ပျောက်ကွယ် နေသော တိမ်လွှာဓား (၁၃) ချက်။
Vol. 79 Ch. 1102
တိမ်လွှာ နန်းတော်သည် အချိန် အတော်ကြာ တိတ်ဆိတ် သွားသည်။ မေးခွန်း လေး တစ်ခု မျှကို တပည့်ပေါင်း များစွာမှ မဖြေနိုင် ကြခေျ။
ဖုန်ကျန်း အတွက်မူ လင်းယွန် ခြေလှမ်း (၇)လှမ်း လှမ်းပြီး ချိန်မှ စကာ၊ အရှက် တရား ဟူသည် ကို နားလည် သွားပြီ ဖြစ်၏။
ပါးစပ် ပိတ်ကာ၊ အရှုံးကို လက်ခံ လိုက် သင့်သည်။ ယင်းက ဤသို့ အရှက်ခွဲ ခံရမည် မဟုတ်ချေ။
ယနေ့ ပြီးနောက် ဂိုဏ်း၌၊ မျက်နှာပျက် ရပြီ ဖြစ်သည်။ ဖြစ်ပျက်ခဲ့ သမျှကို လူတိုင်း မေ့လျော့ သွားချိန် အထိသာ၊ စောင့်ရ ပေတော့မည်။
“ ကန့်ကွက်မဲ့ လူ မရှိဖူး ဆိုတော့ ... ၊ လင်းယွန်ကို အားလုံး သဘော တူတယ် ဆိုတဲ့ အဓိပ္ပါယ် ပေါ့။ ”
ဂိုဏ်းချုပ်က အေးစက်သော အသံနှင့် ရလာဒ်ကို သတ်မှတ် ပေးလိုက်သည်။
“ လွန်ခဲ့တဲ့ သုံးရက် လုံးလုံး၊ ငါ့ နောက်ကွယ်မှာ မင်းတို့တွေ ဘာတွေပြော နေတယ် ဆိုတာ ငါ သိတယ်၊ ဒီကမ္ဘာ ပေါ်မှာ ပိုမြင့်တဲ့ တောင် ဆိုတာ အမြဲ ရှိတယ်။ ”
ဂိုဏ်းချုပ်က ရှည်လျားသော ဩဝါဒကို ချွေလျက်၊ ကြိမ်းမောင်း လိုက်သည်။ အပြင်လူ တစ်ယောက်အား အသုံး ချကာ၊ သူတို့ အပေါ်၊ သင်ခန်းစာ တစ်ခု ပေးလိုပုံ ရ၏။
“ ဒီနှစ်တွေ တွေထဲမှာ ... ၊ ဂိုဏ်းရဲ့ ဂုဏ် သိက္ခာကို ကာကွယ်ဖို့၊ မင်းတို့ ထဲက ဘယ်သူ ကများ မတ်တပ် ထရပ် ခဲ့ကြ ဖူးလဲ၊ ဒါနဲ့တောင် ...
... ဓားသူတော်စင် တောင် အတွက်၊ ခွဲတမ်းကို မင်းတို့က လိုချင် ကြသေးလား၊ ဟမ့် ... ၊ မင်းတို့ အားလုံးက၊ ...
... ငါ့ ဆုံးဖြတ်ချက် ကိုတောင် မေးခွန်း ထုတ်ရဲ ရအောင်၊ မင်းတို့လောက် ငါ့မှာ အမြင် မရှိ ဖူးလို့၊ ထင်နေ ကြတာ လား ကွ ဟေ ... ။ ”
ဂိုဏ်းချုပ်က အော်ဟစ် လိုက်၏။ သူ့ စကားကြောင့် တပည့် အများမှာ မျက်ရည်များ ဝဲလာ ကြသည်။
လျှပ်စီး တိမ်လွှာ ဂိုဏ်းသည်၊ အပြာရောင် စံအိမ် နယ်မြေရှိ၊ အုပ်စိုးရှင် ဂိုဏ်းကြီး (၄)ဂိုဏ်း အနက်၊ တစ်ဂိုဏ်း ဖြစ်၏။
သို့သော် ဂုဏ်သတင်း ကျဆင်း လာခဲ့ သည်မှာ၊ နှစ်ပေါင်း များစွာ တိုင်ပြီ ဖြစ်သည်။ အုပ်စိုးရှင် အဆင့် မှပင်၊ လျော့ကျမည့် အရိပ် အယောင်များ ပြသ လာ၏။
လူတိုင်း ရှက်စိတ် ဝင်လာပြီး၊ ခေါင်းငုံ့ လိုက်ကြသည်။ ထိုအချိန်တွင် ခရမ်းငယ်က သူ့ နှာခေါင်းကို ပွတ်လျက်၊
“ လင်းယွန် ... ၊ ဒီအဖိုးကြီးက နင့်ကို အသုံး ချပြီး၊ သူ့ ကလေး တွေကို ရိုက်နှက် လိုက်တာပဲ ။ ”
-ဟု ဆိုလာ တော့၏။
ထိုအချင်း အရာကို သိပြီးသား ဖြစ် သောကြောင့်၊ လင်းယွန်မှ စကား တစ်ခွန်းမျှ မဆို ခဲ့ချေ။
အစ်ကို ဖုန်းပင် ဝင်တွေ့ ရသော ဤဂိုဏ်းချုပ်မှာ ပေါ့သေးသေး မဟုတ်ကြောင်း သူ သိသည်။
လက်ရှိ အချိန်၌ ဂိုဏ်း ချုပ်ထက်၊ ဓား သူတော်စင် တောင်၏ လျှို့ဝှက်ချက် များကို ပို၍ စိတ်ဝင်စား သည်။
သည်တောင်ရှိ အကန့် အသတ်မဲ့ ဓား ရည်ရွယ်ချက်မှာ၊ သူ့ တာအိုကို များစွာ အကျိုး သက်ရောက် နိုင်မည် ဖြစ်၏။
သူ နားလည် ထားသော ပယင်း နယ်မြေရှိ၊ ဓားတာအိုမှာ မပြည့် စုံချေ။ ထို့ကြောင့် ခွန်လွန် ဘုံ၏ တာအိုကို ခံစား ကြည့်ချင်သည်။
သို့မဟုတ် ပါက သူ့ဓား ရည်ရွယ် ချက်မှာ၊ တတိယ တန်းတွင် ရပ်တန့် နေမည် ဖြစ်သည်။
“ လင်း ယွန် ... ။ ”
ဂိုဏ်းချုပ်က တပည့် များကို ဆုံးမ ပြီးနောက်၊ လင်းယွန်ထံ လှည့်ကြည့် လာသည်။
“ ဒီနေ့က စပြီး ... ၊ မင်းကို ငါ့ရဲ့ လျှပ်စီး တိမ်လွှာ ဂိုဏ်းရဲ့ အမာခံ တပည့် တစ်ဦး အဖြစ်၊ အခွင့် အရေး ပေးမယ်၊ မင်းဆန္ဒ ရှိလား။ ”
“ ကျေးဇူး တင်ပါတယ်၊ ဂိုဏ်းချုပ်။ ”
“ ဒါဆို မင်းကို ကောင်းကင် အဆင့်၊ ဂိုဏ်းသား သင်္ကေတ တစ်ခု ပေးမယ်၊ ဒါက ဒီဂိုဏ်း ထဲမှာ မင်းအတွက် ကန့်သတ်ချက် မရှိဘူး၊ လုပ်ချင်တာ လုပ်နိုင်တယ်။ ”
စကားဆုံး သည်နှင့်၊ ဂိုဏ်းချုပ်က လင်းယွန်ထံ ရွှေတံဆိပ် တစ်ခု ပစ်ပေး သည်။ တံဆိပ်တွင် ‘အမာခံ တပည့် ယွန်’ ဟု ရေးထိုး ထား၏။
ယင်းက ဤသင်္ကေတကို သူ့ အတွက် ကြိုတင် ပြင်ဆင် ထားခြင်း ဖြစ်ကြောင်း၊ သိသာ စေသည်။
လင်းယွန် လက်ထဲရှိ သင်္ကေတကို ကြည့်ကာ၊ လူတိုင်း အံ့အားသင့် သွား သည်။ လျှပ်စီး တိမ်လွှာ ဂိုဏ်း၌၊ ကောင်းကင် အဆင့် တပည့် (၄) ယောက်သာ ရှိပြီး၊ ဂိုဏ်း၏ မဏ္ဍိုင် လေးရပ် အဖြစ် တင်စား ကြ၏။
သည်နေ့ ပြီးနောက်၊ မဏ္ဍိုင် (၅) ရပ် ဖြစ်လာ တော့မည် ဖြစ်သည်။ ဤအမှတ် အသား ပိုင်ရှင် များ သည်၊ လစဉ် အရင်း အမြစ် များစွာကို ရရှိ နိုင် သဖြင့်၊ မနာလို စရာ ကောင်းချေပြီ။
တစ်ဖက်တွင် ခြေလှမ်း (၇) လှမ်းဖြင့်၊ အုပ်စိုးခြင်း လေဝဲဓားကို သရုပ်ဖော် အဆင့် ထိတိုင်၊ ပြသ နိုင်သဖြင့်၊ ထိုက်တန် သည်ဟု မြင်လာ ကြသည်။
“ ကျေးဇူး တင်ပါတယ်။ ”
လင်းယွန်က တံဆိပ်အား သိမ်းလျက် ခါးညွှတ်ကာ၊ ကျေးဇူးစကား ဆိုသည်။ စင်မြင့် ပေါ်ရှိ ယဲ့ဇီလင် မှာမူ၊ မျက်ဝန်းများ မှေးစင်း လျက်၊ ဖြစ်စဉ် များကို စိုက်ကြည့် နေ၏။။
“ တောင် ကို ဖွင့် ... ။ ”
ဂိုဏ်းချုပ်က ဓား သူတော်စင် တောင် ကြီးကို လှည့်ကြည့်ကာ၊ အကြီး အကဲ များထံ အမိန့် ပေးလိုက်သည်။
အစီရင် တရွေ့ရွေ့ ပွင့်လာ သည်ကို၊ ကြည့်လျက် လင်းယွန် မျက်လုံးများ တဖျပ်ဖျပ် တောက်ပ လာ၏။
အဝေးမှ မြင်ချိန် ကတည်း ကပင်၊ ဤတောင်ပေါ် သူ တက်ချင် ခဲ့သည်။ မကြာမီ သူ့ ဆန္ဒများ၊ ပြည့်လာ တော့မည် ဖြစ်၏။
“ ခဏ နေပါဦး ... ။ ”
ထို့စဉ် ယဲ့ဇီလင်က ထရပ် လာသည်။ သူ့ဟန့်တား မှုကြောင့် အကြီးအကဲ များက၊ လုပ်လက်စ များကို၊ ရပ်တန့် လိုက်ရသည်။
ဂိုဏ်း ထဲတွင် သူမ အဆင့် အတန်းမှာ၊ မြင့်မား ချေ၏။ ယင်းနောက် အကြီးအကဲ များမှ၊ ဂိုဏ်းချုပ်ထံ ပြန်လှည့် ကြည့်လိုက် ကြသည်။
“ ဇီလင် ... ၊ ဒီကိစ္စ ပြီးသွားပြီ။ ”
ဂိုဏ်းချုပ်က လှမ်းပြော လိုက်သည်။ သို့သော် ယဲ့ဇီလင်က ဦးညွှတ်လျက်၊
“ ဂိုဏ်းချုပ် ... ၊ လင်းယွန်ကို ဓား သူတော်စင် တောင်ပေါ်၊ တက်ခွင့် ပေးတဲ့ ကိစ္စ အပေါ်၊ ကန့်ကွက် စရာ မရှိ ပါဘူး၊ ...
... ဒါပေမယ့် အချိန် ပေးဖို့ တောင်းဆို ချင်ပါတယ်၊ ဓားသူတော်စင် တောင်ကို တက်ဖို့ အခွင့် အရေးက၊ အရမ်း ဖိုးတန် ပါတယ်၊ ...
... သူက ကောင်းကင် ဝိညာဉ် မှာသာ ရှိတဲ့ အတွက်၊ သုံးကြိမ်မြောက် စမ်းသပ်မှု ကိုတောင် မအောင်နိုင် မှာကို ကြောက်မိတယ်၊ ဒါက ...
... ဂိုဏ်းရဲ့ အခွင့် အရေး တွေကို၊ ဖြုန်းတီးရာ ကျပါတယ်၊ သူ အင်ပါ ရီယန် နယ်ပယ် ရောက်တဲ့ အချိန်ထိ စောင့်ဖို့၊ အကြံ ပြုချင် ပါတယ်။ ”
ယဲ့ဇီလင်မှာ ဖုန်ကျန်း ကဲ့သို့ မဟုတ်ချေ။ သူမ ခေါင်းထဲ၌ ဂိုဏ်း အကျိုး အမြတ် အတွက် သာ ရှိသည်။
လင်းယွန်တွင် အရည် အချင်း ရှိသည်ကို၊ လက်ခံ သော်လည်း၊ ဓား သူတော်စင် တောင်သို့ တက်ခြင်းဖြင့်၊ မအောင် မြင်သော် နှမျော စရာ ကောင်း ပေမည်။
“ ရတယ် ပြဿနာ မရှိဘူး၊ အင်ပါ ရီယန် နယ်ပယ် ရောက်ရင်၊ နောက်တစ်ကြိမ် တက်ခွင့် ပေးမှာပါ။ ”
ဂိုဏ်းချုပ်က အရေး မကြီး ဟန်ဖြင့် ပြန်ဖြေရှင်း လိုက်သည်။ ထိုစကားက လူတိုင်း နှလုံး သားကို လှုပ်ခတ် သွားစေ၏။
အမာခံ တပည့် တိုင်းတွင်၊ ဓားသူတော်စင် တောင်ပေါ်သို့ တက်ရန် အခွင့် အရေး တစ်ခုသာ ရှိသည်။ ယဲ့ဇီလင် ပင် ခြွင်းချက် မဟုတ်ချေ။
ဓား သူတော်စင် တောင်တန်း ကြီးကို ဖွင့်လှစ်ရန် အတွက်၊ ဂိုဏ်းချုပ်မှာ မဖြစ် မနေ ရှိရ ပေမည်။ တစ်ကြိမ် ဖွင့်ရန် သုံးလခန့် အချိန်ယူ ရမည် ဖြစ်၏။
“ ဖေဖေ ... ၊ ဒီလောက်တောင် သူက ထိုက်တန် လို့လား။ ”
ယဲ့ဇီလင် မျက်နှာ ပြောင်းလဲ သွားပြီး၊ အော်ဟစ် လိုက်သည်။ ယဲ့ဇီလင်မှာ ဂိုဏ်းချုပ် သမီး ဖြစ်မှန်း၊ လင်းယွန် တစ်ယောက် မသိ သေး သဖြင့်၊ အံ့ဩ သွား၏။
ဝမ်ယုဝါ ထံမှ ကြားသိ ထားသော အချက် အလက်များ အရ၊ ဂိုဏ်းချုပ် မျိုးရိုး အမည်မှာ၊ ‘ဝမ့်’ ဖြစ်ကြောင်း သူ သိထားသည်။
ထို့ကြောင့် ယဲ့ဇီလင်၏ အမည် နောက်ကွယ်တွင်၊ ဇာတ်လမ်း တစ်ပုဒ် ရှိရ ပေမည်။
“ ဒီမေးခွန်းကို၊ မင်း မေးဖို့ မသင့်ဘူး။ ”
ဂိုဏ်းချုပ် စကားကြောင့်၊ သူမ စကား မှားသွား သည်ကို သိသော်လည်း၊ ယဲ့ဇီလင်မှ နောက်ပြန် ဆုတ်ရန် ဆန္ဒ မရှိပေ။
ယင်းက လင်းယွန်ကို ချက်ချင်းပင်၊ အဆင် မပြေသည့် အနေ အထားသို့ ရောက်ရှိ သွားစေ ၏။
“ စီနီယာ အစ်မ ယဲ့ ... ၊ မင်း ငါ့ကို နားလည်မှု လွဲနေပုံ ရတယ်။ ”
လင်းယွန်က ဝင်ရောက် ဖြေရှင်းရန် ကြိုးစား လိုက်သည်။
“ ဓား သူတော်စင် တောင်မှာ၊ တိမ်လွှာဓား တစ်ဆယ့် သုံးချက် ဆိုတဲ့၊ စမ်းသပ်မှု တစ်ဆယ့် သုံးခု ရှိတယ်၊ ကြယ်စင်စု နယ်ပယ် ကျွမ်းကျင် သူ တွေတောင်၊ ...
... ပထမ စမ်းသပ်မှု သုံးခုကို ဖြတ်ကျော် နိုင်ဖို့၊ အရမ်း ခက်ခဲတယ်၊ ငါ မင်းကို တိုက်ခိုက် နေတာ မဟုတ်ဘူး၊ အမှန် ပြောနေတာ။ ”
လင်းယွန်ကို လှည့်ကြည့်ပြီး၊ ယဲ့ဇီလင်မှ ဆိုလိုက်သည်။
“ စီနီယာ အစ်မ ယဲ့၊ ငါက ပထမ သုံးဆင့် ကိုတောင်၊ မအောင် နိုင်တာ သေချာလား ... ။ ”
လင်းယွန်မှာ အမူအရာ ပြောင်းလဲခြင်း မရှိဘဲ၊ ပြုံးလျက် ပြန်မေး လိုက်သည်။ သူ့အား လျှော့တွက် ထားပုံ ရ၏။
“ အမှန်ပဲ ... ၊ ဒါကြောင့် ဒီအခွင့် အရေးကို မင်းကိုပေးပြီး၊ ဖြုန်းတီးမဲ့ အစား အခြား တပည့် တစ်ဦးကို ပေးစေ ချင်တာပါ။ ”
“ မယုံဘူး ... ၊ ဓား သူတော်စင် တောင်ရဲ့ ပထမ စမ်းသပ်မှု သုံးခုတင် မကဖူး၊ တစ်ဆယ့် သုံးချက် လုံးကို၊ ကျွန်တော် ဖြတ်ကျော်မယ်။ ”
တိုက်ပွဲဝင် ဆန္ဒများ လောင်ကျွမ်း လာလျက်မှ၊ လင်းယွန်က ဆိုသည်။ မည်သို့ပင် အကြောင်း ပြချက် ပေးနေ စေကာမူ၊ ယဲ့ဇီလင် အနေဖြင့်၊ သူ့ကို ပစ်မှတ်ထား နေသည်ဟု ထင်၏။
“ ကောင်းပြီ ... မင်းက စမ်းသပ်မှု တစ်ဆယ့်သုံး ခုလုံးကို ဖြတ်ကျော် နိုင်ရင်၊ မင်း စိတ်ကြိုက် တောင်းဆိုချက် တစ်ခု၊ ငါ့ဆီ တောင်း နိုင်တယ်။ ”
“ ဘာ မဆိုလား ... ။ ”
လင်းယွန်က ညစ်ကျယ်ကျယ် အပြုံးဖြင့်၊ သူမအား စိုက်ကြည့်လျက် ပြန်မေးရာ၊ ယဲ့ဇီလင် မျက်နှာမှာ တင်းမာ သွားသည်။
“ ဟုတ်တယ် ... ၊ မအောင်မြင် ရင်တော့ နောက်တစ်ကြိမ် ဓား သူတော်စင် တောင်ပေါ် တက်မဲ့၊ အခွင့် အရေးကို၊ မင်း စွန့်လွှတ် ပါ။ ”
“ သဘော တူတယ်။ ”
“ ဂိုဏ်းချုပ် ... ၊ ဒီတပည့်မ မှာ ကန့်ကွက် စရာ မရှိတော့ ပါဘူး။ ”
ယဲ့ဇီလင်က ပိုင်နိုင်သော အပြုံးဖြင့်၊ လင်းယွန်အား တစ်ချက် ပြန်ကြည့်ကာ၊ ဂိုဏ်း ချုပ်ထံ လှည့်ပြော လိုက်သည်။
နှစ်ဦး နှစ်ဖက် သဘော တူညီချက် ရသည်နှင့်၊ ဂိုဏ်းချုပ်က လင်းယွန်ထံ ကြည့်ပြီး၊
“ စောင့်ပါ ... ၊ ငါနဲ့ အကြီး အကဲတွေ အစီရင်ကို ဖွင့်ပြီးရင် ခေါ်လိုက်မယ်။ ”
-ဟု ဆိုလိုက် တော့၏။
“ ဝှစ် ... ။ ”
ထို့နောက် ဂိုဏ်းချုပ်နှင့်၊ အကြီး အကဲ တစ်စုမှာ ကောင်းကင်ပေါ် ခုန်တက် သွားကြ သည်။
တစ်ချိန် တည်းမှာပင် တပည့် များက၊ သဘော တူညီချက် အကြောင်း၊ အချင်းချင်း တီးတိုး ဆိုလိုက် ကြ၏။
“ စီနီယာ အစ်ကို ယွန် ။ ”
ဝမ်ယုဝါက ရွှင်မြူးသော အသံဖြင့်၊ အနား ရောက်လာကာ၊ နှုတ်ဆက် လေသည်။
“ ငါ့ကို ဂျူနီယာ မောင်လေး ယွန်လို့ ခေါ်တာ ပိုကောင်း လိမ့်မယ်။ ”
“ မဝံ့ ပါဘူး။ ”
ဝမ်ယုဝါက ခေါင်းခါ လိုက်ပြီး၊
“ စီနီယာ အစ်ကို ယွန်ရဲ့ ...၊ အဆင့် အတန်းက ယုဝါ ထက်တောင် မြင့်ပါ သေး တယ်။ ”
“ ကောင်း ပြီ လေ ... ၊ အဆင်ပြေ သလို ခေါ်ပါ၊ ဒါနဲ့ တိမ်လွှာဓား တစ်ဆယ့် သုံးချက် ဆိုတာ ဘာလဲ။ ”
“ စီနီယာ အစ်ကို ယွန် ... ၊ မင်းက တကယ့်ကို ကြောက်စရာ ကောင်းတာပဲ၊ တိမ်လွှာဓား စမ်းသပ်ချက်၊ တစ်ဆယ့် သုံးချက် ကိုတောင် မသိ ဘဲနဲ့၊ စိန်ခေါ် ဝံ့တယ်လား၊ ...
... စီနီယာ အစ်မ ယဲ့တောင်၊ နဝမမြောက် စမ်းသပ်မှု ကိုပဲ အောင်ခဲ့တယ်၊ တကယ် လို့သာ အလုံးစုံ အောင်မြင် ခဲ့ရင်၊ နှစ်တစ်ထောင် စံချိန် ဝင်မှာပါ။ ”
ဤအခိုက် အတန့်တွင်၊ ယဲ့ဇီလင် တစ်ယောက် အဘယ့်ကြောင့် လောင်းကြေး ထပ်ဝံ့ သည်ကို၊ သဘောပေါက် သွားသည်။
လွန်ခဲ့သည့် ထောင်စုနှစ် အတွင်း အမြင့် မားဆုံး စံချိန်မှာ၊ ဒသမ ဖြစ်သည်။ ထိုစဉ်က လျှပ်စီး တိမ်လွှာ ဂိုဏ်းမှာ၊ ဤနယ်မြေ၌ အသန်မာဆုံး ဖြစ်နေချိန် ပေပင်။
ဝမ်ယုဝါ၏ ရှင်းပြချက်ကို နားထောင် ပြီးနောက်၊ လင်းယွန် မျက်နှာ ပေါ်ရှိ အပြုံးမှာ၊ တဖြည်းဖြည်း ပျောက်ကွယ် သွားသည်။
သူ့အား လှည့်စားပြီး၊ ဓားသူတော်စင် တောင်ပေါ်သို့၊ နောက်တစ်ကြိမ် တက်ရန် အခွင့် အရေးကို၊ ပြန်လည် သိမ်းယူ ခံလိုက် ရခြင်း မည်ချေပြီ။
“ နင်တော့ သေပြီ လင်းယွန် ... ၊ ဒီတောင် ကြီးက လွယ်ပုံ မရဘူး။ ”
ခရမ်းငယ်က ပြုံးရွှင်သော လေသံဖြင့် ပြောသည်။ လင်းယွန်မှ ပြန်လည် တုန့်ပြန်ခြင်း မပြုဘဲ၊ ဝမ်ယုဝါအား ကြည့်ကာ၊
“ ဓား သူတော်စင် တောင်တန်း အကြောင်း ပြောပြ ပါဦး။ ”
“ ယုဝါ မသိဘူး၊ ဘာလို့လဲ ဆိုတော့ ... တိမ်လွှာဓား (၁၃)ချက်က၊ အပြာရောင် စံအိမ် နယ်မြေ မှာသာ မကဖူး၊ အရှေ့ဘက် ပျက်သုဉ်း ခြင်း နယ်မြေ မှာပါ ကျော်ကြား တယ်၊ ...
.... လူ တစ်ယောက်က စမ်းသပ်မှု တစ်ဆယ့်သုံး ခုလုံးကို အောင်မြင်ဖို့ ဆိုရင်၊ အင်ပါ ရီယန် နယ်ပယ်မှာ ရှိရမယ်၊ ဒါမှသာ ဒီတောင်ရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင် လိမ့်မယ်။ ”
ဝမ်ယုဝါ စကား ဆုံးသည်နှင့်၊ သိလို သည်များကို လင်းယွန်မှ ထပ်မေးရန် ပြင်လိုက် ချိန်တွင်၊ ဓားသူတော်စင် တောင်မှ စူးရှသော အလင်းများ၊ ဖြာထွက် လာတော့သည်။
***