ခေါင်းလောင်းသံ (၂)။
Vol. 80 Ch. 1111
လက်ရှိတွင် လင်းယွန် ဟူသည်မှာ၊ ဒဏ္ဍာရီ ထဲမှ ပုဂိ္ဂိုလ်ထူး တစ်ပါး အလား၊ လူတိုင်း ရင်ကို ဆုပ်ကိုင် ထားလေသည်။
သူ့ရှေ့၌ ရပ်နေရန် အတွက်ပင်၊ သတ္တိ မရှိကြ တော့ချေ။ ထို့ကြောင့် လင်းယွန်အား ကြည့်ကာ၊ အမာခံ တပည့် များက၊ သက်ပြင်း ချလိုက် မိကုန်သည်။
“ ငါ့ကို ဒီလို မကြည့်နဲ့ ... ၊ စစ်မှန်တဲ့ ပါရမီရှင် ဆိုတာ ဘာလဲ၊ ငါ ပြမယ်လို့ မင်းတို့ကို၊ ငါ ပြောခဲ့ ဖူးတယ် မဟုတ်လား။ ”
လင်းယွန်၏ အထက်ပါ စကားကြောင့် လူတိုင်း ရင်ထဲရှိ၊ လေးစား ကြည်ညို စိတ်များ ပျောက်ကွယ် ကုန်ကြသည်။
အံကြိတ်လျက် မျက်နှာများ နီရဲ ကုန်ကာ၊ စကား တစ်ခွန်းမျှ မဆို ဝံ့ကြချေ။ ထိုအဖြစ်ကို လင်းယွန်မှ ဂရု မစိုက်ဘဲ၊
“ လူငယ် ဆိုတာ ... ၊ မကျေနပ် တာရှိရင် ပြောရဲ ရတယ်၊ ပြောပါ ... ငါတို့က ကောင်းကင် နဲ့၊ မြေကြီးကို သက်သေ ထားပြီး၊ ဆွေးနွေး ရအောင်၊ ...
... ငါက စကားရည် လုတာကို ဝါသနာ ပါသလို၊ ဆရာ လုပ်ရတာ ကိုလည်း၊ ကြိုက်ပါ တယ်။ ”
ယင်းမှာ အမှန် မဟုတ်ချေ။ ဖုန်ကျန်း တစ်ယောက် လင်းယွန်နှင့် ဆွေးနွေး ပြီးနောက်၊ လုံးဝ ခေါင်းငိုက်စိုက် ကျသွား ခဲ့သည်။
“ စီနီယာ အစ်ကို ဖုန်၊ မင်းရော ငါပြော တာကို ဘယ်လို ထင်လဲ။ ”
လူအုပ် ထဲတွင် ပုန်းအောင်း နေသော ဖုန်ကျန်းအား လှမ်းကြည့်ကာ လင်းယွန်မှ မေး လိုက်သည်။
ဖုန်ကျန်းမှာ ခေါင်းလောင်း သံကြောင့်၊ ကောင်းကင် ဓားကို၊ အနည်းငယ် နားလည် လာပြီ ဖြစ်သည်။
ထို့ကြောင့် ၎င်း အပျော်အား မပျက်စီး စေချင် သေးချေ။ တုန်ယင် စွာဖြင့် ခေါင်းညိမ့်ပြ သည်။ သူ့အား လင်းယွန် မေ့သွား စေရန်၊ ဆုတောင်းမှာ ပြည့်ပုံ မရချေ။
ဤအခိုက် တွင် လင်းယွန် ဟူသည်၊ ရန်ငြိုးထား တက်သူ တစ်ဦး ဖြစ်ကြောင်း၊ လူတိုင်း နားလည် လိုက်ကြ၏။
“ စိတ် အေးအေး ထားပါ ... ၊ ငါက တွန့်တိုတဲ့ လူ မဟုတ် ပါဘူး၊ မင်း ဘာတွေ နားမလည် လိုက်ဖူးလဲ ပြောနိုင် ပါတယ်။ ”
လင်းယွန်က သဘောထား ကြီးဟန်ဖြင့်၊ ပြုံးပြ လိုက်သည်။ ရွေးချယ်စရာ မရှိ သဖြင့်၊ ဖုန်ကျန်းမှာ၊ ရှေ့လှမ်းတက် လိုက်ရသည်။
“ ဂျူနီယာ ညီလေးလင်း၊ မင်း ပြောတာ မှန်ပါတယ်၊ မင်းနဲ့ ဆွေးနွေးမှု ကနေ ငါ အများ ကြီး၊ ရခဲ့ ပါတယ်၊ အထူး သဖြင့် ငါ့ရဲ့ အုပ်စိုးခြင်း လေဝဲဓား မှာပါ၊ ...
... မင်းက ခြေလှမ်း ခုနစ်လှမ်းနဲ့၊ အပြီးသတ်ခဲ့တဲ့ အတွက်၊ ငါ့ လေ့လာဖို့ အချိန် အရမ်း နည်းခဲ့ ပါတယ်၊ မဟုတ်ရင် ဒဏ္ဍာရီလာ သရုပ်ဖော် အဆင့်ကို၊ ငါ ရနိုင် ပါတယ်။ ”
“ ကောင်းပြီ ... ၊ ဒါဆို ငါတို့ နောင် တစ်ချိန်မှာ ဆက်ပြီး ဆွေးနွေး ကြမယ်။ ”
လင်းယွန်က ပြုံးကာ၊ ဆိုလိုက် သဖြင့်၊ ဖုန်ကျန်း မျက်နှာမှာ၊ မည်းမှောင် သွားခဲ့သည်။ သူ့ နဖူး၌ ချွေးများ ရွှဲနစ် လာပြီး၊ ခြေထောက် ခွေကျလု နီးနီး ပေပင်။
သူသည် လင်းယွန်အား အရှက် ခွဲရန် ဤနေရာသို့ ရောက်လာခြင်း ဖြစ်သော်လည်း၊ အဆုံးတွင် သင်ယူ နေသူ အဖြစ်၊ ဝန်ခံ လိုက်ရသည်။
“ လင်းယွန် ... ၊ နင်က ... သေချင်လို့ မောက်မာ ပြနေ တာလား၊ အရိုက် ခံချင် နေပုံ ရတယ်။ ”
ယဲ့ဇီလင်မှာ မျက်လုံးများ ဖွင့်လျက်၊ ဖြည်းညှင်းစွာ ထရပ် လာပြီး၊ လင်းယွန် အား ငေါက်ငမ်း လိုက်လေသည်။
သူမ ထရပ်လိုက် သည်နှင့်၊ ဧရာမ တောင်ကြီး တစ်လုံး၊ ကောင်းကင်ပေါ် ခုန်တက် သွား သကဲ့သို့၊ ထင်မြင် လာမိ၏။
တစ်ချိန်တည်း မှာပင် အသက် ရှူရ ကြပ်စေသော ရောင်ဝါများ ရစ်သိုင်း ပျံဝဲလာ တော့သည်။
ယင်းက ယဲ့ဇီလင်၏ ကောင်ကင်ဓား ရည်ရွယ်ချက်မှာ၊ နားမလည် နိုင်သော အမြင့်သို့ ရောက်ရှိ သွားခြင်း ဖြစ်လေသည်။
“ မင်္ဂလာပါ အစ်မ ယဲ့ ... ။ ”
တပည့်များ အားလုံးက လေးစားစွာ နှုတ်ဆက် လိုက်ကြသည်။ ယင်းကို လျစ်လျူရှု လျက်၊ ယဲ့ဇီလင်မှာ လင်းယွန် ထံသို့၊ ကြွကြွ ရွရွ လျှောက်လှမ်း လာ တော့သည်။
သူမ၏ ထူးခြားသော မျက်နှာ ထားနှင့်၊ ကြီးစိုး နိုင်မှုက ရင်သပ်ရှု မောဖွယ် အလှကို ဖြစ်ပေါ် လာစေသည်။
ကောင်းကင်ဓားကို ပို၍ ကျွမ်းကျင်လာ သောကြောင့်၊ သူမ၏ ကျင့်ကြံမှုအား ကြယ်စင်စု အထွတ် အထိပ် နယ်ပယ်သို့၊ တက်လှမ်း နိုင် တော့မည် ဖြစ်သည်။
ထို့ကြောင့် သူမ ထံမှ လာသော အရှိန် အဝါမှာ၊ အရမ်း ကြောက်စရာ ကောင်းနေခြင်း ဖြစ်လေ သည်။
ယဲ့ဇီလင်မှ လင်းယွန် အပေါ်၊ သူတို့ ကိုယ်စား သင်ခန်းစာ တစ်ခု သင်ပေး လိမ့်မည် ဟု၊ လူတိုင်း မျှော်လင့် လာမိ၏။
ဖုန်ကျန်း သည်ပင်၊ ဝမ်းသာ ရွှင်မြူး သွားသည်။ ယဲ့ဇီလင်၏ ခွန်အား အောက်တွင်၊ လင်းယွန် အတွက်၊ မျှော်လင့်ချက် မရှိ နိုင်ချေ။
သို့သော် လင်းယွန် မှာမူ၊ သူတို့ထင် ထား သကဲ့သို့ တုန်လှုပ်ခြင်း မရှိဘဲ၊ တည်ငြိမ် နေဆဲ ဖြစ်သည်။
သူ့ထံ လျှောက်လှမ်း လာနေသော၊ ယဲ့ဇီလင်ထံ အပြုံးဖြင့်၊ ပြန်လှည့် ကြည့် လိုက်ပြီး၊
“ ငါ့ကို ဘယ်သူက ရိုက်နိုင်မှာ မို့လဲ၊ ဒါနဲ့ စီနီယာ အစ်မ တစ်ယောက် အနေနဲ့ ... ၊ ငါတို့ရဲ့ လောင်းကြေးကို မှတ်မိ ဦးမယ် ထင်ပါတယ်။ ”
-ဟု မေးခွန်းထုတ် လိုက်တော့သည်။
ထိုမေခွန်းက ပတ်ဝန်းကျင် တစ်ခု လုံးကို၊ လုံးဝ တိတ်ကျ သွားစေ၏။ လူတိုင်း ထိုကတိကို မေ့လျော့ နေမိ ချေသည်။
ယဲ့ဇီလင်မှာ သာ၍ ဆိုး၏။ မျက်နှာ တစ်ပြင်လုံး ရဲရဲနီ လာကာ၊ လန့်ဖြန့် သွားတော့ လေသည်။
ကောင်းကင်ဓား ပို၍ အားကောင်း လာ သောကြောင့်၊ တစ်ဖက် လူအား သင်ခန်းစာ ပေးရန်၊ သူမ လျှောက်လှမ်း လာခြင်း ဖြစ်သည်။
“ တိမ်လွှာဓား တစ်ဆယ့် သုံးချက်ကို၊ ဘယ်သူ ရခဲ့လဲ ဆိုတာ ငါ့ကို ပြောပြ နိုင်မလား၊ စီနီယာ အစ်မ ယဲ့၊ ပြီးတော့ ဒီခေါင်းလောင်း သံကရော ဘယ်သူ့ အတွက်လဲ။ ”
လင်းယွန်မှာ ယဲ့ဇီလင်အား၊ အလွတ် မပေးနိုင် တော့ချေ။ အခွင့်အရေး ပေးထားပြီး ဖြစ် သော်လည်း၊ သူ့အား ဖိနှိမ်ရန် ကြိုးစား လာသည်။
အဆုံးတွင် အစ်မ ယဲ့ တစ်ယောက်၊ အစ်ကိုယွန် မေးခွန်းကြောင့်၊ နှုတ်ဆိတ် သွား လေရာ၊ ဝမ်ယုဝါမှ ဝင်ရောက် ဖြေကြား ပေးမိ တော့သည်။
“ ဒါက အစ်ကို ယွန်ပါ၊ ဓား သူတော်စင် တောင်ပေါ် တက်ပြီး၊ တိမ်လွှာဓား (၁၃)ချက်ကို ရယူ နိုင်ခဲ့တယ်၊ ဒါကြောင့် ခေါင်းလောင်း သံက အစ်ကိုယွန် အတွက် မြည်လာ ရတာပဲ။ ”
ထိုစဉ် ယဲ့ဇီလင်မှ စူးစူး ဝါးဝါး သူမကို လှည့်ကြည့် လာသဖြင့်၊ ဝမ်ယုဝါ ခမျာ ချက်ချင်း ပါးစပ် ပိတ်လိုက် မိသည်။
သို့သော် သူမကို မျက်မှိတ်ပြ နေသော အစ်ကို ယွန်ကြောင့်၊ ရှက်ရွံ့ စွာဖြင့်၊ ခေါင်းငုံ့ကျ သွားသည်။
“ ယဲ့ သခင်မလေး၊ မင်းရဲ့ စကားတွေ အတွက်၊ မင်း တာဝန် ယူမှာလား။ ”
လင်းယွန်မှ ပြုံးကာ မေးလိုက်သည်။ လူတိုင်းက စိတ်မသက် မသာဖြင့်၊ အသက် အောင့် ထားမိ ကုန်၏။
“ ငါ့ စကားကို ... ၊ ငါ တာဝန် ယူမယ်၊ မင်း ဘာလို ချင်လဲ။ ”
အံကြိတ်လျက် အေးစက်စွာ ပြန်ဖြေ လာသော ယဲ့ဇီလင်ကို စိုက်ကြည့်ကာ၊ ပြုံးလိုက် မိ၏။ သူ့ထံမှ ရယူ လိုသူတိုင်း၊ ပြန်၍ ပေးဆပ် ရမည်ကို၊ ဤသခင်မလေး နားလည် ထားသင့် ပေသည်။
လင်ယွန် တစ်ယောက်၊ တောင်းဆိုမှု ပြုလုပ်ခါနီး အချိန်တွင်၊ ဂိုဏ်းချုပ်ကြီး ထံမှ စူးရှ သော အကြည့်အား၊ ရုတ်တရက် ခံစားလာ ရသည်။
အဘိုးကြီး စောင့်ကြည့် နေသည်မှန်း၊ သူ နားလည် လိုက်၏။ သို့သော် လျော်ပေးရန် ဆန္ဒ မရှိချေ။ စိတ်ပျက် လက်ပျက်ဖြင့်၊ ခေါင်းခါ လိုက်ပြီး၊
“ အခုက အချိန် မဟုတ် သေးဘူး၊ ပြီးတော့ လောလောဆယ် မင်းဆီမှာ ငါလိုတာ ဘာမှ မရှိ သေးဘူး။ ”
-ဟု ဆိုလျက်၊ လှည့်ထွက် လာခဲ့ တော့သည်။ ယခု အချိန်၌ နဂါး သွေးလွှတ် ကြောကို၊ မမြည်းစမ်း လိုသေးချေ။
ထွက်ခွာ သွားသော လင်းယွန် နောက်ကျောထံ စိုက်ကြည့်လျက်၊ ယဲ့ဇီလင် ခမျာ၊ ဒေါသ ထွက်သွားသည်။
ဤလုပ်ရပ်သည် သူမအား ချည်နှောင်ရာ ရောက်ပေ၏။ တစ်ချိန်လုံး အရိပ် ကဲ့သို့ လိုက်ပါ နေပေ တော့မည်။
***