← Chapters

လှိုင်းထန်ခြင်း။

Vol. 80 Ch. 1120

လှိုင်းထန်ခြင်း။

Vol. 80 Ch. 1120

လင်းယွန် အသံက၊ လူတိုင်း၏ အာရုံကို ချက်ချင်း ဆွဲငင် နိုင်လေသည်။ အထူး သဖြင့် ဘိုးဘေး ချို၏ မျက်လုံး များတွင်၊ မျှော်လင့် ချက်များ တောက်ပ လာသည်။

ဤလင်းယွန်သည် လျှပ်စီး တိမ်လွှာ ဓားဂိုဏ်း၏ အမာခံ တပည့် ဖြစ်ရန်၊ အခွင့် အလမ်း မြင့်မားသည်။

ထို့ကြောင့် ဂိုဏ်းကြီး များ၏ အမာခံ တပည့်များ အားလုံး သတိ အနေ အထားဖြင့်၊ လှည့်ကြည့် လာကြသည်။

အဆုံးတွင် အဓိက ဂိုဏ်းကြီး များမှာ၊ နာမည် ဂုဏ်သတင်း အပေါ်၊ အလွန် အာရုံစိုက် ပေသည်။

လွန်ခဲ့သော တစ်လ၌၊ တိမ်လွှာ ဂိုဏ်းမှ အမာခံ တပည့် တစ်ဦး အဖြစ်၊ ထင်ကြေးပေး ခံထား ရသည့်၊ ဓားသမား တစ်ဦး ထွက်ပေါ် လာခဲ့သည်။

၎င်းအမည်မှာ ပန်းသင်္ချိုင်း ဖြစ်ပြီး၊ ကျော်ကြားမှု အားလုံးကို၊ လုံး၀ ရယူထား သဖြင့်၊ သူတို့အား စိတ် အနှောက် အယှက် ဖြစ်စေသည်။

ထို့ကြောင့် လင်းယွန် မည်သူ မည်ဝါ ဖြစ်မည်ကို၊ ရန်လို စိတ်ဖြင့် လှည့့်ကြည့်လာ ကြခြင်း ဖြစ်၏။

ဟောင်းနွမ်း နေသော ဓားသေတ္တာ တစ်လုံးကို ထမ်းပိုးလျက်၊ အနက်ရောင် ကြောင် တစ်ကောင်အား ပွေ့ပိုက်ကာ၊ အပြာဝတ် လူငယ် တစ်ဦး၊ လှမ်းဝင် လာသည်။

ငယ်ရွယ် နုပျို လွန်းပြီး၊ နဖူး ပေါ်ရှိ ခရမ်းရောင် အမှတ် အသားက သူ့ကို ပို၍ စွဲဆောင်မှု ရှိစေ၏။

“ အဟွန့် ... ။ ”

သို့သော် ထိုလူငယ်၏ ကျင့်ကြံမှုကို မြင် ပြီးနောက်၊ ဘုန်းကြီးနှင့် အဖွဲ့မှာ၊ အထင် အမြင် သေးစွာဖြင့်၊ နှာခေါင်း ရှုံ့ လိုက် ကြသည်။

ကျန်လူများ သည်လည်း၊ အချင်းချင်း ပြန်ကြည့် မိ၏။ သတ္တမမြောက် ကောင်းကင် ဝိညာဉ်၌ ရှိနေသော၊ လူငယ်လေး မျှသာ ပေပင်။

ခွန်အား အရ၊ သတ္တမ ကောင်းကင်ရှိ အခြားလူ များထက်၊ များစွာ သန်မာ သည်ဟု ခံစားနိုင် သော်လည်း၊ ယင်းမှာ သတ္တမ ကောင်းကင်သာ ဖြစ်နေဆဲ ဖြစ်သည်။

အင်ပါရီယန် တစ်ပါး မဟုတ်ချေ။ သည်နေရာရှိ သူတို့ အားလုံးမှာ၊ အနိမ့်ဆုံး ကြယ် အဆင့်တွင်၊ ရှိနေ ကြ သည်မို့ လင်းယွန် အတွက်၊ မျှော်လင့်ချက် မရှိ နိုင်ချေ။

ခန်းမ အတွင်းရှိ လူအုပ်က သူ့အား အာရုံစိုက် လာသည်ကို မြင်သည်နှင့်၊ လင်းယွန် တစ်ယောက် မျက်မှောင်ကြုတ် မိသည်။

နတ်မိစ္ဆာ မိုးကြိုးဓားသည် ဂိုဏ်း အသီးသီး အပေါ်၊ အပြစ်ပြု ထားပုံ ရ၏။ သို့မဟုတ် ပါက၊ ဤမျှ လူများစွာ ရှိနေမည် မဟုတ်ချေ။

ဘိုးဘေး ချိုမှ၊ စိတ်ပျက် သွားသော ခံစားချက် များကို အပြုံးဖြင့်၊ အမြန် ဖုံးကွယ် လိုက်ရသည်။

“ အိုး ... တိမ်လွှာ ဓားဂိုဏ်းက အမာခံ တပည့် တစ်ယောက်လား၊ အခု ဒီမှာ ဂိုဏ်းကြီး လေး ဂိုဏ်းလုံး စုံပြီပေါ့၊ သခင်လေး လင်း၊ ကျေးဇူး ပြု၍ ထိုင်ပါ။ ”

လင်းယွန်က ခေါင်းညိတ် လိုက်ပြီး၊ ဝင်ထိုင်ရန် ပြင်လိုက် ချိန်တွင်၊ လှောင်ပြောင် ရန်လိုသော အသံ တစ်သံ၊ ထွက်ပေါ် လာသည်။

“ ထိုင်မို့လား ... ၊ ဘယ်ခုံမှာ ထိုင်မို့လဲ။ ”

လေလွင့် နန်းတော်မှ ယန်ထန့်က၊ လင်းယွန်အား ရန်လိုစွာ စိုက်ကြည့် လာပြီး၊

“ မင်းမှာ ငါတို့နဲ့ အတူ ထိုင်ဖို့၊ အရည် အချင်း ရှိတယ်လို့၊ တကယ် ထင်နေ တာလား၊ ဒီထိုင်ခုံ တွေက အင်ပါရီယန် တွေ အတွက်ပဲ၊ မင်းလို လူ တစ်ယောက်က ဘယ်မျက်နှာနဲ့ ထိုင်ဝံ့ တာလဲ။ ”

-ဟု ပြောလာ တော့သည်။

၎င်းတို့နှင့် တိမ်လွှာ ဂိုဏ်း၏ ဆက်ဆံ ရေးမှာ၊ ကောင်းမွန်ခြင်း မရှိကြောင်း လူတိုင်း သိကြ ပေ၏။

မိုးကြိုး ကျောင်းတိုက်မှ ဘုန်းကြီး ရွှမ်ဖေးက၊

“ ဘိုးဘေး ချိုရဲ့ ... ၊ သဘောထား ကြီးမြတ်မှုကို၊ မင်းက အခွင့်ကောင်း ယူချင်နေ တာလား၊ ...

... ကောင်းကင် ဝိညာဉ် နယ်ပယ် လေးနဲ့၊ ငါတို့နဲ့ အတူ ထိုင်ဖို့၊ ထိုက်တန်တယ် ထင်နေ တာလား။ ”

-ဟု ခေါင်းယမ်းလျက် ဝင်ပြော လိုက်သည်။

“ ကျွတ် ... ကျွတ် ... ၊ အမှိုက် တစ်စကို တိမ်လွှာဂိုဏ်းက တကယ် လွှတ်လိုက် တာပဲ၊ အင်ပါ ရီယန် နယ်ပယ် မှာတောင် မရှိသေး ဘဲနဲ့၊ ...

... နတ်မိစ္ဆာ မိုးကြိုးဓားကို သတ်နိုင်မယ် ဆိုတဲ့၊ ယုံကြည် ချက်မျိုး၊ ဘယ်က ရလာပါလိမ့်၊ ဒါကြောင့်လည်း တိမ်လွှာဂိုဏ်းက ဒီနှစ်တွေ ထဲမှာ၊ မေးခွန်းထုတ် စရာ ဖြစ်လာ တာကိုး။ ”

ဤလူများမှာ သူ့အား အဘယ်ကြောင့် ရန်လိုနေ သည်ကို နားမလည် နိုင်သဖြင့်၊ အံ့သြ သွား မိသည်။

အထူး သဖြင့် ပထမဆုံး စကား ပြောလာ သည့် လူကို ဖြစ်၏။

“ မင်း တို့က ဘယ်သူ တွေလဲ။ ”

“ လေလွင့် နန်းတော်ရဲ့ ယန်ထန့်။ ”

ကြယ်စင်စု အဆင့်၊ အထွတ် အထိပ် နယ်ပယ် ရောင်ဝါကို ထုတ်ဖော်လျက်၊ ထိုသူက ပြန်ဖြေ သည်။

“ မိုးကြိုး ကျောင်းတော်က ရွှမ်ဖေး။ ”

“ ကြိုးကြာ တစ်ထောင် မျှော်စဉ်က၊ လဲ့လန်။ ”

လဲ့လန်နှင့် ရွှမ်ဖေးတို့ နှစ်ဦး မှလည်း၊ ပြုံးလျက် ပြန်ဖြေလာ ကြသည်။ ဤလင်းယွန် မှာ ကြောက်စရာ ကောင်းပြီး၊ တူညီသော နယ်ပယ် အတွင်း ဆိုပါက၊ သူတို့ပင် အနိုင်ယူ နိုင်မည် မဟုတ်ကြောင်း၊ နားလည် ၏။

ခပ်ပါးပါး ထုတ်ဖော် ထားသော ရောင်ဝါ အရ၊ ကြယ် အဆင့်ထက် နိမ့်ကျခြင်း မရှိချေ။ နတ်မိစ္ဆာ မိုးကြိုးဓားကို သတ်ရန် မဟုတ်ဘဲ၊ သည်လူငယ်အား အတွေ့ အကြုံ ရရှိစေရန်၊ စေလွှတ် လိုက်ခြင်း ဖြစ်ပေမည်။

သို့သော် သူတို့ သုံးဦး ရောက်ရှိ နေပြီ ဖြစ်သဖြင့်၊ လျှပ်စီး တိမ်လွှာဂိုဏ်း အတွက် နေရာ မပေးနိုင် သည်မှာ၊ သဘာဝ ပေပင်၊။

ပါရမီရှင် တစ်ပါး ဆိုလျှင်ပင်၊ လက်ရှိ ကျင့်ကြံ မှုဖြင့်၊ သူတို့ အကြား မဝင်ဆန့် နိုင် သေးချေ။

ခန်းမ အတွင်း တိတ်ဆိတ် သွားသည်။ ဂိုဏ်းလေး ဂိုဏ်းကြား ရန်ငြိုး ဖွဲ့မှု များမှာ၊ သူတို့ ထင်သည်ထက်၊ ပိုမို နက်ရှိုင်း နေ၏။

တစ်ချိန်က အသန်မာဆုံး ဂိုဏ်း ဖြစ်ခဲ့ ဖူးသော တိမ်လွှာ ဂိုဏ်းမှာ၊ ယနေ့ အချိန် အခါတွင် ကျန် ဂိုဏ်းကြီး သုံး ဂိုဏ်းထက်၊ အားနည်း လာပြီ ဖြစ်သည်။

ထို့ကြောင့် ပထမ နေရာကို၊ ရယူ လိုသော လေလွင့် နန်းတော် အနေဖြင့်၊ လင်းယွန် အပေါ် ဖိနှိပ်ရန် ကြိုးစား လာ သည်မှာ၊ သဘာဝ ပေပင်။

“ ဒါဆို မင်းတို့ သုံးယောက်က၊ ဂိုဏ်းကြီး တွေက လာတာပေါ့။ ”

အဆုံးတွင် အကြောင်း ရင်းကို နားလည် သွားမိသည်။ အေးအေး စေးစေး နေလို သော် ငြားလည်း၊ နေ၍ ရမည့်ပုံ မပေါ် တော့ချေ။

ဤအခိုက်တွင် ဘိုးဘေး ချိုက ပြုံးလိုက်ပြီး၊

“ သခင်လေး လင်း၊ ကျေးဇူး ပြုပြီး နားလည်မှု မလွဲ ပါနဲ့၊ ချို မိသားစုက တိမ်လွှာ ဂိုဏ်းကို၊ ငုံ့ကြည့်ဖို့ ရည်ရွယ်ချက် ...

... မရှိ ပါဘူး၊ အားလုံးပဲ ငါ့ကို မျက်နှာသာ ပေးကြပါ၊ ငါတို့ရဲ့ ဦးစားပေး ကိစ္စက၊ နတ်မိစ္ဆာ မိုးကြိုးဓားကို သတ်ဖို့ မဟုတ်လား။ ”

“ ဟား ဟား ဟား ... ကောင်းပြီ၊ သူ့လို ကောင်းကင် ဝိညာဉ်က အမှိုက်ကို၊ ဒီမှာ နေခွင့် ပေးပြီး၊ လေလွင့် နန်းတော်ကို ငုံ့ကြည့် ချင်နေ တာလား ဘိုးဘေး ချို။ ”

ယန်ထန့်က ရယ်မောလျက် မေးခွန်း ထုတ်လိုက်သည်။

“ ပြောတာ ကောင်းတယ် အစ်ကို ယန် ... ”

ရွှမ်ဖေး ကပါ ခေါင်းညိတ် လိုက်ပြီး၊

“ ... နှစ်ဖက် စလုံးကို၊ မစော်ကား ချင်ရင်တော့၊ ညှိနှိုင်းမှု တစ်ခု လုပ်ရ မယ်လို့ ငါ ထင်တယ်၊ သူ့ကို ဒီမှာ ရှိစေ ချင်လား၊ ငါတို့ ထွက်သွား ပေးမယ်၊ ရွေးချယ်ပါ ... ။ ”

“ ချို မိသားစုက ... တကယ် နိမ့်ကျ သွားပြီပဲ၊ နတ်မိစ္ဆာ မိုးကြိုး ဓားက၊ ပစ်မှတ်ထား နေတာ အံ့သြ စရာတော့ မရှိပါဘူး၊ ကောင်းကင် ဝိညာဉ်က ...

... ပုရွက်ဆိတ် တစ်ကောင်ကို ဧည့်ကောင်း ဆောင်ကောင်း အဖြစ်၊ ဆက်ဆံ နေတာ ပါလား၊ စိတ် ပျက်စရာ ကောင်း လိုက်တာ။ ”

လဲ့လန်းက ဆိုသည်။

သူတို့ သုံးယောက်၏ သဘော ထားကြောင့်၊ ဘိုးဘေး ချိုမှာ၊ မျက်မှာ ပျက်သွားသည်။ ၎င်းတို့ သည်သာ ထွက်သွားသော်၊ နတ်မိစ္ဆာ မိုးကြိုး ဓားကို၊ မည်သူဖြင့် ရင်ဆိုင် ရမည်မှန်း၊ မသိ တော့ချေ။

နဖူး၌ ချွေးများ သီးလာပြီး၊ အဆုံးတွင် လင်းယွန်ထံ ပြန်ကြည့်လျက်၊ တောင်းပန်ရန် ဆုံးဖြတ် လိုက်ရသည်။

“ သခင်လေး လင်း၊ ဒီနေ့ အတွက် တောင်းပန်ဖို့ တိမ်လွှာ ဂိုဏ်းကို၊ ငါ ကိုယ်တိုင် သွားလိုက် ပါမယ်၊ ဘယ်လို သဘော ရလဲ။ ”

“ စိတ်မပူ ပါနဲ့ ... ၊ ဘိုဘေးချို အတွက် ခက်ခဲအောင် လုပ်ဖို့၊ ရည်ရွယ်ချက် မရှိ ပါဘူး၊ ဂိုဏ်းချုပ်ရဲ့ အမိန့် ကြောင့်သာ၊ ငါ ဒီကို လာရ တာပါ၊ အခုပဲ ထွက်သွား လိုက်ပါမယ်။ ”

ဒေါသ ထွက်မိ သော်လည်း၊ လင်းယွန် တစ်ယောက် အပြုံး မပျက်ချေ။ ပါးစပ်ဖြင့် ဖြေရှင်း ရ သည်ထက်၊ ဓားကိုသာ ဆွဲလိုက် လိုသည်။

“ နေ ဦး ... ။ ”

ယန်ထန့်က စားပွဲ ခုံအား၊ ရုတ်တရက် ရိုက်ချလာ သဖြင့်၊ အားလုံး ထိတ်လန့် ကုန်၏။ သတ်ဖြတ် လိုသော အငွေ့ အသက်များ ပျံ့လွင့် လာကာ၊ ခန်းမ အတွင်း အပူ ချိန်ကို၊ ကျဆင်း သွားစေသည်။

“ မင်းက ဆန္ဒရှိ သလို ... ၊ ဒီနေရာကို ဝင်ထွက် သွားလာ နိုင်မယ်လို့ ဘယ်သူ ပြောလဲ၊ မင်းကိုယ်မင်း ယဲ့ဇီလင် ထင်နေလား။ ”

လင်းယွန်ထံ ဖိအားကို ပို့လွှတ်လျက်၊ ယန်ထန့်က မေးခွန်း ထုတ်လာသည်။

“ မင်း ... ဘာဖြစ် ချင်လဲ။ ”

“ ငါ ... ဘာဖြစ် ချင်လဲ ဟုတ်လား ... ၊ လွန်ခဲ့တဲ့ နှစ်ဝက် တုန်းက၊ ဒီနတ်မိစ္ဆာ မိုးကြိုး ဓားကို ဖြေရှင်းဖို့၊ ဂိုဏ်းကြီး လေးဂိုဏ်းက ပူပေါင်းချင် ခဲ့ကြတယ်၊ ဒါပေမယ့် ...

... မင်းရဲ့ ယဲ့ဇီလင်က တကယ့်ကို မောက်မာတယ်၊ ကောင်းကင်ဓား ရည်ရွယ် ချက်ကြောင့်၊ ငါတို့ကို လူ မထင် ခဲ့ဘူး။ ”

ယန်ထန့် ပြောသည့် စကား များကို လင်းယွန် မယုံချေ။ ယဲ့ဇီလင်မှာ အကြောင်း ပြချက် မရှိဘဲ၊ တစ်စုံ တစ်ဦး အပေါ် စော်ကား လိမ့်မည် မဟုတ်ကြောင်း သူ သိသည်။

“ အဲဒီ တုန်းက ကောင်းကင်ဓား ရှိ တာတောင်၊ သူနဲ့ လိုက်လာတဲ့ အမာခံ တပည့် အချို့ အသတ် ခံလိုက် ရသေးတယ်၊ ဘယ်လောက် ...

... ရှက်စရာ ကောင်းလိုက်လဲ၊ ငါ့ရဲ့ စီနီယာ အစ်ကိုသာ ဆိုရင်၊ သုံးကြိမ် အတွင်း၊ ဒီနတ်မိစ္ဆာ မိုးကြိုးဓားကို သတ်နိုင်မှာ သေချာတယ်။ ”

ယန်ထန့်က မုန်းတီး ရွံရှာသော အသွင်ဖြင့် ပြန်ဖြေသည်။ ပြောသမျှ အကြောင်း အရာတွင်၊ လင်းယွန်နှင့် သက်ဆိုင် သော အချင်း အရာ တစ်ခုမျှ မပါချေ။

ယဲ့ဇီလင်နှင့် ရန်ငြိုး ရှိပါက သူမ ကိုသာ ရှာသင့်သည်။ ကြည့်ရ သည်မှာ ယဲ့ဇီလင် အား၊ မနိုင်မှန်း သိကြ သဖြင့်၊ အစား ထိုးချင် ပုံရ သည်။

“ အဲဒီ တုန်းက ... ယဲ့ဇီလင်က ငါ့ကို လှုပ်ရှားမှု ဆယ်ကြိမ် ပေးခဲ့တယ်၊ ဒါကြောင့် မင်းကို ငါ ဆယ်ကြိမ် ပြန်ပေး လိုက်မယ်၊ ...

... မင်း အတွက် တရားမျှ တအောင် ငါ့ရဲ့ ခွန်အား တစ်ဝက်ပဲ သုံးမယ်၊ ဘယ်လိုလဲ မင်း ငြင်းချင် သေးလား … ။ ”

ယန်ထန့်၏ နှုတ်ခမ်း ပေါ်၌ လှောင်ပြောင်သော အပြုံး တစ်ပွင့်ကို ထုတ်ဖော်လျက်၊

“ ဒူးထောက်ပြီး ... ၊ လျှပ်စီး တိမ်လွှာ ဂိုဏ်းရဲ့၊ အမှိုက် ဖြစ်ကြောင်း လူတိုင်း ရှေ့မှာ ဝန်ခံပါ၊ ပြီးရင် ထွက်သွား နိုင်တယ်။ ”

-ဟု နှာခေါင်း ရှုံ့လျက် ပြောလာ တော့သည်။

“ ဟား ... ဟား ... ဟား ... ။ ”

သူ့ စကားကြောင့် တစ်ပါးနှင့် တစ်ယောက်က ရယ်မော လိုက်သည်။

“ ဟား ဟား ဟား ... လင်းယွန်၊ မင်းမှာ သတ္တိ မရှိရင် ဒူးထောက် လိုက်ပါ၊ ဒီမှာ ငါတို့ရဲ့ စီနီယာ အစ်ကို ယန်က၊ ...

... အင်ပါ ရီယန် အဆင့်မှာ ပါဝင် နိုင်တဲ့၊ ပါရမီရှင် ဖြစ်လို့၊ သူ့ရှေ့ ဒူးထောက် ရတာက၊ ရှက်စရာ မဟုတ် ပါဘူး။ ”

“ မင်းမှာ သတ္တိ မရှိ ဖူးလား ... ၊ ကျွတ် ... ကျွတ် ... တိမ်လွှာဂိုဏ်း တစ်ဂိုဏ်း လုံးက မိန်းမ တစ်ယောက် အပေါ်မှာ မှီခို နေတာပဲ။ ”

“ ငါသာ တိမ်လွှာ ဂိုဏ်းရဲ့ တပည့် ဆိုရင် မျက်နှာတောင် ထားစရာ မရှိ တော့မှာ၊ သေချာ ပါတယ်။ ”

ယန်ထန့် နှင့်အတူ ပါလာသော၊ လေလွင့် နန်းတော်၏ အမာခံ တပည့် များက ရယ်မော လှောင်ပြောင် လိုက်ကြ သည်။

လင်းယွန် သည်သာ လျှပ်စီး တိမ်လွှာ ဂိုဏ်း၌၊ ထူးချွန်သော တပည့် တစ်ဦး ဖြစ်ပါက အရှက်ခွဲ ခြင်းကို လက်ခံမည် မဟုတ်ကြောင်း၊ သေချာပေါက် သိသည်။

ထိုသို့ ဆိုပါက စိန်ခေါ်မှုကို လက်ခံ ရပေမည်။ ယင်းက စိတ်ကျေနပ် စရာ ပွဲတစ်ပွဲ ဖြစ်လာ နိုင်၏။

အစ်ကို ယန်ထန့်မှာ ငါးကြိမ် အတွင်း၊ ဒုက္ခိတ တစ်ယောက် ဖြစ်သွားအောင် လင်းယွန် ကို၊ ရိုက်နှက်ပစ် မည်မှာ သေချာသည်။

***

All Chapters