အရှက် မရှိ။
Vol. 79 Ch. 1098
လင်းယွန်မှ သူတို့ အပေါ်၊ ကစား နေကြောင်း၊ လျှပ်စီး တိမ်လွှာ ဂိုဏ်းသား များက၊ သိသည်။
လင်းယွန် အတွက်မူ၊ လွန်ခဲ့သော တစ်နှစ် အတွင်း၊ ဘဝနှင့် သေခြင်း ဆိုင်ရာ အခြေ အနေ များစွာကို ကြုံတွေ့ ခဲ့ရ၏။
လူများ စွာက သူ့အား နင်းချေ လိုသော်လည်း၊ ချန်ပီယံ အဖြစ် ရှင်သန် နိုင်ခဲ့သည်။
ဖြတ်သန်း ခဲ့ရသော အခက် အခဲနှင့်၊ နာကျင်မှုအား ဤလူများ နားလည် နိုင်မည် မဟုတ်ချေ။
တစ်ဖက်တွင် လင်းယွန်မှ သူ့ဖိအားကို ရုတ်သိမ်း လိုက်ပြီ ဖြစ်သော်လည်း၊ ဝူခွန်မှာ မတ်တပ်ထ မရပ် သေးချေ။
မြေပြင်ထံ ငုံ့ကြည့်ပြီး၊ ဒူးထောက် နေဆဲ ဖြစ်သည်။ သူ့ ဓား ရည်ရွယ်ချက် ရှုံးနိမ့် သွားရ သည်မှာ မယုံနိုင် စရာ ပေပင်။
“ ကောင်းကင် ဓား ရည်ရွယ်ချက်လား။ ”
ရုတ်တရတ် တွေးမိ သွားပြီး၊ ဝူခွန်မှ လင်းယွန်အား မော့ကြည့်သည်။ ပြိုင်ဘက်မှာ သူနှင့် သက်တူ ရွယ်တူ ဖြစ်၏။
ထို့ကြောင့် ကောင်းကင် ဓားကို နားလည် နေလိမ့် မည်ဟု မထင်ထား သည်မှာ၊ သူ့ အမှား မဟုတ်ချေ။
လျှပ်စီး တိမ်လွှာ ဂိုဏ်းကြီး တစ်ခုလုံး တွင်ပင်၊ ကောင်းကင် ဓားကို ဆုပ်ကိုင်ထား နိုင်သော အကြီး အကဲ အရေ အတွက်၊ လက် တစ်ဖက် စာသာ ရှိသည်။
အမာခံ တပည့် များတွင် ဆိုပါက၊ လူငယ် နှစ်ဦးသာ ကောင်းကင် ဓားကို နားလည် သည်။ သို့သော် ၎င်းတို့မှာ အင်ပါ ရီယန် နယ်ပယ် ရောက်မှသာ ထိုအမှုကို ပြီးချေ၏။
ဤသည်ပင် ကနဦး ကျွမ်းကျင်မှုကို မရ သေးချေ။ ထို့ကြောင့် အင်ပါ ရီယန် နယ်ပယ်သို့ မရောက် ရှိမီ၊ ကောင်းကင်ဓားကို နားလည်ရန် မည်မျှ ခက်ခဲ မည်ကို၊ သူ့ထက် မည်သူမျှ မသိ နိုင်ပေ။
“ အစ်ကို ဖုန် ... ၊ သူ့ကို အဖြူရောင် အဆင့် မှာတောင် မပါဝင် ဖူးလို့၊ မင်းပြော ဖူးတယ် မဟုတ် လား။ ”
ဖုန်ကျန်း အနားမှ အမာခံ တပည့် တစ်ယောက်က မယုံနိုင်စွာ မေးလာသည်။ ထို့ကြောင့် ဖုန်ကျန်း ခမျာ မျက်နှာ ပျက်ယွင်း သွား၏။
ထိုအချိန်က လင်းယွန်၏ မကောင်း သတင်းကို၊ ဖြန့်ရန် အမာခံ တပည့် များစွာ တက်ရောက် လာခဲ့ ကြသည်။
လူတိုင်း တိတ်ဆိတ် သွားသဖြင့်၊ လင်းယွန်က ပြုံးလိုက်ပြီး၊
“ ဘယ်သူမှ ဆန္ဒ မရှိ ကြတော့ ဖူးလား ... ၊ ဒါဆို အမာခံ တပည့် အဖြစ်၊ ဓား သူတော်စင် တောင်ကို တက်ရ တော့မှာပေါ့၊ ပျင်းစရာ ကောင်းလိုက်တာ၊ ငါက ... ”
“ ... အမှန် တရားကို လက်ခံ နိုင်တဲ့ ... ၊ လူငယ် တစ်ယောက်ပါ၊ ပြောပါ ဘယ်သူများ ငါ့ကို အရည် အချင်း မပြည့်မီ ဖူးလို့၊ သံသယ ဝင်ကြ သေးလဲ။ ”
ဤစကား များက လူအုပ် ကြီးအား မျက်နှာများ မည်းတက် သွားစေသည်။ ဝူခွန်ပင် ဒူးထောက် ပြီးနောက်၊ မည်သူမျှ မဝံ့ တော့ချေ။
“ ဟမ့် ... ။ ”
ယဲ့ဇီလင်၏ မျက်လုံးများ ဒေါသဖြင့် တောက်ပ လာသည်။ ဂိုဏ်းချုပ် ထံမှ ဟန့်တား မှုသာ မရှိထား ပါက၊ သူမ ကိုယ်တိုင် ရှေ့ထွက် မိမည်မှာ၊ သေချာသည်။
အင်ပါ ရီယန်အောက်၊ မည်သူမျှ ဤလင်းယွန်၏ ပြိုင်ဘက် ဟုတ်ပုံ မရချေ။ အင်ပါ ရီယန်များ အနေ ဖြင့်လည်း၊ အနိုင်ရ လျှင်ပင် အဓိပ္ပါယ် မရှိနိုင်။
ထို့သို့ လုပ်ပါက ဂိုဏ်းချုပ်ကြီး အနေ ဖြင့်လည်း၊ လက်ခံမည် မဟုတ်ကြောင်း သူတို့ နားလည် သည်။
“ ကျေးဇူး တင်ပါတယ်၊ အခုက စပြီး အားလုံးကို သိုင်း ညီအစ်ကို အဖြစ်၊ ခေါ်လို့ ရပြီ မဟုတ်လား။ ”
လင်းယွန်က လူတိုင်းကို လက်ဝှေ့ ယမ်းကာ၊ နှုတ်ဆက် လိုက်သည်။ အမာခံ တပည့် ဟူသော လက္ခဏာကို ဂရု မစိုက် သော်လည်း၊ ဓား သူတော်စင် တောင်ကို စိတ်ဝင် စား၏။
မည်သို့သော လျှို့ဝှက် ချက်များ ရှိနေ မည်ကို၊ သူ သိချင်သည်။
“ ဂိုဏ်းချုပ် ... ၊ ဒီတပည့်မှာ ပြောစရာ တစ်ခုရှိ ပါတယ်။ ”
အဆုံးတွင် ဖုန်ကျန်းက ထရပ် လာသည်။ ဂိုဏ်းချုပ်က သူ့အား တစ်ချက် ကြည့်ကာ၊
“ ပြော ... ၊ သူ ပြောသွားတာ မင်း ကြားတယ် မဟုတ်လား၊ အားလုံး သည်းခံ နေဖို့ မလိုဘူး။ ”
“ ဟုတ် ကဲ့ ... ။ ”
အစောပိုင်း အချိန်၌၊ သူ့စကား ကြောင့်၊ ဂိုဏ်းချုပ်မှ၊ စိတ်မသက် မသာ ဖြစ်နေ သည်ဟု ထင်မိသည်။
သို့သော် ကြည့်ရ သည်မှာ၊ လင်းယွန် လုပ်ရပ်က ဂိုဏ်းချုပ်အား ဒေါသထွက် စေခြင်း ဖြစ်ချေမည်။
အင်ပါ ရီယန် တစ်ပါးမှ၊ လင်းယွန်အား ကိုင်တွယ် တော့မည် ဖြစ်ရာ၊ လူတိုင်း ခေါင်းထောင် လာသည်။
ဖုန်ကျန်း တစ်ယောက် အရှက် ကင်းမဲ့စွာ၊ ရှေ့ထွက် လာသဖြင့်၊ ဝမ်ယုဝါ ခမျာ လင်းယွန် အပေါ်၊ စိုးရိမ် သွားသည်။
“ ဒါ ... ဘာလုပ် တာ လဲ။ ”
“ ကြည့် ပါ ... ။ ”
ယဲ့ဇီလင်မှ လင်းယွန် အပေါ် မကျေ မနပ် ဖြစ်နေ သောကြောင့်၊ မျက်မှောင် ကြုတ်လျက် ဝမ်ယုဝါအား ဆို လိုက်သည်။
“ သူ့ကို အမာခံ တပည့် အဖြစ်၊ လက်ခံတဲ့ အပေါ်၊ ကန့်ကွက်စရာ မရှိပါဘူး၊ ဒါပေမယ့် ဓား သူတော်စင် တောင်ရဲ့ ... ”
“ ... ခွဲတမ်းနဲ့ ပတ်သက် ရင်တော့၊ ပြောစရာ နည်းနည်း ရှိပါတယ်၊ သူ့မှာ ဒီလို အရည် အချင်း မရှိ ပါဘူး။ ”
ထိုစကား များကို တပည့် များစွာက၊ သဘော တူသည်။ လင်းယွန် အမာခံ တပည့် ဖြစ်ခြင်း - မဖြစ် ခြင်းမှာ၊ သူတို့ အတွက် အရေး မကြီးချေ။
“ မှန် တယ် ... ။ ”
ယဲ့ဇီလင်မှ ထောက်ခံ လိုက်သဖြင့်၊ ဝမ်ယုဝါမှာ စိတ်မသက် မသာ ဖြစ်သွားသည်။ အဆုံးတွင် လင်းယွန်က သူမကို ကူညီရန် ကတိ ပေးထား၏။
ထို့ပြင် ကောင်းကင် လမ်းမှ လာသူ ဖြစ်သဖြင့်၊ ဤသို့ လုပ်ရန် အရည်အချင်း ပြည့်မီ သည်ဟု သူ ထင်သည်။
“ ကောင်လေး ... ၊ ငါ့ ဂိုဏ်းရဲ့ အမာခံ တပည့် တစ်ယောက်က၊ မင်း ခွဲတမ်းကို ပြန်ယူ ချင်နေတယ်၊ ဘာလို့ ပါးစပ် ပိတ်နေ တာလဲ။ ”
ဂိုဏ်းချုပ်က မျက်ခုံး ပင့်ကာ၊ လင်းယွန်ကို လှမ်းမေး သည်။
“ အင်ပါယာ တစ်ပါးက၊ ဒီတပည့်နဲ့ ပြိုင်ရအောင် ဘယ်လောက် အရှက်မဲ့ လိုက်လဲ၊ ဒီတပည့်က ဂိုဏ်းချုပ်ရဲ့ ... ”
“ ... အမာခံ တပည့် တေွလောက်၊ အရှက် မမဲ့ တာတော့ အမှန်ပါ၊ ဒါကြောင့် ခွဲတမ်းကို စွန့် ပေးပါ့မယ်။ ”
လင်းယွန်မှာ မာနကြီး သော်လည်း၊ အင်ပါရီယန် များကို စိန်ခေါ်နိုင် လောက်အောင် မာန မကြီး နိုင်ချေ။
မဖြစ် မနေ ရင်ဆိုင် ရမည် ဆိုပါက၊ ရှုံးပွဲ မရှိအောင် ထိန်းထားရန်၊ ဝှက်ဖဲ များစွာ ထုတ်ပြ ရမည် ဖြစ်သည်။ နိုင်ပွဲ အတွက်မူ၊ အခွင့် အလမ်း နည်းပါး ချေ၏။
လင်းယွန်မှ လှောင်ပြောင် ပြောဆို လိုက်သော အသံက၊ လူတိုင်း မျက်နှာကို ပျက်ယွင်း သွားစေသည်။
အမာခံ တပည့် တစ်ဦး အနေဖြင့်၊ ကောင်းကင် ဝိညာဉ် နယ်ပယ်မှ၊ တစ်စုံ တစ်ဦး ကို ရင်ဆိုင်ရန်၊ မသင့် လျော်သည်မှာ အမှန် ပေပင်။
“ မင်းက ငါ့ကို ခွဲတမ်း ပြန်ပေး ချင်တဲ့ အတွက်၊ ငါ လက်ခံ လိုက်ပါမယ်။ ”
ဓားသူတော်စင် တောင်အား တက်ခွင့်ရ သ၍တော့၊ အရှက်မဲ့ သည်ဟု ဆိုကြ လျှင်ပင် ဖုန်ကျန်း အတွက် ကိစ္စ မရှိချေ။
ထို့အပြင် သူကိုယ်သူ လင်းယွန် ထက်၊ များစွာ အရည်အချင်း ပြည့်မီကြောင်း၊ ယုံကြည် ထားသည်။ တိုက်ပွဲ မဖြစ်သော် ကောင်လေပြီ။
“ အရမ်း အရှက်မဲ့ တာပဲ။ ”
ဝမ်ယုဝါက လက်သီးအား ကျစ်ကျစ် ပါအောင် ဆုပ်လျက်၊ မျက်နှာ တပြင်လုံး နီရဲ သွားသည်။
ဖုန်ကျန်း၏ အရှက် မရှိသော လုပ်ရပ်က အမာခံ တပည့် များပင် အချင်းချင်း ပြန်ကြည့်မိ ကုန်သည်။
“ ဖုန်ကျန်း ... မင်း တွေ့လား။ ”
ဂိုဏ်းချုပ်က ရုတ်တရက် လှမ်းမေးသည်။
“ တ ပည့် … ။ ”
ဖုန်ကျန်း တစ်ယောက် တုန်လှုပ် သွား၏။ ထိုမေးခွန်းမှာ မည်သည့် သဘော သက်ရောက် မှန်း သူ သိသည်။
“ ဂုဏ်သတင်းကို မင်းက စွန့်နိုင် ပေမယ့်၊ ငါမလုပ် နိုင်ဘူး၊ ဓားသူတော်စင် တောင်ကို မင်း တက်ချင်လား၊ သူ့ကို မောင်းထုတ် လိုက်ပါ။ ”
ဂိုဏ်းချုပ်က ပြတ်သားစွာ တောင်းဆို လိုက်သည်။ ထို့ကြောင့် ဖုန်ကျန်း တစ်ယောက်၊ မျက်လုံး မှေးစင်း သွားပြီး၊ လင်းယွန်ထံ ကြည့်မိ ၏။
“ လင်းယွန် ... ၊ ငါ မင်းကို အနိုင်ကျင့် တယ်လို့ ထင်နေ တာလား၊ ကောင်းပြီ ကျင့်ကြံ မှုကို၊ ကောင်းကင် ဝိညာဉ် နယ်ပယ်ထိ ဖိနှိမ်ပြီး၊ ဆယ်ကြိမ် အတွင်း၊ အနိုင်ယူ ပြမယ်။ ”
အစော ပိုင်းတွင် လှုပ်ရှားမှု သုံးကြိမ်ဟု ဆိုချင်သော် ငြားလည်း၊ ရုတ်တရက် ဝူခွန်အား အနိုင်ယူ ခဲ့ပုံကို သတိ ရကာ၊ ဆယ်ကြိမ်သို့ ပြောင်းလဲ လိုက်မိသည်။
“ ပြီးတော့ ... စင်ကြယ်သော ဝိညာဉ်တော်ကို ငါ မသုံးဘူး၊ ဘယ်လိုလဲ မင်း တိုက်ရဲလား။ ”
“ ဟား ဟား ဟား ... ၊ လျှပ်စီး တိမ်လွှာ ဂိုဏ်းရဲ့၊ တပည့် တွေက တကယ့်ကို သဘော ကောင်း တာပဲ၊ ... ”
“ ... ငါ ကတော့ သဘော မကောင်း နိုင်ဖူးဆိုတာ သတိ ပေးပါ ရစေ၊ သေချင် နေတဲ့ မင်းရဲ့ ဆန္ဒကို၊ ငါ ဖြည့်ဆည်း ပေးရ မှာပေါ့။ ”
လင်းယွန်က ပြုံးလျက် တုန့်ပြန် လိုက်သည်။
“ မင်းရဲ့ စကား တွေက လွန်နေပြီ ... ၊ ဒါပေမယ့် ခွင့်လွှတ်ပေး နိုင်ပါတယ်၊ ဘာလို့လဲ ဆိုတော့ ငါက အင်ပါရီယန် တစ်ပါး ဖြစ်လို့ပဲ။ ”
ဖုန်ကျန်းမှ ဂရု မစိုက် ဟန်ဖြင့် ဆိုသည်။ တစ်ဖက် လူကို အနိုင်ယူ ရိုက်နှက်ကာ၊ တောင် ပေါ်သို့ တက်ခွင့် ရခြင်းသည်၊ ပြီးပြည့် စုံသော အောင်ပွဲ ဖြစ်၏။
“ ဂျူနီယာ မောင်လေး ယွန် ... ၊ စီနီယာ အစ်ကို ဖုန်က အထွတ် အထိပ် ကြယ်နယ်ပယ် မှာ ဖြစ်တဲ့ အတွက်၊ သတိ ထားပါ။ ”
ဝမ်ယုဝါက သူ့ အသံကို လင်းယွန်ထံ ပေး ပို့ပြီး၊ ပြုံးပြ လိုက်သည်။ အင်ပါ ရီယန် နယ်ပယ် ကို၊ ကြယ်နယ်ပယ်၊ ကြယ်စင်စု နယ်ပယ်နှင့် နက္ခတ် နယ်ပယ် ဟူ၍ အဆင့် သုံးဆင့် ခွဲခြား ထား၏။
ဖုန်ကျန်းမှာ ကြယ် နယ်ပယ် အထွတ် အထိပ်တွင် ဖြစ်သည်။ ထို့ကြောင့် ကြယ်စင်စု နယ်ပယ်သို့၊ အချိန် မရွေး တက်ရောက် နိုင်၏။
ယင်းမှာ အမာခံ တပည့်များ ၌ပင် လေးစားဖွယ် ကောင်းသော အရည် အသွေး တစ်ရပ် ဖြစ်သည်။
တပည့် တိုင်းက စိန်ခေါ်မှုကို လက်ခံ လိုက်သော လင်းယွန်အား၊ စာနာ နားလည်စွာ ကြည့်လိုက် မိကြ တော့သည်။
***