← Chapters

သိချင်လား သေချာ နားထောင်။

Vol. 80 Ch. 1109

သိချင်လား သေချာ နားထောင်။

Vol. 80 Ch. 1109

နှင်းပွင့် များနှင့် အတူ၊ တိမ် ပင်လယ် အတွင်းမှ ပလွေသံများ ပျံ့လွင့် လာလေသည်။ အပြင်ပိုင်း အသွင် အပြင် အရ၊ လင်းယွန်မှာ ငြိမ်သက်နေ သော်လည်း စိတ်ထဲ၌၊ မယုံ နိုင်စရာ များဖြင့်၊ ပြည့်နှက် နေ၏။

အထူး သဖြင့် ခရမ်းငယ် ထံမှ အလွန် သိမ်မွေ့သော ဂီတ သံစဉ်များ ထွက်ပေါ် လာ လိမ့် မည်ဟု၊ မထင် ထားချေ။

ဂီတနှင့် အတူ ထိန်းချုပ်မှုမှ လွတ်ကာ၊ လည်ပတ် လာသော အိုင်းရစ် ဓားသုတ္တန်ကို ကောင်းကောင်း ခံစား နိုင်၏။

ခရမ်းရောင် နန်းတော်တွင် ပွင့်နေသော အိုင်းရစ်ပန်းမှာ၊ သူ့ခန္ဓာ ကိုယ်မှ လွင့်ထွက်ပြီး လှပသည့်၊ ဖြစ်စဉ်များ ပေါက်ပွား လာသည်။

အဆုံးတွင် မျက်လုံး များ မှိတ်ပစ်ကာ၊ ဂီတနှင့် အတူ စီမျောလျက်၊ ဓားသုတ္တန် အပေါ်၊ အာရုံစိုက် မိ၏။

ခရမ်းရောင် ပန်းက၊ ခန္ဓာကိုယ် အတွင်း ပွင့်လန်း လာသော အခါတွင်၊ ဓား လှိုင်းများမှာ၊ ထိန်းမနိုင် သိမ်းမရ ပွင့်ထွက် ကုန်သည်။

ဂီတ သံစဉ် တိုင်းမှ၊ သူ့အား ကမ္ဘာသစ် တစ်ခု ဖွင့်ပေး နေသလို ပေပင်။ ယင်းက ထူးဆန်း ချေ၏။

ထို့နောက် ပလွေသံတွင်၊ ပြိုင်ဘက် ကင်းသော အသွင်ကို ပြသရန်၊ ခရမ်းငယ်က သူမ၏ ဓား ရောင်ဝါအား ထည့်သွင်းသည်။

ပလွေသံ ပြီးဆုံး သွားသော အခါ၊ လင်းယွန်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် ကောင်းသော ရေခဲ ဖီးနစ် ရောင်ဝါများ ထွက်လာ၏။

ယင်းက အသံ လှိုင်းအား ဓား အဖြစ် အသုံးပြုခြင်း အပေါ်< နားလည်မှု အသစ် တစ်ခု ရလာခြင်း ဖြစ်၏။

“ ဒီသီချင်းက ဘာလဲ၊ ဖီးနစ် အသရေလား။ ”

“ မဟုတ်ဘူး ... ၊ ဖီးနစ် အသရေက နဂါး-ဖီးနစ်ဓားရဲ့ အစိတ် အပိုင်း တစ်ခုပါ၊ ဒါကို နင့်ရဲ့ လက်ရှိ ကျင့်ကြံမှုနဲ့၊ သင်ယူ နိုင်မှာ မဟုတ်ဘူး၊ ဒီသီချင်းကို ဖီးနစ် ကကြိုးလို့ ခေါ်တယ်။ ”

“ မင်း ဖန်တီးထား တာလား၊ အရမ်း ကောင်းတယ်၊ ပြီးတော့ အိုင်းရစ် ဓားသုတ္တန် နဲ့လည်း၊ လိုက်ဖက်တယ်။ ”

လင်းယွန်မှ စိတ်ပါ လက်ပါ ချီးကျူး လိုက်သော်လည်း၊ ခရမ်းငယ်မှာ ပြုံး မလာချေ။

“ မဟုတ်ဘူး၊ အဲ့ဒီ အရိုင်း အစိုင်းကောင် ဖန်တီး ထားတာ၊ ဒါက အခြေခံ သံစဉ် လေးပါ၊ ဒီလောက်လည်း အထင် ကြီးစရာ မရှိ ပါဘူး၊ ငါရဲ့ နဂါး- ဖီးနစ် ဓား ကသာ၊ နတ်ဘုရား သံစဉ်။ ”

ထိုစကားကြောင့် လင်းယွန် ခမျာ ပြုံးလိုက် မိတော့သည်။

“ ဒါပေမဲ့ ... နင် ပြောတာ မှန်တယ်၊ ဒီသီချင်းက ဓားသုတ္တန်နဲ့ ကိုက်ညီတယ်၊ ဖီးနစ် အသရေနဲ့ မယှဉ်နိုင် ပေမယ့်၊ အချိန်တို အတွင်း ပလွေကို ဓားအဖြစ် သုံးတဲ့ နေရာမှာ၊ အရမ်း အသုံး ဝင်တယ်။ ”

“ ပလွေကို ဓားအဖြစ် သုံးရမယ် ဆိုတာ ဘာလဲ၊ ငါ သိပ်နား မလည်ဘူး။ ”

“ ဒါက ဂီတနဲ့ ဓားရည်ရွယ် ချက်ကို ပေါင်းစပ် တာကို ဆိုလို တာပဲ၊ ဓား ရည်ရွယ် ချက် အားကောင်းရင်၊ ကောင်း သလောက်၊ ဂီတမှာ ကြောက်စရာ ကောင်းလာ လိမ့်မယ့်။ ”

ခရမ်းငယ် စကားကြောင့်၊ လင်းယွန် တစ်ယောက် ငြိမ်သက် သွားသည်။ တစ်ချိန်က မိုးကြိုး လက်ခုပ်သံ ငါးပါးနှင့်၊ ဆည်းဆာ အလင်းဓား တို့မှာ၊ အဆင့်မြင့် မားခြင်း မရှိချေ။

သို့သော် ဓား ရည်ရွယ်ချက်ကို ၎င်းတို့နှင့်၊ ပေါင်းစပ် ပြီးနောက်၊ ကြောက်စရာ ကောင်းခဲ့ဖူး လေသည်။

“ ဒီနည်းလမ်းကို ဆုပ်ကိုင် နိုင်ရင် ... ၊ နင်ဆန္ဒ ရှိတဲ့ ဓားရေး တွေကို၊ ပေါင်းစပ် အသုံး ပြုနိုင်တယ်၊ နင် သုံးမဲ့ ဓားရေးသာ ...

... ဂီတနဲ့ လိုက်ဖက် ညီရင်၊ အဖျက် စွမ်းအားမှာ၊ နင် နားလည် ထားတာထက် အများကြီး၊ ကျော်လွန် သွားလိမ့်မယ်။ ”

“ နဂါးဓား၊ ဖီးနစ်ဓားနဲ့၊ နဂါး-ဖီးနစ်ဓား လို မျိုးလား။ ”

“ တော်တယ် ... ။ ”

ခရမ်းငယ်က ခေါင်းညိတ် လိုက်ပြီး၊

“ လာ ... ၊ နင့်ကို မရဏ နတ်ကျောက်စိမ်း ပလွေ မှုတ်နည်းကို သင်ပေးမယ်၊ ငါ့ နောက်မှာ လာရပ်ပြီး၊ ငါ့ အတိုင်း လိုက်လုပ်ပါ။ ”

-ဟု ဆိုလာ သဖြင့်၊ လင်းယွန်မှ စကား နားထောင်ကာ၊ သူမ နောက်တွင် သွားဝင်ရပ် မိ၏။

“ ပလွေ ပေါ်က လက်ပေါက် တွေမှာ ... ၊ ငါကိုင် သလို၊ နင့် လက် တင်ထား ... ။ ”

ခရမ်းငယ်မှာ သူ့ထက် များစွာ အရပ်ပု သောကြောင့်၊ ဒူးထောက်ကာ နောက်မှ လက် လှမ်းတင် လိုက်ရသည်။

ဤနည်းဖြင့် ခရမ်းငယ်၏ လက်သေး သေးလေး ပေါ်တွင်၊ လက်ကြီး ကြီး တစ်စုံက၊ အုပ်မိုး ရွေ့လျား နေတော့၏။

ထိုအထိ အတွေ့ကို မကျေနပ် သဖြင့် ခရမ်းငယ်က လင်းယွန်အား လှည့်ကြည့်ကာ၊

“ နင် ငါ့ကို အခွင့်ရေး ယူနေတာပဲ။ ”

-ဟု ဆို လာသည်။

ယင်းစကားက လင်းယွန် မျက်နှာကို၊ နီရဲ လာစေ၏။ သည်ကလေးမလေး မဖွယ် မရာများ တွေးနေ ခဲ့သည်လော။

ခရမ်းငယ်မှာ အလေး အနက်ထား နေသည်ကို၊ မြင်လိုက်ရ သဖြင့်၊ မဲ့ပြုံး နှင့်သာ ပြန်၍ တုန့်ပြန် လိုက်မိ တော့၏။

“ ဟမ့် ... ။ ”

ခရမ်းငယ်က ထိုအပြုံးကို မြင်ပြီး၊ မကျေ မနပ်ဖြင့်၊ လင်းယွန် မျက်နှာအား ရိုက်ရန်၊ သူမ ကျစ်ဆံမြီး များကို၊ ကြာပွတ် အသွင်၊ ရမ်းထုတ် လိုက်သည်။

“ ဝှစ် ... ။ ”

များမကြာခင် လင်းယွန်အား အလွတ် စမ်းသပ် တော့၏။ ပလွေကို ကိုင်ထားသော လင်းယွန် မျက်နှာမှာ၊ စိုးရိမ်မှု မရှိဘဲ တည်ငြိမ် နေခဲ့သည်။

အိုင်းရစ် ဓားသုတ္တန်ကို ဖြန့်ကျက်ပြီး၊ ပလွေမှုတ် လိုက်သော အခါတွင်၊ နှင်းများကြား ခရမ်းရောင် ဖီးနစ်၊ ထွက်ပေါ် လာတော့၏။

ဓား သုတ္တန်နှင့် ဂီတ ထပ်တူ ကျကာ၊ ငြိမ့်ညောင်းသော သံစဉ်များ ပျံ့လွင့် လာလေ သည်။

“ မ ဆိုး ဘူး။ ”

ခရမ်းငယ်က ချီးကျူး သည်။ လင်းယွန် တစ်ယောက် ပလွေမှုတ် နည်းကို အလွယ်တကူ သင်ယူ နိုင်ခဲ့ သည်မှာ၊ မယုံနိုင် စရာ ပေပင်။

သည်မတိုင်မီ ဤလူငယ်သည် ဓားတာအို မှလွဲ၍ အခြား မသိချေ။ ဆရာကောင်း တပည့် ပန်း ကောင်းပန် နိုင်ပြီ ဖြစ်၏။

ထို့စဉ် လင်းယွန်မှ သံစဉ်အား အဆုံး သတ်ကာ၊ မျက်လုံးဖွင့် လိုက်ပြီး၊

“ ဘယ်လို နေလဲ။ ” -ဟု မေးလာသည်။

“ မဆိုး ပါဘူး၊ ဒါပေမယ့် နင် ငါ့ခြေဖျား ကိုတောင် မမီ သေးဘူး၊ ဖီးနစ် ကကြိုး ဆိုတာ က၊ အခြေခံ အဆင့် လေးပါ၊ ...

... မာန်တက် မနေနဲ့၊ ဒီမှာ တစ်နာရီ ကျော်နေပြီ၊ သွားတော့ နင် ရှုံးလာရင်၊ ငါ နင့်ကို လွယ်လွယ်နဲ့ ခွင့်လွှတ်မှာ မဟုတ်ဘူး။ ”

ခရမ်းငယ်က လင်းယွန်အား တင်းမာစွာ စိုက်ကြည့်လျက် ဆိုလိုက် သော်လည်း၊ ပို၍ပင် ချစ်စရာ ကောင်းနေ ခဲ့သည်။ ထို့ကြောင့် လင်းယွန်မှာ ပြုံးပြီး ခေါင်းညိမ့်ပြ လိုက်၏။

များ မကြာမီ၊ အပြာရောင် ဝိညာဉ် ရှေ့သို့ ပြန်၍ ရောက်ရှိ လာခဲ့သည်။ နှစ်နာရီ အတွင်း မည်သည့် အရာ ကိုမျှ၊ သင်ယူ၍ ရနိုင်မည် မဟုတ် ကြောင်း၊ အပြာရောင် ဝိညာဉ်မှ သိသည်။

ထို့ကြောင့် အပြုံးဖြင့် စီးကြိုကာ၊

“ ဘယ် လို လဲ ... ။ ”

-ဟု မေးလိုက်သည်။

“ မဆိုး ဖူးတော့ ထင်တာပဲ ... ။ ”

လင်းယွင်မှ ပြန်ဖြေ၏။

“ ပလွေမှုတ် နည်းကို တကယ် စိတ်ဝင် စားရင် ငါ သင်ပေး နိုင်ပါတယ်၊ ဒါပေမယ့် မင်း စမ်းသပ်မှု ကိုတော့ လက်လျော့ ရလိမ့်မယ်၊ ဘယ်လိုလဲ။ ”

“ စိတ် မဝင်စား ပါဘူး။ ”

( ဟမ့် ... ၊ နင် စိတ်ဝင်စား ရင်လည်း၊ ဒီဧကရီက စိတ်ပျက် အားငယ်ခြင်း ဆိုတဲ့ ... ဝေါဟာရကို၊ စာလုံးပေါင်း ခိုင်းလိုက်မယ်။ )

ခရမ်းငယ်မှ နှာခေါင်းရှုံ့လျက် ကြိမ်းဝါး လာသည်။

“ ဒါဆို စလိုက် ရအောင်။ ”

အပြာရောင် ဝိညာဉ်က ခေါင်းညိတ်လျက် ဆိုလိုက်ပြီး၊ သူ့ လက်ညှိုးမှ အလင်းတန်း တစ်စ ပြေးထွက် သွားကာ၊ နံ့သာ တိုင်ကို အသစ် ထွန်းညှိ ပေး၏။

တစ်ဖက်တွင် လင်းယွန်က မရဏ နတ်ကျောက်စိမ်း ပလွေကို ထုတ်ယူ လျက်၊ နှုတ်ခမ်းတွင် တေ့လိုက်သည်။

ဤမြင်ကွင်းက အပြာရောင် ဝိညာဉ်ကို၊ ပြုံးရယ် မိစေ၏။ နှစ်နာရီ အတွင်း ဂီတ တာအို တွင်၊ ခရီးရောက် နိုင်စရာ မရှိချေ။

လမ်း မလျှောက်ခင် ပြေးချင် နေသော ကလေး ငယ်နှင့် တူပေသည်။ သူ့ ပလွေအား စတင် လိုက်သည်နှင့်၊ နဂါး တစ်ကောင် ကဲ့သို့ အသံ လှိုင်းများ ခုန်ပေါက် သွားသည်။

သို့သော် လင်းယွန် ထံမှ ထွက်လာသော အသံ လှိုင်းတွင်၊ ထက်ရှသည့် ဓားများ ပါရှိပြီး၊ နဂါးအား လှီးဖြတ် သွား၏။

( အဲဒီ ပုလွေ ... ။ )

ပလွေမှာ မရိုး ရှင်းကြောင်း၊ အပြာရောင် ဝိညာဉ်က၊ နားလည် မိ၏။ ထို့ကြောင့် ပေါ့ပေါ့ တန်တန် သဘော မထား ဝံ့တော့ချေ။

လေထု အတွင်း သားရဲကြီး နှစ်ကောင် တိုက်ခိုက် သကဲ့သို့၊ အသံ လှိုင်းများ တဝုန်းဝုန်း ရိုက်ခတ် နေ တော့သည်။

နှစ်နာရီ အတွင်း၊ လင်းယွန် တစ်ယောက် ဤအဆင့်သို့ ရောက်ရှိ နိုင်ခဲ့ သည်မှာ၊ မယုံနိုင် စရာ ပေပင်။

ရုတ်တရုတ် အပြာရောင် ဝိညာဉ်၏ အားနည်းချက် အပေါ်၊ သတိထား မိ လိုက်သော လင်းယွန်မှာ၊ သံစဉ်အား ပြောင်းလဲ လိုက်သည်။

ဓား ရောင်ဝါများ ဖြာထွက် လာပြီး၊ ဓားအစီရင် တစ်ခု ဖွဲ့တည် လာ၏။ အိုင်းရစ် ဓားသုတ္တန်၏ ပြိုင်ဘက်ကင်း ဖြစ်သည်။

“ ဟမ့် ... ၊ ငါ့ကို ပြန်တိုက် တာလား။ ”

လင်းယွန်မှာ သူ့ သံစဉ်အား ချေဖြတ်နိုင် ရုံသာ မက၊ တန်ပြန် တိုက်စစ် ဖွင့်လာ ခဲ့လေပြီ။ ယင်းက အပြာရောင် ဝိညာဉ်အား ပို၍ လေးနက် လာစေ၏။

ထို့နောက် ငှက်ပြာလေးမှာ၊ ခန္ဓာ ကိုယ်မှ ပျံထွက် သွားပြီး၊ လင်းယွန်၏ ဓား အစီရင်ကို ဖျက်ဆီးရန် ဦးတည်လာ လေသည်။

သို့သော် လင်းယွန်မှာ သာမန် ညောင်ည လင်းယွန် မဟုတ် တော့ချေ။ ဓား အစီရင်အား နောက်ပြန် လှည့်လိုက်ကာ၊ တေးသွားကို ပြောင်းလဲ လိုက်သည်။

“ မူလ အစ၊ ဖီးနစ် အသရေ။ ”

အစီရင်အား (၉) ကြိမ် လှည့်ပြီး ချိန်၌၊ ရေခဲ ဖီးနစ် တစ်ကောင် ရင်သပ်ရှု မောဖွယ် ထွက်ပေါ် လာ၏။

ရေခဲ ဖီးနစ်က ငှက်ပြာလေးကို တစ်ချက် တည်းဖြင့်၊ ဖျက်ဆီးပစ် လေသည်။ ထိုရလာဒ်က အပြာရောင် ဝိညာဉ်၏ ပလွေသံကို၊ ရပ်သွား စေ၏။

“ လက်လျော့ လိုက်ပြီ။ ”

ပလွေကို သိမ်းလျက် ဆိုသည်။ သူ သတိ လက်လွတ် ဖြစ်သွား ခဲ့သည်။ တစ်ဖက် လူ၏ ပလွေမှာ၊ မရိုးရှင်း လှချေ။

အားနည်း ချက်ကို အနည်းငယ် ထုတ်ဖော် လိုက်မိသည့် အခိုက်တွင်၊ လင်းယွန်မှ အမိ အရ ဖမ်းဆုပ်သွား ခဲ့သည်။

တန်ပြန် တိုက်ခိုက် မှုမှာ၊ မယုံနိုင်ဖွယ် ကောင်းလောက်အောင် မြန်ဆန် နေပြီး ၎င်းမှာ၊ ဓားသုတ္တန် အားကောင်းကြောင်း ပြသရာ ရောက်၏။

“ ဒါဆို စမ်းသပ်မှု အောင်မြင် ပြီလား။ ”

လင်းယွန်မှ ပြုံးလျက် မေးမိသည်။ အပြာရောင် ဝိညာဉ်က ပြုံးကာ၊ ခေါင်းငြိမ့် ပြ ပြီးနောက်၊

“ မင်းကို ပလွေ မှုတ်နည်း၊ ဘယ်သူ သင်ပေးလဲ၊ ငါ သိခွင့် ရှိလား။ ”

နှစ်နာရီ အတွင်း၊ ဤ အဆင့်သို့ ရောက်ရှိအောင် မည်သူမှ သင်ပေး ခဲ့သည်ကို၊ တကယ်ပင် သိချင်သည်။

“ သိချင် လို့လား ... ၊ ဒါဆို သေချာ နားထောင်၊ သူ့ နာမည်က နည်းနည်းတော့ ရှည်တယ်။ ”

လင်းယွန်မှ ပြုံးလျက် တုန့်ပြန်သည်။

“ ပြောပါ ... ငါးလုံးထက် မပိုနိုင် ပါဘူး။ ”

အပြာရောင် ဝိဉာဉ်က ဆို၏။

“ သူက ... သမုဒ္ဒရာကြီး လေးစင်း၊ ပျက်သုဉ်းမြေ ရှစ်ပါး၊ ကောင်းကင် (၃၆) လွှာနဲ့၊ မြေကမ္ဘာ (၇၂) ထပ်ကို ပိုင်စိုးတဲ့၊ ကောင်းကင် တရား စီရင်ရေး ဧကရီပဲ။ ”

“ အွန် ... ။ ”

ကြားလိုက် ရသော အမည်ကြောင့်၊ အပြာရောင် ဝိညာဉ် ခမျာ၊ ပလေွပင် ပြန်မှုတ် လိုစိတ် ပေါက်လာ တော့သည်။

***

All Chapters