← Chapters

ခြေလှမ်း (၇) လှမ်း- (၁)။

Vol. 79 Ch. 1100

ခြေလှမ်း (၇) လှမ်း- (၁)။

Vol. 79 Ch. 1100

လင်းယွန် ထံမှ ကြယ်မိစ္ဆာ ပန်း များကို မြင်ချိန်၌ ယဲ့ဇီလင် အပါ အဝင် အမာခံ တပည့် တိုင်း၊ စိတ်လှုပ်ရှား ကုန်သည်။

ဤလူငယ်မှာ လူသားပင် ဟုတ်မှန် သေးသည် လောဟု၊ သံသယ ဝင်လာ မိ၏။ ဆဋ္ဌမ ကောင်းကင် ဝိညာဉ်ဖြင့်၊ ကြယ်မိစ္ဆာ ပန်း (၂၄) ပွင့် ဟူသည်၊ ဘီလူး များသာ ရှိသည်။

ယင်းက ဖုန်ကျန်းထက် နှစ်ဆသာ သည်ဟု အဓိပ္ပါယ် ရချေ၏။ ယခု အချိန်၌ ဖုန်ကျန်းမှာ လူပြက် တစ်ယောက် ဖြစ်သွား လေပြီ။

ထို့ပြင် လင်းယွန်၏ ဓား အလင်းတွင်၊ ဓားရည်ရွယ်ချက် များစွာကို၊ အထူး သိပ်သည်း ထားကြောင်း မြင်သာသည်။

အင်ပါ ရီယန် နယ်ပယ်သို့ ရောက်သော်၊ မည်မျှ ကြောက်စရာ ကောင်းလာ နိုင်မည်ကို၊ တွေးမရ ချေ။

ယဲ့ဇီလင် စိတ်ထဲတွင် ဤအတွေးများ ပေါ်လာ သည်နှင့် အမျှ၊ ထိတ်လန့် မှုများ ခံစား လာရသည်။

ကြယ်မိစ္ဆာ ပန်း များဖြင့်၊ အားဖြည့် ထားသော ဤတိုက်ခိုက်မှုကို ရင်ဆိုင် ရသော်၊ သူမပင် ခက်ခဲ သွားနိုင်၏။

ဖုန်ကျန်း အတွက်မူ ကောင်းကင် ဝိညာဉ် နယ်ပယ်ဖြင့် ထိုဓားအလင်းကို ဖြေရှင်း နိုင်မည် မဟုတ်ကြောင်း သူ သိသည်။

တုံ့ဆိုင်း မနေ တော့ဘဲ၊ ပြန်ဆုတ်ရန် ကြိုးစား လိုက်သည်။ သို့သော် လက်ရှိ နေရာ၌ ကန့်သတ်ခံ ထားရသည်။ သည်တိုက်ခိုက် မှုမှ ရှောင်တိမ်း နိုင်မည့်၊ နည်းလမ်း မရှိတော့ချေ။

ထိုအချိန်တွင် လက်ချောင်း များ၌၊ ဓားအလင်းများ ကန့်သတ်ချက် ပြည့်သွား သောကြောင့်၊ လင်းယွန်က လက်ညှိုးကို တောက်ထုတ် လိုက်သည်။

“ ရွှပ် ... ။ ”

ပတ်ဝန်းကျင်ရှိ အလင်းများ အားလုံး၊ ဝါးမျိုးခံ လိုက်ရပြီး၊ ဓားအလင်း သည်သာ တစ်ခု တည်းသော အလင်း အဖြစ်၊ တောက်ပ နေ၏။

သည့်နောက် အလင်းရောင် ပြန်ရလာ ချိန်တွင်၊ စင်မြင့် ပေါ်၌ ဒူးထောက် လျက်ဖြင့်၊ တုန်ယင် နေသော ဖုန်ကျန်းကို မြင်လိုက် ရသည်။

အဝတ် အစားများ စုတ်ပြဲ ကုန်ပြီး၊ ဆံပင်ရှည် များက ပြန့်ကျဲ သွားကာ၊ ဒဏ်ရာ များနှင့် ဖုံးလွှမ်း နေပေ၏။

အမာခံ တပည့် တစ်ဦး၏၊ ဤသို့သော ရုပ်ပျက် ဆင်းပျက် အခြေ အနေမှာ စိတ်မသက် စရာ ပေပင်။

ကောင်းကင် ဝိညာဉ် နယ်ပယ်နှင့်၊ သူ့ တိုက်ခိုက် မှုကို ခံယူ နိုင်ခဲ့သော ဖုန်ကျန်းကို ကြည့်ပြီး၊ လင်းယွန်မှ သဘောကျ သွားသည်။

“ ကြယ်မိစ္ဆာ ပန်း နှစ်ဆယ့်လေး ပွင့် ... ၊ ဟမ့် ... ဒါက အထင်ကြီး လောက်စရာလည်း မရှိ ပါလား။ ”

ဖုန်ကျန်းက အထင် အမြင် သေးစွာဖြင့် နှာခေါင်းရှုံ လိုက်သည်။ သို့သော် သူ့ စကားကို လင်းယွန်မှ ပြုံးလျက် တုန့်ပြန် လာ၏။

“ ဒါဆို ... ၊ ဘာလို့ ဒူးထောက် နေတာလဲ။ ”

ထိုကြောင့် ဖုန်ကျန်းမှာ သတိရ သွားပြီး၊ ထရပ်ရန် ကြိုးစား လိုက်သော်လည်း၊ ဒူဆစ်ရိုး မှ နေ၍ သွေးများ ဒလဟော စီးကျ လာသည်။

ဓား သူတော်စင် တောင်ပေါ် တက်ရန်၊ အခွင့်အရေးအား ဆုံးရှုံး သွားပြီ၊ ဖြစ်ကြောင်း နားလည် လိုက်၏။

“ မင်း ... ရှုံးသွားပြီ။ ”

လင်းယွန် အသံက ပြတ်သားစွာ ထွက်ပေါ် လာသည်။ သို့သော် ဖုန်ကျန်းမှ ဝန်ခံလိုပုံ မရဘဲ၊ ခန္ဓာကိုယ်မှ အော်သံ ပြုလျက်၊ နတ်ဆိုး လင်းတ တစ်ကောင်အား ထုတ်ဖော် လိုက်သည်။

“ စင်ကြယ်သော ဝိညာဉ်တော်။ ”

ချက်ချင်း ရုန်းရင်း ဆန်ခတ် ဖြစ်ကုန်၏။ ဤအဆင့် ပညာရပ်ကို အင်ပါ ရီယန် များသာ ကျင့်ကြံ နိုင်သည်။

ကောင်းကင် ဝိညာဉ် နယ်ပယ် အတွက် နည်းလမ်း မရှိချေ။ ယင်းက လင်းယွန် အတွက်၊ မျှော်လင့်ချက် မဲ့စေ မည်မှာ၊ သေချာ၏။

“ စီနီယာ အစ်ကို ဖုန်း၊ နင် သဘော တူညီ ချက်ကို ချိုးဖောက် မို့လား။ ”

ဝမ်ယုအာက လှမ်းအော်သည်။

“ ဟား ဟား ဟား ... ၊ ငါ သဘော တူညီ ချက်ကို မချိုးဖောက် ပါဘူး၊ သူက အရေး မကြီး ဖူးလို့၊ ပြန်ပြော ခဲ့တာ မင်း မကြား ဖူးလား။ ”

“ နင် ... ။ ”

ဖုန်ကျန်း၏ တုန့်ပြန် စကားကြောင့်၊ ဝမ်ယုဝါ ခမျာ၊ ချက်ချင်း ပါးစပ် ပိတ်သွား ရ သည်။ ဤသည်မှာ အမှန် ဖြစ်၏။

မည်သို့ပင် ဆိုစေ ကာမူ၊ ဖုန်ကျန်းမှာ ခွဲ့တမ်းအား မရ ရသည့် နည်းဖြင့်၊ ယူရန် စိတ် ပိုင်းဖြတ် ထားပုံ ရသည်။

“ လင်းယွန် ... ၊ ရှုံးနိမ့်ကြောင်း ဝန်ခံဖို့ မင်းမှာ အချိန်ရှိ ပါသေးတယ်၊ မဟုတ်ရင် ငါ့ရဲ့ ဝိညာဉ်တော် လက်မှာ၊ မင်း ဘာဖြစ် မလဲ ငါ မပြော နိုင်ဘူး။ ”

နတ်ဆိုး လင်းတ ထံမှ၊ ဖိအားများ ထုတ်လွှတ် လာပြီး၊ ကွဲအက် နေသော ဓား ရောင်ဝါအား၊ ပြန်၍ စုစည်း စေလိုက်သည်။

“ ဂျူနီယာ မောင်လေး ယွန် ... ၊ သူ့ စကားနား မထောင်နဲ့၊ သူက အရှက် ကင်းမဲ့ လွန်းတယ်။ ”

ဝမ်ယုဝါက စိုးရိမ် တကြီး အော်ဟစ် လိုက်သည်။ လင်းယွန်က ခေါင်းညိတ်လျက် သူမအား မျက်စိ တစ်ဖက် မှိတ်ပြ လိုက်ပြီး၊ ဖုန်ကျန်းထံ ပြန်လှည့် လိုက်၏။

“ ဟုတ်တယ် ... ၊ မင်းကို သုံးနိုင် တယ်လို့၊ ငါပြော ခဲ့တယ်၊ ဒါပေမယ့် ဆယ်ကြိမ် အတွင်း ငါ့ကို အနိုင် မယူ နိုင်ရင်၊ အရှုံးလို့ မင်းပြော ခဲ့တာ ကိုရော၊ ဝန်ခံ မှာလား။ ”

“ ဘာဖြစ်လဲ ... ၊ မင်းပဲ စင်ကြယ်သော ဝိညာဉ်တော်ကို သုံးနိုင် တယ်လို့၊ ပြောခဲ့တယ် မဟုတ်လား၊ အဲ့ဒီ ဆယ်ကြိမ် အတွင်း၊ ငါ မသုံး ရသေး ဖူးလေ။ ”

ဖုန်ကျန်းမှာ အဆုံးထိ သွားရန်၊ စိတ် ပိုင်းဖြတ် ထားပြီး ဖြစ်သည်။ ထို့ကြောင့် သူနှင့် ရင်းနှီးသော အမာခံ တပည့် အချို့မှ၊

“ အစ်ကို ဖုန် ပြောတာ မှန်တယ်။ ”

“ မင်း အရှုံးကို ဝန်ခံပါ ... ၊ စင်ကြယ်သော ဝိညာဉ် တော်က မင်း နားလည် နိုင်တဲ့ အရာ မဟုတ်ဘူး။ ”

-ဟု လှမ်းပြော လာတော့သည်။

၎င်းတို့မှာ ဖုန်ကျန်းနှင့် တစ်ဖွဲ့တည်း ဖြစ်သောကြောင့်၊ လင်းယွန်ကို ဆန့်ကျင်ရန် စိတ်ပါ လက်ပါ ရှိနေ ပေ၏။

“ လင်းယွန် ... မင်း ဘာပြောချင် သေးလဲ။ ”

ဖုန်ကျန်းမှာ ပြုံးလျက် မေးဆက် ပြလိုက်သည်။

“ ငါက ဘာပြော ရမှာလဲ၊ မင်းတို့လို အင်ပါရီယန် တွေက အရှက် ကင်းမဲ့ လာမှတော့ ... ၊ ငါ ပြောနိုင်တာ ဘာမှ မရှိ ပါဘူး။ ”

“ ကောင်းပြီ ... အင်ပါ ရီယန် တွေကို၊ ဘယ်သူမှ အရှက် မခွဲ နိုင်ဖူး ဆိုတာ၊ ငါ ပြမယ်။ ”

စကားဆုံး သည်နှင့်၊ ဖုန်ကျန်းက ထရပ် လိုက်သည်။ ဝိညာဉ်တော် စွမ်းအား ကြောင့်၊ ဒူး ဒဏ်ရာမှာ၊ ချက်ချင်း သက်သာ သွားသည်။

ကြောက်မက်ဖွယ် ကောင်းသော အနက်ရောင် မြူများက ကောင်းကင် အပြည့် ဖုံးလွှမ်း လာ၏။

၎င်းမှာ နတ်ဆိုး လင်းတ ထံမှ ဖြစ်ပြီး၊ ကောင်းကင် ဝိညာဉ် နယ်ပယ် ကျွမ်းကျင်သူ တစ်ဦးမှ၊ ခံနိုင်ရည် ရှိမည် မဟုတ်ချေ။

“ နောက် ဆုတ် ... ။ ”

အတွင်း တပည့် များစွာက၊ စင်ကြယ်သော ဝိညာဉ် တော်၏ ဖိအားဖြင့်၊ လွှမ်းမိုး ခံရ မည်ကို ကြောက်ရွံ့ သွား ကုန်သည်။

“ အင်ပါ ရီယန် တွေကို အရှက် ခွဲလို့၊ မရဖူး ဆိုတာ သေချာလား။ ”

လင်းယွန် ခန္ဓာကိုယ်မှ ရွှေကျီးကန်း တစ်ကောင် လွင့်ထွက် သွားပြီး၊ တိမ်ညို များကို ချက်ချင်း ဖြိုခွဲပစ် လိုက်သည်။

“ နေလ လက်သီး— ကောင်းကင်နှင့် မြေကြီး ပေါင်းစပ်။ ”

နောက်ထပ် ငွေဖီးနစ် တစ်ကောင် ကောင်းကင်ပေါ် ပျံတက် လာကာ၊ နတ်ဆိုး လင်းတအား တိုက်ခိုက် တော့၏။

“ ကျီး ... ။ ”

ငှက်နှစ်ကောင် စွမ်းအားကြောင့်၊ နတ်ဆိုး လင်းတ ချက်ခြင်း ပြိုကွဲ သွားပြီး၊ ဖုန်ကျန်းအား သွေးအန် သွားစေ၏။

“ ဝှစ် ... ။ ”

ထိုနေရာ အထိ သက်ရောက် လာသော ဖိအားကြောင့်၊ အင်ပါ ရီယန် ကျင့်ကြံမှု အဆင့် ကို ထုတ်ဖော်ကာ၊ အနည်းငယ် ဆုတ်ခွာပေး လိုက်ရသည်။

ဤအခိုက်တွင် လင်းယွန်မှာ လက် နှစ်ဖက်အား နောက်ပစ် လျက်၊ လေထု အလယ် ရပ်နေ ခဲ့၏။ သူ့ ဘေး တစ်ဖက် တစ်ချက် စီ၌၊ ဝိညာဉ်တော် နှစ်ပါးက၊ လှည့်ပတ် ပျံဝဲ နေသည်။

“ စီနီယာ အစ်ကို ဖုန်၊ အင်ပါ ရီယန် တစ်ပါးကို၊ အရှက် မခွဲနိုင် ဖူးလို့၊ မင်းပဲ ပြောခဲ့ တာ မဟုတ်လား။ ”

လင်းယွန်က မြေပြင်ရှိ ဖုန်ကျန်းအား ငုံကြည့်ကာ၊ ပြန်မေး လိုက်သည်။ အင်ပါရီယန် အဆင့် ကျင့်ကြံ မှုအား ထုတ်လျက်၊ ဟန်ချက် ထိန်းညှိ လိုက်ရ သဖြင့်၊ ငြင်းဆန်၍ မရ တော့ချေ။

အမာခံ တပည့် များက အချင်းချင်း တုန်လှုပ်စွာ ပြန်ကြည့် မိသည်။ ဤလင်းယွန်မှာ မည်သို့သော ဘီလူးမျိုး ဖြစ်မည်ကို သိချင် လာ၏။

ကောင်းကင် ဝိညာဉ် နယ်မြေနှင့် ဝိညာဉ်တော် နှစ်ပါးကို မွေးမြူ နိုင်သည်မှာ၊ မယုံ နိုင်စရာ ပေပင်။

***

All Chapters