မုန်တိုင်း ဟူသည် မည်သည့် အခါမျှ ငြိမ်သက် နေမည် မဟုတ်။
Vol. 80 Ch. 1115
ခရမ်းငယ် တစ်ယောက် မျက်လုံးပြူး သွားသည်ကို ကြည့်ပြီး၊ လင်းယွန်မှ မပြုံးဘဲ မနေနိုင် တော့ချေ။
“ ကောင်းပြီ ... ကောင်းပြီ၊ မငို နဲ့တော့ ... ၊ ငါ မျက်နှာ သစ်ပေးမယ်။ ”
“ ဝါး ... ၊ ဒီဧကရီက မျက်နှာ မသစ်ချင် တော့ဘူး၊ ငါ့ကို ... ဘယ်သူ လဲလို့၊ နင် တကယ် မေးခဲ့တယ်၊ အား ... ငါ အခု သေချင် နေပြီ။ ”
ခရမ်းငယ်မှာ လင်းယွန် စကားကို ကြားသော အခါ ပို၍ပင် ငိုကြွေး ခဲ့ပြီး၊ သူမ၏ ခြေထောက်နှင့်၊ ကြမ်းပြင်အား တဒုန်းဒုန်း ကန်နေ တော့သည်။
လင်းယွန်က ပြုံးပြီး၊ ခရမ်းငယ်အား ပွေ့ချီ လိုက်၏။ ရုန်းကန် မည်ဟု ထင်မိ သော်လည်း မရုန်းချေ။ ငြိမ်သက်စွာ ငိုရှိုက် နေသည်။ ဧကရီ ဟူသော ဂုဏ်ပုဒ် ကိုပင်၊ မေ့နေ ပုံ ရ၏။
မကြာခင် မှာပင် မိတ်ကပ် များဖြင့်၊ လိမ်းချယ် ထားသော တင်းတိပ်များ၊ အစက် အပေျာက်များ ပျောက်ကွယ် လာသည်။
“ နင် ဘာလို့ ရယ် နေတာလဲ။ ”
ခရမ်းငယ်မှာ ဒေါသ တကြီးဖြင့်၊ ပါးပြင်ကို ပွတ်လျက် မေးသည်။
“ ငါ မရယ် ပါဘူး။ ”
“ နင် ... လိမ်နေတာ၊ ငါ မြင်တယ်။ ”
ခရမ်းငယ်မှ မျက်ရည်များ ဝဲကာ ပြောလာသည်။ အဆုံးတွင် လင်းယွန်မှာ၊ မထိန်းနိုင် တော့ဘဲ၊
“ ကောင်းပြီ၊ ငါ ရယ်မိ ပါတယ်၊ အဟား ဟား ဟား ... ဧကရီ၊ မင်း ဘာဖြစ်လာ တာလဲ။ ”
ခရမ်းငယ်မှ ပြန်မဖြေ သေးဘဲ၊ အိမ် အနောက်ဘက် ရေကန် အတွင်းသို့ ခုန်ချရန်၊ ပြင်နေ သဖြင့် လင်းယွန်မှ ဖမ်းဆွဲထား လိုက်ရသည်။
“ ဒီဧကရီ အသက် မရှင်ချင် တော့ဘူး၊ ငါ့ကို မတားနဲ့ ... ။ ”
“ မငိုနဲ့ ... ငြိမ်ငြိမ်နေ ... မဟုတ်ရင်၊ ဒီမိတ်ကပ် တွေက မင်း မျက်နှာကို ပိုညစ်ပတ် သွားလိမ့်မယ်။ ”
“ ဝါး ... ။ ”
လင်းယွန် စကား ကြောင့် ခရမ်းငယ်မှာ၊ ပို၍ပင် ငိုလာ သဖြင့်၊ အချိန် အတော် ကြာအောင်၊ ရပ်စောင့် နေ လိုက်ရသည်။
“ အဲ့ဒီ မိစ္ဆာမက ငါက သိပ်ချစ်စရာ ကောင်းတယ် ဆိုပြီး၊ ဒီလို လုပ် လိုက်တာ၊ အရမ်း ချစ်စရာ ကောင်းရင်၊ မကောင်း ဆိုးဝါး တွေက၊ ငါ့ နောက်ကို ...
... လိုက်လာ လိမ့်မယ်တဲ့၊ ဒါကြောင့် ငါ အပြင် ထွက်ချင်ရင်၊ အခုလို မိတ်ကပ် လိမ်းပြီး ထွက်ရ မယ်တဲ့၊ ပြီးတော ငါ့ကို ကျင့်ကြံခြင်း၊ နည်းစနစ် တွေလည်း၊ အတင်း သင်ပေးတယ်၊ ...
... ငါ့ကို ကောင်းကင် ဘုံမှာ၊ မွေးဖွား ထားတာ၊ ကောင်းကင် ပျက်စီးသွား ရင်တောင်၊ ငါ မသေ နိုင်ဘူး၊ နတ် နဂါးနဲ့ နတ်ဘုရား တွေတောင် ...
... ငါ့ ရှေ့မှာ လေးလေး စားစား ဦးညွှတ် ရတယ်၊ ဒါကို ဘာလို့ ကျင့်ကြံ နေရ မှာလဲ၊ ဒီလို အထင် သေးတာ၊ လုံးဝ မခံ နိုင်ဖူးလို့၊ ပြန်ပြော လိုက်တယ်။ ”
“ ပြီးတော့ ဘာဆက် ဖြစ်လဲ။ ”
လင်းယွန်မှ မေးမိသည်။
“ မိစ္ဆာမက ... ၊ ငါ့ကို ဖမ်းပြီး ရိုက်တယ်၊ နောင် သူ့စကား နား မထောင်ရင်၊ အခုလို ထပ်ရိုက် ဦးမယ်တဲ့။ ”
“ မင်းကို ဘယ်နား ... ရိုက်လိုက်လဲ။ ”
“ ဒီမှာ ... ၊ ကြည့်ပါဦး ငါ့ လက်ဖဝါးတွေ ရောင်ရမ်း နေပြီ။ ”
ခရမ်းငယ်မှ လက်ဖဝါးအား ဖြန့်ပြ လာသဖြင့်၊ လင်းယွန်က ငုံ့ကြည့် လိုက်သည်။ ဒဏ်ရာမှာ သူမ ပြော သကဲ့သို့၊ မဆိုး လှချေ။
ယဲ့ဇီလင်မှာ ကြောက် သွားအောင် ခြောက်လှန့် လိုက်ပုံ ရသည်။ ထို့ပြင် သူမ စကား များမှာ၊ မှားယွင်းခြင်း မရှိချေ။
နာခံမှု မရှိသော ကလေး များကို၊ အနည်းငယ် အပြစ်ပေး ရပေမည်။ မိတ်ကပ် လိမ်းခြင်း အတွက်မူ၊ နားလည် နိုင်၏။
ခရမ်းငယ်မှာ ချစ်စရာ အရမ်း ကောင်း သဖြင့်၊ မိစ္ဆာ ကျင့်ကြံ သူများသာ မျက်စိကျ သွားပါက၊ ခက်ချေမည်။
“ သူ့လက် ကနေ လွတ်ဖို့က မလွယ်ဖူး၊ နင်က ဒီဧကရီကို စိတ်မပူ ရုံသာ မကဘူး၊ ငါ့ကို ရယ်နေတယ်။ ”
“ ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ ဒါ ... ငါ့ အပြစ်ပါ။ ”
လင်းယွန်က ခရမ်းငယ် မျက်နှာ ပေါ်ရှိ၊ မိတ်ကပ် များကို ဆက်၍ သုတ်ဖယ် ပေးနေစဉ် တောင်းပန် လိုက်သည်။
နေ့တစ်ဝက် ခန့်ကြာအောင်၊ မိတ်ကပ် များကို ဖယ်ရှား ခဲ့ရသည်။ ပြီးနောက် ရေကန် အတွင်း၊ အချိန် အတော်ကြာ ဆင်းချိုး နေ၏။
“ ငါ အဝတ် အစားလဲ ချင်တယ် ။ ”
ရေစို နေသော အဝတ် အစား များဖြင့်၊ ပြန်တက် လာကာ၊ ဓားသေတ္တာ အတွင်းသို့၊ တန်းဝင် သွားပြီး၊ မကြာခင် ပြန်ထွက်လာ လေသည်။
ဤတစ်ကြိမ်၌ နှင်း ကဲ့သို့၊ ဆွတ်ဆွတ်ဖြူ နေသော ဝတ်စုံနှင့်၊ ခေါင်းလောင်းများ ပါသည့် လက်ကောက် ကလေးကို ဝတ်ဆင် ထား၏။
ထို့နောက် အလိုလိုက် ခံထား ရသော ကလေးဆိုး ကလေး တစ်ဦး အသွင်၊ ပြန်လည် ဖြစ်တည် လာပြီး၊
“ လင်းယွန် ... ၊ ငါ့ ဆံပင်ကို ဖြီးပေဦး။ ”
-ဟု ဆိုသည်။
“ ဘာလို့လဲ ... ၊ ဒီပုံစံက ကြည့်လို့ ကောင်းပါတယ်။ ”
“ မရဘူး ... ၊ ကျစ်ဆံ မြီးတွေပဲ ပြန်လို ချင်တယ်။ ”
လင်းယွန်က ငြင်းခုန် မနေတော့ဘဲ၊ စိတ်တိုင်ကျ လုပ်ဆောင် ပေးမိသည်။ သို့မှသာ ခရမ်းငယ် မျက်နှာက၊ ပြုံးရယ် လာ၏။
ထို့နောက် သူမက မှန် တစ်ချပ်ကို ထုတ်ယူကာ၊ နဂါးလေးအား ကိုက်စေလျက်၊ ကျစ်ဆံမြီး ကျစ်နေသော လင်းယွန်ကို သေချာ စောင့်ကြည့် လေသည်။
လင်းယွန်မှ စိတ်ရှည် လက်ရှည်ဖြင့်၊ ကျစ်ဆံမြီး ကျစ်ပေး နေသော်လည်း၊ ခရမ်းငယ် မှာ၊ ကျေနပ်ပုံ မရချေ။ မကြာ ခဏ ဆိုသလို၊ ဝင်ရောက် ဆရာ လုပ်နေ ခဲ့သည်။
ကျစ်ဆံမြီး များမှာ၊ သူမ အတွက် အလွန် အရေးပါ ပုံရ လေ၏။ ထို့နောက် ကျေနပ်စွာ ဖြင့်၊
“ လင်းယွန် ... ၊ နင် ငါ့ကျွန် မဖြစ်ချင် ဖူးလား။ ”
“ မင်းရဲ့ ကျွန်ဖြစ်ရင် ... ငါ့ အတွက်၊ ဘာ အကျိုး ရှိမလဲ။ ”
“ ငါ ပျံသန်းတဲ့ အခါ၊ နင့်ကို ခေါ်သွား မှာပေါ့။ ”
ခရမ်းငယ်၏ အဖြေကြောင့် လင်းယွန်မှာ တိတ်ဆိတ် သွားသည်။ ယင်းကို မှန်ထဲမှ ကြည့် နေသော ခရမ်းငယ်က၊
“ နင် ငါ့ကို မယုံ ဖူးလား၊ ဒီဧကရီရဲ့ ... ခန္ဓာကိုယ် ကိုသာ ရှာတွေ့ ခဲ့ရင်၊ တကယ် ပျံသန်း နိုင်ပြီ။ ”
“ ဒါပေမယ့် ... မင်းက ကလေးပဲ ရှိ သေးတယ်၊ မင်းကို စီးရတာ အဆင် မပြေဘူး။ ”
“ ငါ့ကို စီးခွင့် ရမယ်လို့ ဘယ်သူက ပြောလို့လဲ၊ ငါ့ လက်သည်း တွေနဲ့ နင့်ကို ကုပ်ယူပြီး၊ ခေါ်သွားမှာ ... ။ ”
သူ့ ပခုံးအား လက်သည်း များဖြင့် ကုပ်လျက်၊ တွဲလျောင်း ပျံသန်း နေသော မြင်ကွင်းမျိုး မြင်ယောင် လာစေသည်။
“ ဒါပေမယ့် ... ဒီဧကရီက စိတ်ကောင်း ဝင်နေတယ် ဆိုရင်တော့ ... စီးခွင့်ပြုဖို့ စဉ်းစား ပေးနိုင် ပါတယ်။ ”
“ ထား လိုက် ပါ၊ ငါ မင်းကို မစီးချင် ပါဘူး။ ”
“ ဟွန့် ... ဒီဧကရီက ပျံသန်းရင်၊ အရမ်း မြန်တယ်၊ နင့်ကို စကြာ ဝဠာ ကြီးရဲ့ အဆုံးထိ၊ ခေါ်သွား နိုင်တယ်၊ အဲဒီမှာ ...
... ရှုခင်းတွေ အများကြီး လှတယ်၊ ဒဏ္ဍာရီ ထဲက နွေဦးပေါက် ရာသီလို တောက်ပတဲ့ ကြယ် တွေကိုတောင် မြင်နိုင်တယ်။ ”
ခရမ်းငယ်မှာ ယခုပင် ရောက်ရှိ သွား သကဲ့သို့၊ ရွှင်မြူသော အသွင်ဖြင့်၊ ယိမ်းထိုး လာခဲ့သည်။
“ ငြိမ်ငြိမ်နေ ငါတို့ အပြီးသတ် ခါနီးပြီ။ ”
ကျစ်ဆံမြီး၏ အဆုံးတွင် ဖဲပြားဖြင့်၊ ချည်နှောင် လျက်မှ လင်းယွန်က ပြောသည်။ ခရမ်းငယ်က နဂါးလေးအား မှန်ကို မြှောက်ပြ ရန်၊ အချက် ပြလိုက်၏။
“ ခစ် ... ၊ ဒီဧကရီက တကယ်ကို ချစ်စရာ ကောင်းတာပဲ။ ”
သူ့ကိုယ်သူ ချီးကျူးလျက်၊ နဂါးလေးအား ပွေ့ချီကာ၊ ခြံထဲ ပြေးထွက် သွားတော့သည်။
“ မင်း ... ဘယ်သွား မလို့လဲ၊ အနိုင်ကျင့် ခံရမှာ မကြောက် ဖူးလား။ ”
လင်းယွန်မှ လှမ်းအော် လိုက်သည်။
“ ဟမ့် ... ဒီဧကရီကို၊ ဘယ်သူ အနိုင် ကျင့်ရဲလဲ၊ ငါ့ နတ်ဘုရား ထွက်သက်ကို မှုတ်ပြီး၊ ပြာ ဖြစ်အောင် မီးရှို့ ပစ်မယ်။ ”
ခရမ်းငယ်မှ လှည့် မကြည့်ဘဲ၊ ပြန်၍ အော်ပြော လာသည်။ လက်ရှိ အချိန်၌ ယဲ့ဇီလင် ကြောင့်၊ ငိုခဲ့ ရသော ဖြစ်ရပ် များကို၊ မေ့သွား ပုံ ရချေ ပြီ။
နဂါးလေး လိုက်ပါသွား သဖြင့်၊ သူမ လုံခြုံရေး အတွက် စိတ်ပူ စရာ မရှိချေ။ နဂါး လေးမှာ သူ ပြီးနောက်၊ ခရမ်းငယ် အပေါ်၊ အလေး စားဆုံး ဖြစ်သည်။
ခရမ်းငယ် ပြော သမျှကို အလွန် နာခံ လွန်းသောကြောင့်၊ သူပင် ကြည့်မရ ဖြစ်ဖူး သည်။
ခြံအတွင်း တိတ်ဆိတ် သွားချိန်၌၊ တိမ်လွှာဓား (၁၃) လက်ကို၊ စတင် လေ့ကျင့် တော့၏။
နဝမမြောက် ဓားကို ကျွမ်းကျင် ပိုင်နိုင်စွာ တတ်မြောက်ထား လိုသည်။ သို့မှသာ အတွေး တစ်ချက်ဖြင့်၊ ရွေ့လျားမှု နည်းစနစ်အား၊ ပေါင်းထည့် နိုင်မည် ဖြစ်၏။
“ ဟိတ် ... ။ ”
ထို့ကြောင့် ရွှေကျီးကန်း အသွင်ပြောင်း လဲခြင်း၊ (၉) မျိုးအား အသုံးပြုလျက်၊ တိမ်လွှာ ဓားကို လေ့ကျင့် လိုက်သည်။
များမကြာခင် ခြံဝင်း အတွင်း၊ ဝမ်ယုဝါ ဝင်ရောက် လာသည်ကို၊ ခံစားမိ သော်လည်း၊ လေ့ကျင့် ခြင်းကို၊ မရပ် ခဲ့ချေ။
“ ကျာ့ ... ။ ”
တိမ်များ အတွင်း၊ နောက်ဆုံး ဓားကို ထုတ်ဖော် ပြီးနောက်၊ ပြုံးလျက် ကောင်းကင်မှ ဆင်းသက် လာခဲ့သည်။
“ ဘာလာ လုပ်တာလဲ ... ၊ မင်း အစ်မ ဆူမှာ မကြောက် ဖူးလား။ ”
လင်းယွန်က ပြုံးလျက်၊ ဝမ်ယုဝါအား မေးလိုက်သည်။ ယင်းက ဝမ်ယုဝါအား လျှာ တစ်လစ် ထုတ်ကာ ပြုံးသွား စေ၏။
“ အစ်မ ယဲ့က ... ၊ ဓား သူတော်စင် တောင်ရဲ့၊ ခေါင်းလောင်း သံကနေ အကျိုး အမြတ်ရ ခဲ့တယ်၊ ဒါကြောင့် အင်ပါ ရီယန် အဆင့် သတ်မှတ် ချက်ကို၊ စမ်းကြည့်ဖို့ အပြင် ထွက်သွားပြီ။ ”
“ အင်ပါ ရီယန် အဆင့် သတ်မှတ်ချက် ဆိုတာ ဘာလဲ။ ”
“ ဒါက ... အရှေ့ဘက် ပျက်သုဉ်း နယ်မြေကြီး တစ်ခု လုံးရဲ့၊ အင်ပါ ရီယန်တွေ ထဲကမှ၊ အသန် မာဆုံး တစ်သိန်းကို၊ အဆင့် သတ်မှတ် ပေးထားတဲ့ စာရင်းပဲ။ ”
“ လျှပ်စီး တိမ်လွှာ ဂိုဏ်းမှာ၊ အဆင့် သတ်မှတ်ချက်ထဲ၊ ပါတဲ့ လူ ဘယ်နှစ်ယောက် ရှိလဲ။ ”
“ တစ်ယောက် ... ၊ အစ်မ ယဲ့က လွဲလို့ ဘယ်သူမှ အရည် အချင်း မရှိဘူး၊ အစ်မတောင် ထိပ်တန်း တစ်သောင်းထဲ မဝင်လို့၊ ခုကြိုးစား နေတယ်။ ”
ဝမ်ယုဝါ၏ စကားက လင်းယွန်ကို မျက်လုံးပြူး သွားစေသည်။ ယဲ့ဇီလင် ခွန်အား ဖြင့်ပင် ထိပ်တန်း တစ်သောင်း မဝင် သည်လော။
ယင်းက အသက် ကန့်သတ်ချက် ထားပုံ မရချေ။ ထို့ကြောင့် အဘိုးအို များပါ ထိုအဆင့် သတ်မှတ်ချက် အတွင်း၊ ပါရှိပုံ ရ၏။
ဤသို့ ဆိုပါက ယဲ့ဇီလင် တစ်ယောက်၊ ထိပ်ဆုံး တစ်သောင်း အတွင်း မဝင် သည်မှာ၊ အံ့ဩစရာ မရှိ တော့ချေ။
“ ဒီကို လာတာ ... တိမ်လွှာဓား သင်မို့လား။ ”
အတွေး များကို ဖြတ်ကာ၊ လင်းယွန်မှ ပြုံးလျက် စကား လမ်းကြောင်း ပြောင်းလဲ လိုက်သည်။
“ အင်း ... ။ ”
ဝမ်ယုဝါမှ ခေါင်းညိတ် ပြ၏။
“ အသက် ဘယ်လောက် ရှိပြီလဲ။ ”
“ တစ်ဆယ့် ခုနစ် ... ။ ”
“ တော်တော် ငယ်သေး တာပဲ။ ”
လင်းယွန် ခမျာ၊ အတိတ်ကို ပြန်ရောက် သွားသည်။ သူ (၁၇) အရွယ်၌ ဘာမျှ မဟုတ် သေးချေ။ ဝမ်ယုဝါ မှာမူ၊ အင်ပါ ရီယန် တစ်ပါးပင် ဖြစ်နေ ပေပြီ။
“ ဆယ့်ရှစ်နှစ် ပြည့်တော့မယ်၊ ငါ မငယ် တော့ဘူး။ ”
ဝမ်ယုဝါက ရင်ကော့ကာ၊ တုန့်ပြန် လိုက်ပြီးနောက်၊ တစ်စုံ တစ်ရာကို တွေးမိ သွားပုံ ရ၏။ နီရဲ လာသော မျက်နှာအား ဖွဖွလေး ပွတ်သပ် နေတော့သည်။
သူမသည် အသက်ပင် ငယ် သော်လည်း၊ ဖွံ့ထွား လှပသော ကောက်ကြောင်း ခန္ဓာကိုယ် ရှိသည်။ သို့သော် လင်းယွန်မှ ဂရုစိုက်ပုံ မပြဘဲ၊
“ ဒါဆို ... စရအောင် ... ၊ တိမ်လွှာဓားကို ... မင်း ဘယ်အထိ နားလည် နေပြီလဲ။ ”
-ဟု မေးလိုက်သည်။
နဝမမြောက် ဓားကို ဆုပ်ကိုင် ထားပြီ ဖြစ်သဖြင့်၊ အခြား လူများအား သဘာဝ ကျကျ သင်ပေး နိုင်သည်။
ထိုကြောင့် ဝမ်ယုဝါ နားလည် ထားသော တိမ်လွှာ ဓားကွက် များကို၊ အပြစ်ရှာ နိုင်ပေ၏။ များမကြာခင် အံ့ဩ နေသော အသွင်ဖြင့်၊ ကြည့်နေသော ဝမ်ယုဝါကို လင်းယွန်မှ ပြုံးပြ လိုက်သည်။
“ မဆိုး ပါဘူး၊ ဒီလောက်ဆို အဆင် ပြေတယ်၊ မင်း သုံးရက်လောက် နေရင် ပြန်လာ နိုင်တယ်၊ သတ်ဖြတ်ခြင်း ရောင်ဝါကို ရဖို့၊ ဒီဓားနဲ့ ငါတို့ အစွမ်းကုန် ကြိုးစား ရအောင်။ ”
“ အိုး ... နေဦး ... ၊ လျှပ်စီး တိမ်လွှာ ဂိုဏ်းမှာ၊ ဝတ်ရုံဖြူ အမျိုးသမီး တစ်ဦး ရှိတယ် မဟုတ်လား၊ သူမ အသုံး ပြုတဲ့ ရွေ့လျားမှု နည်းစနစ်က အရမ်း ကောင်းတယ်၊ ငါ မနေ့က သူနဲ့တောင် တွေ့ခဲ့ သေးတယ်။ ”
“ ဟုတ်တယ် ... ၊ သူက စီနီယာ အစ်မ လောပါ၊ သူက လွန်ခဲ့တဲ့ သုံးလ ကမှ ဂိုဏ်းကို ရောက်လာ ခဲ့တာ၊ တစ်ချိန်လုံး သူမ နေအိမ် မှာပဲ နေတယ်၊ ...
... သူ့ကို မြင်ရဖို့ မလွယ်ဘူး၊ သူက ရှေးဟောင်း ပျက်သုဉ်းခြင်း နယ်မြေ ကနေ လာတာ၊ သူတော်စင် မိသားစု ကလို့၊ အစ်မ ယဲ့ ပြောဖူးတယ်၊ ...
... တိမ်လွှာဓား (၁၃)လက် အတွက်၊ ရောက်လာတာ ဖြစ်လို့ အစ်မ ယဲ့ကတော့ သိပ် သဘော မကျဘူး၊ အိုး ... သတိ ရပြီ၊ အစ်ကိုယွန် တောင်ပေါ် တက်တုန်းက၊ သူ လာကြည့် သေးတယ်။ ”
ဝတ်ရုံဖြူ အမျိုး သမီး၏ နောက်ခံမှာ၊ ကြီးမား လှသောကြောင့်၊ လင်းယွန် ခမျာ ထိတ်လန့် သွားသည်။
သို့သော် ဝိုင်မူး ချိန်၌ ပြောသော စကား များကို၊ မည်သူမျှ ပြန်၍ သတိ မရကြ သည်မှာ၊ သဘာဝ ပေပင်။
ထိုနောက် ဝမ်ယုဝါက နှုတ်ဆက်လျက်၊ ထွက်ခွာ သွားတော့၏။ ဤသို့ဖြင့် ညဘက်တွင် ပလွေ မှုတ်ကာ၊ နေ့၌ ဓားရေး လေ့ကျင့် ခဲ့သည်။
ဝမ်ယုဝါ ရောက်လာသော ရက်များတွင်၊ သတ်ဖြတ်ခြင်း ရည်ရွယ် ချက်အား၊ ဖွဲ့စည်းရန် သင်ကြား ပေးမိ၏။
တစ်ဖက်တွင် ဝတ်ရုံဖြူ အမျိုးသမီးနှင့် မကြာ မကြာ ဝိုင် သွားသောက် ခဲ့လေရာ၊ ပို၍ ရင်းနှီး လာတော့သည်။
ကောင်းကင် လမ်းတွင် ကဲ့သို့၊ မည်သူ့ ကိုမျှ သတ်စရာ မလိုတော့ သဖြင့်၊ ခံစားချက် များမှာ ငြိမ်သက် လာပြီ ဖြစ်သည်။
ဤကာလ အတွင်း၊ ဓား သူတော်စင် တောင်မှ စုပ်ယူ ထားသော ဝိညာဉ် စွမ်းအင်များ အားလုံးကို၊ ပြန်၍ သန့်စင် ခဲ့သည်။
၎င်းမှာ သတ္တမ ကောင်းကင် ဝိညာဉ် နယ်ပယ်သို့၊ ရောက်ရှိရန် အထိ၊ လုံလောက် ချေ၏။
နတ်ကြယ်ပုလဲ (၁)သောင်း နီးပါးနှင့်၊ ရတနာ များစွာကို အသုံး ပြုကာ၊ ကောင်းကင် ဒုက္ခကို ခံယူ ခဲ့သည်။
တစ်ချိန်တည်း မှာပင်၊ ရောင်ဝါ သမုဒ္ဒရာ တစ်ခု စီ၌၊ နောက်ထပ် ကြယ်မိစ္ဆာ ပန်း နှစ်ပွင့် ကိုသာ၊ စိုက်နိုင် လိုက်သည်။
ထို့ကြောင့် ပန်း ခြောက်ပွင့် ဟူသော ကန့်သတ် ချက်သို့ ရောက်ရှိ လာသည်။ မူလ စွမ်းအင်ချင်း ယှဉ်ပါက၊ အင်ပါ ရီယန် များ ကိုပင်၊ ယှဉ်လာ နိုင်ပြီ ဖြစ်သည်။
သို့သော် ခရမ်းငယ်၏ အဆို အရ၊ (၇) ပွင့် သည်သာ ကန့်သတ်ချက် ဖြစ်မှန်း သိလိုက်ရ သဖြင့်၊ မျှော်လင့် ချက်များ တောက်ပ လာ၏။
ထိုပန်းကို စိုက်ခြင်းဖြင့်၊ အင်ပါ ရီယန် မတိုင်မီ နောက်ထပ် ဒုက္ခကို ကြုံတွေ့ ရမည် ဖြစ်သည်။
ထိုဒုက္ခ အတွင်း ၎င်းပန်းအား စွန့်လွှတ်ကာ၊ အင်ပါ ရီယန် နယ်မြေသို့ ဖြတ်ကျော် ရန်လည်း ရွေးချယ် နိုင်မည်။
ကျင့်ကြံမှု သည်သာ မြင့်တက် လာပါ၊ ဓားကိုးလက်ကို သရုပ်ဖော် အဆင့်သို့ ယူဆောင် နိုင်မည် ဖြစ်သည်။
ထို့ပြင် ဂီတ တာအို သည်လည်း၊ ပို၍ ကျွမ်းကျင် လာနိုင်၏။ လက်ရှိ အချိန်၌ သခင့် ဓားနှင့်၊ ဆည်းဆာ အလင်းဓား တေးသွားကို တီးမှုတ် နိုင်ပြီ ဖြစ်သည်။
အင်ပါယာ ငှက်မွှေး သခင်ငယ်နှင့် ပြန်၍ တိုက်ခိုက် ရမည် ဆိုလျှင်ပင်၊ ဓား တစ်ချက်သာ အသုံးပြု ရပေမည်။
မျက်စိ တစ်မှိတ် အတွင်း၊ တစ်လကုန် လွန်သွား၏။ သည်ရက်ပိုင်း အတွင်း လျှပ်စီး တိမ်လွှာ ဂိုဏ်းမှာ၊ လုံးဝ ငြိမ်သက်နေ ချေပြီ။
ဤနည်းဖြင့် သူ့နှလုံးသား ထဲရှိ၊ လူသတ် လိုသော အငွေ့ အသက် များမှာ၊ တော်တော်ပင် လျော့ကျ သွား၏။
တစ်ရက်တွင် ဂိုဏ်းချုပ်၏ ဆင့်ခေါ် စာကို ရရှိလာ သဖြင့်၊ ပင်မ နန်းတော် ဆီသို့ ဦးတည် သွားမိသည်။
သည်အဖိုး ကြီးမှာ၊ သူ့အား အေးအေး ဆေးဆေး နေခွင့်၊ ပေးထား လိမ့်မည် မဟုတ် ကြောင်း၊ တွက်ဆ ထားပြီး ဖြစ်သဖြင့်၊ ထူးထွေ အံ့သြ မိခြင်း မရှိ ခဲ့ချေ။
***