အပြာရောင် ကောင်းကင် နောက်မှာ မြသားရောင် ကြယ်တွေ ရှိတယ်။
Vol. 79 Ch. 1103
တောင်ပေါ်မှ ထွက်လာသော ထိုအလင်း ရောင်မှာ၊ နှစ်အတော်ကြာ စုဆောင်း ထားသော ဓား ရည်ရွယ်ချက် ဖြစ်သည်။ ခမ်းနားပြီး ရှေးကျ ပေ၏။
ထိုအလင်း တန်းက ကောင်းကင်သို့ တက်သွား သည်ကို မြင်သော အခါ၊ လင်းယွန် တစ်ယောက် မျက်နှာ ပျက်သွား သည်။
ဤဓားသာ လွတ်သွား ပါက၊ ဂိုဏ်း တစ်ဝက်မျှ ပျက်စီး သွားပေမည်။ သို့သော် ထိုအလင်း ထက်၌ ဂိုဏ်းချုပ် ပေါ်လာ၏။
သည့်နောက် နဂါး (၉) ကောင်အား ထုတ်လွှတ်ကာ၊ ထိုဓားအလင်းကို ဖုံးအုပ်လျက်၊ ကန့်သတ် ပစ်လိုက် တော့သည်။
ထို့ကြောင့် ဓားသူတော်စင် တောင်မှ ကောင်းကင်ပေါ် ပျံတက် လာသော ဓားအလင်း မှာ၊ နဂါး များ၏ ပိတ်ဆို့ခြင်း ခံလိုက် ရသည်။
တစ်ဆက် တည်းမှာပင် နဂါးကြီး ကိုးကောင်က၊ တောင်တန်းကြီး တစ်ခု လုံးကို ဝိုင်းပတ် ပစ်တော့၏။
ဂိုဏ်းချုပ်နှင့် ယှဉ်ရသော်၊ နဂါး သခင် ထံမှ ထွက်လာသော နဂါးမှာ တီကောင် အဆင့်သာ ရှိပေသည်။
“ ဒီအဖိုး ကြီးက စိတ်ဝင် စားစရာပဲ၊ သူ့ နှလုံးသား ထဲမှာ၊ ကြိုးထုံး တစ်ခု ရှိနေ လို့သာ မဟုတ်ရင်၊ ...
... နဂါး သွေးလွှတ်ကြော နယ်ပယ်ကို ဖြတ်ကျော် ပြီးနေ လောက်ပြီ၊ သူရဲ့ အခြေခံ အုတ်မြစ် အရ ဆိုရင်၊ နတ်ဘုရင် အဆင့် အထွတ် အထိပ် ထိတော့၊ အသာ လေးပဲ။ ”
ခရမ်းငယ်က ဓားသေတ္တာ ထဲမှ နေ၍ ရေရွတ် လိုက်သည်။
“ နဂါး သွေးလွှတ်ကြော နယ်ပယ် ဟုတ်လား။ ”
ထိုနယ်ပယ်ကို လင်းယွန် မသိချေ။ ကောင်းကင် ဝိညာဉ် အထက်တွင်၊ အင်ပါ ရီယန် ရှိကာ၊ ၎င်း အပေါ်၌ ‘ပင်မ နတ်ဘုရား နယ်ပယ်’ ဖြစ်သည်။
ထိုထက် ပို၍ သူ မသိချေ။ ခရမ်းငယ်က လင်းယွန်အား အထင် အမြင် သေးစွာ ပြန်၍ ကြည့်သည်။
“ နင့် ဘယ်လိုလုပ် သိမှာလဲ၊ နင့်မှာ ဗဟု သုတမှ မရှိတာ ...၊ ပင်မ နတ်ဘုရား နယ်ပယ် ကို၊ နတ်ဘုရား တွေလို့လည်း ခေါ်ဆို ကြတယ်၊ သူ့ အထက်မှာ ...
... နဂါး သွေးလွှတ်ကြော နယ်ပယ် ဆိုတာ ရှိတယ်၊ ဒါက ခန္ဓာ ကိုယ်ကို နဂါး တစ်ကောင်နဲ့ တူအောင် ကျင့်ကြံ ရဖို့ပဲ၊ နဂါး သွေးလွှတ်ကြော ကိုးခု၊ ပွင့်လာ နိုင်တဲ့ အခါ၊ သူတော်စင် ဖြစ်ဖို့ နီးစပ် လာလိမ့်မယ်။ ”
“ နတ်ဘုရင် ဆိုတာ ကရော ... ။ ”
“ ဘုရင်တွေ ကတော့ လုံးဝ ခြားနားတဲ့ နယ်ပယ် တစ်ခုပါ၊ သူက သူတော်စင် နယ်ပယ် အောက်မှာ ဘုရင် ဖြစ်ပြီး၊ လောက နိယာမ နယ်ပယ်လို့ ခေါ်တယ် ...
... ဒါပေမယ့် သူတို့ ငါ့ကျွန် ဖြစ်ဖို့တောင် ... ၊ အရည်အချင်း မရှိ သေးပါဘူး၊ ပင်မ နတ်ဘုရား တွေရဲ့ ဘုရင်၊ နတ်ဘုရင်ပေါ့၊ သူတို့က အလွန် အားကောင်း ကြတယ်။ ”
ဆိုလို သည်မှာ နတ်ဘုရင် များသည် သူတော်စင် အောက်ရှိ တန်ခိုး ရှင်များ ဖြစ်၏။ ထို့ကြောင့် လျှပ်စီး တိမ်လွှာ ဂိုဏ်းချုပ်၌ ဇာတ်လမ်း တစ်ပုဒ် ရှိရ ပေမည်။
( ဤနေရာ၌ နတ်ဘုရား (ဝါ) ပင်မ နတ်ဘုရား ဟူသည်၊ လေးစား ထိုက်သော လူများ အဖြစ်၊ ရည်ညွှန်း ချေ၏။
အစစ် အမှန် နတ်ဘုရား အဖြစ် မရည်ရွယ်ချေ။ နတ်ဘုရင် ဟူသည် မှာလည်း၊ လေးစား ထိုက်သူ များ၏ အကြီးအကဲ အဖြစ် ယူဆသင့် ပေသည်။ )
“ လင်း ယွန် ... ။ ”
ထို့စဉ် ဂိုဏ်းချုပ်၏ ခေါ်သံ ထွက်ပေါ် လာသည်။ ဤအခိုက်တွင် သူနှင့် ဂိုဏ်းချုပ်မှ လွဲ၍ အရာ အားလုံး ပျောက်ကွယ်သွား သကဲ့သို့၊ ခံစားလာ ရ၏။
“ အခု လာလို့ ရပြီ။ ”
ဤခံစားချက်သည် စက္ကန့်ပိုင်း မျှသာ ကြာသွား သော်လည်း၊ ကျောရိုး တစ်လျှောက် အေးစက်စက် ခံစား ချက်များ၊ ထွက်ပေါ် လာ၏။
ဂိုဏ်းချုပ်မှာ စီနီယာ အစ်ကို ဖုန်းနှင့်၊ မဟာမိတ် အဖွဲ့မှ စီနီယာ လောချင်ရှ ထက်ပင်၊ အုတ်မြစ် ခိုင်မာ အားကောင်း နိုင်ကြောင်း၊ နားလည် လိုက်သည်။
“ စမ်းသပ်မှု တစ်ဆယ့်သုံး ချက်ကို ဖြတ်ကျော် ပြမယ် တဲ့လား၊ ဒီလင်းယွန်က ဘယ်လို ဝါကြွား ရမယ် ဆိုတာ တကယ် သိတာပဲ။ ”
“ ဘယ်သူမှ ဒီတောင်ပေါ် အဆုံးထိ မတက်နိုင် ခဲ့တာ၊ ထောင်စုနှစ် တစ်ခု ကျော်ခဲ့ ပါပြီ၊ သူက အတွေ့ အကြုံ သိပ်မရှိ သေးဘူး၊ ခြေလှမ်း ခုနစ်လှမ်းနဲ့ ဓားရေး တစ်ရပ်ကို ...
... ကစား ပြတာက အံ့သြစရာ ဆိုပေမယ့် လည်း၊ သူတော်စင် တောင်တက်ခြင်း ကတော့ ... လုံးဝ ကွဲပြားတဲ့ အခြေ အနေ တစ်ခုပါ။ ”
“ သူ ရှုံးမှာပါ၊ စီနီယာ အစ်မ ယဲ့ ပြောသလို၊ တတိယ အဆင့် ကိုတောင်၊ ဖြတ်ကျော် နိုင်မယ် မထင်ဘူး။ ”
လင်းယွန် နောက်ကျောအား ကြည့်ကာ၊ အမျိုး မျိုးသော ဆွေးနွေးမှုများ ထွက်ပေါ် လာခဲ့ သည်။
“ အစ်မ ယဲ့၊ အစ်ကို ယွန်သာ ... တောင်ထိပ်ကို ရောက်သွားရင်၊ သူ တောင်းဆို သမျှ၊ တကယ် သဘောတူ မှာလား။ ”
ဝမ်ယုဝါက ထိုလောင်းကြေး အတွက် စိုးရိမ်မိသည်။ ယဲ့ဇီလင်မှာ အလှ တရားကြောင့်၊ ကျော်ကြား သူ တစ်ဦး ဖြစ်သည်။
သို့သော် အေးစက် လွန်းပြီး၊ သီးသန့် နေထိုက်တက် သဖြင့်၊ မည်သူမျှ မချဉ်းကပ် ရဲရခြင်း ဖြစ်သည်။
လောင်းကြေး ထပ်စဉ်က၊ လင်းယွန် အကြည့်အား ပြန်သတိ ရသွားပြီး၊ ယဲ့ဇီလင် ခမျာ၊ အပြုံးများ ပျောက်ကွယ် သွားသည်။
“ သူ သေချင် နေတာ ... ၊ စမ်းသပ်မှု တစ်ဆယ့် သုံးခု မပြောနဲ့၊ တတိယ အဆင့်ကို ဖြတ်ကျော်နိုင် ရင်တောင် ကံကောင်း ...၊ ပြီးတော့ သူနဲ့ ရင်းနှီးအောင် မနေနဲ့။ ”
“ ဒါ ... ဒါပေမယ့်၊ အစ်ကို ယွန်က ယုဝါ အပေါ် ရိုးသား ပါတယ်၊ တကယ်ပဲ ခြေလှမ်း ခုနစ် လှမ်းနဲ့၊ ဓားရေးကို သူ ပြနိုင် ခဲ့တယ်။ ”
ဝမ်ယုဝါက ခေါင်းငုံ့ ကျသွား ရာမှ၊ စိတ်အား ထက်သန် စွာဖြင့်၊ ယဲ့ဇီလင်းအား တုန့်ပြန်လိုက် လေသည်။
“ ဒီလို မိန်းကလေး မျိုးတွေ ရှိလို့သာ ... ၊ သူ့လို လူတေွက အရူးလုပ် နိုင်တာ။ ”
ယဲ့ဇီလင်က အတိုက် အခံ မပြော တော့ဘဲ၊ မျက်နှာလွှဲ သွားသည်။
“ အစ်မ ယဲ့ ... ကြည့်စမ်း၊ အဲဒါ အစ်ကို ယွန်ရဲ့ ကြောင်ကလေး မဟုတ်လား။ ”
ဝမ်ယုဝါမှာ ချက်ချင်း ပြုံးရွှင် သွားပြီး၊ ဓားသူတော်စင် တောင်ကို စိုက်ကြည့် နေသော နဂါး လေးအား၊ သွားရောက် ပွေ့ချီ လိုက်၏။
ယဲ့ဇီလင်က ဝမ်ယုဝါ ရင်ခွင် ထဲ၌ ခေါင်းထိုးလျက်၊ ပွတ်သပ် နေသော ကြောင်ထံ မျက်မှောင် ကြုတ်လျက်၊ ကြည့်လိုက်သည်။
သည့်စဉ် မို့ဖောင်း နေသော ဝမ်ယုဝါ ရင်ဘတ် အပေါ်၊ ဦးခေါင်းနှင့် တို့ထိ နေသဖြင့်၊ သူမ ဒေါသ ထွက်လာသည်။ ထို့ကြောင့် မျက်နှာလွှဲ လိုက်ရ၏။
ယင်းသို့ မျက်နှာလွှဲ ချိန်တွင်၊ တိမ်လွှာ နန်းတော် ခေါင်းမိုး ပေါ်ရှိ၊ အဖြူရောင် လူရိပ် တစ်ရိပ်အား၊ သတိထား မိလိုက်သည်။
ထိုလူရိပ်မှာ အဖြူရောင် ဝတ်ရုံကို မျက်နှာ အပြည့် ဖုံးအုပ် ထားပြီး၊ ဓားသူတော်စင် တောင် တန်းကြီး ထံသို့၊ ပျံသန်း နေသော၊ လင်းယွန်ထံ စူးစိုက်ကြည့် နေသည်။
“ သူက လာကြည့် တာလား။ ”
ယင်းက ယဲ့ဇီလင်ကို အံ့သြ သွားစေသည်။
“ ဟီး ... အစ်မ ယဲ့၊ ဒီကြောင်က အရမ်း ချစ်ဖို့ ကောင်းတာပဲ။ ”
ဝမ်ယုဝါက သူမ စကားကို မကြားဘဲ၊ နဂါလေး ခေါင်းအား ပွတ်သပ်လျက် ဆိုသည်။ ထို့ကြောင့် နဂါးသွေး ကြောင်ထံ တစ်ချက်သာ လှည့်ကြည့်ပြီး၊ လင်းယွန်ထံ အာရုံစိုက် လိုက်မိ၏။
ကြောင် တစ်ကောင် အတွက်၊ အချိန် မဖြုန်းလို တော့ချေ။ လျှပ်စီး တိမ်လွှာ ဓားဂိုဏ်း တွင်၊ တောင်တန်း များစွာ ရှိပြီး၊ ဓားသူတော်စင် တောင်မှာ၊ အဆန်း ကြယ်ဆုံး ဖြစ်၏။
ထိုအချိန်တွင် လင်းယွန်မှာ ရွှေကျီးကန်း အသွင် ပြောင်းခြင်း (၉) မျိုးအား ထုတ်ဖော်ကာ၊ တောင်ခြေသို့ ဆင်းသက် လိုက်သည်။
အကြီး အကဲ တစ်ဦးက ကောင်းကင်မှ ဆင်းသက် လာပြီး၊ “ ငါ့ နောက် လိုက်ခဲ့။” -ဟု ဆို၏။
လင်းယွန်က ခေါင်းညိတ်လျက်၊ မြင့်မား လှသော တောင်ကြီးကို မော့ကြည့် လိုက်သည်။ တောင်ပေါ် တက်ရန် ဆိုသည်မှာ၊ လွယ်ကူခြင်း ရှိမည် မဟုတ်မှန်း၊ ပို၍ နားလည် လာ၏။
“ ဒီတောင်တန်း ကြီးမှာ၊ စမ်းသပ်မှု တစ်ဆယ့်သုံးခု ရှိတယ်၊ တစ်ခုစီမှာ ဓားချက် တစ်ချက်၊ မင်း ရလိမ့်မယ်။ ”
အကြီး အကဲက သူ့နောက် လိုက်ပါ ပျံသန်း လာသော လင်းယွန်ထံ လှည့် မကြည့်ဘဲ ရှင်းပြ သည်။
“ ဓားသုတ္တန် ရော ရှိပါ သလား ... အကြီး အကဲ။ ”
လင်းယွန်က စိတ်ဝင် တစားဖြင့်၊ မေး လိုက်မိသည်။ လက်ရှိ အချိန်၌ ‘ဓမ္မ ဝိနယ ဓားသုတ္တန်’ တစ်ရပ်၊ အရေး တကြီး လိုအပ် နေသည်။
(ဓမ္မ ဝိနယ= စင်ကြယ်သော ဝိညာဉ်တော်။ )
ထို့ကြောင့် တိမ်လွှာဓား (၁၃) ချက်တွင်၊ ဓားသုတ္တန်သာ ပါရှိလာ ပါက၊ အလွန် ဝမ်းသာ မိပေမည်။
“ မ ရှိ ဘူး ... ”
သို့သော် အကြီး အကဲက သူ့အား လှည့်ကြည့်ကာ အပြုံးဖြင့်၊
“ ဒါပေမဲ့ ... ဘယ်သူ သိမှာလဲ၊ မင်း တောင်ထိပ်ကို ရောက်တဲ့ အခါ၊ ရရင်လည်း ရမှာပေါ့၊ ဘယ်သူမှ မရောက်ဖူး ကြတော့၊ ငါလည်း မသိဘူး။ ”
-ဟု အရွှန်းဖောက် လိုက်လာသည်။
“ အကြီး အကဲ ... ၊ အရမ်း ဟာသတွေ ပြောတာပဲ။ ”
လင်းယွန် ခမျာ ရှက်ရွံ့ သွား၏။
“ ဟား ဟား ဟား ... ။ ”
လင်းယွန်၏ ရှက်ရွံ့ သွားသော အသွင် အပြင်က၊ ထိုအကြီး အကဲအား စိတ်ကြည်လင် စေပြီး၊ ရယ်မောလျက် ပခုံးအား ပုတ်လာသည်။
ဤကလေးမှာ မောက်မာ လွန်းသည်ဟု၊ အစောပိုင်း အချိန်၌ ထင်မြင် မိခဲ့သည်။ သို့သော် ခြေလှမ်း (၇) လှမ်း လှမ်းပြီးနောက်၊ ထိုသို့ မဟုတ်ကြောင်း နားလည် လိုက်သည်။
“ မင်းက ... အခု ကောင်းကင် ဝိညာဉ် နယ်ပယ်နဲ့၊ အမာခံ တပည့် ရာထူးကို ရနေပြီ၊ ဓမ္မ ဝိနယ ဓားသုတ္တန်ကို လိုချင်ရင်၊ ကျမ်းစာ တိုက်မှာ သွားရှာလို့ ရပါတယ်။ ”
အကြီးအကဲမှ စိတ်ပါ လက်ပါ ရှင်းပြ လာသည်။ သည့်နောက် သက်ပြင်း တစ်ချက် ချ လိုက်ပြီး၊
“ မင်း ... အဲ့ဒီ ကောင်မလေးနဲ့ ... ၊ အလောင်း အစား မလုပ် သင့်ဘူး၊ စမ်းသပ်မှု တစ်ဆယ့်သုံး ခု ဆိုတာ၊ ဓားချက် တစ်ဆယ့်-သုံး ချက်ပဲ၊ သူတို့ ထဲက သုံးချက်ကို ဖြတ်သန်း ဖို့တောင် မလွယ်ဘူး။ ”
အကယ်၍ လင်းယွန် သည်သာ၊ လျှပ်စီး တိမ်လွှာ ဓားအား နှစ်ချက် တည်းသာ သင်ယူ နိုင်ခဲ့ ပါက၊ အမှိုက် အဖြစ်သာ ရှိနေပေ ဦးမည်။
“ အခု မင်းရှေ့မှာ၊ ဓားသူတော်စင် တောင်ကြီး ရှိတယ်၊ မင်းမှာ အခွင့် အရေးက၊ တစ်ကြိမ်ပဲ ရှိတဲ့ အတွက်၊ ဖြည်းဖြည်းချင်း တက်သွားဖို့ မမေ့ ပါနဲ့။ ”
အကြီး အကဲက လင်းယွန် အပေါ် စာနာ သနားနေ ဟန်ဖြင့်၊ လျှို့ဝှက်ချက်ကို ပြောပြပေး လာသည်။
ထိုအချက် ကလေးသည် များစွာ အကျိုး ရှိလှ သဖြင့်၊ လင်းယွန် ခမျာ အားတက် သရော ခေါင်းညိတ် လိုက်၏။
သည့်နောက် တောင်တက် ခရီးအား စတင်လိုက် တော့သည်။ လမ်း တစ်လျှောက် လေထု အတွင်း၌၊ သိပ်သည်းသော ဓား ရည်ရွယ်ချက် များကို၊ ခံစား မိသည်။
“ ဘယ်လောက် တောင် ... ၊ ကောင်း လိုက်တဲ့ ပတ်ဝန်း ကျင်လဲ။ ”
ယင်းက ကောင်းကင် ဓားအား၊ များစွာ အသုံးဝင် စေသဖြင့်၊ ကျေနပ်စွာ ချီးကျူး မိ၏။ များမကြာခင်၊ ပထမ စမ်းသပ်မှု ထံသို့ ဆိုက်ရောက် လာသည်။
ကျောက်နံရံကြီး တစ်ချပ် ရှေ့တွင်၊ ကျောက်သား ရုပ်တုကြီး တစ်ရုပ်ကို၊ တွေ့မြင် လိုက်ရသည်။
ကျောက်နံရံ ပေါ်၌၊ ရှေးဟောင်း အက္ခရာ များကို၊ ရှုပ်ယှက် ခတ်အောင် ရေးထွင်း ထား ချေ၏။
“ အဓိပ္ပါယ် ရှိတဲ့၊ ဝါကျတို တစ်ကြောင်းကို ရှာပါ။ ”
လင်းယွန် တစ်ယောက် အက္ခရာ များကို ဖတ်ရှု နေစဉ်၊ ကျောက်ရုပ်တုမှ စကား စပြော လာသည်။
“ ဒီလောက် လွယ်တာလား။ ”
ကျောက်ရုပ် စကားကြောင့် လင်းယွန်မှာ အံ့ဩ သွား၏။
“ လွယ်တယ် ဟုတ်လား ... ၊ တစ်နာရီ အတွင်း ဝါကျတို တစ်ခုကို၊ ရှာနိုင်ရင် မင်းက ဓားတာအိုမှာ ပါရမီရှင် ပါပဲ။ ”
ကျောက်ရုပ်က အထင် သေးစွာဖြင့် ပြောကြား လာသည်။
“ ကောင်းပြီ ... ၊ ဒါဆို ... ဓားတာအိုရဲ့ ပါရမီရှင် တစ်ပါးကို၊ မျက်ဝါး ထင်ထင် မြင်ခွင့် ရဖို့၊ မင်းမှာ ကံပါ လာပြီ၊ ...
... ကောင်းကောင်း နားထောင်ပါ၊ အပြာရောင် မိုးသား ကောင်းကင်ရဲ့ နောက်မှာ မြသားရောင် ကြယ်တွေ ရှိတယ်။ ”
လင်းယွန်၏ ရွတ်ဆို သံကို ကြားချိန်၌၊ ကျောက်ရုပ်မှာ မျက်လုံး ပြူးချင် သွားသည်။ သို့သော် လင်းယွန်၏ ရေရွတ် သံမှာ မဆုံး သေးချေ။
“ ပန်းပွင့်တွေ လေထဲ ကခုန်နေ သလိုမျိုး၊ ကြယ်တွေက ကောင်းကင်နဲ့ အတူ စီးမျောနေ ကြတယ်၊ လျှပ်စီးတိမ် ဆိုတာ ...
... ငါ့ရဲ့ ရည်ရွယ်ချက် မဟုတ်ဘူး၊ ... လက်ဖျစ် တစ်တွက် အချိန် အတွင်း၊ နှစ်ပေါင်း တစ်ထောင် ကုန်ဆုံး သွားခဲ့ပြီ။ ”
***