ခေါင်းလောင်းသံ (၁)။
Vol. 80 Ch. 1110
အပြာရောင် ဝိညာဉ်၏ မျက်နှာ အမူ အရာကို ကြည့်ကာ၊ လင်းယွန် တစ်ယောက် မပြုံးဘဲ၊ မနေနိုင် တော့ချေ။
အပြာရောင် ဝိညာဉ်မှာ စိတ်ထဲ၌၊ လျှာရှည် မိသော သူ့ကိုယ်သူ ကျိန်ဆဲ နေမည်မှာ သေချာ လေသည်။
ထိုနောက် လင်းယွန်က သူ့အား လျစ်လျူရှုကာ၊ တိမ်ပင်လယ် ထဲသို့ ဆက်၍ ပျံသန်း သွားလိုက်သည်။
“ ဟား ဟား ဟား ... ။ ”
များ မကြာမီ ဓား သူတော်စင် တောင်ထိပ်အား၊ မြင်လိုက်ရ သောကြောင့်၊ ကျယ်လောင်စွာ ရယ်မော လိုက်မိ၏။
တောင်ထိပ်သို့ သွားရာ လမ်းသည် တိမ်ပင်လယ် အတွင်း၊ ဝှက်ထား သောကြောင့်၊ မည်သူမျှ မမြင် ရခြင်း၊ ဖြစ်သည်။
“ ခစ် ခစ် ခစ် ... ။ ”
ဘွဲ့နာမည် အပြည့် အစုံအား၊ လင်းယွန်မှ ထုတ်ဖော် ချီးကျူးပေး လာသဖြင့်၊ ခရမ်းငယ်မှာ ကြေနပ် နေလေပြီ။
သူမသာ ပျံသန်း နိုင်သော်၊ ကောင်းကင်ပေါ် ခုန်တက်လျက်၊ ရေခဲ ဖီးနစ်တို့ သဘာဝ အတိုင်း လူတိုင်း မြင်အောင်၊ ဟစ်ကြွေး မိမည် ဖြစ်၏။
“ လင်းယွန်၊ ငါ့မှာ လွှမ်းမိုး နိုင်စွမ်း ရှိလား။ ”
“ မင်း မှာမှ မရှိရင် ... ၊ ဘယ်သူ့မှာ ရှိတော့ မှာလဲ ... ။ ”
လင်းယွန်က ပတ်ဝန်းကျင်ကို စစ်ဆေး ကြည့်နေ လျက်မှ၊ ပေါ့ပေါ့ ပါးပါးပင် ပြန်ဖြေ လိုက်၏။
“ ငါက သန်မာလား။ ”
“ အရမ်း ပဲ ... ။ ”
“ ဒါဆို ... ၊ ငါ့ ဘွဲ့ထူးကို ပြန်ရွတ် ပြပါ။ ”
“ ဒါတော့ ... မဖြစ် နိုင်ဘူး၊ မင်းဘွဲ့က အရမ်း ရှည်တယ်။ ”
“ ဟမ့် ... ၊ ဒါဆိုလည်း ငါ နင်နဲ့ ပြောစရာ စကား မရှိ တော့ဘူး။ ”
ခရမ်းငယ်က ဓားသေတ္တာ ထဲမှ နေ၍ ကျေနပ်စွာ ပြုံးနေ မိသည်။ လင်းယွန် အတွက် မူ၊ တိမ် ပင်လယ်မှ ဖြတ်သန်း လာသော လေထုကို ခံစား နေမိ၏။
လတ်ဆတ်ပြီး၊ လန်းဆန်း တက်ကြွလာ စေသည်။ ထို့အပြင် အထီး ကျန်သော ခံစား ချက် အချို့ ကိုလည်း၊ လေထု အတွင်းမှ ရရှိ နေ၏။
မည်သူ တစ်ဦး တစ်ယောက်မျှ၊ ဤတောင်ထိပ် ပေါ်သို့ မတက်ရောက် နိုင်ခဲ့ သည်မှာ၊ ကြာမြင့် နေပြီ ဖြစ်သည်။
တောင်ထိပ် ပေါ်၌၊ ကျမ်းစာများ ပါရှိသည့်၊ ကျောက်တုံးကြီး တစ်တုံးမှ စောင့်ကြို နေလေ သည်။ လင်းယွန်က ကျောက်တုံးကို ကြည့်ကာ၊
“ တိမ်ဆိုတာ ... ၊ ငါ့ ရည်ရွယ်ချက် မဟုတ်ဘူး၊ လက်ဖျစ် တစ်တွက် အချိန် အတွင်း၊ နှစ်ပေါင်း တစ်ထောင် ကုန်ဆုံး သွားခဲ့ပြီ။ ”
-ဟူသော စာပိုဒ်ကို ရွတ် လိုက်မိ၏။
ထိုစာပိုဒ်၏ အဓိပ္ပါယ်အား နားလည် လာသည်။ ယခု အချိန်၌ သူသာ ထောင်ထိပ်သို့ ခြေမချ နိုင်သော်၊ ယင်းကို နားလည် မိမည် မဟုတ်ချေ။
သည့်အပြင် သူ ရောက်ရှိ လာသဖြင့်၊ တောင်ထိပ်ရှိ အထီးကျန် အငွေ့ အသက်များ မှာလည်း၊ ပြယ်လွင့် သွားပြီ ဖြစ်သည်။
ရှေ့သို့ လှမ်းတက်ကာ၊ ကျောက်တုံးကြီး ပေါ်ရှိ ဖုန်မှုန့် များကို လက်ဖဝါးဖြင့်၊ သုတ်ဖယ် ပစ် လိုက်သည်။
ထို့နောက် တိမ်လွှာဓား (၁၃) ချက်၏ နောက်ဆုံးသော ဓား ပါရှိသည့်၊ သတင်း အချက် အလက် များစွာကို မြင်လိုက် ရသည်။
“ ကောင်းကင် ထက်မှာ။ ”
လင်းယွန်က အံ့အားသင့် သွားသည်။ တိုက်ဆိုင်မှုမှာ များလွန်း ချေပြီ။ ကောင်းကင် အောက်ရှိ အရာ အားလုံးကို၊ ဖျက်ဆီး နိုင်သော ကောင်းကင်ဘုံ သုံးပါးအား၊ ကောင်ကင် လမ်းတွင် ရရှိ ခဲ့သည်။
ယခု ထပ်မံ၍ ‘ကောင်းကင် ထက်မှာ’၊ ဟူသော ဓားချက် တစ်ချက်ကို ရရှိ လာပြန် ချေ၏။
မည်သို့ပင် ဆိုစေ ကာမူ၊ ဤသည်မှာ ဆုလာဘ် တစ်ခု ဖြစ်သဖြင့်၊ ကျေနပ် စရာ ပေပင်။
သမုဒ္ဒရာထဲ စီးဝင် နေသော မြစ် တစ်စင်း ကဲ့သို့၊ ကောင်းကင် မှသည် ကောင်းကင် ဘုံသို့ ရောက်ရှိ နိုင်မည် ဖြစ်၏။
( ကောင်းကင် ဟူသည် မြင်နေ ရသော အပြာရောင် လေထု ဖြစ်ပြီး၊ ကောင်းကင်ဘုံ ဟူသည် ၎င်းလေထု နောက်ရှိ၊ အာကာပြင်ကို ဆိုလိုခြင်း ဖြစ်ပေသည်။ )
ကျမ်းစာပါ သဘော တရားများ အရ၊ သာမာန် လူများ ကောင်းကင် ထက်ရှိ တိမ်များ ကိုသာ မြင်နိုင်ပြီး၊ ကောင်းကင် ဘုံကို မမြင် နိုင်ချေ။
ထို့ကြောင့် တိမ်လွှာ များမှာ ကောင်းကင် ထက်၊ မြင့်သည်ဟု ထင်လာ ကြသည်။ သို့သော် ဤသည်မှာ အနှစ် တစ်သောင်းကြာ၊ လှည့်စား ထားမှု ဖြစ်သည်။
သူက ဤတောင်ပေါ် ရောက်ရှိ ပြီးနောက်၊ တိမ်များ ထက်တွင်၊ ကောင်းကင်ဘုံ ကဲ့သို့သော တည်ငြိမ် လွန်းသည့်၊ ဓား တစ်လက် ရှိနေမှန်း နားလည် လိုက်ပြီ ဖြစ်သည်။
၎င်းမှာ တိမ်လွှာ ဓားသုတ္တန်၏ အဓိက အချက် အလက်များ ဖြစ်သည်။ ထို့နောက် ရူရ် တိုင်းကို ခဏတွင်း အလွတ် ကျက်မိ၏။
သည့်စဉ် တောင်ထိပ် ပေါ်၌ ဝိညာဉ် စွမ်းအင်နှင့်၊ ဓား ရောင်ခြည်များ စုစည်းလာ တော့သည်။
“ ဒင် ... ဒင် ဒင် ... ။ ”
ရုတ်တရက် ခေါင်းလောင်း ထိုးသံများ မြည်ဟည်း လာကာ၊ တာအို သဘော တရား များ၊ ရစ်သိုင်း လာသည်။
ဤသည်မှာ အက္ခ ရာများဖြင့် မှတ်တမ်းတင် ထားသော တာအို သဘော တရားများ မဟုတ်ချေ။
အသံ ဖြင့်သာ ကြားခွင့် ရမည် ဖြစ်သော၊ တာအို ဓားသံစဉ် ဖြစ်သည်။ ထို့ကြောင့် အသံက လင်းယွန်အား ဖုံးအုပ် ချိန်တွင်၊ ဓား ရည်ရွယ် ချက်မှာ၊ ပို၍ ထက်ရှ လာတော့သည်။
ထိုအချိန်တွင် ကောင်းကင်၌ လူ တစ်ယောက် ပုံရိပ်၊ ထင်ဟပ် နေသော အလင်း တိုင်ကြီး တစ်တိုင်၊ ဖြစ်ပေါ် လာ၏။
ထိုအလင်း တိုင်က လျှပ်စီး တိမ်လွှာ ဂိုဏ်းတစ်ဂိုဏ်း လုံးအား၊ ဇောက်ထိုး မိုးမျှော် ဖြစ်စေမည့်၊ ဖြစ်စဉ် တစ်ခု ပေပင်။
“ လင်းယွန် လား ။ ”
“ သူ ... သူ တောင်ပေါ် ရောက်သွားပြီ။ ”
“ ဒင် ... ဒင် ဒင် ။ ”
“ အိုး မြန်မြန် ... မြန်မြန်လုပ်၊ ဒါ တာအို ဓားသံပဲ၊ မှတ်တမ်း အရ ဆိုရင်၊ တစ်ယောက် ယောက်၊ ဓား သူတော်စင် ...
... ဖြစ်သွား မှသာ ကြားခွင့် ရလာ နိုင်မဲ့ ဖြစ်စဉ် မျိုးပဲ၊ ဓားသမား တွေအတွက် အရမ်း တန်ဖိုး ရှိတယ်။ ”
“ မယုံ နိုင်စရာပဲ ... ၊ ဓား သူတော်စင် တောင်က ဘယ်လိုတောင် ဆန်းကြယ် လိုက် တာလဲ။ ”
အမာခံ တပည့်များ အားလုံး ချက်ချင်း ထိုင်ချလိုက် ကြပြီး၊ တာအို ဓားသံကို လိုက်ပါ ခံစား ကုန်သည်။
“ အစ်မ ယဲ့ ... ၊ အစ်ကို ယွန် ရောက်သွားပြီ။ ”
ဝမ်ယုဝါက တုန်လှုပ် ချောက်ချား စွာဖြင့် ကောင်းကင်မှ အလင်းတိုင် ကြီးကို လှမ်းကြည့် နေမိသည်။
“ ဒင် ... ဒင် ဒင် ။ ”
သူမ မသိခင် အချိန်တည်း ကပင်၊ အစ်ကို ယွန်မှာ နှလုံးသား အတွင်း၊ နက်နက် ရှိုင်းရှိုင်း ဝင်ရောက် နေပေပြီ။
“ ကောင်မလေး စကားများ မနေနဲ့ ... ၊ မြန်မြန်လုပ် ဒါက ရှားရှား ပါးပါး အခွင့် အရေးပဲ၊ အခု ချက်ချင်း နားလည်မှု ရယူစမ်း။ ”
ခေါင်းလောင်း သံကြောင့်၊ သူမ၏ ကောင်းကင်ဓားမှာ လျင်မြန်စွာ ရွေ့လျား လာ သည်ကို၊ ယဲ့ဇီလင် သတိထား မိသွားသည်။
သူ့ ကဲ့သို့ မာနကြီး သူပင်၊ ၎င်းထက် မည်သည့် အရာမျှ အရေး မကြီးမှန်း၊ လက်ခံ လိုက်ရ၏။
ဝမ်ယုဝါက ပတ်ဝန်းကျင်အား ဝေ့ကြည့် လိုက်ရာ၊ လူတိုင်း ထိုင်လျက်၊ ခေါင်းလောင်းသံ အပေါ်၊ နားလည်ရန် ကြိုးစား နေသည်ကို မြင်သည်။
ထို့ကြောင့် အလင်း တိုင်ထံ ပြန် အကြည့်တွင်၊ ထူးခြားသော ခံစားချက်များ ဝင်ရောက် လာတော့သည်။
ယင်းက အစ်ကိုယွန် တစ်ယောက်၊ ကောင်းကင် ထက်မှ နေ၍၊ လူတိုင်း အပေါ် တာအို သဘော တရားများ၊ ဟောကြား နေခြင်းနှင့် တူ၏။
“ ဒင် ... ဒင် ဒင် ။ ”
ပွေ့ထားသော နဂါးလေးအား လွှတ်ပေး လိုက်ကာ၊ ထိုင်လျက် အသံကို အမြန် အာရုံစိုက် လိုက်မိ တော့သည်။
“ ကောင်းကင်ကို အံတု နိုင်မဲ့ ပါရမီရှင် မျိုးပဲ။ ”
ဓားရောင်ဝါကို နှိမ်နှင်း နေရသည့် ဂိုဏ်းချုပ်က၊ ကျေနပ်စွာ သုံးသပ် လိုက်သည်။ မမြင် ရသော မြူအတွင်း ငုံ့ကြည့်လျက်၊ အသံအား နားထောင် နေမိ၏။
“ ဒင် ... ဒေါင် ဒင် ။ ”
လျှပ်စီး တိမ်လွှာ ဂိုဏ်း တစ်ခုလုံး၊ ခေါင်းလောင်းသံ မှလွဲ၍ မည်သည့် အသံမျှ မကြားရ တော့ချေ။
ယင်းက သူ့ ဂိုဏ်းမှာ အသွင် ပြောင်း လာတော့မည့် လက္ခဏာ ဖြစ်သဖြင့်၊ ဂိုဏ်းချုပ် ခမျာ ပြုံးလိုက် မိသည်။
လင်းယွန်ဟု အမည် ရသော၊ ဤဓားသမား လူငယ်မှာ၊ တစ်နှစ် အတွင်း အပြာရောင် စံအိမ် နယ်မြေရှိ၊ လူတိုင်းကို ခြောက်လန့် နိုင်ပေ တော့မည်။
သည့်နောက် ဆရာ သခင်၏ တပည့်ငယ် တစ်ဦး အဖြစ်၊ ကြီးလေးသော တာဝန် များကို ဆက်၍ ထမ်းဆောင် ရပေမည်။
အချိန် အတော်ကြာ ပြီးနောက်၊ ခေါင်းလောင်း သံကို နားထောင် နေကြသော တပည့် များ၏ မျက်လုံးများ ဖြည်းညှင်းစွာ ပွင့်လာ လေသည်။
လင်းယွန်ကြောင့် လူတိုင်း အကျိုးထူး ခံစားခဲ့ ရ၏။ သူတို့၏ ဓား ရည်ရွယ်ချက် များ ကိုပင်၊ သွေးယူ လာနိုင်သည်။
ကျင့်ကြံမှုမှာ အချိန်တို အတွင်း၊ တိုးတက် လာ၏။ အထူး သဖြင့် အမာခံ တပည့် များမှာ၊ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါကို ထုတ်လွှတ် လာနိုင် ကြသည်။
ဓားသမားများ အနေဖြင့်၊ အချိန် တိုတို အတွင်း၊ ဤမျှ ကြီးမားသော တိုးတက်မှု များကို ပြုလုပ် နိုင်သည့် အပေါ်၊ ပျော်ရွှင် မိသည်။
“ ဟား ဟား ဟား ... ။ ”
ထို့ကြောင့် ပီတိဖြင့် ပြုံးရယ် သံများ နေရာ အနှံ့မှ၊ ထွက်ပေါ် လာတော့၏။
သည့်စဉ် မှာပင် လင်းယွန်က၊ ပြုံးလျက် ကောင်းကင်မှ ဆင်းသက် လာသည်။ သူ့အပြုံး တွင်၊ လူတိုင်း အပေါ် အထင် သေးသော အရိပ် အယောင်များ ပါရှိ နေပေ တော့၏။
***