ဧကရီ၏ စွမ်းရည် သုံးရပ်။
Vol. 80 Ch. 1118
နန်းတော် အတွင်းမှ ထွက်ပြေး လာသော အင်ပါရီယန် တစ်ပိုင်း တို့မှာ အနည်းငယ် မျှပင် တုန့်ဆိုင်း ရဲခြင်း မရှိချေ။
“ ဝှစ် ... ။ ”
ထို့စဉ် အနောက် ဆီမှ ဝတ်ရုံစ လေတိုးသံ များကို ကြားလိုက် ရသဖြင့်၊ ဇဝေ ဇဝါ ဖြစ်ကုန် ကြ၏။
တိုက်ပွဲမှာ ဤမျှ မြန်ဆန် သွားစရာ အကြောင်း မရှိချေ။ အင်ပါရီယန် နယ်ပယ်တွင် ကြယ်အဆင့်၊ ကြယ်စင်စု အဆင့်နှင့်၊ နက္ခတ် အဆင့် ဟူ၍ ရှိရာ၊ ဟွမ်ယောင်သည် ကြယ် အဆင့်၊ အထွတ် အထိပ်၌ ဖြစ်သည်။
ထို့ပြင် ခင်းကျင်း ထားသော၊ အစီရင် များအရ၊ ကြယ်စင်စု နယ်ပယ် ကျွမ်းကျင်သူ များပင်လျှင်၊ ဤနန်းတော် အတွင်း၌ သူ့အား ရင်ဆိုင်ရ ခက်ပေ လိမ့်မည်။
သူတို့ အနေဖြင့်၊ ဟွမ်ယောင်အား သစ္စာဖောက် မိပြီ ဖြစ်ရာ၊ ချက်ချင်း ထိတ်လန့် လာသည်။
ဟွမ်ယောင် သည်သာ ပန်း သင်္ချိုင်းကို သတ်နိုင်ခဲ့ ပါက၊ သူတ၏ လုပ်ရပ် အတွက် ပြဿနာ ရှိလာ နိုင်ပေမည်။
အဆိုပါ ဖြစ်နိုင် ချေကို တွေးမိလာ ပြီးနောက်၊ လူတိုင်း ချက်ချင်း ဒူးထောက် လိုက်သည်။
“ ဝူး ... ။ ”
သည့်စဉ် လေပြေ တစ်ချက် တိုက်ခတ် သွားကာ၊ ငွေရောင် အရိပ် တစ်ရိပ် ပျံသန်းလာ သဖြင့်၊ စကား တစ်ခွန်းမျှ မဆို ဝံ့ ကြဘဲ၊ ထိုအရိပ် ရှင်အား ခိုးကြည့် လိုက်မိ၏။
ဤအရိပ် ရှင်မှာ ပန်းသင်္ချိုင်း ဖြစ်၏။ ယင်းက ဟွမ်ယောင် သေဆုံးသွား ပြီဟု အဓိပ္ပါယ် သက်ရောက် လေသည်။
ယင်းက အနည်းငယ် လွန်လွန်း ပေသည်။ အသက် တရှိုက်စာ အတွင်း၊ ဟွမ်ယောင် ကဲ့သို့ လူအား သတ်နိုင် သည်မှာ၊ ယုံနိုင်စရာ မရှိချေ။
“ သူ ... အရမ်း မြန်တယ်။ ”
“ ငါ ဒီမှာ ဆက် မနေနိုင် တော့ဘူး၊ မြန်မြန် သွား ရ အောင်။ ”
လူတိုင်း ဒူးထောက် နေရာမှ ကုန်းထပြီး၊ ဖြူဖျော့ နေသော မျက်နှာ များဖြင့်၊ နန်းတော် အပြင်သို့ ဆက်၍ ပြေးလွှား ကုန်သည်။
များ မကြာခင် မှာပင်၊ ကချေသည် များသည်လည်း၊ ၎င်းတို့ နောက်မှ လိုက်ပါ လာ၏။
မြေအောက် နန်းတော်မှ လွတ်သည်နှင့် ကောင်းကင်အား မော့ကြည့်ကာ၊ အရပ် မျက်နှာ အသီး သီးသို့၊ ဆက်၍ ပြေးလွှား လိုက် ကြသည်။
လေးနာရီ ကုန်လွန် ပြီးနောက်၊ နေဝင် သွားပြီ ဖြစ်ရာ၊ လင်းယွန် တစ်ယောက် ကျွန်း တစ်ကျွန်း ပေါ်သို့၊ ဆင်းသက် လိုက်၏။
သည့်နောက် မီးပုံ တစ်ပုံ ဖိုရန် ပြင်ဆင် မိသည်။ ခရမ်းငယ်နှင့် နဂါးလေးက သူလုပ် သမျှကို ကြည့်ရှု နေ၏။
“ မိန်းကလေး လော ... ပြောတာ မှန်တာပဲ။ ”
မီးပုံ ဘေးတွင် အနားယူ လျက်မှ၊ မျက်နှာ ဖုံးကို ချွတ်လိုက်ကာ၊ သူ့လက်ထဲရှိ ဝါးပုလွေထံ၊ တစ်ချက် ကြည့်လိုက် မိသည်။
“ ပလွေ သုံးပြီး ... ငါ့ရဲ့ တိုက်ပွဲဝင် စွမ်းအားကို၊ အဆုံး စွန်ထိ တွန်းထုတ် နိုင်တယ်၊ မယုံ နိုင်စရာ ပါပဲ။ ”
ဂီတတွင် အသုံး ပြုသည့် တေးသွား ရည်ရွယ်ချက် အားကောင်း လေလေ၊ ဓား ရည်ရွယ်ချက် အားကောင်းလေ ဖြစ်သည်။
ဓားဖြင့်သာ ဆိုသော်၊ ဟွမ်ယောင် ဆိုသူအား ဤသို့ အလွယ် တကူ သတ်နိုင်မည် မဟုတ်ချေ။ လွန်ခဲ့သည့် တစ်လ လုံးလုံး အန္တရာယ် ရှိသော အခြေ အနေနှင့်၊ အကြိမ်ကြိမ် ကြုံခဲ့ ရသည်။
ပြိုင်ဘက်မှာ ဂီတ ရည်ရွယ်ချက်ကို မဖြတ်ကျော် နိုင်ခဲ့ သဖြင့်၊ အနိုင် နှင့်သာ ပွဲသိမ်း ထားသည်။
သို့သော် ပြိုင်ဘက်တွင်၊ ဂီတကို ခုခံ နိုင်သော ရတနာများ ရှိ-မရှိ ကိုမူ၊ အထူး သတိ ထားခဲ့ ရလေသည်။
“ ဟမ့် ... ၊ ငါက ... နင့်ကို သင်ပေး ခဲ့တဲ့ လူဆိုတာ သတိ ရပါ၊ ဘာကိစ္စ အဲဒီ မိန်းမကို ကျေးဇူးတင် နေရ တာလဲ၊ ...
... နန်းတော်ရဲ့ အစီရင် တွေကို ဖျက်နိုင်အောင် သူက လာကူညီ ပေးလို့လား၊ ငါပဲ ကူညီပေး ခဲ့တာ မဟုတ်လား။ ”
ခရမ်းငယ်က မကျေ မနပ်ဖြင့် အော်ဟစ် လာသည်။
“ အိုး ... ဟုတ်ပါတယ်၊ ငါတို့ရဲ့ ခရမ်းငယ် ကိုသာ၊ တကယ် ကျေးဇူးတင် ရမှာပါ။ ”
“ လင်း ယွန် ...၊ ငါ တကယ် စိတ်ဆိုး လာပြီနော်၊ နင်နဲ့ စကား မပြော တော့ဘူး။ ”
“ တကယ်လား ... ၊ ဒါကိုတောင် မလို ချင်တော့ ဖူးပေါ့ ဟုတ်လား။ ”
လင်းယွန်က သူ့ လက်ထဲရှိ ရွှေေကြာပန်း သေတ္တာအား လှုပ်ခါ ကစား ပြပြီး မေးလိုက် သည်။
“ အဲဒါ ... ငါပိုင်တယ်။ ”
ခရမ်းငယ်က ကြောင် တစ်ကောင် ကဲ့သို့ ခုန်လျက် လှမ်းယူသည်။ သို့သော် လင်းယွန်မှ ပြုံးကာ သေတ္တာအား ပြန်ဆွဲ ယူသွား သဖြင့်၊ လေကိုသာ ဖမ်းဆုပ် မိသွား၏။
ထို့ကြောင့် နှုတ်ခမ်း ဆူလျက်၊ အဝတ် အစားကို သပ်ရပ်အောင် ပြန်လည် ပြင်ယူစဉ်၊ လင်းယွန်မှ ပြုံးပြီး၊ သေတ္တာအား ကမ်းပေး လာတော့သည်။
ဤတစ်ကြိမ်၌ လွယ်လွယ် ကူကူပင် လှမ်းယူကာ၊ ဖွင့်ကြည့် လိုက်သည်။ သေတ္တာ အတွင်း၌၊ အနီရောင် တောက်ပ နေသော ကြာပန်း တစ်ပွင့် ရှိ၏။
နတ်မိစ္ဆာ သွေးသား စွမ်းအင် ပါရှိ သောကြောင့်၊ ကြာပန်းမှာ မြင့်မြတ်သော ရောင်ဝါကို ထုတ်လွှတ် လာသည်။
၎င်းသည် အစွမ်းထက် လှသဖြင့်၊ ဟွမ်ယောင်ကို ကြယ်စင်စု နယ်ပယ် အထိ ရောက်အောင်၊ စွမ်းဆောင် ပေးနိုင်မည်။
သို့သော် ဤငရဲ မီးလျှံ ရွှေကြာ ပန်းမှာ၊ အရွက် ကိုးရွက် သူတော်စင် သစ်သီးအား လုံးဝ မယှဉ် နိုင်ချေ။
သေတ္တာကို ပြန်ပိတ် လိုက်ပြီး၊
“ မဆိုး ပါဘူး၊ အတိတ် တုန်းက၊ နေ့တိုင်း ကောင်းကင် အဆင့် ဆေးပင် ဆယ်ပင် အထိ၊ ငါ စားဖူးတယ်၊ ဒီကြာပန်းက အဲ့ဒီ ဆေးပင် တွေကို မမီ ပေမယ့်၊ အနည်း ဆုံးတော့ သွေးသား စွမ်းအင် ပါသေး ပါတယ်။ ”
-ဟု ခရမ်းငယ်မှ ရေရွတ် လေသည်။
ယင်းမှာ နတ်ဘုရား သားရဲ၏ သွေးသား စွမ်းအင် ဖြစ်သဖြင့်၊ သူ့ထံမှ လုယူ သွားမည်ကို စိုးရွံ့နေ သကဲ့သို့၊ သေတ္တာအား တင်းကြပ်စွာ ပိုက်ထား လိုက် တော့၏။
လင်းယွန်က ပြုံးလိုက်ပြီး၊
“ ဒီမှာ ခဏ နေဦး ... ဘယ်မှ လျှောက် မသွားနဲ့ ... ။ ”
-ဟု ဆိုလျက် တောထဲ ဝင်လာ ခဲ့သည်။
များမကြာခင် နတ်ဆိုး သားရဲ အချို့ ဆွဲလျက် ပြန်ရောက် လာ၏။ အသားကင် တော့ မည်ကို သိသဖြင့်၊ နဂါးလေး၏ မျက်လုံးများ တောက်ပ သွားသည်။
ယခင်က လင်းယွန် လက်ရာအား မြည်းစမ်းခဲ့ ဖူး သောကြောင့်၊ မည်မျှ အရသာ ရှိ မည်ကို သူ သိ၏။
“ ခရမ်းငယ် ထင်း သွား ကောက် ... ။ ”
ဓားမြှောင်ကို ထုတ်ယူ လိုက်ပြီး၊ နတ်ဆိုး သားရဲအား လှီးဖြတ် နေလျက်မှ၊ လင်းယွန်က ပြောမိသည်။
“ နဂါးလေး ... ။ ”
ခရမ်းငယ်က နှုတ်ခမ်း ဆူလျက်၊ နဂါး လေးအား တစ်ဆင့် ပြန်ခိုင်း လိုက် လေသည်။ နဂါး လေးမှာ နာခံမှု ရှိရှိဖြင့်၊ ထင်းကောင်ရန် ထွက်ခွာ သွား၏။
“ ခရမ်းငယ် မင်းလည်း လိုက်သွား ... ။ ”
“ ဟမ့် ... ၊ ဒီဧကရီက ထင်းကောက် စရာလား။ ”
“ ဒါဆို မင်း ... နောက်ဆုံးမှ စားရမယ်။ ”
“ ဂရု မစိုက်ဘူး၊ ဒီဧကရီက မီးလွတ် သမားပဲ။ ”
“ ကိုယ့်စကား ကိုယ် ... မှတ်ထားပါ။ ”
လင်းယွန်မှ သူမအား လျစ်လျူရှုလျက် အသား များကို အပြီးသတ် ကိုင်တွယ် မိသည်။ သည့်နောက် အမွေး အကြိုင် အရွက် များကို ထောင်ကာ၊ အမှုန့် အဖြစ် ပြောင်းလဲ၏။
ထိုအမှုန့် များကို နတ်ဆိုး သားရဲ၏ အနူး ညံ့ဆုံး အစိတ် အပိုင်း များတွင် သုတ်လိမ်းကာ၊ မီးဖို ပေါ်၌ စပြီး ကင် တော့၏။
အသားမှ အဆီများ ထွက်လာ သည်နှင့်၊ အသင့် ပြုလုပ်ထား ဟင်းခတ် အမွှေး အကြိုင် များကို၊ ပတ်ဖြန်းပေး လိုက်သည်။
တလှိုင်လှိုင် တိုးထွက် လာသော အသား ကင် ရနံ့မှာ၊ နဂါး လေးအား သွားရည်ယို စေပြီး၊ ခရမ်းငယ် ဝမ်းဗိုက်ကို တဂွီဂွီ မြည်လာ စေ၏။
အသားများ တူးသွားခြင်း မရှိ စေရန်၊ ခရမ်းရောင် ရေခဲ မီးတောက်ဖြင့်၊ ထုတ်ပိုးပစ် လိုက်သည်။
ရေခဲ မီးတောက် အတွင်းရှိ ရေခဲ ရည်ရွယ် ချက်က၊ မီး ရည်ရွယ်အား ကောင်းစွာ ထိန်းချုပ် နိုင်လာသည်။
“ ဝှစ် ... ။ ”
ထို့နောက် အသား ပိုင်းကို ကြီးကြီး လှီးဖြတ်ကာ၊ နဂါးလေးထံ ပစ်ပေး လိုက်၏။ တစ်ဆက် တည်း မှာပင်၊ အပိုင်းငယ် တစ်စအား ခရမ်းငယ်ထံ ကမ်းပေး သည်။
“ ဒီမှာ မင်းအတွက် ... ။ ”
“ ဟမ့် ... ၊ ငါက vegan တစ်ယောက်ပဲ။ ”
ခရမ်းငယ်က မျက်နှာ လွှဲလိုက်ပြီး အသား ကင်ကို ခိုးကြည့်သည်။
“ ယူပါ ... မင်း ဗိုက်ဆာ နေပြီ။ ”
လင်းယွန်မှ ပြုံးကာ ထပ်၍ ကမ်းပေး လာ လေသည်။
“ နင့်ကို သနားလို့ မျက်နှာသာ ပေးလိုက်မယ်၊ ငါက နတ်ဖီးနစ် မိသားစုဝင် တစ်ဦး ဖြစ်တဲ့ အတွက်၊ ဂုဏ်ယူ နိုင်ပြီ။ ”
-ဟုဆိုလျက် အသားကင်ကို လှမ်းယူကာ ချက်ချင်း ကိုက်ချ လိုက်သည်။
ခရမ်းရောင် ရေခဲ မီးတောက်ကြောင့် အသားကင် ရနံမှာ၊ တူးနံ့ ရှိ မနေဘဲ၊ ကြွပ်ရွ နေချေ ၏။
သွားဖြင့် ကိုက်လိုက် ချိန်၌ ဟင်းခတ် အမွှေး အကြိုင် များကြောင့်၊ မျက်လုံး မှေးစင်း သွားပြီး၊ အရသာကို ခံယူ လိုက်မိသည်။
ပထမ တစ်ကိုက် ပြီးနောက်၊ နှုတ်ခမ်းတွင် အသားဆီများ ပေကျံ လာသည် အထိ၊ လောဘ တကြီး စားသုံး မိတော့၏။
“ ခစ် ခစ် ခစ် ... ၊ လင်းယွန် အရမ်း ကောင်းတယ်၊ နောက်ဆို ဒီဧကရီ စားဖို့၊ မကြာ မကြာ အသားကင် ပေးပါ။ ”
ဤအခိုက်တွင် သူမကိုယ် သူမ၊ နတ်ဖီးနစ် မိသားစုဝင် တစ်ဦး အဖြစ်၊ မေ့လျော့ သွားပုံရ လေသည်။
အဆုံးတွင် ဝါကြွားခြင်း၊ မောက်ခြင်းနှင့်၊ အရှက် ခွဲခြင်း ဟူသော အရည် အချင်း သုံးရပ် တွင်၊ ခရမ်းငယ်မှာ ထူးချွန် လှပေ၏။
အရှက် ခွဲခြင်း ဟူသည်၊ သူ တပါးအား ပြုမူခြင်းမျိုး မဟုတ်ဘဲ၊ သူ့ကိုယ်သူ ပြန်၍ အရှက် ရစေ ခြင်းသာ ဖြစ်သည်။
တစ်ဖက်တွင် ရုပ်ရည် အရ၊ ချစ်စရာ ကောင်းပြီး၊ အရွယ်ရောက် ချိန်၌ လှပသော အမျိုး သမီး တစ်ဦး ဖြစ်လာ မည်မှာ၊ သေချာ၏။
အသားကင် ကုန်သွား ပြီးနောက်၊ ငရဲ မီးလျှံ ရွှေကြာ ပန်း၏ အရွက်များကို ပေါင်းစားရန် ပြင် လိုက်သည်။ အိုး တစ်လုံး ထုတ်ယူကာ၊ နတ်ဆိုး သားရဲ အရိုး အနည်းငယ် ထည့်ပြီး၊ ပြုတ် လိုက်သည်။
အရွယ် ရောက်ရန် နှစ်ပေါင်း များစွာ စောင့်ဆိုင်းခဲ့ ရသော၊ ငရဲမီးလျှံ ရွှေကြာပန်းအား ဖြုန်းတီး စေသော လုပ်ရပ် ဖြစ်၏။
ဟွမ်ယောင် သိပါက ဒေါသ ထွက်ပြီး၊ သေသွား နိုင်မည်။ စွပ်ပြုတ်အိုး ကုန်သည်နှင့် ခရမ်းငယ်က နဂါးလေးအား ပွေ့ကာ ထွက်ခွာ လေသည်။
လင်းယွန်မှ ခရမ်းငယ်အား ရုတ်တရက် လှမ်းဆွဲ လိုက်ပြီး၊ နှုတ်ခမ်းတွင် ပေကျံ နေသော ဆီများကို သုတ်ပေး သည်။
ယင်းကို ခရမ်းငယ် ခမျာ၊ သဘော ကျပုံ မပြဘဲ၊ လက်အား ဝှေ့ယမ်းလျက်၊ မျက်မှောင် ကြုတ်ပြီး ထွက်ခွာ သွားတော့သည်။
၎င်းတို့ နှစ်ဦး ပျောက်ကွယ် သွား သည်နှင့်၊ အမည် စာရင်း စာရွက်ကို ထုတ်ယူ ကြည့်လိုက် သည်။
ပထမဆုံး အမည်ရှင် တစ်ယောက်သာ သတ်ရန် ကျန်ရှိ ပေသည်။ ၎င်းမှာ အလယ် အလတ် ကြယ်စင်စု အဆင့်၌ ဖြစ်၏။
ဤလူသည် လွန်ခဲ့သော နှစ်ဝက်က၊ ယဲ့ဇီလင် လက်တွင် ရှုံးနိမ့် ခဲ့ပြီး၊ လွတ်အောင် ထွက်ပြေး သွားနိုင်သည်။
ကောင်းကင်ဓား ဟူသည် တူညီသော နယ်ပယ် အတွင်း ရှိပါက၊ တစ်ဖက် လူအား အနိုင်ယူ သတ်ဖြတ်ရန် လုံလောက်၏။
ထိုစဉ်က ယဲ့ဇီလင်၏ ကောင်းကင်ဓား ရည်ရွယ်ချက်မှာ၊ ကနဦး ကျွမ်းကျင်မှု ၌သာ ဖြစ်သဖြင့်၊ ထိုအမှုကို မပြီးပြတ် ခဲ့ချေ။
***