လော ဟွာ။
Vol. 80 Ch. 1116
ပင်မ နန်းတော် အတွင်း၊ လှမ်းဝင် လိုက်သည်နှင့်၊ ဂိုဏ်းချုပ် အဖိုးကြီးက သူ့အား စောင့်မျှော် နေခဲ့သည်။
ရှေးယခင်က ကဲ့သို့ပင်၊ အဖိုးကြီး၏ ရောင်ဝါမှာ နားမလည် နိုင်သဖွယ် ဖြစ်နေဆဲ ဖြစ်ပြီး၊ သူ့ ဓားကို ဖိနှိမ် ခံ ထားရသည်။
ဤကာလ အတွင်း ခွန်လွန် ဘုံနှင့်၊ လိုက်လျော ညီထွေ ဖြစ်လာကာ၊ နဂါး သွေး လွှတ်ကြော နယ်ပယ်၊ ကျွမ်းကျင်သူ တစ်ဦး၏ ခွန်အားကို နားလည် နေပြီ ဖြစ်သည်။
နောက်ဆုံးတွင်၊ သွေး လွှတ်ကြော တစ်ကြောချင်း စီသည် ကျင့်ကြံ သူအား အသွင် ပြောင်းပေး ပေ၏။
အပြာရောင် စံအိမ်သည် အရှေ့ဘက် ပျက်သုဉ်းခြင်း နယ်မြေ၏၊ ပိုင်နက် မျှသာ ဖြစ် သော်လည်း၊ သေးငယ်ခြင်း မရှိချေ။
အရွယ် အစား အရ၊ ပယင်း နယ်မြေထက် ကြီး၏။ အပြာရောင် စံအိမ်ရှိ၊ နဂါး သွေးလွှတ် ကြော နယ်မြေ၊ ကျွမ်းကျင်သူ အရေ အတွက်မှာ၊ လက် (၁၀) ချောင်းထက် မပိုချေ။
အဓိက ဂိုဏ်းကြီး လေးဂိုဏ်းရှိ အကြီး အကဲအများ စုမှာ၊ ပင်မ နတ်ဘုရား ကျွမ်းကျင် သူများ ဖြစ်ပြီး၊ ဂိုဏ်းချုပ် များသာ နဂါး သွေးလွှတ်ကြော နယ်မြေ၌ ရှိသည်။
ထို့ကြောင့် နဂါး သွေး လွှတ်ကြော နယ်ပယ်ရှင် တစ်ဦး အနေဖြင့်၊ ဆန္ဒ ရှိပါက ဂိုဏ်းများ တည်ထောင်ကာ၊ နယ်မြေ တစ်ခုကို အလွယ် တကူ ရယူ နိုင်ပေမည်။
လင်းယွန် အတွက် ထူးဆန်း နေ သည်မှာ ဂိုဏ်းချုပ်၏ ဓား ဖြစ်သည်။ အဘိုး ကြီး၏ ဓား ရည်ရွယ်ချက်မှာ အလွန် ပြင်းထန်ပြီး၊ နဝမ သွေးလွှတ် ကြောရှိ၊ သာမန် ကျွမ်းကျင်သူ များကိုပင်၊ ထိန်းချုပ် နိုင်စွမ်း ရှိချေမည်။
ယင်းကြောင့် အရှေ့ဘက် ပျက်သုဉ်းခြင်း နယ်မြေ ကဲ့သို့၊ ချောင်ကျသည့် တိမ်လွှာ ဂိုဏ်း၌ လာ၍ အချိန်ဖြုန်း နေသည်ကို၊ နားမလည် နိုင် တော့ချေ။
“ မင်းက ... တကယ် နေနိုင်တဲ့ ကောင်လေးပဲ၊ တိမ်လွှာ ဂိုဏ်းကို မင်းရောက် နေတာ၊ အခုဆို နှစ်လ နီးပါး ပြည့်တော့မယ်၊ ငါ့ ဆီကို လာလည် ဖို့တောင် သတိ မရဘူး။ ”
ဂိုဏ်းချုပ်မှ ပြုံးလျက် စကားဆို လာသော်လည်း၊ လင်းယွန်က နှုတ်ဆိတ် နေ မိသည်။
မလာ ရသည့် အကြောင်း ရင်းမှာ၊ သည်အဖိုးကြီး မျက်နှာ၌၊ အကြံ အစည် များဖြင့် ပြည့်နှက် နေပြီး၊ ခြမ်းခြောက် နိုင်လွန်း သော ကြောင့် ဖြစ်သည်။ ယခုမူ ရှောင်လွှဲ၍ ရမည့်ပုံ၊ မပေါ် တော့ချေ။
“ ဘာ ကိစ္စ ရှိလို့လဲ အဘိုးကြီး။ ”
ရုတ်တရက် လင်းယွန်မှ ရင်ထဲ ရှိသည့် အတိုင်း၊ လွှတ်ခနဲ ခေါ်လိုက် မိသည်။ သို့သော် ထိုသို့ ရိုင်းစိုင်း မှုကို၊ ဂိုဏ်းချုပ်မှ ဂရုစိုက်ပုံ မပြဘဲ ပြုံးလျက်၊
“ ခွန်လွန်ဘုံ ရောက်တာ ... နှစ်လ နီးပါး ရှိပြီမို့၊ အင်ပါရီယန် နယ်ပယ်ကို ရောက်သင့်ပြီ၊ အခုတော့ ဖုန်းကျွယ် လာခေါ်တဲ့ အချိန်မှာ၊ သူ့ကို ငါဘယ်လို ရှင်းပြ ရမလဲ။ ”
ခွန်လွန် ဘုံမှ လူများ ကဲ့သို့၊ စွမ်းရည် အားလုံးကို လင်းယွန် တစ်ယောက် မတူးဖော် နိုင်သေး သည်မှာ ထင်ရှား၏။
အမှန် အတိုင်း ဆိုပါက၊ ဓား သူတော်စင် တောင်ပေါ် တက်စဉ် ကတည်း ကပင်၊ အင်ပါ ရီယန် ဖြစ်လာ သင့်သည်။
ကောင်းကင် ဝိညာဉ် နယ်မြေ၏ ကန့်သတ်ချက်သို့ ရောက်ရန် ကြိုးပမ်းနေ ကြောင်းကို ဝမ့်ကျွယ်မှ သိသည်။
“ ကောင်းကင် ဝိညာဉ် နယ်ပယ်ရဲ့ ကန့်သတ် ချက်ကို ရောက်ဖို့က မလွယ်ဘူး၊ မင်းမှာ လုံလောက်တဲ့ စုဆောင်းမှု ...
... ရှိနေ ရင်တောင် ... ၊ မင်း ရုပ်ခန္ဓာက ပြဿနာ ရှိနေ ဦးမယ်၊ မင်းမှာ သွေးရည်ကြည် ကုန်သွား ပြီလို့ ငါ ယုံတယ်၊ ဟုတ်တယ် မဟုတ်လား။ ”
လင်းယွန်၏ လျှို့ဝှက်ချက် အားလုံးကို မြင်နေရ သဖြင့်၊ မျက်လုံးများ မှေးစင်းလျက် ဆေးတံ ဖွာကာ၊ ဝမ့်ကျွယ်မှ ဆိုမိသည်။
ဝမ့်ကျွယ် စကားများ ကဲ့သို့ပင်၊ သွေးရည်ကြည် အားလုံးကို အသုံးပြု လိုက် သော်လည်း၊ လင်းယွန်၏ သူတော်စင် နဂါး ခန္ဓာမှာ၊ စတုတ္ထ အဆင့် ထိသာ၊ တက်လှမ်း နိုင်သည်။
ဓားပညာရပ်၊ ဓား သုတ္တန်နှင့် ကျင့်ကြံမှု တို့က၊ လျင်မြန်စွာ တိုးတက် သွား သော်လည်း၊ ကိုယ်လုံး ကိုယ်ပေါက်မှာ ပြတ်ကျန် နေပေ၏။
“ မင်းမှာ ... နဂါး သွေးရည်ကြည် ရှိလို့လား။ ”
မေးမိ ပြီးနောက်၊ လင်းယွန် တစ်ယောက် ချက်ချင်း နောင်တရ သွား၏။ ဂိုဏ်းချုပ် တစ်ပါး အနေဖြင့်၊ မရှိ စရာ အကြောင်း မရှိချေ။
ဤမေးခွန်းမှာ လေကုန် ရုံမျှသာ ရှိပြီး၊ ကိုယ့်အားနည်း ချက်ကို ထုတ်ဖော် ရာလည်း ရောက်နေ ပေ၏။
“ လူ တစ်ယောက်ကို ... ၊ နဂါး သွေးရည်ကြည် ငါးစက်နဲ့၊ ထိပ်ဆုံးက လူ အတွက်၊ နှစ်ဆယ့်ငါး စက် ”
ဝမ့်ကျွယ်က အမည် စာရင်း တစ်ခုအား ရေးသား ပြုစု ထားသည့်၊ စာရွက် တစ်လိပ်ကို ထုတ်ယူ ပစ်ပေး လိုက်သည်။
“ ဝှစ် ... ။ ”
ဤသည်မှာ အင်ပါ ရီယန် အဆင့် မိစ္ဆာ လမ်းစဉ် ကျင့်ကြံ သူများ ဖြစ်သဖြင့်၊ အသက်ရှု ကြပ်လာ စေသည်။
စာရင်း၏ ပထမ အမည်မှာ၊ ကြယ်စင်စု နယ်ပယ် ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။ ဆိုလို သည်မှာ လျှပ်စီး တိမ်လွှာ ဂိုဏ်းမှ၊ အမာခံ တပည့် များ ထက်ပင်၊ အားကောင်း သည်ဟု၊ အဓိပ္ပါယ် ရ၏။
“ မလွယ် ပါလား။ ”
လျှာဖျား၌ ခါးသက်သက် အရသာများ၊ ဖြစ်ပေါ် လာသဖြင့် လင်းယွန်မှ ရေရွတ်လိုက် မိသည်။ သူ့ ကျင့်ကြံမှုမှာ သတ္တမ ကောင်းကင် ဝိညာဉ် ၌သာ ရှိ၏။
သာမန် ကြယ် နယ်ပယ် အဆင့် ကျွမ်းကျင်သူ များနှင့် ရင်ဆိုင် ရန်မှာ၊ ပြဿနာ မဟုတ် သော်လည်း၊ ဤလူများသည် ကျင့်ဝတ် မရှိသော မကောင်း ဆိုးရွားများ ဖြစ်ပေ၏။
ပထမ နေရာမှ လူအား၊ လျှပ်စီး တိမ်လွှာ ဂိုဏ်း၏ အမာခံ တပည့်များ အနက်၊ ယဲ့ဇီလင် သည်သာ နှိမ်နှင်း နိုင်ပေမည်။ မည်သူမှ သူ့ ပြိုင်ဘက် ဖြစ်မလာ နိုင်ချေ။
ယင်းကြောင့် ထိုသူကို သတ်ရန် မည်မျှ ခက်ခဲမည်ကို တွေးကြည့် နိုင်သည်။ လူ တစ်ဦး အပေါ် အနိုင် ယူခြင်းနှင့်၊ သတ်ပစ်ခြင်း ဟူသည် တူညီသော အရာ မဟုတ်ချေ။
ဥပမာ အားဖြင့် ယဲ့ဇီလင်မှာ၊ လင်းယွန်ကို အနိုင်ယူ နိုင်မည် ဖြစ်သော်လည်း၊ သတ်နိုင်မည် မဟုတ်ကြောင်း၊ သိထား ရပေမည်။ လိမ္မာ ပါးနပ်သော မိစ္ဆာ ကျင့်ကြံ သူများ အတွက်မူ၊ သာ၍ ဆိုးချေ၏။
ထို့အပြင် ၎င်းတို့၌ သဘာဝ အားဖြင့် အစွမ်းထက်သော လူသတ်ရန်၊ နည်းလမ်း ပေါင်းစုံ ရှိလေသည်။
“ ဘယ်လိုလဲ ... ၊ လက်ခံ မှာလား။ ”
ဂိုဏ်းချုပ်က လင်းယွန်၏ စကားကို လျစ်လျူရှုလျက် မေးမြန် လာသည်။
“ အင်း ... ။ ”
ငြင်းစရာ အကြောင်း ပြချက် မရှိ သဖြင့်၊ ခေါင်းညိတ်လျက် အမည် စာရင်း စာလိပ်အား၊ လင်းယွန်မှ သိမ်းဆည်း လိုက်တော့သည်။
“ ကောင်းပြီ ... ၊ တစ်ခုတော့ သတိရပါ၊ သူတို့ကို မသတ် နိုင်ဖူး ထင်ရင်၊ လုံးဝ မလှုပ်ရှား ပါနဲ့၊ မဟုတ်လို့ သူတို့ ထဲက တစ်ဦး လွတ်သွား ရုံနဲ့၊ ဘာ ဆုလာဒ်မှ ... မင်းရမှာ မဟုတ် တော့ဘူး။ ”
ဂိုဏ်းချုပ်မှ ပြုံးပြလာ သော်လည်း၊ လင်းယွန် ခမျာ မပြုံး နိုင်ချေ။ မကျေ မနပ်ဖြင့်၊ အဖိုး အိုအား ပြန်ကြည့်ကာ၊
“ အဖိုးကြီး ... မင်းက ငါ့အတွက် အခက် အခဲတွေ ဖန်တီး နေတာက၊ ငါ့ကို သေစေချင် နေပုံပဲ။ ”
-ဟု ဆိုလိုက် မိသည်။
ဂိုဏ်း အတွင်း ရောက်ချိန်မှ စကာ၊ ဤအဖိုးအိုသည် သူ့အပေါ် ဖိအားများ ပေးလွန်း ချေပြီ။ ယခု သေစေ နိုင်သော မစ်ရှင်အား ပေးအပ် လာ၏။
ထိုကြောင့် သူ မယဉ်ကျေး နိုင်သည်မှာ သဘာဝ ပေပင်။ သို့သော် အဖိုးအိုက သူ့အား ထိုသို့ ခေါ်ဝေါ် ဆက်ဆံ နေသည် ကိုပင်၊ ခေါင်းထဲရှိ ပုံ မရချေ။
ဖြူဆွတ် နေသော မုတ်ဆိတ်မွေး များကို ပွတ်သပ် လျက်မှ၊ ပြုံးပြ လာသည်။
“ ကောင်လေး ... မင်းက မိုက်ရိုင်း လွန်းတယ်၊ ငါ့ကို မင်းနဲ့ အဆင့် တူများ ထင် နေလား၊ ကောင်းပြီ ... ငါ့ကို ဒီလို ဆက်ဆံ ရအောင်၊ ...
... မင်းမှာ ဘာ အရည် အချင်း ရှိလဲ ငါကြည့်မယ်၊ ကောင်းကင် ဝိညာဉ် နယ်ပယ်ရဲ့ ကန့်သတ်ချက် ရောက်ဖို့၊ ဘယ်လောက် ခက်ခဲလဲ မင်း မသိဘူး၊ ...
... အရွက် ကိုးရွက်၊ သူတော်စင် အသီးကို အားကိုးပြီး၊ အောင်မြင်နိုင် လိမ့်မယ်လို့ မထင် လိုက်နဲ့၊ ဒီစာရင်း ထဲက လူတိုင်းကို မင်း သတ်နိုင် ရင်တောင်၊ ရရှိမဲ့ ...
... နဂါး သွေးရည်ကြည် ပမာဏက မလုံလောက် သေးဘူး၊ ဒါကြောင့် အောင်မြင် သည် ဖြစ်စေ၊ မအောင်မြင် သည် ဖြစ်စေ၊ မင်းသေရ လိမ့်မယ်၊ ...
... ဒီလို သေရမှာ သေချာ နေမှတော့၊ ငါ့ ဂိုဏ်း အတွက် ... ၊ ဘာလို့ နည်းနည်း လောက် အကျိုး မပြုချင် ရတာလဲ။ ”
ထိုစကားက လင်းယွန်၏ နှလုံးသားကို နာကျင် သွားစေသည်။
“ ဒါဆို ရင်တော့ ... စိတ်မကောင်း စရာပဲ၊ ဒီစာရင်း ထဲက လူတွေ အားလုံးကို သတ်ပြီး၊ ငါ မင်းရဲ့ အရင်း အမြစ် တွေကို ...
... ဖြုန်းတီး ရဦး မှာပေါ့၊ ကောင်းကင် ဝိညာဉ် ကန့်သတ်ချက် ရောက်ရင်တောင်၊ ငါ မသေနိုင် ပါဘူး။ ”
စကားဆုံး သည်နှင့်၊ ပင်မ နန်းတော်မှ ထွက်ခွာ လာကာ၊ လမ်း တစ်လျှောက် တွေးဆ လာမိသည်။ ထို့နောက် ပြုံး လိုက်ပြီး၊
“ ဒီတစ်ခါတော့ ... ၊ ငါက တကယ် လေထွား မိပြီ ထင်တယ်။ ”
-ဟု ညည်းတွားလျက် ကောင်းကင်ပေါ် ပျံတက် မိလေသည်။
အဝေးမှ လွင့်ပျံ လာသော ဗျပ်စောင်း သံစဉ်က၊ သူ့အား ဖိတ်ခေါ် နေချေ၏။ တစ်ခွက် တစ်ဖလား သောက်ရန် အချိန်ကျ လေပြီ။
“ ဝှစ် ... ။ ”
ရွှေကျီးကန်း အသွင် ပြောင်းခြင်း (၉) မျိုးဖြင့်၊ တိမ် ပင်လယ်ကို ဖြတ်ကာ တောင်ပေါ် ဆင်းသက် လိုက်သည်။
ထို့နောက် ကျောက်စိမ်း ပုလွေကို ထုတ်လျက်၊ ဆည်းဆာ အလင်း ဓားအား တီးမှုတ် လိုက်တော့၏။
ဗျပ်စောင်း သံနှင့် ပလွေသံမှာ တိမ်များ ကြားတွင်၊ မြူးထူး ပျော်ပါး နေသော ဖီးနစ် မောင်နှံ ကဲ့သို့၊ ထွက်ပေါ် လာသည်။
ဆည်းဆာ အလင်းဓား ရည်ရွယ် ချက်မှာ၊ ဝတ်ရုံဖြူ မိန်းကလေးကို အံ့အားသင့် စေသည့် ရသများ ပေးစွမ်း လေသည်။
“ တင်း ... ဒေါင် ... ဒင်း ... ။ ”
၎င်းအား လင်းယွန် တီးမှုတ် သည်ကို၊ ယခုမှသာ ကြားဖူးခြင်း ဖြစ်၏။ ထို့ကြောင့် သူမ ဗျပ်စောင်းအား၊ ပို၍ မြူးကြွ စေမိ လေသည်။
ဗျပ်စောင်းကြိုး ပေါ်တွင်၊ ရုတ်တရက် လျင်မြန်စွာ ရွေ့လျား ပစ်လိုက်သော လက် တစ်စုံအား ကြည့်ကာ၊ လင်းယွန်မှ ပြုံးလိုက် မိသည်။
“ တင်း ... တောင် ... တောင် ... ။ ”
သူ့ကိုယ်သူ သိသည် ထက်ပင်၊ သူ့ကို ဤအမျိုး သမီးမှ ပို၍ နားလည် နေခဲ့ သဖြင့်၊ အံ့ဩ သွား၏။
သည်တေးသွားမှာ ပထမဆုံး အကြိမ်၊ တီးမှုတ်ခြင်း ဖြစ် သော်လည်း၊ သူမက သူနှင့် အလွန် လျင်မြန်စွာ၊ လိုက်ပါ ပေါင်းစပ် နိုင်ချေပြီ။
ဗျပ်စောင်း အသံများ၊ ခပ်စိတ်စိတ် ထွက်ပေါ်လာ သည်နှင့် အမျှ၊ သူ့ သွေးများ ပွက်ပွက် ဆူလာကာ၊ ဆည်းဆာ အလင်း ဓား၏ နောက်ဆုံး အပိုင်းကို၊ တီးမှုတ် လိုက်သည်။
ပြီးနောက် ပလွေအား ဖယ်ကာ၊ တဟုန်ထိုး မြင့်တက် နေသော ခံစားချက် များကို ငြိမ်သက် သွားစေရန်၊ အချိန် အတော်ကြာ ငြိမ်သက် နေမိသည်။
စားပွဲ ပေါ်ရှိ ဝိုင်ခွက်အား ကြည့်လျက်၊ ပြုံးကာ ခြေလှမ်း ပြင်လိုက်သည်။ ရက်ပေါင်း များစွာ အတူစုံ ပြီးနောက်၊ ဤအမျိုး သမီး ငှဲ့ ပေးသော ဝိုင်ကို သောက်ရ သည်မှာ၊ ပို၍ အရသာ တွေ့ပေသည်။
“ ကြည့်ရတာ မင်းမှာ၊ ပြဿနာ တစ်ခုခု ရှိနေပြီ ထင်တယ်၊ မင်းကို ဘယ်သူက အနှောက် အယှက် ပေးနေ လို့လဲ။ ”
၀တ်စုံဖြူ အမျိုးသမီးက၊ တမူ ထူးခြားသော အသွင်ဖြင့် မေးလာသည်။ ယင်းကို သတိ မထား မိ လိုက်ဘဲ၊ လင်းယွန်က ဝိုင်အား အရင်မော့ သောက်လိုက်သည်။ ထို့နောက် သူ့ တာဝန် အကြောင်း ပြန်ပြော ပြ၏။
ဝတ်ရုံဖြူ အမျိုးသမီးက၊ အမည် စာရင်း စာလိပ်ကို ယူဖတ် ကြည့် ပြီးနောက်၊
“ ပထမ နေရာက လူကို အနိုင် ယူဖို့ ... ၊ မင်းမှာ သုံးဆယ် ရာခိုင်နှုန်း လောက်တောင် အခွင့် အရေး မရှိဘူး၊ မင်းတို့ နှစ်ယောက်ရဲ့ ကွာခြား ချက်က အရမ်း မြင့်မားတယ်၊ ...
... ဒါပေမယ့် ပလွေကို သုံးရင်တော့ ... မင်းမှာ အနိုင် ရဖို့ အခွင့် အရေး ရှိနိုင် ပါတယ်၊ မင်းရဲ့ ကောင်းကင်ဓားကို သူတော်စင် တောင်မှာ သန့်စင်ပြီး၊ ...
... နဂါးဓား အရှိန် အဝါနဲ့ ပေါင်းစပ် ထားတယ် ဆိုတော့၊ ဒါက ကစား ပွဲကို လှည့် နိုင်တဲ့ ဝှက်ဖဲ ဖြစ်လာ ပါလိမ့်မယ်။ ”
နဂါးဓား ရောင်ဝါကို၊ တိမ်လွှာ ဂိုဏ်းချုပ် အဖိုးအိုပင် မမြင်နိုင် သောကြောင့်၊ လင်းယွန်မှာ အံ့သြ သွားသည်။ ဤသည်မှာ သူတော်စင် မျိုးနွယ် စု၏ အရည် အချင်း ပင်လော။
“ မင်းက ... ငါ့ကို ကောင်းကောင်း မြင်နိုင် တာပဲ၊ ဒါက အန္တရာယ် များတဲ့ ခရီးစဉ် ဖြစ်လို့၊ မသွားခင် ဒီလို ... ဝိုင် ကောင်းကောင်း သောက် လိုက်ရတဲ့ အတွက်၊ နောင်တရ စရာ မရှိ ပါဘူး။ ”
လင်းယွန်က ထွေထွေ ထူးထူး မစဉ်းစား တော့ဘဲ၊ ပြုံးလျက် ကျန်ရှိ နေသော ဝိုင်များကို ငုံ့နမ်း လိုက်သည်။
“ မင်း ကြိုက်ရင် ... အသက် ရှင်လျက် ပြန်လာပြီး သောက်ပါ၊ ငါ တိုက်နိုင်တယ်၊ ပြီး ... မင်း လိုချင်တာ ကိုလည်း၊ ငါပေး နိုင်တယ်။ ”
“ ဝိုင်ကို ပြောတာလား။ ”
“ ဘာပဲ ဖြစ်ဖြစ် ပေါ့ ... ။ ”
“ ဒါဆို ... ထောင်စုနှစ် မီးလျှံ လိုချင်တယ်၊ ဟား ဟား ဟား ... ။ ”
လင်းယွန်က ရယ်မော လိုက်၏။ တစ်စုံ တစ်ဦးနှင့်၊ ဤသို့ ပွင့်လင်းစွာ စကား မပြော နိုင်ခဲ့ သည်မှာ၊ ကြာပြီ ဖြစ်သည်။
“ ရစေ ရမယ် ... ။ ”
ထိုကြောင့် သူ လိုနေသော အရာကို၊ ဟာသ အနေဖြင့် ပေါ့ပေါ့ ပါးပါး ထုတ်ပြော မိလိုက်ခြင်း ဖြစ်သည်။
တစ်ဖက် လူမှ ယခု ကဲ့သို့ ခေါင်းညိတ် ကတိပေး လိမ့်မည်ဟု မထင် မိချေ။ ယင်းက သူ့အား အံ့အားသင့် စေရုံသာ မက၊ သူတော်စင် မိသားစု၏ စိတ်နေ စိတ်ထားနှင့်၊ ကြွယ်ဝ မှုကို အမြင် သစ်ဖြင့်၊ ကြည့်လာ မိစေသည်။
“ ဒါဆို ... မဖြစ် မနေ၊ ငါ ပြန်လာ ရတော့ မှာပေါ့ ... ။ ”
လင်းယွန်က ပြုံးလျက် ဝတ်ရုံဖြူ အမျိုး သမီးအား ပြန်ကြည့်ကာ၊
“ ဒါနဲ့ ... ၊ မင်းရဲ့ နာမည်ကို ငါ သိလို့ ရမလား။ ”
“ ငါ့ ... မျိုးရိုးက လော၊ အမည်က ဟွာ .. ။ ”
လောဟွာ။ ထိုအမည်မှာ အနည်းငယ် ထူးဆန်း နေ၏။ သို့သော် ယင်းကို အာရုံ မစိုက် တော့ဘဲ၊
“ တကယ်တော့ ... ငါ့မှာ၊ ပန်း တွေနဲ့ သက်ဆိုင်တဲ့ တခြား နာမည် တစ်ခု ရှိသေး တယ်။ ”
-ဟု ဆိုလိုက် သည်။
ယင်းမှာ သူ့ဘွဲ့ အမည်ကို၊ ရည်ညွှန်း လိုက်ခြင်း ဖြစ်ပြီး၊ ထို့ထက် ပို၍ မပြော လိုသေး သောကြောင့် ပြုံးလျက်၊ နှုတ်ဆက် လိုက်မိ လေသည်။
“ ငါ ... ပြန် လာ ခဲ့ မယ်။ ”
( ပန်းသင်္ချိုင်း။ )
ထိုအမည်သည် ကောင်းကင် လမ်း၌ သွေးစွန်းခဲ့ ပေ၏။ မိစ္ဆာ ဓားသမား အဖြစ်ပင်၊ ခေါ်ဝေါ် သမုတ်ခြင်း၊ ခံခဲ့ ရဖူးသည်။
ထို့ကြောင့် မလို အပ်ဘဲ၊ လောဟွာကို မသိစေ လိုခြင်း ဖြစ်သည်။ ဤသည်မှာ သူ၏ အခြား တဘက် ဖြစ်လေပြီ။
***