ဒီလို လူသား မဆန် တော့ရင်၊ မင်းကို အဲ့ဒီ ကောင်မလေးက ချစ်တော့မှာ မဟုတ်ဘူး။
Vol. 80 Ch. 1114
စုစုပေါင်း သီချင်း ငါးပုဒ်ကို တီးမှုတ် လိုက်သည်။ သီချင်း တစ်ပုဒ် စီတွင် ကိုယ်ပိုင် ခံစားချက် ပါရှိ၏။
ပထမ သီချင်းမှာ၊ ကောင်းကင်လမ်း တစ်လျှောက် သူ၏ အထီးကျန်မှုနှင့် လွှမ်းမိုး ခြင်းကို ကိုယ်စား ပြုသည်။
ဒုတိယ သီချင်းနှင့် တတိယ သီချင်းမှာ၊ စီနီယာ အစ်မ ရှင်းယန်နှင့် ယွဲ့ဝေဝေ အတွက် ရည်ရွယ်ပြီး၊ စတုတ္ထ သီချင်းသည် ဆုစီယာ ဖြစ်၏။
၎င်းတို့ (၃) ဦးသည် သူ့ဘဝ၏ အရေး အကြီးဆုံး အမျိုးသမီးများ ဖြစ်ကာ၊ အစားထိုး နိုင်စရာ မရှိချေ။
လျစ်လျူရှု ခဲ့သော်လည်း၊ ခံစားချက် အပြည့်ဖြင့် သတိရ နေမိသည်။ ဥပမာ အားဖြင့်၊ ရှင်းယန်မှာ နှလုံးသား၌၊ မပျက် ပြယ်သော နှောင်ကြိုး တစ်ခု ချည်ထား နိုင်၏။
လက်ထဲမှ ပလွေကို ငုံ့ကြည့်ကာ၊ ယွဲ့ဝေဝေနှင့် ပထမဆုံး တွေ့ဆုံ မှုကို သတိရ မိ၏။ ထိုနေ့က မြစ်ကမ်း နဖူး ပေါ်မှ နေ၍၊ သူ့အား ပြုံးပြ ခဲ့သည်။
အဆုံးတွင် အချစ် ရဆုံး မိန်းကလေး ဆုစီယာ ဖြစ်သည်။ လက်ရှိ မြေပေါ် ရပ်နေ သော သူနှင့်၊ ဓားကျွန် လင်းယွန်၏၊ နတ်ဘုရား မလေး ပေပင်။
ဆုစီယာကို ပေးထားသော ကတိကြောင့်၊ ခွန်လွန်သို့ ရောက်ရန်၊ သေမင်း ချောက်ကမ်းပါး အား၊ ဖြတ်သန်း ခဲ့ရသည်။
သို့သော် လက်ရှိ အချိန်၌၊ ဆုစီယာ တစ်ယောက် မည်သည့် အရပ်တွင်၊ ရှိနေ မည်ကို သူ မသိ နိုင်ချေ။
ပဉ္စမမြောက် တေးသွားမှာ၊ ပန်းသင်္ချိုင်း ဓားအတွက် ဖြစ်သည်။ ၎င်းကို ရရှိ ပြီးနောက်၊ သာမန် ဓားတစ်လက် မဟုတ်ကြောင်း သူ သိသည်။
ထို့ကြောင့် သူ့ကိုယ်သူ တိမ်လွှာ အောက်၌ ပိတ်မိ မခံဘဲ၊ ဤဓား ကဲ့သို့ ပင်၊ ကောင်းကင်ဘုံ အထိတိုင်၊ ထိုးဖောက် ရပေမည်။
ရုတ်တရက် ပတ်ဝန်း ကျင်တွင်၊ ကြည်လင်သော ပန်းပွင့် ငယ်များ ထွက်ပေါ် လာသည်။
ယင်းက သူ့ ဓား ရည်ရွယ်ချက် ဖြစ်ပြီး၊ ကြယ်တွေ ပြည့်နေသော ကောင်းကင် ကြီးနှင့် တူစေ၏။
“ ပလွေအား ဓားကဲ့သို့ အသုံး ပြုခြင်း … ။ ”
ဤအခိုက်တွင် ထိုဝေါဟာရ၏ အဓိပ္ပါယ် အစစ် အမှန်ကို နားလည် သွားသည်။ ယင်းမှာ ခံစား မှုကို ရည်ညွှန်း ပေ၏။
မည်သည့် အရာ ဝတ္ထုဖြင့် မဆို၊ ဓား ရည်ရွယ်ချက်အား၊ တွဲဖက်နိုင် ပေမည်။ သို့သော် အသုံး ပြုသည့်၊ ကြားခံ အရာဝတ္ထု ပေါ်မူ တည်ကာ၊ သက်ရောက်မှု ကွာခြား ပေ၏။
ဉပမာအားဖြင့်၊ ပန်းသင်္ချိုင်း ဓားအား အသုံးပြု ပါက၊ ရန်သူ ခန္ဓာကိုယ်ကို တိုက်ရိုက် သက်ရောက် စေမည် ဖြစ်ပြီး၊ ပလွေနှင့် ဆိုသော်၊ နှလုံးထံ ဦးတည် လေသည်။
ထိုအတွေးက သူ့ နဖူးမှ နွေးထွေးသော စီးကြောင်းများ ထွက်ပေါ် လာစေကာ၊ နှလုံး၌ ကျေနပ်မှု ဝင်ရောက် လာစေသည်။
( ပီတိ ... အဟုန်။ )
ကောင်းကင် ဓားတွင်၊ အောင်မြင်မှု တစ်ခု ရယူနိုင် တော့မည်ဟု ထင်လိုက်မိ သော်လည်း၊ မဟုတ် ခဲ့ချေ။
“ စတုတ္ထတန်း ဓား ရည်ရွယ်ချက်မှာ၊ တစ်ခု ခုတော့ ရှိနေ ရမယ်။ ”
ဤခံစား ချက်မှာ၊ ဒုတိယ အကြိမ်မြောက်၊ ထွက်ပေါ် လာခြင်း ဖြစ်သော ကြောင့်၊ အတွေး များသွား ခဲ့သည်။
ပလွေမှုတ် ခြင်းဖြင့်၊ ဓား ရည်ရွယ်ချက် တိုးတက် နိုင်ပါက၊ အချိန်ပြည့် ပလွေသာ မှုတ် နေမိ ပေမည်။
လက်ကို ဝှေ့ယမ်းလျက် ကောင်းကင်ပေါ် ပျံတက် သွားသည်။ သွားရာ လမ်း တစ်လျှောက် ဓားပန်း များ ပွင့်လာ၏။
ထိုပန်း များမှာ မှော်ဆန်လွန်း သဖြင့်၊ စတုတ္ထတန်း ရောက်ရှိ သွား ပါက၊ မည်မျှ လှပ နေမည်ကို၊ တွေ့မရ နိုင်တော့ချေ။
( ဓားပန်း= ဓား ရည်ရွယ်ချက် ပါဝင်သော သလင်းရောင် ပန်း။ )
“ တင် ... တောင် ... တင် ..... ။ ”
ပျံသန်းလျက် ထွက်ခွာ တော့မည့် အချိန်တွင်၊ တောင်တန်းများ တစ်နေရာမှ၊ ညိမ့်ညောင်းသော ဗျပ်စောင်းသံ တစ်သံ ထွက်ပေါ် လာသည်။
ဂီတကို စွဲလန်း နေပြီ ဖြစ်ရာ၊ ထိုအသံ မည်သည့် နေရာမှ ထွက်ပေါ် လာ သည်ကို စူးစမ်း လိုလာ၏။
“ ဝှစ် ... ။ ”
ထို့ကြောင့် လက်နှစ်ဖက်ကို ဆန့်လျက် တိမ်များကို ဖြတ်ကျော် ပျံသန်းကာ၊ တောင် (၁၀၈) လုံးအား ပတ်ရှာ မိသည်။
“ တင် ... တောင် ... တင် ..... ။ ”
များမကြာခင် ဗျပ်စောင်းအား မတ်တပ် ရပ်လျက် အနေ အထားဖြင့်၊ တီးခတ် နေသော လက် တစ်စုံအား ဦးစွာ မြင်လိုက်၏။
ဆိုလို သည်မှာ ထိုလက် တစ်စုံသည်၊ လှပလွန်း သောကြောင့်၊ သူ့ မျက်လုံးများ မခွာ နိုင် လောက်အောင်၊ ဖမ်းစား ထားခြင်း ဖြစ်သည်။
၎င်းလက် ပိုင်ရှင်မှာ၊ သူ မြင်ခဲ့ ဖူးသော ဝတ်ရုံဖြူ အမျိုး သမီး ဖြစ်ပြီး၊ သူမနှင့် မလှမ်း မကမ်းတွင်၊ ထိုင်ခုံ နှစ်လုံးပါ၊ စားပွဲ တစ်လုံး ချခင်း ထားသည်။
အဆိုပါ လက်ခေျာင်း များပေါ် အခြေခံကာ၊ ဝတ်ရုံ အောက်ရှိ ဤအမျိုး သမီး၏ အလှသည်၊ ပြိုင်ဘက် ကင်းမည် ဖြစ်ကြောင်း၊ ပြောနိုင်၏။
ရုတ်တရက် နှလုံးသားထဲ၊ သံသယများ ဝင်ရောက် လာပြီး၊ အတည်ပြု နိုင်ရန် သတိဖြင့် ပြန်ကြည့် လိုက်သော်လည်း၊ မအောင်မြင် ခဲ့ချေ။
ပါးလွှာသော သဏ္ဍာန်မဲ့ စွမ်းအင် အလွှာ တစ်ခုဖြင့်၊ သူမကိုယ် သူမ ဖုံးကွယ် ပစ်လိုက် လေသည်။
မည်သို့ပင် ဆိုစေ ကာမူ၊ ရောင်ဝါကို ပြန်ရုတ်လျက်၊ သူမ အနားသို့ ချဉ်းကပ် သွားမိ သည်။
တိတ်ဆိတ်စွာ ချဉ်းကပ် လိုက်ခြင်း ဖြစ်သော်လည်း၊ ထိုအမျိုး သမီးက ပြုံးကာ ဗျပ်စောင်း တီးနေ ခြင်းအား ရပ်လျက်၊
“ သခင်လေး လင်း ... ၊ မင်း ဒီကို ရောက်လာပြီး မှတော့ ... ၊ ဘာလို့ ပုန်းနေ ရသေး တာလဲ။ ”
-ဟု ခေါင်းမော့ ကြည့်ကာ ဆိုလိုက် တော့သည်။
“ ဝှစ် ... ။ ”
လင်းယွန်မှာ အဆင် မပြေသော အပြုံးကို ထုတ်ဖော်လျက်၊ တိမ်ပင်လယ် ကြားမှ ခုန်ဆင်း လိုက်ရ၏။
ထိုအမျိုး သမီးနှင့် နီးကပ် လာသော အခါတွင်၊ စားပွဲပေါ်၌ ဝိုင် အပြည့် ပါသည့်၊ ခွက် (၅) ခွက်ကို၊ တွေ့လိုက် ရပြန်သည်၊ ထို့ကြောင့်၊
“ မင်း ... ၊ ငါ့ကို ... စောင့်နေ တာလား။ ”
-ဟု ထုတ်မေး လိုက်မိ တော့၏။
“ ငါ ဒီမှာ ရှိနေတာ ကြာပြီ ... ၊ မင်းရဲ့ တေးသွား ငါးပုဒ်ကို နားထောင် ပြီးတော့ ... ၊ ငါလည်း တီးချင် စိတ်ပေါ် လာတယ်။ ”
ဝတ်ရုံဖြူ အမျိုး သမီးမှာ၊ မျက်နှာ တစ်ဝက်ကို ဖုံးကွယ် နိုင်သော၊ ပိတ်ဖြူ အမြိတ် ပါသည့်၊ ဦးထုပ်ကို ဆောင်းထားသည်။
ထို့ကြောင် ကွေးညွှတ် လှပ လွန်းသော နှုတ်ခမ်း တစ်စုံမှ ပြုံးနေ သည်ကို၊ မြင်လိုက် ရသည်။
“ ငါ့ နာမည်ကို ... သိနေတယ် ဆိုတော့၊ ဟိုနေ့က ဝတ်ရုံဖြူ မိန်းကလေးက၊ မင်း ပဲပေါ့။ ”
“ ကောင်းကင် လမ်းက ... လာတဲ့ လူတိုင်းကို၊ ပါရမီရှင် တွေလို့ သတ်မှတ်ထား ကြတယ်၊ ဒါကြောင့် ကြည့်ဖို့၊ ငါ လာခဲ့ တာပါ၊ တကယ်ပဲ အံ့အားသင့် ရပါတယ်၊ ...
... ခြေလှမ်း ခုနစ်လှမ်းနဲ့၊ ဧကရာဇ် အဆင့်၊ ဓားရေး တစ်ရပ်ကို ကစားပြပြီး၊ ဓားသူတော်စင် တောင်ထိပ်ကို တက်နိုင် ခဲ့တယ်၊ ဒါပေမယ့် ...
... မင်းက ဂီတ တာအို အပေါ်၊ ဒီလောက် ပေါက်ရောက် နေလိမ့် မယ်လို့၊ မထင်ခဲ့ မိတာ တော့ အမှန်ပါ။ ”
ဝတ်ရုံဖြူ အမျိုး သမီး၏၊ ချီးမွမ်း စကား များက၊ လင်းယွန်ကို အဆင် မပြေသော ခံစား ချက်များ၊ ဝင်ရောက် လာစေသည်။
“ မင်းက ... ၊ ငါ့ အကြိုက်ကို လိုက်ပြီး၊ မြှောက်ပင့် ပြောဆို နေတာပဲ၊ ငါက အခုမှ လေ့ကျင့် တုန်းပါ။ ”
“ သခင်လေး လင်းရဲ့ တေးသွား တွေမှာ၊ လေးနက်မှုကို ငါ ရှင်းရှင်း လင်းလင်း ခံစားနိုင် ပါတယ်၊ ဒါပေမယ့် ...
... ငါ သိချင် နေတာ တစ်ခု ရှိတယ်၊ တေးသွား တွေမှာ ဘာလို့ ဝမ်းနည်းမှု တွေနဲ့၊ အထီးကျန် မှုတွေ၊ ပြည့်နေရ တာလဲ။ ”
ထိုစကားကြောင့် မျက်နှာ ပေါ်ရှိ၊ လင်းယွန်၏ အပြုံးများ ပျောက်ကွယ် သွားခဲ့ သည်။ တစ်စုံ တစ်ယောက်မှ သူ့ ခံစားချက် များကို၊ နားလည် နေလိမ့် မည်ဟု မထင် ထားချေ။
“ မိန်းကလေး ... ၊ မင်းမှာ ဇာတ်လမ်း တစ်ပုဒ်လောက် နားထောင် ချင်စိတ် ရှိလား။ ”
လင်းယွန်မှ ခဏတာ ငြိမ်သက် သွား ပြီးနောက်၊ ခေါင်းမော့ကာ ဆိုလိုက် တော့သည်။ ဤအမျိုး သမီးနှင့် အဘယ့်ကြောင့်၊ စကားများ ပြောချင်နေ သည်ကို၊ နားမလည် နိုင်တော့ချေ။
“ ကျေးဇူး ပြုပြီး ထိုင်ပါ၊ ငါတို့ အချိန် ရပါတယ်၊ သခင်လေး လင်းရဲ့ ဇာတ်လမ်းကို၊ နားထောင် ကြည့် ရအောင်။ ”
ဝတ်ရုံဖြူ အမျိုးသမီးက၊ စားပွဲဝိုင်း ထံ လျှောက်လှမ်း လာပြီး၊ ထိုင်ခုံ တစ်လုံး၌ ဝင်ထိုင် လိုက်၏။
သည့်နောက် ဝိုင်ခွက်များ ရှိရာ၊ မျက်နှာချင်းဆိုင် ထိုင်ခုံတွင်၊ လင်းယွန်အား ဝင်ထိုင်ရန် လက်ပြ လာသည်။
လင်းယွန်က ခုံပေါ် ထိုင်ချလျက်၊ ဝိုင် တစ်ခွက်ကို ကောက်ယူ မြှောက်ပြ လိုက်ကာ၊
“ ဒါဆို ... ဒီဝိုင်က ငါ့ အတွက် အသင့် ပြင်ပေး ထားသလို ဖြစ်နေပြီ၊ ငါ အားနာ မနေ တော့ ပါဘူး။ ”
-ဟု ပြုံးလျက် သောက်ချ ပစ် တော့သည်။
ဝိုင်၏ အာနိသင်မှာ၊ ကိုယ်တွင်း အင်္ဂါ အစိတ်အပိုင်း များထံ၊ ချက်ချင်း လောင်မြိုက် သွားသည်။
“ အဟွတ် ... အဟွတ် ... ဟွတ် ။ ”
လောင်မြိုက် လွန်းသော၊ ပြင်းပျသည့် ခံစားချက်များ၊ ပျံ့နှံ့ လာချိန်၌၊ မျက်ရည်များ ဝေ့သီ လာ၏။ ချောင်း ဆက်တိုက် ဆိုးပြီး နောက်၊
“ ကောင်းလိုက်တဲ့ ဝိုင်၊ ဇာတ်လမ်းက နည်းနည်း ရှည်တယ်၊ ဘယ်က စရင် ကောင်း မလဲ၊ ဟိုး တစ်ချိန် တုန်းက ဝေးလံ ခေါင်သီတဲ့ ဒေသ တစ်ခုမှာ၊ ...
... ဓားကျွန် တစ်ယောက် ရှိခဲ့ဖူးတယ်၊ ဓားတွေိကို သန့်ရှင်းရေး လုပ်ပေး ရုံက လွဲလို့ သူ့မှာ၊ ဘာ အရည် အချင်းမှ မရှိဘူး၊ ...
... ဒါပေမယ့် အဲ့ဒီ ဓားကျွန်က၊ မိန်းမ တစ်ယောက်ကို ချစ်မိ သွားတယ်၊ ဟား ဟား ဟား ။ ”
‘ချစ်မိ သွားတယ်၊’ ဟူသော ဝါကျသို့ အရောက်တွင်၊ လင်းယွန်မှာ မျက်ရည် များဖြင့် ရယ်စ ပြုလာသည်။
တတိယ လူ၏ ရှုထောင့်မှ ဇာတ်လမ်း တစ်ပုဒ်ကို ပြောပြ နေခြင်း ဖြစ်သော်လည်း၊ မျက်ရည် အသွင်သွင် စီးကျလာ ခဲ့သည်။
ဤမျက်ရည် များမှာ၊ ဝိုင်ကြောင့် ကျ သည်လော၊ ပင်ပန်း လွန်းသော သူ့ နှလုံးသား များမှ ကျ သည်လော၊ မသိနိုင် တော့ချေ။
“ ဂ လု ... ။ ”
ဓားကျွန်နှင့် ရှေ့နေမှာ၊ တစ်သားတည်း ပေါင်းစည်း မိနေပြီ ဖြစ်သည်။ ထို့ကြောင့် ဝိုင် တစ်ခွက်အား ထပ်မော့ လိုက်၏။
သည့်နောက် ဆုစီယာနှင့်၊ မဟာချင် အင်ပါယာ၊ ရှင်းဂျူနှင့် ရှင်းယန်၊ ယွဲ့ဝေဝေနှင့် ကောင်ကင်လမ်း စသည်ဖြင့်၊ ပြုံးကာ ပြောပြ နေမိသည်။
တစ်ချိန်လုံး သူပြော သမျှကို ပြုံးလျက်၊ နားထောင်ပေး နေသော အဖြူဝတ် အမျိုး သမီး က၊ မျက်ရည် များနှင့်၊ လုံးထွေး ကုန်သည့်၊ သူ့အား စကားဖြတ် မေးလာသည်။
“ မင်း ... အဲဒီ မိန်းကလေးနဲ့ ... ၊ အိပ်ခဲ့ ရလို့ ကျေနပ် နေတာလား။ ”
“ မဟုတ်ဘူး ... ၊ ငါက အဲ့ဒီလို လူ မဟုတ်ဘူး၊ ငါ့ နှလုံးသား ထဲမှာ သူ ရှိနေလို့ ငါပျော် နေတာပါ။ ”
လင်းယွန်မှ ဝိုင်မူး သံ ကြီးဖြင့်၊ အတောက်ပဆုံး ပြုံးကာ ပြန်ဖြေ၏။ ထို့နောက် ကုန်သွားသော ပဉ္စမမြောက် ဝိုင်ခွက်အား ပြန်ချ ကာ၊ အနားရှိ ဝိုင်အိုးကို ဆွဲယူ လိုက်သည်။
သည်နေ့မှ မျက်စိမှာ၊ စပ်နိုင်လွန်း ပေ၏။ အမှန်ပင် ဝိုင်မှာ သောက်၍ ကောင်း သည်လော၊ သို့မဟုတ် မျက်ရည်များ ပေါများနေ သည်လော မကွဲ တော့ချေ။
ရင်ဘတ်ကြီး အပြည့် ထိုးသိပ် ထည့်ထား မိသော ခံစားချက် များကို၊ ဤအမျိုး သမီး အား၊ ပြောခွင့်ရ သည်မှာ၊ ကျေနပ်စရာ ကောင်းပေ၏။
ယင်းမှာ အဘယ့်ကြောင့်မှန်း မသိချေ။ ရင်ဖွင့်စရာ တစ်စုံ တစ်ယောက်အား တောင်းတ နေမိ ခြင်းလည်း ဖြစ်နိုင်သည်။
ထို့နောက် ယွဲ့ဝေဝေအား ငြင်းပယ်ခဲ့ ပြီးနောက်၊ ရင်၌ ဖြစ်သော ခံစားချက် များကို ထုတ်ဖော် ဝန်ခံ မိပြန်သည်။
ရှင်းယန်နှင့် သူမမှာ၊ နှလုံးသား၌ ရေးထွင်း ထားသော မိန်းကလေးများ ဖြစ်သဖြင့်၊ နာကျင် ရပေ၏။
“ ဒါကို ... အများကြီး တွေး မနေ ပါနဲ့ ... ၊ မင်းပြောတဲ့ ... ၊ အဲ့ဒီ မိန်းကလေး နှစ်ယောက် အပေါ်၊ ခံစားချက် မရှိ ခဲ့ရင်၊ မင်း သွေးအေး သွားလိမ့်မယ်၊ ...
... ဒီလို လူသား မဆန်တော့ရင် ... ၊ မင်း ချစ်တဲ့ ကောင်မလေးက၊ မင်းကို သဘောကျ လိမ့်မယ် လို့တော့ ငါ မထင်ဘူး။ ”
ဝတ်ရုံဖြူ အမျိုးသမီးက ပြုံးလျက် နှစ်သိမ့် လာသည်။
“ မဟုတ် ပါဘူး၊ သူနဲ့ ဘာမှ မဆိုင် ပါဘူး၊ ငါ့ကိုယ်ငါ ... ဒီလို အချစ်နွံထဲ၊ ပိတ်မိရ လိမ့်မယ် လို့၊ တစ်ခါမှ မထင်ထား လို့ပါ၊ ...
... တကယ်တော့ ... ၊ အချစ်ကို နားလည်အောင် ကြိုးစား ရတာ၊ ဓားတာအို ထက် ပိုခက် တယ် ။ ”
“ သခင်လေး လင်း ... ၊ မင်းက လွန်ခဲ့တဲ့ ခုနစ်ရက်က ငါ တွေ့ဖူးတဲ့၊ ပါရမီရှင် လင်းယွန်နဲ့ မတူ တော့ဘူး၊ မင်းမူး နေပြီ။ ”
ဝတ်ရုံဖြူ အမျိုး သမီးမှ၊ သုံးသပ် လိုက်၏။
“ အတူတူ ပါပဲ၊ ဒါပေမယ့် ... အဲဒီ အဘိုးကြီးရဲ့ ရည်ရွယ်ချက်ကို၊ ငါ နားမလည် နိုင်သေးဘူး၊ သူက ...
... ငါနဲ့ ကစားချင် နေတယ်၊ ဒါကြောင့် ငါတမင် စိန်ခေါ် လိုက်တာပါ၊ နည်းနည်းတော့ လွန် သွားတယ် ထင်တယ်။ ”
လင်းယွန်မှာ အမြင် အာရုံများ ဝေဝါး လာသဖြင့်၊ ပြုံးလိုက် မိသည်။ အဆုံးတွင် ခုံပေါ် မှောက်လျက် လင်းယွန် တစ်ယောက် အိပ်ပျော် သွားတော့၏။
တစ်ညလုံး အိပ်မော ကျနေပြီး၊ နေ ရောင်ခြည်များ မျက်နှာပေါ်၊ ဖြာဆင်း လာချိန် မှသာ၊ မျက်လုံးများ ပြန်ပွင့် လာသည်။
ခန္ဓာ ကိုယ်ပေါ် လွှမ်းခြုံ ထားသော၊ အဖြူရောင် ပဝါစမှာ၊ မြေပြင်ပေါ် လျောကျ သွား သဖြင့်၊ အမြန်ဖမ်း ယူ လိုက်မိ၏။
ပတ်ဝန်း ကျင်အား၊ လှည့်ပတ် ရှာဖွေ လိုက်မိသော်လည်း၊ ဝတ်ရုံဖြူ အမျိုး သမီးကို၊ မည်သည့် နေရာ တွင်မှ၊ မတွေ့ရ တော့ချေ။
“ ငါ ဘယ်ရောက် နေတာလဲ ... ။ ”
စားပွဲ ပေါ်ရှိ ဝိုင်ကို မြင်ချိန်၌၊ ဖြည်းဖြည်းချင်း သတိ ပြန်ဝင် လာပြီး၊ ကူကယ် ရာမဲ့စွာ ပြုံးလိုက် မိသည်။
“ ဒီလောက်တောင် မူးရလား၊ ရှက်စရာ ကောင်းလိုက်တာ။ ”
မတ်တပ် ထရပ် လိုက်ပြီး၊ ဝိုင်ခွက်အား ကောက်မော့ကာ၊ လက်ကျန် ဝိုင် တစ်စက်ကို လျှာဖြင့်သပ် လိုက်၏။
“ ဘယ်လိုတောင် ကောင်းလိုက်လဲ။ ”
ဝိုင် ကောင်းမှန်း သိသာ နေသော်လည်း၊ ထိုအမျိုး သမီးမှာ စိတ်ထား ကောင်းသည်လော၊ မကောင်း သည်လော၊ သူ မသိ ခဲ့ချေ။
ယင်းကို ဆက်မတွေး တော့ဘဲ ခေါင်းရမ်းလျက်၊ တိမ် ပင်လယ်အား ဖြတ်ကာ နေအိမ်သို့ ပြန်လာ မိသည်။
အိမ်ရောက် ချိန်၌၊ ဆံပင်ရှည် များကို ကျစ်ဆံမြီး ကျစ်နေသော ကလေး မလေး တစ်ယောက်အား တွေ့လိုက် ရ၏။
ခြေသံကြောင့် ကလေး မလေးမှ၊ လင်းယွန်အား လှည့်ကြည့် သည်။ ရုတ်တရက် သူမ မျက်နှာ အသွင် အပြင်ကြောင့်၊ လင်းယွန် ခမျာ၊ နောက် တစ်လှမ်း ဆုတ်လိုက် မိ၏။
ဆံပင်များ ရှုပ်ပွ လျက်၊ မိတ်ကပ်များ မျက်နှာ တစ်ပြင် လုံးတွင်၊ ပေကျံ နေကာ၊ အမယ်အို ကြီးများ၏ အဝတ် အစားအား၊ ဝတ်ဆင် ထားသည်။
“ မင်း ... ဘယ်သူလဲ။ ”
“ အား ... ။ ”
သူ့ မေးခွန်းကြောင့်၊ ထိုကလေး မလေး ခမျာ၊ ဝမ်းနည်း တကြီး ရုတ်တရက် အော်ဟစ် ငိုယို လာပြီး၊
“ ဝါး ... နင် လင်းယွန် ... ၊ ဒီဧကရီ အသက် မရှင်ချင် တော့ဘူး။ ”
-ဟု ဆိုလာ လေသည်။
***