ဓားအဖြစ် ပလွေကို အသုံး ပြုခြင်း။
Vol. 80 Ch. 1108
ထိုအချိန်တွင် တိမ်လွှာ နန်းတော် ထဲရှိ တပည့် များက၊ လင်းယွန် ထွက်လာ တော့မည် ဟု ယူဆမိ ကြသည်။
သို့သော် အပြာရောင် အလင်းတန်း တစ်ခု ထပ်၍ ထွက်ပေါ်လာ သည်ကို မြင်လိုက်ရ ချိန်၌၊ လူတိုင်း မှင်တက် သွားသည်။
“ အား ... ။ ”
“ မဖြစ် နိုင်ဘူး ... ။ ”
“ ဒါက လမ်းမရှိ ဖူးဆို ... ။ ”
ယဲ့ဇီလင်ပင် တုန်လှုပ် ခြောက်ခြားစွာ နောက် တစ်လှမ်း ဆုတ်မိ၏။ လမ်း မရှိသော တောင်ပေါ်၊ မည်သို့ ဆက်၍ တက်သွား နိုင် မည်နည်း။
“ အစ်မ ယဲ့ ... ၊ အဲ့ဒါ ဘာလဲ ... ၊ ပြောတော့ လမ်း မရှိတော့ ဖူးဆို။ ”
ဝမ်ယုဝါက အံ့သြ တကြီး မေးမိသည်။ ယဲ့ဇီလင် ခမျာ မျက်မှောင် ကြုတ်လျက် ပြန် မဖြေ နိုင်ခဲ့ချေ။
“ ငါလည်း မသိ တော့ဘူး ... ၊ သူက တကယ်ပဲ ဓားဂိုဏ်းက တပည့်ထက် အရည် အချင်း ရှိနေ တာလား။ ”
“ အစ်မ ယဲ့ ... ၊ နောက်ဆုံး ဓားသုံးလက်ကို အစ်ကိုယွန် ဆီက ငါတို့ တောင်းလို့ ရပြီ။ ”
ဝမ်ယုဝါက ဝမ်းသာ အားရ ပြောသည်။ ထိုစကားကြောင့် ယဲ့ဇီလင် သည်လည်း ဝမ်းသာ သွား၏။ သို့သော် လင်းယွန်၏ အကြည့်ကို ပြန် သတိရ သွားကာ၊ အပြုံးများ ပျောက်ကွယ် ကုန်သည်။
တောင်ထိပ်သို့ ရောက်ရှိသွား ပါက၊ မည်သည့် အရာကို တောင်းဆို မည်အား သူမ မတွေး ရဲချေ။
သည့်အပြင် လင်းယွန်မှာ သူမထက် ကျင့်ကြံမှု နိမ့်ကျနေ သဖြင့်၊ တောင်းယူ ရန်မှာ ရှက်စရာ ပေပင်။
“ တောင်ထိပ်ကို မရောက် သေး ပါဘူး၊ ရောက်မှ ဆက်ပြော ရအောင်။ ”
အရှုံးကို ဝန်မခံ လိုဘဲ ခေါင်းမာမာဖြင့်၊ ယဲ့ဇီလင်မှ ပြောမိသည်။
“ လင်းယွန်က စံချိန်ကို ချိုးသွားပြီ၊ အမြင့်ဆုံး စံချိန်က လွန်ခဲ့ နှစ်ပေါင်း (၇၀၀)ရာ တုန်းက၊ ဆယ်ကြိမ် မြောက်ကို အောင်မြင် ထားတဲ့ ဓားဂိုဏ်းရဲ့ ပါရမီရှင်ပဲ။ ”
လူအုပ် ထဲမှ တစ်ဦးက တိုးတိုးလေး ပြောသည်။ ယနေ့တွင် အောင်မြင်မှုကို အပြင် လူ တစ်ဦးမှ၊ မနာ လိုဖွယ် ရယူပြ နေသည်။
တပည့်များ နည်းတူ အကြီး အကဲ များနှင့် ဂိုဏ်းချုပ်မှာ၊ ဤအချက်ကို သတိထား မိလိုက် သဖြင့်၊ သက်ပြင်းချ လိုက်မိသည်။
“ ဒီကောင်လေး ဘယ်လို လုပ်ပြီး ရောက်သွား ရတာလဲ။ ”
ဂိုဏ်းချုပ်မှာ အံ့အားသင့် မိသည်။ တစ်ချိန်က ဓားဂိုဏ်း၏ ပါရမီရှင် ဟူသော လူငယ်မှာ သူကိုယ်တိုင် ဖြစ်သည်။
ဒသမ အကြိမ် စမ်းသပ်မှု ပြီးနောက်၊ လမ်း မရှိတော့ သည်ကို သူပင်၊ အတည်ပြု ပေးခဲ့ခြင်း ဖြစ်သည်။
နောက်ထပ် လေးနာရီ ကြာပြီးနောက်၊ (၁၂) ကောင်မြောက် ငှက်ပြာလေး ထွက်ပေါ် လာပြန် ၏။
“ အိုး ... သူ တောင်ထိပ် ရောက်တော့မယ်။ ”
“ ငါ့ ကောင်းကင် ... ၊ ဒါ ... ဒါ တကယ် ပဲလား။ ”
“ ငါတို့ ... သူ့ကို ဘယ်လို လုပ်ပြီး၊ လိုက်မီတော့ မှာလဲ၊ သူက အခုမှ ကောင်းကင် ဝိညာဉ် နယ်ပယ် မှာသာ ရှိသေးတယ်။ ”
တိမ်လွှာ နန်းတော် တစ်ခုလုံး၊ ရုတ်ရုတ် သဲသဲ ဖြစ်ကုန်၏။ ယဲ့ဇီလင်မှာ သာ၍ဆိုး ချေပြီ။ နောက်ဆုံးတွင် လင်းယွန်နှင့် ထပ်ထားသော လောင်းကြေးမှာ၊ သူမ ဘဝ ဖြစ်သည်။
ထိုအချိန်တွင် လင်းယွန်နှင့် ခရမ်းငယ်မှာ တကျက် ကျက်ဖြင့်၊ နောက်ဆုံး စမ်းသပ်မှုထံ ဦးတည် လိုက်တော့၏။
“ ဂီတကို ဓားအဖြစ် သုံးနေ တာလား။ ”
ရုတ်တရက် တောင်ထိပ် ပေါ်၌၊ ပလွေမှုတ် နေသော အပြာရောင် ပုံရိပ် တစ်ရိပ်အား မြင်ပြီး နောက်၊ ခရမ်းငယ်မှာ အံ့သြ သွားပြီး၊
“ လင်းယွန် သတိထား၊ ဒီစမ်းသပ်မှုက မလွယ်ဘူး။ ”
-ဟုဆိုလျက် ဓားသေတ္တာ အတွင်း ဝင်ရောက် လိုက်၏။
ခရမ်းငယ် ကိုပင် ဓားသေတ္တာ အတွင်း ဝင်ရောက် စေသော ဤပလွေသံမှာ ရိုးရှင်းမည် မဟုတ်ကြောင်း၊ လင်းယွန် သိလိုက်သည်။
သည့်နောက် ထိုပုံရိပ် ရှင်က၊
“ ပျက်သုဉ်းခြင်း ပင်လယ် ပေါ်မှ လေပြင်းများ။ ”
-ဟူ၍ ရွတ်ဆိုလျက်၊ လင်းယွန်အား ပြုံးပြ လာသည်။
“ စီနီယာ...စီနီယာက ဒီနေရာရဲ့ ပိုင်ရှင်လား။ ”
လင်းယွန်မှ ပြန်မေး မိသည်။ အပြာရောင် ပုံရိပ်က ခေါင်းယမ်းကာ၊
“ မဟုတ်ဘူး၊ ငါက ... ဒီတောင်ကို စောင့်နေတဲ့ ဝိညာဉ် သက်သက်ပါ၊ ပိုင်ရှင်က ငါ့ ဆရာပဲ၊ … မင်း
... စမ်းသပ်မှုကို ဖြတ်ကျော် နိုင်ရင်၊ တောင်ပေါ် ဆက်သွား နိုင်မယ်၊ တောင်ပေါ် မှာ နောက်ဆုံး ဓား ရှိတယ်။ ”
-ဟု ပြန်ဖြေသည်။
“ ဒါဆို စမ်းသပ်မှုက ဘာလဲ။ ”
“ အမွှေးတိုင် တစ်ဝက် ကြာအောင် ... ၊ ငါ့ ပလွေ သံကို နားထောင် ရမယ်။ ”
“ ဒါပဲလား ... ၊ ဒါဆို သိပ် မခက်ပါဘူး။ ”
“ ပြီးမှ ဒီစကား ပြောပါ၊ ကဲ စလိုက် ကြစို့။ ”
အပြာဝတ် ဝိညာဉ်က လင်းယွန်နှင့် အချိန်ဖြုန်း လိုပုံ မရဘဲ၊ ပုလွေကို နှုတ်ခမ်းတွင် တေ့လိုက်သည်။
“ ဝှစ် ... ။ ”
သည့်နောက် သာယာ ငြိမ့်ညောင်းသော သံစဉ်များ ထွက်ပေါ် လာ၏။ လင်းယွန်က ဓား ဆွဲထုတ်ကာ၊ ဝင်လာသော အသံလှိုင်း များကို ဓား ရောင်ခြည် များဖြင့်၊ ခတ်ထုတ် လိုက်သည်။
ရုတ်တရက် ပလွေသံ ပြောင်းသွားကာ၊ လွမ်းဆွတ် လာစေ သဖြင့်၊ သူ့ သွေးများ အေးခဲ သွား၏။
အတွင်း အင်္ဂါ များ အက်ကွဲ ကုန်ပြီး၊ မကြာခင် မှာပင်၊ အရေပြား ပေါ်၌ ပြတ်ရှ ရာများ၊ ပြည့်နှက် လာလေသည်။
ပလွေသံ ပဲ့တင်ထပ် နေစဉ်၊ နဂါးကြီး တစ်ကောင်မှ သူအား စုပ်ဖြဲ နေ သကဲ့သို့ ခံစား လာ ရ၏။
မျက်နှာ တစ်ပြင်လုံး ဖြူဖျော့လျက်၊ နှုတ်ခမ်းမှ သွေးများ စီးကျ သည်။ နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်ကာ၊ ရှောင်တိမ်း လိုသော်လည်း၊ မအောင်မြင် ခဲ့ပေ။
“ ဆက် သွား ချင်လား။ ”
အပြာရောင် ဝိညာဉ်က၊ ပလွေကို နှုတ်ခမ်းဝမှ ခွာလျက်၊ ပြုံးကာ မေးသည်။ အသံ လှိုင်း များအား၊ မည်သို့ ဖြေရှင်း ရမည်ကို၊ မသိ သေးသဖြင့်၊ လင်းယွန် တစ်ယောက် ပြုံးရုံသာ ပြုံးပြ လိုက်သည်။
အတွေ့ အကြုံ မရှိ သောကြောင့်၊ ခွန်အား အပြည့်အဝ မထုတ် နိုင်ခင်၊ ပလွေသံ၏ လွှမ်းမိုး ခြင်းကို ခံလိုက် ရသည်။
“ ဟုတ်ကဲ့ ... ။ ”
လင်းယွန်က နှုတ်ခမ်း ပေါ်ရှိ သွေးစ များကို သုတ်လိုက်ပြီး၊
“ ဒါပေမယ့် ... ၊ အချိန် တစ်ခု လောက်တော့ ပေးပါ။ ”
-ဟု တောင်းဆို လိုက်သည်။
“ အကြာ ကြီးတော့ မရဘူး၊ မဟုတ်ရင် ... ဒီက လှပတဲ့ ရှုခင်းတွေ ပျောက်သွား လိမ့်မယ်။ ”
“ နှစ်နာရီ ... ၊ နှစ်နာရီ လောက်တော့ ရတယ် မဟုတ်လား။ ”
“ ငါက ... ၊ စောင့်ရတဲ့ အလုပ်ကို စိတ် မရှည်ဘူး၊ ဒါပေမယ့် ... နှစ်နာရီ လောက်တော့ သည်းခံ နိုင် ပါတယ်။ ”
“ ကျေးဇူး တင်ပါတယ်။ ”
လင်းယွန်က အပြာရောင် ဝိညာဉ်၏ မြင်ကွင်းမှ လွတ်သွားသည် အထိ၊ နောက်ပြန် ဆုတ်လျက်၊ ခရမ်းငယ်အား ဆက်သွယ် ၏။
“ ငါ့မှာ နှစ်နာရီ ရှိတယ်၊ အမွှေးတိုင် တစ်ဝက် ကြာအောင်၊ ဘယ်လို တောင့်ခံ ရမယ် ဆိုတာ၊ မင်းမှာ အဖြေ မရှိ ဖူးလား။ ”
“ ဒါက ... ဘာ စကားလဲ၊ ဒီဧကရီကို အထင် သေးနေ တာလား၊ နင့် ကောင်မလေး ပေးခဲ့တဲ့၊ ကျောက်စိမ်း ပလွေကို ထုတ်လိုက်ပါ။ ”
ခရမ်းငယ်က ယုံကြည်မှု အပြည့်နှင့်၊ ပြန်ပြော လာသည်။
“ ပလွေကို ဓားလှိုင်း အဖြစ် သုံးဖို့ ... ၊ ပြောချင် တာလား၊ ဒါပေမယ့် ပလွေမှ ငါ မမှုတ် တက်တာ။ ”
“ ငတုံး ... ။ ”
ခရမ်းငယ်က မျက်စောင်းထိုး လိုက်ပြီး၊
“ နင် ... ၊ တက်နိုင်တာ ဘာများ ရှိလဲ၊ လက်ရှိ ခွန်အားနဲ့၊ နင် အမွှေးတိုင် တစ်ဝက်ခန့် အချိန်ကို ဘယ်လိုမှ မခံ နိုင်ဘူး၊ သူ့ ဓားမှာ ချို့ ယွင်းချက် မရှိ ပေမယ့်၊ ...
... နင့်မှာက အားနည်းချက် တွေ ချည်ပဲ၊ တစ်နာရီ ကြာအောင် ခံနိုင် ရင်ပဲ ကံကောင်း ... ၊ သူသာ လှိုင်းတွေကို ဒီထက် ပိုပြီး၊ စိတ်စိတ် လွှတ် ခဲ့ရင်၊ နင် တစ်စက္ကန့်တောင် ခံနိုင်မှာ မဟုတ်ဘူး။ ”
“ ဘာဆက်လုပ် ရမလဲ။ ”
“ နင့် ကောင်မလေး ပေးခဲ့တဲ့၊ မရဏ နတ်ကျောက်စိမ်း ဝါးပလွေနဲ့ ဆိုရင်တော့ ... ၊ နည်းလမ်း ရှိတယ်၊ ငါ့ရဲ့ လမ်းညွှန်မှု အတိုင်း လိုက် နာရင်၊ အမွှေးတိုင် တစ်ဝက် လောက်တော့ ခံနိုင် ပါလိမ့်မယ်။ ”
ခရမ်းငယ် စကားကို လင်းယွန်မှ နားလည် သွားသည်။ ယွဲ့ဝေဝေ၏ ပလွေမှာ ထူးခြားသော ဇစ်မြစ် ရှိပုံ ရသည်။
ခရမ်းငယ်က ခရမ်းရောင် ပလွေကို လှမ်းယူ လိုက်သည်။ ထို့နောက် အခြေခံ ကျသော သံစဉ် တစ်ပုဒ် အား၊ တီးမှုတ် လိုက်၏။
သံစဉ် ဆုံးသွား သည်နှင့်၊ မရဏ နတ်ကျောက်စိမ်း ဝါးပလေွအား ပြန်၍ ပေးအပ် လာကာ၊ ‘လာ စမ်း ကြည့်၊’ -ဟု ဆိုသည်။
လင်းယွန်က ပလွေအား လက်ခံ ယူကာ၊ နှုတ်ခမ်းတွင် တေ့လျက်၊ မှုတ်လိုက်၏။ နားမခံ သာသော အသံများ ထွက်ပေါ် လာသည်။
ယင်းကြောင့် ချက်ချင်း ရပ်လိုက်ကာ၊ အနည်းငယ် ရှက်ရွံ့ စွာဖြင့်၊ နောက် တစ်ကြိမ် မှုတ်ရန်၊ ပြင်လိုက် လေသည်။
“ ငါ ထပ်ကြိုးစား ပါရစေ ... ။ ”
အစောပိုင်း အချိန်၌ အထင် အမြင် သေးခဲ့သော ခရမ်းငယ်မှာ၊ ဒုတိယ အကြိမ်တွင် မဆိုး လှသော သံစဉ်ကြောင့်၊ မျက်နှာ တဖြည်းဖြည်း ပြောင်းလဲ သွားသည်။
သံစဉ် ဆုံးသွား သည်နှင့်၊ လင်းယွန်က ပလွေကို ဖယ် လိုက်ပြီး၊
“ ဒီလောက်လည်း မခက် ပါလား။ ”
-ဟု ပြုံးလျက် ပြောလာ၏။
ခရမ်းငယ် မှာမူ၊ စကား မဆိုချေ။ ချီးကျူး လိုခြင်း မရှိ သော်လည်း၊ လင်းယွန်မှာ နားလည် လွယ် သည်ကို၊ အသိ အမှတ် ပြုရ ပေမည်။
“ ဒါက ... ၊ သင်ပေးတဲ့ လူ ... တော်လို့ပါ။ ”
သို့သော် အလျော့ မပေး လိုဘဲ၊ မျက်ခုံး ပင့်ကာ ဆိုလိုက်သည်။ လင်းယွန်မှ ပြန်ပြောရန် ပြင်လိုက် ချိန်တွင်၊ ပုလွေသံ အချို့ ထွက်ပေါ် လာသည်။
“ ..... ။ ”
ထိုသံစဉ်က သူ့ သွေးအား၊ ပွက်ပွက်ဆူ စေ၏။ ယခု အချိန်၌ ဂီတကို တီးမိ ခေါက်မိပြီ ဖြစ်ရာ၊ အပြာရောင် ဝိညာဉ်အား လေးစား လာမိသည်။
တစ်ဖက် လူတွင် အရည် အချင်း ရှိပြီး၊ ရည်ရွယ်ချက် ရှိရှိ သူ့အား နှောက်ယှက်ရန် ပြင် နေပေသည်။ ခရမ်းငယ်က တောင်ပေါ်အား မော့ကြည့်ကာ၊ ဒေါသ ထွက်လာ တော့သည်။
“ ကောင်လေး ... ၊ မင်း ဂီတကို သင်ယူ ချင်ရင်၊ သင်ပေးနိုင် ပါတယ်၊ ဒါပေမယ့် မင်းမှာ တစ်နာရီပဲ အချိန် ရှိတော့တယ်၊ ဆိုတာ ...
... သတိရပါ၊ ဒီတစ်နာရီ အတွင်း မင်းရဲ့ ပလွေကို အားကိုးပြီး၊ ငါ့ကို ဖြတ်ကျော် ဖို့က မဖြစ် နိုင် ပါဘူး။ ”
“ ဒီဧကရီကို ... သူက အထင်သေး ဝံ့တယ်လား ၊ လင်းယွန် လာ နောက် တစ်နေရာ ရွေ့ရအောင်၊ ...
... သူ့စကား နား မယောင်နဲ့၊ ငါတို့ သူ့ကို သင်ခန်းစာ ပြန်ပေး ရမယ်၊ နတ်ကျောက်စိမ်း ဝါး ပလေွက၊ နတ်ဘုရား လက်ရာနဲ့၊ ယှဉ် နိုင်တယ်၊ သူ့ကို ကြောက်နေစရာ မလိုဘူး။ ”
ချက်ချင်း ဒေါသများ လောင်မြိုက် လာသော၊ ချစ်စဖွယ် ကလေးမ လေးထံ ကြည့် လျက်၊ လင်းယွန်မှ ပြုံးလိုက် မိတော့သည်။
***