ဓာတ်ဘေးဒုက္ခ
Vol. 39 Ch. 764
“ဒါသဘာဝရွေးချယ်ခြင်းပဲ၊ သွေးသားသန်မာလေ စွမ်းအားသန်မာလေ ပိုပြီးရက်စက်လေပဲ၊ ဒါပေမဲ့ ဒီစမ်းသပ်ချက်အောင်မြင်သွားတာနဲ့ စွမ်းအားတွေ ပိုရလိမ့်မယ်” ယန်ယဲ့သည် ပေထင်းဟွမ်၏ စိုးရိမ်နေသောမျက်နှာအမူအရာမှ မျက်လုံးခွာမရပေ။ သူသည် သူမအား ရင်ခွင်ထဲထည့်ကာ နှစ်သိမ့်ပေးနေသည်။
“ကျွန်တော်သိပါတယ် ဒါပေမဲ့ တကယ်စိုးရိမ်တယ်” ပေထင်းဟွမ်သည် တောင်ထိပ်ပေါ်တွင်ရှိနေသော မှော်သားရဲနှစ်ကောင်ဖြစ်သည့် ကင်းကောင်နှင့် ကျို့ယန်တို့ကိုကြည့်လိုက်သည်။ သူမအဆင့်တက်ပြီးနောက် သူ၏စွမ်းအင်ပါ လိုက်တိုးတက်မည်ကို ကင်းကောင်စိုးရိမ်ခဲ့ပုံကို သူမ ပြန်တွေးနေမိသည်။
သူသည် ဓာတ်ဘေးဒုက္ခအကြားတွင် မရှင်သန်နိုင်မည်ကို အလွန်ကြောက်နေခဲ့သည်။ သူမသည် သူ့ကိုအရင်က နှစ်သိမ့်ပေးခဲ့ဖူးသည်။ သူမသည် သူ့ကိုတစ်ခုခုအဖြစ်ခံမည်မဟုတ်ပေ။
မွန်မြတ်သောဝိညာဉ်အပျက်အစီးမှစပြီး အခုချိန်ထိ ကျို့ယန်သည် ဂုဏ်မောက်သည့်မြေခွေးတစ်ကောင်ပင်။ သူသည် အထူးသဖြင့် ဝမ်းမည်း သော်လည်း သူမအပေါ်တွင် အလွန်မှီခိုသည်။ သူထွကလာသည့်အချိန်တိုင်း တွင် သူ၏ရှည်လျားသောအမြီးဖြင့် သူမအတွက် နွေးထွေးသောလည်ပတ်ပြု လုပ်ပေးတတ်သည်။
သူမသည် သူတို့ကို ဘာမှအဖြစ်မခံနိုင်ပေ။ သူမသည် သူတို့၏သခင် ဖြစ်သော်လည်း သူတို့ကိုလက်တွဲဖော်အဖြစ် အမြဲဆက်ဆံခဲ့သည်။ သူတို့သည် စာချုပ်လက်တွဲဖော်များဖြစ်သဖြင့် သေအတူရှင်အတူဖြစ်ရမည်။
ဝိညာဉ်ထောင်ချီတောင်သည် အင်ပါယာကျောင်းတော်၏အနောက်တွင် တည်ရှိသည်။ အင်ပါယာကျောင်းတော်နှင့် ရှန်းယန်အင်ပါယာတို့ပိုင်သည့် ဥယျာဉ်သည် မှောင်မည်းနေသည်ဟု ဆိုနိုင်သည်။ အဝေးမှနေ၍ ကျောင်းအုပ် နန်လင်းသည် ထိုနေရာမှအခြေအနေကို ရှင်းရှင်းလင်းလင်းမြင်ပြီးနောက် တောင်ကို မြေကြီးမှ သို့မဟုတ် ကောင်းကင်မှ စုံစမ်း၍မရနိုင်အောင် ချိတ်ပိတ် ရန် အမိန့်ပေးထားလေသည်။
ပေထင်းဟွမ်၏ မှော်သားရဲနှစ်ကောင် အဆင့်တက်ခြင်းဖြစ်နေသည်။ သူမသည် လက်ရှိဘေးတွင်မရှိသည့် အထွတ်အမြတ်သားရဲသုံးကောင်ကို ထုတ်ပြပြီးဖြစ်သည်။ ယခုအခါ နှစ်ကောင်အဆင့်တက်ရာ မိုးကြိုးကိုပင် ဆွဲဆောင်နိုင်သည်။ နှစ်နာရီကြာအောင် လျှပ်စီးများလက်နေခဲ့သည်။ နန်လင်း ပင်လျှင် ပေထင်းဟွမ်၏ မှော်သားရဲနှစ်ကောင်ကို စိုးရိမ်လာသည်။
“သွေးသားမှော်သားရဲတွေပဲ ဓာတ်ဘေးဒုက္ခကိုဆွဲဆောင်နိုင်တာ၊ အားကောင်းတဲ့သွေးသားမှော်သားရဲတွေပဲ ဒီလိုလှုပ်လှုပ်ရှားရှားဖြစ်စေမှာ၊ အဲဒီ မှော်သားရဲနှစ်ကောင်မှာ ဘယ်ကောင်ကပိုသန်မာလဲမသိဘူး၊ မိုးကြိုးသွား ဘယ်လောက်များများ ဆွဲဆောင်နိုင်မှာပါလိမ့်” နန်လင်းသည် အဝေးရှိ တောင်ထိပ်တွင် ပေါလောပေါ်ကာ ရုန်းရင်းဆန်ခတ်ဖြစ်နေသမျှကို တိတ်တိတ် ကလေးစောင့်ကြည့်နေသည်။
လေ၊ တိမ်တိုက်နှင့် မိုးကြိုး။
အားပြင်းသောလေသည် အရိုင်းဆန်စွာ တိုက်ခတ်လာသည်။ အက်ကွဲသံ နှင့်တူ တောင်ထိပ်ရှိ သက်တမ်းတစ်ထောင်ရှိသော ရှေးသစ်ပင်ကြီးသည် အားပြင်းသောလေကြောင့် ကျိုးကျပြီး တောင်အောက်သို့လိမ့်ဆင်းသွားသည်။ ၎င်း၏ကံကြမ္မာကို ကြိုမြင်နေသည်လားမသိပေ။
တောင်ထိပ်တွင် တိမ်တိုက်မည်းများ စုဝေးလာသည်။ တိမ်တိုက်များမှ တစ်ဆင့် ထိုအနောက်တွင် တောက်လောင်နေသောကောင်းကင်ကို မြင်နေရ သည်။ လျှပ်စီးများဤနေရာသို့ရောက်လာသည်။ ရံဖန်ရံခါတွင် လျှပ်စီးများ သည် တိမ်တိုက်များကို စီးဆင်းနိုင်လေသည်။ ထိုလျှပ်စီးများသည် လူကြီး တစ် ယောက်၏လက်မောင်းထက် နှစ်ဆထူထဲသည်ကိုမြင်နိုင်သည်။ လျှပ်စီးများ သည် ကင်းကောင်နှင့် ကျို့ယန်၏ဦးခေါင်းအထက်တွင် ပိုက်ကွန်ကဲ့သို့ တင်းကြပ်စွာ ဖုံးအုပ်ထားသည်။
ကင်းကောင်နှင့် ကျို့ယန်တို့မသေဆုံးသရွေ့ မိုးကြိုးသည် သူတို့ခန္ဓာ ကိုယ်များကို အရက်စက်ဆုံးပစ်ခတ်လိမ့်မည်။
ယန်ယဲ့ပင်လျှင် ကြောက်လန့်မိသည်။ သူသည် ပေထင်းဟွမ်အား ပိုအားပေးသည်။ ယန်ယဲ့သည် ပေထင်းဟွမ်၏ စိုးရိမ်မှုကို မျက်ချည်ပြတ်မခံ ပေ။ ကျို့ယန်သည် ထိုလေဟာနယ်မှလာပြီး ကင်းကောင်ကို အန္တရာယ်နေရာ တွင် စာချုပ်တည်ထောင်ခဲ့သည်။ သူတို့သည် သာမန်မှော်သားရဲများမဟုတ်ကြ ပေ။
လျှပ်စီးနှင့် မိုးကြိုးသွားသည် ကျောရိုးထဲထိ အေးစိမ့်သွားလေသည်။ သူတို့သည် တစ်ရေးအိပ်ပြီးနောက် အထွတ်အမြတ်သားရဲဖြစ်ခဲ့သော်လည်း နောင်တရမိတုန်းပင်။ သူတို့သာ ဓာတ်ဘေးဒုက္ခမကျော်ဖြတ်လျှင် အနာဂတ် တွင် ကြီးထွားရေးအတွက် အခန်းနည်းသွားမည်ဖြစ်သည်။ သူတို့သည် သူတို့ တစ်သက်တွင် အထွတ်အမြတ်သားရဲဖြစ်မလာနိုင်သည်ဖြစ်ရာ ထိုအရာသည် သူတို့အတွက် အနည်းငယ်စိတ်ပျက်စရာဖြစ်နေသည်...