ဘယ်သူ မနာလို တာလဲ။
Vol. 79 Ch. 1097
ဒရာ ကိုပီအား ကြည့်ကာ၊ လူတိုင်း အံ့အားသင့် သွားသည်။ နောက်ဆုံးတွင် နဂါး လေးမှာ၊ လက်နက်ပင် မသုံး ခဲ့ချေ။
ကောင်းကင် နတ်မိစ္ဆာ လက်ကိုင်တုတ် ကိုသာ ကိုင်ဆွဲခဲ့ပါက၊ ကောမင် အတွက် မတွေး ဝံ့ စရာ ဖြစ်ပေမည်။
လင်းယွန်ကို အစော ပိုင်းက၊ နှိမ့်ချ ရှုမြင် ခဲ့ကြသူ များမှာ၊ အံကြိတ်လျက် စကား မပြော နိုင် တော့ချေ။ အထူး သဖြင့် ဖုန်ကျန်း ဖြစ်၏။
“ စီနီယာ အစ်ကို ဖုန်၊ အဲဒီ ကြောင်က တော်တော် သန်မာတယ် … ။ ”
ဖုန်ကျန်း အနားတွင် ရပ်နေသော သူများက အံသြသွား ကြသည်။
“ ဟမ့် ... ။ ”
စကားပြော လာသော တပည့်ကို စိုက်ကြည့်ပြီး၊ ဖုန်ကျန်း၏ မျက်နှာမှာ၊ ရဲရဲ နီလာသည်။
မျက်ကန်း တစ်ယောက် မဟုတ်ချေ။ ကောမင် ချက်ခြင်း သတိလစ် သွားသည်ကို၊ သူ မြင်သည်။
ထိုတပည့်မှာ မပြော သင့်သော စကားမှန်း သိသွားကာ၊ ပါးစပ်ပိတ် လိုက်သည်။ ဤကြောင် နက်တွင် နဂါး မျောက်ဝံ သွေး ရှိမှန်း၊ မည်သူမျှ သိပုံ မရချေ။
“ ဒီကြောင်က ... ၊ ဘာလို့ ဒီလောက် ကြောက်စရာ ကောင်းနေ ရတာလဲ။ ”
အမာခံ တပည့် များစွာသည် နဂါးသွေး ကြောင်အား ကြည့်ကာ၊ ပင့်သက်ရှိုက် ကုန်ကြ သည်။
ရှေးဟောင်း ပျက်သုဉ်း နယ်မြေတွင်၊ ထိုသို့သော သားရဲမျိုး ရှားပါး ချေ၏။ မနာလို စရာ ပေပင်။
“ လင်းယွန် ... ၊ မင်း အရှက် မရှိ ဖူးလား။ ”
“ ဟုတ်တယ် ... ၊ မင်း အရမ်း လွန်သွားပြီ၊ ဂျူနီယာ ကောမင်က မင်း ခွန်အားကို စမ်းသပ် ချင်တာ သိရဲ့နဲ့၊ မင်းရဲ့ သားရဲနဲ့ ဘာလို့ တိုက်ခိုင်း ရတာလဲ။ ”
“ မင်းက ယောက်ျား မဟုတ်လား။ ”
လူတိုင်းက မှင်တက် နေရာမှ သတိဝင် လာပြီး၊ ဒေါသ တကြီးနှင့် လင်းယွန်ကို အပြစ် တင်လိုက် ကြသည်။
သို့သော် နဂါး မျောက်ဝံက သူတို့အား စိုက်ကြည့် လာသော အခါတွင်၊ ချက်ချင်း ပါးစပ် ပိတ်သွား ကုန်၏။
“ တောင်းပန် ပါတယ်၊ ငါ့ ညီက သားရဲ ဆိုတော့၊ လူ စကား နားမလည်ဘူး၊ ဆူဆူ ပူပူ သိပ် မလုပ် ပါနဲ့၊ သူက... ”
“ ... ဆူညံသံ တွေကို အရမ်း မုန်းတယ်၊ တော်ကြာ မင်းတို့ကို လိုက်သတ် နေမှ ငါသတိ မပေးဖူး ဖြစ်နေ ဦးမယ်။ ”
လင်းယွန်၏ မျက်နှာ ပေါ်ရှိ၊ ရိုးသား ဟန်ဆောင် နေသော အပြုံးကို မြင်လိုက် ချိန်၌၊ လူတိုင်း ပါးစပ် ပိတ်ကုန် သည်။
ဤအခိုက် အတန့်တွင် တစ်စုံ တစ်ယောက်က၊ သတ္တိကို စုစည်း လိုက်ပြီး၊
“ ဂျူနီယာ ညီလေး ကောမင်ကို ရိုက်ဖို့၊ မင်းက မင်းရဲ့ သားရဲ အပေါ် အားကိုး နေတာပဲ။ ”
“ တောင်းပန် ပါတယ် ... ၊ ဒါပေမယ့် ဂိုဏ်းချုပ်ရဲ့ စကားကို မင်းနားမလည် လိုက်ဖူး ထင်တယ်၊ မင်း အားလုံးကို ရိုက်ဖို့၊ ငါ ဒီနေ့ ရောက်လာ တာပဲ၊ ဘယ်လို နည်းနဲ့ မဆိုပေါ့ ... ။ ”
လင်းယွန် ပြုံးကာ ပြန်ဖြေ လိုက်သည်။ ဤနေရာရှိ လူတိုင်းမှာ ဓားသမားများ ဖြစ်ကြ သောကြောင့် မာန ရှိ၏။
သို့သော် လင်းယွန် ကဲ့သို့၊ မိုးထိုး နေသော မာနမျိုး ပိုင်ဆိုင် မထားချေ။ မည်သည့် အချိန်၌ ဆုတ်ခွာ ရမည်၊ ရှေ့တိုး ရမည်ကို၊ သိကြ ပေ၏။
“ ဖျပ် ... ဖျပ် ဖျပ် ။ ”
ထုံးစံ အတိုင်း ဒေါသထွက် နေသော လူအုပ်ကြီး အတွင်းမှ၊ လူငယ် (၄)ဦး ရှေ့လှမ်း တက် လာသည်။
ဝတ်ဆင် ထားသော ဝတ်စုံ အရ၊ အတွင်း တပည့်များ ဖြစ်ပြီး၊ သတ္တမမြောက် ကောင်းကင် ဝိညာဉ် နယ်ပယ်၌ ဖြစ်ချေ၏။
လေးယောက် ပေါင်းစပ် ခြင်းဖြင့်၊ ဖြစ်ပေါ် နေသော ဓား ရည်ရွယ်ချက်မှာ၊ တောင်တန်း တစ်ခု ကဲ့သို့၊ ခံစားစေ ရသည်။
“ ကျန်း ရွှင် ... ။ ”
“ ချောင် ဇီ ယန် ... ။ ”
“ ဝမ် ဖမ်း ... ။ ”
“ လွီ ဖိန်း ... ။ ”
ထိုလေးယောက်မှ သူတို့ အမည် များကို မိတ်ဆက်ပေး လာသည်။ ၎င်းတို့ အားလုံးမှာ၊ လွန်ခဲ့သော တစ်နှစ်ကျော် ကတည်း ကပင်၊ ဝိညာဉ်ရေး ဓားကို နားလည် ထား၏။
ဂိုဏ်း အတွင်း ကောင်းမွန်သော ဂုဏ် သတင်းကို ထူထောင် ထား နိုင်ပြီး၊ နှစ်ကုန်၌ အမာခံ တပည့်များ အဖြစ် ရာထူး တိုးခံရ တော့မည် ဖြစ်သည်။
ထိုမြင်ကွင်းကြောင့်၊ အကြီး အကဲများ သက်ပြင်းချ လိုက်ကြသည်။ ဤလေးယောက် ထဲမှ၊ တစ်ယောက် သည်ပင်၊ လင်းယွန်ကို အလွယ် တကူ ချိုးနှိမ်နိုင် ပေ၏။
“ ငါတို့ရဲ့ ကျင့်ကြံ မှုကြောင့်၊ မင်းကို အခွင့်ကောင်း ယူနေ တယ်လို့၊ ထင်ရင်တော့ မင်း အဆင် ပြေမဲ့ တစ်ယောက်ကို ရွေးပါ။ ”
လေးယောက် လုံးက၊ ထက်ရှသော အကြည့်ဖြင့်၊ လင်းယွန်အား စိုက်ကြည့်ကာ၊ စကား ဆိုလာသည်။
“ မဆိုးဘူး၊ ဒါပေမယ့် မင်းတို့ လေး ယောက်လုံး ဝင်လာတာ ပို ကောင်းတယ် … ၊ မဟုတ်ရင် ပိုအရှက် ရလိမ့်မယ်။ ”
လင်းယွန်က ပြုံးကာ ပြန်ဖြေ သဖြင့်၊ ဝိညာဉ်ရေး ဓားကို ထုတ်လွှတ်ကာ၊ ဒေါသ တကြီး လေးယောက်သား ရှေ့လှမ်းတက် လိုက်သည်။
သူတို့ လေးယောက်အား၊ အလွယ် တကူ အနိုင်ယူ နိုင်သူ အဖြစ် ယူဆ ထားသော် မှားပေ လိမ့်မည်။
“ မင်း ဘယ်လောက် အထိ၊ မာန ထောင်လွှား နိုင်မလဲ ငါ ကြည့်မယ်။ ”
ချောင်ဇီယန်က ဦးစွာ လှုပ်ရှား လာ၏။ ဖြာထွက် နေသော ဓား ရောင်ခြည် တစ်စင်းနှင့် အတူ၊ လျင်မြန်စွာ ပြေးဝင် လာသည်။
သို့သော် လင်းယွန်မှ၊ လက်ကို ဆန့်ထုတ် လိုက်ရုံဖြင့်၊ ချောင်ဇီယန်၏ ဓား အလင်းမှာ ချက်ချင်း ပျောက်ကွယ် သွားသည်။
“ ဝှစ် ... ။ ”
ထို့နောက် ချောင်ဇီယန်အား အနားကပ် မခံတော့ဘဲ၊ လက်ဖဝါး တစ်ချက်ကို တွန်းထုတ် လိုက်ကာ၊ အဝေးသို့ မောင်းထုတ် လိုက်သည်။
“ ဝေါ့ ... ။ ”
မြေပြင်ပေါ် ပြုတ်ကျ သွားချိန်၌၊ ညည်းညူသံ ပြုလျက် သွေး တစ်လုတ် အန် ထွက် သွား၏။
ထိုမြင်ကွင်းက ကျန် သုံးယောက်ကို၊ ထိတ်လန့် စေသည်။ ချောင်ဇီယန် တစ်ယောက် အလေး အနက် မထား သော်မှ၊ တစ်ချက် တည်းဖြင့်၊ ရှုံးနိမ့် စရာ အကြောင်း မရှိချေ။
“ ငါ ပြောတယ် မဟုတ်လား၊ မင်းတို့ကို ရိုက်ဖို့ ငါ ရောက်လာ တာလို့၊ မကျေနပ် ဖူးလား၊ လာ ငါ့ကို နိုင်အောင်တိုက် ... ။ ”
လင်းယွန်က ပြုံးပြီး၊ ၎င်းတို့ အသက်ရှူ ကြပ်စေမည့်၊ ဖိအားကို ထုတ်လွှတ်လျက် ဖိတ် ခေါ်သည်။
“ ရွှပ် ... ။ ”
အတွင်း တပည့် လေးယောက်က၊ မဆိုင်း မတွဘဲ ဓားဆွဲလျက် လင်းယွန်ထံ ပြေးဝင် လာ ကြသည်။
“ လ ရနံ့။ တိမ်များကို လွင့်စဉ် စေသော နေမင်းကြီး။ ”
လင်းယွန်မှ လနှင့် နေကို ဆင့်ခေါ်ကာ၊ လက်သီး နှစ်ချက် ထိုးချ လိုက်၏။ တစ်ချက် တည်းဖြင့်၊ ထိုလေးယောက်လုံး၊ သွေးများ ရွှဲနစ် သွားသည်။
“ လျှပ်စီး တိမ်လွှာ ဂိုဏ်းက၊ သိပ်ပြီး အထင်ကြီး စရာလည်း မရှိ ပါလား။ ”
မြေပြင်ပေါ် ပြုတ်ကျ လာသော၊ အတွင်း တပည့် (၄) ယောက်ကို လျစ်လျူရှုပြီး ခြေဖျား အသာ ပုတ်လျက်၊ နောက်ပြန် ဆုတ်ပေး လိုက်သည်။
အစောပိုင်း အချိန်၌ သားရဲ အပေါ်၊ အားကိုးကာ အနိုင်ကျင့် သည်ဟု ဆိုထားသော လူ အချို့မှာ၊ တိတ်ဆိတ် သွားသည်။
အားစိုက်စရာ မလိုပဲ၊ အတွင်း တပည့် လေးယောက်အား အနိုင်ယူ သွားသည်။ သူတို့ အပေါ်၊ သင်ခန်းစာ ပေးရန် ရောက်ရှိ လာခြင်း ဖြစ်သည် ဟူသော စကားမှာ၊ ကြွားဝါခြင်း ဟုတ်ပုံ မရချေ။
သူနှင့် ရှုပ်ချင် သူတိုင်း၊ နှိပ်စက် ခံရတော့ မည်ဟု၊ သတိပေး နေသည်။
“ လျှပ်စီး တိမ်လွှာ ဂိုဏ်းမှာ၊ လာပြီး ထင်တိုင်းကျဲ နိုင်မယ်လို့ မင်းတကယ် ထင်နေ တာလား။ ”
လူအုပ် ထဲမှ သွယ်လျလျ လူငယ် တစ်ဦး လှမ်းထွက် လာပြန်၏။ အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်လျက်၊ ထက်မြက်သော ဓား တစ်လက် ကဲ့သို့ လင်းယွန်ထံ စိုက်ကြည့် လာသည်။
“ စီနီယာ အစ်ကိုဝူ ... ။ ”
ဝူခွန် ရှေ့ထွက် လာချိန်၌၊ ရုန်းရင်း ဆန်ခတ် ဖြစ်ကုန် ကြသည်။ သတ္တမမြောက် ကောင်းကင် ဝိညာဉ်၊ အထွတ် အထိပ်သို့ ရောက်ရှိနေ သည်မှာ၊ ကြာပြီ ဖြစ်သည်။
ထို့ပြင် ကြယ်မိစ္ဆာ ပန်းများ ကိုလည်း၊ ရောင်ဝါ သမုဒ္ဒရာ၌ စိုက်ပျိုးထား၏။ ဓားမှ လွဲ၍ မည်သည့် အရာ ကိုမျှ၊ ဂရု မစိုက် တက်သူ တစ်ဦး ဖြစ်သည်။
ယနေ့ အချိန် အထိ၊ အတွင်း တပည့် များ၌ အသန်မာဆုံး အဖြစ်၊ အသိ အမှတ်ပြု ခံရသည်။ တစ်ချက် ကြည့်ရုံဖြင့်၊ ရက်စက်သူ တစ်ဦး ဖြစ်ကြောင်း ပြောနိုင်၏။
ယဲ့ဇီလင်ပင် မျက်ခုံး ပင့်လျက်၊ ပြန်ကြည့် လာသည်။ ဤဝူခွန်မှာ အမာခံ တပည့် တစ်ဦး ဖြစ်ရန်၊ အရည် အချင်း ပြည့်မီ နေပြီ ဖြစ်သည်။
သို့သော် ကောင်းကင် ဓားကို မရ ပါက၊ အင်ပါ ရီယန်သို့ ဝင်ရောက်မည် မဟုတ်ကြောင်း ကျိန်ဆို ခဲ့သည်။
ထို့ကြောင့် သူ၏ ဝိညာဉ်ရေး ဓားသည်၊ ပြီးပြည့် စုံသော ကျွမ်းကျင် မှုသို့ ရောက်ရှိ ပြီး၊ အမာခံ တပည့် အချို့ ကိုပင်၊ ဖိအား ပေးနိုင် လာသည်။
ဝူခွန်က ကောင်းကင်ပေါ် ပျံတက်ပြီး၊ ဝိညာဉ်ရေး ဓားကို ထုတ်ဖော် လိုက်သည်။ အတွင်း တပည့် လေးယောက်ကို အနိုင်ယူ ရာတွင်၊ လင်းယွန်မှာ ဓားပင် မဆွဲ ခဲ့ချေ။
ထို့ကြောင့် ဝူခွန်းက ဓား မဆွဲဘဲ၊ လင်းယွန်ကို အနိုင် ယူရန် ကြံရွယ် မိသည်။
“ မင်းက သန်မာ ပါတယ် ...၊ ဒါပေမယ့် ငါ့မျက်လုံး ထဲမှာတော့ ... ဘာမှ မဟုတ်သေး ပါဘူး။ ”
လေထဲတွင် ခြေ တစ်လှမ်း၊ လှမ်း လိုက်ပြီး ဝူခွန်မှ ဆိုသည်။ ခြေလှမ်း လှမ်းလိုက်တိုင်း၊ ဓား ရောင်ဝါများ ခန္ဓာ ကိုယ်မှ၊ ဖြာထွက် လာ၏။
ခုနစ်လှမ်း လှမ်းပြီးနောက်၊ စူရှသော ဓားရောင်ခြည် များက သူ့အား မမြင် နိုင်အောင် ဖုံးလွှမ်း လာတော့သည်။
ဤသည်မှာ ပြီးပြည့် စုံသော ဝိညာဉ်ရေး ဓားဖြစ်၏။ ထက်ရှ လွန်းသော ကြောင့်၊ လူတိုင်း ကြက်သီး ထလာ ကြသည်။
“ အရှုံးကို ဝန်ခံပါ၊ မဟုတ်ရင် မင်း အသက်ရှင်ဖို့ ငါ အာမ မခံဖူး၊ ငါ့ ဓားက မင်းမြင် တာထက် ပိုထက်တယ်။ ”
ဝူခွန်က ဂုဏ်ယူ ဝင့်ကြွား စွာဖြင့်၊ ကောင်းကင် အထက်မှ ဆိုသည်။ အသက် (၂၀) မတိုင်မီ၊ ဝိညာဉ်ရေး ဓားကို အပြည့် အ၀ ကျွမ်းကျင် နေခြင်းကြောင့်၊ မောက်မာ လိုက၊ မောက်မာ သင့်သော အရာ ဖြစ်သည်။
“ ဒါဆို ... မင်း ဘာလို့၊ ရှေ့ တစ်လှမ်း ထပ် မလှမ်း ရတာလဲ။ ”
လင်းယွန်မှ လက်ပိုက်လျက် ပြန်မေး လိုက်သည်။ ဝိညာဉ်ရေး ဓား မျှနှင့် သူရှေ့တွင် မောက်မာချင် သည်လော။ စိတ်မကောင်း စရာ ပေပင်။
“ ဒါဆိုလည်း တောင်းပန် ပါတယ်။ ”
ဝူခွန်က နောက် တစ်လှမ်း လှမ်းလိုက်၏။ သို့သော် ကြွက်သား မျှဉ်များ လှုပ်၍ မရတော့ သဖြင့်၊ လင်းယွန်ထံ ပြန်ကြည့် မိသည်။
အပျော် သဘော ဆောင်သော အပြုံးနှင့်၊ လင်းယွန်မှ သူ့အား ကြည့်နေ၏။ ထိုအကြည့် ကြောင့်၊ အသက်ရှူ ကြပ် သွားသည်။
ဝိညာဉ်ရေး ဓားအား၊ ကန့်သတ် ချက်ထိ တွန်းပို့ပြီး ဖြစ်သော်လည်း၊ အဘယ့်ကြောင့် ခြေ တစ်လှမ်း နောက်ထပ် မလှမ်းနိုင် ရသည်ကို၊ နားမလည် တော့ချေ။
လူအုပ် ကြီးက ရပ်တန့် နေသော ဝူခွန်ထံ တိတ်ဆိတ်စွာ ကြည့်မိ၏။၊ နောက်တစ်လှမ်း လှမ်းရုံဖြင့်၊ ဓားရောင်ဝါ အားလုံးကို ထုတ်လွှတ် နိုင်တော့မည် ဖြစ်သည်။ သို့သော် ဝူခွန်မှ မလှုပ်ဘဲ ရပ်နေ ပေ၏။
ယဲ့ဇီလင်မှ ဖြစ်ပျက် နေသည် များကို အံသြနေ မိ သော်လည်း၊ ဖုန်ကျန်း မှာမူ ဝူခွန် အပေါ်၊ အတော မသတ် ကျိန်ဆဲမိ လေသည်။
ကျောက်ရုပ် ကဲ့သို့ လေထု အလယ် ငြိမ်သက် နေသော၊ ဝူခွန် တစ်ယောက် တစ်ခုခု ဖြစ်နေ သည်ကို၊ လူအုပ်ကြီးမှ ရိပ်မိ၏။
“ ဘာလို့ ရပ်နေ တာလဲ ... လာပါ၊ ငါ့ဆီကို နောက် တစ်လှမ်း လှမ်းလာ ခဲ့ပါ။ ”
လင်းယွန်က ပြုံးလျက် မြေပြင်၌ ခြေ တစ်လှမ်း တိုးလိုက်ရာ၊ လေထု အလယ် ရပ်နေ သော ဝူခွန်၏ ဓားရောင်ဝါမှာ၊ မှိန်ကျ သွားသည်။
ထို့ကြောင့် ဝူခွန် ခမျာ၊ ရှေ့ တစ်လှမ်း မတိုး နိုင်သည့် အပြင်၊ နောက် တစ်လှမ်း အမြန်ဆုတ် လိုက်ရသည်။
“ ဝှစ် ... ။ ”
ဤသို့ဖြင့် လင်းယွန် တစ်လှမ်း တိုးလိုက်တိုင်း၊ ဝူခွန် တစ်ယောက် တစ်လှမ်း ဆုတ်ခွာ ပေးနေ၏။
ထိုမြင်ကွင်းက လူအုပ် ကြီးကို၊ ရှုပ်ထွေး သွားစေသည်။ လင်းယွန် တစ်ယောက် ခြေလှမ်း (၇) လှမ်း ပြည့်သွား ချိန်၌၊ ဖိအားကို မခံနိုင် တော့ဘဲ၊ သွေးအန်လျက် ဝူခွန် ခမျာ ဒူးထောက် လိုက်ရသည်။
“ မင်း ဘာလုပ် တာလဲ ... ၊ မင်း ပြောတော့ ငါက ဘာကောင်မှ မဟုတ် ဖူးဆို။ ”
လင်းယွန်က လက်ကို ဝှေ့ယမ်းကာ၊ အဆုံး မရှိသော ဓား ရောင်ဝါအား၊ ဝူခွန်ထံ ပစ်လွှတ် လိုက်၏။
“ အွတ် ... ။ ”
အဝေးသို့ လွင့်စဉ် သွားပြီး၊ မြေပြင်ပေါ် ပြုတ်ကျ သွားသော အခါတွင်၊ လင်းယွန်အား ပြန်မကြည့် ဝံ့တော့ပေ။
ထို့ကြောင့် လင်းယွန်က သူ့ထံမှ အကြည့်ကို လူအုပ်ထံ ရွေ့ကာ၊
“ ငါ့မှာ အရည် အချင်း မရှိ ဖူးလို့၊ ဘယ်သူ ပြောတာလဲ၊ သိချင်တဲ့ လူရှိရင်၊ ငါ့ကို လာ အနိုင် ယူပါ။ ”
-ဟု ရင့်ရင့် သီးသီး စိန်ခေါ် လိုက်တော့ သည်။
***