← Chapters

ငွေ လရောင်။

Vol. 80 Ch. 1117

ငွေ လရောင်။

Vol. 80 Ch. 1117

ဂိုဏ်းမှ မထွက် ခွာမီ၊ လင်းယွန် တစ်ယောက် ကြိုတင် ပြင်ဆင် မှုများ၊ ပြုလုပ် နေမိသည်။

ခွန်လွန်ဘုံ ပြက္ခဒိန် အရ၊ သက္ကရာဇ် (၃၃၀၁) ခုနှစ်၊ နောက်ဆုံး သတင်း တပါတ် အတွင်း၊ သူ့ ခရီးကို စတင် ခဲ့သည်။

“ ဝှစ် ... ။ ”

တိမ်မြူ များဖြင့် ဖုံးလွှမ်း နေသော လူသူ ကင်းရှင်း လှသည့်၊ ကျွန်းကြီး တစ်ကျွန်း ပေါ်သို့ ပုံရိပ် တစ်ရိပ် ဆင်းသက် လာ၏။

ဤသည်မှာ လင်းယွန် ဖြစ်ပြီး၊ လျှပ်စီး တိမ်လွှာ ဂိုဏ်းမှ၊ ထွက်ခွာ လာသည်မှာ၊ တစ်လ ကျော်ကြာ နေပြီ ဖြစ်သည်။

အမည် စာရင်း ထဲရှိ၊ သတ်ရန် လွယ်ကူသူ အားလုံးကို ဦးစွာ ဖြေရှင်း ပြီးနောက်၊ ဤကျွန်း ပေါ်ရှိ မြေအောက် နန်းတော် တစ်ခုအား ရှာဖွေရန်၊ ရောက်ရှိ လာခြင်း ပေပင်။

ထိုချိန်တွင် အနက်ရောင် ဝတ် လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ဦးသည်၊ ကခုန် နေသော အမျိုးသမီး များအား၊ ပြုံးလျက် ကြည့်နေသည်။

လက်ထဲရှိ ဝိုင်ခွက်အား၊ သူ တက်ထိုင် ထားသည့်၊ အနက်ရောင် ပလ္လင်ကြီး ပေါ်သို့ ညင်သာစွာ ချ လိုက်သည်။

သူ့အနား တစ်ဖက် တစ်ချက် စီတွင်၊ အထွတ် အထိပ် သတ္တမ ကောင်းကင် ဝိညာဉ် ကျွမ်းကျင်သူ (၁၀) ဦး ရှိ၏။

အသွင် အပြင် အရ၊ အင်ပါ ရီယန် နယ်ပယ်သို့ ရောက်ရန်၊ ခြေ တစ်လှမ်း မျှသာ လို ပေသည်။

ခွန်လွန် ဘုံရှိ လူတိုင်းမှာ၊ ရှှန်ရှင်း နယ်ပယ်ဖြင့် မွေးဖွား လာကာ၊ အရည် အချင်း အနည်းငယ် ရှိရုံ မျှနှင့်၊ (၁၅) နှစ် မတိုင်မီ ကောင်းကင် ဝိညာဉ်သို့ ရောက်ရှိ နိုင်၏။

သို့သော် အင်ပါ ရီယန် နယ်ပယ် မှာမူ၊ လူများ၏ (၉၀%) ကျော်အား ပိတ်ဆို့ စေသော နယ်ပယ် ဖြစ်လာ ခဲ့သည်။

ဥပမာ အားဖြင့် သူ၏ လျှပ်စီး တိမ်လွှာ ဂိုဏ်းတွင်၊ တပည့်ပေါင်း လူသန်း နှင့်ချီ ရှိနေကြ သော်လည်း၊ အမာခံ တပည့် (၅၀၀)ပင် မပြည့် ချင်ချေ။

ဤအရာ တစ်ခုတည်း မှပင်၊ သာမန် လူငယ်များ အတွက်၊ အင်ပါ ရီယန် နယ်ပယ်ဟူ သည်မှာ၊ ရောက်ရန် မည်မျှ ခက်ခဲ မည်ကို တွေးကြည့် နိုင်၏။

ပလ္လင် ပေါ်ရှိ အမျိုးသား၏၊ အသက် အရွယ်မှာ၊ (၅၀) ကျော် နေပြီ ဖြစ်ကာ၊ အထွတ် အထိပ် ကြယ် အဆင့်၌ ဖြစ်လေသည်။

ဆိုလို သည်မှာ တိမ်လွှာ ဂိုဏ်း၏ အမာခံ တပည့် များထက်၊ များစွာ သန်မာနေ သည်ဟု အဓိပ္ပါယ် ရလေသည်။

၎င်း အမည်မှာ ဟွမ်ယောင် ဖြစ်ပြီး၊ အပြာရောင် စံအိမ် နယ်မြေ၌၊ နာမည် ဆိုးဖြင့် ကျော်ကြားသူ တစ်ဦး ဖြစ်ချေ၏။

ဂိုဏ်းကြီး လေးဂိုဏ်းမှ၊ အမာခံ တပည့် များကို အကြိမ်ကြိမ် စေလွှတ်ကာ၊ ထိုသူ့အား သတ်ရန် ကြိုးစား သော်လည်း၊ မအောင်မြင် ခဲ့ချေ။

ဟွမ်ယောင်က ဝိုင်ခွက်အား ဇိမ်ခံ သောက်ကာ၊ ကခုန် နေသော အမျိုးသမီး များကို၊ စိတ်အေး လက်အေး ကြည့်ရှု နေသည်။

“ အစ်ကိုကြီး ... ၊ ငါတို့ ဘယ်တော့ အပြင်ထွက် မှာလဲ၊ ပန်းသင်္ချိုင်းကို ဒီလောက် အထိ၊ ကြောက်နေ စရာ မလိုဖူး ထင်တယ်။ ”

အင်ပါ ရီယန် တစ်ပိုင်း (၁၀) ဦး ထဲမှ တစ်ဦးက စိတ်ပျက် လက်ပျက်နှင့် ဆိုသည်။ ဟွမ်ယောင်မှာ ဝိုင်ခွက်အား ပြန်ချလျက်၊ သူ့ကို လျစ်လျူရှု ၏။

ပြီးခဲ့သော လတွင်၊ အပြာရောင် စံအိမ် နယ်မြေ၌ ပန်းသင်္ချိုင်း ဟူသော သားသတ် သမား တစ်ဦး ပေါ်လာ ခဲ့သည်။

မိစ္ဆာ ကျင့်ကြံသူ အများ အပြားကို လိုက်လံ သတ်ဖြတ် နေသဖြင့်၊ ဟွမ်ယောင်အား စိတ် မသက် မသာ၊ ဖြစ်လာ စေသည်။

ထို့အပြင် အသတ်ခံ ရသူ အားလုံးမှာ၊ တိမ်လွှာ ဂိုဏ်းနှင့် ရန်ငြိုး ရှိသူများ ဖြစ်နေ သည်။

ယင်းက တိမ်လွှာ ဂိုဏ်းသား များကို သတ်ဖူးသော သူ့ အတွက်၊ သတိဝင် လာစေ ၏။

ထို့ကြောင့် ရုန်းရင်း ဆန်ခတ် မှုများ၊ ငြိမ်သက် သွားသည် အထိ၊ ပုန်းကွယ် လို လေသည်။

ပန်းသင်္ချိုင်း အနေဖြင့်၊ မိစ္ဆာ လမ်းစဉ်၊ ကျင့်ကြံသူ အားလုံးကို၊ လိုက်လံ သတ်ဖြတ်ရန် မဖြစ် နိုင်ချေ။ သူသည်လည်း ကျင့်ကြံ ရပေ ဦးမည်။

“ ဟေး ... နံပါတ် ခုနစ်၊ ဘာတွေ ဖြစ်နေ တာလဲ၊ ဒီနေရာက နေရတာ ကောင်းပါတယ်၊ ဝိညာဉ် ရေကန် တစ်ကန် အပြင်၊ မိန်းမ တွေလည်း ရှိတယ်။ ”

အခြား မိစ္ဆာ လမ်းစဉ် ကျင့်ကြံသူ တစ်ဦးက၊ ကခုန် နေသော အမျိုးသမီး များကို စိုက်ကြည့် လျက်မှ၊ ဝင်ပြော လာသည်။

“ ဒါပေမယ့် ... ပန်းသင်္ချိုင်းက ငါတို့ကို ရှာတွေ့ သွားမှာကို ငါ ကြောက်တယ်။ ”

နောက်ထပ် လူ တစ်ဦးမှ တွေးဆ ဆဖြင့်၊ ဆို၏။ ထိုလူ စကားကြောင့်၊ ဟွမ်ယောင်က ဝိုင် ခွက်အား စောင့်ချ လိုက်ပြီး၊

“ လာ ဝံ့ရင် ... ၊ ပြန်လမ်း မရှိ စေရဘူး၊ ငါ သူ့ကို ကြောက်လို့ ပုန်းနေတယ် လို့များ၊ မင်းက ထင်နေလား၊ မလိုလား အပ်တဲ့ ဒုက္ခ တွေကို၊ ရှောင်ရှားချင် လို့ပဲ။ ”

ဤမြေအောက် နန်းတော်တွင်၊ ဝိညာဉ် ရေးရာ၊ အစီရင် အလွှာ (၇)ထပ်ကို ခင်းကျင်း ထားသည်။

အပြာရောင် စံအိမ်၌၊ နှစ်ပေါင်း များစွာ ကျင်လည် ကျက်စား နေသူ တစ်ဦး အနေဖြင့်၊ ရှင်သန်ရန် လမ်းနည်း များစွာ ရှိပေသည်။

နက္ခတ် အဆင့်တွင် မရှိ ပါက၊ နန်းတော် အတွင်းသို့၊ မည်သူမျှ ဝင်ရောက်လာ နိုင်မည် မဟုတ် ချေ။

“ အစ်ကိုကြီး ... ၊ ဝိညာဉ် ရေးရာ ရေကန် ထဲမှာ ရှိတဲ့၊ ငရဲ မီးလျှံ ရွှေကြာ ပန်းက အရွယ် ရောက်လာ ပါပြီ။ ”

အဝါရောင် ဝတ်ထားသော အစေခံ တစ်ဦးက၊ သေတ္တာ တစ်လုံးကို ကိုင်ဆောင် လျက်၊ ခန်းမထဲ ဝင်ရောက် လာသည်။

ထိုအစေခံ စကားကြောင့် အင်ပါ ရီယန် တစ်ပိုင်း များ၏ မျက်ဝန်း များတွင်၊ လောဘ ရောင်များ ဖြာထွက် လာတော့သည်။

ဟွမ်ယောင် နောက်သို့၊ လိုက်ပါ နေခဲ့ သည်မှာ၊ အထက်ပါ အကြောင်း ရင်းကြောင့် ဖြစ် လေပြီ။

ငရဲ မီးတောက် ရွှေကြာ ပန်းမှ အရွက် တစ်ရွက်အား ရရှိ ရုံဖြင့်၊ အင်ပါ ရီယန် နယ်ပယ် သို့၊ ဝင်ရောက် နိုင်ပေမည်။

“ ထွက် သွား စမ်း ... ။ ”

ကခုန် နေသော အမျိုး သမီး အားလုံးကို မောင်းထုတ်ပြီး၊ ဟွမ်ယောင်က သေတ္တာအား လှမ်းယူ သည်။

“ ဝှစ် ... ။ ”

ရိပ်ခနဲ လှုပ်ရှား သွားသော၊ ရွေ့လျားမှု အပေါ် အခြေ ခံကာ၊ သာမာန် အမာခံ တပည့် များမှာ၊ သူ့ ပြိုင်ဘက် မဟုတ်ကြောင်း သိသာ စေသည်။

ထို့ကြောင့် တိမ်လွှာ ဓားဂိုဏ်းမှ၊ အမာခံ တပည့် (၄) ဦးကို သတ်ပစ် ဝံ့သည် အထိ၊ ရဲရင့် လာခြင်း ဖြစ်၏။

ဟွမ်ယောင်က သေတ္တာကို လှမ်းယူကာ၊ ပြုံးလျက်၊ ပလ္လင်ပေါ် ပြန်၍ ရွေ့လျား သွားလေ သည်။

“ ဟား ဟား ဟား ... ၊ ဒီကြာပန်းတွေ အရွယ်ရောက် လာဖို့၊ နှစ် အတော်ကြာ စောင့်ခဲ့ ရတယ်၊ ကြာပန်း ဝတ်ဆံကို သန့်စင် နိုင်ရင်၊ ကြယ်စင်စု နယ်ပယ်ကို၊ ငါ တက်လှမ်း နိုင်ပြီ။ ”

“ ဂုဏ်ယူ ပါတယ် အစ်ကိုကြီး ... ။ ”

“ ဒီရတနာနဲ့ ... ၊ သုံးနှစ် အတွင်းမှာ အစ်ကိုကြီးက အောင်မြင် မှုတွေ ထပ်ပြီး၊ ရယူ နိုင်ဦး မှာပါ။ ”

“ အမှန် ပါပဲ၊ ဒီကြာပန်း ဝတ်ဆံမှာ ... ၊ နတ်မိစ္ဆာ သွေးသား ပါတဲ့ အတွက်၊ မျိုးကွဲလို့ သတ်မှတ် နိုင်တယ်၊ နက္ခတ် အဆင့် မပြောနဲ့၊ ပင်မ နတ်ဘုရား နယ်မြေ ကိုတောင် တက်နိုင် လိမ့်မယ်။ ”

အင်ပါ ရီယန် တစ်ပိုင်းများ အားလုံးက တစ်ယောက် တစ်ပေါက်၊ မြှောက်ပင့် ပြောဆို လိုက်ကြသည်။

ဟွမ်ယောင်မှာ စိတ် ခံစားချက် များကို ကောင်းစွာ ထိန်းချုပ် နိုင်သူ ဖြစ်သော်လည်း၊ လက်ရှိ အချိန်၌ ထိုအရည် အချင်းအား၊ ဆုံးရှုံး သွားပြီ ဖြစ်သည်။

ဤကြာပန်းသည် အမှန်ပင် အမျိုးကွဲ ဖြစ်ခေျ၏။ သို့သော် ၎င်း အာနိသင်ဖြင့် ပင်မ နတ်ဘုရား နယ်ပယ် အထိ၊ ရောက်ရန် မလုံ လောက်ချေ။

ယင်းက အပြာရောင် စံအိမ် ၌ပင်၊ ရှားပါးသော တန်ခိုးရှင် အဆင့် ဖြစ်နေဆဲ ဖြစ်သည်။ နက္ခတ် နယ်ပယ်သို့ ရောက်နိုင် လျှင်ပင်၊ ကျေနပ် စရာ ဖြစ်၏။

မြေခွေအို ကြီးများမှ လွဲ၍၊ မည်သို့သော အမာခံ တပည့်မျှ သူ့အား ကိုင်တွယ် ဖြေရှင်း နိုင်မည် မဟုတ်ချေ။

“ ဒီရွှေ ကြာပန်းမှာ ... ပွင့်ချပ် တစ်ဆယ့် သုံးချပ် ပါတာမို့၊ မင်းတို့ တစ်ယောက်ချင်း စီကို ငါပေး နိုင် ပါတယ်။ ”

ဟွမ်ဟောင်က ပြုံးလျက် ပြောသည်။

“ ကျေးဇူး တင်ပါတယ် အစ်ကိုကြီး။ ”

“ အစ်ကို ကြီးသာ ငါတို့ကို မီးပင်လယ် ဖြတ်စေ ချင်ရင်၊ မျက်တောင် တစ်ချက် မခတ်ပဲ ဖြတ်ပါ့မယ်။ ”

ဟွမ်ယောင်၏ သဘောထား ကြီးမြတ် မှုကြောင့်၊ လူတိုင်း၏ မျက်လုံးများ တောက်ပ လာတော့သည်။

ဟွမ်ယောင် အတွက်မူ၊ ထိုသူ များ၏ စကားကို လျစ်လျူရှုကာ၊ စိတ်ထဲမှ လှောင်ရယ် ရယ်လိုက် မိသည်။ သူတို့ လောက၌ သစ္စာ တရား ဟူသည် မရှိချေ။

နောက်ကျောမှ ဓားဖြင့် ထိုးခြင်းသည် သာမန် ဖြစ်ရပ်များ ပေပင်။ ထို့ကြောင့် သန်မာ နေသ၍၊ ယင်းအား စိုးရိမ် နေစရာ မလိုချေ။

“ ဒီရွှေကြာပန်းက နတ်မိစ္ဆာ သေွးသား ပါနေတာလား၊ စိတ်ဝင်စား စရာပဲ … ၊ ငါလည်း သူ့ကို လိုချင်တယ်။ ”

သူတို့ လူအုပ် အတွေး များဖြင့်၊ ပျော်မြူး နေစဉ်၊ ကြည်လင် ပြတ်သားသော အသံ တစ်သံ ရုတ်တရက် ထွက်ပေါ် လာသည်။

ယင်းက လူအုပ်အား တိတ်ဆိတ် သွားစေ တော့၏။ အထူး သဖြင့် ဟွမ်ယောင် ဖြစ်သည်။ ရွှေကြာပန်းအား အသာ ချကာ၊ အေးစက် အသွင်ဖြင့်၊ မော့ကြည့် လိုက်သည်။

“ မင်း ဒီကို ရောက် လာမှတော့ ဘာလို့ ငါ့ကို လာမတွေ့ တာလဲ၊ ဆက်ပြီး ပုန်းအောင်း မနေ ပါနဲ့။ ”

တစ်ဖက် လူမှာ နန်းတော် အတွင်း ဝင်လာရန်၊ သတ္တိရှိ နေသ၍၊ သူ၌ ထွက်ပြေး စရာ အကြောင်း မရှိချေ။

နန်းတော်ရှိ အစီရင် များမှာ၊ နတ်ကြယ် ပုလဲ များဖြင့် ခင်းကျင်း ထားပြီး၊ လပေါင်း များစွာ အချိန် ပေးခဲ့ ရသည်။

သို့သော် တစ်ဖက် လူမှာ ထွက်မလာ သေးဘဲ၊ ပလွေသံ ဖြင့်သာ တုန့်ပြန် လေသည်။ ပလွေသံက စစ်မြေပြင်၌ မြင်းများ ပြေးလွှား နေသည့် ခွာသံများ အလား၊ ခံစားရ စေ၏။

“ ဝုန်း ... ။ ”

ထို့နောက် နတ်ကြယ် ပုလဲများ ကွဲအက် ကုန်ကာ၊ နံရံရှိ ရူရ်ပေါင်း များစွာ ဆက်တိုက် ပေါက်ကွဲ လာတော့သည်။

ချက်ခြင်းပင် အစီရင် ပျက်သွား၏။ မှိန်ဖျော့ဖျော့ မီးတိုင် အနည်းငယ် သည်သာ၊ နန်းတော် အတွင်း ကျန်ရစ် ခဲ့သည်။

ဤသည်မှာ သူတို့အား သတ်ရန်၊ ရောက်ရှိ လာသော ပန်းသင်္ချိုင်း ဖြစ်မှန်း၊ လူတိုင်း တွေးမိ သွားသည်။

ပန်းသင်္ချိုင်းသည် ဆွတ်ဆွတ်ဖြူ နေသော ငွေရောင် ဆံပင် များအား၊ မျက်နှာ တစ်ခြမ်းကို ဖုံးအုပ် စေလျက်၊ မျက်နှာဖုံး တစ်ခု တပ်ဆင် ထားသည်။

ငွေရောင် ဝတ်ရုံ ရှည်ကြီးအား ဝတ်ဆင်လျက်၊ ပုလွေ တစ်ချောင်းနှင့် ဓား တစ်လက် တို့ပါ ရှှိ၏။

ငွေရောင် အလင်းတန်း များက သူ့ထံမှ ဖြာကျ နေပြီး၊ နန်းတော် တစ်ခုလုံး တောက်ပ သွားစေသည်။

၎င်းနောက် ကျောရှိ ငွေရောင် ဓား သေတ္တာကြောင့်၊ ဟွမ်ယောင်က မျက်မှောင် ကြုတ် လိုက်မိ၏။

ဤသို့သော ငွေရာင် ဓားသေတ္တာကို၊ ပထမဆုံး အကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ ၎င်းက ပလွေ ကိုင်ပြီး၊ ရပ်နေ ရုံနှင့် ဖိအားများ ခံစား လာရသည်။

“ သူ့ကို သတ် ... ။ ”

အော်ဟစ် အမိန့်ပေး လိုက် သော်လည်း၊ မည်သူမျှ လှုပ်ရှားရန် စိတ်ကူး မရှိ သည်ကို၊ မြင်လိုက် ရသောကြောင့်၊ ဟွမ်ယောင် ခမျာ မျက်နှာ ပျက်ယွင်း သွားသည်။

“ မင်းတို့ မသေ ချင်ရင်၊ ထွက်သွား ... ။ ”

ပန်းသင်္ချိုင်းက အေးစက်စွာ စကားဆို လာသည်။

“ ကျေးဇူး တင်ပါတယ်၊ ပန်းသင်္ချိုင်း။ ”

မီး ပင်လယ်ကို ဖြတ်မည့်၊ ဟွမ်ယောင်၏ လက်ပါး စေများ အားလုံး၊ လှည့် မကြည့်တမ်း ထွက်ပြေး ကုန်ကြသည်။ ထို့ကြောင့် သူနှင့် ပန်းသင်္ချိုင်း သည်သာ ကျန်ရစ် ခဲ့၏။

“ မင်းနဲ့ ငါ့မှာ ... ၊ ဘာ ရန်ငြိုးမှ မရှိဘူး၊ မင်းသာ ငါ့ကို သွားခွင့် ပြုရင် ... ၊ ဒီရွှေ ကြာပန်း ပေးနိုင် ပါတယ်။ ”

ဟွမ်ယောင်မှ မျှော်လင့်ချက် အပြည့်နှင့် ညှိနှိုင်းရန် ကြိုးစား လာသည်။

“ ငါတို့ ကြားမှာ ... ၊ တကယ် ရန်ငြိုး မရှိ ဖူးလို့၊ မင်း ထင်နေ တာလား။ ”

လင်းယွန်က စိုက်ကြည့် လျက်မှ၊ အေးစက်စွာ ပြန်၍ မေးခွန်းထုတ် လိုက်သည်။ တိမ်လွှာ ဂိုဏ်း၏ အမာခံ တပည့် (၄) ဦးကို သတ် ပြီးနောက်၊ ရန်ငြိုး မရှိဟု ဆိုဝံ့ ချေပြီ။

ဂိုဏ်းမှ ဤလူအား ကလဲ့စား ချေရန်၊ အကြိမ်ကြိမ် ကြိုးစားခဲ့ သော်လည်း၊ ရှာမတွေ့ ခဲ့ချေ။

ထို့ကြောင့် ဂိုဏ်းချုပ်မှ လင်းယွန်အား သာမန် တပည့်များ မလုပ် နိုင်သော၊ ငါးကြီးကြီး များကို ကိုင်တွယ်ရန်၊ စေလွှတ်ခြင်း ဖြစ်သည်။

“ ဒါဆို ... မင်းက တကယ်ပဲ တိမ်လွှာ ဂိုဏ်းက လာတာပေါ့။ ”

တစ်ဖက် လူ၏ အသံမှာ၊ ငယ်ရွယ် လွန်းသဖြင့်၊ ဟွမ်ယောင် ခမျာ ပို၍ သက်တောင့် သက်သာ ရှိလာ ခဲ့သည်။

ပင်မ နတ်ဘုရား မဟုတ် သ၍၊ ကြောက်ရွံ့ နေစရာ မရှိချေ။ ဆန္ဒ ရှိပါက အလွယ် တကူ ထွက်ပြေး နိုင်မည်။

သို့သော် ဤပန်းသင်္ချိုင်းမှာ၊ ကောင်းကင် ဝိညာဉ် နယ်ပယ် ၌သာ ရှိသဖြင့်၊ ထွက်ပြေးနေ စရာ၊ မလို တော့ချေ။

“ ဟိတ် ... ။ ”

အင်ပါ ရီယန် အရှိန် အဝါ ဖိအားကို ထုတ်လွှတ်ပြီး၊ လင်းယွန်အား ဦးစွာ တိုက်ခိုက် မိသည်။

ထိုစဉ် လင်းယွန်မှာ ပလွေအား စတင် တီးမှုတ် နေပြီ ဖြစ်၏။ တေးသွား ထွက်ပေါ် လာ သည်နှင့်၊ ဟွမ်ယောင် တစ်ယောက် သိသိ သာသာ နှေးကွေး သွားသည်။

“ ဟိတ် ... ။ ”

ရုတ်တရက် ဓား တစ်လက်မှ သူ့အား ဟန့်တားလာ သဖြင့် မာန်သွင်းလျက်၊ အရှိန်ကို ဟွမ်ယောင်မှ မြှင့်တင် လိုက်ရသည်။

တစ်ချိန်တည်း မှာပင်၊ လင်းယွန် သည်လည်း၊ ပလွေအား မိုးခြိမ်း သံများ အဖြစ် ပြောင်းလဲ လိုက်သည်။ ယင်းမှာ မိုးကြိုး လက်ခုပ်သံ ငါးပါး ဖြစ်၏။

အသံ လှိုင်းက အရေပြားကို ထိုးခွဲသွား သဖြင့်၊ ဟွမ်ယောင် တစ်ယောက် သွေးချင်းချင်း ရဲလာသည်။

လင်းယွန်နှင့် ခြေ တစ်လှမ်း အကွာ အကွာသို့ ရောက်သည့် အချိန်၌၊ နှလုံးသား ထဲရှိ ဒေါသ များအား၊ လက်သီး အတွင်း ပေါင်းစပ်ကာ၊

“ သေ လိုက် စမ်း ... ။ ”

-ဟု ငေါက်ပစ် လိုက်သည်။

သို့သော် ငွေရောင် ဓား အလင်းများ ကောင်းကင်မှ ကျလာပြီး သူ့ခန္ဓာ ကြီးအား၊ ထက်ခြမ်း ခြမ်း ချသွားသည်။

သည့်နောက် ပန်းသင်္ချိုင်း ထံမှ စုပ်ယူ စွမ်းအား တစ်ခု ထွက်ပေါ် လာကာ၊ ရွှေကြာပန်း သေတ္တာအား ဆွဲယူသွား တော့သည်။

***

All Chapters