← Chapters

ဓား ၁ ချောင်းဝိညာဉ်သခင်ကြီး၊ သားရဲပေါ်လာခြင်း

Vol. 39 Ch. 762

ဓား ၁ ချောင်းဝိညာဉ်သခင်ကြီး၊ သားရဲပေါ်လာခြင်း

Vol. 39 Ch. 762

ယန်ယဲ့သည် အနည်းငယ် စိတ်လှုပ်ရှားလာသည်။ သူသည် ဘေးတွင် သက်တော်စောင့်ကဲ့သို့ ရပ်နေသည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်နှင့်မြေကြီးအကြားက စွမ်းအင်သည် ပေထင်းဟွမ်၏ခန္ဓာကိုယ်အတွင်းသို့ ကူးခတ်ဝင်သွားသည်။ ပေထင်းဟွမ်၏ ခန္ဓာကိုယ်ထဲမှ ကစဥ့်ကလျားနတ်အရင်းအမြစ်သည် ကြီးမားသည့်စုပ်ခွက်ကြီး တစ်ခုကဲ့သို့ စွမ်းအင်များအားလုံးကို စုပ်ယူလေသည်။ ပေထင်းဟွမ်၏ သွေးကြောများသည် ကန့်သတ်ချက်ရောက်သည်အထိ ဖောင်းကားတက်လ သည်။ ကိုးရောင်နိဗ္ဗာန်မီးကြောင့်သာမဟုတ်လျှင် သူမသည် စွမ်းအင်ကျယ်ပြန့် မှုကို ခံနိုင်ရည်ရှိရန် မဖြစ်နိုင်ပေ။

ကြယ်ဝိညာဉ်သခင်နှင့် ဝိညာဉ်သခင်ကြီးအကြားမှ အတားအဆီးတွင် အက်ကြောင်းတစ်ခုဖြစ်နေပေါ်နေပြီဖြစ်သည်။ ကစဥ့်ကလျားနတ်အရင်း အမြစ်သည် ကမ္ဘာပေါ်မှ ဝိညာဉ်စွမ်းအင်များအားလုံးကိုစုပ်ယူပြီးဖြစ်သည်။ သူ၏သွေးကြောများကိုအသွင်ပြောင်းပြီးနောက် အကြောထဲတွင် စုဝေးလာ ကာ ဖြူစင်သော အပြာနုရောင်ဒြပ်စင်စွမ်းအင်အဖြစ် သန့်စင်လေသည်။

စွမ်းအင်စုံပုံလာခြင်းသည် အကန့်အသတ်ရှိသည်။ ပေထင်းဟွမ်သည် စွမ်းအင်များကို စိတ်နှင့်ထိန်းချုပ်ကာ အက်ကွဲနေသောနံရံထဲသို့ ထည့်လိုက် သည်။

ယခုသည် တစ်ခုတည်းသော အခွင့်အရေးဖြစ်သည်။

ဓား ၉ လက်ကြယ်ဝိညာဉ်သခင်ထိပ်ဆုံးအဆင့်ထိ ရောက်နိုင်မယ့် ဝိညာဉ် သခင်တွေ ဘယ်လောက်များများရှိမှာလဲ။ သူတို့သည် ဤအခွင့်အရေးကို မရည်ရွယ်ဘဲ လက်လွတ်သွားနိုင်သည်။

ဘုန်း

နောက်ထပ်ကွဲအက်သံတစ်ခုပင်။ သို့သော် ဖန်သားပြင်နံရံသည် ခိုင်မာစွာ ရပ်တည်နေတုန်းပင်။ ပေထင်းဟွမ်သည် ခေတ္တမျှရပ်ကာ အံကိုတင်းတင်း ကြိတ်ထားသည်။ ကစဥ့်ကလျားနတ်အရင်းအမြစ်သည် စွမ်းအားအပြည့်ရှိ သည့် အင်ဂျင်တစ်လုံးလိုပင်။ ၎င်းသည် မြန်ဆန်စွာဖြင့် စွမ်းအင်များကို ပိုစုစည်းသည်။ ပေထင်းဟွမ်အရေပြား၏ အပြင်အလွှာပေါ်မှသွေးကြောများ သည် ဖောင်းထါက်နေပြီး အကြောများသည် ပေါက်ကွဲမတတ်ဖြစ်နေသော် လည်း သူမသည် အံကိုတင်းတင်းကြိတ်ထားတုန်းပင်။

ရင်ဆိုင်တိုက်မှုတစ်ခု စတင်လာသည်။ သည်တစ်ကြိမ်တွင် ပေထင်းဟွမ်သည် အသက်ပြင်းပြင်းရှူကာ စွမ်းအင်ကို တိုင်တစ်ုအဖြစ် စုစည်း လိုက်သည်။ တံခါးကို ဗုံးကြဲတိုက်ခိုက်နေသည့် တိုင်တစ်ခုကဲ့သို့ သူမသည် အတားအဆီးကို ပြန်တိုက်ခိုက်ရန် နောက်ဆုံးခွန်အားကို အသုံးပြုခဲ့သည်။

ဘုန်း..

စွမ်းအားသည် ဒီရေအလား ဆူပွက်လာသည်။ သူ၏အကြောထဲတွင် စွမ်းအင်များသည် ကီလိုမီတာထောင်ချီ စီးဆင်းနေသော်လည်း ထိုနေရာမှ ရောက်လာသည့်ခံစားချက်ကို ပိုဖြစ်စေသည်။ သူ၏အကြောထဲတွင် အပြာနု ရောင်ဒြပ်စင်စွမ်းအင်သည် တဟုန်ထိုးလှည့်နေသည်။ ကြီးမားသော အာရုံခံ စွမ်းအားသည် အရူးအမူးလည်ကာ တဖြည်းဖြည်းနှင့် ဘောလုံးပုံသဏ္ဍာန်ကို ဖြည်းညင်းစွာ ပုံဖော်လေသည်။ ဘောလုံးပုံစံပေါ်လာသည်နှင့် နတ်ဘုံကို ချိုးဖောက်တော့မည်ဖြစ်ကြောင်းကို ပေထင်းဟွမ်သိသည်။

တိုက်ကြီးပေါ်မှတခြားသူများသည် နတ်ဘုံကိုစိုးရိမ်ကြသည်။ သို့သော် ပေထင်းဟွမ်သည် စိတ်မပူပေ။ သူမသည် လက်ပတ်နေရာထဲသို့ အချိန်တစ်ခု ကြာအောင် ဝင်ချည်ထွက်ချည်လုပ်နေ၍လားမသိပေ ရံဖန်ရံခါတွင် သူမသည် ဒြပ်စင်စွမ်းအင်ထဲတွင် ချည်မျှင်ကဲ့သို့ အနက်ရောင်မြူခိုးများကိုမြင်ရသည်။ ဝိညာဉ်စွမ်းအင်နှင့် မှော်စွမ်းအားသည် သူမခန္ဓာကိုယ်ထဲတွင် ယှဉ်တွဲရှိနေ၏။

ကြီးမားသောစွမ်းအင်အတက်အကျသည် ငြိမ်ကျသွားသည်။ ပေထင်းဟွမ်၏ ခြေထောက်အောက်တွင် ခမ်းနားသော ပဥ္စဂံတစ်ခုပေါ်လာကာ သန့်စင်သောဓား ၉ ချောင်းသည် ပဥ္စဂံအနီးသို့ တဖြည်းဖြည်းကပ်လာသည်။ ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းသည် ဆဌဂံအဖြစ်ဆွဲလေသည်။ ပေထင်းဟွမ် ၏လက်ရှိခွန်အား ဓား ၁ လက်ဝိညာဉ်သခင်ကြီးအဆင့်ကို ဖော်ပြသည့် ဆဌဂံ ထဲတွင် သန့်စင်သောဓားသည် ငွေရောင်အလင်းဖြင့် တလက်လက်တောက်နေ သည်။

သူသည် အသက် ၁၅ နှစ်တွင် ဝိညာဉ်သခင်ကြီးအဆင့်တက်ရာ တိုက် ကြီးပေါ်တွင် မကြုံစဖူးအဖြစ်ပင်ဖြစ်သည်။

ပေထင်းဟွမ်ဘက်မျ ငွေရောင်အလင်းများထွက်လာကာ ညအရှင်အိမ် တော်မှ သားရဲများသည် မာန်ဟိန်းကြလေသည်။ စိမ်းလန်းစိုပြေသည့် အပင် မှော်သားရဲအပါအဝင် အားကောင်းသောနတ်သားရဲနှင့် အထွတ်အမြတ်သားရဲ များ တစ်ကောင်ပြီးတစ်ကောင်ပေါ်လာသည်။

ထိုကဲ့သို့အတိုင်းအတာမျိုးသည် သူကဲ့သို့ နှစ်ပေါင်းမရေတွက်နိုင်အောင် နေလာခဲ့သူပင် ကျောရိုးထဲထိအေးစိမ့်မှုကို ခံစားရလေသည်။

သခင်၏အဆင့်တက်မှုသည် မှော်သားရဲများကိုပါ တစ်ပါတည်း အဆင့် တက်စေသည်။

အဂူး၏အဆင့်တက်မှုသည် လျှို့ဝှက်ဆန်းကြယ်ဖြစ်နေတုန်းပင်။ ကြယ် ၁ ပွင့် အထွတ်အမြတ်သားရဲအဖြစ် ဖွံ့ဖြိုးပြီးသား လျှပ်စီးနှင့် မိုးကြိုးသွားတို့ သည် အဆင့်ထပ်တက်ကာ ကြယ် ၃ ပွင့်အထွတ်အမြတ်သားရဲဖြစ်လာခဲ့သည်။ အထွတ်အမြတ်သားရဲများအဖြစ် အဆင့်တက်ပြီးနောက် ဓားအဆင့်သို့ တက် သည့်အဆင့်တိုင်းတွင် ကြီးမားသောစွမ်းအင်ပမာဏလိုအပ်သည်။ ထိုနှစ်ယောက်သည် တစ်ခါတည်း ဓားအဆင့် ၂ ခုတက်ခဲ့သည်...

All Chapters