မနာ လိုဖွယ် အခြေ အနေ။
Vol. 79 Ch. 1105
တစ်ချိန် တည်း မှာပင် ပြင်းထန်သော ဓားရည်ရွယ် ချက်အား ထိန်းချုပ်ပေး နေသည့်၊ ဂိုဏ်းချုပ် အနေ ဖြင့်လည်း၊ တစ်စုံ တစ်ရာ ထူးခြား နေသည်ကို၊ သတိပြုမိ လိုက်၏။
ထို့ကြောင့် လင်းယွန် တစ်ခုခု ဖြစ်သွား မည်အား စိုးရိမ် လာသည်။ တစ်နှစ် ပြီးနောက် လင်းယွန်မှာ၊ ဆရာ သခင်၏ တပည့် တစ်ဦး ဖြစ်ထိုက် စေရ မည်ဟု၊ ကတိခံ ထားသည်။
အစော အပိုင်း အခြေ အနေ များမှာ၊ လင်းယွန်၏ စွမ်းရည်များ အားလုံးကို ညှစ်ထုတ် လိုခြင်း ဖြစ်သည်။
ကျင့်ကြံမှုကြောင့် ဓား သူတော်စင် တောင်ပေါ်၊ ဝေးဝေး သွား နိုင်မည် မဟုတ် ကြောင်း၊ သူ သိသော်လည်း ရရှိမည့် အကျိုး ကျေးဇူးမှာ မခန့်မှန်း နိုင်ချေ။
သို့သော် လင်းယွန်သာ တစ်စုံ တစ်ရာ ဖြစ်ပွားခဲ့ ပါက၊ သူ့ ရည်မှန်းချက် ပျက်စီး သွားရ ပေလိမ့်မည်။
ဆရာ သခင်မှ တပည့် အသစ် လက်မခံ တော့သည်မှာ၊ ရာစုနှစ် တစ်ခု တိုင်ပြီ ဖြစ်သည်။ လွန်ခဲ့သော နှစ်တစ်ရာ ခန့်က၊ ကောင်းကင်ယံ ဂိုဏ်းအား သူက သွေးလွှမ်း စေခဲ့ သဖြင့်၊ ဆရာ သခင်မှာ၊ ထိုဆုံးဖြတ် ချက်ကို ချမှတ် လိုက်ခြင်း ဖြစ်၏။
ယင်းက သူ့ နှလုံးသားနှင့် ဆရာ သခင်၏ နှလုံးသားကို နှောင်ကြိုးထုံး တစ်ခု ဖြစ်လာစေ ခဲ့သည်။
သူ ဟူသည် ဆရာ သခင်၏၊ အတော်ဆုံး တပည့် တစ်ဦး မဟုတ် သော်လည်း၊ အရေးပါ သော အခန်း ကဏ္ဍ၌၊ ရှိနေ သေးပေ၏။
သို့သော် ယခု အချိန်၌ ဆရာ သခင်မှာ၊ တပည့် အသစ် တစ်ဦးကို ခေါ်ယူရန် ဆုံးဖြတ် လိုက်ပြီ ဖြစ်သည်။
ထို့ကြောင့် လင်းယွန်အား အရှေ့ပိုင်း ပျက်သုဉ်းခြင်း နယ်မြေ၏၊ အသန်မာ ဆုံးသော ဓားသူတော်စင် ဘွဲ့ကို၊ အမွေ ဆက်ခံခွင့် ရအောင်၊ သွေးယူ ပေးရ ပေမည်။
သို့မှသာ သူ့ နှလုံးသားနှင့် ဆရာ သခင် နှလုံးသား၏ နှောင်ကြိုးမှာ ပြေလျော့ လာမည် ဖြစ်သည်။
လင်းယွန်၌ ပြဿနာ တစ်ခု ခုကို ရင်ဆိုင် နေရကြောင်း နားလည် မိသော်လည်း၊ ကူညီရန် အစီစဉ် မရှိချေ။
“ ကောင်လေး ... ၊ မင်းမသေ ပါနဲ့။ ”
-ဟုသာ ဆုတောင်း မိသည်။
အမှန်တွင် လင်းယွန်မှာ သူ စိုးရိမ်နေ သကဲ့သို့ မဟုတ်ချေ။ ပျော်ရွှင်စွာ ကျောက်တုံး ကြီးနှင့်၊ စကား ပြော နေခဲ့သည်။
ကျမ်း စာပိုဒ်ကို ကျက်မှတ် ပြီးနောက်၊ ကျောက်ရုပ်ထံ ပြန်ကြည့်ပြီး၊ ‘ မင်း နာမည် ဘယ်လို ခေါ်လဲ၊’ -ဟု မေးလိုက်သည်။
“ နာမည်က ကျောက်တုံး ကြီးပါ ဆရာငယ်။ ”
ကျောက်တုံးကြီးမှ ဆရာ ခေါ်ခြင်းကို၊ ကျေနပ် နေမိ၏။ ထို့ကြောင့် လင်းယွန် ခမျာ တပြုံးပြုံး ဖြစ်နေ တော့သည်။
“ မင်း ... ငါ့ကို၊ စောစောက မောင်းထုတ်ချင် နေတာ မဟုတ်လား။ ”
“ အဲဒီလို မလုပ်ဝံ့ ပါဖူး ဆရာငယ် ။ ”
ကျောက်တုံး ကြီး၏ ဆရာ တစ်ခွန်း ခေါ်သံ ကြားလိုက်တိုင်း၊ လင်းယွန် အပြုံးမှာ ပို၍ ပီပြင် လာ လေသည်။
“ ငါ ... ၊ ဒုတိယ စမ်းသပ်မှု ဆီကို သွားတော့မယ်။ ”
လင်းယွန်က ရှေ့သို့ လှမ်းတက် လိုက် သည်နှင့်၊ ကျောက်တုံး ကြီးမှာ အပြေး အလွှား လိုက်ပါ လာတော့သည်။
“ မင်းက ... ငါ့ နောက်ကို လိုက်မို့လား။ ”
“ ဟုတ်ကဲ့ ... ၊ ဆရာငယ်ကို ဂရုစိုက်ဖို့၊ ဆရာ ကြီးက အမိန့်ပေး ထားပါတယ်။ ”
“ ဒါဆို မြန်မြန် လာ။ ”
လင်းယွန်မှာ ခေါင်းညိတ် လိုက်မိသည်။ ကူညီရန် လိုက်ပါ လာခြင်းအား မောင်းထုတ် နေစရာ အကြောင်း မရှှိချေ။
လမ်း တစ်လျှောက် အကန့် အသတ် မရှိသော ဓားဆန္ဒကို ခံစား နိုင်၏။ ထို့ကြောင့် လေထု အတွင်းရှိ ဖိအားမှာ၊ ပို၍ သိပ်သည်း လာသည်။
ယဲ့ဇီလင်မှ ဤစမ်းသပ်မှု သုံးခုကို သူ ဖြတ်ကျော် နိုင်မည် မဟုတ်ကြောင်း၊ ထင်ကြေး ပေးခဲ့ သည်မှာ၊ လွန်အံ့ မထင်ချေ။
စမ်းသပ်မှု မဆိုနှင့်၊ တောင်၏ ဖိအား သည်ပင်၊ အင်ပါရီယန် တစ်ပါး မဟုတ်သော် ခုခံရန် ခက်ခဲ ပေ၏။
ထို့ကြောင့် ဖိအားကို လျော့ချရန်၊ ကောင်းကင် ဓားအား ထုတ်ဖော်ရန်၊ ကြံရွယ် လိုက်စဉ်၊ ကျောက်တုံး ကြီးက သူ့ရှေ့ လှမ်းတက် လာသည်။
“ ဆရာငယ်၊ ငါ့ နောက်က လိုက်ခဲ့ပါ။ ”
ကျောက်တုံး ကြီးမှ၊ နဂါး သွေးလွှတ်ကြော နယ်ပယ် ရောင်ဝါအား ထုတ်ဖော်လျက်၊ ဖိအား များကို၊ လွှဲပြောင်း ယူကာ၊ ရှေ့မှ ဦးဆောင် လေသည်။
ဤသည်မှာ အနောက် တံခါးမှ၊ ဝင်ခြင်း ဖြစ်သော်လည်း၊ လင်းယွန်မှ ဂရု မစိုက်ချေ။ ဤသို့ ကူညီရန် တောင်ဆို ခဲ့ခြင်း မဟုတ် သဖြင့်၊ အပြစ်လွတ် နိုင်ပေမည်။
( ဟမ့် ... ၊ နင်မှာ အရှက် မရှိ ဖူးပဲ၊ ဒီကျောက်တုံး ကောင်လေးကို အသုံးချ နေတယ်။ )
ခရမ်းငယ်မှ လင်းယွန်၏ ကံကောင်းမှု အပေါ်၊ မနာလို ဟန်ဖြင့်၊ နှာခေါင်းရှုံ့ လိုက်လေ သည်။
လင်းယွန်က သူမအား လျစ်လျူရှု ထားသည်။ ပတ်ဝန်းကျင်ရှိ ဓား ရည်ရွယ်ချက် အပေါ် အာရုံ စိုက်ပြီး၊ အနှစ် သာရကို သုံးသပ် နေခဲ့၏။
ဤနည်းဖြင့် ကောင်းကင် ဓားမှာ ပို၍ ကျွမ်းကျင် လာသည်။ တောင်ထိပ် အထိတိုင် တက်လှမ်း နိုင်ပါက၊ ပြီးမြောက် နိုင်ပေ၏။
ထို့ကြောင့် မျက်လုံးများ တောက်ပ လာသည်။ နောက်ထပ် စမ်းသပ်မှု ထံသို့ ရောက် ရှိရန်၊ အချိန်သိပ် မကြာ လိုက်ချေ။
ယခု အကြိမ်၌ ပထမ အကြိမ် ထက်ပင်၊ ပို၍ မြန်ဆန် နေခဲ့သည်။ ထို့နောက် ဒုတိယ မြောက် ကျောက်တုံးကြီး သည်လည်း၊ သူ့နောက် လိုက်ပါ လာ၏။
ဒုတိယ အကြိမ် စမ်းသပ်မှု အပြီးတွင် ဖိအားမှာ၊ ပို ပြင်းထန် သဖြင့်၊ ကျောက်တုံးကြီး နှစ်ကောင်မှ ရင်ပေါင် တန်းလျက်၊ ဖြေရှင်း ပေးရ လေသည်။
တောင်ပေါ်မှ သားရဲ အချို့ ပြေးဝင် တိုက်ခိုက် လာကြ သော်လည်း၊ ကျောက်တုံး ကြီးများ ကပင်၊ ဖြေရှင်း ပေးခဲ့သည်။
ဤမြင်ကွင်းအား ယဲ့ဇီလင်သာ မြင်ခွင့် ရပါက၊ မည်မျှ ဒေါသ ထွက်နေ မည်ကို စိတ်ကူး မယဉ် နိုင်ချေ။
“ ဟား ဟား ဟား ... ။ ”
လင်းယွန် ရယ်သံက၊ ခရမ်းငယ်ကို ခံရ ခက်လာ စေ၏။ သည်းမခံ နိုင်တော့ သဖြင့်၊ လက်သီး သေးသေး လေးကို ဆုပ်လျက်၊ အံကြိတ် လိုက်သည်။
လင်းယွန် တစ်ယောက် ဓား သူတော်စင် တောင်ပေါ် ရောက်ရှိ သွားသည်မှာ၊ လေးနာရီ ကြာမြင့်ပြီ ဖြစ်သည်။
ထို့ကြောင့် တပည့် များစွာက၊ အခြေ အနေကို စတင် ဆွေးနွေး လာကြ လေသည်။ တောင်ကြီးအား မမြင်ရ သဖြင့်၊ ရလာဒ် အပေါ်၊ ခန့်မှန်း ခြင်းသာ ဖြစ်သည်။
“ လင်းယွန် ... ၊ ပထမ အဆင့်ကို ဖြတ်သွား ပြီလား။ ”
“ ပြောရ ခက်တယ် ... ၊ လေးနာရီ တောင် ရှိပြီ ဆိုတော့ ... ၊ သူ့ ပိတ်မိ နေတာ များလား၊ တကယ်လို့ သူသာ၊ ...
... ပထမ စမ်းသပ် မှုကို၊ အောင်အောင် မြင်မြင် ဖြတ်ကျော် နိုင်ခဲ့ရင်၊ ဖြစ်စဉ် တစ်ခု ထွက်ပေါ် လာ လိမ့်မယ် … ။ ”
“ ဟား ဟား ဟား ... ၊ သူက ပထမ စမ်းသပ်မှု ကိုတောင် မအောင် ခဲ့ရင်တော့ ... သနား စရာ ပါပဲ။ ”
တပည့် များစွာ၏ အချင်းချင်း ဆွေးနွေးသံ များကြောင့်၊ တိမ်လွှာ နန်းတော် အတွင်း လေ ထုမှာ၊ လှုပ်ခတ် လာသည်။
“ အစ်မ ယဲ့ ... ၊ စမ်းသပ်မှုက တော်တော် ခက်လား။ ”
နဂါးလေးအား ပွေ့ဖက် နေလျက်မှ၊ ဝမ်ယုဝါက မေးသည်။ လေးနာရီ ကြာသည့် တိုင်အောင်၊ သဘာဝ ဖြစ်စဉ် များကို၊ မမြင် ရသေး သဖြင့်၊ ယဲ့ဇီလင်၏ စိတ် အခြေမှာ များစွာ တိုးတက် လာသည်။
“ အင်း ခက်တယ် ... ၊ ဓားတာအို အပေါ်၊ နက်နက် ရှိုင်းရှိုင်း နားလည် ရမဲ့ အပြင်၊ ခွန်အား ရှိဖို့လည်း လိုတယ်၊ ကြယ်စင်စု နယ်ပယ်က အင်ပါ ရီယန် တွေတောင် မလွယ်ဘူး။ ”
“ ဒါဆို အစ်ကို ယွန်က၊ ပထမ စမ်းသပ်မှု ကိုတောင်၊ အောင်ဖို့ မလွယ် ဖူးပေါ့။ ”
“ အမှန်ပဲ ... ၊ သူ့ အရည် အချင်းနဲ့ ကျောက်နံရံက ဝါကျတို တစ်ကြောင်းကို သေချာပေါက် ရှာတွေ့ နိုင်ပေမယ့် ...
... အဲဒါကို ရွေးလိုက် ရင်တော့၊ ကိစ္စရှိ သွားပြီ၊ သူ့ရဲ့ စစ်မှန်တဲ့ ခွန်အားက ကောင်းကင် ဝိညာဉ် နယ်ပယ် မှာပဲ ရှိသေးတယ်။ ”
ယဲ့ဇီလင်က ယုံကြည်မှု အပြည့်နှင့် ပြုံးကာ ဆိုလိုက်သည်။ ထို့နောက် ဝမ်ယုဝါ ရင်ခွင် ထဲရှိ၊ ကြောင်နက်အား ကြည့်ကာ၊
“ ဒီကြောင်က ... သူ့ သခင်၊ ညှဉ်းပန်း နှိပ်စက် ခံနေရ ချိန်မှာ၊ ဘယ်လိုများ အိပ်စက် နေနိုင် ရတာလဲ။ ”
“ အ ... ”
ဝမ်ယုဝါက ထိုစကားကို ကြားသော အခါတွင်၊ ထိတ်လန့် သွားပြီး၊
‘အစ်မ ယဲ့ ... ၊ အစ်ကို ယွန်ကို သွား ကူညီ ပေးပါ။’
- ဟု တောင်းဆို လိုက်သည်။
“ မကူညီ နိုင်ဘူး ... ၊ သူက အရူးပဲ၊ ငါနဲ့တောင် လောင်းကြေး ထပ်ဝံ့ သေးတယ်၊ စိတ် မပူ ပါနဲ့၊ သေတော့ သေမှာ မဟုတ်ဘူး၊ အရှက် ကွဲရုံ လေးပါ။ ”
သို့သော် ဤအခိုက် အတန့်တွင်၊ လျှပ်စီး တိမ်လွှာ ဂိုဏ်း တစ်ခုလုံး ကြားရ စေသည့်၊ ဓား မြည်သံ တစ်သံ၊ ထွက်ပေါ် လာသည်။
ဓား မြည်သံက လူတိုင်း၏ သွေးများကို ပွက်ပွက်ဆူ လာစေသည်။ ယင်းက ယဲ့ဇီလင် မျက်နှာကို ပြောင်းလဲ သွားစေ၏။
တစ်ချိန်တည်း မှာပင်၊ အပြာရောင် အလင်းတန်း တစ်ခုက၊ ဓားသူတော်စင် တောင် ကြီးကို လှည့်ပတ်လျက်၊ ကောင်းကင်ပေါ် ပျံတက် လာသည်။
၎င်းကို ကြည့်ခြင်း အားဖြင့်၊ နတ်ဘုရား သားရဲ တစ်ကောင် ဖြစ်သော ငှက်ပြာလေး ဖြစ် သည်ကို၊ နားလည် လိုက်၏။
“ ငှက် ပြာ လေး ... ။ ”
“ သူ ... ၊ ပထမ စမ်းသပ်မှုကို အောင်သွားပြီ။ ”
ငှက်ပြာ လေးသည် တိမ်လွှာဓား (၁၃) ချက်၏၊ ဝိညာဉ်တော် ဖြစ်ပြီး၊ တစ်စုံ တစ်ဦးမှ စမ်းသပ်မှု တစ်ခု အောင်မြင်သော အခါတွင်၊ ပေါ်လာမည် ဖြစ်သည်။
“ အစ်မ ယဲ့ ... ၊ အစ်ကို ယွန် အောင်သွားပြီ။ ”
“ ဘာကို ဒီလောက် ပျော်နေ တာလဲ၊ ဒါက ပထမဆုံး စမ်းသပ်မှု လေးကိုး။ ”
ခုန်ပေါက် နေသော ဝမ်ယုဝါအား၊ လှည့်ကြည့်ပြီး ယဲ့ဇီလင်မှ ငေါက်ငမ်း လိုက်၏။ သို့သော် များ မကြာခင် မှာပင်၊ ဓား ခုတ်သံများ နှင့်အတူ၊ တောင်ကြီး တစ်ခုလုံး တောက်ပ လာ တော့သည်။
ထို့နောက် ငှက်ပြာလေးမှာ၊ ကောင်းကင် ပေါ်သို့ ပျံတက် လာသဖြင့်၊ လူတိုင်း ထိတ်လန့် ကုန်၏။
“ ဘာဖြစ် တာလဲ၊ နောက် တစ်ကြိမ် အောင်မြင်သွား ပြန်တာလား။ ”
“ ဒါက ... ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ၊ ဒုတိယ အဆင့်ကို ဒီလောက် မြန်မြန် အောင်မြင် နိုင်စရာ လား။ ”
ယဲ့ဇီလင် အပါ အဝင် လူတိုင်း၊ မျက်မှောင်ကြုတ် မိသည်။ ကောင်းကင် ဝိညာဉ်၊ ကျွမ်းကျင်သူ တစ်ဦး အနေဖြင့်၊ အနည်းဆုံး တစ်နာရီခန့် အချိန် ယူရ ပေမည်။ ယခုမူ နာရီဝက် မျှသာ ကြာပေသည်။
ထို့စဉ် နောက်ထပ် တတိယမြောက် ငှက်ပြာလေး တစ်ကောင်၊ ပျံဝဲ လာပြန်၏။ ယင်းက ယဲ့ဇီလင်အား၊ ထိတ်လန့် စေသည်။
တက်နိုင် သမျှ အနီးကပ် ကြည့်ရှုရန်၊ လူအုပ်ကြီး၏ ရှေ့ဆုံးသို့ ပျံသန်း သွားလိုက် သည်။ အပြာရောင် ငှက်ကလေး သုံးကောင်မှာ၊ အမှန်ပင် ပျံဝဲ နေ၏။
ကြည့်နေဆဲ မှာပင် နောက် တစ်ကောင် ထွက်ပေါ် လာသဖြင့်၊ တိမ်လွှာ နန်းတော် တစ်ခု လုံး၊ အသံ မထွက် နိုင်တော့ချေ။
ယင်းမှာ အဆုံးသတ် မဟုတ်ဘဲ၊ များ မကြာခင် နောက်ထပ် (၄)ကောင် ကောင်းကင် ပေါ်၊ ပျံတက် လာပြန် သည်။
လူတိုင်းကို ထိတ်လန့် သွားစေသည့် အမြန်နှုန်း မျိုးဖြင့်၊ ရှစ်ကြိမ်မြောက် စမ်းသပ်မှု ထိတိုင်၊ ဆက်တိုက် ဖြတ်ကျော် သွား၏။
“ ..... ။ ”
နောက်တစ်ကောင် ထွက်ပေါ် လာချိန်၌၊ တပည့် များမှာ၊ ဣန္ဒြေ မစောင့်ထိန်း နိုင်တော့ ချေ။ ဝူးဝူး ဝါးဝါး အော်ဟစ်လျက်၊ လူတိုင်း ယောက်ယက်ခတ် လာတော့သည်။
ဤသည်မှာ ယဲ့ဇီလင်၏ စံချိန်ကို ဖြတ်ကျော် သွားပြီ ဖြစ်သည်။
“ အစ်မ ယဲ့ ... ကြည့်စမ်း၊ အစ်ကို ယွန်က ... တကယ့်ကို မယုံနိုင် စရာပဲ၊ နဝမမြောက် စမ်းသပ်မှု ဖြတ်ကျော် သွားပြီ။ ”
ဝမ်ယုဝါ မျက်လုံး များမှာ၊ စိတ်လှုပ်ရှား မှုကြောင့် နီရဲ လာ၏။ တစ်ဖက်တွင် ယဲ့ဇီလင် ခမျာ၊ မပျော် နိုင်ချေ။
မေးရိုးများ ထောင်ထ နေသည် အထိ၊ လက်သီးကို တင်းတင်း ကြပ်ကြပ် ဆုပ်ကိုင် လိုက်သည်။
ဒဿမ အဆင့်ကို အောင်မြင် သွားပါက၊ ဤလင်းယွန်မှာ သူမထက် သာလွန် သွားမည် ဖြစ်သည်။
သို့သော် သူတို့၏ လောင်းကြေး အရ၊ စမ်းသပ်မှု (၁၃) ခုလုံးကို မအောင်မြင် သ၍၊ လင်းယွန်မှာ အရှုံး သမား ဖြစ်ပေမည်။
မည်သို့ပင် ဆိုစေ ကာမူ၊ ကောင်းကင်ရှိ ငှက်ပြာလေး (၉) ကောင်မှာ၊ သူမအား စိတ် မသက် မသာ၊ ဖြစ်လာ စေတော့သည်။
***