← Chapters

ဗိုလ်ကျ စိုးမိုးခြင်း။

Vol. 79 Ch. 1096

ဗိုလ်ကျ စိုးမိုးခြင်း။

Vol. 79 Ch. 1096

လင်းယွန် ရောက်လာသော အခါတွင်၊ ပြင်ပ တပည့်၊ အတွင်း တပည့်နှင့်၊ အမာခံ တပည့်များ အားလုံးက၊ သူ့ကို အေးစက်စွာ စိုက်ကြည့် နေသည်။

အပြာရောင် စံအိမ်၏ အုပ်စိုးရှင် လေးပါး အနက်၊ တစ်ပါး အနေဖြင့် ပြင်ပ တပြည့် တစ်ဦး ပင်လျှင်၊ ပယင်း ကမ္ဘာ ကြီးကို ခြိမ်းခြောက် နိုင်ပေသည်။

အတွင်း တပည့် များသည် အနည်းဆုံး သတ္တမမြောက် ကောင်းကင် ဝိညာဉ် နယ်ပယ်၌ ရှိကြပြီး၊ အချိန် မရွေး အောင်မြင်မှု ရယူ နိုင်၏။

အမာခံ တပည့် (၅၀၀) မှာမူ၊ အင်ပါ ရီယန်များ ဖြစ်ချေပြီ။ ၎င်းတို့အား အပြာရောင် စံအိမ်၌၊ ထိပ်တန်း အဆင့် ကျွမ်းကျင် သူများ အဖြစ်၊ သတ်မှတ် ကြ၏။

စင်ကြယ်သော ဝိညာဉ်တော် ပညာ ရပ်ကို၊ ကျင့်ကြံ ထားသူ များမှာ၊ မျိုးဆက် ဟောင်းများ ကိုပင် အနိုင်ယူ နိုင်သည့် ဂိုဏ်း၏ မဏ္ဍိုင်များ ဖြစ်ကုန်သည်။

ထိုသူများ အားလုံးက လင်းယွန်ကို ကြည့်နေသည်။ အခြားသူ တစ်ဦးသာ ဆိုပါက၊ စိုးထိတ် နေမိ မည်မှာ၊ အမှန် ပေပင်။

နဂါး လေးအား ပခုံးပေါ် တင်လျက်၊ လင်းယွန်မှ၊ ပြုံးလိုက်သည်။ ဒေါသ မရှိသော ဓားသမား ဟူ၍ မရှိချေ။

အကယ်၍ သူသည်သာ၊ ဤလူအုပ် အတွင်းမှ၊ တစ်စုံ တစ်ဦးသာ ဖြစ်ပါက၊ အပြင်လူ တစ်ဦးအား ရုတ်တရက် အမာခံ တပည့် အဖြစ် သတ်မှတ်ကာ၊ ဓားသူတော်စင် တောင်ပေါ်သို့ တက်ရန် ခွဲတမ်း ပေးလိုက် ခြင်းကို၊ ပျော်ရွှင် နိုင်မည် မဟုတ်ချေ။

အကြီး အကဲ များ၊ အမာခံ တပည့်များ ထိုင်နေရာ၊ စင်မြင့် ကြီးနှင့် သူ့ကြား၊ လူအုပ်က လျှောက်လမ်း တစ်ခု ပေးလာသည်။

ယဲ့ဇီလင် ဘေးတွင်၊ ဝမ်ယုဝါ ထိုင်နေ သည်ကို၊ မြင်လိုက် သဖြင့်၊ လင်းယွန်မှ မျက်စိ တစ်ဖက် မှိတ်ပြ လိုက်မိ၏။

ရဲတင်း လွန်းသော လင်းယွန်၏ လုပ်ရပ်ကြောင့်၊ ဝမ်ယုဝါ တစ်ယောက် ထိတ်လန့် သွားပြီး မျက်နှာ နီရဲ လာသည်။

သို့သော် ပြန်၍ ခေါင်းညိတ် ပြတော့မည့် အချိန်တွင်၊ ယဲ့ဇီလင် ထံမှ စူးရှသော အကြည့် တစ်ချက် ကျရောက် လာသဖြင့်၊ ချက်ချင်း မျက်နှာ လွှဲကာ၊ လင်းယွန်ကို မကြည့်ဝံ့ တော့ပေ။

သည့်နောက် ယဲ့ဇီလင်က အကြည့်ကို၊ လင်းယွန်ထံ ရွေ့ကာ၊ အေးစက် စက်ဖြင့်၊ သတိ ပေးသည်။

သို့သော် သူမ အကြည့် ထဲတွင်၊ ဖုန်ကျန်း ကဲ့သို့ ရန်လိုသော ရည်ရွယ် ချက်များ ရှိ မနေ ချေ။

ရုတ်တရက် ဖုန်ကျန်းအား သတိရ သွားသဖြင့်၊ လင်းယွန်မှာ၊ သင်ခန်းစာ တစ်ခု ပေးရန်၊ တေးထား လိုက်သည်။

စင်မြင့် ပေါ်ရှိ အကြီး အကဲ များထံ ဦးညွှတ်ခါ နီးတွင်၊ ထက်ရှသော ဓား ရောင်ဝါ တစ်စင်း၊ ကောင်းကင်မှ ဆင်းသက် လာ၏။

“ မင်္ဂလာပါ ဂိုဏ်းချုပ် ... ။ ”

လူအုပ် ကြီးက ဦးညွှတ်လျက်၊ ချက်ချင်း နှုတ်ဆက် လိုက်ကြ သည်။ လျှပ်စီး တိမ်လွှာ ဂိုဏ်း ချုပ်၏ ခွန်အားမှာ၊ ဖုန်းကျွယ် လောက် သန်မာခြင်း မရှိ သော်လည်း၊ ဓား ရည်ရွယ် ချက်မှာ၊ ပို၍ ကြောက်စရာ ကောင်း၏။

ဂိုဏ်းချုပ်က လူတိုင်းကို ပြန်ထရန်၊ အချက်ပြ လိုက်ပြီး၊

“ ဒီနေ့ ကြေငြာချက် တစ်ခု ရှိတယ်၊ မင်းတို့က ငါ့ ကွယ်ရာမှာ ငါက မမျှတ ဖူးလို့ ပြောနေ ကြတယ် ဆိုတာ ငါ သိတယ်။ ”

သူ့ လေသံမှာ ဒေါသကြောင့်၊ တင်းမာလာ သဖြင့်၊ တပည့်များ အားလုံးကို တုန်လှုပ် သွား စေသည်။

အမာခံ တပည့်များ သည်ပင်၊ ချွင်းချက် မရှိချေ။ အထူး သဖြင့် ကောလာ ဟလ များ၏၊ နောက်ကွယ်မှ တရားခံ ဖုန်ကျန်း ဖြစ်သည်။

“ လင်း ယွန် ... ။ ”

လူတိုင်း တုန်လှုပ် နေကြစဉ်၊ ဂိုဏ်းချုပ်က လင်းယွန်ထံ စိုက်ကြည့်ကာ၊ စကား ပြောရန် ပြင်သည်။

ထိုအကြည့် များက ဓားနှစ်လက် ကဲ့သို့၊ လင်းယွန်အား၊ ချုပ်နှောင် ပစ်လိုက်၏။ ထိုဓား မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း လင်းယွန် သာ သိသည်။

“ ဟုတ်ကဲ့ ရှိပါတယ်။ ”

“ ဓားသမား တစ်ယောက်က ... ၊ သူ့ နောက်ကွယ်မှာ၊ မကောင်း ပြောတဲ့ လူတွေကို၊ မကြိုက် ကြဘူး၊ ဟုတ်တယ် မဟုတ်လား၊ ... ”

“ ... အထူး သဖြင့် မင်းလို ကောင်းကင် လမ်းမှာ၊ ကျော်ကြား လာတဲ့ လူ တစ်ယောက် က၊ သူတို့ပြော သမျှ ငုံ့ခံဖို့ ဆိုတာ၊ ပိုပြီး ... ”

“ ... အဓိပ္ပါယ် မရှိဘူး၊ ဒီနေ့ ဒီနေရာကို လာရဲ မှတော့၊ မင်းက ငါ့လျှပ်စီး တိမ်လွှာ ဂိုဏ်း ရဲ့ တပည့် တွေ အပေါ်၊ သင်ခန်းစာ ပေးနိုင်လိမ့် မယ်လို့ ငါ ထင်တယ်။ ”

ဂိုဏ်း ချုပ်၏ စကား များကြောင့်၊ လူအုပ်ကြီးမှာ၊ ချက်ချင်း ရုတ်ရုတ် သဲသဲ ဖြစ် ကုန်သည်။

လင်းယွန်အား အခွင့်အရေး သမား အဖြစ် ပြောဆိုရန်၊ သူတို့မှ ရောက်ရှိ လာကြခြင်း ဖြစ် သည်။

သို့သော် မည်သို့ မည်ပုံ အခန်း ကဏ္ဍ ပြောင်းလဲ သွားသည်ကို၊ နားမလည် နိုင်တော့ ချေ။

“ ဒီ အဖိုးကြီးက ... ၊ နင့် အတွက် တွင်းနက်နက် တူးနေပြီ၊ နင်သာ အရိုက် ခံရရင် အရမ်း ရှက်စရာ ကောင်းမှာ သေချာတယ်၊ တကယ့် ကြည့်ကောင်းမဲ့ ပွဲပဲ။ ”

ဓားသေတ္တာ ထဲရှိ ခရမ်းငယ်မှ၊ လျှပ်စီး တိမ်လွှာ ဂိုဏ်းချုပ်၏ ရည်ရွယ် ချက်အား ရိပ်မိ လာသည်။

လင်းယွန်မှ ကူကယ် ရာမဲ့ စွာဖြင့်၊ ပြုံးလိုက်၏။ သူတို့ မျက်နှာကို ဖြတ်ရိုက်ရန် ဤနေရာသို့ ရောက်ရှိ လာကြောင်း၊ ဝန်ခံ လိုက်ပါက၊ ၎င်း၏ တပည့် များမှာ၊ ရူးသွပ် သွားကြ ပေလိမ့်မည်။

“ ဂိုဏ်းချုပ် ပြောတာ အမှန် ပါပဲ၊ အရည် အချင်း ရှိလို့သာ အခွင့် အရေးကို လက်ခံ တာပါ၊ ဒါကြောင့် ဘယ်သူ တွေက ဒီတပည့် အပေါ်၊ သံသယ ဝင်နေလဲ သိချင် ပါတယ်၊ ... ”

လင်းယွန်က ပြုံးလျက် စကားကို ခဏ ရပ်လိုက်သည်။ သူ့အား ကစားချင် သည်လော။ ပွဲပြီးအောင် ကြည့်ရန် ပြင်ဆင်ထား သင့်သည်။

“ ဒါက လျှပ်စီး တိမ်လွှာ ဂိုဏ်းရဲ့၊ အကောင်းဆုံး အခွင့်အရေး တွေကို ခံစား နေတဲ့ အထက် တန်းစား တွေလား၊ ... ”

“ ... မထင် ပါဘူး၊ ဂိုဏ်းချုပ်ရဲ့ တပည့်တွေက ကောင်းကင် လမ်းက ပါရမီရှင် တွေကို၊ မယှဉ် နိုင်တာ သေချာ ပါတယ်။ ”

ဤတစ်ကြိမ်တွင် စင်မြင့် ပေါ်ရှိ အမာခံ တပည့်များ ပင်လျှင်၊ လင်းယွန်အား ဒေါသဖြင့်၊ ကြည့်လာ ကြသည်။

ကောင်းကင် ဝိညာဉ် နယ်ပယ်ရှိ၊ တစ်စုံ တစ်ယောက်သည် သူတို့အား ရှေ့ထားကာ မောက်မာ နေချေ၏။

ဝမ်ယုဝါမှာ အံ့အားသင့် စွာဖြင့် ပါးစပ်ကို လက်ဝါးဖြင့် ကာလိုက်သည်။ ဤသည်မှာ သူမ သိသော လင်းယွန် ပုံစံ မဟုတ်ချေ။

“ ဂျူနီယာလေး လင်းယွန်က၊ ဘာတွေ ကြံစည် နေတာလဲ။ ”

“ ဒါကို တလွဲ မာနလို့ ခေါ်တယ်။ ”

ယဲ့ဇီလင်မှ ပြန်ဖြေသည်။

သို့သော် လင်းယွန်မှာ၊ ၎င်းတို့၏ အမြင် များကို ဂရု မစိုက်ဘဲ၊ ပြုံးလျက် ဂိုဏ်းချုပ်အား ကြည့်လိုက် လေသည်။

ဂိုဏ်းချုပ်က တုန့်ပြန် ပြုံးပြ လိုက်ပြီး၊

“ ကောင်းပြီ ... ၊ မင်းရဲ့ စကား တွေလို၊ တကယ် အစွမ်းထက်လား ဆိုတာ ငါကြည့်မယ်၊ မင်းတို့ ထဲက ဘယ်သူ ကများ သူ့ အရည် အချင်းကို စမ်းကြည့် ချင်လဲ။ ”

ဂိုဏ်းချုပ် သူ့တပြည့် များထံ ဝေ့ကြည့်ကာ မေးမြန်း လိုက်သည်။

“ လျှပ်စီး တိမ်လွှာ ဂိုဏ်းရဲ့ ... ၊ ပြင်ပ တပည့် ကောမင်ပါ။ ”

ဂိုဏ်းချုပ် စကား ဆုံးသည်နှင့်၊ ပြင်ပ တစ်ပည့် တစ်ဦးက ရှေ့လှမ်းထွက် လာသည်။ ထို့ကြောင့် ကျန်တပည့် များမှာ၊ နောက်ဆုတ် ပေးလိုက်၏။

ကောမင်၏ ကျင့်ကြံမှုမှာ၊ ဆဋ္ဌမမြောက် ကောင်းကင် ဝိညာဉ် နယ်ပယ် အထွတ် အထိပ် ၌ ရှိသည်။

၎င်းအား အနိုင် မယူ နိုင်ပါက၊ အမာခံ တပည့် ဖြစ်ရန် မထိုက် တန်ဟု ဆိုရာ ရောက် ချေ၏။

ကောမင်အား ကြည့်ပြီး၊

“ မင်းမှာ ငါ့ကို တိုက်ခိုက်ဖို့ အရည် အချင်း မရှိဘူး။ ”

-ဟု ငြင်းဆန်လျက်၊ လင်းယွန်က ပြုံး လိုက်သည်။

လျှပ်စီး တိမ်လွှာ ဂိုဏ်း၏ ပြင်ပ တပည့် များသည်၊ နယ်ပယ် တူခြင်း ပြိုင်ဘက် များကို ဖြတ်ကျော် နိုင်သောကြောင့်၊ အပြာရောင် စံအိမ်၌ ကျော်ကြားမှု အချို့ ရှိသည်။

ယခုမူ မည်သည့် အရပ်မှ၊ လာရောက်မှန်း မသိသော လူ တစ်ယောက်က၊ အထင် သေးစွာ ဆိုလာ လေပြီ။

ကောမင် ရင်ဘတ် ထဲ၌၊ ဒေါသများ တောက်လောင် လာသော်လည်း၊ အတတ် နိုင်ဆုံး ကြိုးစား ထိန်းချုပ် မိ၏။

“ မင်းက အခုမှ ဆဋ္ဌမ ကောင်းကင် ဝိညာဉ်ကို ရောက်လာ တာပါ၊ ငါ ဒီအဆင့်ကို ရောက်နေတာ သုံးလ ရှိပြီ။ ”

“ ကောင်းပြီ ... ၊ မင်းက သူ့ကို အနိုင်ယူ နိုင်ရင်၊ ငါတို့ စကား ဆက်ပြောမယ်။ ”

လင်းယွန်က ပခုံး ပေါ်မှ ကြောင်နက် ပုတ်ကာ ဆိုလာ သဖြင့်၊ ကောမင် တစ်ယောက် မျက်နှာ ပျက်ယွင်း သွား၏။

“ မင်းကိုယ်မင်း ကောင်းကင် လမ်းမှာ ထူးခြားတဲ့ ပါရမီရှင် တစ်ယောက်လို့ ထင်နေ တာလား။ ”

“ စကား မများနဲ့၊ မင်း သူ့ကို အနိုင်ရ တာက ငါ့ကို အနိုင် ရတာနဲ့ အတူ တူပဲ။ ”

“ ကောင်းပြီ ... ၊ ငါ့ကို ရက်စက်တဲ့ လူလို့ အပြစ် မတင်နဲ့၊ ငါ့ ဓားနဲ့ သတ်လိုက်တဲ့ နတ်ဆိုး သားရဲ၊ ဘယ်နှစ်ကောင် မှန်း ငါ ရေတွက် လို့တောင် မရဘူး။ ”

ကောမင်က ကြောင်နက်အား သတ်ရန် စိတ်ပိုင်း ဖြတ်လိုက်သည်။

ထိုစဉ် အဆိုပါ ကြောင်နက်မှာ လင်းယွန် ပခုံး ပေါ်မှ ခုန်ချလျက်၊ သူ့ သိုလှောင်အိတ်အား ကြည့်ကာ၊ ပြုံးပြ လာလေသည်။

“ ဒီကြောင် ... ။ ”

ကြောင် တစ်ကောင်၏ အပြုံးမှာ၊ အဘယ့်ကြောင့်၊ ဤမျှ စက်ဆုပ် စရာ ကောင်း နေသည်ကို သူ မသိချေ။

“ ဂျူနီယာ ညီလေး ... ၊ အဲ့ဒီ သားရဲကို လွယ်လွယ်နဲ့ သေခွင့် မပေးနဲ့ ... ။ ”

ပြင်ပ တပည့်များ အားလုံးက အော်ဟစ် အားပေး လိုက်ကြသည်။ အကြီး အကဲ များနှင့် အမာခံ တပည့် များမှာ၊ ဤကြောင် နက်တွင် နဂါး သွေး ပါမှန်း သိသော်လည်း၊ အထင် မကြီးချေ။

လင်းယွန်မှာ သူ့ကြောင် အပေါ်၊ ယုံကြည်မှု လွန်ကဲ လွန်းသည် ဟုသာ ထင်မိသည်။

“ ဒီကြောင်က တော်တော် ဆူဖြိုးတယ် ... ၊ ချက်စား လိုက်ရရင်၊ အရသာ တော်တော်ရှိ လိမ့်မယ်။ ”

“ ဟား ဟား ဟား ... ၊ စီနီယာ အစ်ကို ဖုန် ပြောတာ မှန်တယ်။ ”

ဖုန်ကျန်းက အရွှန်းဖောက် လိုက်သဖြင့်၊ လူတိုင်း ရယ်မော လာကြသည်။ ထိုအချိန်တွင် ကောမင်က ဓားဆွဲကာ ကောင်းကင်ပေါ်၊ ပျံတက် သွားသည်။

“ ဝှစ် ... ။ ”

ပြိုင်ဘက်မှာ ကြောင်တစ်ကောင် ဖြစ် သောကြောင့် အချိန် မဆွဲ လိုချေ။ မဟုတ် ပါက အရှက်ရ ပေလိမ့်မည်။ တစ်ချက် တည်းနှင့်၊ သတ်နိုင်က အကောင်းဆုံး ပေပင်။

သို့သော် ဓားဖြင့် ခုတ်ပိုင်း ခါနီးတွင် ကြောင်နက်မှာ၊ ရုတ်တရက် ပျောက်သွားသည်။ နဂါး ဟောက်သံ များနှင့် အတူ၊ ကြမ်းကြုတ် သော ရောင်ဝါ တစ်ခု၊ ကောင်းကင်၌ ဖြစ်တည် လာ၏။

“ ဝှစ် ... ။ ”

လက်ဖဝါး တစ်ဖက်က၊ ကောမင် ပေါ်သို့ အရိပ် တစ်ရိပ်လို မိုးလာကာ၊ ဓား ရောင်ဝါကို ကြေမွ ပစ် လိုက်သည်။

“ ဝေါ့ ... ။ ”

ချက်ချင်းပင် သွေးအန်လျက် ကောမင် တစ်ယောက် ကောင်းကင်မှ ပြုတ်ကျလျက် သတိ လစ်သွား၏။

လက်ဖဝါး ကြီးမှ မြေပြင် တစ်ခု လုံးကို၊ တုန်ခါသွား စေသဖြင့်၊ လူတိုင်းက မယုံ နိုင်စွာ ပြန်ကြည့် မိကုန်သည်။

နဂါး မျောက်ဝံ့။ ယင်းမှာ ကြောင်နက် မဟုတ်ချေ။ ကြမ်းကြုတ် လွန်းသော ဒရာ ကိုပီ တစ်ကောင် ဖြစ်လေသည်။

***

All Chapters