← Chapters

ဝတ်ရုံဖြူ အမျိုး သမီး။

Vol. 80 Ch. 1112

ဝတ်ရုံဖြူ အမျိုး သမီး။

Vol. 80 Ch. 1112

တိမ်လွှာ နန်းတော်မှ ထွက်ခွာ လာစဉ်၊ လင်းယွန်က ခြေလှမ်းအား ရုတ်တရက် ရပ်ပစ် လိုက်၏။ ခရမ်းငယ်မှ၊

“ ဘာ ဖြစ် လို့ လဲ။ ”

-ဟု ပြန်မေး လာသည်။

“ ငါ တို့ကို ကြည့်နေတဲ့ ... ၊ လူ တစ်ယောက် ရှိတယ်။ ”

စကားဆုံး သည်နှင့်၊ ထိုခံစား ချက်အား ခြေရာ ခံကာ၊ လှည့်ကြည့် လိုက်မိ၏။ နန်းတော် အမိုး တစ်နေရာ၌၊ အဖြူဝတ် အမျိုး သမီး တစ်ဦးမှ၊ သူ့အား စိုက်ကြည့် နေသည်။

သူ့ လှည့်ကြည့် လိုက် သည်နှင့်၊ ထိုအမျိုးသမီးက ကောင်းကင်ပေါ် ခုန်တက် သွား တော့၏။

ပျံသန်း နေစဉ် မှာပင်၊ သူ့ထံ လည်ပြန် လှည့်ကြည့် သွား၏။ လေ အဟုန်ကြောင့် ပါးလျ သော ဝတ်ရုံ စမှာ၊ သူမ ခန္ဓာဖြင့် ကပ်လျက်၊ လှပသော ကောက်ကြောင်းကို အဝေး မှပင် မြင်သာ စေသည်။

ဤသည်မှာ လျှပ်စီး တိမ်လွှာ ဂိုဏ်း၏ တပည့်မ တစ်ဦး ဖြစ်သဖြင့်၊ အံ့အားသင့် သွား မိသည်။

ထိုအမျိုး သမီးမှာ၊ ယဲ့ဇီလင်ထက် များစွာ သန်မာ ပေ၏။ ရွေ့လျားမှု နည်းစနစ် သည်ပင်၊ မယုံ နိုင်စရာ ကောင်းလှ လေသည်။

ဝမ်ယုဝါ ပြောသော သူမ ဖြစ်ရ ပေမည်။ လျှပ်စီး တိမ်လွှာ ဂိုဏ်း၌ ကောင်းကင် ဓားကို နားလည် ထားသော တပည့် နှစ်ဦး ရှိသည်။

တစ်ဦးမှာ ယဲ့ဇီလင် ဖြစ်ပြီး၊ ကျန်သူမှာ ဤမိန်းကလေး ဖြစ်ပုံ ရ၏။ လျှပ်စီး တိမ်လွှာ ဂိုဏ်း၌ ဝပ်နေသော ကျားများစွာ ရှိကြောင်း၊ သတိပြု မိလိုက်သည်။

ကောင်းကင် ဓားမှာ၊ နားလည်ရန် မည်မျှ ခက်ခဲကြောင်း သူ အသိဆုံး ဖြစ်သည်။ သို့သော် သူ့၌ မိန်းမ တစ်ယောက် အကြောင်း တွေးရန်၊ အချိန် မရှိချေ။

လင်းယွန်၏ မာန ကြီးသော အသွင်က၊ လူတိုင်း အပေါ် ကြီးမားသော ဖိအားများ ဖြစ် စေခဲ့သည်။

အမှန် အတိုင်း ဝန်ခံ ရပါမူ၊ ထိုသို့ မာနကြီးရန် ထိုက်တန် ချေ၏။ လျှပ်စီး တိမ်လွှာ ဂိုဏ်း သမိုင်း တစ်လျှောက်၊ ပြိုင်ဘက်ကင်း ပါရမီရှင် အဖြစ်၊ မှတ်တမ်း ဝင်ပြီ ဖြစ်သည်။

ဆဋ္ဌမ ကောင်းကင် ဝိညာဉ်ဖြင့်၊ ဓားသူတော်စင် တောင်ပေါ် တက်ရန်၊ မည်မျှ ခက်ခဲမှန်း သူတို့ သိသည်။

တစ်ဖက် လူ အနေနှင့်၊ ခွန်လွန် ဘုံသို့ ရောက်ရှိလာ သည်မှာ၊ တစ်နှစ်ပင် မပြည့်သေး ချေ။ ယင်းက အလား အလာ များစွာ ကျန်ရစ် နေသည်ဟု၊ အဓိပ္ပါယ် ရသည်။

တောင်တက် လမ်း၌၊ အင်ပါ ရီယန်သို့ ထိုးဖောက် ဝင်ရောက်နိုင် သော်လည်း၊ မလုပ် ခဲ့ချေ။

တစ်ဖက်တွင် ကောင်းကင်ဓားကို ပို၍ ကျွမ်းကျင်လာ ပြီးနောက် ၌ပင်၊ လင်းယွန်၏ ဓားကို မမြင်နိုင် သောကြောင့်၊ ယဲ့ဇီလင်မှာ ထူးဆန်း နေမိသည်။

“ အစ်မယဲ့ ... ၊ အစ်ကို ယွန်ကို ဘာလို့ စိုက်ကြည့် နေတာလဲ၊ သဘောကျ သွားပြီလား၊ ခစ် ခစ် ခစ် ... ။ ”

ဝမ်ယုဝါက ရယ်လျက် စနောက် လိုက်သည်။ ယဲ့ဇီလင် မျက်နှာမှာ ပြောင်းလဲမှု တစ်စုံ တစ်ရာ မရှိဘဲ၊

“ ငါ့ ဂိုဏ်းက၊ အပြာရောင် စံအိမ်ရဲ့၊ အဆင့် သတ်မှတ် တိုက်ပွဲမှာ၊ ချန်ပီယံ မဖြစ် မချင်း ငါ ဘယ် သူ့ကိုမှ၊ စဉ်းစားမှာ မဟုတ်ဘူး။ ”

ထိုအချိန်တွင် ဂိုဏ်းချုပ်မှာ ကောင်းကင်မှ ဆင်းသက် လာပြီး၊ တပည့်များအား လှည့်ပတ် ကြည့်လျက်၊

“ လူစုခွဲ ... ၊ ဒီနေ့က စပြီး၊ လင်းယွန်က ကောင်းကင် အဆင့်၊ တပည့် တစ်ဦး ဖြစ်သွားပြီ၊ အဲဒါကို စိတ်ထဲမှာ မှတ်ထား ကြပါ။ ”

-ဟု အမိန့်ပေး လာသည်။ လူတိုင်းက ဦးညွှတ်လျက် ထွက်ခွာ ကုန်၏။

“ ခဏ စောင့် ပါ ဦး ... ။ ”

ယဲ့ဇီလင်မှ ကောင်းကင်ပေါ် ပျံတက် သွားသော ဂိုဏ်းချုပ် နောက်သို့၊ အမြန် လိုက်ပါ သွား တော့သည်။ သို့သော် ဂိုဏ်းချုပ်မှာ သူမအား မစောင့်ချေ။ ချက်ချင်း ပျောက်ကွယ် သွားသည်။

“ ဝှစ် ... ။ ”

စိတ်ပျက် လက်ပျက်ဖြင့် ပြန်လှည့် တော့မည့် အချိန်တွင်၊ တောင်တန်း တစ်နေရာ၌ ရပ်စောင့် နေသော ဂိုဏ်းချုပ်အား မြင်လိုက် ရသည်။

“ ဖေ ဖေ ... ။ ”

အနားတွင် မည်သူမျှ မရှိ သောကြောင့်၊ ယဲ့ဇီလင်မှ ပေါ့ပေါ့ ပါးပါးပင် ခေါ်လျက် မြေပြင် ထံ ဆင်းသက် လိုက်၏။

ဂိုဏ်းချုပ်က ပြုံးလျက် ခေါင်းညိတ် ပြပြီး၊

“ သမီးမှာ မေးခွန်းတွေ ... ၊ အများကြီး ရှိမယ် ဆိုတာ သိတယ်၊ ဒါပေမယ့် မေးခွန်းတိုင်း အဖြေ ပြန်ပေးလို့ မရဘူး။ ”

“ သူ ဘယ်သူလဲ ဆိုတာ သိချင် ရုံပါပဲ၊ ပြီးတော့ ဘာအတွက် လျှပ်စီး တိမ်လွှာ ဂိုဏ်းကို ရောက်လာ ရတာလဲ။ ”

“ တကယ်ပဲ သူက ကောင်းကင် လမ်းက လာတဲ့ ကလေးပါ၊ ိုဏ်းမှာ နေဖို့ ရည်ရွယ်ချက် မရှိ ပါဘူး၊ တစ်နှစ် ပြည့်ရင် ထွက်သွား မှာပါ။ ”

( တစ်နှစ် တည်းလား။ )

ယဲ့ဇီလင်မှာ သူမ အဖေ စကားကြောင့်၊ အံ့သြ သွားပြီး၊

“ ဒါဆို ကောင်းကင် လမ်းမှာ၊ အဆင့် ဘယ်လောက် ရခဲ့လဲ၊ ထိပ်တန်း တစ်ရာ လား၊ သူ့ ကျင့်ကြံ မှုနဲ့တော့ ရွှေ အဆင့်ကို၊ မရောက် လောက်ပါဘူး။ ”

“ အင်း ... ၊ သူက ရွှေ အဆင့်မှာ မဟုတ် ပါဘူး။ ”

ဂိုဏ်းချုပ်က အဓိပ္ပါယ် ပါပါ ပြုံးလျက်၊ ပြန်ဖြေ လိုက်သည်။ လင်းယွန်မှာ ရွှေေအဆင့် တွင် မဟုတ်ဘဲ၊ သခင်ငယ် (၅) ပါးအား သတ်ကာ၊ ချန်ပီယံ ဖြစ်လာ ခဲ့သည်။

ထို့အပြင် ဆရာ သခင် အလို ရှိသော လူငယ်လည်း ဖြစ်နေသည်။ နဝမ ကောင်းကင် လမ်းရှိ၊ ပါရမီရှင်များ အားလုံးကို၊ နင်းတက် ခဲ့ သဖြင့်၊ လူ အများက ရန်ငြိုး ဖွဲ့ထား မည်မှာ သေချာသည်။

ထို့ကြောင့် သမီး ဖြစ်သူ ကိုပင်၊ ထုတ်မပြော နိုင်ခြင်း ဖြစ်၏။ အစ်ကို ဖုန်းကျွယ်မှ ဤကလေး အသက် အန္တရာယ် အတွက်၊ သူ့ထံ လာရောက် ထားရှိခြင်း ဖြစ်သည်။

သူမ အဖေမှ ထပ်ပြောရန် ဆန္ဒ မရှိ တော့မှန်း နားလည် လိုက်သော ယဲ့ဇီလင်က၊

“ ဘာလို့ ... ၊ သူက အင်ပါ ရီယန် နယ်ပယ်ကို မရောက်ခဲ့ တာလဲ၊ ဝိညာဉ်တော် နဲ့ တိမ်လွှာဓား ကိုတောင် ရအောင် ယူနိုင်တာ၊ မဖြတ်ကျော် နိုင်စရာ အကြောင်း မရှိဘူး။ ”

-ဟု စကား လမ်းကြောင်း ပြောင်း လိုက်သည်။

“ ဒါက ရှင်းပါတယ် ... ၊ အင်ပါ ရီယန် နယ်ပယ်ကို မတက် ခင်မှာ၊ ကြယ်မိစ္ဆာ ပန်း ခုနစ် ပွင့် အထိ၊ သူ စိုက်ချင်နေ လို့ပဲ။ ”

“ မဖြစ် နိုင်တာ ... ။ ”

ယဲ့ဇီလင် ခမျာ ပါးစပ် ဟောင်းလောင်း ပွင့်သွားသည်။ ကောင်းကင် ဝိညာဉ် နယ်ပယ် ကန့်သတ် ချက်မှာ၊ ပန်း (၇) ပွင့်ဟု သိထား၏။

ဤသည်မှာ ကောင်းကင်ကို အံတုသော လုပ်ငန်းစဉ် တစ်ရပ် ပေပင်။ ယင်းကို ပါရမီရှင် များစွာမှ၊ ကြိုးစားခဲ့ သော်လည်း၊ သေခြင်း တရား ဖြင့်သာ၊ အဆုံးသတ် ကုန်သည်။

အသက် ပေါင်းများစွာ၊ ပေးဆပ် ထားရ ပြီးနောက်၊ ပန်း (၇) ပွင့်သည် တဖြည်းဖြည်းနှင့် တားမြစ်ချက် တစ်ရပ် ဖြစ်လာ တော့၏။

“ သူ့ကို အထင် မသေးနဲ့၊ သူက လျှပ်စီး တိမ်လွှာ ဂိုဏ်းကို အလုံးစုံ မယုံကြည် သေးဘူး၊ အဲဒါကြောင့် စောစောက အစွယ်ပြ ခဲ့တာ၊ အနာဂါတ်မှာ ရွေးချယ်ခွင့် ရှိရင် သူ့ကို နားလည်အောင် ကြိုးစားပါ။ ”

ဂိုဏ်းချုပ်က သမီး ဖြစ်သူအား သွန်သင် ဆုံးမ လိုက်သည်။ လင်းယွန်အား သက်တံဓား သူတော်စင် ဖြစ်သူမှ၊ တပည့် အဖြစ် ကောက်ယူ လိုက်ခြင်း ဖြစ်ကြောင်း၊ ထုတ်ပြော ချင်သည်။

သို့သော် ဖုန်းကျွယ်မှ အထက်ပါ အကြောင်း အရာကို၊ လူတိုင်းအား သိစေလို ပုံမရချေ။ ဆိုလို သည်မှာ လျှပ်စီး တိမ်လွှာ ဂိုဏ်း အပေါ်၊ မယုံ ကြည်ဟု အဓိပ္ပါယ် ရလေသည်။

“ မဖြစ် နိုင်ဘူး၊ သူက ငါ့ကို အခွင့် အရေး ယူမို့ စိတ်ကူး နေတဲ့ လူပဲ ... ။ ”

သူ့အဖေ စကားကြောင့်၊ အေးစက် တင်းမာသော မျက်နှာ ပေါ်တွင်၊ ရှက်ရိပ်များ စွန်းထင်းလျက်၊ ယဲ့ဇီလင်မှ ငြင်းဆန် သည်။

“ ဟား ... ဟား ... ဟား ... ၊ သူက သမီးကို နောက်နေ တာပါ။ ”

ဂိုဏ်းချုပ်က ရယ်မော လိုက်၏။ လင်းယွန်မှာ ‘ထိုသူ၏ သမီး’ ကိုပင်၊ ငြင်းပယ် ထားသူ တစ်ဦး ဖြစ်သည်။

အဘယ့်ကြောင့် သူ့ သမီး အပေါ်၊ အခွင့်အရေး ယူရန် စိတ်ကူး ရှိနိုင် မည်နည်း။ ကောင်းကင်လမ်း တစ်လျှောက်၊ တင်းမာ နေခဲ့ သော စိတ် ခံစားချက် များအား၊ လျော့ပါး အောင် လုပ်ယူ နေခြင်း ဖြစ်သည်။

“ ဂရု မစိုက်ဘူး၊ ဖေဖေ ... အပြာရောင် စံအိမ် နယ်မြေရဲ့၊ အဆင့် သတ်မှတ်ချက် တိုက်ပွဲ အတွက် … ။ ”

“ သမီး ... ၊ ဘာတွေ တွေးနေလဲ အဖေ သိပါတယ်၊ တိမ်လွှာ ဓားကို လိုချင် ရင်တော့၊ သူနဲ့ ကိုယ်တိုင် သွားညှိ နှိုင်းပါ၊ အဖေ မင်းကို ကူညီမှာ မဟုတ်ဘူး။ ”

“ လုံးဝ မဖြစ် နိုင်ဘူး။ ”

ယဲ့ဇီလင်မှာ သဘာဝ အတိုင်း၊ လက်မခံ နိုင်ချေ။ သူမ အစား ဖခင်အား လင်းယွန်နှင့် ညှိနှိုင်း စေလိုသည်။ ထို့ကြောင့် စကားစ မိခြင်း ဖြစ်၏။

သို့သော် ယခု ကဲ့သို့ ငြင်းပယ် ခံရ လိမ့်မည်ဟု၊ မထင်ထား မိချေ။ ဂိုဏ်းချုပ် အနေ ဖြင့်လည်း၊ သူ့ သမီးမှာ မာနကြီး လွန်းသဖြင့်၊ ကောင်းသော အရာ မဟုတ်မှန်း သိစေ လိုသည်။

လင်းယွန် ထံမှ သင်ယူ ခြင်းအား၊ နိမ့်ကျ သည်ဟု သူ ... မထင်ချေ။ ထို့ကြောင့် ထပ်၍ သတိ ပေးလိုက်သည်။

“ သမီး ထင်ထား တာထက် ... ၊ သူက ပို သန်မာတယ် ဆိုတာ သတိရပါ။ ”

နေထိုင် ရာသို့ ပြန်ရောက် သွားသည်နှင့်၊ တိမ်လွှာဓား (၁၃) လက်ကို ဆင်ခြင်ရန် ပြင်ဆင် မိသည်။

ဤတစ်ကြိမ် အတော် ကံကောင်း မည်ဟု ဆိုနိုင် ပေ၏။ ဓားရေးနှင့် ဓား သုတ္တန်အား အတူ တကွ ရရှိ လာခဲ့သည်။

စင်ကြယ်သော ဝိညာဉ်တော် ပါရှိသည့် အတွက်၊ အင်ပါ ရီယန် များကို ရင်ဆိုင် ရာ၌၊ အစွမ်း ထက်ဆုံး ဝှက်ဖဲ တစ်ချပ် ဖြစ်လာ နိုင်မည်။

ထို့အပြင် အင်ပါ ရီယန် နယ်မြေ သို့တိုင်၊ ဝင်ရောက် နိုင်သော ဝိညာဉ် စွမ်းအင် များကို လည်း၊ စုပ်ယူနိုင် ခဲ့သည်။

သို့သော် ကောင်းကင် ဝိညာဉ် နယ်ပယ် ကန့်သတ် ချက်ထိ၊ ရောက်ရှိ လို သောကြောင့်၊ အလျင် လိုခြင်း မရှိချေ။

တစ်ဖက် တွင်မူ ကောင်းကင် ဓားကို၊ ဖြတ်ကျော်ရန် ကြံရွယ် ထားသဖြင့်၊ ဟာကွက် မရှိအောင် ပြည့်စုံ လာပြီ ဖြစ်သည်။

နောက် တစ်ဆင့်သို့ တက်လှမ်းရန် အချိန် တစ်ခုသာ စောင့်မျှော် ရပေမည်။ သိုင်း ရည်ရွယ် ချက် များကို အဆင့် (၉)ဆင့်၊ ခွဲခြား ထား၏။

တတိယတန်း ဓားရည်ရွယ် ချက်မှာ၊ နဂါး သွေးလွှတ်ကြော နယ်ပယ် ကျွမ်းကျင်သူ များကို ပင်၊ ပိတ်မိ စေသော အဆင့် ဖြစ်သည်။

ဓား ရည်ရွယ်ချက် တောက်ပ လာပြီး၊ နောက် တစ်ဆင့်၏ မျက်နှာပြင်ကို ထိတွေ့ မိပြီ ဖြစ်ကြောင်း၊ ဖျတ်ခနဲ ခံစား လာရ၏။

သို့သော် စတုတ္ထ တန်းသို့ တက်လို ပါက၊ အခွင့် အရေး တစ်ခု လိုပေး သေးမည်။ ထိုစဉ် ခရမ်းငယ်မှာ ခြံဝင်း အတွင်း၊ ဂနာ မငြိမ် ဖြစ်နေ သည်ကို၊ သတိထား မိလိုက်၏။

တိမ်လွှာ နန်းတော်မှ ပြန်လာစဉ် ကတည်းက၊ ဤသို့ ပြုမူ နေခြင်း ဖြစ်သည်။ လင်းယွန်က သူ့အား ကြည့်နေ သည်ကို မြင်ချိန်၌ ခြေလှမ်းအား ရပ်လိုက်ကာ၊

“ တိမ်လွှာ နန်းတော်မှာ၊ နင် ငါ့ဘွဲ့ကို ... ဘာလို့ မပြော တာလဲ၊ ငါ့ အကူ အညီ မပါဘဲ၊ တောင်ထိပ် ရောက်နိုင်မယ် ထင်လား။ ”

-ဟု မကျေ မနပ်ဖြင့်၊ ဆိုလာသည်။

“ တောင်းပန် ပါတယ်။ ”

“ ဟွန့် ... နောက် တစ်ခါဆို ... ၊ နင် ငါ့ နာမည်ကို ပြောဖို့ သတိ ရပါ။ ”

“ ဒါဆို တစ်ယောက် ယောက်က ... ၊ ငါတို့ နှစ်ယောက် ပတ်သတ်မှုကို မေးလာရင် ဘယ်လို ဖြေရမလဲ။ ”

လင်းယွန်က ပြုံးကာ မေးလိုက်သည်။

“ ငါ့ ... ကျွန်လို့ ဖြေလိုက်ပေါ့။ ”

မောက်မာသော အသွင်ဖြင့်၊ ပြန်ဖြေ လာသော၊ ခရမ်းငယ်အား တုန့်ပြန် ပြောရန် ပြင် လိုက်စဉ်၊ ခြံထဲ ဝင်လာသော အငွေ့ အသက် များကို၊ ခံစား လိုက်ရသည်။

များမကြာခင် ဝမ်ယုဝါက နဂါး လေးကို ပွေ့ချီလျက်၊ ဦးစွာ ပေါ်လာ၏။ သူ့နောက်တွင် ယဲ့ဇီလင် လိုက်ပါ လာသည်။

“ ညောင် ... ။ ”

နဂါးလေးက ဝမ်ယုဝါ ရင်ခွင်မှ ခုန်ထွက်ပြီး၊ လင်းယွန် ပခုံးပေါ် ညင်သာစွာ သက်ဆင်း လိုက် သည်။

“ အစ်ကို ယွန် ... ၊ မင်းရဲ့ ကြောင်ကို လာပို့ ပေးတာပါ။ ”

ဝမ်ယုဝါ၏ အကြည့်က ခရမ်းငယ်ထံ ရောက်ရှိ သွားသည်။

ချစ်စဖွယ် ကောင်းပြီး မြင့်မြတ်သော ခရမ်းငယ် အသွင်ကြောင့်၊ ယဲ့ဇီလင် သည်ပင် အသက် ရှူရန် မေ့လျော့ လာ၏။

အရွယ်ရောက် လာပြီးနောက်၊ ဤ မိန်းကလေး ငယ်၏ အလှတရား အောက်တွင်၊ ပုရိသများ၊ မည်မျှ အရူး အမူး ဖြစ်ကြ မည်ကို၊ မှန်းဆ မရချေ။

“ မိန်းကလေး ယဲ့၊ မင်း ဒီကို ဘာလာ လုပ်တာလဲ။ ”

လင်းယွန်က ခုံတစ်လုံးတွင် ဝင်ထိုင် လိုက်ပြီး၊ လှမ်းမေးသည်။ တိမ်လွှာ နန်းတော်မှ အဖြစ် အပျက် များကြောင့်၊ မဖော်ရွေ နိုင်ချေ။

အလှတွင် နစ်မျော နေရာမှ၊ ပြန်လည် သတိဝင် လာသော ယဲ့ဇီလင်က၊ လင်းယွန်အား မယုံကြည် နိုင်စွာ ပြန်ကြည့်သည်။

“ လင်းယွန် ... ၊ နင် ... နင် ကလေးတွေ မွေးစားထား တာလား။ ”

“ မဟုတ်တာ မပြောနဲ့။ ”

“ ဒါဆို ... ၊ သူနဲ့ နင်က ဘယ်လို ပတ်သတ်လဲ။ ”

ယဲ့ဇီလင် မျက်နှာမှာ၊ တင်းမာ လာခဲ့သည်။ သူမ မေးခွန်းကြောင့် လင်းယွန်မှ ခရမ်းငယ်ထံ မေးဆက် ပြပြီး၊

“ ကိုယ်တိုင် မေးကြည့်။ ”

-ဟု ပြန်ပြော လာသည်။

“ ညီမလေး ... ၊ မင်း နာမည် ဘယ်လို ခေါ်လဲ။ ”

ယဲ့ဇီလင်၏ ရည်ညွှန်း နာမ်စားကြောင့်၊ ခရမ်းငယ်မှာ မျက်လုံးပြူး သွားပြီး ခေါင်းမော့ လျက်၊

“ နင် ... ဘယ်သူ့ကို ညီမလေး ခေါ်လိုက် တာလဲ၊ ဘယ်သူက နင့် ညီမလေးလဲ၊ ဒီဧကရီက သမုဒ္ဒရာ လေးစင်း၊ ပျက်သုဉ်းမြေ ရှစ်ပါး၊ ...

... ကောင်းကင် (၃၆) လွှာနဲ့၊ မြေကမ္ဘာ (၇၂)ထပ်ကို ပိုင်စိုးတဲ့၊ ကောင်းကင်ဘုံ တရား စီရင်ရေး ဧကရီပဲ။ ”

ရှည်လျား လှသော ခရမ်းငယ်၏ အမည်ကြောင့်၊ ယဲ့ဇီလင် တစ်ယောက်၊ အံ့အား သင့် သွားပုံကို ကြည့်ကာ၊ လင်းယွန် ခမျာ မပြုံးဘဲ မနေနိုင် တော့ချေ။

“ ဒါဆို ... ၊ သူနဲ့ နင့်ရဲ့ ပတ်သတ်မှုက ဘာလဲ၊ သူ နင့်ကို အနိုင်ကျင့် သေးလား။ ”

“ သူက ငါရဲ့ ကျေးကျွန်ပဲ ... ၊ ငါသာ ဆန္ဒ ရှိရင်၊ လက်ညှိုး တစ်ချောင်း တည်းနဲ့ အလွယ် တကူ သတ်နိုင်တယ်၊ ကောင်းကင်နဲ့ ...

... မြေကြီး ကြားမှာ ဘယ်သူမှ ငါ့ကို အနိုင်ကျင့်လို့ မရဘူး၊ ငါက ကောင်းကင်ကြီး မမွေးခင် ကတည်းက မွေးဖွား လာတာ၊ ...

... ကောင်းကင် ပျက်စီးသွား ရင်တောင်၊ ငါမသေဘူး၊ ငါ အသက် တစ်ဆယ့်ရှစ် နှစ် ရှိပြီ၊ တစ်နှစ် ဆိုတာ တစ်ခေတ်နဲ့ အတူတူပဲ။ ”

“ ဟား ဟား ဟား ... ။ ”

လင်းယွန် တစ်ယောက် မနေ နိုင်ဘဲ ရယ်မောချ လိုက်သည်။ ထို့ကြောင့် ယဲ့ဇီလင်၏ မျက်ဝန်း တစ်စုံက လင်းယွန်ထံ ကျရောက် လာ၏။

အဆုံးတွင် ခရမ်းငယ်အား ပခုံးပေါ် ဆတ်ခနဲ ထမ်းတင် လိုက်ပြီး၊

“ အစ ကတော့ တောင်းပန်ဖို့ ငါလာတာ၊ ဒါပေမယ့် နင့်မှာ ဒီလို အကျင့်ဆိုးတွေ ရှိနေလိမ့် မယ်လို့၊ မထင် ထားဘူး ... ”

-ဟု ဆိုမိ၏။

သည့်နောက် တစ်စုံ တစ်ရာအား၊ သတိရ သွား သကဲ့သို့၊ လင်းယွန်ကို ပြန်ကြည့်ကာ၊ မျက်မှောင် ကြုတ်လျက်၊

“ နင်က ... ဘာများ ကောင်းနေ လို့လဲ။ ”

-ဟု ပြောလာ ခဲ့သည်။

ထိုစကားသည် မည်သည့် အဓိပ္ပါယ် ဆောင်မှန်း လင်းယွန် မသိချေ။ သူ့တွင် ရုပ်ချော သည်မှ လွဲ၍၊ နောက်ခံ မရှိဟု ပြောချင်ပုံ ရသည်။

ဤသို့ ဆိုသော် သည်ယဲ့ဇီလင်မှာ၊ သူ ရုပ်ရည် ချောမော သည်ကို လက်ခံပုံ ရချေ၏။ ထို့ကြောင့် ပြုံးလိုက်ပြီး၊

“ မင်းရဲ့ ချီးကျူးမှု အတွက် ကျေးဇူး တင်ပါတယ်။ ”

-ဟု ပြန်ပြော မိသည်။

“ နင် ... ။ ”

တစ်ဖက် သား၏ တုန့်ပြန် မှုက၊ ယဲ့ဇီလင်အား ရှုပ်ထွေးသွား စေသည်။ သို့သော် လျစ်လျူရှုကာ၊ ရုန်ကန်း နေသော ခရမ်းငယ်နှင့် အတူ၊ လှည့်ထွက် လာခဲ့၏။

“ ဒီဧကရီကို လွှတ်စမ်း ... ၊ ငါ ဒေါသ ထွက်လာရင်၊ အားလုံး ပြာကျ ကုန်မယ်နော်။ ”

ခရမ်းငယ်က အော်ဟစ် ခြိမ်းခြောက် ရုန်းကန်လိုက် သော်လည်း၊ အကျိုး မထူးချေ။ ထို့ကြောင့် ပြုံးကြည့် နေသော လင်းယွန်ထံ လှမ်းအော် လိုက်မိသည်။

“ ဝါး ... လင်းယွန် ငါ့ကို ကူညီပါ၊ ငါမှား ပါတယ်။ ”

သို့သော် လင်းယွန်မှာ၊ ဆန္ဒ ရှိပုံ မရချေ။ ယဲ့ဇီလင်အား အနိုင်ယူ နိုင်လျှင်ပင်၊ ကျွန် အဖြစ် သူ့အား သတ်မှတ် နေသော ခရမ်းငယ်ကို၊ ပညာပေး လိုသေးသည်။

ထို့ပြင် ယဲ့ဇီလင်မှာ၊ ခရမ်းငယ်အား ကောင်းကင်ဘုံ တရား စီရင်ရေး ဧကရီထက်၊ အရွယ် မရောက် သေးသော မိန်းကလေး အဖြစ်သာ ရှုမြင်ပြီး၊ စိုးရိမ် နေခြင်း ဖြစ်သည်။

တစ်ဖက်တွင် တိမ်လွှာဓား (၁၃) လက်ကို၊ လေ့ကျင့်ရန် ဆိတ်ငြိမ်သော ပတ်ဝန်းကျင်အား လိုအပ် နေသေး၏။

“ အစ်ကို ယွန် ... ၊ နောင်မှာ ဒီကြောင် လေးနဲ့၊ ငါ လာ ကစားလို့ ရမလား။ ”

ဝမ်ယုဝါက နဂါးလေးကို လက်ညှိုး ညွှန်ပြပြီး မေးသည်။

“ မင်း အစ်မက ... ၊ ငါ့ အကြောင်း ပြောသွားတာ၊ မင်း မကြားလိုက် ဖူးလား။ ”

လင်းယွန်မှ ပြုံးလျက် ဆိုလိုက်သည်။

“ အစ်ကို ယွန်က ... ၊ ဒီလိုလူ မဟုတ်ဖူး ဆိုတာ ငါ ယုံတယ်။ ”

ဝမ်ယုဝါက အလေး အနက် ထားကာ ပြန်ဖြေသည်။

“ ဒါဆို ဆန္ဒ ရှိတဲ့ ... ၊ အချိန်တိုင်း လာနိုင် ပါတယ်။ ”

“ ယု ဝါ ... ။ ”

ယဲ့ဇီလင်၏ ဒေါသ သံကြောင့်၊ ဝမ်ယုဝါ တစ်ယောက် လျှာအား တစ်လစ် လုပ်ပြကာ၊ လှည့်ထွက် သွားလေသည်။

ယင်းက လင်းယွန်ကို ပြုံးမိ စေ၏။ ဤလျှပ်စီး တိမ်လွှာ ဂိုဏ်းရှိ နေ့ရက် များမှာ၊ ပျင်းစရာ ကောင်းတော့မည် မဟုတ်ချေ။

ထို့အပြင် အချိန်ရ ပါက၊ ဝတ်ရုံဖြူ အမျိုးသမီး၊ မည်သူ ဖြစ်မည်ကို သူ သိချင်ပေ သေးသည်။

***

All Chapters