တိမ်လွှာ ဓားသုတ္တန်။
Vol. 79 Ch. 1104
လင်းယွန်က စာပိုဒ်ကို ပြန်၍ ရွတ်ဆို ပြနေစဉ်၊ နံရံ ပေါ်ရှိ ရှေးဟောင်း အက္ခရာ များက၊ လိုက်ပါ တောက်ပ ကုန်၏။
ရွတ်ဆိုမှု ပြီးသွားသော အခါတွင်၊ နံရံကြီး တစ်ခုလုံး ရူရ် များဖြင့်၊ လင်းလက် နေတော့ သည်။
တစ်ချိန် တည်းမှာပင်၊ ကျောက်ရုပ်က လင်းယွန်ထံ မယုံ ကြည်စွာ ငေးကြည့်လျက်၊ တုန်လှုပ် သွား၏။
ဓားသူတော် တောင်ကို၊ လျှပ်စီး တိမ်လွှာဂိုဏ်း ပိုင်ဆိုင် ပြီးနောက်၊ မည်သူမှ ဤစာပိုဒ် အပြည့် အစုံ၊ မရွတ်ဆို နိုင်ချေ။
တစ်နာရီ အတွင်း ဝါကျတို တစ်ကြောင်း၊ ရှာနိုင် လျှင်ပင်၊ လွန်စွာ အထင်ကြီး စရာ ဖြစ်၏ ။ အရည် အချင်း ရှိသူ များမှာ၊ နာရီဝက် အချိန်ယူ ရသည်။
အမှန်တိုင်း ဝန်ခံ ရပါမူ ဤနံရံအား စောင့်ကြပ် နေသော သူ သည်ပင်၊ ယင်း စာပိုဒ် တစ်ပိုဒ်လုံး ရှိနေမှန်း မသိချေ။
“ မင်း ... ”
“ ဘယ်လိုလဲ ... ငါက ဘီလူး ဆိုတာ ယုံပြီလား၊ ပါရမီရှင် ဆိုတဲ့ လူတွေ အားလုံးက ငါ့ ဖိနပ် ကိုင်ဖို့တောင်၊ အရည် အချင်း မပြည့် မီဘူး။ ”
သို့သော် စကား ဆုံးသည်နှင့်၊ လင်းယွန် တစ်ယောက် မျက်နှာ၊ ပျက်ယွင်း သွားသည်။ ဤသို့သော ကိုယ်ရည်သွေး စကား များမှာ၊ ခရမ်းငယ်၏ အမူ အကျင့်မျိုး ဖြစ်ပေသည်။
ယင်းက သူ့ကိုယ်သူ အဆိပ်ခတ် မိမှာ၊ ကြောက် ချေသည်။ မည်သို့ပင် ဆိုစေ ကာမူ၊ တစ်ချက် ကြည့်ရုံဖြင့်၊ အလွယ် တကူ မြင်မိ သည်မှာ၊ အမှန် ပေပင်။
အခက် အခဲ မရှိ ခဲ့ချေ။ ကနဦး ဓားကို လေ့ကျင့်စဉ် ကထက်၊ များစွာ လွယ်ကူ နေပေ သည်။
ဤသည်မှာ ကောင်းကင် ဓားကြောင့် ပင်လော။ သို့မဟုတ် သူ့ ဓားတာအိုမှာ၊ လျှပ်စီး တိမ်လွှာ ဂိုဏ်း၏ တပည့် များထက်၊ သာလွန် နေခြင်း သည်လော။ မသိ တော့ချေ။
“ အခု ငါဘာဆက်လုပ် ရမလဲ။ ”
လင်းယွန်က လွန်လွန် ကြူးကြူး ကိုယ်ရည် သွေးခြင်း အပေါ်၊ ရှက်ပြုံးနှင့် ခေါင်းကုတ်လျက်၊ ကျောက်ရုပ်အား မေးလိုက်သည်။
“ ဘာ ဆက်လုပ် ရမလဲ ဆိုတော့ ... ၊ မင်း ဝါကျတို တစ်ကြောင်း တည်းကို ရွေးပြီး၊ ဖြေဆို မလား၊ တစ်ပိုဒ်လုံး ဖြေဆို ချင်လား၊ ...
လင်းယွန်က နံရံကို တစ်ချက်ကြည့် လိုက်ကာ၊ မေးစေ့အား ပွတ်သပ်လျက် စဉ်းစား မိသည်။
ပထမ စမ်းသပ်မှုတွင်၊ ဓားချက် တစ်ချက် သာ ဖြစ်၏။ ထို့ကြောင့် ဝါကျ တစ်ကြောင်း နှင့်၊ စာ တစ်ပိုဒ် ခြားနား ချက်မှာ၊ ကြီးမား လှမည် မဟုတ်ချေ။
ထို့ကြောင့် ‘တိမ်တိုက်’ ဟူသော အရာကို ရွေ့ချယ်ရန် ဆုံးဖြတ် လိုက်သည်။
“ ရပြီ ... ။ ”
( နေဦး ... ။ )
သို့သော် ခရမ်းငယ်မှ၊ ချက်ချင်း ဟန့်တား လာ၏။ ဟန်ပြင် ပြီးနောက်၊ ရပ်တန့် သွားသော လင်းယွန်ကို၊ ကျောက်ရုပ်မှ ပြန်ကြည့် သည်။
“ ဘာ လဲ ... ။ ”
“ အဟဲ ... ၊ ခဏ နေပါဦး။ ”
လင်းယွန်က မျက်နှာချို သွေးလိုက်ပြီး၊
( ဟေး ဘာဖြစ် လို့လဲ။ )
-ဟု ခရမ်းငယ်အား ပြန်မေး မိသည်။
( စိတ်လျော့ထား ... ၊ ဒီတိမ်လွှာဓား စမ်းသပ်မှုက ငါ့ ရှေ့မှာ ဘာမှ မဟုတ် ပါဘူး၊ အခု နင်ငါ့ကို ‘ဖီးနစ် ဧကရီ’ လို့ ခေါ်ရင် ပြောပြမယ်။ )
( အဓိပ္ပါယ် မရှိတာ၊ ပြောပါ မြန်မြန်။ )
( ငတုံး နံရံက၊ ပုံစံ တွေကို မြင်လား ... ။ )
( မြင်တယ် လေ ... ၊ ဒါက ဓားအမှတ် အသား တွေပဲ၊ ငါ သူတို့ကို တွေ့ထဲက သိတယ် နေတာပဲ။ )
လင်းယွန်မှ ပြန်ဖြေသည်။ ပုံစံ များမှာ၊ ရှုပ်ထွေးပြီး၊ ဓား အမှတ် အသား အဖြစ်သာ မြင်နိုင် ပေ၏။
( ဟား ဟား ဟား ... ၊ တကယ့် ငတုံးပဲ၊ နင့်ရဲ့ အရည် အချင်း လောက်နဲ့ ... ၊ ငါ့ ရှေ့မှာ ကြွားချင် နေသေးတယ်၊ ငါ ဒီနေ့ ...
... နင့်ကို ပညာ ပေးရမယ်၊ မဟုတ်လို့ နင်သာ အပြင် ထွက်တဲ့ အခါ ကျရင်၊ ငါ အရှက် ရလိမ့်မယ်၊ ဆက် ကြည့် ထား ... ။ )
ခရမ်းငယ် စကားကြောင့်၊ လင်းယွန်က နံရံအား ပြန်ကြည့် မိသည်။ ဓား အမှတ် အသား မှလွဲ၍၊ မမြင်နိုင် သေးချေ။ ခရမ်းငယ် ပြော သလို၊ သူက ငတုံး ဖြစ်နေပုံ ရ၏။
( ဘယ်လိုလဲ ... ၊ ငါတို့ရဲ့ ပါရမီရှင် လေးက ဘာကိုမှ မမြင်နိုင် ဖူးလား။ )
ခရမ်းငယ်က ညစ်ကျယ်ကျယ် ပြုံးလျက် ထပ်မေး လာသဖြင့်၊ လင်းယွန် ခမျာ၊ ရှက်ရွံ့ သွားသည်။
လင်းယွန်ထံ စိုက်ကြည့် နေသော ကျောက်ရုပ်မှာ၊ စိတ်မရှည် နိုင်တော့ချေ။ ဤလူငယ်သည် တစ်ယောက် ယောက်နှင့် စကား ပြောနေပုံ ရသော်လည်း၊ စကား တစ်ခွန်းမှ မထွက် လာချေ။
ထို့ကြောင့် ကျောက်ရုပ်က ရှေ့လှမ်းတက် လိုက်ပြီး၊
“ ဘာဖြစ် နေတာလဲ၊ ရွေးချယ်မှု မပြု လုပ်ရင်၊ ကျရှုံးသူ အဖြစ် မင်းကို မောင်းထုတ် ရလိမ့်မယ်၊ စာပိုဒ် တစ်ပိုဒ်လုံး ရွတ်ဆို နိုင်တာ နဲ့ပဲ၊ လုပ်ချင်ရာ လုပ်လို့ ရတယ် မထင်နဲ့။ ”
“ အဟဲ ... ခဏစောင့် ပါဦး၊ ကျေးဇူး ပြုပြီး ခဏစောင့် ပေးပါ။ ”
“ ဟမ့် ... ၊ ငါ မင်းကို နောက်ထပ် နာရီဝက် အချိန် ပေးမယ်၊ ငါ အမြင် အရ မင်း ကြောက်နေ တာပဲ၊ နာရီဝက် နေလို့မှ ရွေးချယ်မှု မလုပ်ရင်၊ တောင်ပေါ်က ပြန်ဆင်း သွားပါ။ ”ကျောက်ရုပ်မှ ဒေါသတကြီး ဆိုလာသည်။
“ ဖီးနစ် ဧကရီ ၊ ပြောပါ ... ၊ ”
လင်းယွန် တစ်ယောက် အလျင်လို လာ၏။
“ ဟဲ ဟဲ၊ အခု ... နင် ငါ့ကို ဧကရီလို့ ခေါ်လာပြီ၊ ဒါပေမယ့် ငါ့ရဲ့ ဘွဲ့ထူးကို အပြည့် အစုံ ခေါ်ပါ၊ ငါက ကောင်းကင်နဲ့ မြေကြီး ... ”
ခရမ်းငယ်က သူ့ဘွဲ့ အရှည် ကြီးအား ဟန်ပါ ပါဖြင့်၊ စတင် ရွတ်ဆို တော့သည်။
“ ကောင်းပြီ ... ကောင်းပြီ၊ ရပ်ပါတော့ ... ”
လင်းယွန်မှ ဟန့်တား လိုက်ပြီး၊
“ ... ကျောက်ရုပ်က မင်းကို မြင်ရင် အထင်သေး သွားမှာ၊ ဒါကို မင်းသိလား။ ”
“ ဟမ့် ... ၊ အဲဒီ ရုပ်သေး ရုပ်ကို ဂရုစိုက် စရာလား၊ ဒီဧကရီ ရှေ့မှာ ဘယ်သူက မာနကြီး ဝံ့တာလဲ၊ ဒီမှာ ကြည့် ...
... ဒီနံရံမှာ တိမ်၊ ကောင်းကင်၊ ကြယ်၊ ပင်လယ်နဲ့ လေ ရှိတယ်၊ ဒါက ဝါကျ ရှည်ကြီး မဟုတ်ဘူး၊ ပန်းချီကား တစ်ချပ်ပဲ။ ”
ခရမ်းငယ်က ရှင်းပြ လိုက်စဉ်၊ လင်းယွန် စိတ် အတွင်း၌ အတားဆီး တစ်ခု ကျိုးပေါက် သွား သကဲ့သို့၊ အလင်း တန်းများ ဝင်ရောက် လာသည်။
ကောင်းကင် ဓားကို မျက်လုံး အတွင်း လောင်းထည့်ကာ၊ နံရံအား ပြန်ကြည့်လိုက် မိ၏။
များမကြာခင် အက္ခရာ များက၊ စုတ်ချက် အဖြစ် ပြောင်းလဲ သွားပြီး၊ ပန်းချီကား တစ်ချပ် အသွင်၊ ဖြစ်ပေါ် လာသည်။
“ ဟေ့ ကျောက်ရုပ်ကြီး ... ၊ ငါ့ ရွေးချယ်မှု ပြီးပြီ။ ”
လင်းယွန်က စိတ် လှုပ်ရှားမှု များကို ထိန်းချုပ်လျက် အပြုံးဖြင့် ကျောက်ရုပ်အား လှမ်းပြော လိုက်သည်။
“ ပြော ... ၊ မင်း ဘာရွေး ထားလဲ။ ”
ကျောက်ရုပ်တုက လင်းယွန်ကို စိတ် မကြည် မလင်ဖြင့်၊ မေးလာ၏။
“ တစ်ခုမှ မရွေးဘူး။ ”
“ ဘာ ... ၊ မင်း ... ငါနဲ့ လာရှုပ် နေတာလား၊ အခု ချက်ချင်း ထွက်သွားစမ်း ... ။ ”
ကျောက်ရုပ်က ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက်ကို ထုတ်လွှတ် လိုက်ပြီး၊ သူ့ထံ လျှောက်လှမ်း လာသည်။
နဂါး သွေးလွှတ်ကြော နယ်ပယ်။ ယင်းကို မမျှော်လင့် ထားသော ကြောင့်၊ လင်းယွန် ခမျာ ထိတ်လန့် သွားသည်။
“ ဘာလို့ ဒေါသ ထွက်နေရ တာလဲ၊ နောက်ကို ပြန်ကြည့် ပါဦး။ ”
“ ငါ အရူး မဟုတ်ဘူး၊ မင်း ပြောတိုင်း လိုက်လုပ် စရာလား။ ”
သို့သော် တကျွီကျွီ မြည်သံ များကြောင့်၊ လင်းယွန် စကားများ အတိုင်း၊ ကျောက်ရုပ်မှ ပြန်လှည့် ကြည့်လိုက် မိသည်။
နံရံ ပေါ်၌ ပန်းချီကား တစ်ချပ် ဖွဲ့တည်ပြီး နေပြီ ဖြစ်ပြီး၊ ၎င်း အတွင်းမှ လူ တစ်ယောက် လှမ်းထွက် လာ လေသည်။
“ ဆရာ ... ”
ကျောက်ရုပ်က ချက်ချင်း ဒူးထောက် လိုက်သည်။ ပန်းချီကား ဖြစ်တည် လာသည်နှင့်၊ နံရံ ပေါ်ရှိ ဓားအမှတ် အသားများ အားလုံး၊ ပျောက်ကွယ် သွား၏။
ပန်းချီကား ထဲမှ၊ ထွက်လာသော ပုံရိပ် ရှင်က၊ လင်းယွန်အား ချက်ချင်း တိုက်ခိုက်လိုက် လေသည်။ လင်းယွန် ခမျာ၊ ပန်းသင်္ချိုင်း ဓားကို၊ ဆင့်ခေါ် ကာကွယ် လိုက်ရ၏။
“ ဝုန်း ... ။ ”
တိုက်ခိုက်မှုကို ခုခံ နိုင်ခဲ့ သော်လည်း၊ ခြေလှမ်း သုံးလှမ်း နောက်ဆုတ် ပေးလိုက် ရသည်။
( လင်းယွန် ... ၊ သူ့ကို မြန်မြန် အနိုင် ယူလိုက် ... ၊ နံရံ ပေါ်က စာပိုဒ်က တိမ်လွှာ ဓား သုတ္တန် ပဲ။ )
ခရမ်းငယ်မှ စိတ်လှုပ်ရှား လာပြီး၊ လက်ကို ဝှေ့ယမ်းလျက် အော်ဟစ် လိုက်သည် ။
တိမ်လွှာဓား သုတ္တန် သည်လော။ လင်းယွန်က နံရံကို အမြန် ပြန်ကြည့် လိုက်မိ သည်။
အလင်း ရောင်ကြောင့်၊ ရှင်းရှင်း လင်းလင်း မမြင်ရ သော်လည်း၊ ဓားသုတ္တန် တစ်ခု ဖြစ်နိုင် မည်ဟု၊ ယုံကြည် လာသည်။ ထို့စဉ် ပုံရိပ် ရှင်က ဓားနှင့် တိုက်ခိုက် လာပြန်၏။
“ ကောင်း တယ် ... ။ ”
လင်းယွန်မှ မျက်ဝန်းများ မှေးစင်းလျက်၊ တိုက်ခိုက်လာ သူကို တစ်ချက် ပြန်ကြည့်သည်။
စင်ကြယ်သော ဝိညာဉ်တော်ကို အသုံးပြု ထားသော်လည်း၊ တစ်ဖက် လူ၏ ဓား ဆန္ဒမှာ ကောင်းကင်ဓား မဟုတ်ခေျ။ ထို့ကြောင့် အနိုင် ယူရန် လွယ်ကူ နိုင်မည်။
ဆယ်ကြိမ် ပြီးနောက်၊ ပန်းသင်္ချိုင်း ဓားမှ နေနှင့်လ အလင်းများ စူးရှစွာ ဖြာထွက်လျက်၊ ကောင်းကင်ဓား ထွက်ပေါ် လာသည်။
ယင်းက တိုက်ခိုက် လာသူကို နှစ်ပိုင်း ပြတ်စေလျက်၊ ပန်းချီကား ဆီသို့ ပြန်သွားခိုင်း နိုင်ခဲ့သည်။
ထို့နောက် ပုံရိပ်မှာ၊ ပန်းချီကား အတွင်း မှနေ၍၊ သူ့ထံ လက်ညိုး ညွှန်လျက်၊ အလင်း တန်းဖြင့် ပစ်လွှတ် လာသည်။ ၎င်းမှာ၊ တိမ်လွှာ ဓား (၁၃) ချက်၏ ပထမဓား ဖြစ်၏။
သည့်နောက် ပန်းချီကား ထဲမှ လူက၊
“ နံရံမှာ ဝှက်ထားတဲ့ ပန်းချီ ကားကို၊ မင်းတွေ့ နိုင်တာ အံ့သြ စရာတော့ မဟုတ် ပါဘူး၊ မင်းမှာ ကောင်းကင် ဓားရှိ နေတာကိုး၊ ဒါပေမယ့် ဒါက မပြည့်စုံ သေးဘူး။ ”
“ စီနီယာ ပြောတာ မှန်ပါတယ်။ ”
ဤနေရာသို့ လာရ ခြင်းမှာ၊ ကောင်းကင်ဓားကို ပြီးမြောက် စေရန် အတွက်၊ ရည်ရွယ်သည်။
“ ဆရာ ... ။ ”
ယခု အချိန်ထိ၊ ဦးညွှတ်ဆဲ ဖြစ်သော၊ ကျောက်ရုပ်ထံ ပန်းချီကား ထဲမှ လူရိပ်က လှမ်း ကြည့်ပြီး၊
“ သူ့နောက်ကို လိုက်သွား၊ တောင်ပေါ်မှာ ဘာမှ မဖြစ် စေနဲ့။ ”
-ဟု အမိန့်ပေး လိုက်သည်။
သည့်နောက် ပန်းချီ ကားမှာ ပြန်၍ ပျောက်ကွယ် သွား၏။ ကျောက်ရုပ်က မတ်တပ် ထရပ် လိုက်ပြီး၊ လင်းယွန်အား လေးလေး စားစား နှုတ်ဆက် လာသည်။
“ မင်္ဂလာပါ ဆရာငယ်။ ”
“ ဆရာငယ် တဲ့လား။ ”
လင်းယွန်က ပန်းသင်္ချိုင်း ဓားကို ရုတ်သိမ်းလျက် ပြုံးပြ လိုက်သည်။ ‘ဆရာ’ အခေါ် ခံရ ခြင်းမှာ၊ ကေျနပ် စရာ ပေပင်။
“ ငါ့ ဘေးမှာ ရပ်နေဦး ... ။ ”
လင်းယွန်က ချက်ချင်း ထိုင်ချ လိုက်ပြီး၊ စိတ်ထဲရှိ အချက် အလက် များကို မှတ်သားရန် ပြင်လိုက်၏။
များမကြာခင် ဖြည်းညှင်းစွာ ပြန်ထရပ် လိုက်၏။ အချက် အလက် များကို အချိန်တို အတွင်း၊ အလွတ်ကျက် နိုင်ခဲ့ပြီ ဖြစ်သည်။
သို့သော် ဓား သုတ္တန်ကို ကျင့်ကြံလို ပါက၊ ဤစာပိုဒ် မျှနှင့်၊ မလုံ လောက်ချေ။ နောက်ထပ် စမ်းသပ်မှု များအား၊ ဖြတ်ကျော် ရပေ ဦးမည်။
***