← Chapters

သွေးသားမှော်သားရဲများ၏ပြဿနာများ

Vol. 39 Ch. 765

သွေးသားမှော်သားရဲများ၏ပြဿနာများ

Vol. 39 Ch. 765

သို့သော် ထိုအချိန် ကောင်းကင်ကိုမြင်လိုက်ရချိန်တွင် တိမ်တိုက်ထဲတွင် ရောနေသည့်စွမ်းအင်သည် ကမ္ဘာကြီးကို ဖျက်စီးလုနီးပါးဖြစ်နေသည်ကို ခံစား မိကြသည်။ သားရဲနှစ်ကောင်သည် ဘေးဒုက္ခဆိုးကြီးမှ လွတ်မြောက်နိုင်မည်ဟု အာရုံရနေသည်။ ဆံချည်မျှင်လောက်အထူရှိသည့် ထိုစွမ်းအင်သည် သူတို့ကို အကြိမ်ပေါင်းတစ်ရာသတ်နိုင်လောက်အောင် သတ်နိုင်သည်။ သူတို့ မည်သို့ပင် သေစေကာမူ သေသွားမည်ဖြစ်သည်။ အထွတ်အမြတ်သားရဲ သို့မဟုတ် နတ်သားရဲဖြစ်နေခြင်းသည် ဘာအဓိပ္ပာယ်ရှိတော့မည်နည်း။

သွေးသေားမှော်သားရဲများမှာလည်း သူတို့၏ကိုယ်ပိုင်ပြဿနာနှင့်သူတို့ ပင်။

ဝုန်း...

အဝေးမှ မိုးကြိုးလှိုင်းကြီး ထွက်ပေါ်လာသည်။ ၎င်းသည် ထောင်ပေါင်း များစွာသော စစ်ရထားများ ပြေးလွှားနေသကဲ့သို့ပင်။ မှောင်မိုက်သော တိမ်တိုက်များလိမ့်တက်လာပြီး ကောင်းကင်တွင်ပြည့်နှက်နေသော မြူခိုးမည်းသည် မြေကြီးဆီသို့ရောက်လာသည်။ ထိုမြင်ကွင်းကိုကြည့်ပြီး ကင်းကောင်နှင့် ကျို့ယန်တို့သည် မိုးပေါ်သို့ တညီတညွှတ်တည်းကြည့်လိုက် သည်။ ကင်းကောင်ပင် အရင်ကထက် ပိုပြီးအနည်းငယ်စိုးရိမ်လာသည်။ ဤ အခိုက်အတန့်တွင် မိုးကြိုးသည် စစ်ဗုံသံကဲ့သို့ ထွက်လာပြီး မာနများသည် သူ၏ မှော်သားရဲခန္ဓာကိုယ်မှ လှိမ့်ထွက်လာခဲ့သည်။ သူသည် စိတ်ပိုင်းဖြတ် ထားသော မျက်နှာထားထုတ်ဖော်ပြလေသည်။

နတ်သားရဲများ၏ ပင်မကိုယ်ထည်သည် ထပ်မံဖောင်းတက်လာသည်။ ပုံမှန်အားဖြင့် အရွယ်ရောက်ပြီးသားလူထက် ခေါင်းတစ်လုံးပိုမြင့်သော ရွှေရောင်ရှေးမျောက်ဝံသည် ကမ္ဘာကြီးကို ဆွဲဖြဲနိုင်လောက်သည်အထိ ကြီးမား လာသည်။ ၎င်းသည် တောင်ထိပ်တွင် ဂုဏ်ယူစွာရပ်ကာ မိုးခြိမ်းသည့်အလား ပြောလေသည် “ကျို့ယန် ငါ မိုးကြိုး ၆ လုံးလောက် ကြုံဖူးချင်တယ်၊ မင်းက မိုးကြိုး ၇ လုံးရင်ဆိုင်ရမယ်၊ အားလုံးပေါင်း ၁၃ လုံးရှိတယ်၊ ငါတို့တွေ တလှည့် စီတောင့်ခံရင်ရော”

မိုးကြိုး ၇ လုံး၊ မိုးကြိုး ၆ လုံးလား။

အဝေးမှနေ၍ ကျောင်းအုပ်နန်လင်းသည် ထိုဂဏန်းနှစ်လုံးကိုကြားချိန် တွင် ဟန်ချက်ပျက်တော့မလိုဖြစ်သွားသည်။ သူသည် ခါးသက်စွာ ပြုံးလိုက် သည်။ သူသည် ကျောင်းသားကောင်းတစ်ယောက်ကို လက်ခံထားမိခြင်းပင်။ ဝိညာဉ်စွမ်းအင်နည်းပါးတဲ့ ပင်မတိုက်ကြီးလိုမျိုးနေရာမှာ ဒီလိုမျိုးအားကောင်း တဲ့ သွေးသားရှိတဲ့ မှော်သားရဲနှစ်ကောင်ကို ကောက်ရနိုင်လောက်အောင် ဒီကောင်လေး ဘယ်လောက်တောင်ကံကောင်းလို့လဲ။

သန့်စင်သောသွေးသားနှင့် မှော်သားရဲများသည် မိုးကြိုး ၁၈ လုံးကြုံတွေ့ ရမည်ဟု ပြောကြသည်။ သို့သော် ထိုအရာသည် ရှေးအခါများဆီက သန့်စင်သောမှော်သားရဲများကို ကုသခြင်းပင်ဖြစ်သည်။ တိုက်ကြီးပေါ်တွင် သန့်စင်သောသွေးသားရှိသည့် မှော်သားရဲမှာ နည်းပါးလှသည်။ မိုးကြိုး ၃ လုံး ကို တောင့်ခံနိုင်သည့် မှော်သားရဲရှာတွေ့လျှင်တောင် ကံကောင်းလှပြီဖြစ်၏။ ပေထင်းဟွမ်သာ ဤမျှသန့်စင်သောသွေးသားနှင့် မှော်သားရဲကိုရှာတွေ့လျှင် လူများ အားမကျဘဲ မည်သို့နေမည်နည်း။

သို့သော် ဓာတ်ဘေးဒုက္ခသည် ထိုမှော်သားရဲနှစ်ကောင်ကို နာကျင်အောင် လုပ်နိုင်လိမ့်မည်။

ကျို့ယန်၏ ပတ္တမြားနှင့်တူသောမျက်လုံးများသည် ခေါင်းအထက်မှ မိုးကြိုးကို မောက်မာစွာကြည့်လိုက်သည်။ သူ၏အေးစက်သောအသံသည် မိုးခြိမ်းသံကိုပင် နှစ်မြှုပ်သွားစေသည်။ “ဟုတ်ပြီ မိုးကြိုး ၁၃ လုံးပဲမလား၊ ငါ သေပြီး ပြန်ဝင်စားရင်တောင် သွေးသားမှော်သားရဲထပ်ဖြစ်ဦးမှာပဲ”

လူသားများသည် မှော်သားရဲများကို အထင်သေးသည်။ သို့သော် မှော်သားရဲများသည်လည်း လူသားများကို အထင်သေးသည်။

ပေထင်းဟွမ်သည် သူ၏သေဆုံးမည့်စကားမျိုးကိုကြားသည်နှင့် နှလုံးကို ဓားနှင့်မွှန်းလိုက်သလိုခံားရလေသည်။ သူမသည် ယန်ယဲ့၏ရင်ခွင်ထဲမှထွက် ကာ လေထဲသို့တဖြည်းဖြည်းမြောက်တက်ပြီး ကျို့ယန်နှင့်ကင်းကောင်တို့ကို မျက်လုံးနှင့်တစ်တန်းတည်းထားကာ ကြည့်လေသည် “သေမယ်ဟုတ်လား မင်းတို့ကို ဘယ်သူကသေခွင့်ပေးလို့လဲ” ပေထင်းဟွမ်၏ဒေါသသည် ထိုအချိန် တွင် မိုးကြိုးထက်ပင် ပို၍ကြမ်းတမ်းသည် “မင်းတို့ နောက်ဆုံးအငွေ့အသက် ကျန်ရင်တောင် အသက်ရှင်ဖို့ ငါ အမိန့်ပေးမယ်၊ မင်းတို့မရှိဘဲ ငါ မနေနိုင်ဘူး မင်းတို့ မသေရဘူး”

ကျို့ယန်နှင့် ကင်းကောင်တို့သည် ပေထင်းဟွမ်အား တညီတည်းကြည့် ကြလေသည်။ ကြီးမားသောနတ်သားရဲ၏ရှေ့တွင် ပေထင်းဟွမ်သည် အားနည်းကာ ကျို့ယန်၏အမြီးထိပ်ဖျားနှင့်ပင် မယှဉ်နိုင်ပေ။ သို့သော် ဤ အချိန်တွင် ပေထင်းဟွမ်၏ပုံရိပ်သည် သားရဲနှစ်ကောင်၏အမြင်တွင် အင်မတန် ကြီးကျယ်နေကာ ဝိညာဉ်ထောင်ချီတောင်ရှိ အမြင့်ဆုံးတောင်ထက်ပင် မြင့်မား နေသလိုပင်။

မင်းတို့မရှိရင် ငါ မနေနိုင်ဘူး မင်းတို့သေလို့မရဘူး။ ပေထင်းဟွမ်၏ စကားများသည် သူတို့စိတ်ထဲတွင် ထပ်ခါထပ်ခါ ပဲ့တင်ထပ်နေသည်။ ကျို့ယန် နှင့် ကင်းကောင်တို့၏မျက်လုံးထဲမှ ပြတ်သားမှုသည် ပိုပြင်းထန်လာသည်။ သားရဲနှစ်ကောင်သည် ခေါင်းကိုတဖြည်းဖြည်းလှည့်ကာ မိုးပေါ်သို့ မောက်မာ စွာကြည့်လိုက်ကြသည်။

ဘုန်း...

ပြင်းထန်သောပေါက်ကွဲမှုသည် တိမ်တိုက်များအနောက်မှ ထွက်ပေါ်လာ သည်။ ကြီးမားသောစွမ်းအင်သည် မီးကဲ့သို့လောင်ကျွမ်းနေသော အနီရောင် လျှပ်စီးအဖြစ်ကူးပြောင်းသွားသည်။ ၎င်းသည် တိမ်တိုက်များကိုဖြတ်ပြီး တောင်ထိပ်ကို တိုက်ခိုက်လေသည်။ မိုးကြိုးသည် အလွန်တောက်လွန်းသဖြင့် တိမ်မည်းများဖုံးလွှမ်းနေသော တောင်ထိပ်မှာ ထွန်းလင်းနေသည်။ အလင်း သည် ပေထင်းဟွမ်၏မျက်လုံးထဲတွင် သွေးနီရောင်အဖြစ် ရောင်ပြန်ဟပ်နေ သည်...

All Chapters