← Chapters

ပြိုင်ဘက် ကင်းသော လူငယ်လေး။

Vol. 79 Ch. 1099

ပြိုင်ဘက် ကင်းသော လူငယ်လေး။

Vol. 79 Ch. 1099

ပယင်း နယ်မြေ၊ ခွန်လွန် နယ်မြေ၊ ကောင်းကင်လမ်း စသည့် မည်သို့သော အရပ်၌ ဖြစ်စေ၊ ခွန်အား ရှိသူသာ လေးစားခံ ရမည် ဖြစ်သည်။

ထို့ကြောင့် လင်းယွန်၏ ခွန်အားနှင့်၊ မာနတရားက လူအုပ် ကြီးကို အမြင် သစ်ဖြင့် ဆွဲဆောင် သွားနိုင်သည်။

သူ့ အပေါ် လူတိုင်း၊ မကျေ မနပ် ဖြစ်နေ ကြသော်လည်း၊ အင်ပါ ရီယန် တစ်ပါး၏ စိန်ခေါ် မှုကို၊ လက်ခံ ရဲသော သတ္တိမှာ၊ လေးစား ထိုက်ဖွယ် ပေပင်။

တစ်ဖက်တွင် ဖုန်ကျန်း လုပ်ရပ်မှာ၊ အရှက်မဲ့ရာ ရောက်နေ၏။ ဂိုဏ်းချုပ်မှ ပြောဆို လာခြင်း မရှိသော်၊ အမှန်ပင် ငြိမ်ယူ သွားနိုင် သည်။

“ ညီငယ် လင်း၊ ငါတို့ သဘောတူ ညီချက် လိုတယ်၊ ငါ့ကိုယ်ငါ ကောင်းကင် ဝိညာဉ် အထိ၊ ဖိနှိပ် ထားပြီး၊ မင်းကို ဆယ်ကြိမ် အတွင်း အနိုင် မယူ နိုင်ရင်၊ အရှုံးလို့ သတ်မှတ်ပါ၊ ...

... ပြီးတော့ ငါ့သာ အင်ပါရီယန် အဆင့် ခွန်အားကို ပြန်သုံး မိရင်လည်း ... ၊ ငါ အရှုံးလို့ သတ်မှတ် နိုင်တယ်၊ ဒါပေမယ့် မင်းရှုံး ရင်တော့ ရလဒ်ကို လက်ခံ ပေးရမယ်။ ”

“ လက်ခံတယ် ... ။ ”

လင်းယွန်က ခေါင်းညိတ် လိုက်သည်။ အင်ပါရီယန် မဟုတ် သ၍ မည်သည့် အချက် ကိုမျှ ထည့်သွင်း စဉ်းစား နေစရာ မလိုချေ။

“ တစ်ခု ကျန်သေးတယ် ... ၊ ဒီပွဲကို တရား မျှတ သွားအောင်၊ ငါ့ရဲ့ စင်ကြယ်သော ဝိညာဉ် တော်ကို၊ ငါ မသုံးဘူး။ ”

“ ရတယ် ... ၊ သုံးလည်း ကိစ္စ မရှိဘူး။ ”

ထိုစကားကြောင့် ဖုန်ကျန်း တစ်ယောက် ကောက်ကျစ်စွာ ပြုံးရယ် လိုက်၏။ ရှုံးပြီးနောက် လင်းယွန် တစ်ယောက်၊ ဤသို့ မောက်မာ နိုင်ဦး မလား သူ သိချင်၏။

“ ဂိုဏ်းချုပ် ခင်ဗျ၊ ကျေးဇူး ပြုပြီး တိုက်ပွဲကို ကြေညာ ပေးပါ။ ”

စည်းကမ်းချက် များကို သတ်မှတ်ပြီး ဖြစ်သဖြင့်၊ ဖုန်ကျန်းက ဂိုဏ်ချုပ်ထံ လှည့်ကာ၊ တောင်းဆို လိုက်သည်။

ဤတိုက်ပွဲက အတွင်း တပည့် များ၏ အမြင်ကို ပြောင်းလဲ စေကာ၊ ဖုန်ကျန်း အပေါ်၊ မကျေ မနပ် ဖြစ်လာ ကြသည်။

အမာခံ တပည့်များ သာလျှင်၊ ခံစားချက် မပြောင်းလဲ ခဲ့ချေ။ လင်းယွန်နှင့် စာသော် သူတို့ ဖုန်ကျန်း ကိုသာ၊ ဓားသူတော်စင် တောင်သို့ တက်စေ ချင်၏။

“ ဒါက နောက်ဆုံး တိုက်ပွဲပဲ။ ”

ဂိုဏ်းချုပ်က ခေါင်းညိတ် လိုက်သည်။ ဓားသူတော်စင် တောင်သို့ တက်ရန် ခွဲတမ်းကို အဆုံး အဖြတ် ပေးတော့မည် ဖြစ်သည်။

“ ဂျူနီယာ မောင်လေး ယွန်က၊ ဒါကို ကျော်ဖြတ်နိုင် ပါမလား။ ”

“ မဖြစ် နိုင်ဘူး။ ”

ဝမ်ယုဝါ ရေရွတ် သံကို ယဲ့ဇီလင်မှ ပြန် ဖြေသည်။ သူမ စိတ်နေ စိတ်ထားသည် ဂိုဏ်း ချုပ်နှင့် တူကာ၊ မာနကြီး ချေ၏။

ကောင်းကင် ဓားကို စွဲကိုင် ထားသော အမာခံ တပည့် နှစ်ဦး အနက် တစ်ဦး ဖြစ်သဖြင့်၊ ဤသို့ ပြုမူရန် အရည် အချင်း ပြည့်မီ သည်။

“ ဂျူနီယာ ညီလေး ...၊ ကြိုပြီး တောင်းပန် ပါတယ်။ ”

ဖုန်ကျန်းက သတ္တမမြောက် ကောင်းကင် ဝိညာဉ် နယ်ပယ်၊ အထွတ် အထိပ်သို့ ဖိနှိမ်ကာ ပြုံးလိုက်သည်။

ဝူခွန်နှင့် ယှဉ်သော် သူ့ရောင်ဝါမှာ ပို၍ ကြောက်စရာ ကောင်းနေ၏။ ယင်းက အင်ပါ ရီယန် တစ်ပါး၏ အုတ်မြစ် ပေပင်။

ထို့နောက် ရောင်ဝါ သမုဒ္ဒရာ အတွင်းမှ ကြယ်မိစ္ဆာ ပန်းများ ပွင့်လာ၏။ သက်ရောက်မှု အရ ကောင်းကကင် တခွင်၊ လျှပ်နွယ် လျှပ် ပန်းများ လက်လာ တော့သည်။

“ ဟား ဟား ဟား ... ၊ အဲဒီ အတွက် တောင်းပန် ပါတယ် ညီငယ်၊ ငါ့မှာ ကြယ်မိစ္ဆာ ပန်း ဆယ်ပွင့် ရှိတာ၊ ပြောဖို့ မေ့သွားတယ်၊ ...

... ဒါက မင်း အတွက် မတရားဖူး ဆိုတာ သိပေမယ့် လောက ကြီးမှာ၊ အမြဲတမ်း တရား မျှတမှု ဆိုတာ မရှိဘူး။ ”

ဖုန်ကျန်းက ကောက်ကျစ်သော အပြုံးနှင့်၊ လေထု အလယ် ရပ်တန့်လျက် လင်းယွန်အား ငုံ့ကြည့် လာသည်။

အနိုင် ယူချင် ရုံသာ မက၊ ခေါင်းမထောင် နိုင်အောင် နှိမ်နှင်း ပစ်လို၏။ လျှပ်စီး တိမ်လွှာ ဂိုဏ်း၌၊ သူ ရှိကြောင်း ပြခွင့် ရပေ တော့မည်။

လက်ကို ဝှေ့ယမ်းပြီး ဓား တစ်လက်ကို ထုတ်ယူ လိုက်သည်။ ယင်းက တာအို လက်ရာ တစ်ခု ဖြစ်ပြီး၊ သူ့ ဓားရောင်ဝါကို ပို၍ သိပ်သည်း လာစေသည်။

“ ပထမဓား- ကောင်းကင်ကို လှုပ်ခါသော လေ။ ”

ဓား၌ မီးလျှံများ တောက်လာပြီး၊ မီး မုန်တိုင်း အသွင် ဖြစ်တည် သွားကာ၊ တိမ်တိုက် များကို ဖြိုခွဲပစ် လိုက်သည်။

ယင်းမှာ အမာခံ တပည့် များသာ လေ့ကျင့်ရန် အရည် အချင်း ပြည့်မီသည့်၊ ‘အုပ်စိုးခြင်း လေဝဲဓား’ နည်းစနစ် တစ်ရပ် ဖြစ်သည်။

၎င်းကို ဖုန်ကျန်း တစ်ယောက် ပို၍ ကျွမ်းကျင် လာကြောင်း ထင်ရှား၏။ လျှပ်စီး တိမ်လွှာ ဂိုဏ်း၏ အခြေခံ အုတ်မြစ်မှာ၊ လေးစား စရာ ပေပင်။

ဤဓားရေးမှာ တကယ်ပင် အားကောင်း ချေပြီ။ သို့သော် ယင်းက တစ်ကဏ္ဍ ဖြစ်သည်။ မည်သူ မဆို ကောင်းကင် ဝိညာဉ် နယ်ပယ်သို့ ဆင်းကာ၊ သူ့အား တိုက်ခိုက် ပါက၊ ပြိုင်ဘက် မဟုတ်ချေ။

ယဲ့ဇီလင် တစ်ယောက် သည်သာ၊ သူ့ကို အနိုင် ယူရန် အခွင့် အရေး အနည်းငယ် ရှိသည်။ ဖုန်ကျန်း သည်ပင် မျှော်လင့်ချက် မရှိချေ။

“ ဝှစ် ... ။ ”

မီးမုန်တိုင်းက သူ့အား ဝါးမျို တော့မည့် အချိန်တွင်၊ လက်သီး တစ်ချက် ပေါ့ပေါ့ ပါးပါး ထိုးထုတ် လိုက်သည်။

အုပ်စိုးခြင်း လေဝဲ ဓားမှာ၊ ချက်ချင်း ပြိုကျသွား တော့၏။ ယင်းက အကြီး အကဲများ ကိုပင်၊ စိတ်ဝင်စား လာစေသည်။

“ ဓားရဲ့ ကျေးဇူးတော် ... ။ ”

အကြီးအကဲ အချို့က ကျေနပ်စွာ ချီးကျူး လိုက်သည်။ ဓား၏ ကျေးဇူးတော် ဟူသည်၊ ဓား တာအိုတွင် နှစ်မြုပ် ပြီးနောက်၊ ရရှိ လာသည့် နားလည်မှု ဖြစ်၏။

ဖုန်ကျန်း၏ တိုက်ခိုက် မှုရှိ၊ အားနည်း ချက်ကို ရှာဖွေရန်၊ ဓား၏ ကျေးဇူးတော် အား၊ အသုံး ပြုခဲ့သည်။

ယင်းမှာ စွမ်းရည် တစ်ရပ် ဖြစ်၏။ ဓား တစ်လက်၏ ဆန္ဒကို နားလည် နိုင်ရ မည်သာ မက၊ အလွန် ထက်ရှသော မျက်လုံးများ ရှိရန်၊ လိုအပ် သည်။

အနည်း ငယ်သော မတော် တဆမှု ဖြင့်ပင်၊ သေဆုံး နိုင်သည်။ ဤသို့ ရဲဝံ့သော လူငယ် မျိုးမှာ ရှား ချေ၏။

“ အထင်ကြီး စရာလည်း မရှိ ပါလား။ ”

လင်းယွန်မှ မျက်ခုံး ပင့်ကာ၊ ဖုန်ကျန်းအား ပြုံးပြ လိုက်သည်။

“ မင်း ... ဘယ်လောက် ကြာကြာ ... ၊ ဒီလို မောက်မာ နိုင်မလဲ ငါ ကြည့်မယ်၊ ... အုပ်စိုးခြင်း လျှပ်စီး ။ ”

ဖုန်ကျန်းက ဓားကို ထပ်ပြီး၊ ခုတ်ပိုင်းချ လိုက်သည်။ သားရဲ တစ်ကောင် အော်ငေါက် လိုက် သကဲ့သို့၊ လေခွင်း သံများ၊ ထွက်ပေါ် လာ၏။

ဓား သွားရာ လမ်း တစ်လျှောက်၌၊ လျှပ်စီးများ လက်လက်ထ လာပြီး၊ လူတိုင်း၏ စိတ်ဝိညာဉ် များကို တုန်လှုပ် စေသည်။

သို့သော် လင်းယွန်က ပြုံး လိုက်ပြီး၊ ရွှေကျီးကန်း အသွင် ပြောင်းခြင်း (၉) မျိုးကို ထုတ်ဖော်လျက်၊ ရှောင်တိမ်းရာ လမ်းကြောင်း ပေါ်၌၊ ပုံရိပ် ယောင်များ ချန်ရစ် ခဲ့သည်။

“ ရွှပ် ... ။ ”

ပြီးနောက် လက်ကို ဆန့်ထုတ်လျက်၊ ဓား အလင်းဖြင့် တောက်ထုတ် လိုက်ရာ၊ ဖြစ်စဉ်များ ချက်ချင်း ပြိုကျ သွားသည်။

“ လှိုင်း စီးသော လေ။ ”

သူ့ဓား ပြိုကျ သွား ပြန်သဖြင့်၊ ဖုန်ကျန်း မျက်နှာမှာ ပို၍ မည်းတက် လာသည်။ သူ့ဓား တစ်ဝိုက် မုန်တိုင်း တစ်စင်းအား၊ ချက်ချင်း ဆင့်ခေါ် လိုက်၏။

ထိုမုန်တိုင်း နှင့် အတူ၊ တစ်ကိုယ်လုံး ပေျာက်ကွယ် သွားကာ၊ ဓား ဖျားအား ပြိုင်ဘက် နဖူးထံ၊ ဦးတည်လျက် ပျံသန်း မိ၏။

“ အိုး ... ။ ”

ဝမ်ယုဝါက ပါးစပ်ကို လက်ဖဝါး အုပ်လိုက်ပြီး၊ မျက်နှာ ဖြူဖျော့ သွားသည်။ ဖုန်ကျန်းမှာ လွန်ချေ၏။ လင်းယွန် အသက်ကို ယူလိုပုံ ရသည်။

အဆိုပါ မြင်ကွင်းက ယဲ့ဇီလင်ကို မျက်မှောင်ကြုတ် သွားစေသည်။ တပည့်များ အချင်းချင်း အသတ်အား ယူရန် မလိုချေ။

အခြားသော အမာခံ တပည့် များမှာ၊ မျက်တောင် မခတ် ကြတော့ဘဲ၊ တိုက်ပွဲထံ စိုက်ကြည့် နေသည်။

လင်းယွန်၏ မောက်မာ မှုမှာ၊ ဖုန်ကျန်း ဓားဖြင့် သေရန် ထိုက်တန် သည်ဟု မြင်၏။ သို့သော် ဆန့်ကျင်ဘက် အနေဖြင့်၊ လင်းယွန်က ပြုံးလိုက်သည်။

“ အရမ်း ကောင်းတယ် ... ။ ”

ထို့နောက် ထက်ရှသော ဓားဆန္ဒ တစ်ခု ပေါက်ကွဲကာ၊ ကောင်ကင်ပေါ် ပျံတက် လာ တော့၏။

ထိုဓား ဆန္ဒ ထွက်ပေါ် လာသည်နှင့်၊ ဖုန်ကျန်း ဓားမှာ ရုတ်တရက် နှေးကွေးသွား လေသည်။

“ ရွှပ် ... ။ ”

သူ ကြည့်နေစဉ် မှာပင်၊ လင်းယွန်က လက်ညှိုးဖြင့်၊ ဓား အလင်းအား တောက်ထုတ် လိုက်၏။

“ ထန် ... ။ ”

တာအို လက်ရာ ဓားမှာ ကွေးသွားပြီး၊ ဆုပ်ကိုင် ထားသော လက်ဖဝါးအား ဒဏ်ရာ ရသွား စေသည်။

ယင်းက ဖုန်ကျန်းကို တုန်လှုပ် စေ၏။ အမာခံ တပည့် များနှင့် အကြီးအကဲ များပင် အော်ဟစ်စ ပြု လာသည်။

နှစ်ကြိမ် တိုင်တိုင်၊ အားနည်း ချက်ကို ရွေးကာ တုန့်ပြန် ခံရ သဖြင့်၊ ကျော်ဖြတ် မရ သော ဓားလှိုင်း တစ်ခုအား၊ ဖုန်ကျန်းမှ ထပ်၍ ဖန်တီး မိသည်။

သို့သော် လင်းယွန် ဓားက၊ ထို့ထက် ပို၍ ထက်ရှနေ ပေ၏။ လှိုင်း ဟူသည် တစ်ခုထက် တစ်ခု၊ ပို၍ မြင်မား မည်မှာ သဘာဝ ပေပင်။

လင်းယွန်က ထိုလှိုင်း များ၏ သဘော သဘာဝကို နားလည် ပုံရသည်။ ဖုန်ကျန်းထက် ပို၍ ကြီးမားသော ဓားလှိုင်း ကြီးကို ဖန်တီးလျက် ရင်ဆိုင်သည်။

ထို့ကြောင့် အမာခံ တပည့်များ သည်ပင်၊ လင်းယွန် အပေါ်၊ သဘောကျ လာတော့သည်။ ပြင်ပနှင့် အတွင်း တပည့် များမှာ၊ ယင်းကို နားမလည် နိုင်သေး သဖြင့်၊ ထူးထွေ ခံစား မိခြင်း မရှိချေ။

ထိုအချိန်တွင် ဖုန်ကျန်း တစ်ယောက် အသက် ရှူသံ မြန်လာပြီး၊ ဒေါသကြောင့် မျက်နှာ တစ်ပြင်လုံး နီမြန်း သွားသည်။

တိုက်ခိုက်မှု များက ပို၍ ပြင်းထန်ကာ၊ လေလှိုင်း များ၏ သဘာဝကို တရစပ် အသုံးချ လိုက်မိသည်။

သို့သော် ပြိုင်ဘက်မှ ပေါ့ပေါ့ ပါးပါးပင်၊ တုန်ပြန်၏။ သူ့ဓား မည်မျှပင် ရက်စက် စေကာ မူ၊ အသာ အယာ ဟန့်တား ခံရသည်။

ဓား အလင်းဖြင့် တစ်ချက် အပစ် ခံရတိုင်း၊ လက်ဖဝါးကို ဒဏ်ရာ ရစေ သောကြောင့်၊ သွေး များ စီးကျ လာ၏။

ရှုံ့တွ နေသော ဖုန်ကျန်း အသွင်က၊ သနားစရာ ကောင်းနေ ပေပြီ။ လူရှေ့ သူရှေ့ တွင် ရက်ရက် စက်စက် အရှက်ခွဲ ခံနေ ရခြင်း မည်၏။

ဆယ်ကြိမ် ပြည့်ပြီးနောက်၊ လင်းယွန်က မြေပြင် ပေါ်သို့ ပြန်လည် ဆင်းသက် သွားသည်။

“ စီနီယာ အစ်ကို ဖုန်၊ ဆယ်ကြိမ် ပြည့်ပြီ။ ”

“ အဲ့တော့ ဘာလုပ် ရမှာလဲ ... ။ ”

ဖုန်ကျန်း မျက်နှာမှာ၊ ပြောင်းလဲ သွား သော်လည်း၊ ရှုံးနိမ့်မှုကို ဝန် မခံချေ။

“ ဘာမှ မဟုတ် ပါဘူး ... ၊ ငါ မင်းကို လက်ဆောင် ပြန်ပေးစရာ တစ်ခု ရှိတယ်၊ လိုချင် လား။ ”

လင်းယွန်က ပြုံးကာ၊ ရောင်ဝါ သမုဒ္ဒရာကို ဖွင့်လိုက်သည်။ မှော်ဆန်သော ကြယ်မိစ္ဆာ ပန်း ပွင့်များ ထွက်ပေါ် လာ၏။

တစ်ချိန် တည်း မှာပင် ခရမ်းရောင် နန်းတော်ရှိ ခရမ်းရောင် ပန်းမှာ၊ လက်လက်ထ လာပြီး၊ ဓား ရည်ရွယ် ချက်များ ထုတ်လွှတ် လာ၏။

ကြယ်မိစ္ဆာ ပန်း ပင်လယ် ကြီးကို နောက်ခံ ပြုလျက်၊ ဧရာမ ခရမ်းရောင် ပန်းကြီး တစ်ပွင့်၊ လေထု အလယ်၊ ရုတ်ချည်း ဖြစ်တည် လာလေသည်။

သုံးလွှာ ကြယ်မိစ္ဆာ ပန်း (၂၄) ပွင့်အား၊ မြင်ချိန်၌၊ လင်းယွန် စွမ်းရည် အပေါ်၊ မေးခွန်း ထုတ်မည့် လူ၊ မရှိ တော့ချေ။

***

All Chapters