ကျို့ယန်နဲ့ ကင်းကောင်က ထူးကဲတဲ့ဘေးဒုက္ခဖြတ်ကျော်တော့မှာလား
Vol. 39 Ch. 763
နွယ်ပင်လေးနှင့် ရှောင်ကျောက်တို့သည် အဆင့်မြင့်နတ်သားရဲများဖြစ် သွားကြကာ အလင်းစီးကြောင်းနှင့် လင်းမိုတို့သည် ထိပ်ဆုံးအဆင့်နတ်သားရဲ အဖြစ်ရောက်သည်။ သည်တစ်ခေါက် အကျိုးအမြတ်အများဆုံးရသူမှာ မင် ဖြစ်သည်။ သူသည် ထပ်မံအိပ်မောကျသွားပြန်ကာ နိုးလာချိန်တွင် အရွယ် ရောက်သည့်အဆင့်သို့ ဝင်မည်မှာသေချာသည်။
ပေထင်းဟွမ်သည် ကျို့ယန်ကိုသာ စိတ်ပူသည်။ သူမသည် ခြေရင်းတွင် အိပ်နေသည့် အမြီးကိုးချောင်းမြေခွေးကိုကြည့်လိုက်သည်။
သူခေါင်းမော့ကြည့်ရာ ကောင်းကင်တွင် တိမ်တိုက်မည်းများ စုဝေးလာ သည်ကို မြင်နေရသည်။ လျှပ်စီးများသည် မှင်ရောင်တိမ်တိုက်များ၏ အလယ် တွင် ထူထဲစွာပေါ်ပေါက်လာသည်။ အမြဲတမ်းတည်ငြိမ်တတ်သော ယန်ယဲ့ သည် မျက်မှောင်ကြုတ်ကာ နဖူးကိုထိလေသည်။ “ဟွမ်အာ ညအရှင် အိမ်တော်ကို မဖျက်ဆီးချင်ရင် တခြားနေရာသွားရင်ရော”
ပေထင်းဟွမ်သည် အသက်ပြင်းပြင်းရှူကာ မယုံကြည်စွာဖြင့် “ကျို့ယန် က ထူးကဲဘေးဒုက္ခရင်ဆိုင်ရတော့မယ်လို့ ပြောလိုက်တာလား”
ယန်ယဲ့ခေါင်းညိတ်ကာ မြေပေါ်တွင်ရှိနေသာ ကျို့ယန်ကိုကြည့်လိုက် သည် “ဟုတ်တယ်၊ ဒါက နတ်သားရဲတိုင်းလိုချင်တဲ့ အခွင့်အရေးပဲ၊ အဲဒါ ကျလာ တာနဲ့ ကောင်းကင်ကပေးအပ်လိုက်တဲ့ အားကောင်းတဲ့စွမ်းအားရလိမ့်မယ်၊ မင်း ပျော်သင့်တယ်”
“ဒါပေမဲ့ မကျော်ဖြတ်နိုင်ရင် ဘာဖြစ်မှာလဲ” ပေထင်းဟွမ်သည် ပူပန် လျက်ရှိသည်။ သူမသည် ကျို့ယန်အား တွေဝေမှုမရှိ ကောက်ချီလိုက်သည်။ ထိုကောင်လေးသည် သူမအား အမြီးနှင့်ပတ်ထားရသည်ကို နှစ်ခြိုက်သည့် အတွေးနှင့် ပေထင်းဟွမ်သည် ပိုဝမ်းနည်းလာသည် “သူ မကျော်ဖြတ်နိုင်ရင် ရော”
ယန်ယဲ့သည် ပေထင်းဟွမ် ယခုလိုဖြစ်သည်ကိုမမြင်ဖူးပေ။ တခြားသော သားရဲများသည်လည်း သူတို့သခင်ဤသို့ဖြစ်သည်ကို မမြင်ဖူးကြပေ။ သူမသည် အမြဲတမ်းကြမ်းတမ်းပြီး အခက်အခဲများနှင့် ဘယ်သောအခါမှ ရင်မဆိုင်ပေ။ သူမ ဝိညာဉ်သခင်ကြီးအဆင့် ကျော်ဖြတ်ရန်ကြိုးစားစဉ်က သူမ ၏ စာချုပ်သားရဲများသည် သူမကျော်ဖြတ်ရသည့် နာကျင်မှုကိုပါ ခံစားမိကြ သည်။ သူမသည် အသံပင်မထွက်ခဲ့ပေ။ သို့သော် ယခုအခါ ကျို့ယန်သည် ဘေးဒုက္ခရင်ဆိုင်ရမည်ဟုဆိုသည်နှင့် သူမ ဝမ်းနည်းလာသည်။
“သခင် နတ်သားရဲတွေ ဘေးဒုက္ခကျော်ြဖတ်ရင် သူတို့ကိုယ်သူတို့ ထောက်ပံ့ဖို့အတွက် အားကောင်းတဲ့ကိုယ်ထည်ကို မှီခိုရတယ်၊ အဲအချိန်ကျရင် ကျို့ယန်က အဲလိုမဖြစ်နိုင်ဘူး” ကင်းကောင်စကားမဆုံးခင်မှာပင် သူသည် ခန္ဓာကိုယ်ထဲမှ တုန်ယင်မှုကို ခံစားရလေသည်။ သူ အော်မိလေသည် “သေစမ်း ဒီတစ်ခါ ငါ့အတွက်ပဲ”
သူသည် ဝိညာဉ်ထောင်ချီတောင်ရှိရာဘက်သို့ ပြေးသွားလေသည်။ ပေထင်းဟွမ်သည် ခေတ္တမျှ မှင်တက်မိလေသည်။ ဘန်ယဲ့သည် သူမအား ခေါ်ဆောင်ကာ ဝိညာဉ်ထောင်ချီတောင်ဘက်သို့ ကင်းကောင်နှင့်အတူပြေး လေသည်။ သူတို့နှစ်ယောက်အနောက်တွင် လူတစ်စုနှင့် သားရဲများသည် အင်ပါယာမြို့၏ကောင်းကင်ကိုဖြတ်ကာ ဝိညာဉ်ထောင်ချီတောင်ဆီသို့ ဦးတည်ကြလေသည်။
ကောင်းကင်ပေါ်တွင် လူသားများအားလုံးသည် ကြည့်ကောင်း၍နေကြ သည်။ သို့သော် အားကောင်းသော နတ်သားရဲများ၏ ခန္ဓာကိုယ်များသည် ကြောက်လန့်ဖွယ်ရာပင်။ မည်သို့ဖြစ်သည်ကိုတော့ မည်သူမှမသိကြဘဲ မြေပေါ်မှလူများသည် တူညီသောဦးတည်ရာဘက်သို့ အပြေးသွားကြသည်။
“ဘာတွေဖြစ်ကြတာလဲ၊ အဲလူတွေက ညအရှင်အိမ်တော်ကမဟုတ်လား”
“မသိဘူး သူတို့နောက်လိုက်ပြီး ကြည့်ရအောင်”
“သူတို့တွေက အင်ပါယာကျောင်းတော်ဘက်သွားတဲ့ပုံပဲ၊ ညအရှင် အိမ်တော်နဲ့ အင်ပါယာကျောင်းတော်တို့က စပြီးတိုက်ခိုက်နေကြပြီလား”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ သခင်ပေထင်းဟွမ်က ခွင့်ပြုမှာမဟုတ်ဘူး”
နန်လင်းပင် သတိရှိလာသည်။ သူ၏အမြင်အာရုံသည် သန်မာရာ ပေထင်းဟွမ်သည် ယောက်ျားတစ်ယောက်၏ရင်ခွင်ထဲတွင်ရှိနေည်ကို မြင်သောအခါ အလျင်အမြန်လိုက်လာသည်။
ဝိညာဉ်ထောင်ချီတောင်ထိပ်တွင် ကင်းကင်သည် သူ၏အားကောင်းသော ပုံစံအဖြစ်ပြောင်းလေသည်။ ထိုအချိန်တွင် ပေထင်းဟွမ်၏ရင်ခွင်ထဲမှ ချစ်စရာ ကောင်းသော မြေခွေးသည် ပျံထွက်လာသည်။ သူသည် သွေးနီရောင်နတ်မိစ္ဆာ မျက်လုံးများကို ဖြည်းဖြည်းချင်းဖွင့်ပြီး ပေထင်းဟွမ်ရှိရာဘက်သို့ နူးညံ့စွာ ကြည့်လေသည်။ ထို့နောက် ကင်းကောင်နှင့်အတူ မိုးပေါ်သို့ကြည့်လေသည်။
ညအရှင်အိမ်တော်အထက်မှ တိမ်တိုက်မည်းများသည် ပေထင်းဟွမ်တို့ အနောက်သို့လိုက်ကာ ညအရှင်အိမ်တော်ကတည်းက ဤနေရာအထိ လိုက်လာပြီး ကောင်းကင်တွင်စုစည်းနေသည်။ ယခုအချိန်တွင် တိမ်တိုက်များ သည် သားရဲများ၏ဦးခေါင်းအထက်တွင် ရပ်တန့်သွားကြလေသည်။ လျှပ်စီးသည် ကောင်းကင်ကိုဖြတ်သွားလေသည်။ တိမ်တိုက်မည်းများအကြား မှ အဟကြားတွင် လျှပ်စီးသည် ကောင်းကင်၏မျက်လုံးနီကဲ့သို့ အနီရောင် အလင်းတန်းအဖြစ်စုပုံလာသည်။
လျှပ်စီး၏ထင်ယောင်ထင်မှားအောက်တွင် ကျို့ယန်၏ခန္ဓာကိုယ်သည် တဖြည်းဖြည်း ကြီးလာသည်။ သူ၏မူလခန္ဓာကိုယ်သည် ဝိညာဉ်ထောင်ချီ တောင်၏ အမြင့်ဆုံးတောင်ထိပ်တွင် တောင်ငယ်တစ်လုံးကဲ့သို့ဖြစ်နေသည်။ ကျို့ယန်သည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံးစွမ်းအားပိုင်ဆိုင်ထားသည့်အလား လောကကြီးကို ထောင်လွှားစွာကြည့်လေသည်...