ခြေလှမ်း (၇) လှမ်း- (၂)။
Vol. 79 Ch. 1101
“ ရှုံးနိမ့် တာကို၊ ငါ ဝန်ခံ ပါတယ်။ ”
ဖုန်ကျန်းက အဆင် မပြေသော အသွင်နှင့် ဝန်ခံ လိုက်သည်။ သို့သော် သူ့ စကားကို အဆုံး မသတ် သေးဘဲ၊
“ ဓားသူတော်စင် တောင်ကို တက်ဖို့ ခွဲတမ်းကို၊ ငါ စွန့်လွှတ် လိုက်မယ်၊ ဒါပေမယ့် ဖြေရှင်းချက် အချို့တော့ ... ၊ မင်း ပေးစရာ လိုမယ် ထင်တယ်၊ ငါ့ရဲ့ ...
... လှုပ်ရှားမှု ဆယ်ခုကို မင်း ဘယ်လို ခုခံနိုင် ခဲ့တာလဲ၊ မင်းရဲ့ ခွန်အားကို ခဏတာ မြှင့်တင်ဖို့၊ ရတနာ တစ်ခုခုကို သုံးခဲ့ သလား။ ”
ထိုစကားက လူအုပ် ကြီးကို သို့လော သို့လော ဖြစ်လာ စေသည်။ နောက်ဆုံးတွင် အုပ်စိုးခြင်း လေဝဲဓား ဟူသည်မှာ၊ ဧကရာဇ် ကံကြမ္မာ ကိုယ်ခံ ပညာ တစ်ရပ် ဖြစ်၏။
ကောင်းကင် လမ်းတွင်၊ မရေ မတွက် နိုင်သော ရတနာများ ရှိသဖြင့်၊ ဖုန်ကျန်း စကား များမှာ၊ ဖြစ်နိုင် ချေရှိ ပေမည်။
စင်ကြယ်သော ဝိညာဉ်တော် များကို ရုတ်သိမ်းလျက် လင်းယွန်က ပြုံးပြ လိုက်ကာ၊ မြေပြင်ပေါ် ဆင်းသက် လာခဲ့သည်။
“ ဒီလို အမှိုက် ဓားရေး အတွက်နဲ့၊ ငါက ဘာလို့ လှည့်စား နေရ ဦးမှာလဲ။ ”
“ မင်း ... ဘာပြောတယ်။ ”
“ မဟုတ် လို့လား ... ၊ ငါပြောတာ မှားလို့လား၊ မင်းရဲ့ ဓားရေးက အမှိုက် ဆိုတာ ... ၊ မယုံ ဖူးလား။ ”
ဖုန်ကျန်းအား စကားပြော နေရာမှ၊ လင်းယွန်ကအမာခံ တပည့် များထံ၊ တစ်ချက် ကြည့်ပြီး၊
“ ဓားသူတော်စင် တောင်တက်ဖို့ ... ၊ ခွဲတမ်းကို ငါ ယူလိုက်ပြီ၊ မင်းတို့တွေ မကျေနပ် ဖူးလား၊ ဘာပဲ ဖြစ်ဖြစ် ခွဲတမ်းက ငါ့ ဥစ္စာ ...
... ဒါကိုမှ ငါ့ အပေါ် သံသယ ရှိသေးတယ် ဆိုရင်၊ တကယ့် ပါရမီရှင် ဆိုတာ ဘာလဲ ...၊ မင်း တို့ကို ငါ ပြမယ်။ ”
တစ်ဖက် လူ၏ လေသံနှင့် မောက်မာမှု များကြောင့် လူတိုင်း ဒေါသထွက် လာသည်။ သို့သော် မည်သူမျှ စကား မဆို နိုင်ချေ။
ဤလင်းယွန်မှာ ကောင်းကင် လမ်း၌ ကံကောင်း ခဲ့ခြင်း ဖြစ်မည်ဟု ယူဆ မိသည်။ သူတို့ သည်လည်း ကောင်းကင် လမ်းသို့ ဆင်းသက်ခွင့် ရပါက၊ လင်းယွန် ထက်ပင် သာလွန် နိုင်မည် ဖြစ်၏။
ခွန်လွန် ဘုံတွင် ပါရမီရှင်များ ကင်းမဲ့ခြင်း မရှိခေျ။ ထို့ကြောင့် ၎င်းပါရမီရှင် များထက် ပို၍ ထူးချွန်သူ၊ အနည်းငယ်သာ ရှိသည်။
ဤလင်းယွန်သည် သန်မာ သော်လည်း၊ ထိုပါရမီရှင် များနှင့် တူညီသော အဆင့်တွင် မရှိ သေးချေ။ သူ့ကိုယ်သူ ပါရမီရှင် ခေါ်ဆို ခြင်းမှာ၊ ရေတွင်း ထဲမှ ဖား တစ်ကောင်နှင့် တူသည်။
“ ဂိုဏ်းချုပ် ... ၊ အခု အုပ်စီးခြင်း လေဝဲဓားကို ဒီတပည့် ကြည့်ရင်၊ စိတ်မဆိုး ဖူး မဟုတ်လား။ ”
လင်းယွန်မှ ဂိုဏ်းချုပ်ကို ပြန်ကြည့်ကာ၊ မေးလိုက်သည်။ သူ့ အပြုအမူ များက အကြီး အကဲ များကို၊ ဒေါသ ထွက်လာ စေ၏။ သို့သော် ဂိုဏ်းချုပ်က အပြုံး မပျက်ဘဲ၊
“ သူ့ကို ပေး လိုက်ပါ ... ၊ အမာခံ တပည့် တစ်ယောက် ဖြစ်နေပြီ ဆိုတော့ ... ၊ အုပ်စိုးခြင်း လေဝဲဓားကို လေ့လာ ရင်လည်း၊ ပြဿနာ မရှိ ပါဘူး။ ”
ဂိုဏ်းချုပ်၏ ဆုံးဖြတ် ချက်ကြောင့်၊ အကြီး အကဲ တစ်ယောက်က ကျောက်စိမ်းတုံး တစ်တုံး အား၊ ပစ်ပေး လိုက်သည်။
လင်းယွန်က ကျောက်စိမ်း တုံးကို ဖမ်းယူကာ၊ နဖူးနှင့် ထိကပ်လျက် ခြေတစ်လှမ်း စလှမ်း လိုက်သည်။
“ ဖျပ် ... ။ ”
ထို့နောက် များ မကြာမီ၊ ဒုတိယ ခြေလှမ်းအား ဆက်လှမ်း သည်။ သူ လုပ်ရပ်ကို နားမလည်သော လူအုပ် ကြီးမှာ၊ မျက်မှောင် ကြုတ် မိကုန်၏။
တတိယ ခြေလှမ်း လှမ်းလိုက်စဉ်၊ သူ့ ပတ်ဝန်းကျင်၌ သဘာဝ ဖြစ်စဉ်များ စတင် ထွက်ပေါ် လာတော့သည်။
“ ဂျိန်း ... ။ ”
တိမ်များ၊ မိုးခြိမ်းသံ များနှင့် နဂါးပင် ကောင်းကင်၌ ပျံဝဲလာ၏။ ဤမြင်ကွင်းက ဖုန်ကျန်းအား စိတ်မသက် မသာ ဖြစ်လာ စေသည်။
“ ဓား ... ။ ”
သတ္တမ ခြေလှမ်း လှမ်းပြီးနောက်၊ လင်းယွန်က မျက်လုံး ပြန်ဖွင့်ကာ၊ ပန်းသင်္ချိုင်း ဓားအား၊ ဆင့်ခေါ် လိုက်သည်။
သို့မှသာ ခြေလှမ်း (၇) လှမ်းဖြင့်၊ ဧကရာဇ် ကံကြမ္မာ ကိုယ်ခံပညာ တစ်ရပ်ကို ပြန်၍ ကစား ပြရန်၊ ကြံရွယ် နေခြင်း ဖြစ်မှန်း၊ နားလည် လိုက်ကြသည်။
“ ပထမဓား- ကောင်းကင်ကို လှုပ်ခါသော လေ။ ”
ပန်းသင်္ချိုင်း ဓားအား လှုပ်ကစား လိုက်စဉ် လျှပ်စီးများ ဓားကိုယ်ထည်မှ ပွင့်ထွက်လာ လေ သည်။
“ ဝုန်း ... ။ ”
လူတိုင်းက ခေါင်းမော့ ကြည့်မိရာ၊ တိမ်တိုက်များ ရွေ့လျား ကုန်သည်ကို မြင်လိုက် ရ၏။ ၎င်းတိမ်များ အတွင်း၊ လျှပ်စီး တစ်ချက် မျှပင် မလက်ချေ။
ထို့ကြောင့် ကြားလိုက်ရ သည်မှာ၊ မိုးသံ မဟုတ်ဘဲ၊ လေသံများ ဖြစ်ကြောင်း သိလိုက် ရသည်။
ဖုန်ကျန်း မျက်နှာ သည်ပင် ပြောင်းလဲ သွားသည်။ သို့သော် ဤသို့သော ဖြစ်စဉ်ကို သူ သည်လည်း၊ ဖန်တီး နိုင်သောကြောင့် ဂရု မစိုက်မိ သေးချေ။
သို့သော် ထိုဆူညံ၏ မူလမှာ၊ လေလှိုင်းများ မဟုတ်ဘဲ၊ နဂါး တစ်ကောင် ဖြစ်မှန်း သိလာရ ချိန်၌၊ မျက်နှာ ပြောင်းလဲ သွားသည်။
“ ..... ။ ”
နဂါးက လမ်းကြောင်း ပေါ်ရှိ တိမ်တိုက် များကို ဖြဲလျက်၊ ကျယ်လောင်သော ဟောက်သံ ပြုလာ၏။
ဤသည် ကိုသာ နဂါး ဟု ခေါ်၏။ ဖုန်ကျန်း၏ နဂါးမှာ၊ လက်ရှိ နဂါးနှင့် ယှဉ်သော်၊ တီကောင် အဆင့် တွင်သာ ရှိသည်။
ဖုန်ကျန်း တစ်ယောက် လက်ထဲရှိ ဓား လွတ်ကျ သွားပြီး၊ လင်းယွန် နဂါးထံ မော့ကြည့် လျက်၊ လုံးဝ မှင်တက် သွား၏။
“ ဒုတိယဓား - အုပ်စိုးခြင်း လျှပ်စီး။ ”
လင်းယွန်မှ ဒုတိယ ဓားကို ထုတ်လွှတ် လိုက်သည်နှင့်၊ မိုးကုတ် စက်ဝိုင်း အစပ် ထံမှ ဝိုးတဝါး အော်ဟစ် သံနှင့် အတူ၊ ခေါင်းကြီး တစ်လုံး ပြူထွက် လာသည်။
“ ဒါ ဒါ ... ၊ ကောင်းကင် တစ္ဆေပဲ ... ။ ”
သရုပ်ဖော် အဆင့်သို့ ရောက်ပြီး မှသာ၊ ရရှိနိုင်သော ဖြစ်စဉ် ဖြစ်သဖြင့်၊ အကြီး အကဲ များ အားလုံး၊ စိတ်လှုပ်ရှား သွားသည်။
ထိုအဆင့်သို့ မည်သူ တစ်ဦး တစ်ယောက်မျှ၊ မရောက်ရှိ နိုင်ခဲ့ သည်မှာ၊ နှစ်ပေါင်း တစ်ရာ တိုင်ခဲ့ပြီ ဖြစ်သည်။ အစောပိုင်း ကာလ၌ ရယ်မော နေမိသော အမာခံ တပည့် များပင် တိတ်ကျ သွား၏။
“ တတိယဓား- လှိုင်းစီးသော လေ။ ”
မယုံနိုင်ဖွယ် ကောင်းလောက်အောင် ရွေ့လျားလျက်၊ ဓားဖြင့် လေထုအား အလွှာ (၁၈) လွှာ ခွဲချ လိုက်သည်။
ဖြစ်ပေါ် လာသော လေလှိုင်း များမှာ၊ မယုံနိုင် လောက်အောင် မြင့်မား ပြင်းထန်ပြီး၊ ရင်သပ်ရှု မောဖွယ် ကောင်းလှ ပေ၏။
ဤမြင်ကွင်းကို ကြည့်ကာ၊ လူတိုင်းက လင်းယွန်၏ စကား အပေါ်၊ လုံးလုံး ယုံကြည် သွားမိသည်။
လင်းယွန်၏ အုပ်စီးခြင်း လေဝဲဓားမှာ၊ ဟာကွက် မရှိ ပြီးပြည့်စုံ နေပြီး၊ ဖုန်ကျန်းထက် အပြတ် အသတ် သာချေ၏။
လင်းယွန်သာ ၎င်း ဓားရေးဖြင့် တိုက်ခိုက် ခဲ့ပါက၊ ဖုန်ကျန်း တစ်ယောက် ဖြေရှင်း နိုင်မည် မဟုတ်ကြောင်း၊ သူတို့ ထင်သည်။
“ ဝှစ် ... ။ ”
ထိုအချိန်တွင် ပန်းသင်္ချိုင်း ဓားကို သိမ်းလျက်၊ လင်းယွန်က ကောင်းကင်မှ ဆင်းသက် လာသည်။
ဂိုဏ်းချုပ် မှလွဲ၍ အကြီး အကဲများ အပါ အဝင်၊ လူတိုင်း အသက်ရှူရန် မေ့လျော့ နေခဲ့ တော့၏။
သူတို့ လျှပ်စီး တိမ်လွှာ ဂိုဏ်း၏၊ ဧကရာဇ် အဆင့် ကံကြမ္မာ ကိုယ်ခံ ပညာ တစ်ရပ် အပေါ်၊ ခြေလှမ်း (၇) လှမ်းဖြင့်၊ သရုပ်ဖော် အဆင့် ထိတိုင်၊ သရုပ်ပြ သွားခဲ့သည်။
ဤသည်မှာ သူတို့ အားလုံးကို ပါးရိုက်ခြင်း မည်၏။ တစ်ချိန်လုံး လှောင်ပြောင် နေကြသော အမာခံ တပည့် အချို့သည်၊ ပို၍ ဆိုးချေပြီ။
လင်းယွန်မှာ ဤရလာဒ် အပေါ်၊ ကျေနပ်ပုံ မရ သေးချေ။ သူတို့ထံ စိုက်ကြည့်လျက်၊
“ ဓား သူတော်စင် တောင်ပေါ် တက်မဲ့ ခွဲတမ်းကို၊ ငါ ယူတဲ့ ကိစ္စ အတွက်၊ သဘော မတူ သူ ရှိသေးလား။ ”
-ဟု မေးမြန်း လာတော့သည်။
ကောင်းကင် ဝိညာဉ် ၌သာ ရှိသော၊ ဤလင်းယွန်မှ သူတို့အား အိမ်တိုင်ရာ ရောက် ရန်စ နေလေပြီ။
သို့သော် မည်သူမျှ မကန့်ကွက် ရဲချေ။ ခြေလှမ်း (၇) လှမ်း မဆိုနှင့်၊ ဧကရာဇ် အဆင့် ပညာရပ် တစ်ခုအား၊ အချိန်ပေး လေ့ကျင့် လျှင်ပင်၊ သရုပ်ဖော် အဆင့် ရောက် ရန်မှာ၊ မလွယ် ကူကြောင်း၊ သူတို့ သိလေသည်။
***