← Chapters

ဒယ်စောက်ဝုန်းဒိုင်းကြဲတာ အဆင့်တက်တော့မှာမို့လို့

Vol. 39 Ch. 761

ဒယ်စောက်ဝုန်းဒိုင်းကြဲတာ အဆင့်တက်တော့မှာမို့လို့

Vol. 39 Ch. 761

ထိုအချိန်တွင် ညအရှင်အိမ်တော်၌ ခရမ်းရောင်ဘရိုကိတ်ဝတ်ရုံအဖြစ် ပြောင်းလဲဝတ်ဆင်လိုက်သော ညအရှင်သည် အဂ္ဂိရတ်အခန်းထောင့်တွင် လဲလျောင်းနေသည်။ သူသည် ခက်ခက်ခဲခဲဆင့်ခေါ်ထားသော ဝုန်းဒိုင်းကြဲ အမည်ရဒယ်စောက်ကြောင့် ပေထင်းဟွမ်၏ မည်းနက်သောမျက်နှာကို ကြည့် နေသည်။

“ငါ့ကို မသိတာကို မယုံနိုင်ဘူး.. ဟူး မင်းသာ ငါ့ကိုမသိရင် ငါခေါ်တာကို ဘာလို့ထွက်လာနေသေးလဲ”

သေးငယ်သောဒယ်စောက် အော်ငိုလေသည်။ သူနှင့် ပေထင်းဟွမ်တို့ အကြားမှ အသိစိတ်ပင်လယ်ထဲတွင်ပြောကြသည့် အကြောင်းအရာများကို ယန်ယဲ့မကြားရသော်လည်း လွန်ခဲ့သည့်နှစ်တစ်သောင်းက ချွဲနွဲ့ရသည်ကို ကြိုက်သည့် ထိုကောင်လေးအကြောင်းကိုသိသည်။

“ငါ ငါ.. မင်းကိုသိတယ် မင်းက ဒယ်စောက်လေးမဟုတ်ဘူးလား” ပေထင်းဟွမ်သည် မျက်ရည်များဝဲလာသည်။ သေးငယ်သောဒယ်စောက်နှင့် ဆိုလျှင် ဝိညာဉ်ခွဲဆေးသန့်စင်ရာတွင် ပိုလွယ်ကူနိုင်သည်ဟု ယန်ယဲ့မပြောခဲ့ လျှင် ပေထင်းဟွမ်သည် ထိုငိုယိုနေသောကောင်လေးကို စိတ်ထဲထည့်နေမည် မဟုတ်ပေ။ သူသည် သူမ၏ဒယ်စောက်ထဲမှ ဆေးပင်များကို အကြီးကျယ် ပျက်စီးစေသည်။

“မင်းက နတ်ဆိုးဧကရာဇ်ကိုတောင် မမှတ်မိတာ၊ ငါ့ကိုဘယ်လိုလုပ် မှတ်မိနိုင်မှာလဲ” ဒယ်စောက်လေးသည် ပေထင်းဟွမ်၏ လှည့်ကွက်ထဲသို့ မရောက်ပေ။ “မဟုတ်ဘူး မင်းငါ့ကို နောက်ထပ်မမေ့ပါဘူးလို့ ငါ့ကိုကတိပေး၊ အဲဒါတော့မှ မင်းကိုခွင့်လွှတ်မယ်”

“ဟုတ်ပြီ ငါ ဒယ်စောက်လေးကို ထပ်မမေ့တော့ပါဘူးလို့ ငါ ကျိန်တယ်၊ ငါ့ကျန်တဲ့ဘဝမှာ မင်းကိုမမေ့တော့ဘူး” ပေထင်းဟွမ်သည် မည်သည့် ဝန်ထုပ်ဝန်ပိုးမှမရှိဘဲ ကျိန်ဆိုလေသည်။ မည်သို့ပင်ဖြစ်စေကာမူ သူမတွင် ဒယ်စောက်မရှိနိုင်စရာအကြောင်းမရှိပေ။ သူမသာ ပြန်မဝင်စားခဲ့လျှင် အချစ် ငတ်နေသည့်ဤကောင်လေးကို မေ့သွားမည်မဟုတ်ပေ။ မည်သည့် အကျိုးဆက်မှရှိမည်မဟုတ်ပေ။

ဒယ်စောက်လေးသည် အကြိမ်အနည်းငယ် ရှိုက်ပြီးနောက် ငြိမ်ကျသွား လေသည်။

ပေထင်းဟွမ်သည် သက်ပြင်းကြီးချလိုက်သည်။ သို့သော် သူမအတွက် ပိုလွယ်ကူစေရန် ထိုသို့ပြောရမည်ဖြစ်ကာ ဒယ်စောက်လေးသည် ယန်ယဲ့၏ နိဗ္ဗာန်မီးဒယ်စောက်ကိုအသုံးပြုရန် ဤဒယ်စောက်လေးကို အသုံးပြုရမည်ဖြစ် သည်။

အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားသည်။ အပြင်တွင် အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို မည်သူကမှမသိပေ။ ပေထင်းဟွမ်သည် အဆုံးမရှိ ဆေး များကို သန့်စင်နေသည်။ ထိုနေ့တွင် ဒယ်စောက်မှ သန့်စင်လိုက်သည့် သလင်းကျောက်ဆေးအရည်သည် ပေထင်းဟွမ်၏အလိုကျ အစိုင်အခဲဖြစ်ပြီး ဒယ်စောက်အတွင်း၌ ဖြည်းဖြည်းချင်းလှိမ့်လေသည်။

ပေထင်းဟွမ်သည် မျက်လုံးများကိုမှိတ်ကာ ဒယ်စောက်ထဲမှ ဆေးလုံး များကို လုံးဝအာရုံစိုက်ထားသည်။ ၎င်းသည် သူမ၏စာချုပ်ဒယ်စောက်ကို သုံးရ ခြင်း၏ အကျိုးကျေးဇူးဖြစ်သည်။ ရနံ့သင်းသင်းတစ်ခု ထွက်ပေါ်လာသည်။ ဒယ်စောက်ထဲတွင် ဆေးများတစ်လှိမ့်ပတ်ပြီးနောက် ကြွေထည်ကဲ့သို့အပြင် အလွှာသည် ဆေး၏အဆီအနှစ်ကို လွှမ်းအုပ်ထားကာ ရနံ့ကိုလည်း ချိပ်စည်း ပိတ်ထားသည်။

ဤအခိုက်အတန့်တွင် ပေထင်းဟွမ်သည် ခန္ဓာကိုယ်မှ ကွဲအက်သော အသံကိုကြားလိုက်ရသည်။ အကြိမ်အနည်းငယ်ကြာပြီးနောက် ပေထင်းဟွမ် သည် ထိုအသံနှင့် ရင်းနှီးသလိုရှိလာသည်။ သူမသည် ဝမ်းဗိုက်မှ အကြောကို အားနှင့်ဖိလိုက်သည်။ သူမသည် အားကြိုးမာန်တက်သန့်စင်ထားသည့် ဝိညာဉ် ခွဲဆေးများကို အလဟဿမဖြစ်ချင်ပေ။ ဒယ်စောက်ကို ရွေ့လျားပြီး ဆေးများ ပျံသွားချိန်တွင် ပေထင်းဟွမ်သည် ထွက်လာသော ဆေးများကို အလျင်အမြန် ဆုပ်ဖမ်းလိုက်သည်။

ယန်ယဲ့သည် မျက်လုံးများမှိတ်ကာ နားနေသည်။ အတွေးတစ်ခုတည်းနှင့် တင် သူသည် ပေထင်းဟွမ်အနောက်မှ ပျံထွက်လာသည်။ ဤနေရာသို့ အကြိမ်အနည်းငယ်လာပြီးနောက် ပေထင်းဟွမ်သည် ဤနေရာမှ အစီအရင် များနှင့် အထူးတလည်ရင်းနှီးနေပြီဖြစ်သည်။ သူ ကျွန်းအပြင်သို့ ထွက်လာပြီး ကမ်းစပ်သို့ရောက်သည်နှင့် ကြီးမားသောစွမ်းအင်တစ်ခုသည် ပေထင်းဟွမ် အား ဝန်းရံလေသည်။

ပုံမှန်မဟုတ်သည်ကို အာရုံခံမိပြီးနောက် ကိုယ်ရံတော်လေးယောက် သည် နေရာပြောင်းကာ လနောက်သို့လိုက်သည့် ဥက္ကာပျံများကဲ့သို့ ပျံသွားကြ လေသည်။ ပေထင်းဟွမ်သည် ကမ်းစပ်သို့လာပြီး မြေပြင်တွင် တင်ပျဉ်ခွေထိုင် နေသည်ကိုမြင်ပြီးနောက် သူတို့သည် တစ်ယောက်နှင့်တစ်ယောက် မှင်တက် ပြီး ကြည့်မိကြလေသည်။ သူမ အဆင့်တက်တော့မှာလား။

သေလိုက်စမ်းပါဦး၊ လှုပ်လှုပ်ရှားရှားဖြစ်တာ ကြီးလွန်းတာမဟုတ်ဘူး လား။ သူကြည့်လိုက်ရာ ခေါင်းအထက်တွင် နေရောင်သည် မူလအတိုင်း တောက်ပနေပြီဖြစ်၏။ ထိုအချိန်တွင် တိမ်တိုက်မည်းများ လှိမ့်တက်လာသည်။ အကြောင်းမသိသောလူများသည် နတ်သားရဲမှ အထွတ်အမြတ်သားရဲအဖြစ် အဆင့်တက်သည်ဟု ထင်ကြပေမည်။

လေတိုက်ခတ်ကာ အင်ပါယာမြို့တစ်ခုလုံးသည် လေနှင့်မိုးများကြောင့် လှုပ်ခါနေသည်။ မြေကြီးပင် တုန်ခါနေသလိုပင်။ ထိုနေရာမှ စွမ်းအင် အတက် အကျသည် အလွန်သန်မာကာ ရှန်းယန်မြို့မှ လူများအားလုံးကို အချက်ပေး လိုက်သလိုပင်။ သို့သော် ညအရှင်အိမ်တော်ကို မည်သူကမှ မထောက်လှမ်းရဲ ကြပေ...

All Chapters