းတို့က သူမအား မှော်ဆန်လာ စေ သည်။

“ လူမိုက် လင်းယွန်။ ”

ဒေါသ ထွက်လာပြီး၊ လင်းယွန်ကို ပြေးဝင် တိုက်ခိုက် လိုက်သည်။ သို့သော် အားနည်းနေ သေး သဖြင့်၊ လင်းယွန်၏ ဖမ်းဆီးခြင်း ခံလိုက် ရသည်။

“ လင်းယွန်ကောင် ... ငါ့ ကို အောက် ချ ပေးစမ်း ... ။ ”

ခရမ်းငယ်က ဒေါသ တကြီးနှင့် လက်သီး များကို ဝှေ့ယမ်းလိုက် သော်လည်း၊ လင်းယွန်ကို မထိုး မိချေ။

ထို့ကြောင့် ဒေါသ အရမ်း ထွက်လာပြီး၊ အသက် ဝဝ ရှူကာ၊ နှုတ်ခမ်း နှစ်ဖက်အား စုထော် လိုက်၏။

“ မင်း ဘာလုပ် နေတာလဲ။ ”

“ နင့်ကို မီးနဲ့ မှုတ်သတ် မလို့ ... ၊ ခရမ်းရောင် ရေခဲ မီးတောက်က၊ နတ်နဂါး ကိုတောင် သတ်နိုင်တယ်၊ ဘာလဲ အခု ကြောက်နေ ပြီလား။ ”

“ ဒီလိုလား ... ၊ ဒါဆို ဆက်လုပ်ပါ။ ”

လင်းယွန်က ပြုံးလျက် ဆိုလိုက်သည်။ ခရမ်းငယ်၏ အသွင်ကြောင့် သူ မပြုံးဘဲ၊ မနေ နိုင် တော့ချေ။

“ ငါ့ရဲ့အခြေ အနေက အခု အချိန်မှာ၊ အကောင်းဆုံး မဖြစ်သေး ပါဘူး၊ မဟုတ်ရင် နင် အခု ချက်ချင်း သေသွား လိမ့်မယ်။ ”

“ မိုး လင်း ပြီ ... ။ ”

လင်းယွန်က နေမင်း ကြီးအား ချောင်းကြည့်ကာ၊

“ ငါ ကိစ္စ တစ်ခု ရှိသေးတယ်၊ မင်း ဒီမှာ နေခဲ့ပါ။ ”

“ မနေဖူး လိုက်မယ်၊ အဲ့ဒီ အဖိုးကြီး နင့်ကို အရှက် ခွဲမှာ ငါ မြင်ချင်တယ်။ ”

“ ဒါပေမယ် မင်းနဲ့ ငါ့ကို တွဲပြီး မြင်ရင် မသင့် တော်ဘူး။ ”

ခရမ်းငယ်မှာ အရွယ်ပင် ငယ်သော်လည်း၊ ချစ်ဖွယ် ကောင်းပြီး၊ လူတိုင်း အာရုံကို အလွယ် တကူ ဆွဲဆောင် နိုင်ပေသည်။

လျှပ်စီး တိမ်လွှာ ဂိုဏ်းတွင်၊ လူ အများ အပြား ရှိသဖြင့်၊ ယုတ်မာသူ ရှိ-မရှိ အမြဲ သတိ မထား နိုင်ချေ။

“ ဟမ့် ... ငါ့ကို တစ်ယောက် ယောက်က မြင်နိုင် မယ်လို့ နင်ထင်လား။ ”

ခရမ်းငယ်က လင်းယွန်အား၊ နှာခေါင်းရှုံ့ ပြလျက်၊ ဓားသေတ္တာ အတွင်းသို့ ပြေးဝင်သွား လိုက်သည်။

လင်းယွန် ခမျာ အံ့သြ သွား၏။ အဆုံးတွင် ဤဓား သေတ္တာကို သိုလှောင်အိတ် အတွင်းသို့ အဘယ်ကြောင့်၊ ထည့်မရ နိုင်ခဲ့ သည်ကို နားလည် လာသည်။

ကိုယ်ပိုင် နေရာလွတ် တစ်ခုကို ပိုင်ဆိုင် ထားသော ကြောင့်၊ အခြား နေရာလွတ် များသို့ မဝင်ရောက် နိုင်ခြင်း ဖြစ်သည်။

ရုတ်တရက် ဓားသေတ္တာ အတွင်း၊ သူသည်လည်း ဝင်ရောက် နိုင်ခြင်း ရှိမရှိ သိချင် လာသည်။ သို့သော် နေမြင့် လှပြီ ဖြစ်သဖြင့်၊ သွားရန် အချိန်တန် ချေပြီ။

လျှပ်စီး တိမ်လွှာ နန်းတော်သည်၊ လျှပ်စီးတိမ် တောင်တန်းကြီး ပေါ်တွင် တည်ရှိ သည်။ ၎င်းက ဓားသူတော်စင် တောင်နှင့် အနီးဆုံး တောင် ဖြစ်၏။

ကိစ္စ ကြီးငယ် မရှိ ပါက၊ ဤနေရာ၌ စုဝေးခြင်း မရှိ ကြချေ။ ယနေ့သည် အကြောင်း ထူးပြီ ဖြစ်ရာ၊ လူအများ အဆက် မပြတ် စုရုံးလာ နေသည်။

တံခါး ပိတ်ကျင့်ကြံ နေသူ များမှ လွဲ၍ ဂိုဏ်းဝင်များ အကုန် ရောက်ရှိ နေ၏။ စင်မြင့် ထက် တစ်နေရာတွင်၊ အကြီး အကဲ များက နေရာယူ ထားကာ၊ စိတ် မသက် သာသော အသွင်ကို၊ ဆောင်ကြဉ်း နေချေပြီ။

“ သတ္တမ ကောင်းကင် ဝိညာဉ် နယ်ပယ် မှာတောင် မရှိတဲ့၊ အပြင်လူ တစ်ယောက်ကို ဂိုဏ်းက အမာခံ တပည့် အဖြစ် လက်ခံ လိုက် တာလား။ ”

“ ငါ တို့လို ခွန်လွန်ဘုံရဲ့ ပါရမီရှင် တွေက၊ နိမ့်ကျတဲ့ နယ်မြေက လူ တစ်ယောက်ကို မယှဉ် နိုင်ဖူးလို့၊ တကယ် ထင်နေ ပုံပဲ။ ”

“ ထူးချွန် ထက်မြက်သူ ဆိုရင်တော့ ထားပါဦး၊ ဒါပေမယ့် အဖြူရောင် အဆင့်တောင် မဝင် နိုင်တာကို ... ၊ စီနီယာ ဖုန်းကျွယ် မျက်နှာ ကြောင့်၊ ဒီရာထူး ပေးလိုက်တယ် ဆိုတာ သိသာ ပါတယ်။ ”

“ စီနီယာ ဖုန်းကျွယ်ရဲ့ တိတ်တိတ်ပုန်း သားလား မသိဘူး။ ”

အမျိုး မျိုးသော ဆွေးနွေးသံ များကို ကြားပါက၊ ဖုန်းကျွယ် တစ်ယောက် သွေးအန် သွားမည်မှာ၊ သေချာသည်။

“ အစ်ကိုဖုန် ... ၊ အားလုံးက ကျေနပ်ပုံ မရကြဘူး၊ ကြည့်ရတာ ပျော်စရာ ကောင်းတဲ့ ပွဲ ဖြစ်လာ တော့မယ် ထင်တယ်။ ”

အမာခံ တပည့် များစွာက၊ ဖုန်ကျန်းအား ကြည့်ကာ နှစ်သိမ့်ပေး လာသည်။ ဤအရာက ဖုန်ကျန်းကို ပြုံးစေ သော်လည်း၊ တိတ်တိတ် နေရန် ရွေးချယ် လိုက်သည်။

သူ့စကား တစ်ခွန်းသည် တပည့်များ အတွင်း၊ မည်မျှ ဩဇာ သက်ရောက် မည်ကို တွက်ဆ ထားပြီး ဖြစ်၏။

တစ်ဖက်တွင် ခရမ်းရောင် ဝတ်စုံဖြင့်၊ ယဲ့ဇီလင်၏ အသွင်မှာ၊ အမာခံ တပည့်များ ကြား၌၊ ထင်ရှား ပေါ်လွင် နေသည်။

ရေခဲ တမျှ အေးစက် နေသော မျက်နှာ ထားကြောင့်၊ ဝမ်ယုဝါမှ လွဲ၍ မည်သူမျှ သူမ အနား ချဉ်းကပ် ဝံ့ချေ။

“ ဒီကောင်လေးက လူတိုင်းကို စိတ် အနှောက် အယှက် ပေးတာပဲ။ ”

ယဲ့ဇီလင်မှ မကျေ မနပ် ဆိုမိသည်။ ထို့စဉ် သစ်ရွက် ကြွေကျလာ သကဲ့သို့၊ လေတိုး သံများ ကြားလိုက် ရ၏။

များမကြာခင် ကြောင်နက် တစ်ကောင်ကို ပွေ့ချီ ပွတ်သပ်လျက်၊ ဓားသေတ္တာ တစ်လုံးအား ထမ်းပိုးကာ၊ လူငယ် တစ်ဦး ကောင်းကင်မှ ဆင်းသက် လာတော့သည်။

လူတိုင်းက မရည်ရွယ်ဘဲ၊ ထိုလူငယ်၏ လှုပ်ရှားမှု မှန် သမျှ အပေါ်၊ ရန်လိုစွာ လိုက်ပါ ကြည့်ရှု လိုက်နေ မိသည်။

လင်းယွန်မှ လူအုပ်ကို ကြည့်ကာ၊ ပြုံး လိုက်သည်။ ပြင်ပ၊ အတွင်းနှင့် အမာခံ တပည့် များ အားလုံး၊ ဤပွဲသို့ တက်ရောက် လာ၏။

ဤမျှ ဝရုန်း သုန်းကား နိုင်သော၊ အခြေအနေ များကို ဖန်တီး နိုင်ခဲ့သည့် အပေါ်၊ သူ့ကိုယ်သူ ဂုဏ်ယူ မိပေသည်။

***

All Chapters