← Chapters

လမ်းဆုံး။

Vol. 79 Ch. 1106

လမ်းဆုံး။

Vol. 79 Ch. 1106

လူတိုင်း စိတ်အား ထက်သန် စွာဖြင့်၊ ကောင်းကင်ပေါ် စောင့်ကြည့် နေစဉ်၊ ဂိုဏ်းချုပ် အနီးသို့၊ အကြီးအကဲ အဖွဲ့ ရောက်ရှိ လာသည်။

“ ဂိုဏ်းချုပ် ... ၊ လင်းယွန်က ... ကိုးကြိမ်မြောက် စမ်းသပ်မှုကို အောင်မြင် သွား ပါပြီ။ ”

၎င်းအသံ၌ စိတ်လှုပ်ရှား မှုမှာ၊ ဖုံးကွယ် မရချေ။ လင်းယွန် အဟုန်မှာ၊ သူတို့ နှလုံးသား ကို၊ တဒိတ်ဒိတ် ခုန်စေသည်။

ယဲ့ဇီလင်ပင် ထို ကိုးကြိမ် မြောက် စမ်းသပ်မှုကို ဖြတ်ကျော်ရန်၊ သုံးရက် အချိန်ယူ ခဲ့ရ၏။

“ ငါ သိတယ် ။ ”

ဂိုဏ်းချုပ်မှ တည်ငြိမ်စွာ ပြန်ပြောလိုက် သော်လည်း၊ သူ့မျက်လုံး များရှိ ရွှင်မြူး နေသော အရိပ် အယောင် များကို၊ ဖုံးကွယ် မရ ခဲ့ချေ။

“ အကြီး အကဲ တွေက အထဲကို၊ လိုက်ဝင် ကြည့်ချင် နေကြတယ်၊ ဒါပေမယ့် ဘယ်သူမှ ဝင် လို့ မရဘူး ။ ”

အကြီး အကဲ တစ်ဦးက သတင်းကို ဆက်ပြီး၊ တင်ပြ ပေးသည်။

“ ထား လိုက်ပါ ... ။ ”

ဂိုဏ်းချုပ်မှ ဆိုလိုက် သော်လည်း၊ အကြီးအကဲ များ အနက်၊ အကြီး အကဲ တစ်ဦး က၊

“ ဂိုဏ်းချုပ် ... ၊ လင်းယွန် တောင်ထိပ်ကို တကယ် တက်နိုင် ပါ့မလား။ ”

-ဟု စိတ် လှုပ်ရှားစွာ မေးလေသည်။

လင်းယွန်နှင့် ယဲ့ဇီလင်၏ လောင်းကြေးကို ပြန်၍ သတိရ သွားခြင်း ဖြစ်သည်။ လင်းယွန်မှာ ဤမျှ ကြောက်စရာ ကောင်းနေလိမ့် မည်ဟု၊ မထင် မိချေ။

တစ်ခု တည်းသော ဆန္ဒမှာ၊ လင်းယွန် တောင်ထိပ်သို့ တက်ရောက် သွားနိုင် မည်ကို၊ စိုးရိမ် လာခြင်း ဖြစ်သည်။

“ ဂိုဏ်းချုပ်၊ အရင်က တောင်ထိပ်ကို ရောက်ဖူးတဲ့ လူ ရှိလား။ ”

နောက်ထပ် အကြီး အကဲ တစ်ယောက်က စပ်စု လာသည်။ မည်သူမျှ တောင်ထိပ် မရောက် နိုင်ခဲ့ သည်မှာ၊ နှစ် (၁၀၀၀) ရှိပြီဟု သိထား သော်လည်း၊ အတည်ပြု လိုသေးသည်။

ဤတောင်တန်း ကြီးမှာ၊ သူတို့ လျှပ်စီး တိမ်လွှာဂိုဏ်း ထက်ပင်၊ ပို၍ သက်တမ်း ရှည် လှ၏။

၎င်းတွင်၊ လျှို့ဝှက်ချက် များစွာ ရှိနေ သောကြောင့်၊ အပြာရောင် စံအိမ် နယ်မြေရှိ၊ ဂိုဏ်း များစွာမှ မျက်စိကျ ချေသည်။

“ လျှပ်စီး တိမ်လွှာ ဂိုဏ်းရဲ့ ... ၊ ဘယ်တပည့်မှ ဒသမ အဆင့် ကိုတောင် မအောင်မြင်ခဲ့ ဖူးဘူး။ ”

ဂိုဏ်းချုပ်၏ စကားကြောင့်၊ အကြီး အကဲများ အသက်ရှူ ချောင်သွား၏။ သို့သော် စကား အသွား အလာ အရ၊ အပြင်လူ တစ်ဦးမှ ဖြတ်ကျော် နိုင်ခဲ့ သည်ဟု၊ အဓိပ္ပါယ် ရသည်။

“ လင်းယွန်က တောင်ထိပ်ကို မတက် နိုင်ဘူး၊ မင်းတို့ ဆင်းပြီး စောင့်ကြည့်ထား။ ”

ဂိုဏ်းချုပ်မှ အမိန့် ပေး၏။ မည်သည့် အရာက၊ ဂိုဏ်းချုပ်အား ဤသို့ သေချာစေ သည်ကို၊ အကြီး အကဲများ မသိချေ။ ဦးညွှတ် လျက် ချက်ချင်း ထွက်ခွာ လိုက်မိသည်။

“ ဒီကောင်လေးက တကယ့်ကို အံ့သြ စရာပဲ ... ။ ”

သူ့ ခြေထောက် အောက်ရှိ၊ တောင်တန်း ကြီးကို ကြည့်ကာ၊ ဂိုဏ်းချုပ်မှ တစ်ဦးတည်း ရေရွတ် လိုက် လေသည်။

မျက်လုံး အတွင်း၊ ဓား ရည်ရွယ်ချက်ကို ထည့်သွင်းထား သော်လည်း၊ ထိုတောင် ပေါ်ရှိ မြူ များအား၊ ဖောက်မမြင် နိုင်ခဲ့ချေ။

အပြောင်း အလဲ အချို့ ကိုသာ ခံစား နိုင်သည်။ ယင်းက လင်းယွန် တစ်ယောက် တောင်၏ လျှို့ဝှက် ချက်အား၊ ရှာတွေ့ သွားခြင်း ဖြစ် ပေမည်။

မည်သို့ပင် ဆိုစေ ကာမူ၊ နောက်ဆုံး စမ်းသပ်မှု သုံးခုမှာ၊ လွယ်ကူမည် မဟုတ် ကြောင်း၊ သူ သိသည်။

ထိုအချိန်တွင် လင်းယွန်မှာ၊ ဒသမ စမ်းသပ်မှုအား၊ တစ်နာရီ ကြာအောင် ဖြေဆို နေရသည်။

ဤနည်းဖြင့် ဒသမမြောက် တိမ်လွှာ ဓားအား ထပ်မံ ရရှိ လိုက်၏။ နောက်ထပ် ဖြေဆိုရန် သုံးခုသာ ကျန်ရှိ တော့သည်။

“ ဆရာငယ် ... ၊ နောက်ဆုံး စမ်းသပ်ချက် သုံးခု ရှိသေးတယ်၊ ဒါပေမယ့် ... ငါတို့ ဆက်ပြီး မလိုက် နိုင် တော့ဘူး။ ”

လင်းယွန် ရှေ့၌ လေးလေး စားစား ဦးညွှတ်လျက်၊ ကျောက်တုံးကြီး (၁၀) ကောင်မှ ဆိုလာသည်။

လမ်း တစ်လျှောက်၊ ၎င်းတို့ ထံမှ အကူ အညီ၊ များစွာ ရရှိခဲ့သည်။ ကျမ်းစာပိုဒ် တိုင်းကို၊ အလွတ်ကျက် နိုင်ပြီး၊ နောက်ဆုံး အပိုင်း သုံးပိုင်းသာ၊ ကျန်ရှိ တော့သည်။

ထိုအရာ ကိုသာ မရ ပါက၊ တိမ်လွှာဓား သုတ္တန်အား ကျင့်ကြံရန် မဖြစ် နိုင်ချေ။ ယင်းက ရရှိ ထားသော ကျမ်းစာပိုဒ် (၁၀)ပိုဒ်အား၊ စွန့်ပစ် ရမည်ဟု အဓိပ္ပါယ် ရချေပြီ။

ယဲ့ဇီလင် တစ်ယောက် နဝမမြောက် စမ်းသပ်မှု ကိုသာ အောင်မြင်ခဲ့ သော်လည်း၊ အထင်ကြီး စရာ ပေပင်။

သို့သော် ထို့ထက် ပို၍ အရေးကြီး သည်မှာ၊ တောင်ထိပ် ပေါ်သို့ သူ ခြေချ နိုင်ရန် ဖြစ်သည်။ ရရှိ ထားသော ဓားများမှာ၊ ဓားသုတ္တန် ရှိမှသာ အစွမ်းထက် နိုင်ပေမည်။

“ ပန်းချီကား ထဲက မင်းရဲ့ ဆရာက၊ ငါ့နောက်ကို လိုက်ဖို့ ညွှန်ကြား ထားတယ် မဟုတ်လား။ ”

ကျောက်တုံးကြီး များမှာ၊ သူ့အတွက် လမ်း ရှင်းရာ၌ များစွာ အသုံးဝင် သဖြင့်၊ လက်မလွှတ် လိုချေ။

“ ဒါပေမယ့် ... ၊ ငါတို့ လမ်းဆုံးကို ရောက်နေပြီ၊ ပြီးတော့ ဒီတောင်က အရမ်း မြင့်တယ်။ ”

ကျောက်တုံးကြီး တစ်ကောင်က ဆိုသည်။

“ နေပါဦး ... ၊ နောက်ထပ် စမ်းသပ်မှု သုံးခုတောင် ကျန်သေး တယ်လေ၊ ငါတို့ ဆက် သွားရမှာ ပေါ့ ... ။ ”

“ ဒီတောင်က ... ၊ အရမ်း မြင့်တယ်။ ”

ကျောက်တုံးကြီး များမှာ၊ လင်းယွန်အား လေးစားဆဲ ဖြစ်သော်လည်း၊ ဤတောင် မြင့်မား သည်ကိုသာ၊ သတိပေး နေခဲ့သည်။

“ ကောင်းပြီ ... ဒါဆိုလည်း ပြန်ကြပါ၊ ဒီနေရာ အထိ၊ ကူညီပေး ခဲ့တဲ့ အတွက်၊ အားလုံး ကို ကျေးဇူး တင်ပါတယ်။ ”

နှုတ်ဆက်ကာ လှည့်ထွက် သွားသော၊ ကျောက်တုံး ကြီးများကို အချိန် အတော်ကြာ သည့်တိုင်၊ ရပ်ကြည့် နေမိသည်။

လွန်ခဲ့သော နှစ်ပေါင်း ရာဂဏန်း ခန့်က၊ ဤနေရာ၌ သူ့ ကဲ့သို့ လူငယ် တစ်ဦး ရပ်နေခဲ့ ဖူးမည်ကို၊ သတိ ရလာ၏။

မျက်ဝန်းများ တောက်ပ လာပြီး၊ ရှေ့အား မျှော်ကြည့် လိုက်သည်။ ထိုလူငယ်မှာ ဧကာ ဒသမ စမ်းသပ်မှုသို့၊ သွားရာ လမ်း မရှိကြောင်း၊ ဆိုထားသည်။

ထို့ကြောင့် နှစ်ပေါင်း တစ်ထောင် တိုင်အောင်၊ မည်သူမျှ သည်ထက် ပို၍ မသွား နိုင်ခြင်း ဖြစ်ချေ၏။

တစ်ချိန်တည်း မှာပင် ကျောက်တုံးကြီး များ၏ စကား အရ၊ သည်နေရာ လမ်းဆုံး မဟုတ် သေးမှန်း၊ သူ နားလည် ထားသည်။

“ ငါ ဆက်လျှောက် ရမယ်။ ”

အတွေးများ ရုတ်သိမ်းလျက်၊ ဆက် လျှောက်လာ ခဲ့သည်။ သို့သော် များ မကြာခင် အမှန်ပင် လမ်းဆုံး သွား၏။တောင်တက်ရာ လမ်းအား၊ အဆုံးမဲ့ နက်ရှိုင်း လွန်းသော ချောက်ကမ်းပါး တစ်ခုဖြင့်၊ ကာဆီး ထားသည်။

ချောက်ကမ်းပါး အတွင်းမှ၊ လျှံတက် တက်လာသော လေထု၌၊ အပျက် သဘော ဆောင်သည့်၊ အငွေ့ အသက်များ ပါဝင် နေသည်။

ယင်းကြောင့် လေကို ရှူရှိုက် မိရုံဖြင့်၊ ကျောရိုး တစ်လျှောက် စိမ့်တက် သွားလေရာ၊ ချက်ချင်း ပြန်ဆုတ် လိုက်မိသည်။ သို့မှသာ ချောက်ကမ်းပါး ပျောက်ကွယ် သွားပြီး၊ တိမ်များ အလယ် ပြန်ရောက် လာ၏။

“ ဘာ လဲ ဟ ... ။ ”

မျက်နှာ တစ်ပြင်လုံး ဖြူဖျော့လျက်၊ အနည်းငယ် တုန်ယင် လာသည်။ ကျောက်စရစ် တစ်လုံးအား ကောက်ကာ၊ ရှေ့သို့ ပစ်ထုတ် လိုက်၏။

“ ဝှစ် ... ။ ”

ကျောက်စရစ် ခဲမှာ၊ မည်သည့် တုန့်ပြန်မှု မျိုးကိုမှ မခံစား ရဘဲ၊ ခေျာက်ထဲ ပြုတ်ကျသွား သည်။ အမှန်ပင် လမ်း မရှိတော့ ပုံ ရ၏။

“ ဒါက ပုံရိပ်ယောင် အစီရင် များလား။ ”

မေးစေ့ကို ပွတ်လျက် တစ်လှမ်း၊ တိုး မိသည်။ ချောက်ကမ်းပါးမှာ နောက် တစ်ကြိမ် ပေါ်လာ ပြန်၏။

ဤအခိုက်တွင် မည်သူမျှ တောင်ထိပ်ပေါ် မရောက် ရသည့်၊ အကြောင်း အရင်း အမှန်ကို နားလည် လာ မိသည်။ အံ့သြ စရာ မရှိချေ။ သူ သည်သာ ပလွှားခဲ့ ပုံရ၏။

ယဲ့ဇီလင်သာ သိပါက၊ သူ့အား ရယ်မော ပေလိမ့်မည်။ ထိုအတွေးက တိုက်ပွဲဝင် ဆန္ဒ များကို၊ လောင်ကျွမ်း သွား စေ၏။

“ လင်းယွန် ... နင် ဘာကို ကြောက်နေ တာလဲ၊ ငါ တစ်ယောက်လုံး ရှိတယ်၊ ဆက်သွား စမ်းပါ။ ”

“ မင်း ဒီလောက် ... ၊ အစွမ်းထက် နေရင်လည်း၊ ဘာလို့ ငါ့ပေါ်က လိုက်နေ တာလဲ၊ ထွက်လာပြီး ရှေ့က သွား ပြ လေ။ ”

“ ဟမ့် ... ၊ ငါက ဘာလို့ နင့်ကို လမ်းပြ ရမှာလဲ။ ”

ယင်းကြောင့် လင်းယွန်မှ ခရမ်းငယ်အား ဂရုမစိုက် တော့ဘဲ၊ နောက် တစ်လှမ်း ဆက် လှမ်းရန်၊ ပြင် လိုက်သည်။

သို့သော် ကြောက်မက်ဖွယ် ကောင်းသော သေခြင်း အငွေ့ အသက် များကို ရရှိ လာသည်။ သတ္တိ အတွက် စမ်းသပ်ခြင်း ဆိုပါက၊ ပြဿနာ မဟုတ်ချေ။

လောက၌ သေခြင်း တရားကို မကြောက်သော ပါရမီရှင် များစွာ ရှိကြသည်။ သို့သော် မည်သူမျှ ဆက်မတက် ကြသည်မှာ၊ မရိုး ရှင်းဟု အဓိပ္ပါယ် ရ၏။

“ ငါ တစ်ခု ခုများ၊ လွတ်သွားခဲ့ သေးလား။ ”

လင်းယွန်မှ ပြန်၍ သုံးသပ် လိုက်သည်။

“ ငါ အရူးပဲ ... ။ ”

သည့်နောက် ကူကယ်ရာ မဲ့စွာဖြင့်၊ ပြုံးလိုက်သည်။ ဤတောင်သည် ကနဦး ဓားကို နားလည်မှု ရယူစဉ် ကထက်၊ ပို၍ ဆန်းကြယ် ချေ၏။

ထိုစဉ်က အန္တရာယ် ရှိသော်လည်း၊ ဆန္ဒ ရှိပါက၊ သူ နောက်ကြောင်း ပြန်လှည့်၍ ရနိုင် သည်။ ယခုမူ ရှေ့ တစ်လှမ်း တိုးရုံဖြင့်၊ ပြင်ဆင်ခွင့် ရှိတော့မည် မဟုတ်ချေ။

“ ပြန် တာ ပဲ ကောင်း တယ်။ ”

အချိန် အတော် ကြာအောင် ငေးကြည့် နေပြီးနောက်၊ တောင်အောက်သို့ ပြန်ဆင်းရန် ဆုံးဖြတ် လိုက်သည်။

အင်ပါ ရီယန် များသာ၊ ဤနေရာ၏ လျှို့ဝှက်ချက် များကို၊ ဖော်ထုတ် နိုင်မည်ဟု ထင်သည်။

သို့သော် သည်အထိ ရောက်ရှိလာ ပြီးနောက်၊ အရှုံးပေး လိုက်ရ မည်မှာ၊ နှမျော စရာ ပေပင်။ သက်ပြင်း တစ်ချက် ချလျက်၊ ခေါင်းခါပြီး လှည့်ထွက် လာ မိသည်။

ထိုအချိန်တွင် တိမ်လွှာ နန်းတော်ရှိ လူတိုင်းက၊ ပျံဝဲ နေသော ငှက်ပြာလေး (၁၀) ကောင်ကို ကြည့်ကာ၊ မှင်သက် ကုန်ကြသည်။

အဆုံးတွင် ဤသည်မှာ၊ လွန်ခဲ့သော ထောင်စုနှစ် အတွင်း၊ အမြင့်ဆုံး စံချိန် ဖြစ်ပေ ၏။

“ ပါရမီရှင် ဆိုတာ ဒါပဲ။ ”

“ ဂိုဏ်းထဲ ရောက်ရောက်ချင်း၊ ဓား သူတော်စင် တောင်ရဲ့၊ ဆယ်ကြိမ်မြောက် စမ်းသပ်မှုကို ဖြတ်ကျော် နိုင်တယ်။ ”

“ ကြောက်စရာပဲ၊ နောက် တစ်ဆင့်ကို တက်လှမ်း နိုင်ရင်၊ နှစ်တစ်ထောင် စံချိန် ချိုး နိုင်ပြီ။ ”

သို့သော် အချိန် အတော် ကြာသည့်တိုင်၊ နောက်ထပ် ဖြစ်စဉ်များ ထပ်ပေါ် လာခြင်း မရှိ တော့ဘဲ၊ ငြိမ်သက် နေခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်း ရာဂဏန်း၌ ဤတောင်သို့ တက်ခဲ့သော ဓားဂိုဏ်းမှ ပါရမီရှင် တပည့်နှင့်၊ အခြေ အနေခြင်း တူပုံ ရလေသည်။

“ အစ်မ ယဲ့၊ အစ်ကို ယွန်က ပိတ်မိ နေပြီ ထင်တယ်။ ”

ဝမ်ယုဝါက စိတ် လှုပ်ရှားစွာ ဆိုသည်။

“ ဒါဆို ... နောက်ဆုံး စမ်းသပ်မှု သုံးခုကို၊ ဘယ်သူမှ မကျော်ဖြတ် နိုင်ဖူး ဆိုတာ အမှန် ပဲပေါ့။ ”

“ ဘာ လို့ လဲ ။ ”

ယဲ့ဇီလင် စကားကြောင့်၊ ဝမ်ယုဝါ အပါ အဝင် လူတိုင်း စိတ်ဝင်စား သွား၏။ ဂိုဏ်းချုပ် သမီး ဖြစ်သဖြင့်၊ ယင်းနှင့် ပတ်သက်သော လျှို့ဝှက်ချက် အချို့ကို သိရှိ နိုင်ပေမည်။

“ လွန်ခဲ့တဲ့ နှစ် ခုနစ်ရာ တုန်းက၊ ဒသမမြောက် စမ်းသပ်မှုကို၊ ဓားဂိုဏ်းရဲ့ တပည့် တစ်ဦးက ဖြတ်ကျော်ပြီး၊ မှတ်ချက် တစ်ခု ပေး ခဲ့တယ်၊ ...

... အဲ့ဒါက ဒီတောင်ကြီးမှာ လမ်းမရှိ တော့ဖူးတဲ့၊ လမ်းလို့ ထင်ရ ပေမယ့်လည်း၊ ဒါက အမှန်တော့ သေစေ နိုင်တဲ့ ချောက်ကမ်းပါး တစ်ခု ပါတဲ့၊ ...

... ဒါကြောင့် တိမ်လွှာဓားက မပြည့် စုံဘဲ၊ အဆင့် တစ်ဆယ် မှာပဲ၊ တောင်တက် လမ်းက ဆုံးသွား ပြီလို့ ဆိုထားတယ်။ ”

“ ဒါဆို အစ်မ ယဲ့က ... ၊ အစ်ကို ယွန်ကို လှည့်စား လိုက် တာပေါ့။ ”

ဝမ်ယုဝါမှာ နှုတ်ခမ်း စူလိုက်၏။

“ ဘာလို့လဲ ... ၊ မသေချာပဲ ငါက လောင်းကြေး ထပ်မယ်လို့ ထင်နေလား၊ ငါသာ ရှုံးခဲ့ရင် သူ ဘာပြောပြော၊ လိုက်လျော ပေးရမှာ မဟုတ်လား။ ”

“ ဘာပဲ ဖြစ်ဖြစ် အစ်ကို ယွန်က ... ၊ တကယ် ထူးချွန်တဲ့ လူ တစ်ယောက်ပါ၊ အစ်မ ယဲ့နဲ့ လိုက်ပါတယ်။ ”

“ ဘာတွေ ပြောနေ တာလဲ ... ၊ ငါ့ အစား မင်း သူ့ကို ဘာလို့ မစဉ်းစား ရတာလဲ။ ”

“ ယုဝါက ငယ်သေးတယ် … ။ ”

“ ဒေါက် ... ။ ”

မျက်နှာ တစ်ပြင်လုံး နီရဲလျက်၊ ဝမ်ယုဝါမှ ပြန်ဖြေ လာသဖြင့်၊ ယဲ့ဇီလင်က သူမ ခေါင်းအား ဒေါက်ခနဲ လှမ်းခေါက် လိုက်သည်။

“ အ ... နာတယ်။ ”

“ ကြည့်စမ်း တကယ် အလေး အနက် ထားနေ တာလား၊ သူနဲ့ ဝေးဝေး နေဖို့ သတိ ထပ် ပေးလိုက်မယ်၊ သူက နင့်ကို ရောင်းစား သွား လိမ့်မယ်၊ မြဲမြဲ မှတ်ထား။ ”

ဝမ်ယုဝါက ခေါင်းကို ပွတ်သပ်လျက်၊ ညည်းတွား လိုက်၏။ အနားမှ တပည့် များမှာ၊ အသံ မထွက် စေရန် နှုတ်ခမ်းအား ကိုက်ကာ၊ ပြုံးလိုက် မိသည်။

ဤလင်းယွန်သည် ဂိုဏ်း၏ အလှ တရား နှစ်ပါးအား၊ လှုပ်ခတ် လာအောင် စွမ်းဆောင် နိုင်ချေပြီ။

ထိုအချိန်တွင် လင်းယွန်မှာ တောင်ခြေသို့ ပြန်ရောက် လာ၏။ ပထမ ကျောက်တုံး ကြီးက၊ သူအား မြင်သည်နှင့်၊ ဦးညွှတ် သည်။

လင်းယွန်မှ ပြုံးလျက် ခေါင်းညိတ် ပြ လိုက်ပြီး၊ တောင်ပေါ်မှ ထွက်ခွာရန် ခြေလှမ်း ပြင်သည်။

သို့သော် ရုတ်တရက် ခြေလှမ်းအား ရပ်တန့်လျက်၊ ဦးညွှတ် နေသည့် ကျောက်တုံး ကြီးထံ၊ ပြန်၍ လှည့်ကြည့်ကာ၊ တစ်စုံ တစ်ရာ ကို သတိ သွားသည်။

“ ဟား ဟား ဟား ... ။ ”

ကျယ်လောင်စွာ ရယ်မောပြီး၊ သူ့ နဖူးသူ ပြန်၍ ရိုက်လိုက် မိ၏။

“ ဟား ဟား ဟား ... ၊ ဟား ဟား ဟား ... ။ ”

“ လင်းယွန်၊ နင် ... ဘာဖြစ် နေတာလဲ၊ နင့်ကိုယ်နင် ပြန်ရိုက် ရအောင်၊ ရူးသွား တာ လား။ ”

ခရမ်းငယ်မှ မျက်မှောင် ကြုတ်လျက် ငေါက်ငမ်း လာ၏။

“ အဟဲ ... စောင့် ကြည့် လိုက်။ ”

သို့သော် လင်းယွန်မှာ သူမနှင့် အချိန်ဖြုန်း လိုပုံ မရဘဲ၊ စကားဆုံး သည်နှင့်၊ ခြေလှမ်းအား တောင်ပေါ်၊ ပြန်၍ ဦးလှည့် လိုက် တော့သည်။

***

All Chapters