← Chapters

(၁၁) ကြိမ်မြောက် စမ်းသပ်မှု။

Vol. 80 Ch. 1107

(၁၁) ကြိမ်မြောက် စမ်းသပ်မှု။

Vol. 80 Ch. 1107

ဒသမ စမ်းသပ်မှု ထံသို့၊ လျင်မြန်စွာ ပြန်လည် ရောက်ရှိ လာသည်။ ရှေ့၌ အဆုံးမဲ့ တိမ်ပင်လယ် ကြီးက ကာဆီး ထား၏။

ထို့နောက် ခေါင်းကို မော့လျက် တောင်ထိပ်ကို မျှော်ကြည့် လိုက်သည်။ တောင်ထိပ်အား မမြင်ရ သေးချေ။

၎င်းနှင့် သူ့ကြား နက်ရှိုင်းသော ချောက်ကမ်းပါး တစ်ခုဖြင့်၊ ကာဆီးထား သဖြင့်၊ ဖြတ်ကျော်ရန် မဖြစ် နိုင်ချေ။

တစ်စုံ တစ်ဦးမျှ၊ ဤချောက် ကမ်းပါးအား ဖြတ်ကာ၊ တောင်ထိပ်သို့ မသွား နိုင်ခဲ့ သည်မှာ၊ နှစ်ပေါင်း ထောင်ချီ နေပြီ ဖြစ်သည်။

“ အပြာရောင် ကောင်းကင် ထက်က မြသားရောင် ကြယ်ကလေးတွေ ... ။ ”

လင်းယွန်က ရှေ့သို့ မျှော်ကြည့်ပြီး ရေရွတ် လိုက်သည်။

“ နင် ... ၊ ဘယ်နှစ်ကြိမ် ရှိနေ ပြီလဲ၊ ဒါပဲ ရွတ်နေတာ။ ”

ခရမ်းငယ်မှ နားပူ လာဟန်ဖြင့်၊ ငေါက်ငမ်း လာ၏။ ထို့ကြောင့် လင်းယွန်မှာ ပြုံးပြီး၊

“ အဲဒါ ... ၊ ဘာ အဓိပ္ပါယ်လဲ ... သိလား။ ”

“ သိတယ်လေ ... ၊ ကောင်းကင်မှာ ကြယ်တွေ ရှိတယ်လို့ ပြောနေတာ၊ ရှင်းနေ တာပဲကိုး။ ”

ခရမ်းငယ်မှ ပြန်ပြော၏။

“ မှန်တယ် ... ၊ ကောင်းကင် ဆိုတာ ဘာလဲ၊ တိမ်တွေ ကရော ... ။ ”

လင်းယွန်က ဟန်ပါ ပါဖြင့်၊ လက် နောက်ပစ်ကာ၊ ရှေ့တစ်လမ်း တိုးလိုက်သည်။

“ ဒါက လမ်း မရှိတာ မဟုတ်ဘူး၊ မြင့်လွန်းတဲ့ အတွက်၊ တောင်ထိပ်က တိမ်တွေ ထဲမှာ ပျောက်နေတာ၊ ကျောက်တုံး ကြီးတွေ ပြောတာ မှန်တယ်၊ ဒါက အဖြေပဲ၊ ...

... နောက်ဆုံး စမ်းသပ်မှု သုံးခုကို၊ ဖြေချင်တယ် ဆိုရင် ... ၊ တောင်ထိပ်ကို သွားရ မယ်၊ ဒါမှ ဓား သုတ္တန်နဲ့ ဓားရေးကို ရနိုင်မှာ။ ”

“ ဒါက ... ၊ နင့်ရဲ့ ထင်ကြေး သက်သက်ပါ။ ”

“ မိန်းကလေး ... ၊ ဒီတောင်က မြင့်လွန်းတော့ အထီးကျန် နေတယ်လို့ မထင် ဖူးလား၊ နှစ်ပေါင်း များစွာ ကြာတဲ့ တိုင်အောင်၊ ဘယ်သူမှ မရောက် ဖူးကြဘူး။ ”

“ အဲဒီတော့ ဘာဖြစ်လဲ ... ၊ ဘယ်သူက တိမ်တွေ ထဲမှာ အကြာကြီး ပျံသန်း နိုင်မှာလဲ၊ ကျောက်တုံး ကောင်လေး တွေက၊ တောင်ထိပ် အရမ်း မြင့်တယ် ...

... ပြောတာ နဲ့ပဲ၊ ဒီတိမ်ပင်လယ် ထဲမှာ ထောင်ထိပ်ကို သွားတဲ့ လမ်းရှိ မယ်လို့၊ နင်က တကယ် ထင်နေ တာလား၊ ရူး မနေနဲ့ သေသွား လိမ့်မယ်။ ”

“ ဟား ဟား ဟား ... ၊ ငါက ဓားသမား တစ်ယောက်ပဲ၊ သေရ မှာကို မကြောက် ပါဘူး၊ မဟုတ်ရင် သူတို့ ဆရာငယ်က ငကြောက်လို့၊ ကျောက်တုံး တွေက ထင်သွား လိမ့်မယ်။ ”

လင်းယွန်က ရယ်မောလျက် ကောင်းကင်ပေါ် ခုန်တက်ကာ ရှေ့သို့ စတင် ရွေ့လျား လိုက်သည်။

တစ်ချိန်တည်း မှာပင် သူ့ ရှေ့ရှိ တိမ်ပင်လယ် ကြီးမှာ၊ အဆုံးမဲ့ ဟင်းလင်းပြင် တစ်ခု အဖြစ်၊ ပြောင်းလဲ သွား၏။

“ ဟေး ... နင် ... ။ ”

ခရမ်းငယ်က ဓားသေတ္တာ ထဲမှ နေ၍ စိုးရိမ်စွာ အော်ဟစ် လိုက်သည်။

လေထဲ ရှိနေစဉ်၊ လင်းယွန်၏ ဓား ရည်ရွယ်ချက်နှင့်၊ မူလ စွမ်းအင်မှာ၊ ကန့်သတ်ခံ လိုက်ရ သဖြင့်၊ တိမ်တိုက် တစ်ခု ပေါ်သို့ ချက်ချင်း ခြေချ လိုက်မိသည်။

သူ့ ယူဆ ချက်သာ မှားယွင်း ပါက၊ ချောက်ကမ်းပါး အတွင်း ပြုတ်ကျ သေဆုံး ရမည် ဖြစ်သည်။

“ ဝူး ... ။ ”

ထို့စဉ် အနက်ရောင် မြူများ ရစ်သိုင်း နေသည့်၊ ခေါင်းခွံကြီး တစ်လုံး ချောက်ကမ်းပါး ထဲမှ၊ ထိုးတက် လာသည်။

သူ့မျက်လုံး ထဲ၌ တောင်လို ပုံနေသော အရိုးစုကြီး ကိုပင် မြင်လာ ရစေ၏။ ဤသဘာဝ ဖြစ်စဉ်က လင်းယွန်အား တုန်ယင် သွား စေသည်။

ကြောက်ရွံ့ မှုများ ချက်ချင်း လွှမ်းခြုံ လာ သော်လည်း၊ တည်ငြိမ် မှုကို ထိန်းလျက် ပြန်၍ တိုက်ခိုက်ရန်၊ နည်းလမ်း ရှာနေ မိသည်။

ရုတ်တရက် မူလ စွမ်းအင်နှင့်၊ ကောင်းကင် ဓားတို့၊ ကန့်သတ် ခံရမှုမှ အချိန်မီ လွတ်မြောက် လာ သည်ကို၊ သတိထား မိ၏။

“ သေ လိုက်စမ်း ... ၊ အရိုး ကောင် ... ။ ”

ထိုကြောင့် မဆိုင်း မတွဘဲ၊ နတ်ဘုရား ပုံရိပ်ယောင် ဓားကို တောက်ထုတ် လိုက်သည်။ သုံးလွှာ ကြယ်မိစ္ဆာ ပင်လယ်ကြီး နှင့်အတူ ခရမ်းရောင် ပန်းများ လွင့်မျော လာ၏။

ပန်း ပင်လယ်ကို နောက်ခံ ပြုလျက်၊ လင်းယွန်၏ အသွင်မှာ၊ လောကကို အစိုးရသော ဘုရင် တစ်ပါး ကဲ့သို့၊ ထင်မှား လာစေသည်။

“ ရွှပ် ... ၊ ရွှပ် ... ၊ ရွှပ် ... ။ ”

ဓားအလင်း (၁၀) လက်က ဦးခေါင်းခွံ အတွင်းသို့၊ ထိုးဖောက် သွားချိန်၌ လင်းယွန် မျက်နှာမှာ ၊သွေးဆုတ် လာတော့၏။

သေရန် များစွာ နီးကပ်ခဲ့ လေပြီ။ မူလ စွမ်းအင်နှင့်၊ ဓား ရည်ရွယ် ချက်သာ မပွင့် ပါက၊ မည်သို့ ဖြစ်မည်ကို မတွေးရဲ တော့ချေ။

“ ဘာကောင် ကြီးလဲ ... ။ ”

“ မောဟတွေ ဖြောင့်မတ်တဲ့ သူပဲ ဖြစ်ဖြစ်၊ ကောက်ကျစ်တဲ့ သူပဲ ဖြစ်ဖြစ်၊ သေဆုံး တော့မဲ့ အချိန်မှာ၊ အလို ဆန္ဒတွေ ဖြစ်ပေါ် လာ တက်တယ်၊ ...

... ဒီအစွဲကို ချွတ်ပေးမဲ့ သူ မရှိရင်၊ မိစ္ဆာကောင် ဖြစ်လာပြီး၊ အခု နင်သတ် လိုက်တဲ့ အရိုးစုလို ဖြစ်လာ တက်တယ်၊ သူက သာမန် မိစ္ဆာ တစ်ပါးပဲ၊ ဒီလောက်လည်း ကြောက်စရာ မကောင်း သေး ပါဘူး။ ”

ခရမ်းငယ်က လင်းယွန် ဘေးသို့ လှမ်းတက် လာလျက်မှ ပြန်ဖြေသည်။

“ အိုး ... ကြည့်စမ်း ၊ ကောင်းကင်ဘုံ တရားစီရင်ရေး ဧကရီက၊ ငါ့ကို တော်တော် စိတ်ပူ နေပုံရ ပါလား။ ”

“ ဟမ့် ... ၊ ဘာကို စိတ်ပူ ရမှာလဲ၊ လေကောင်း လေသန့် ရှူချင်လို့ ထွက်လာတာ ဟွန့် ... ။ ”

ခရမ်းငယ်က ချက်ချင်းငြင်းဆန် လိုက်ပြီး၊

“ ဒါနဲ့ နင်က ... ၊ ငါ့ ဘွဲ့ထူးကို အပြည့် အစုံ ရွတ်ပါ၊ ငါက နတ်ဖီးနစ် မိသားစုရဲ့ … ”

“ ခရမ်းငယ် ... မင်းနောက်ကို ကြည့်လိုက်စမ်း ... ။ ”

သူမအား ဘွဲ့ထူးကို ရွတ်ဆိုခွင့် မပေးဘဲ၊ လင်းယွန်မှ စကားဖြတ် ပြော လာသည်။

“ ကျွတ် ... ၊ လူတွေများ ကျင့်ဝတ်ကို မရှိ ကြဘူး ... ၊ ငါ့ စကားကို နင် ဘာလို့ ဆုံးအောင် နားမထောင် ရတာလဲ၊ ...

... အိပ်မက် မက်မနေနဲ့၊ နင် ပြောတိုင်း ငါလိုက် ကြည့်စရာလား၊ ဟမ် ဒါက သူတော်စင် တောင်ကြီးပဲ၊ လင်းယွန် နင် မသေ တော့ဘူး။ ”

သူ့ စကားနှင့် မညီဘဲ နောက်သို့ လှည့်ကြည့် ပြီးနောက်၊ ခရမ်းငယ် ခမျာ စိတ် လှုပ်ရှားစွာ ခုန်ပေါက် လိုက်လေသည်။

တိမ်ပင်လယ် အတွင်း ကြယ်ရောင်များ လင်းလက် နေသည့်၊ ကောင်းကင် အောက်၌ တောင်ကြီး တစ်လုံးကို မြင်လိုက် ရ၏။

“ ယုံပြီ မဟုတ်လား၊ ငါက တကယ့် ပါရမီရှင် ပါလို့ ...။ ”

“ ဟမ့် ... ၊ ငကြွား ဘာလို့ နင့်ကို၊ ငါက ယုံရမှာလဲ၊ စောစောက နင်ကြောက် သွားတာ ငါ မြင်တယ်၊ မငြင်းနဲ့ ...

... နင့် မျက်နှာမှာ၊ သွေးတောင် မရှိ တော့ဘူး၊ ကြောက်လွန်းလို့ နှလုံး သားတောင် ခုန်ထွက် မတက် ဖြစ်နေတာ ငါကြားတယ်။ ”

ခရမ်းငယ်က နှာခေါင်း ရှုံ့လျက် အထင် သေးစွာ ပြန်ပြော လာသည်။

“ လူငယ် တွေရဲ့ ရင်ခုန် သံကို၊ မင်း နားမလည် ပါဘူး။ ”

လင်းယွန်မှ ပြုံးစိ စိဖြင့် စကားလွှဲ လိုက်သည်။

“ ဘာ ... ၊ နင် ... ဘာပြော လိုက်တာလဲ၊ ဘယ်သူက လူငယ်လဲ၊ ဘယ် သူက လူကြီးလဲ၊ ငါကို ပြန်ပြောစမ်း။ ”

“ ဟား ဟား ဟား ... ၊ ငါ အဲဒီလို မပြော ပါဘူး။ ”

ရယ်မော လျက်ဖြင့်၊ လင်းယွန် ခမျာ ဓား သူတော်စင် တောင်တန်းကြီး ထံသို့ ပျံသန်းသွား သည်။ ခရမ်းငယ်က လက်သီး ဆုပ်လျက် သူ့နောက်မှ၊ အပြေး လိုက်ပါ လာ၏။

“ ဝှစ် ... ။ ”

တောင်ထိပ်မှာ ထင်ထား သည်ထက် ပို၍ မြင့်မား လေသည်။ ခရမ်းငယ်က ခြေချလျှင် ချခြင်း၊

“ လင်းယွန် ... စောစောက နင် ငါ့ကို ပြောတာ မဟုတ်လား။ ”

-ဟု ဒေါသ တကြီး ထပ်မေး လာသည်။

လင်းယွန်မှ အနည်းငယ် စောင်းငဲ့ ကြည့်လိုက်ကာ၊

“ မဟုတ် ပါဘူး၊ ကောင်းကင်က ကြယ်ကလေး နှစ်စင်းလို၊ မင်းမှာ တောက်ပတဲ့ မျက်ဝန်း တစ်စုံ ရှိတယ် လို့ ပြောတာပါ။ ”

-ဟု ပြုံးလျက် ပြန်ဖြေ မိ၏။

“ အဲဒါကို ... ငါ သိတယ်၊ နင် ... ။ ”

“ ဟုတ် ပါတယ်၊ မင်းက နတ်ဖီးနစ် မိသားစုက ဧကရီပါ၊ လာ ဆက် သွား ရ အောင်။ ”

သည့်နောက် အမေး တစ်ခြား၊ အဖြေ တခြားနှင့်၊ နှစ်ဦးသား တောင်တန်း ကြီးပေါ် တက်လှမ်း လာခဲ့ ကြသည်။

“ ငတုံးကောင် လင်းယွန် ... ၊ နင် ငါ့ကို အသက်ကြီး နေပြီလို့၊ ပြောချင် နေတာ ငါမသိ ဖူး ထင်နေလား။ ”

“ အိုး ... ကြည့်စမ်း၊ ဒီတောင်က အရမ်းမြင့် တာပဲ၊ အခုထိ တောင်ထိပ် ဖျားကို မမြင် ရသေး ဘူး။ ”

“ ဟမ့် ... ၊ ဒီလောက်ကို အတိတ်က ငါ ဆိုရင်၊ လက်ညိုး တစ်ချက် တောက်ထုတ် ရုံနဲ့ ဖျက်ဆီး ပစ်နိုင်တယ်၊ ငါ ... အသက် မကြီး သေးဘူး၊ ငါ့ အသက် တစ်ဆယ့် ရှစ်နှစ် ... ”

“ ဟော ... ငါတို့ ရောက်ပြီ။ ”

လင်းယွန်က ပြုံးလျက် ကျောက်နံရံ ကြီးကို မေးငေါ့ပြ လိုက်သည်။ နံရံ ပေါ်တွင် ဓားအမှတ် အသား များဖြင့် ပန်းချီကား တစ်ချပ် ရေးခြစ် ထား၏။

ထိုနံရံ ရှေ့တွင် ကျောက်ရုပ် တစ်ရုပ် ရပ်စောင့် နေသည်။ ထိုကျောက်ရုပ်က၊

“ နံရံမှာ ပန်းချီကား တစ်ချပ် ရှိတယ်၊ အနိုင်ယူ ပြီးရင် ဆက်သွားပါ။ ”

-ဟု စကား စပြော လာတော့သည်။

လင်းယွန်မှာ အချိန် မဖြုန်းလို တော့ဘဲ၊ နံရံအား စိုက်ကြည့်လျက် ပန်းချီကားကို ရှာဖွေ တော့သည်။

ဤနံရံမှာ ယခင် နံရံ များထက်၊ သိသိ သာသာ ထူထဲ နေပြီး၊ ဓား ရည်ရွယ်ချက်မှာ ပိုမို အားကောင်း လာ၏။

ထို့ကြောင့် ကောင်းကင် ဓားကို ကန့်သတ်ချက် အထိ၊ တွန်းထုတ် ထားရသည်။ တစ်နာရီခန့် အကြာ၌ သူ့ မျက်လုံးမှ သွေးများ စီးကျလာ တော့သည်။

သို့သော် ၎င်းကို ဂရု မစိုက်ချေ။ ပန်းချီကား ကိုသာ ဆက်၍ ရှာဖွေ နေမိသည်။ များ မကြာမီ ပန်းချီကား တစ်ချပ် ထွက်ပေါ် လာ၏။

သည့်နောက် ပန်းချီကား အတွင်းမှ ပုံရိပ် တစ်ရိပ် ထွက်လာကာ၊ သူ့အား တိုက်ခိုက်လာ တော့သည်။

ထို့ကြောင့် ပန်းသင်္ချိုင်း ဓားကို ဆွဲထုတ်ပြီး၊ ရှေ့သို့ လှမ်းထိုး လိုက်၏။ တိုက်ခိုက် လာသော ပုံရိပ်မှာ၊ အနည်းငယ် တုန့်ဆိုင်း သွားစဉ်၊ ဓား အစီရင်ကို ထုတ်ဖော် မိသည်။

တိုက်ပွဲမှာ သိမ်မကြာ လိုက်ချေ။ ရှုံးနိမ့် သွားသော ပုံရိပ်က အလင်းများ၊ သူ့ ခေါင်းထဲ ပစ်ထည့် ပေးလေသည်။

၎င်းသည် မြသားရောင် ကြယ်များဟု အမည်ပေး ထားသည့်၊ (၁၁) ချက်မြောက် ဓား ဖြစ်ပေ၏။ ပြုံးလျက် နှုတ်ခမ်း ပေါ်ရှိ သွေးစ များကို သုတ်လိုက်စဉ်၊

“ ကျမ်းစာပိုဒ်ကို မြန်မြန် ကျက်လိုက် လင်းယွန်။ ”

-ဟု ခရမ်းငယ်မှ သတိပေး လာတော့သည်။

နံရံ ပေါ်ရှိ လှုပ်ရှား အသက်ဝင် နေသော အက္ခရာ များမှာ၊ ပြန်၍ ပျောက်ကွယ် တော့မည် သကဲ့သို့၊ မှေးမှိန် လာသဖြင့်၊ ချက်ချင်း ကျက်မှတ် လိုက်ရသည်။

***

All Chapters